နွမ်းခြောက်ပိန်ချုံးနေသော စစ်သည်အိုတစ်ဦး
Vol. 44 Ch. 600
မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက အပ်ချည်လုံးအသွင်သာ ရှိနေဆဲဖြစ်သည်။ အဘွားစစ်က ချင်မူ့ဆီ ပြန်ပေးသော်လည်း ချင်မူ ခေါင်းယမ်းလိုက်သည်။ “ဘွားဘွားပဲ ယူထားလိုက်ပါ... လော့ဖူကောင်းကင်ဘုံမှာ အန္တရာယ်တွေအများကြီး ရှိတယ်... ကျမ်းစာက ကျွန်တော့်အတွက်လည်း အသုံးမတည့်ဘူး”
အဘွားစစ်က ဝါးခြင်းလေးတစ်ခြင်း ထုတ်လိုက်သည်။ ခြင်းသည် ထိပ်တွင် ဝိုင်းပြီး ဖင်က လေးထောင့်ပြားပြား ရှိ၏။ အဝတ်စများ၊ ကပ်ကြေးများ၊ အပ်များစသဖြင့် တွေ့ရရာ သူမ၏ဝိညာဉ်လက်နက်များ ဖြစ်လောက်လေသည်။
သူတို့နှစ်ယောက် ကောင်းကင်ယံတွင် လည်ဝိုက်နေသော သွေးမြစ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ သွေးမြစ်က ပုဆိန်နှင့် နတ်ဘုရားကို အလယ်တွင် ပိတ်လှောင်ထား၏။ ဤသွေးယဇ်ပူဇော်မှု၏ ရည်ရွယ်ချက်က နတ်ဘုရားတစ်ပါး ဆင့်ခေါ်ရန် ဟုတ်ပုံမရပေ။
သွေးမြစ်သည် နတ်ဘုရားများကို ဆင့်ခေါ်ပေးမည့် သွေးအလင်းတိုင်လုံးအသွင် ပြောင်းမသွား။ သွေးခဲများက ဖြည်းဖြည်းချင်း ခွဲထွက်သွားပြီး မတူကွဲပြားသော သင်္ကေတအမှတ်အသားများအဖြစ် ဖွဲ့တည်နေသည်။ ထိုအမှတ်အသားများက အလွန်ဆန်းကြယ်ပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ယဇ်ပူဇော်နည်း ဖြစ်ဟန်တူ၏။
ယဇ်အစီအရင်များသည် မိစ္ဆာနတ်ဆိုးတို့မှ အစပြုခြင်း မဟုတ်ပါ၏လော။ ချင်မူ ယခင်တုန်းက နည်းလမ်းတချို့ လေ့လာခဲ့ဖူးသည်။ တစ္ဆေကူးပြောင်းနတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်ကလည်း တုထျန်းမိစ္ဆာဘုရင်ဆီမှ အစပြုခဲ့သော ယဇ်ပူဇော်နည်းတစ်နည်း ဖြစ်သည်။ တုထျန်းမိစ္ဆာဘုရင်က တစ်စုံတစ်ယောက် သူ့ကို ဆင့်ခေါ်လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ကျူးကျော်နိုင်ရန် ထိုယဇ်ပူဇော်နည်းကို ချန်ရစ်ခဲ့ခြင်းဖြစ်၏။ ချင်မူ့ကို တွေ့ပြီးနောက်တွင်တော့ ထိုအတွေးကို အလျင်အမြန် စွန့်လွှတ်သွားခဲ့သည်။
ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင်လည်း ကောင်းကင်ဘုံများစွာ ရှိသည်။ တုထျန်းကောင်းကင်ဘုံနှင့် လောင်ဖူကောင်းကင်ဘုံက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ကောင်းကင်ဘုံများဖြစ်ပြီး ကမ္ဘာနှစ်ခုလုံး ပျက်စီးနေသဖြင့် သူတို့ပြည်သူပြည်သားများ အသက်ရှင်နိုင်ရန် နည်းလမ်းများ ရှာဖွေနေကြသည်။
