← Chapters

ပါရမီရှင်၁၀၈ယောက်

Vol. 64 Ch. 883

ပါရမီရှင်၁၀၈ယောက်

Vol. 64 Ch. 883

"ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓားမှာ ဓားတာအိုပါဝင်ရုံတင်မက ကောင်းကင်ဘုံတာအိုရဲ့အမှန်တရားလည်း ပါဝင်တယ်" လီဖူချန်းက လေးနက်စွာ ဆင်ခြင်ခဲ့တယ်။

ကောင်းကင်ဘုံတာအိုမှာ တာအိုအားလုံးပါဝင်တယ် ဒါမှမဟုတ် သိခြင်းမသိခြင်းအရာအားလုံးပါဝင်တယ်လို့ ပြောလို့ရတယ်။

ဓားတာအိုက တာအိုတွေထဲကတစ်ခုသာ ဖြစ်တယ်။

လူတစ်ယောက်ရဲ့ဘဝအတွေ့အကြုံ၊ ဘဝနားလည်မှုနဲ့စကြာဝဠာဗဟုသုတတွေမှာ ကောင်းကင်ဘုံတာအိုရဲ့အရိပ်အယောင်တွေ ပါဝင်တယ်။

တကယ်တော့ ကောင်းကင်ဘုံတာအိုက နေရာတိုင်းမှာ ရှိတယ်။

ဒါကြောင့် အပါ်ယံအားဖြင့် လီဖူချန်းက အသက်စင်ကြယ်ခြင်းကင်းမဲ့နေတယ်လို့ ဆိုပေမယ့် အခြေခံအားဖြင့် သူက ကောင်းကင်ဘုံတာအိုနားလည်မှုကင်းမဲ့နေတာပါပဲ။

"ကောင်းကင်မျဉ်းဓားပညာက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုမျှပါပဲ။ အဆုံးစွန်းအဆင့်ဓားပညာတစ်ခုမှာ ကောင်းကင်ဘုံတာအိုအမှန်တရားဘယ်လောက်တောင် ပါဝင်နေသလဲကို ငါ သိချင်တယ်"

ဘာလို့ လူအ‌တော်တော်များများက သူတော်စင်အဆင့်မှာပဲ ရပ်တန့်နေရတာကို လီဖူချန်းက နောက်ဆုံးတော့ နားလည်ခဲ့တယ်။ သူတို့က ထိုးထွင်းသိမြင်မှုမကင်းမဲ့ဘူး၊ သူတို့က ကောင်းကင်ဘုံတာအိုနားလည်မှု ကင်းမဲ့နေတာပဲ။ နှစ်တစ်မီလီယံဒါမှမဟုတ်နှစ်မီလီယံအနည်းငယ်‌အထိ ကောင်းကင်တာအိုနားလည်မှုကို စုဆောင်းရမယ်လို့ ခန့်မှန်းထားတယ်။

ဒါပေမယ့် တစ်ယောက်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ဖို့အလားအလာလိုအပ်ချက်တွေ ပြည့်စုံရမယ်။ အလားအလာမရှိဘဲနဲ့ နှစ်တစ်ရာမီလီယံတစ်ရာတောင် မလုံလောက်ပါဘူး။

အချိန်တွေက ဖြည်းဖြည်းချင်း ကုန်ဆုံးလာတယ်၊ လီဖူချန်းက ဓားချီမူလပြန်သွားခြင်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေအထိ မြှင့်တင်နိုင်ခဲ့တယ်။ ဒါပေမယ့် နောက်လက်ဝက်ကြာတဲ့အထိ တိုးတက်မှုမရှိလာတော့ပါဘူး။

"ကြည့်ရတာ ဒီဓားကွက်ရဲ့စွမ်းအားက ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓားထက် အများကြီးပိုမြင့်ပုံရတယ်"

ကောင်းကင်မျဉ်းဓားပညာက သာမန်ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုမဟုတ်ပါဘူး၊ အဲဒါက အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာတစ်ခု ဖြစ်တယ်။

ဓားကွက်အားလုံးထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေမှာရှိတဲ့မူလအဆုံးစွန်းဓားပညာအတွက်ကတော့ အဲဒါက ကောင်းကင်မျဉ်းဓားပညာထက် အများကြီးမနိမ့်ကျပါဘူး။

