မဟာပျက်ဆီးခြင်းကမ္ဘာ
Vol. 64 Ch. 884
ကံကောင်းတာကတော့ အပြာရောင်နဂါးက အရမ်းကြီးတရားမလွန်လို့ပါပဲ။ သူက လူတိုင်းထံမှအရင်းမြစ်အဆီအနှစ်ရဲ့သေးငယ်တဲ့ပမာဏကိုသာ စုပ်ယူတယ်လေ။ အရင်းမြစ်အဆီအနှစ်က ကောင်းကင်ဒီပါကျောက်တိုင်တွေပေါ်မှာရပ်နေတဲ့အရှေ့ယူနီကွန်တိုက်ကြီးရဲ့ပါရမီရှင်တွေဆီ ကူးပြောင်းသွားတော့တယ်။
သူတော်စင်အဆင့်အရင်းမြစ်အဆီအနှစ်က လုံးဝကြောက်စရာကောင်းတယ်။ လူတိုင်းက အရှေ့ယူနီကွန်တိုက်ကြီးရဲ့ပါရမီရှင်တွေ အဆင့်ချိုးဖြတ်နေတာကို ထင်ထင်ရှားရှားမြင်နေရတယ်။
မူလပင်လယ်နယ်ပယ်ရှိသူတွေက မူလပင်လယ်နယ်ပယ်ရဲ့အထွတ်အထိပ်ကို လျင်မြန်စွာ ရောက်ရှိသွားတော့တယ်။
ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ရှိသူတွေက အချိန်တိုအတွင်းမှာ အဆင့်များစွာ တိုးလာခဲ့တယ်။
ဒါပေမယ့် ကျင့်ကြံခြင်းချိုးဖြတ်ခြင်းက အကျိုးကျေးဇူးတွေထဲကတစ်ခုပါပဲ။ အနာဂတ်မှာ တွေ့ကြုံရမယ့်အခြားအကျိုးကျေးဇူးတွေများစွာ ရှိသေးတယ်။
"အရင်းမြစ်အဆီအနှစ်နဲ့ဆိုရင် ဒီ၁၀၇ယောက်က အနာဂတ်မှာ သူတော်စင်အဆင့်ကို သေချာပေါက်ရောက်ရှိလိမ့်မယ်"
လီဖူချန်းက ကံကြမ္မာရဲ့အံ့ဖွယ်ဖြစ်ရပ်အပေါ် ရေရွတ်မိသွားတယ်။
အရှေ့ယူနီကွန်တိုက်ကြီးက အရင်ကတော့ သုံးစားမရတဲ့အဆင့်နိမ့်တိုက်ကြီးတစ်ခုပါပဲ။ တစ်ယောက်ကမှ ဒီနေ့လိုအနေအထားဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
အရင်းမြစ်အဆီအနှစ်သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာတာနဲ့ပတ်သက်ပြီး လီဖူချန်းက ပျော်ရွှင်ခြင်းမရှိပါဘူး။ သူ့ရဲ့ကိုယ်ပိုင်အရင်းမြစ်အဆီအနှစ်နဲ့ နှိုင်းယှဉ်ရင် သူတို့က လုံးဝမသိသာပါဘူး။ အနက်ရောင်နဂါးမှအခြားဆန်းကြယ်စွမ်းအင်ကတော့ သူ့ကို လှုပ်ရှားစေခဲ့တယ်။
အရင်ကတော့ သူ့ရဲ့အရိုးတည်ဆောက်ပုံက ဓားတာအိုအရိုးတည်ဆောက်ပုံအဖြစ်သို့ ပြောင်းလဲနေတာ၊ ဒါပေမယ့် အခု အဲဒါက ချက်ချင်း ပြောင်းလဲသွးပြီဖြစ်တယ်။ ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံမှကြယ်ကိုးလုံးဓားတာအိုအရိုးတည်ဆောက်ပုံသို့ ပြောင်းလဲခဲ့တာကြောင့် ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့အခြားသူတွေတောင် ဖိအားကို ခံစားနေရတယ်။