အမှန်တွင် ယဇ်ပူဇော်နည်းအားလုံးနီးပါး ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ မြစ်ဖျားခံသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်သည် ယဇ်ပူဇော်နည်းများစွာ ဖန်တီးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် အလွန်ကွဲပြားသော ကိုယ်ပိုင်နိုင်ငံများကို ထူထောင်ခဲ့၏။
လူသားမျိုးနွယ်ကလည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ယဇ်ပူဇော်နည်းများကို လေ့လာသင်ယူခဲ့သည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲရှိ ယဇ်ပူဇော်နည်းများကလည်း ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မိစ္ဆာလမ်းစဉ် ကျင့်စဉ်များ ဖြစ်သည်။
လူသားမျိုးနွယ်သည် ယဇ်ပူဇော်နည်းများကိုတင်မက၊ မိစ္ဆာသိုင်းကွက်များကိုလည်း သင်ယူခဲ့၏။ ဥပမာ လိုလန်ရွှေနန်းတော်၏ မှော်ဆရာအစီအရင်များက မှော်ဆရာနတ်ဘုရားခွေ့ဆီမှ ဖြစ်ချေသည်။ မှော်ဆရာနတ်ဘုရားခွေ့က ကောင်းကင်နတ်ဘုံမှ ယိုတုဆီသို့ ပို့လွှတ်ခဲ့သော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်သည်။
“တစ်ခုခုတော့ မူမမှန်ဘူး”
အဘွားစစ် ယဇ်ပလ္လင်ကို ဝိုက်လျက် လည်နေသော သွေးမြစ်ကို ကြည့်လိုက်သည့်အခါ သွေးရောင်သင်္ကေတအမှတ်အသားများစွာ ပေါ်လာကြောင်း တွေ့မြင်လိုက်ရ၏။ သွေးမြစ်၏အလယ်ရှိ နတ်ဘုရားမှာ ချောင်ပိတ်မိနေသည်။ သူက အစီအရင်စာသားများကို အဆက်မပြတ် ဖြိုခွဲနေသော်လည်း ဖြိုခွဲမရပေ။
ယဇ်ပလ္လင်၏အပြင်သို့ ပြေးထွက်ကြည့်သော်လည်း ပြေးထွက်မရ။
ယဇ်အစီအရင် ရွတ်ဖတ်နေခဲ့သော မိစ္ဆာနတ်ဘုရားက သိပ်အစွမ်းမထက်၍သာ အဘွားစစ်၏ အလစ်တိုက်ကွက်အောက်တွင် သေဆုံးသွားခြင်းဖြစ်သည်။ သူ၏အစွမ်းအစများက ပုဆိန်နှင့် နတ်ဘုရားအောက် နိမ့်ကျသင့်ပါသော်လည်း သူ၏ယဇ်ပူဇော်နည်းမှာတော့ အားကောင်းပြင်းထန်ချေသည်။
အဘွားစစ်၏ လက်ထဲတွင် သေဆုံးခဲ့ရသည့်တိုင် သွေးယဇ်ပူဇော်ခြင်းအစီအရင်က ပုဆိန်နှင့် နတ်ဘုရားကို အလယ်၌ ပိတ်ထားနိုင်သေး၏။
“သူက ဒီပုဆိန်နဲ့ နတ်ဘုရားကိုပါ ယဇ်ပူဇော်ဖို့ ကြံစည်နေခဲ့တာပဲ”
အဘွားစစ် တုန်လှုပ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ပုဆိန်နဲ့ နတ်ဘုရားကို ယဇ်ကောင်အဖြစ် အသုံးချပြီး ဒီသွေးမြစ်နဲ့အတူ စတေးရင်း ရှေးဟောင်းဖြစ်တည်မှုတစ်ခုကို ဆင့်ခေါ်နေတာပဲ ဖြစ်မယ်”
