← Chapters

သမန်းဝံပုလွေလီဖူချန်း

Vol. 64 Ch. 881

သမန်းဝံပုလွေလီဖူချန်း

Vol. 64 Ch. 881

"သူတော်ရှင်အရှင်လား ဒါမှမဟုတ်ကောင်းကင်ဘုံအရှင်လား"

နွားမျက်နှာဖုံးက အလွန်အားကောင်းတာကို သိတယ်၊ ဒါပေမယ့် အတိအကျ‌ဘယ်လောက် တောင်အားကောင်းလဲ။

အာကာသ-အချိန်လက်စွပ်ကို လေ့လာပြီးနောက် လီဖူချန်းက တစ်ခဏ အတွေးနစ်မျောသွားတယ်။

အာကာသ-အချိန်လက်စွပ်က လှပလွန်းတယ်။ အရောင်စုံတဲ့ပုံဆောင်ခဲကို ကြည့်ရတာ အဲဒါမှာ အမြဲပြောင်းလဲနေတဲ့ကမ္ဘာတစ်ခုပါရှိသလိုပါပဲ။

ဟူး.......

အသက်ကို ရှုထုတ်ပြီးနောက် လီဖူချန်းက ခေါင်းမော့ကာ တိတ်တဆိတ်တွေးလိုက်တယ်"သူဘယ်ကလာလာ၊ သူ့မှာဘာရည်ရွယ်ချက်ပဲရှိရှိ ကိစ္စမရှိပါဘူး။ ငါ ဆက်လက်သန်မာနေသရွေ့ အရာအားလုံးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရှိလိမ့်မယ်"

အခု လီဖူချန်းမှာ ရွှေရောင်အဆောင်မရှိရင်တောင် သူက စကြာဝဠာအနှံ့သွားလာဖို့ ယုံကြည်ချက်ရှိတယ်။

တကယ်တော့ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက ခရမ်းနီရောင်ရှိပြီး သာမှန်သူတော်စင်တစ်‌ယောက်ရဲ့စိတ်ဝိညာဉ်က အစိမ်းရောင်သာ ရှိတယ်။ အဲဒါက သူ့ထက် နှစ်ဆင့်နိမ့်ကျတယ်။

အာကာသ-အချိန်လက်စွပ်ကို သိမ်းပြီးနောက် လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ထွက်ခွာခဲ့တယ်။

…

လီဖူချန်းက မိုးကုတ်စက်ဝိုင်းတစ်ခုတောင်မရှိတဲ့ဥက္ကာခဲဇုန်ကို ဖြတ်သန်းကာ ခရီးနှင်နေတယ်။

"နေလက်က လုံးဝပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပြီ။ အခုဆိုရင် ငါက ငါ့ရဲ့စွမ်းအင်အားလုံးကို ငါ့ရဲ့ဓားတာအိုကို ကျင့်ကြံဖို့အတွက် အသုံးပြုနိုင်ပြီ"

လီဖူချန်းက သူ့ရဲ့ဓားတာအိုကို ကျင့်ကြံနေတာကြောင့် သူက တစ်ခုခု ကင်းမဲ့နေသလို ခံစားချက်တစ်ခုရှိနေတယ်။

အစက‌တော့ ဘာကင်းမဲ့နေသလဲကို  သူက မသိခဲ့ဘူး။ ဒါပေမယ့် အခု သူက အသက်စင်ကြယ်ခြင်း(အသက်အလိုက်အတွေ့အကြုံတွေ၊ ဗဟုသုတတွေ......)ကင်းမဲ့နေတာကို တဖြည်းဖြည်းနားလည်ခဲ့တယ်။

အခြားသူတော်စင်အရှင်တွေက အသက်သောင်းအနည်းငယ်အတွင်းမှာရှိတယ် ဒါမှမဟုတ် သိန်းအနည်းငယ်အတွင်းမှာရှိတယ်၊ ဒါပေမယ့် သူက အခုထိ အသက်တစ်ရာမရှိသေးပါဘူး။

သူ့ရဲ့ကောင်းကင်ဆန့်ကျင်ထိုးထွင်းသိမြင်မှုက အသက်အလိုက်ဗဟုသုတကင်းမဲ့မှုကို အစားထိုးနိုင်ပေမယ့် မသိပ်သည်းနိုင်တဲ့အချို့အရာတွေရှိတယ်။

