မသေမျိုးစွမ်းအား
Vol. 64 Ch. 879
ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့စစ်သင်္ဘောက အလွန်အဆင့်မြင့်တယ်။ အဲဒါမှာ အဆုံးမဲ့စွမ်းအင်ပတ်လမ်းတွေ နစ်မြုပ်ထားပြီး အချို့ရှုပ်ထွေးတဲ့စွမ်းအင်ပတ်လမ်းတွေကို လီဖူချန်းတောင် နားမလည်နိုင်ပါဘူး။
စိတ်မကောင်းစရာတစ်ခုကတော့ စစ်သင်္ဘောက လီဖူချန်းရဲ့တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ထားတယ်၊ စွမ်းအင်ပတ်လမ်းအများစုက ပျက်စီးသွားတယ်။ အရေကြီးဆုံးစွမ်းအင်မီးပြင်ဖိုဆုံးရှုံးမှုနဲ့အတူ စစ်သင်္ဘောရဲ့တန်ဖိုးက ၉၉ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်။
ဒါပေမယ့် အဲဒါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးရာအနည်းငယ်ထိုက်တန်ပါသေးတယ်၊ တကယ်တော့ စစ်သင်္ဘောကို တည်ဆောက်ဖို့ အသုံးပြုတဲ့သတ္တုတွေက ထူးခြားတယ်လေ။ ကျန်ရှိနေတဲ့စွမ်းအင်ပတ်လမ်းတွေကလည်း ကြီးမားတဲ့လေ့လာရှာဖွေမှုတန်ဖိုးရှိတယ်။
စစ်သင်္ဘောကို သိမ်းပြီးနောက် လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး စကြာဝဠာရဲ့အနက်ပိုင်းထဲသို့ ရွေ့လျားသွားတော့တယ်။
…
ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့ဌာနချုပ်က ဖြာထွက်မြို့မှာ တည်ရှိတယ်။
အချက်အလက်အရ ဖြာထွက်မြို့အရှင်သခင်ဖြစ်တဲ့ဖြာထွက်ကောင်းကင်ဘုံအရှင်က ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့ဂိုဏ်းချုပ်ဘုန်းကြီး ဖြစ်တယ်။
အခုဆိုရင် ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းကို ကြယ်ပိုင်နက်များစွာမှာ တည်ဆောက်ထားပြီး စကြာဝဠာမြို့တိုင်းမှာ ဂိုဏ်းခွဲတစ်ခုစီရှိတယ်။
ရေဝဲမြို့၊ ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းဂိုဏ်းခွဲ။
ဒီနေရာကိုစောင့်ကြပ်နေတဲ့သူကတော့ ဝတ်ရုံဖြူဂိုဏ်းချုပ်ဖြစ်တယ်။
ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့အနိမ့်ဆုံးမှအမြင့်ဆုံးအထိ ရာထူးအဆင့်ဆင့်ကတော့ ဘုန်းတော်ကြီး၊ ခေါင်းဆောင်ဘုန်းတော်ကြီး၊ ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်၊ ဝတ်ရုံဖြူဂိုဏ်းချုပ်၊ ခါဒီနယ်ဘုန်းတော်ကြီးနဲ့ ဂိုဏ်းချုပ်ဘုန်းကြီးတို့ဖြစ်တယ်။
သူတို့ကြားမှာ ဘုန်းတော်ကြီးက သူတော်စင်တစ်ယောက်ဖြစ်ဖို့ လိုတယ်။ ဂိုဏ်းအုပ်က အထွတ်အထိပ်အဆင့်သူတော်စင်၊ ဂိုဏ်းချုပ်ကသူတော်စင်အရှင်၊ ဝတ်ရုံဖြူဂိုဏ်းချုပ်က အထွတ်အထိပ်သူတော်စင်အရှင်ဖြစ်ဖို့ လိုအပ်တယ်။
ငွေရောင်သတ္တုစက်လုံးက ဟင်းလင်းပြင်ကို ဖြတ်သွားပြီး ရေဝဲမြို့ရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။
အဖြူရောင်အလင်းတစ်ခုလက်သွားပြီး ပုံရိပ်တစ်ခုက ငွေရောင်သတ္တုစက်လုံးရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
