ဖြာထွက်အံ့ဖွယ်ဘုရားကျောင်း
Vol. 64 Ch. 878
နောက်ဆုံးမှာတော့ အရွယ်အစားအားဖြင့်မီတာထောင်အနည်းငယ်ရှိတဲ့ ခရမ်းရောင်သတ္တုစက်လုံးက မီတာအနည်းငယ်အထိ ကျုံ့သွားပြီး ခရမ်းရင့်ရောင်သန်းသွားတယ်။ အဲဒါက ခရမ်းရောင်အလင်းဖြာထွက်မှုတစ်ခုကို ထုတ်လွှတ်နေတယ်။
"အခု အဲဒါက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်ပြီ။ အခုထိ ငါက ကမ္ဘာဆွဲအားအလုံးစုံကို မထုတ်လွှတ်ရသေးဘူး။ ငါက အဲဒါကို နောက်ထပ် ဖိနှိပ်ရင် အဲဒါက သူတော်စင်အရှင်ဒါမှမဟုတ်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်လောက်တယ်"
လီဖူချန်းက အံ့အားသင့်သွားတယ်။
ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတွေနဲ့အဆုံးစွန်းအဆင့်ချပ်ဝတ်တွေက အဲလိုပြုလုပ်နိုင်တာကြောင့် သူတော်စင်အရှင်ဒါမှမဟုတ်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတွေနဲ့အဆုံးစွန်းအဆင့်ချပ်ဝတ်တွေက ဘယ်လောက်များများရှိလို့ပါလဲ။
နောက်ပိုင်းမှာ လီဖူချန်းက ကြယ်ဥပဒေသကို နားလည်သဘောပေါက်မစေတော့ဘဲ သူက ခရမ်းရောင်သတ္တုတွေကို စတင်တူးဖော်ခဲ့တယ်။
ခရမ်းရောင်ကြယ်က မကြီးဘူး၊ မိုင်သိန်းကျော်သာ ရှိတယ်။
လီဖူချန်းရဲ့မရပ်မနားအားထုတ်မှုကြောင့် ခရမ်းရောင်သတ္တုတွေကို ခရမ်းရင့်ရောင်သတ္တုအပိုင်းအစ၁၀၀၀အထိ ဖိနှိပ်နိုင်ခဲ့ပြီး သူတို့တစ်ခုချင်းစီက အရွယ်အစားအားဖြင့် သုံးမှလေးမီတာခန့် ရှိတယ်။
သူတို့ကို နောက်ထပ်မဖိနှိပ်တော့ရင် အပိုင်းအစတစ်ခုစီက ချပ်ဝတ်၁၀၀ကို ထုတ်လုပ်နိုင်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
ဆိုလိုတာကတော့ သူက ဆန္ဒရှိရင် လီဖူချန်းက လူတစ်သိန်းရှိတဲ့အားကောင်းတဲ့စစ်တပ်တစ်ခုကို တည်ဆောက်နိုင်တယ်ပေါ့။ စစ်သည်တစ်ယောက်ချင်းစီက အထွတ်အထိပ်အဆင့်သူတော်စင်တး်ယောက်ရဲ့တိုက်ခိုက်မှုဒါမှမဟုတ်အဆင့်မြင့်သူတော်စင်တွေရဲ့တိုက်ခိုက်မှုများစွာကို တားဆီးနိုင်လိမ့်မယ်။
ဒါပေမယ့် အားကောင်းတဲ့စစ်တပ်တစ်ခုကို တည်ဆောက်ဖို့ဆိုရင် အဖွဲ့ဝင်တစ်ယောက်ချင်းစီက သူတော်စင်တစ်ယောက်ဖြစ်ဖို့ လိုတယ်။ သို့မဟုတ်ရင် ခိုင်မာတဲ့ခံစစ်မရှိတဲ့ထိုစစ်တပ်ရဲ့တည်ရှိမှုက အဓိပ္ပါယ်မရှိပါဘူး။
ခရမ်းရင့်ရောင်သတ္တုတွေကို သိမ်းဆည်းပြီးနောက် လီဖူချန်းက ကောင်းကင်ကို တက်သွားပြီး ကြယ်ဥပဒေသကို နားလည်ဖို့ နောက်ထပ်သင့်တော်တဲ့ကြယ်တစ်လုံးကို ရှာဖွေဖို့ စီစဉ်လိုက်တယ်။
ရုတ်တရက် အနက်ရောင်အစက်တစ်ခုက သူ့ရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာတယ်။
