← Chapters

အာကာသ-အချိန်လက်စွပ်

Vol. 64 Ch. 880

အာကာသ-အချိန်လက်စွပ်

Vol. 64 Ch. 880

"အဆုံးသတ်စမ်း....."

ခြောက်ထောင့်ကြယ်က လီဖူချန်းထံ တိုးဝင်လာတယ်။

ဝုန်း......

လီဖူချန်းက နောက်သို့ လွင့်ထွက်သွားတယ်။

ခွန်အားအရ လီဖူချန်းက ခြောက်ထောင့်ကြယ်ကို မဆိုနဲ့၊ ငွေရောင်မျက်ခုံးလူထက်တောင် နိမ့်ကျနေတာလေ။

လီဖူချန်းက ငုံကြည့်လိုက်ရာ သူ့ရင်ဘက်ပေါ်မှာထွက်ပေါ်လာတဲ့ခြောက်ထောင့်ကြယ်တံဆိပ်တစ်ခုကို တွေ့လိုက်ရတယ်။

အဲဒါက အခြားဒဏ်ရာတွေသာဆိုရင် လီဖူချန်းက ကုသပြီးလောက်ပါပြီ။

‌ဒါပေမယ့် ခြောက်ထောင့်ကြယ်က လီဖူချန်းခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပုံရတယ်။ ခြောက်ဆထာင့်ကြယ်စွမ်းအင်ကို ဖယ်ရှားဖို့ လီဖူချန်းက အချိန်အများကြီးအားထုတ်ဖို့ လိုအပ်တယ်။

ရလဒ်အနေနဲ့ လီဖူချန်းရဲ့အသက်စွမ်းအားက များစွာ လျော့ကျသွားတယ်။

"ခြောက်ထောင့်ကြယ်ဖြာထွက်တိုက်ပွဲနည်းဗျူဟာတောင်မှ......." သူက လီဖူချန်းအား အထင်‌သေးမိတာကို ငွေရောင်မျက်ခုံးလူက ဝန်ခံခဲ့တယ်။

လီဖူချန်းက မွန်းစတားပဲ၊ မသေနိုင်တဲ့မွန်းစတားတစ်ကောင်ပဲ။

ငွေရောင်မျက်ခုံးလူသိထားတဲ့သူတော်စင်အရှင်တွေအားလုံးအထဲမှာ ပြန်သက်သာနိုင်စွမ်းအရ ထာဝရသူတော်စင်အရှင်ကသာ လီဖူချန်းနဲ့နှိုင်းယှဉ်နိုင်တယ်။ ဒါပေမယ့် ထာဝရသူတော်စင်အရှင်က လီဖူချန်းလို ကြမ်းတမ်းတဲ့ခံစစ် မရှိပါဘူး။

ဒါ့အပြင် ထာဝရသူတော်စင်အရှင်မှာ ဒီလိုကြောက်စရာကောင်းတဲ့ပြန်သက်သာနိုင်စွမ်းရှိတာက‌တော့ သူက ထာဝရစစ်တပ်နဲ့ ချိတ်ဆက်ထားလို့ပါပဲ။

ထာဝရစစ်တပ်နဲ့မပူးပေါင်းခင် ထာဝရသူတော်စင်အရှင်မှာ ထာဝရစွမ်းအားရှိပြီးဖြစ်ပေမယ့် ချိတ်ဆက်ပြီးနောက် ထာဝရစွမ်းအားက ပို‌တောင် သန်မာလာတယ်။ သာမန်ကောင်းကင်ဘုံအရှင်တွေကတောင် သူ့ကို အချိန်တိုအတွင်း မသတ်နိုင်ပါဘူး။

(ဒီအပိုင်းတွေမှာ ထာဝရဆိုတာ မသေနိုင်တာကို ဆိုလိုပါတယ်.....လက်ရှိမြန်မာဘာသာပြန်သူ)

"အဆုံးသတ်ခြောက်ထောင့်ကြယ်ဖြာထွက်ခြင်း...."