ဒီလိုအံ့မခန်းဓားပညာနှစ်ခုနဲ့ဆိုရင် သူ့အနေနဲ့ စကြာဝဠာအနှံ့လည်ပတ်ဖို့ လုံလောက်တယ်။ သူက ကောင်းကင်ဘုံအရှင်တွေကို မတွေ့သရွေ့ သူက အန္တရာယ်ရှိလိမ့်မှာ မဟုတ်ပါဘူး။

မူလ‌က‌တော့ လီဖူချန်းက မူလအဆုံးစွန်းဓားပညာကို နည်းနည်းပြုပြင်မွမ်းမံဖို့ စီစဉ်ထားခဲ့တယ်၊ ဒါပေမယ့် အရှေ့ယူနီကွန်တိုက်ကြီးပေါ်ရှိကြယ်ကံကြမ္မာတောင်က ပြင်းထန်တဲ့အပြာရောင်အလင်းတန်းတွေ ရုတ်တရက်ပေါက်ကွဲထွက်လာတယ်။

အချိန်တိုအတွင်း လီဖူချန်းက ကြယ်ကံကြမ္မာတောင်ကို ရောက်ရှိသွားတယ်။

ကြယ်ကံကြမ္မာ‌တောင်မှာ သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်များစွာ စုစည်းနေတယ်၊ ကောင်းကင်လှည့်သားရဲအာဏာရှင်တောင် ရောက်‌ရှိနေတယ်။

"ဟမ့်......

လီဖူချန်းကို မြင်တဲ့အခါ ကောင်းကင်လှည့်သားရဲအာဏာရှင်က နှာခေါင်းရှုံ့လိုက်လေတယ်။ ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့နဂါးသွဲ့ပန်းသူတော်စင်အရှင်မတို့ကသာ သူ့ကို မတားခဲ့ရင် သူက လီဖူချန်းကို သတ်ပြီးလောက်ပါပြီ။

အရင်ကလိုပဲ ကြယ်ကံကြမ္မာတောင်မှာ ကောင်းကင်ဘုံဒီပါကျောက်တိုင်၁၀၈အစီအစဉ်တစ်ခု ရှိတယ်။ အခု ကောင်းကင်ဘုံဒီပါကျောက်တိုင်၁၀၈တိုင်က ထွန်းတောက်တဲ့အပြာရောင်အလင်းတွေ ထုတ်လွှတ်နေတယ်။ အဲဒါက ကြည်လင်ပြီးဆန်းကြယ်တဲ့စွမ်းအင်အရှိန်အဝါတစ်ခုနဲ့ တောက်ပနေတယ်။

ကောင်းကင်ဘုံဒီပါကျောက်တိုင်၁၀၈တိုင်အထက်မှာ တင်းကြပ်စွာပိတ်ထားတဲ့ကျောက်တုံးဂိတ်တစ်ခု ရှိတယ်။

ကျောက်တုံးဂိတ်က အလွန်ခိုင်မာပြီး သူတော်စင်အရှင်နဲ့ကောင်းကင်ဘုံအရှင်တွေကတောင် မဖျက်ဆီးနိုင်ခဲ့ပါဘူး။

"ငါ မှားယွင်းခန့်မှန်းမိတာ မဟုတ်ရင် ဒီကျောက်တုံးဂိတ်ကို ဖွင့်ဖို့ ၁၀‌၈ယောက် လိုအပ်တယ်" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဆိုလိုက်တယ်။

"ဒါဆို အားလုံး တိုင်ထိပ်‌ပေါ်မှာ ရပ်လိုက်ကြပါ....." နဂါးသွဲ့ပန်းသူတော်စင်အရှင်မက အကြံပြုလိုက်တယ်။

သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေ၁၀၈ယောက်မရှိနိုင်ပေမယ့် သူတော်စင်နဲ့သားရဲအရှင်သခင်တွေပေါင်းထည့်လိုက်ရင်တော့ ၁၀၈ယောက်လုပ်ဖို့က အလွယ်လေးပါပဲ။

"ငါ အရင်သွားမယ်"

သားရဲအာဏာရှင်တစ်ကောင်က အနီးဆုံးကောင်းကင်ဘုံဒီပါကျောက်တိုင်ဆီ ပြေးသွားလိုက်တယ်။

ဝုန်း.......