အစကတော့ အနက်ရောင်အစက်က စကြာဝဠာရဲ့အနက်ပိုင်းမှာ ရှိပေမယ့် နောက်တစ်ခါကြည့်လိုက်ရာ အဲဒါက လီဖူချန်းရဲ့အရှေ့ကို ရောက်ရှိနေလေတယ်။
အဲဒါက ချိတ်ပိတ်ထားတဲ့သတ္တုစစ်သင်္ဘောတစ်ခုဖြစ်ပြီး လွန်းပြန်ယာဉ်နဲ့တူတယ်။
အလင်းရောင်ခြည်တစ်ခုက တောက်ပသွားပြီး ဒေါသသံတစ်ခုက အတူထွက်ပေါ်လာတယ်။
"ဒီကြယ်က ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့ပိုင်နက်ပဲ။ မြန်မြန်အညံ့ခံလိုက်၊ မဟုတ်ရင် မင်းက ပြာပုံဘဝရောက်သွားရလိမ့်မယ်"
သတ္တုစစ်သင်္ဘောအထဲမှာ ထိပ်ပြောင်လူကြီးတစ်ယောက်က ခရမ်းရင့်ရောင်ချပ်ဝတ်ကို ကိုင်ဆွဲလျက် ရှိနေတယ်။ သူ့ရဲ့နဖူးပေါ်မှာ အမာရွတ်တစ်ခုရှိပြီး သူ့မျက်လုံးတွေက လီဖူချန်းထံ စိုက်ကြည့်နေတယ်။
ခရမ်းတိမ်အံ့ဖွယ်သတ္တုက စကြာဝဠာထဲမှာ တန်ဖိုးအရှိဆုံးသတ္တုတွေထဲကတစ်ခုပါပဲ။ ဒီမတိုင်ခင်တုန်းက သူတို့က ခရမ်းတိမ်အံ့ဖွယ်သတ္တုကြောကြီးမားတဲ့ပမာဏပါရှိတဲ့ကြယ်တစ်လုံးကို တွေ့ရှိခဲ့တယ်လို့လက်အောက်ခံငယ်သားတစ်ယောက်က သတင်းပို့ခဲ့တယ်။ သူက ချက်ချင်း တစ်ဟုန်ထိုးပြေးလာပေမယ့် တစ်ယောက်ယောက်က ဒီနေရာမှာ အရင်ရိတ်သိမ်းနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူ ဒေါသမထွက်ဘဲ ဘယ်လိုဖြစ်နိုင်မှာလဲ။
"ကြယ်က ဒီမှာပဲ၊ မင်းလိုချင်ရင် မင်း ယူသွားလေ" လီဖူချန်းက တွင်းချိုင့်တွေနဲ့ပြည့်နေတဲ့ကြယ်ကို ကြည့်ကာ ပြောလိုက်တယ်။
"ကြည့်ရတာ မင်းက အပြစ်မပေးရင် နားလည်မှာ မဟုတ်ဘူးပဲ။ တိုက်ခိုက်စမ်း" ထိပ်ပြောင်မှ အမိန့်နဲ့အတူ သတ္တုစစ်သင်္ဘောက အစိမ်းရောင်အလင်းတန်းနှစ်ခုကို ချက်ချင်းပစ်လွှတ်လိုက်တယ်။
အစိမ်းရောင်အလင်းတန်းတွေက လီဖူချန်းရဲ့အောက်ဘက်ရှိကြယ်ကို ချက်ချင်း ပိုင်းဖြတ်ကာ လေးပိုင်းဖြစ်သွားစေတယ်။
"ဒီလိုအားကောင်းတဲ့စစ်သင်္ဘောတစ်ခု"
အစိမ်းရောင်အလင်းတန်းကို ရှောင်တိမ်ပြီးနောက် လီဖူချန်းက အတော်လေးထိတ်လန့်သွားတယ်။ အစိမ်းရောင်အလင်းတန်းရဲ့တိုက်ခိုက်ရေးစွမ်းအားက သူတော်စင်အရှင်တစ်ယောက်ရဲ့အဆင့်ကို ရောက်နေပြီးဆိုတာ သူက မြင်နိုင်တယ်။
"ဆက်တိုက်ခိုက်စမ်း"
ထိပ်ပြောင်ရဲ့အသံထွက်လာတာနဲ့ အစိမ်းရောင်အလင်းတန်းများစွာက ပေါက်ကွဲထွက်လာပြီး ကြည့်ရတာ တောက်ပနေတဲ့အစိမ်းရောင်ဖြူကောင်တစ်ခုနဲ့ တူတယ်။
"ချိုးဖြတ်စိမ်း" ဓားကို ခုတ်ပိုင်းလိုက်ရာ အစိမ်းရောင်အလင်းတန်းအားလုံးက အစိမ်းရောင်မီးပွားများအဖြစ်သို့ ပျံ့နှံ့သွားတော့တယ်။
"သူတော်စင်အရှင်လား" ထိပ်ပြောင်ရဲ့အမူအရာက နစ်ဝင်သွားတော့တယ်။
ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းမှာဆိုရင်တောင် သူတော်စင်အရှင်တွေက ထိပ်ဆုံးမှာ အကြွင်းမဲ့တည်ရှိကြတယ်။
ဒါပေမယ့် ထိပ်ပြောင်က အရှုံးပေးဖို့အစီအစဉ်မရှိပါဘူး။ သတ္တုစစ်သင်္ဘောရဲ့အရှေ့မှာ ဧရာမအစိမ်းရောင်အလင်းစက်လုံးတစ်ခုက စုစည်းလာတယ်။ ပြီးနောက် အစိမ်းရောင်အလင်းတိုင်တစ်ခုက လီဖူချန်းထံ တိုးဝှေ့ဝင်ရောက်လာတယ်။
ဇွက်.........
ဆုတ်ဖြဲသံတစ်ခုဖြစ်လာပြီး လီဖူချန်းက ရပ်နေသေးသည်ဖြစ်ကာ အလင်းတိုင်က နှစ်ပိုင်းဖြတ်ခံလိုက်ရတယ်။
"အရှင်ဘုန်းတော်ကြီး၊ ရန်သူက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဖြစ်လောက်တယ်" ထိပ်ပြောင်ရဲ့ဘေးနားမှာ အရေပြားပေါ်မှာ အညိုရောင်အင်းကွက်တွေနဲ့အခြားမျိုးနွယ်သူတော်စင်တစ်ယောက်ရှိပြီး သူက ကြောက်ကြောက်ရွံ့ရွံ့နဲ့ပြောနေတယ်။
"ငါ သိတယ်" ထိပ်ပြောင်ရဲ့အမူအရာက အေးစက်လျက်ပါပဲ။ တစ်ဆက်တည်းမှာပဲ သူ့မျက်နှာမှာ ရူးသွပ်ခြင်းအရိပ်အယောင်တစ်ခု လက်သွားတယ်" အဆုံးသတ်ဖြာထွက်ခြင်းကို အသက်သွင်းပြီး ဒီနယ်မြေတစ်ခုလုံးရဲ့ဟင်းလင်းပြင်ကို ဖျက်ဆီးလိုက်ပါ"
"ဒါပေမယ့် ဒါက စစ်သင်္ဘောရဲ့စွမ်းအင်၉၀ရာခိုင်နှုန်းကို ကုန်ဆုံးစေလိမ့်မယ်"
ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့စစ်သင်္ဘောက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို စွမ်းအင်အဖြစ် အသုံးပြုနိုင်ပေမယ့် ဖြာထွက်အံ့ဖွယ်မီးပြင်းဖိုမှတစ်ဆင့်ဖြာထွက်အံ့ဖွယ်စွမ်းအင်အဖြစ်သို့ ကူးပြောင်းဖို့လိုအပ်တယ်။ ဖြာထွက်အံ့ဖွယ်စွမ်းအင် အပြည့်အဝပြန်ပြည့်ဖို့ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကြာတယ်။ သာမန်အချိန်တွေမှာဆိုရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ကုန်ဆုံးသွားတဲ့စွမ်းအင်အဖြစ် ကူးပြောင်းပါလိမ့်မယ်။ သေရေးရှင်ရေးအခြေအနေမဟုတ်ရင် အဆုံးသတ်ဖြာထွက်ခြင်းကို အသက်သွင်းစရာမလိုပါဘူး။
"ငါ ပြောသလိုလုပ်ပါ" ထိပ်ပြောင်းက သူ့ငယ်သားကို စိုက်ကြည့်လိုက်တယ်။
"နားလည်ပါတယ်"
သင်္ဘောအမူထမ်းတွေနဲ့လုပ်ငန်းစဉ်အချို့ ပြုလုပ်ပြီးနောက် အဖြူရောင်ဖြာထွက်အလင်းတစ်ခုက သတ္တုစစ်သင်္ဘောရဲ့မျက်နှာပြင်ပေါ်မှာ တောက်ပလာတယ်။ ပျောက်ကွယ်ခြင်းအရှိန်အဝါတစ်ခုက ပျံ့နှံ့လာတယ်။
"အဆုံးမပေးသေးဘူးလား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
သူက ဂရုဏာထားနေလို့ပဲ၊ မဟုတ်ရင် ရန်သူကို ရင်ဆိုင်တွေ့စရာတောင်မလိုပါဘူး။ သူက အစိမ်းရောင်အလင်းတန်းတွေကို ရှောင်တိမ်းပြီး သတ္တုစစစ်သင်္ဘောကို ရှောင်တိမ်းရုံသာ ဖြစ်တယ်။
ဝုန်း.......