အားကောင်းတဲ့အလင်းတစ်ခုက စကြာဝဠာကို ထွန်းလင်းသွားပြီး လီဖူချန်းကို ဝါးမျိုသွားတယ်။

အားကောင်းတဲ့အလင်းပျောက်သွားတာနဲ့ လီဖူချန်းမှာ ခြောက်ထောင့်ကြယ်တံဆိပ်တစ်ခုကို ချိန်ထားခဲ့ပြီး အဲဒါက သူ့အရိုးထိ ရောက်ရှိနီးပါးဖြစ်နေတယ်။

"ကောင်းကင်ကမ္ဘာငါသာရှိအတ္တဓား"

‌ခြောက်ထောင့်ကြယ်တံဆိပ်ကို လစ်လျူရှုလျက် လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။ ဓားအလင်းတစ်ခုက အာကာသ-အချိန်အကန့်အသတ်တစ်ခုကို ချိုးဖြတ်ခဲ့ပြီး ခြောက်ထောင့်ကြယ်ရဲ့အားနည်းတဲ့နေရာအား ခုတ်ပိုင်းလိုက်တယ်။

ဖြောက်ဖြောက်.......

ခြောက်ထောင့်ကြယ်မှာ အက်ကွဲသံတစ်ခု ထွက်လာတယ်။

"မဖြစ်နိုင်တာ....." ဂိုဏ်းချုပ်တွေထဲတစ်‌ယောက်က လွှတ်ခနဲပြောလိုက်တယ်။

ခြောက်ထောင့်ကြယ်တိုက်ပွဲနည်းဗျူဟာက စကြာဝဠာရှိအသန်မာဆုံးတိုက်ပွဲနည်းဗျူဟာတွေထဲကတစ်ခုပါပဲ။ ကောင်းကင်ဘုံအရှင်တစ်‌‌ယောက်ကတောင် အဲဒါကို တိုက်ခိုက်မှုတစ်ချက်တည်းနဲ့ မချိုးဖြတ်နိုင်ပါဘူး။ လီဖူချန်းရဲ့တိုက်ခိုက်ရေးစွမ်းအားအရ ခြောက်ထောင့်ကြယ်ဖြာထွက်တိုက်ခိုက်ရေးနည်းဗျူဟာကို ရင်ဆိုင်ဖို့က မဖြစ်သင့်ပါဘူး။

လီဖူချန်းမှာ ကောင်းကင်ဆန့်ကျင်စိတ်ဝိညာဉ်စွမ်းအားရှိပြီး ခြောက်ထောင့်ကြယ်ဖြာထွက်တိုက်ခိုက်ရေးနည်းဗျူဟာရဲ့ဖွဲ့စည်းပုံအတွင်းရှိအားနည်းချက်ကို ချက်ချင်းရှာတွေ့နိုင်ဖို့ လီဖူချန်းက ဘယ်လိုလုပ်သိနိုင်မှာလဲ။

အံကြိတ်ကာ ငွေရောင်မျက်ခုံးလူက ခြောက်ထောင့်ကြယ်ဖြာထွက်တိုက်ခိုက်ရေးနည်းဗျူဟာကို ထိန်းချုပ်ရင်း  အဆက်မပြတ်တိုက်ခိုက်လိုက်တယ်။

လီဖူချန်းက တိုက်ခိုက်မှုကို လစ်လျူရှုခဲ့ပြီး ကောင်းကင်ဆက်ဓားကို ခြောက်ထောင့်ကြယ်ရဲ့အားနည်းတဲ့နေရာဆီ ညွှန်ပြလိုက်တယ်။

ဝုန်း......

အံ့အားသင့်ခြင်းမရှိဘဲ ခြောက်ထောင့်ကြယ်က ပထမဆုံးကြွေကျကာ ပေါက်ကွဲသွားတော့တယ်။ လီဖူချန်းအတွက်ကတော့ သူက အသက်စွမ်းအားအချို့ကိုသာ ဆုံးရှုံးခဲ့ရတယ်။

"မင်းတို့မှာ ချန်ထားတာရှိသေးရင် အခုပဲ သုံးလိုက်တော့"

လက်ရှိလီဖူချန်းကို ဆန့်ကျင်ဖို့အတွက်ဆိုရင် ကောင်းကင်ဘုံအရှင်တွေကလွဲပြီး သူ့ကိုရင်ဆိုင်နိုင်တဲ့သူအများကြီးမရှိပါဘူး။

"သတ်"