ချင်မူမှာ ယဇ်ပူဇော်ခြင်းအကြောင်း များများစားစား မလေ့လာဖူး၍ အဘွားစစ်လောက် နှံ့နှံ့စပ်စပ် မသိပေ။ သို့တိုင်အောင် ပုဆိန်နှင့်နတ်ဘုရား၏အခြေအနေ မကောင်းမှန်း မြင်နေရသည်။
ဤနတ်ဘုရားက ချပ်ဝတ်, ဝတ်ထားသော်လည်း သွေးစက်များ ဖြည်းဖြည်းချင်း စိမ့်ထွက်နေပြီဖြစ်သည်။ သွေးစက်များသည် လေပေါ် မြောက်တက်သွားပြီး သွေးမြစ်နှင့် ရောနှောသွား၏။
ထို့အပြင် နတ်ဘုရား၏လက်ထဲရှိ ပုဆိန်နှင့် ချပ်ဝတ်၏ စွမ်းအင်များလည်း လျော့နည်းစပြုလာချေပြီ။
မိစ္ဆာနတ်ဘုရား၏ ယဇ်ပူဇော်နည်းက အတိုင်းထက်အလွန် အားကောင်းလွန်း၏။
ပုဆိန်ကိုင်စွဲထားသော နတ်ဘုရားမှာ တဖြည်းဖြည်း အားနည်းလာပြီး ပိန်ချုံးလာ၏။ ချီနှင့်သွေးများစွာ ဆုံးရှုံးလိုက်ရလေလေ၊ ဤယဇ်ပူဇော်ခြင်းအစီအရင်အား ခုခံရန် ခက်လာလေလေ ဖြစ်နေသည်။
“ဘွားဘွား စောစောက သတ်လိုက်တဲ့ မိစ္ဆာနတ်ဘုရားက ယဇ်အစီအရင်ပညာမှာ ထိပ်တန်းဆရာသခင်တစ်ယောက် ဖြစ်လိမ့်မယ်.... ဘွားဘွားက အင်မတန် အရေးပါတဲ့ မိစ္ဆာနတ်ဘုရားကို သတ်နိုင်ခဲ့တာပဲ” ချင်မူ ပုဆိန်နှင့်နတ်ဘုရားဆီသို့ ကြည့်လိုက်သည်။
အဘွားစစ်မှာ စိတ်မကောင်းဖြစ်နေ၏။ “ဒါပေမဲ့ ပလ္လင်ပေါ်က နတ်ဘုရားကို ဘွားဘွား မကယ်နိုင်ခဲ့ဘူး... ယဇ်ပလ္လင်ဆီ ပြေးဝင်လိုက်ရင်လည်း သေရလိမ့်မယ်.... ယဇ်အစီအရင်ကို မတားနိုင်သလို၊ ဒီရှေးဟောင်းဖြစ်တည်မှု ဆင်းသက်လာမှာကိုလည်း မတားနိုင်တော့ဘူး”
ယဇ်ပလ္လင်အထက်တွင် ပုဆိန်နှင့်နတ်ဘုရားက ဘယ်နှင့်ညာကို ပြေးတိုက်ရင်း ရုန်းထွက်ရန် ကြိုးစားနေသော်လည်း အားအင်သာ ကုန်ခမ်းသွားသည်။ နောက်ဆုံးတော့ သူက ပြန်မတိုက်ခိုက်တော့ဘဲ ယဇ်ပလ္လင်ထက်၌ ရပ်လျက် ကောင်းကင်အား မော့ကြည့်လိုက်၏။
သူ၏ဘဝကား ဤမျှဖြင့် အဆုံးသတ်ပေတော့မည်။ ယဇ်ပူဇော်ခံသတ္တဝါအဖြစ် ပြိုကွဲသွားပြီး တစ်ဖက်ရှိ ဖြစ်တည်မှုအတွက် မြေဩဇာဖြစ်ရတော့မည်။
“ဟိုးအရင်ကတည်းက သေသွားခဲ့ရင် ကောင်းသား...”
ပုဆိန်နှင့်နတ်ဘုရား၏ ပင်ပန်းနေသောအသံ ပျံ့လွင့်လာသည်။ သူက ယဇ်ပလ္လင်၏ထိပ်တွင် ရပ်လျက် ကျယ်လောင်စွာ ပြောလိုက်၏။ “အရင်ကတည်းက သေခဲ့ရမှာ ...လွန်ခဲ့တဲ့ နှစ်နှစ်သောင်းကတည်းက ကပ်ဆိုးကြီးထဲမှာပဲ သေခဲ့ရမှာ... ငါ့သွေးသောက်ရဲဘော်တွေနဲ့အတူ စစ်မြေပြင်မှာပဲ သေခဲ့ရမှာ... ကျောက်ရုပ်တုအဖြစ် ပြောင်းပြီး မဟာမြို့ပျက်မှာ မနေခဲ့သင့်ဘူး.... သောက်မျှော်လင့်ချက်၊ လီးအနာဂတ်ကို ကာကွယ်ဖို့ သေမင်းတံခါးဝမှာ ရုန်းကန်မနေခဲ့သင့်ဘူး...”