"ခွေးမသား၊ ဒါက သူ့ရဲ့အကြံအစည်ပဲဖြစ်ရမယ်" ကောင်းကင်လှည့်သားရဲအာဏာရှင်က အလွန်အမင်းဒေါသထွက်သွားတော့တယ်။
လီဖူချန်းမှာ ပြောင်းလဲမှုတွေရှိနေတာကို ကောင်းကင်လှည့်သားရဲအာဏာရှင်က ဘယ်လိုလုပ်ပြီးမမြင်နိုင်ရမှာလဲ။ သူ့အမြင်အရ လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးရဲ့လျှို့ဝှက်ချက်အချို့ကို သေချာပေါက်သိကာ ဒီအစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိချထားတာပဲဖြစ်ရမယ်။
ကျန်ရှိနေတဲ့သားရဲအာဏာရှင်တွေကလည်း ဒေါသထွက်နေကြတယ်။ သူတို့က လီဖူချန်းကို နုပ်နုပ်စင်းချင်နေတယ်။ သူတော်စင်တွေကတောင် မသင်္ကာတဲ့မျက်နှာအမူအရာတွေ ဖြစ်နေကြတယ်။
အလားအလာက သူတို့အတွက် အလွန်အမင်းအရေးကြီးတယ်။ သေးငယ်တဲ့အပိုင်းတစ်ခုကို အသာထား၊ သေးငယ်တဲ့အရိပ်အယောင်တစ်ခုကတောင် သူတို့ကို အလွန်အမင်း ခေါင်းကိုက်စေနိုင်တယ်။
"သူ မသိလောက်ဘူး" နဂါးသွဲ့ပန်းသူတော်စင်အရှင်မက သုန်မှုန်တဲ့လေသံနဲ့ပြောလိုက်တယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။
အဆုံးမှာတော့ အပြာရောင်နဂါးက ပြန့်ကျဲသွားပြီး အပြာရောင်အလင်းမိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လီဖူချန်းနဲ့အခြား၁၀၇ယောက်အပေါ် ရွာချလိုက်တော့တယ်။
"သက်သောင့်သက်သာရှိလိုက်တာ"
လီဖူချန်းကတောင် အရင်မရှိခဲ့ဘူးတဲ့လန်းဆန်းမှုကို ခံစားနေရတယ်။
ဝုန်း....
ထိုအချိန်မှာ ကျောက်တုံးဂိတ်က ပွင့်သွားတယ်။ စူးရှတောက်ပတဲ့ဖြာထွက်အလင်းတစ်ခုနဲ့ရှေးကျတဲ့အရှိန်အဝါတစ်ခုက ယိုစိမ့်ထွက်လာတယ်။
"ဒါ မဟာပျက်ဆီးခြင်းအရှိန်အဝါလား" ကောင်းကင်လှည့်သားရဲဧကရာဇ်ရဲ့မျက်လုံးတွေက လင်းလက်သွားတော့တယ်။
မဟာပျက်ဆီးခြင်းအရှိန်အဝါက မဟာပျက်ဆီးခြင်းခေတ်မှာသာ တည်ရှိတယ်။ အဲဒါက မည်သူကိုမဆို ကောင်းကင်တာအိုနဲ့ထိတွေ့စေပြီးအလွယ်တကူနားလည်စေတယ်။ တစ်စုံတစ်ယောက်က မဟာပျက်ဆီးခြင်းအရှိန်အဝါပြည့်နေတဲ့နေရာတစ်ခုမှာကျင့်ကြံရင် အဆင့်မြင့်တိုက်ကြီးတစ်ခုမှာ ကျင့်ကြံတာထက် အဆတစ်ရာပိုမြန်တယ်။