ခြောက်ထောင့်ကြယ် ပေါက်ကွဲသွားပြီးနောက် ငွေရောင်မျက်ခုံးလူနဲ့ဂိုဏ်းချုပ်ငါးယောက်က လီဖူချန်းထံ အတူတကွတစ်ဟုန်ထိုးပြေးဝင်လာကြတယ်။

နေ့တစ်ဝက်ကြာပြီးနောက် ဂိုဏ်းချုပ်နှစ်ယောက်ကတော့ ပျောက်ကွယ်သွားပြီး လီဖူချန်းကတော့ ဒဏ်ရာအနာတရကင်းမဲ့လျက်ပါပဲ။

ဒါက ငွေရောင်မျက်ခုံးလူကို အလွန်ဒေါသထွက်သွားစေတယ်။ သူတို့က လီဖူချန်းကို မရင်ဆိုင်နိုင်ဘူး၊ အနည်းဆုံး‌ နောက်ထပ်ဝတ်ရုံဖြူဂိုဏ်းချုပ်တစ်‌‌ယောက်လိုအပ်တာကို သူက ရှင်းလင်းစွာသိတယ်။

"မင်းတို့ အရင်ထွက်သွား၊ သူ့ကို ငါနဲ့ထားခဲ့လိုက်" လီဖူချန်းကို အချိန်ဆွဲထားပြီး အကူအညီကို စောင့်ဖို့ ငွေရောင်မျက်ခုံးလူက စဉ်းစားခဲ့တယ်။

"ငါ့ကို အချိန်ဆွဲချင်တာလား။ အကြံကောင်းပဲ"

လီဖူချန်းရဲ့ဓားပညာက ပို၍ထက်ရှလာပြီး ကြောက်မက်ဖွယ်ရာဓားချီက ငွေရောင်မျက်ခုံးလူရဲ့ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာများစွာကို ဖြစ်ပေါ်စေလိုက်တယ်။

"တောက်......"

ငွေရောင်မျက်ခုံးလူက ခေါင်းငုံကာ သူ့ခန္ဓာကိုယ်ပေါ်ရှိဓားဒဏ်ရာတွေကို ကြည့်လိုက်တယ်။

သူတို့က အသက်ရှင်နေပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ လူးလွန်နေသလို ဒီဓားဒဏ်ရာတွေက ခံစားရတယ်။

ဓားဆန္ဒကို မဖယ်ရှားရင် သူ့ရဲ့အသက်စွမ်းအားက  လျော့ကျသွားပါလိမ့်မယ်။

တစ်ရက်၊ နှစ်ရက်.....

မျက်စိတစ်မှတ်အတွင်း တစ်ပတ်က ကုန်ဆုံးသွားတော့တယ်။

စကြာဝဠာမြို့တွေကြားအကွာအဝေးက ဝေးလွန်းပြီး အခြားဝတ်ရုံဖြူဂိုဏ်းချုပ်တွေအနေနဲ့ခရီးသွားနှင်ဖို့အတွက် တစ်ပတ်က မလုံလောက်ပါဘူး။

တစ်ပတ်အတွင်း ငွေရောင်မျက်ခုံးလူရဲ့အသက်စွမ်းအားက ၅၀ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်။

လီဖူချန်းကတော့ သူ့ရဲ့အသက်စွမ်းအားက ၃၀ရာခိုင်နှုန်း‌အောက်လျော့ကျသွားတယ်။

"ဓားတာအိုမှာ နောက်တစ်ဆင့်ရောက်ရှိအောင် ငါ့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ကောင်းကင်ဆန့်ကျင်လှတယ်၊ ခုနှစ်ရက်လုံးတိုက်ခိုက်မှုက သူ့ရဲ့ဓားတာအိုကို အလွန်အမင်းနက်ရှိုင်းတဲ့အခြေအနေကို ရောက်ရှိသွားစေတယ်။မူလအဆုံးစွန်းဓားပညာရဲ့ပထမကွက်ဖြစ်တဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိသွားတယ်။

ဓားကွက်ကို ထုတ်ဖော်လိုက်တာနဲ့ ပြင်းထန်တဲ့ဓားပင်လယ်တစ်ခုက ငွေရောင်မျက်ခုံးလူကို ချက်ချင်းဝါးမျိုသွားတော့တယ်။

ဓားပင်လယ်ကွယ်ပျောက်သွားတာနဲ့ ငွေရောင်မျက်ခုံးလူရဲ့အသက်စွမ်းအားအရှိန်အဝါက သိသိသာသာအားနည်းသွားတယ်။