ဘဝအတွေ့အကြုံတွေ၊ ဘဝနားလည်မှုတွေ၊ စကြာဝဠာရဲ့ဗဟုသုတတွေလိုအရာတွေပေါ့။

ဒီအရာတွေက အရေးမကြီးဘူးလို့ ထင်ရပေမယ့် သူတို့က သူ့ရဲ့ကြီးထွားမှုကို ကန့်သတ်နေတယ်။

"ကြည့်ရတာ ငါက စိတ်ဝိညာဉ်အသုံးပြုမှုကို လေ့လာရမယ်"

သူ့ရဲ့ဘဝအတွေ့အကြုံတွေ၊ ဘဝနားလည်မှုတွေ၊ စကြာဝဠာရဲ့ဗဟုသုတတွေကို အလျင်အမြန်တိုးလာစေဖို့ နည်းလမ်းတစ်ခုကို လီဖူချန်းက တွေးခဲ့တယ်။ ဒါပေမယ့် ဒီနည်းလမ်းက စိတ်ဝိညာဉ်ရဲ့အထောက်အပံ့ကို လိုအပ်တယ်။

"အမ်....."

အဝေးမှ လီဖူချန်းက ပျက်စီးယိုယွင်းနေတဲ့အလောင်းတစ်ခုကို မြင်ခဲ့တယ်။

အဲဒါက ကြွက်သားအပြည့်နဲ့လူပုံစံအလောင်းတစ်ခုဖြစ်ပေမယ့် ကျန်ရှိနေတဲ့ချီတည်ရှိမှုအရ အဲဒါက လူသားတစ်ယောက်မဟုတ်ဘဲ သမန်းဝံပုလွေတစ်ကောင်သာ ဖြစ်တယ်။

"ချီတည်ရှိမှုက လုံးဝပြန့်ကျဲလုနီးပါးဖြစ်ပေမယ့် ကျန်ရှိနေတဲ့ချီတည်ရှိမှုက အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့အဆင့်မှာ ရှိတယ်။ သူက အသက်ရှင်နေတုန်းမှာ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ဒါမှမဟုတ်သူတော်စင်အရှင်တစ်ယောက်‌တောင် ဖြစ်လောက်တယ်"

လီဖူချန်းရဲ့မျက်လုံးတွေက လက်သွားပြီး မသိသာတဲ့ခရမ်းနီရောင်အလင်းစက်တစ်ခုက သူ့ရဲ့နဖူးမှ ပျံထွက်လာတယ်။ ပြီးနောက် အဲဒါက သမန်းဝံပုလွေသူတော်စင်ရဲ့ဦးနှောက်ထဲကို ကျရောက်သွားတယ်။

မီးခိုးရောင်နဲ့အသက်မရှိတဲ့နေရာလပ်ဇုန်တစ်ခုအထဲမှာ ခရမ်းနီရောင်အလင်းစက်က လွင့်မျောနေတယ်။

"သေဆုံးပြီးနောက် ဝိညာဉ်က ပြန့်ကျဲသွားလိမ့်မယ်။ ပုံမှန်အနေအထားမှာ ချို့ယွင်းချက်မဲ့ပိုင်ဆိုင်ခြင်းကို အောင်မြင်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီကမ္ဘာမှာတော့ ဘာတစ်ခုမှ အကြွင်းမဲ့မသေချာဘူး။ ငါ အဲဒါကို တစ်ချက်ကြိုးစားရမယ်"

ဒါ ဟုတ်ပါတယ်၊ သူ့ရဲ့ဘဝအတွေ့အကြုံတွေ၊ ဘဝနားလည်မှုတွေ၊ စကြာဝဠာရဲ့ဗဟုသုတတွေကို အလျင်အမြန်တိုးလာစေဖို့ နည်းလမ်းကတော့ ပိုင်ဆိုင်ခြင်းကို အသုံးပြုရန်ဖြစ်တယ်။

အခြားတွေနဲ့ မတူဘဲ အစစ်အမှန်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခြင်းအတွက် အသုံးပြုရမယ်။ အစစ်အမှန်စိတ်ဝိညာဉ်က ခွဲထုတ်လို့မရနိုင်တဲ့အရာပါပဲ၊ ဒါကြောင့်၊ သူတို့က မသေရင် တစ်ယောက်မှ အခြားသူတွေကို ပိုင်ဆိုင်ဖို့ဆန္ဒရှိမှာ မဟုတ်ဘူး။

တစ်ချိန်တည်းမှာပဲ ပိုင်ဆိုင်ရမယ့်ပစ်မှတ်က သေဆုံးခြင်းမရှိရပါဘူး။ လူတစ်ယောက်က သေသွားတာနဲ့ စိတ်ဝိညာဉ်နဲ့အစစ်အမှန်စိတ်ဝိညာဉ်က ပျောက်ကွယ်သွားပါလိမ့်မယ်။ ပိုင်ဆိုင်ခြင်းအချိန်အတွင်း တစ်စုံတစ်ယောက်က လတ်လတ်ဆတ်ဆတ်အလောင်းကိုသာ ရရှိလိမ့်မယ်၊ ပြိီးတော့ သေဆုံးသူရဲ့အလားအလာစွမ်းရည်ကို ဖော်ထုတ်ဖို့က မဖြစ်နိုင်ပါဘူး။