အရှေ့ယူနီကွန်တိုက်ကြီးမှာ ဒီလိုနေရာတစ်ခု အမှန်တကယ်ရှိမယ်လို့ ကောင်းကင်လှည့်သားရဲအာဏာရှင်က မထင်ထားခဲ့ဘူး၊ ဒါက သူ့ကို တကယ်အံ့အားသင့်စေခဲ့တယ်။
"အထဲမှာ မဟာဖျက်ဆီးခြင်းရတနာတစ်ခု ရှိရမယ် ။ငါ အရင်ဆုံး လှုပ်ရှားရမယ်" လူသားသူတော်စင်တစ်ယောက်က ကျောက်တုံးဂိတ်ထဲကို အရင်ဆုံးပြေးဝင်တဲ့သူ ဖြစ်တယ်။
အနေအထားကို မြင်ပြီး အခြားသူတော်စင်အရှင်နဲ့သားရဲအာဏာရှင်တွေလည်း နောက်ချန်မနေဘဲ ကျောက်တုံးဂိတ်ဆီ ပြေးဝင်သွားကြတယ်။
လီဖူချန်းက ကျောက်တုံးဂိတ်ကို ဝင်ရောက်ဖို့အလျင်စလို မဖြစ်ပါဘူး၊ သူ့မျက်လုံးတွေက ရန်ချင်းဟူအပေါ်မှာ ရှိနေတယ်။
ထိုအချိန်မှာ ရန်ချင်းဟူက ကောင်းကင်ဒီပါကျောက်တိုင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လျက် ကပ်ဘေးတစ်ခုကို တွေ့ကြုံခံစားနေတယ်။
အရင်က ရန်ချင်းဟူက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အထွတ်အထိပ်မှာ ရှိတယ်၊ အရင်းမြစ်အဆီအနှစ်နဲ့ဆန်းကြယ်စွမ်းအင်တွေရဲ့ကြီးမားစွာသောပမာဏကို စုပ်ယူပြီးနောက် သူမက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ကို ချက်ချင်း တိုးမြှင့်သွားခဲ့တယ်။
ကပ်ဘေးကတော့ ရန်ချင်းဟူအတွက် မပြောပလောက်ပါဘူး။
ဖြစ်နိုင်တာက ထူးခြားတဲ့အခြေအနေတွေကြောင့် ကပ်ဘေးက ကြီးမားပေမယ့် ဆယ်မိနစ်မျှသာ ကြာရှည်ခဲ့တယ်။ တစ်နာရီအောက်မှာတော့ ရန်ချင်းဟူက အခုဆိုရင် စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ပထမအဆင့်ဖြစ်လာပါပြီ။
"ဂုဏ်ယူပါတယ်"
ဆုမူယုနဲ့တူညီတဲ့မျိုးဆက်ရဲ့ကြယ်သတ်မှတ်ချက်ပါရမီရှင်တွေက ဂုဏ်ပြုစကားအသီးသီးဆိုလိုက်တယ်။ သူတို့နှလုံးသားရဲ့အောက်ခြေမှာ သူတို့က တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေနဲ့ပြည့်နေတယ်။ သူတို့မျိုးဆက်ထဲမှာ လီဖူချန်းနဲ့ရန်ချင်းဟူတို့က သူတော်စင်ဖြစ်သွားပြီလေ၊ ဒါကြောင့် သူတို့က အများကြီးနောက်ကျမကျန်ခဲ့ချင်ပါဘူး။