"ဂိုဏ်းချုပ်"
ငွေရောင်စက်လုံးက ရပ်သွားပြီး ထိပ်ပြောင်က ထွက်လာကာ လျင်မြန်စွာ ဦးညွှတ်လိုက်တယ်။
"ဘာဖြစ်တာလဲ"
ဂိုဏ်းချုပ်လို့ခေါ်တဲ့လူက အဖြူရောင်ဝတ်ရုံရှည်နဲ့ငွေရောင်မျက်ခုံးရှိတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါပဲ။
"ဂိုဏ်းချူပ်၊ ငါ့ငယ်သားဘုန်းတော်ကြီးတစ်ယောက်က ခရမ်းတိမ်အံ့ဖွယ်သတ္တုကြောတစ်ခုပါရှိတဲ့ကြယ်တစ်လုံးကို ရှာတွေ့ခဲ့တယ်" ထိပ်ပြောင်က အရာအားလုံးကို ငွေရောင်မျက်ခုံးလူအား ရှင်းပြလိုက်တယ်။
"ခရမ်းတိမ်အံ့ဖွယ်သတ္တုလား....." ငွေရောင်မျက်ခုံးလူရဲ့အမူအရာက အေးစက်သွားတယ်။
ခရမ်းတိမ်အံ့ဖွယ်သတ္တုက အလွန်အမင်းအရေးကြီးတဲ့အရင်းအမြစ်တစ်ခုပါပဲ။ လုံလောက်တဲ့ပမာဏနဲ့ဆိုရင် အဲဒါက ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့စွမ်းအားကို နောက်တစ်ဆင့်သို့ တွန်းပို့နိုင်လိမ့်မယ်။
ခရမ်းတိမ်အံ့ဖွယ်သတ္တုအတွက် ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းနဲ့ယှဉ်ပြိုင်ဖို့ တန်ဖိုးတစ်ခုပေးချေဖို့လိုအပ်တယ်။
"ကြယ်ပိုင်နက်တစ်ခုလုံးမှာ ထိုလူကို ဝရမ်းထုတ်ထားလိုက်ပါ"
နောက်တစ်ရက်မှာတော့ အစွန်းအလင်းကြယ်ပိုင်နက်ရှိစကြာဝဠာမြို့ဆယ့်နှစ်မြို့လုံးက ဝရမ်းထုတ်ပြန်ခဲ့ကြတယ်။ လီဖူချန်းနဲ့အနီးစပ်ဆုံးတည်နေရာကို ရှာတွေ့ရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀ကို ဆုလာဒ်ရရှိလိမ့်မယ်။ လီဖူချန်းရဲ့တိကျတဲ့တည်နေရာကို ညွှန်ပြနိုင်ရင် ဆုလာဒ်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ရရှိလိမ့်မယ်။
ဝရမ်းထုတ်ပြန်လိုက်တာနဲ့ ရုတ်ရင်းဆန်ခတ်မှုတစ်ခုကို ဖြစ်သွားစေခဲ့တယ်။
အဝါရင့်ရောင်ဧရာမကြယ်တစ်လုံးအပေါ်မှာ လီဖူချန်းက တင်ပျဉ်ခွေထိုင်လျက် ကြယ်ဥပဒေသကို နားလည်သဘောပေါက်စေနေတယ်။
လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက အခုဆိုရင် လုံးဝကြောက်စရာကောင်းနေတယ်။ အချိန်ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းက ကြယ်ဥပဒေသတွေကြားခြားနားချက်အရိပ်အယောင်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လာနိုင်တယ်။
"အခေါင်းပေါက်သူတော်စင်၊ ဟိုလူက ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းကလိုချင်နေတဲ့သူနဲ့ မတူဘူးလား"
ကောင်းကင်မှာ ပုံရိပ်နှစ်ခုပျံသန်းနေရာမှ ချက်ချင်းရပ်လိုက်ပြီး တစ်ယောက်က ဆိုလိုက်တယ်။
"သူနဲ့ တူတယ်။အဲဒါက ကိစ္စမရှိဘူး၊ ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းကို အရင်အကြောင်းကြားရအောင်"
သူတို့နှစ်ယောက်က ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့အဖွဲ့ဝင်တွေကို သတင်းပို့ဖို့ ဆက်သွယ်ရေးတုံကင်တွေကို ချက်ချင်းယူထုတ်လိုက်တယ်။