ပိုင်ဆိုင်ခြင်းကို အကောင်အထည်ဖော်ဖို့အတွက် အစ်အမှန်စိတ်ဝိညာဉ်ကို အသုံးပြုဖို့က လီဖူချန်းအတွက် အစီအစဉ်မရှိပါဘူး။ တကယ်တော့ သူ့မှာ အစစ်အမှန်စိတ်ဝိညာဉ်တစ်ခုသာ ရှိတယ်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားအချို့ကို ခွဲထုတ်စေကာ သမန်းဝံပုလွေရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်စေပြီး အစစ်အမှန်စိတ်ဝိညာဉ်တစ်ခုကို ပြုလုပ်ဖို့ သူက စီစဉ်ထားတယ်။ ထိုနည်းလမ်းနဲ့ သူက နောက်ထပ်လူဝင်စားတစ်ခုကို ရရှိလိမ့်မယ်။

လူဝင်စားက သူ့ရဲ့စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်ပြီး လူဝင်စားတွေ့ကြုံခံစားတဲ့အရာအားလုံးကို လီဖူချန်းက တွေ့ကြုံခံစားရလိမ့်မယ်။

ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့လွင့်မျောကောင်းကင်တောင်မှာဆိုရင် လီဖူချန်းက စိတ်တန်ခိုးစွမ်းအားရုပ်တုတစ်ခုကို ချန်ထားခဲ့တယ်။ ထိုစိတ်တန်ခိုးစွမ်းအားရုပ်တုက  သတ္တုကျောက်တုံးတစ်ခုသာ ဖြစ်ပေမယ့် လီဖူချန်းက စိတ်တန်ခိုးစွမ်းအားရုပ်တုတွေ့ကြုံခံစားရတဲ့အရာတိုင်းကို ရှင်းရှင်းလင်းလင်းခံစားရနိုင်တယ်။

ဒါပေမယ့် စိတ်ဝိညာဉ်ခွဲထုတ်ခြင်းက အန္တရာယ်မျးတယ်။ သူ့ရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်ကြောင့်သာ လီဖူချန်းက ပြုလုပ်ရဲတာပါ။

"စိတ်ဝိညာဉ်က ပြန့်ကျဲသွားပြီ။ သာမန်အခြေအနေတွေမှာ ဒီအလောင်းနဲ့နက်ရှိုင်းတဲ့ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ဖို့က ခက်ခဲတယ်။ အခုအချိန်မှာ ဒီအလောင်းပြန်လည်လည်ရှင်သန်လာဖို့က ငါ့စိတ်ဝိညာဉ်အပေါ်မှာပဲ မူတည်နေလိမ့်မယ်"

မီးခိုးရောင်နေရာလပ်ဇုန်ထဲမှာ ခရမ်းနီရောင်အလင်းစက်က ပို၍တောက်ပလာတယ်။ အဲဒါက စိတ်ထဲမှာ သေခြင်းနေရာကို လုံးဝလင်းလက်စေတယ်။ တစ်ချိန်တည်းမှာပဲ ခရမ်းနီရောင်စက်ဝန်းတစ်ခုက နက်ရှိုင်းစွာ ထိုးဖောက်လာတယ်။

ကျီ ကျီ ကျီ ကျီ......

စိတ်ထဲမှာ လျှပ်စစ်စီးကြောင်းအရိပ်အယောင်တွေ ဖြစ်တည်လာတယ်။ ဒါတွေက အတွေးစီးကြောင်းတွေဖြစ်တယ်။ အဲဒါက အသက်လက္ခဏာတစ်ခုလည်း ဖြစ်တယ်။

ကျီ ကျီ ကျီ ကျီ ကျီ ကျီ ကျီ......