"လာ၊ ဝင်ကြစို့လေ" လီဖူချန်းက ရန်ချင်းဟူကို ပြောလိုက်တယ်။
"အင်း" ရန်ချင်းဟူက ခေါင်းညိတ်ကာ လီဖူချန်းနဲ့အတူ ကျောက်တုံးဂိတ်ကို ဝင်ရောက်သွားတော့တယ်။
မဟာပျက်ဆီးခြင်းအရှိန်အဝါက အဆက်မပြတ် ရွာသွန်းနေတယ်။ ကောင်းကင်ဒီပါကျောက်တိုင်တွေပေါ်ရှိလူတိုင်းက လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ကာ မဟာပျက်ဆီးခြင်းအရှိန်အဝါကို ပိုမိုစုပ်ယူရန်ကြိုးစားကာ စတင်ကျင့်ကြံလိုက်တယ်။
…
ကျောက်တုံးဂိတ်ထဲမှာတော့ ပုံမှန်မဟုတ်တဲ့ကမ္ဘာတစ်ခု ရှိတယ်။
မြေပြင်က အညိုရောင်သမ်းနေပြီး ကောင်းကင်က အလွန်ပူပြင်းတယ်။ ကြီးမားတဲ့နေတစ်စင်းက အလင်းနဲ့အပူကို ထုတ်လွှတ်နေတယ်။ အချိန်နဲ့အမျှ ကြမ်းတမ်းတဲ့မိုးကြိုးတွေနဲ့မိုးမုန်တိုင်းတွေကတောင် ပေါက်ကွဲထွက်လာနေတယ်။
ဖော်ပြချက်တစ်ခုပေးရရင် ဒီကမ္ဘာက လူသားတွေ အသက်ရှင်သန်ဖို့အတွက် မသင့်လျော်ပါဘူး။ သာမန်လူတွေ အသာထား၊ မူလပင်လယ်နယ်ပယ်ဘုရင်ဆတွတောင် ဒီနေရာမှာ အကြာကြီးအသက်ရှင်သန်မနေထိုင်နိုင်ပါဘူး။
ဝိန်း........
ပတ်ဝန်းကျင်က ကြမ်းတမ်းနိုင်ပေမယ့် ဒီကမ္ဘာမှာ သက်ရှိတွေ တည်ရှိနေပါသေးတယ်။ မနီးမဝေးမှ ဧရာမမြေနဂါးတစ်ကောင်က တစ်ဟုန်ထိုးပြေးလာတယ်။
အဲဒါကို မြေနဂါးတစ်ကောင်လို့ခေါ်ပေမယ့် လက်ရှိမျိုးဆက်ရဲ့မြေနဂါးတွေနဲ့ကြီးမားတဲ့ခြားနားချက်တွေ ရှိတယ်။
ဒီမြေနဂါးက ပိုပြီးတော့ ရှေးကျတယ်၊ ရဲရင့်တယ်၊ နတ်ဆိုးသားရဲတွေရဲ့သဘာဝနဲ့ပိုနီးစပ်တယ်။ အဲဒါက မဟာပျက်ဆီးခြင်းခေတ်မှာ တည်ရှိခဲ့တာကြောင့် ဖြစ်နိုင်တယ်။
"ငါ ကြိုးစားကြည့်တာပေါ့"
ရန်ချင်းဟူက သူမရဲ့အထွတ်အထိပ်ဓားမော့ကို ဆွဲထုတ်ကာ မြေနဂါးအား ခုတ်ပိုင်းလိုက်တယ်။
ဒေါင်......ဂျိုင်း......
မြေနဂါးရဲ့ခွန်အားက သားရဲအရှင်သခင်တစ်ယောက်ရဲ့အဆင့်မှာ ရှိတာ သိသာတယ်၊ ၎င်းက သာမန်အဆင့်နိမ့်သားရဲအရှင်သခင်တစ်ကောင်ထက် ပိုမြင့်တယ်။ ရန်ချင်းဟူရဲ့ခုတ်ချက်က အကြေးခွံအချို့ကို ကြေမွပျက်စီးစေရုံမျှသာပါပဲ။
ဂျိုင်း.....ဂျိုင်း.....ဂျိုင်း.......