ချင်မူနှင့် အဘွားစစ် မှင်သက်သွားကြသည်။ သူတို့က ယဇ်ပလ္လင်အပေါ်ရှိ နတ်ဘုရားကို ကြည့်ရင်း ကယ်ပေးချင်ပါသော်လည်း မည်သို့မျှ မတတ်နိုင်ပေ။
နတ်ဘုရားက ဒူးတစ်ဖက်ထောက်လျက် ထိုင်ချလိုက်သည်။ သူက ပုဆိန်ကို ကိုင်စွဲလျက် သွေးအစီအရင်ကို ခုခံနေ၏။ သူ့အသံက တင်းမာခက်ထန်လာသည်။ “မျှော်လင့်ချက်၊ အနာဂတ်၊ ရွှင်ပျော်ပျော်ကျေးရွာ... ငါတို့ တိတ်ဆိတ်နေခဲ့ရတာ ကြာပြီ ခိုင်ဧကရာဇ်... တိတ်ဆိတ်လွန်းလို့ တိုက်ခိုက်လိုစိတ်တွေတောင် ကုန်ခမ်းကုန်ကြပြီ... တိတ်ဆိတ်လွန်းလို့ ကျောက်ရုပ်တုတွေတောင် အေးခဲကုန်ကြပြီ... တိတ်ဆိတ်လွန်းလို့ ငါတို့ ကာကွယ်ပေးခဲ့တဲ့ လူတွေလည်း သေကုန်ကြပြီ.... ငါ ရင်းနှီးတဲ့မျက်နှာတွေကို မမြင်ရတော့ဘူး... တိတ်ဆိတ်လွန်းလို့ တောင်တန်းတွေတောင် ပြောင်းလဲကုန်ပြီကွ... မင်းကရော...”
သူ့အသံက နားကွဲလုအောင် ကျယ်လောင်လာသည်။ “ခိုင်ဧကရာဇ်၊ မင်းကရော... မင်း ဘယ်ရောက်နေလဲ”
“မင်းနှလုံးသားထဲက ကမ္ဘာဆိုတာ မင်း သွားပုန်းနေတဲ့ ရွှင်ပျော်ပျော်ကျေးရွာလား”
“မင်းရဲ့လက်အောက်ငယ်သားတွေ... မင်း,နောက် လိုက်ခဲ့ကြတဲ့ စစ်သည်အိုကြီးတွေ တစ်ယောက်ပြီးတစ်ယောက် အရိုးဆွေး သေကုန်ကြတာ မင်း ကြည့်ရက်တယ်လား”
“တောင်တန်းတွေ၊ မြစ်ပြင်တွေ ပြောင်းလဲကုန်ပြီး မင်း ကာကွယ်ပေးခဲ့တဲ့ လူတွေ အသက်ကြီးလို့ သေကုန်ကြတာ မင်း ကြည့်ရက်တယ်လား”
“မင်း ဘာလို့ ပေါ်မလာခဲ့တာလဲ”
“နှစ်နှစ်သောင်းတောင် ကြာပြီကွ... မင်းက အခုထိ ထွက်မလာသေးဘူးလား.. ယုံကြည်ချက်တွေ ပြန်မတည်ဆောက်ရသေးဘူးလား.. ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်မလာရဲသေးဘူးလား... အဲဒီကောင်းကင်နတ်ဘုံကို ပြန်တိုက်ခိုက်ဖို့ ငါတို့ မင်းကို စောင့်နေခဲ့တယ် ... မင်းဆင့်ခေါ်မှာကို မျှော်လင့်နေခဲ့တယ်.. မင်းက ဘယ်ရောက်နေတာလဲ”
***
ချင်မူနှင့် အဘွားစစ်မှာ ကောင်းကင်နှင့်မြေပြင်တစ်ခွင် ပျံ့လွင့်နေသော သူ့အသံကို နားထောင်နေကြသည်။ လော့ဖူကောင်းကင်ဘုံတွင် သူ၏မေးခွန်းများအား ဖြေကြားမည့်သူ မရှိပေ။