"သူ့ရဲ့ဓားပညာတိုက်ခိုက်ရေးစွမ်းအားက အနည်းဆုံးဆယ်ဆပိုတိုးလာတာလား" ငွေရောင်မျက်ခုံးလူက လေအေးကို ပင့်သက်ရှိုက်လိုက်မိတယ်။

လီဖူချန်းက ဒီဓားကွက်ကို မထုတ်ဖော်ခင် ခုနှစ်ရက်တာတိုက်ပွဲက သူ့အသက်စွမ်းအားတစ်ဝက်ကျော်ကို ကုန်ဆုံးသွားစေတယ်။ ဓားပညာတိုက်ခိုက်ရေးစွမ်းအားက ဆယ်ဆတိုးလာတာနဲ့ဆိုရင် သူ့စွမ်းအားလက်ကျန်အကုန်လုံးကုန်ဆုံးဖို့က တစ်နေ့တောင်လိုပါ့မလား။

"ငါ့ သူ့ချီတည်ရှိမှုကို သိမ်းထားပြီ။ အခုက ပြန်ဆုတ်ခွာဖို့အချိန်ပဲ" လက်ကို လှန်လိုက်ရာ ငွေရောင်မျက်ခုံးလူရဲ့လက်က ရေတစ်စက်နဲ့အတူ ထွက်ပေါ်လာတယ်။

ရေစက်က ကြီးမားလာပြီး ပူဖောင်းတစ်ခုအဖြစ်သို့ ပြောင်းသွားကာ ငွေရောင်မျက်ခုံးလူနဲ့အခြားဂိုဏ်းချုပ်သုံးယောက်ကို ဝန်းရံလိုက်တယ်။

လီဖူချန်းက ရေစက်ကို ခုတ်ပိုင်းလိုက်ရာ ရေအချို့သာ စင်ထွက်လာတယ်။

ဒီရေစက်က ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ သိသာပါတယ်။ အချိန်တိုအတွင်းမှာ လီဖူချန်းက ရေစက်ကို ချိုးဖြတ်နိုင်လိမ့်မှာ မဟုတ်ဘူး။

စွက်.......

ရေစက်က ဟင်းလင်းပြင်ကို ချိုးဖြတ်သွားပြီး စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားတော့တယ်။

"မိတ်ဆွေ၊ မင်း ပြပွဲကို ကြည့်နေတာ အတော်ကြာပြီပဲ။ အခု မင်းကိုယ်မင်း ပြသသင့်တယ်လို့ မထင်ဘူးလား" လီဖူချန်းက မလိုက်သွားပါဘူး၊ အဲအစား သူက ညာဘက်သို့ လှည့်ကာ ပြောလိုက်တယ်။

ဖြောင်း ဖြောင်း ဖြောင်း......

လက်ခုပ်သံကို ကြားရပြီး နွားမျက်နှာဖုံးနဲ့အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်မှ ထွက်လာတယ်။

"မင်းက ငါ့ကို တကယ် ရှာတွေ့နိုင်တာပဲ။ မင်းက သူ‌‌တော်စင်အရှင်တွေကြားမှာ ဒါကို လုပ်ဆောင်နိုင်တဲ့ ရှားရှားပါးပါးအနည်းငယ်ထဲကတစ်ယောက်ပဲ" နွားမျက်နှာဖုံးလူက ရယ်ကာ ပြောလိုက်တယ်။

"မင်းက ဘယ်သူလဲ၊ မင်း ဘာလိုချင်တာလဲ" လီဖူချန်းက မေးမြန်းလိုက်တယ်။

"ငါကချုံအော့(ox=အော့=နွားထီး)ပဲ၊ ငါ ဒီနေရာကို မတော်တဆဖြတ်သွားမိတာပါ။ ညီငယ်လေး၊ မင်းက အသက်နှစ်ထောင်တောင် မရှိသေးဘူးမလား"

အသက်နှစ်ထောင်အောက်မှာ အထွတ်အထိပ်သူတော်စင်အရှင်ကို ရောက်ရှိနိုင်သူက စကြာဝဠာတစ်ခုလုံးမှာတောင် သာန်ထက်ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ပါပဲ။

“So what if I am?”