ထွန်းတောက်အပြာရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သားရဲအာဏာရှင်က လွင့်ထွက်သွားတယ်။ သူက ကောင်းကင်ဘုံဒီပါကျောက်တိုင်အပေါ်ကိုတောင် မတက်နိုင်ခဲ့ပါဘူး။

"ဘာဖြစ်နေတာလဲ"

ကျန်ရှိနေတဲ့သူတွေက ကြိုးစားပေမယ့် အားလုံးက ထိပ်ပေါ်မှာ မရပ်နိုင်ကြပါဘူး။

လီဖူချန်းက တစ်ခဏစဉ်းစားကာ ပြောလိုက်တယ်"ကြယ်ကံကြမ္မာတောင်က အရှေ့ယူနီကွန်တိုက်ကြီးရဲ့ချီကံကြမ္မာကို စုဆောင်းတယ်။ ကျောက်တုံးဂိတ်ကို ဖွင်ဖို့ဆိုရင် ဒေသခံပါရမီရှင်၁၀၈ယောက်ကို လိုအပ်လိမ့်မယ်"

အတိတ်တုန်းက ကြယ်ကံကြမ္မာတောင်က ကြယ်သတ်မှတ်ချက်ရဲ့ပါရမီရှင်တွေကို ဆုံးဖြတ်တဲ့နေရာပါပဲ။ ဒါကို အခြေခံကာ လီဖူချန်းက ကောက်ချက်ချခဲ့တယ်။

"ဒေသခံပါရမီရှင်၁၀၈ယောက်လား။ ဒါက ရိုးရှင်းတယ်" လူသားသူတော်စင်အရှင်တစ်ယောက်က ရယ်လိုက်တယ်။

နောက်သုံးရက်ကြာပြီးနောက် အရှေ့ယူနီကွန်တိုက်ကြီးရဲ့ပါရမီရှင်တစ်ရာက ကြယ်ကံကြမ္မာတောင်မှာ စုစည်းလာတယ်။

မျှော်လင့်ထားတာနဲ့တက်တက်စင်အောင်လွဲသွားတော့တယ်၊ ပါရမီရှင်တစ်ရာမှ၃၀အောက်သာ ကောင်းကင်ဘုံဒီပါကျောက်တိုင်ပေါ်ကို တက်နိုင်တယ်။ ကျန်သူတွေက အရည်အချင်းမပြည့်မှီခဲ့ပါဘူး။

"ငါတို့ ဘာလုပ်နိုင်မလဲ။ ငါတို့ တစ်ဝက်ကျော်‌တောင် လိုသေးတယ်"

"ပါရမီရှင်တွေက မငယ်ရွယ်နိုင်ဘူး။ ငါတို့ စီနီယာအချို့ကို ရှာဖွေရမယ်"

လူတိုင်းက ဆွေး‌နွေးခဲ့ကြတယ်။

နောက်တစ်ပတ်ကြာပြီးနောက် နောက်ထပ်ဒါဇင်လောက်က ကောင်းကင်ဘုံဒီပါကျောက်တိုင်ပေါ်ကို ရပ်နိုင်ခဲ့တယ်။ နောက်လဝက်ခန့်အထိတော့ တစ်ယောက်မှ မရပ်နိုင်တော့ပါဘူး။

"ကြည့်ရတာ ငါက မိတ်ဆွေအချို့ကို ပြန်ခေါ်ရမယ့်ပုံပဲ"

လီဖူချန်းက သူ့မျိုးဆက်ရဲ့ရန်ချင်းဟူ၊ ချီယုရယ်နဲ့ အခြားကြယ်သတ်မှတ်ချက်ပါရမီရှင်တွေကို တွေးလိုက်မိတယ်။ ဒါပေမယ့် အဲ့ထဲမှာ မကောင်းဆိုးဝါးဘုရင်လည်း ပါတယ်၊ သူက ဘယ်သူ့ထက်မှမနိမ့်ကျတဲ့ကံကြမ္မာသတ်မှတ်ထားတဲ့အကြွင်းမဲ့ပါရမီရှင်တစ်ယောက်ဖြစ်လို့ပါပဲ။

အတိတ်တုန်းဆိုရင် လီဖူချန်းအနေနဲ့ ဒီလူတွေကို ရှာတွေ့ဖို့က ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အခုသူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက အလယ်ဆင့်တိုက်ကြီးတစ်ခုကို အလွယ်တကူလွှမ်းခြုံနိုင်တာကြောင့် သူ့အနေနဲ့ သူတို့ကို ရှာတွေ့ဖို့က အလွယ်လေးပါပဲ။