“ယန့်လင် ၊ ငါနဲ့အတူ ပြိုကွဲကြရအောင်”
ယဇ်ပလ္လင်၏ထိပ်တွင် နတ်ဘုရားသည် ဝိညာဉ်လက်နက်ကို ခဲရာခဲဆစ် ထုတ်လိုက်၏။ မနှိုင်းသာအောင် အားကောင်းသော အလင်းရောင်က ယဇ်ပလ္လင်ထက်မှ ဖြာထွက်လာသည်။ အလင်းရောင်မှာ မျက်လုံးပင် မဖွင့်နိုင်အောင် စူးရှလင်းထိန်လွန်းသည်။
“ခိုင်ဧကရာဇ်မရှိလဲ ဆက်လက် ကာကွယ်ပေးမယ်”
“ကောင်းကင်ဧကရာဇ်ကြယ်၊ ယောင်ကောင်းကြယ်တပ်ဖွဲ့မှ ခိုင်ဧကရာဇ်၏ အမှုထမ်းဟောင်း ငါ စစ်သည်တော်လော့ယွီ ဒီခန္ဓာကိုယ်နဲ့ ငါတို့ပြည်သူတွေကို ကာကွယ်ပြီး မင်း ဆင်းသက်မလာနိုင်အောင် တားမယ်”
“လက်နက် ပြိုကွဲစမ်း”
“ဝိညာဉ် ပြိုကွဲစမ်း”
ကမ္ဘာမြေတုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီးနှင့်အတူ အလင်းတန်းများ ဖြာထွက်လာသည်။ ကြောက်မက်ဖွယ်ရာအားလှိုင်းများက ယဇ်ပလ္လင်ဆီမှ လိမ့်ထွက်လာသဖြင့် အဘွားစစ်မှာ မဟာကြယ်ခြုံလွှမ်းလက်ဝါးဖြင့် သူမနှင့် ချင်မူ့အား ကာကွယ်လိုက်ရသည်။ အဆုံးမဲ့လှိုင်းဂယက်များက သူတို့ကို လွှမ်းခြုံသွား၏။
ပြင်းထန်အားကောင်းသော အားလှိုင်းစက်ကွင်းများက မဟာကြယ်ခြုံလွှမ်းလက်ဝါးကို တွန်းတိုက်သွားကြပြီး မြေပြင်မှာ စိစိညက်ညက် ကြေသွားသည်။ လှိုင်းစက်ကွင်းများ ဖြာထွက်လာသည့်အချိန်တွင် ကောင်းကင်ထက်ရှိ ဂြိုဟ်ပဲ့ကြီးတစ်လုံး ရွေ့သွားသဖြင့် ရေလှိုင်းများ မြောက်တက်လာသည်။ သို့သော် ရေလှိုင်းများမှာလည်း အားလှိုင်းများကြောင့် လေလယ်တွင် ရပ်တန့်သွားပြီး နောက်သို့တွန်းထုတ်ခံလိုက်ရသည်။
ပေါက်ကွဲမှုက သိပ်မကြာပေ။ ယဇ်ပလ္လင်၏ပတ်ဝန်းကျင်သည် အချိန်တိုအတွင်း ငြိမ်သက်သွား၏။ ယဇ်ပလ္လင်ကို ဝိုက်လည်နေခဲ့သော သွေးမြစ်လည်း မရှိတော့သလို နတ်ဘုရားနှင့် ပုဆိန်ကြီးလည်း ပျောက်ကွယ်သွားချေပြီ။ ယဇ်ပလ္လင်မှာ ပျက်စီးပြိုကျနေပြီး သွေးများဖုံးလွှမ်းနေ၏။
နတ်ဘုရားသည် ဝိညာဉ်နှင့် မူလဝိညာဉ်ကို ဖြိုခွဲကာ ယဇ်ပူဇော်ခြင်းအစီအရင်ကို ဟန့်တားခဲ့ခြင်းဖြစ်သည့်အတွက် ရှေးဟောင်းဖြစ်တည်မှုအနေဖြင့် ဆင်းသက်မလာနိုင်တော့ပေ။