"အဲ့ဒီ‌တော့ ဘာဖြစ်လဲ"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။ နက်ပြာဓားသူတော်စင်အရှင်က သူ့အသက်နဲ့ပတ်သက်ပြီး ပြောပြပြီးကတည်းက လီဖူချန်းက အချိန်အတော်အကြာလေ့လာခဲ့ပြီး နောက်ဆုံးမှာ‌တော့ သူ့အသက်စွမ်းအားအရှိန်အဝါကို ပြောင်းလဲနိုင်ဖို့လျှို့ဝှက်နည်းလမ်းတစ်ခုကို ဖန်တီးခဲ့တယ်။

တကယ်တော့ အသက်တစ်ရာအောက်ရှိတာက ထိတ်လန့်စရာဖြစ်လွန်းပြီး အဲဒါက ပြဿနာတွေကို ဖိတ်ခေါ်နိုင်မလားကို လီဖူချန်းက မသိပါဘူး။

လီဖူချန်း ဝန်ခံတာကို မြင်ပြီးနောက် ချုံအော့က ပြောလိုက်တယ်"ဘာမှမဟုတ်ပါဘူး၊ မင်းကို ကြမ္မာအခွင့်အလမ်းတစ်ခုပေးဖို့ပါပဲ။ ဒီလက်စွပ်က အာကာသ-အချိန်လက်စွပ်ဖြစ်ပြီး မင်း ဆိုးဝါးတဲ့အ‌ခြေအနေတစ်ခုကို ရင်ဆိုင်ရတဲ့အခါ မင်းက ဒီလက်စွပ်ကို အသက်သွင်းဖို့ ရွေးချယ်နိုင်တယ်"

ချုံအော့က ရောင်စုံပုံဆောင်ခဲတစ်ခုမြုပ်ထားတဲ့လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်တယ်။

"အာကာသ-အချိန်လက်စွပ်လား" လီဖူချန်းရဲ့မျက်လုံးတွေက တောက်ပသွားတော့တယ်။

အာကာသ-အချိန်လက်စွပ်က အလွန်တန်ဖိုးရှိပြီးရှားပါးတယ်။ အဓိကပါဝင်ပစ္စည်းက အာကာသ-အချိန်ပုံဆောင်ခဲဖြစ်ပြီး နေရာလပ်ပုံဆောင်ခဲထက် အဆများစွာ ပိုတန်ဖိုးရှိတယ်။ အဲဒါမှာ စကြာဝဠာရဲအာကာသ-အချိန်စွမ်းအား ပါဝင်တယ်။

နေရာလပ်ပုံဆောင်ခဲက နေရာလပ်ဇုန်တွေကို ဖြန်ကျော်ဖို့ သင့်ကို ခွင့်ပြုတယ်ဆိုရင် အာကာသ-အချိန်ပုံဆောင်ခဲက အာကာသ-အချိန်ကို ဖြတ်ကျော်ဖို့ သင့်ကို ခွင့်ပြုတယ်။

မြန်နှုန်းဒါမှမဟုတ်စွမ်းဆောင်ရည်အရဖြစ်စေ၊ နေရာလပ်ပုံဆောင်ခဲက အာကာသ-အချိန်ပုံဆောင်ခဲထက် အလွန်နိမ့်ကျတယ်။

"ကံကြမ္မာအခွင့်အလမ်းက အတိအကျဘာလဲ။ မင်းက အဲဒါကို ပိုရှင်းရှင်းလင်းလင်းပြောပါ"

ချုံအော့က ဘာစဉ်းစားနေတာကို လီဖူချန်းက မသိဘူး၊ ချုံအော့က အရူးတစ်ယောက်မဟုတ်ဘူးဆိုရင် သူ့ကို အာကာသ-အချိန်လက်စွပ်ပေးရလောက်တဲ့အထိ ငြီးငွေ့နေမယ်လို့တော့ သူက မယုံကြည်ပါဘူး။

"အချိန်ကျရင် မင်း နားလည်ပါလိမ့်မယ်"

နွားမျက်နှာဖုံးလူက အရိပ်အ‌ယောင်တစ်ခုတောင်မကျန်ဘဲ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့တယ်။ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ဆိုရင်တောင် ချုံအော့ဘယ်လိုထွက်ခွာသွားသလဲကို မသိရှိနိုင်ခဲ့ဘူး။

***

All Chapters