အဖြူရောင်ဖြာထွက်အလင်းက စကြာဝဠာကို ထိန်လင်းသွားတယ်။ နယ်မြေတစ်ခုလုံးရဲ့ဟင်းလင်းပြင်က ချက်ချင်း ပျောက်ကွယ်သွားတာကို မည်သူမဆို မြင်နိုင်တယ်။
ဟုတ်ပါတယ်၊ ပျောက်ကွယ်သွားပါပြီ။
သာမန်အခြေအနေမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီးဖျက်ဆီးရုံသာ တတ်နိုင်တယ်၊ အဲဒါကို ပျောက်ကွယ်သွားစေဖို့က မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဘုံအရှင်တွေကသာ ဟင်းလင်းနယ်မြေကို ပျောက်ကွယ်သွားစေနိုင်တယ်။
အရှေ့ရှိ အလုံးစုံပျောက်ကွယ်သွားတဲ့နယ်မြေကို ကြည့်ရင်း သတ္တုစစ်သင်္ဘောရှိအမှုထမ်းအားလုံးက စဉ်းစားနေကြတယ်"သူ သေသွားပြီးလား"
ကောင်းကင်အဆင့်အောက်အများစုက အဆုံးသန်ဖြာထွက်ခြင်းရဲ့စွမ်းအားကို မရင်ဆိုင်နိုင်ပါဘူး။
"လက်မတင်လေးပဲ" အဝေးမှ ဓားအလင်းတစ်ခုက ပျံသန်းလာတယ်။
ဓားအလင်းက လီဖူချန်းကလွဲပြီးတစ်ခြားမဟုတ်ပါဘူး။
ကောင်းကင်မျဉ်းဓားပညာမရှိရင်၊ အဲဒါကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို မတွန်းပို့နိုင်ရင် လီဖူချန်းက အဲဒါကို ဘယ်တော့မှရှောင်တိမ်းနိုင်လိမ့်မှာ မဟုတ်ပါဘူး။
"သူ ရှောင်သွားတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" စစ်သင်္ဘောထဲမှာ ထိပ်ပြောင်နဲ့သင်္ဘောအမှုထမ်းအားလုံးက မှင်တက်သွားကြတယ်။
အဆုံးသတ်ဖြာထွက်ခြင်းက အလင်းမြန်နှုန်းအဆရာအနည်းငယ်ရှိတယ်၊ လီဖူချန်းက အဲဒါကို တကယ်ရှောင်တိမ်းနိုင်ခဲ့တယ်။ သူ့ရဲ့တုံ့ပြန်တဲ့အရှိန်နဲ့ရွေ့လျားတဲ့အရှိန်က ဘယ်လောက်တောင်မြန်တာလဲ။
"ပြန်ဆုတ်ကြတော့" ထိပ်ပြောင်က ဆုတ်ခွာဖို့ အမိန့်ပေးလိုက်တယ်။
"ထွက်သွားဖို့လား။ နောက်ကျသွားပြီ" ဓားအလင်းက သတ္တုစစ်သင်္ဘောနောက်ကို လိုက်သွားကာ ခုတ်ပိုင်းလိုက်တယ်။
သင်္ဘောမျက်နှာပြင်မှ အလင်းတွေအဆက်မပြတ်ဖြာထွက်ကာ ကာကွယ်နေတယ်။ လီဖူချန်းရဲ့ဓားက ဖြာထွက်အလင်းလွှာတွေကို ဖြတ်တောက်သွားပေမယ့် စစ်သင်္ဘောရဲ့ခန္ဓာကိုယ်ကို ထိတွေ့ဖို့က မဖြစ်နိုင်ပါဘူး။
"ဖြာထွက်အံ့ဖွယ်စွမ်းအင်က အမြန်လျော့ကျနေတာပဲ၊ ငါတို့က နောက်ထပ်ခုတ်ချက်ဆယ်ချက်ကိုသာ ခံနိုင်တော့တယ်" အခြားမျိုးနွယ်သူတော်စင်က ထိတ်လန့်တကြား ပြောလိုက်တယ်။
"ဟာကွာ....."