ချင်မူမှာ ရဲရဲနီနေသော ယဇ်ပလ္လင်ကို ငေးကြည့်နေပြီး ကျောက်ရုပ်သဖွယ် ရပ်နေသည်။ အဘွားစစ် သူ့ကို လောဆော်လိုက်၏။ “မူအာ သွားစို့... သူက လွတ်မြောက်ဖို့ ရွေးချယ်သွားတာပဲ .. အဲဒါ သူ့အတွက် ကောင်းပါတယ်... ဘာပြောပြော ကတိတည်နိုင်ခဲ့တာပဲ မဟုတ်လား... နောက်ပလ္လင်တစ်ခုဆီ သွားကြစို့... ဒီတစ်ခေါက်တော့ တန်ခိုးရှင်သစ်ခုတ်သမားနဲ့ တွေ့ဖို့ မျှော်လင့်တယ်”
ချင်မူက သူမနောက် လိုက်လာသော်လည်း စကားမပြောပေ။ အဘွားစစ်မှာ သူ၏ယခုပုံစံနှင့် မရင်းနှီးသောကြောင့် လှည့်လာပြီး ပြုံးလျက် မေးလိုက်မိသည်။ “မူအာ၊ ဘာတွေ တွေးနေတာလဲ.... မင်းက ဒီလိုမဟုတ်ပါဘူး”
“ကျွန်တော် တွေးနေတာ... ကျွန်တော့်အဘိုး ခိုင်ဧကရာဇ်က ကျွန်တော် ထင်ထားသလို ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ သူရဲကောင်းမဟုတ်ဘူးလားလို့”
ချင်မူမှာ ငေးငေးငိုင်ငိုင်ဖြင့် ပြောနေသည်။ “ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာကမှန်း သိလိုက်ရတဲ့နောက်ပိုင်း၊ ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်လို့ သိလိုက်ရတဲ့နောက်ပိုင်း... ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခု အမြဲရှိခဲ့တယ်... ခိုင်ဧကရာဇ်လို ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ... အဲဒီလိုပဲ တွေးနေခဲ့မိတာ.... သူက အတွေးအခေါ်မြင့်မားပြီး မရေမတွက်နိုင်တဲ့သူရဲကောင်းတွေ သူ့နောက် လိုက်ခဲ့ကြတယ်....သေချာပေါက် အထင်ကြီးလေးစားစရာကောင်းတဲ့လူပါ... ဒါပေမဲ့... ”
သူက ခေါင်းယမ်းကာ တိတ်ဆိတ်သွားသည်။ “သူက အဲဒီလိုလူမျိုး မဟုတ်ဘူးထင်တယ်... သေရမှာကြောက်တဲ့ အဘိုးကြီးတစ်ယောက်ပဲ ဖြစ်လောက်တယ်... သတ္တိလည်း မရှိလောက်ဘူး... အတွေးအခေါ်လည်း မမြင့်မားလောက်ဘူး... ရွှင်ပျော်ပျော်ကျေးရွာမှာပဲ ပုန်းရင်း စိတ်ကူးယဉ်နေလောက်တယ်... သူ့နောက်လိုက်ခဲ့တဲ့ သူရဲကောင်းတွေတော့ သူ့ကို စိတ်ပျက်နေလောက်ပါတယ်...”