ရေဝဲမြို့မှ ငွေရောင်မျက်ခုံးလူက ဂိုဏ်းချုပ်ငါးယောက်နဲ့အတူ စကြာဝဠာရဲ့အနက်ပိုင်းဆိီသို့ ပျံသန်းလာနေတယ်။
…
အဝါရင့်ရောင်ကြယ်တစ်လုံးအပေါ်မှာ လီဖူချန်းရဲ့ခန္ဓာကိုယ်က လွင့်မျောနေပြီး သူက အထွတ်အထိပ်အနက်ရောင်စကြာဝဠာကို ရောက်ရှိလာတယ်။
လီဖူချန်းက ကမ္ဘာဆွဲအားတစ်ခုကို ထုတ်ဖော်လိုက်တာနဲ့ အဝါရင့်ရောင်ကြယ်က သူ့ရဲ့မူလလမ်းကြောင်းမှ ရွေ့လျားလာပြီး လီဖူချန်းကို စတင်ပတ်လိုက်တယ်။
"ငါ အခု သိပြီ။ ကြယ်ဥပဒေသတွေရှိခြားနားချက်အရိပ်အယောင်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ထဲမှာလဲ ရှိတာပဲ။ ဒါပေမယ့် အဲဒါက ဟိုးအနက်ရှိုင်းထဲမှာ ဖုံးကွယ်ထားတယ်"
ကြယ်ပိုင်နက်အားလုံးမှာ တူညီတဲ့ကြယ်ဥပဒေသရှိပေမယ့် ပတ်ဝန်းကျင်ခြားနားချက်ကြောင့် ကြယ်ဥပဒေသရဲ့အသွင်အပြင်က ခြားနားသွားတယ်။
အခု ကြယ်ဥပဒေသနားလည်မှုက လုံးဝပြီးပြည့်စုံခြင်းအခြေအနေတစ်ခုမှာ ရှိပြီး လီဖူချန်းရဲ့နေလက်က နောက်ဆုံးမှာတော့ လုံးဝပြီးပြည့်စုံခြင်းကို ရောက်ရှိလာပါတော့တယ်။တယ်။
"ဒါက စစ်မှန်တဲ့ကြယ်မသေမျိုးခန္ဓာကိုယ်ပဲ" သူ့ခန္ဓာကိုယ်က မသေမျိုးစိတ်တန်ခိုးစွမ်းအားတစ်ခုအား ထုတ်လွှတ်နေတာကို လီဖူချန်းက ခံစားမိတယ်။
စိတ်တန်ခိုးစွမ်းအားက လိပ်ပြာအသိစိတ်အာရုံတစ်ခုမဟုတ်ပါဘူး။ အဲဒါက ခန္ဓာကိုယ်ထဲမှာ သူ့ရာသူတည်ရှိနေတာပါ။
အဲဒါက တိုက်ကြီးစိတ်တန်ခိုးစွမ်းအားနဲ့ကြယ်စိတ်တန်ခိုးစွမ်းအားနဲ့တူသလို ခံစားရတယ်။
စိတ်တန်ခိုးစွမ်းအားက ထာဝရရှင်သန်ခြင်းအရှိန်အဝါတစ်ခုကို ပေးတယ်။ သူ့ကို သတ်ဖြတ်ပြီး သူ့ရဲ့ဝိညာဉ်က ပြန့်ကျဲသွားရင်တောင် လက်ရှိလီဖူချန်းက ပြန်အသက်ရှင်လာနိုင်တယ်။ ဒါပေမယ့် အလိုလိုသိစိတ်သာ ဖြစ်တယ်။
"အခု နေလက်က လုံးဝပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတာကြောင့် နောက်အဆင့်က ကပ်ဘေးလက်ဖြစ်လိမ့်မယ်"
ကပ်ဘေးလက်က ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့ သက်ဆိုင်တယ်။ အဲဒါကို ကျင့်ကြံပြီးတာနဲ့ လီဖူချန်းက ကြောက်ရွံ့ခြင်းမရှိ၊ စကြာဝဠာကို ဖြတ်သန်းနိုင်တယ်။ သူက ကောင်းကင်ဘုံအရှင်တွေနဲ့ရင်ဆိုင်ရရင်တောင် သူက သူတို့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ လီဖူချန်းက ခံစားရတယ်။
အသက်ကို ရှုသွင်းပြီးနောက် လီဖူချန်းက အထွတ်အထိပ်အနက်ရောင်စကြာဝဠာကို ကြည့်လိုက်တယ်။
အဝေးမှ အဖြူရောင်အလင်းတစ်ခုက သူ့ဆီ ပြေးလာနေတယ်။
"ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းက ရောက်ရှိလာပြီ" သူတော်စင်နှစ်ယောက်က ပုန်းကွယ်နေရာမှ လျင်မြန်စွာ ထွက်လာတယ်။