လူတိုင်းက ခံစားချက်တွေနဲ့ ပြည့်နေတယ်၊ သူတို့က နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့ရပြီးပေါ့။

မျက်စိတစ်မှိတ်အတွင်း နှစ်ဒါဇင်အနည်းငယ် ကျော်ဖြတ်ခဲ့တာပဲ။

အကြည့်တစ်ချက်နဲ့ လူတိုင်းက ကောင်းကောင်းလုပ်ထားပုံရတယ်။ သူတို့အားလုံးက မူလပင်လယ်နယ်ပယ်ကို ရောက်ရှိနေကြပြီး တစ်ယောက်မှ အဆင့်နိမ့်ဘုရင်တွေမဟုတ်ကြပါဘူး။

သူတို့အထဲမှာ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အချို့ရှိတယ်။ ရန်ချင်းဟူနဲ့မ‌ကောင်းဆိုးဝါးဘုရင်ကို ဘေးဖယ်ထားရင် ချီယုရယ်နဲ့ကြီးမားတဲ့ပါရမီရှင်အနည်းငယ်က ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ ရှိကြတယ်။

အရှေ့ယူနီကွန်တိုက်ကြီးရဲ့ချီကံကြမ္မာကြောင့် လူတိုင်းက ဒီလိုရလဒ်မျိုးရရှိအောင်မြင်နိုင်ခဲ့တယ်လို့ လီဖူချန်းက ယူဆထားတယ်။

အရှေ့ယူနီကွန်တိုက်ကြီးရဲ့ချီကံကြမ္မာနဲ့ဆိုရင် တစ်ဦးချင်းစီရဲ့ကံကြမ္မာတိုက်ပွဲတွေက ပိုကောင်းလာပါလိမ့်မယ်။

ဒါပေမယ့် အရှေ့ယူနီကွန်တိုက်ကြီးက ကြယ်သတ်မှတ်ချက်ပါရမီရှင်တွေကိုသာ ကန့်သတ်ထားခြင်းမရှိပါဘူး။

မကောင်းဆိုးဝါးဘုရင်ကို ဥပ‌မာအနေနဲ့ကြည့်ပါ၊ သူက ကြယ်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဘယ်‌တော့မှ မပါဝင်ခဲ့ဘူး၊ ဒါပေမယ့် သူက အရှေ့ယူနီကွန်တိုက်ကြီးကို လွှမ်းမိုးခဲ့တာကြောင့် သူ့ရဲ့ချီကံကြမ္မာက ဘယ်သူ့ထက်မှ မနိမ့်ကျပါဘူး။

လဝက်ခန့်ကြာပြီးနောက် လီဖူချန်းက နောက်ထပ်လူဒါဇင်အနည်းငယ်ကို ရှာတွေ့ခဲ့တယ်။ သူတို့ကြားမှာ သူ သိတဲ့ရှိသလို သူနဲ့မရင်းနှီးတဲ့သူတွေလည်း ရှိတယ်။ သူနဲ့မရင်းနှီးတဲ့သူတွေကတော့ ကြယ်သတ်မှတ်ချက်ရဲ့နောက်ပိုင်းမျိုးဆက်ပါရမီရှင်တွေ ဖြစ်ကြတယ်။

ကျောက်မင်ယွဲ့၊ ဓားရူးလီရှန့်ရူနဲ့ အခြားအဇူရာရေဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်တွေလည်း အရှေ့ယူနီကွန်တိုက်ကြီးဆီ ပြန်ရောက်လာကြတယ်။

ကြိုးပမ်းအားထုတ်မှုအချို့ပြုပြီးနောက် အဇူရာရေဂိုဏ်းမှာ ကောင်းကင်ဘုံဒီပါကျောက်တိုင်‌ထိပ်ပေါ်မှာရပ်နိုင်တဲ့သူတွေ များစွာရှိလာတယ်။ ရလဒ်က လီဖူချန်းကို အတော်လေးအံ့အားသင့်သွားစေတယ်။

နောက်ဆုံးတော့ ၁၀၇ယောက်ထိစုစည်းနိုင်ခဲ့ပါပြီ။

"ငါတို့တစ်ယောက်လိုနေတုန်းပဲ" သူတော်စင်အရှင်တွေနဲ့သားရဲအာဏာရှင်တွေက မျက်မှောင်ကြုတ်မိတယ်။