အတွေးစီးကြောင်းတွေက ပိုပိုသန်မာလာပြီး မရင်းနှီးတဲ့မှတ်ဉာဏ်အပိုင်းအစတွေက ခရမ်းနီရောင်အလင်းစက်ထဲကို စတင်တိုးဝင်လာတယ်။

"ဒါတွေက ဒီသမန်းဝံပုလွေသူတော်စင် ပိုင်ဆိုင်တဲ့မှတ်ဉာဏ်တွေလား" လီဖူချန်းက မယုံကြည်နိုင်ဘူးဖြစ်နေတယ်။

သေပြီးတာနဲ့ မှတ်ဉာဏ်တွေက လုံးဝမပျောက်ကွယ်နိုင်ပါဘူး၊ အထူးသဖြင့် သူတော်စင်အရှင်တစ်ယောက်ရဲ့မှတ်ဉာဏ်ပေါ့။

လီဖူချန်းရဲ့စိတ်ဝိညာဉ်က အားကောင်းလွန်းတယ်။ သူ့စိတ်ဝိညာဉ်စွမ်းအားရဲ့အပိုင်းအစတစ်ခုမျှသာဆိုရင်တောင် အဲဒါက ဘယ်သူတော်စင်ထက်မဆို သန်မာတယ်။ စိတ်ဝိညာဉ်စွမ်းအားရဲ့နှိုးဆော်မှုနဲ့ဆိုရင် သမန်းဝံပုလွေသူတော်စင်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းအသက်ပြန်ရှင်လာတယ်။ အစကချီသွေးအားလုံးဆုံးရှုံးထားတဲ့ခန္ဓာကိုယ်က အသက်စွမ်းအားကို အပြည့်အဝထုတ်လုပ်ခဲ့တယ်။

အသက်စွမ်းအားက သန့်စင်ကာစုစည်းတယ်။

ဒုတ် ဒုတ် ဒုတ်......

နှလုံးခုန်သံတွေက ပြင်းထန်စွာ ပဲ့တင်ထပ်လာပြီး ပတ်ဝန်းကျင်ဥက္ကာခဲတွေက ပေါက်ကွဲထွက်သွားတယ်။

"အလောင်းက အသက်ပြန်ရှင်လာပြီ။ အစစ်အမှန်စိတ်ဝိညာဉ်တစ်ခုကို ထုတ်ဖော်နိုင်သလားကို ကြည့်ရအောင်"

အစစ်အမှန်စိတ်ဝိညာဉ်က စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကြားတံတားဖြစ်တယ်။ အစစ်အမှန်စိတ်ဝိညာဉ်မရှိဘဲနဲ့ ခန္ဓာကိုယ်ရဲ့ဆန်းကြယ်မှုနဲ့အလားအလာကို တူးဖော်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။

အစစ်အမှန်စိတ်ဝိညာဉ်ကို ထုတ်ဖို့ဆိုရင် စိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်က သေချာတဲ့ပေါင်းစပ်ခြင်းအဆင့်တစ်ခုကို ရောက်ရှိရမယ်။

အတွေးစီးကြောင်းတွေ တောက်ပနေတယ်၊ သွေးတွေ စီးဆင်းနေတယ်၊ နှလုံးခုန်နေတယ်......

အကန့်အသတ်မဲ့မှတ်ဉာဏ်တွေက ခရမ်းနီရောင်အလင်းစက်ထဲကို တိုးဝင်လာတယ်။

လီဖူချန်းက သမန်းဝံပုလွေသူတော်စင်ထံမှ အရာအားလုံးကို သိမ်းပိုက်ခဲ့တယ်၊ သေးငယ်တဲ့စိတ်ဝိညာဉ်အရိပ်အယောင်တစ်ခုက ဗလာမှ တဖြည်းဖြည်းကြီးထွားလာနေတယ်။

တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်......

မူလပင်လယ်နယ်ပယ်.....

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်.....

အစစ်အမှန်စိတ်ဝိညာဉ်က ပိုပိုသန်မာလာနေတယ်။ အဲဒါက တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်မှဥပဒေသပြောင်းလဲခြင်းနယ်ပယ်ထိ လျင်မြန်စွာ ထိုးတက်လာနေတယ်။

အဲဒါက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ထိ ရောက်ရှိလာပြီး အစစ်အမှန်စိတ်ဝိညာဉ်က သူ‌‌တော်စင်လိပ်ပြာအဖြစ်သို့ ကူးပြောင်းသွားတော့တယ်။

ဒါပေမယ့် အဲဒါက အဆုံးသတ်မဟုတ်သေးပါဘူး။ လီဖူချန်းစိတ်ဝိညာဉ်ရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုရောက်တဲ့အထိ သူတော်စင်လိပ်ပြာက ပိုပိုသန်မာလာတယ်။

သူတော်စင်လိပ်ပြာတစ်ခုရဲ့ခွန်အားမှာ အကြောင်းရင်းနှစ်ချက်ရှိတယ်၊ သူ‌တော်စင်ဝိညာဉ်နဲ့ကျင့်ကြံခြင်းနယ်ပယ်။