အဘွားစစ် မျက်တောင်ပုတ်ခတ်ကာ တဟားဟား ရယ်လိုက်မိ၏။ “မူအာ၊ မင်းက ကလေးပဲ ရှိပါသေးတယ်... ဘာလို့ ဒီလောက်အများကြီး တွေးနေတာလဲ... ဘွားဘွား မင်းအရွယ်တုန်းကဆို ... လီထျန်းရှင်က ဘွားဘွားကို လာကြိုက်တော့ သူ့ကို ဘယ်လိုသတ်ရမလဲပဲ တွေးနေခဲ့တာ.... ရွာလူကြီးဆို မင်းအရွယ်တုန်းကဆို ရွှံ့ထဲမှာ ကစားနေတုန်းပဲ”
ချင်မူမှာ ပြုံးလိုက်မိသည်။ “ရွာလူကြီးက ဆရာတစ်ယောက်နဲ့ တွေ့ပြီး လူသားဧကရာဇ်အဖြစ် ပျိုးထောင်ခံနေရလောက်ပါပြီ... သူက ဘယ်လိုလုပ် ရွှံ့ထဲ ဆော့နေနိုင်မှာလဲ.... ဘွားဘွားကတော့ နောက်ပြန်ပြီ”
အဘွားစစ်က သူ ပြုံးနေသည်ကို မြင်လျှင် ပြုံးလိုက်သည်။ “မင်းက ဘွားဘွားကိုယ်တိုင် ထိန်းခဲ့တဲ့ ကလေးပါ... မင်း အိပ်ရာပေါ် သေးပေါက်တုန်းကတော့ ဘွားဘွား စိတ်ဆိုးပြီး သွားပစ်တတ်ပေမယ့်... မင်း အရွယ်ရောက်လာရင် ဘွားဘွားကို ထားခဲ့ပြီး ရွာက ထွက်သွားမှာကို အမြဲစိုးရိမ်နေခဲ့မိတယ်... မင်း ရွာက ထွက်သွားတော့လည်း နေမှကောင်းရဲ့လား... အဆင်မှပြေရဲ့လား... သူများအနိုင်ကျင့်တာ ခံနေရမလား အမြဲတွေးနေခဲ့မိတယ်... ဒါက မိဘတစ်ယောက်ရဲ့ စိုးရိမ်စိတ် ထင်ပါရဲ့... ဘွားဘွား မင်းကို အရွယ်မရောက်စေချင်ဘူး... ဝန်ထုပ်ဝန်ပိုးတွေ မထမ်းစေချင်ဘူး... ပျော်ပျော်လေးပဲ နေစေချင်တယ်... ဒါမဲ့ ဟိုသောက်အဘိုးကြီး ရွာလူကြီးကြောင့် မင်း လူသားဧကရာဇ် လုပ်ခဲ့ရတယ်လေ... ပြန်ရောက်လို့ကတော့ သူ့ကျောက်ရုပ်တုမှာ ခွေးချီး သွားသုတ်ဦးမယ်”
ဒုတိယပလ္လင်၏ပတ်ဝန်းကျင်သို့ ရောက်သည့်အခါ မိစ္ဆာနတ်ဘုရားတစ်ယောက်က ပလ္လင်အား တိုက်ခိုက်နေသည်ကို သူတို့ လှမ်းမြင်နေရသည်။
နတ်ဘုရားနှစ်ပါး အကြိတ်အနယ် တိုက်ခိုက်နေကြပြီး မြင်ကွင်းမှာ အလွန်ရင်သပ်ရှုမောဖွယ်ကောင်း၏။
“ဖုရွေ့လော်က တန်ခိုးရှင်သစ်ခုတ်သမား ဘာကိုမှ ဂရုမစိုက်ဘဲ လော့ဖူကောင်းကင်ဘုံကို စတေးလိုက်မှာ မကြောက်တာလား” ချင်မူ ခေါင်းယမ်းမိလိုက်သည်။
အဘွားစစ်က သူ၏ခြင်းတောင်းလေးကို ချပြီး ခြင်းထဲမှ ကပ်ကြေးတစ်လက် ထုတ်လိုက်သည်။ ထို့နောက် အဝတ်စများ ယူ၍ လက်ချောင်းများကို နိမ့်ချည်မြင့်ချည် လှုပ်ရှားကာ အင်္ကျီတစ်ထည် ချုပ်လိုက်၏။ သူမက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဖုရွေ့လော်က အပေးအယူအတွက် ပြင်နေတာပဲ... သူ ပလ္လင်များများ သိမ်းနိုင်လေလေ၊ အပေးအယူလုပ်တဲ့အခါ အသာစီးမှုရလေလေ မဟုတ်လား... ပျံတက်လိုက်...”
သူမ ယခုလေးတင် ချုပ်လိုက်သည့် အပေါက်အပြဲများဖြင့် အင်္ကျီက ပျံတက်လာပြီး တိုက်ပွဲကွင်းပြင်ဆီသို့ ထွက်သွားသည်။ ထိုအင်္ကျီသည် မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်အား အလိုအလျောက် စွပ်သွားချေပြီ။
၎
င
၎
၎