ထိပ်ပြောင်ရဲ့အသံကို စစ်သင်္ဘောအပြင်ဘက်ကနေတောင် ကြားနိုင်တယ်"အမြန်ရပ်ပါ။ ငါတို့ အရှုံးပေးပါတယ်"
လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်၊ ကောင်းကင်ဆက်ဓားက ရုတ်တရက် အာကာသ-အချိန်အကန့်အသတ်ကို ချိုးဖြတ်ပြီး စစ်သင်္ဘောရဲ့ကိုယ်ထည်ကို ခုတ်ပိုင်းလိုက်တယ်။
နောက်ထပ်ခုတ်ချက်ဆယ်ချက်ကို ခံနိုင်သေးတယ်လို့ယူဆထားတဲ့စစ်သင်္ဘောက ကြီးမားတဲ့အပေါက်တစ်ခု ရှိလာတယ်။ ပြင်းထန်တဲ့ဓားချီက အထဲကို တိုးဝင်လာတယ်။
ရွှမ်း.......
စစ်သင်္ဘောအစိတ်အပိုင်းတစ်ခုမှ ငွေရောင်သတ္တုစက်လုံးတစ်လုံးက ထွက်ပေါ်လာတယ်။
"ထွက်ပြေးချင်နေတာလား" လီဖူချန်းက ငွေရောင်စက်လုံးကို ခုတ်ပိုင်းလိုက်တယ်။
ဂျိုင်း.......
ဓားအလင်းက ပြန့်ကျဲသွားပြီး ငွေရောင်စက်လုံးက ပျောက်ကွယ်သွားတော့တယ်။
လိပ်ပြာအသိစိတ်အာရုံကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်သတ္တုစက်လုံးက မြန်လွန်းတာကို လီဖူချန်းက သတိပြုမိသွားတယ်။ အဲဒါမှာ အလင်းမြန်နှုန်းအဆရာအနည်းငယ် ရှိပြီး ပိုတောင်မြန်လောက်တယ်။ လီဖူချန်းက လိုက်သွားရင်တောင် သူက ဘယ်တော့မှ ဖမ်းမိလိမ့်မှာမဟုတ်ဘူး။
ငွေရောင်စက်လုံးထဲမှာ ထိပ်ပြောင်ပုံရိပ်ရှိနေတယ်။
သူက ဒေါသထွက်နေတယ်။ လီဖူချန်းက ဒီလောက်အားကောင်းမယ်လို့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။ လီဖူချန်းက အဆုံးသတ်ဖြာထွက်ခြင်းကို ရှောင်တိမ်းနိုင်ရုံသာမက သူက ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့စစ်သင်္ဘောကို အလွယ်တကူ ခုတ်ဖြတ်နိုင်တယ်။
လွတ်မြောက်ဖို့အတွက် သူက ဖြာထွက်အံ့ဖွယ်မီးပြင်းဖိုထဲကို သွားပြီး နောက်ဆုံးလက်ကျန်ဖြာထွက်အံ့ဖွယ်စွမ်းအင်ကို အသက်မသွင်းရင် သူက အခုဆိုရင်သေနေလောက်ပါပြီ။
"ဒီလူနဲ့ပတ်သက်ပြီး ငါက ဂိုဏ်းချုပ်တွေနဲ့ဝတ်ရုံဖြူဂိုဏ်းချုပ်တွေကို အကြောင်းကြားရမယ်" ထိပ်ပြောင်က သူ့ရာသူ ပြောလိုက်တယ်။
***