လီဖူချန်းရဲ့စိတ်ဝိညာဉ်က ကောင်းကင်ဘုံအရှင်တစ်ယောက်ထက် အဆများစွာပိုသန်မာတယ်၊ ဒါပေမယ့် သူတော်စင်လိပ်ပြာရဲ့ခွန်အားကို အားအနည်းဆုံးအချက်နဲ့ဆုံးဖြတ်တယ်။ လီဖူချန်းကရဲ့လက်ရှိကျင့်ကြံခြင်းနယ်ပယ်က သူတော်စင်အရှင်အဆင့်မှာ ရှိတယ်၊ ဒါကြောင့် သူ့ရဲ့သူတော်စင်လိပ်ပြာက သူတော်စင်အရှင်တစ်ယောက်ထက်ပိုသန်မာပြီး ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အဆင့်မှာရှိမယ်လို့ ခန့်မှန်းထားတယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်ထက် အဆများစွာပိုသန်မာဖို့က မဖြစ်နိုင်ပါဘူး။

"ငါ့စိတ်ဝိညာဉ်ရဲ့၁၀ရာခိုင်နှုန်း။ ဆိုလိုတာက ဒီသမန်းဝံပုလွေက အသက်ရှင်တုန်းက သူတော်စင်အရှင်တစ်ယောက်ဆိုတာ သေချာပေါက်ပဲ"

သူတော်စင်လိပ်ပြာက သန်မာလာတာကို ရပ်တန့်လိုက်တာကြောင့် သမန်းဝံပုလွေလီဖူချန်းက သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။

ခံစားချက်မဲ့ပြီးအေးစက်တဲ့မျက်လုံးတစ်စုံ၊ ဒါပေမယ့် မျက်လုံးတွေရဲ့အနက်ပိုင်းမှာ လူသားဆန်တဲ့အလင်းရောင်တစ်ခု ရှိတယ်။

ခန္ဓာကိုယ်က လွင့်မျောလာတာကြောင့် သမန်းဝံပုလွေလီဖူချန်းက ပြောလိုက်တယ်"ဒီခန္ဓာကိုယ်က အားနည်းတယ်။ ချီသွေးအရင်းမြစ်က ကုန်ဆုံးလုနီးပါးမှာ တည်ရှိနေတယ်"

"အရင်ဆုံးနည်းနည်းအားဖြည့်လိုက်ပေါ့" မျက်နှာချင်းဆိုင်မှလီဖူချန်းက ချီသွေးအရင်းမြစ်ကိုအားဖြည့်ပေးတဲ့ပစ္စည်းအချို့နဲ့အထွတ်အထိပ်အဆင့်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ပစ်ပေးလိုက်တယ်။

"ဟုတ်ကဲ့" သမန်းဝံပုလွေလီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ထုတ်ဖော်ကာ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးအတွင်းရှိစိတ်ဝိညာဉ်ချီကိုစုပ်ယူလိုက်တယ်။

နောက်ရက်အနည်းငယ်မှာတော့ သမန်းဝံပုလွေလီဖူချန်းရဲ့ချီသွေးအရင်းမြစ်က အပြည့်အဝပြန်ရလာပြီး နောက်တစ်ဆင့်ကိုတောင် ရောက်ရှိသွားတယ်။

စိတ်ဝိညာဉ်ပြောင်းလဲမှုကြောင့် သမန်းဝံပုလွေလီဖူချန်းရဲ့ရုပ်ပိုင်းဆိုင်ရာအလားအလာက ကြီးမားစွာတိုးမြှင့်လာတယ်။

"သမန်းဝံပုလွေအဖြစ် ပြောင်းလဲကြည့်လိုက်" လီဖူချန်းက ပြောလိုက်တယ်။

"ဟုတ်ကဲ့"

သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်က ကြမ်းတမ်းလာပြီး ခန္ဓာကိုယ်ရဲ့သွေးမျိုးဆက်စွမ်းအားက တိုးဝင်လာတယ်။ ချက်ချင်းပဲ သူက ကြောက်စရာကောင်းတဲ့လူတစ်ပိုင်းဝံပုလွေတစ်ပိုင်းပုံစံအဖြစ်သို့ ပြောင်းသွားခဲ့တယ်။

"ဒီလိုထူးခြားတဲ့ခံစားချက်" သမန်းဝံပုလွေလီဖူချန်းက မျက်လုံးမှိတ်ကာ သမန်းဝံပုလွေတွေရဲ့တုနှိုင်းမဲ့တဲ့စွမ်းအားကို တွေ့ကြုံခံစားလိုက်တယ်။

***

All Chapters