"ကြည့်ရတာ ငါတက်ဖို့လိုနေသေးပုံပဲ"

လီဖူချန်းက ခါးသီးစွာရယ်လိုက်လေတယ်၊ သူက သူတော်စင်အရှင်နဲ့သားရဲအာဏာရှင်များစွာရဲ့ထိတ်လန့်တုန်လှုပ်စရာမျက်လုံးတွေအောက်မှာ ကောင်းကင်ဒီပါကျောက်တိုင်အပေါ် ရပ်နေခဲ့တော့တယ်။

"သူက တကယ်ပဲ အရှေ့ယူနီကွန်တိုက်ကြီးကလား"

အနည်းငယ်ကသာ လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးရဲ့ဒေသခံတစ်ယောက်ဆိုတာ သိခဲ့တယ်၊ ဒါကြောင့် သူတို့တော်တော်များများက အံ့ဩတုန်လှုပ်ကြတယ်။

လီဖူချန်းက ကောင်းကင်ဒီပါကျောက်တိုင်အပေါ် ရပ်ပြီးနောက် ကောင်းကင်ဒီပါကျောက်တိုင်၁၀၈တိုင်က ထွန်းတောက်အပြာရောင်အလင်းတွေ ထွက်ပေါ်လာတယ်။ ပြီးနောက်ချက်ချင်းပဲ၊ အပြာရောင်အလင်းက ကောင်းကင်ကိုပျံဝဲတက်တဲ့အပြာရောင်နဂါးတစ်ကောင်ဖြစ်လာတယ်။

"ဘာဖြစ်နေတာလဲ"

ရုတ်တရက် အပြာရောင်အလင်းအရိပ်အယောင်တွေက သူတို့ရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး အပြာရောင်နဂါးဆီ ဦးတည်နေတာကို သူတော်စင်တွေ၊ သားရဲအရှင်သခင်တွေ၊ သူ‌‌တော်စင်အရှင်တွေနဲ့ သားရဲအာဏာရှင်တွေက သဘောပေါက်ခဲ့ကြတယ်။

"အဲဒါက ငါတို့ရဲ့အဆီအနှစ်ကို စုပ်ယူနေတာပဲ" ကျောက်စိမ်းသူတော်စင်ရဲ့အမူအရာက နက်မှောင်သွားတော့တယ်။

သူဖော်ပြခဲ့တဲ့အဆီအနှစ်က ချီသွေးအဆီအနှစ်မဟုတ်ပါဘူး၊ ဒါပေမယ့်အရင်းမြစ်အဆီအနှစ်ဖြစ်တယ်။ သာမန်အနေအထားမှာ အရင်းမြစ်အဆီအနှစ်ကို ထုတ်ယူဖို့က မဖြစ်နိုင်ပါဘူး။ တစ်‌ယောက်ကို သတ်ပြီးရင်တောင် မထုတ်နိုင်ပါဘူး။ အရင်းမြစ်အဆီအနှစ်က သေဆုံးခြင်းနဲ့အတူ ပျောက်ကွယ်သွားကာ ကောင်းကင်ဘုံတာအိုဆီ ပြန်ရောက်သွားတယ်။ ဒါပေမယ့် ဒီကောင်းကင်ဒီပါကျောက်တိုင်၁၀၈တိုင်က အရင်းမြစ်အဆီအနှစ်ကို တကယ်စုပ်ယူနိုင်တာပဲ။ အဲဒါက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို တကယ်အံ့အားသင့်စေခဲ့တယ်။

"ပြန်လာခဲ့စမ်း......."

ကောင်းကင်လှည့်သားရဲအာဏာရှင်က သူ့ခန္ဓာကိုယ်မှယိုစိမ့်နေတဲ့အပြာရောင်အဆီအနှစ်ကို ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်တယ်။

အရင်းမြစ်အဆီအနှစ်က လူတစ်ယောက်ရဲ့အလားအလာကို ကိုယ်စားပြုတယ်။ သူတို့ရဲ့အလားအလာထုတ်ယူခံနေရတာကို မကြောက်ရွံ့တဲ့သူ ဘယ်သူများရှိလို့လဲ။

စိတ်မကောင်းစရာတစ်ခုက‌တော့ အရာအားလုံးက အချည်းနှီးပါပဲ။

***

All Chapters