"ငါ့အရှင်တို့၊ ငါတို့ ဒီလူကို ရှာတွေ့ခဲ့တယ်။ ဆုလာဒ်ကရော ဘယ်လိုလဲ" အခေါင်းပေါက်သူတော်စင်က စိတ်ရှုပ်ရှားမှုအပြည့်နဲ့ မေးလိုက်တယ်။
"ဆုလာဒ်လား။ မစိုးရိမ်ပါနဲ့၊ ပေးမှာပါ ဒါပေမယ့် မင်းတို့ရဲ့နောက်ဘဝမှပေါ့" ငွေရောင်မျက်ခုံးလူက သရော်လိုက်တယ်။
"ဒါ ဘာဆိုလိုတာလဲ။ ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းက ကတိဖျက်ချင်တာလား" သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားပြီး ထွက်ပြေးဖို့ ပြင်ဆင်လိုက်တယ်။
"နောက်ဘဝကျမှပဲ မင်းတို့ရဲ့ဆုလာဒ်ကို ရယူဖို့ သတိရပါ" လက်ကို ဝှေ့ယမ်းလိုက်ရာ အားကောင်းတဲ့အလင်းတစ်ခုက ငွေရောင်မျက်ခုံးလူမှ ထွက်လာပြီး နှစ်ယောက်သားအား ချက်ချင်း ပြာဖြစ်သွားစေတယ်။
"မင်းတို့နည်းလမ်းက တကယ်ကို ရက်စက်တာပဲ"
လီဖူချန်းက နားလည်ခြင်းအခြေအနေမှာ ရှိနေတာကြောင့် သူက သူတော်စင်နှစ်ယောက်ကို သတိမပြုမိခဲ့ပါဘူး။ ဒါပေမယ့် ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းက ဝရမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုနှစ်ယောက်က သူ့ကို မြင်တွေ့ခဲ့မှန်း သူက ခန့်မှန်းနိုင်တယ်။ သူတို့က ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းကို သတင်းပို့ခဲ့ပေမယ့် ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းက သူတို့ကို သတ်ဖြတ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
"ရက်စက်တယ်ဆိုတဲ့အဓိပ္ပါယ်က မင်း ငါ့ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့ဘုန်းတော်ကြီးကို သတ်ဖြတ်ခဲ့တာမျိုးပဲ" ငွေရောင်မျက်ခုံးလူက သူ့လက်ကို နောက်ပစ်လျက် ရပ်နေပြီး လီဖူချန်းကို ကြည့်လိုက်တယ်။
"မင်းတို့ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းက ဒိီလိုပဲပြုမူနေမယ်ဆိုရင် မင်းတို့အားလုံးက သတ်ပစ်လိုက်တာ ပိုကောင်းမယ်" လီဖူချန်းက တည်ငြိမ်စွာ ပြောလိုက်တယ်။
"ငါတို့အားလုံးကို သတ်ဖို့။ မင်း အဲလိုလုပ်နိုင်မလားကို ငါ မြင်ချင်ပါတယ်"
ငွေရောင်မျက်ခုံးလူက သူ့ရဲ့ညာလက်ကို ဆန့်ပြီး ငွေရောင်သတ္တူလက်အိတ်တစ်ခုကို ဝတ်လိုက်တယ်။
"အဆုံးသတ်စမ်း"
"လက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်လိုက်ရာ ကြောက်စရာကောင်းတဲ့အဆုံးသတ်ဓားအလင်းတစ်ခုက လီဖူချန်းထံ တိုးဝင်လာတယ်။
ဖြာထွက်အံ့ဖွယ်ဘုရားကျောင်းရဲ့ဝတ်ရုံဖြူဂိုဏ်းချုပ်အနေနဲ့ ငွေရောင်မျက်ခုံးလူက သာမန်သူတော်စင်အရှင်တစ်ယောက်ထက် အများကြီးပိုမြင့်တယ်။ သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို အသုံးပြုရုံနဲ့ သူက အဆုံးသတ်ဖြာထွက်အလင်းကို ထုတ်ဖော်နိုင်တယ်။
ဓားအလင်းလက်သွားပြီး လီဖူချန်းက ပျောက်ကွယ်သွားတော့တယ်။
"သေချင်နေတာပဲ....."
ငွေရောင်မျက်ခုံးလူက ဓားအလင်းကို ရှောင်တိမ်းလိုက်နိုင်ခဲ့တယ်။ သူ့ရဲ့ညာလက်က အလင်းမြန်နှုန်းအဆရာအနည်းငယ်နဲ့အတူ လီဖူချန်းကို ချက်ချင်း တိုက်ခိုက်လိုက်တယ်။
"ဒီလိုမြန်ဆန်တဲ့အရှိန်" ငွေရောင်မျက်ခုံးလူရဲ့မြန်နှုနှုန်းက သူ့ထက် ပိုမြင့်တာကို လီဖူချန်းက သိလိုက်တယ်။
ကလင်း.....
အရေးကြီးတဲ့အနေအထားမှာ လီဖူချန်းက သူ့ရဲ့ဓားနဲ့တိုက်ခိုက်လိုက်တယ်။
ချွမ်း ချွမ်း ချွမ်း......
အာကာသ-အချိန်ပုံရိပ်ယောင်တစ်ခုကို ထုတ်ဖော်ခဲ့ပြီး စကြာဝဠာက နှစ်ယောက်သားတိုက်ကွက်ပုံရိပ်တွေနဲ့ ပြည့်သွားတယ်။မြင်ကွင်းက အဆက်မပြတ်လျင်မြန်စွာပြောင်းလဲနေတော့။
လူသားတွေမှာ အမြီးမရှိတာကြောင့် ငွေရောင်မျက်ခုံးလူက လူသားမျိုးနွယ်မဟုတ်တာ အလွန်သိသာတယ်။
"ငါ့အမြီးမှာ အဆုံးသတ်ဖြာထွက်ခြင်းရဲ့စွမ်းရည် ပါရှိတယ်။ သေစမ်း" ငွေရောင်မျက်ခုံးလူရဲ့မျက်နှာက အလွန်တည်ငြိမ်သွားတယ်။
လီဖူချန်းက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်တယ်၊ သူ့ရင်ဘက်ဒဏ်ရာက ကုသပြီးသွားပါပြီ။ သူက သူ့ရာသူ တွေးလိုက်တယ်"ကံကောင်းတာကတော့ ငါခန္ဓာကိုယ်က မသေမျိုးစိတ်တန်ခိုးစွမ်းအားကို ထုတ်ဖော်ခဲ့လို့ပဲ။ မဟုတ်ရင် ဒီတိုက်ခိုက်မှုက ငါ့ရဲ့အသက်စွမ်းအားကို အနည်းဆုံး ၁၀ရာခိုင်နှုန်းလျော့သွားစေလောက်တယ်"
လီဖူချန်းအမြင်အရ ငွေရောင်မျက်ခုံးလူက ကောင်းကင်လှည့်သားရဲအာဏာရှင်လောက် အားမကောင်းနိုင်ပေမယ့် သူ့ရဲ့တိုက်ခိုက်မှုတွေက ကောင်းကင်လှည့်သားရဲအာဏာရှင်ထက် ရင်ဆိုင်ရပိုခက်တယ်။
"သူ အဆင်ပြေနေသေးတာလား" ငွေရောင်မျက်ခုံးလူရဲ့တည်ငြိမ်တဲ့မျက်လုံးတွေက ဆုတ်ဖြဲချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။
လီဖူချန်း မသေတာကို နားလည်ပေမယ့် သူ့ကို အံ့အားသင့်သွားစေတာကတော့ လီဖူချန်းရဲ့အသက်စွမ်းအားက မလျော့ကျသွားခဲ့ဘူးပဲ။
"ခြောက်ထောင့်ကြယ်ဖြာထွက်တိုက်ပွဲနည်းဗျူဟာကို ဆင်လိုက်ကြ" ငွေရောင်မျက်ခုံးလူရဲ့ပုံရိပ်က လက်သွားပြီး သူက ဂိုဏ်းချုပ်ငါးယောက်ရှေ့ကို ရောက်ရှိသွားတယ်။
"နားလည်ပါပြီ"
ဂိုဏ်းချုပ်ငါးယောက်က စွမ်းအင်တွေကို ထုတ်လွှတ်ကာ ငွေရောင်မျက်ခုံးလူနဲ့ ချိတ်ဆက်လိုက်တယ်။
အထွတ်အထိပ်အနက်ရောင်စကြာဝဠာထဲမှာ တောက်ပနေတဲ့ခြောက်ထောင့်ကြယ်တစ်ခုက ထွက်ပေါ်လာတယ်။ ကြီးမားပြီးကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခုက အဝါရင့်ရောင်ကြယ်ကို ယိုယွင်းပျက်စီးစေခဲ့တယ်။
***