ရန်ချင်းဟူက သူမရဲ့ကိုယ်ပိုင်ခွန်အားကို စမ်းသပ်ချင်ခဲ့တယ်၊ ဒါကြောင့် သူမက မြေနဂါးနဲ့ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုကို စတင်ခဲ့တယ်။
အကွက်၁၀၀ပြည့်ပြီးနောက် ရန်ချင်းဟူက အကူအညီမဲ့စွာ ပြန်ဆုတ်လာရတယ်။
မြေနဂါးရဲ့ခံစစ်က ကြမ်းတမ်းလွန်းတာကြောင့် သူမက သတ်ဖို့မဆိုနဲ့၊ ဒဏ်ရာတောင်မရစေနိုင်ပါဘူး။
ရန်ချင်းဟူကို တွန်းလှန်ပြီးနောက် မြေနဂါးက ၎င်းရဲ့ပါးစပ်ကိုဟကာ သူတို့နှစ်ယောက်အား ကိုက်ရန်ကြိုးစားလိုက်တယ်။
ဓားအလင်းတစ်ခုလက်သွားပြီး မြေနဂါးက ပြာပုံဘဝဖြစ်သွားတယ်။
"ဒါက..."
ပြာတွေကြားမှ အဝါရောင်ပုလဲတစ်လုံးထွက်ကျလာပြီး လီဖူချန်းက ချက်ချင်းဆွဲယူလိုက်တယ်။
အဝါရောင်ပုလဲမှာ မဟာပျက်ဆီးခြင်းအရှိန်အဝါတစ်ခု ပါဝင်ပြီး အဲဒါက အလွန်သိပ်သည်းတယ်။ လီဖူချန်းရဲ့ခုတ်ချက်က သာမန်ကာလျှံကာခုတ်ချက်တစ်ခုဆိုပေမယ့် ပစ္စည်းအားလုံးက အဲဒါကို ရပ်တည်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီပုလဲကတော့ အနာတရရှိမနေပါဘူး။
ဒီပုလဲက သားရဲအမြုတေမဟုတ်တာ သေချာတယ်၊ အဲဒါက ဒီကမ္ဘာနဲ့ဆက်စပ်နေလောက်တယ်။
လီဖူချန်းက ပုလဲအား ရန်ချင်းဟူကို ကမ်းပေးကာ ပြောလိုက်တယ်"ဒီပုလဲက ငါ့အတွက် အသုံးမဝင်ဘူး၊ ဒါပေမယ့် အဲဒါက မင်းကိုတော့ မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ တိုးမြင့်စေနိုင်တယ်"
လီဖူချန်းရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က မြင့်လွန်းတယ်၊ ပုလဲမှာ သိပ်သည်းတဲ့မဟာပျက်ဆီးခြင်းအရှိန်အဝါပါဝင်ပေမယ့် တစ်လုံးတည်းနဲ့ သူ့အတွက် အကျိုးမရှိစေနိုင်ပါဘူး။
မဟာပျက်ဆီးခြင်းကမ္ဘာက ကြီးမားတယ်။ နေ့ဝက်ခန့်ကြာပြီးနောက် သူတို့နှစ်ယောက်က မဟာပျက်ဆီးခြင်းသားရဲခုနှစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး မဟာပျက်ဆီးခြင်းပုလဲခုနှစ်လုံးကို ရရှိခဲ့တယ်။
ဝုန်း......
ကြောက်စရာကောင်းတဲ့ချီလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး မြေပြင်က ချက်ချင်းယိုယွင်းပျက်ဆီးသွားတယ်။ အထက်ကောင်းကင်က ကြမ်းတမ်းပြင်းထန်တဲ့မိုးကြိုးတွေနဲ့ ပြည့်နှက်သွားတယ်။
ချီလှိုင်းအလယ်မှာ ပဲစေ့အရွယ်အစားရှိတဲ့အဝါရင့်ရောင်ပုံဆောင်ခဲတစ်ခု ရှိတယ်။ အလွန်အမင်းပြင်းထန်တဲ့မဟာပျက်ဆီးခြင်းအရှိန်အဝါတစ်ခုက အဝါရင့်ရောင်ပုံဆောင်ခဲမှ ပျံ့နှံ့နေတယ်။
ဒါက မဟာပျက်ဆီးခြင်းရတနာတစ်ခုဆိုတာ သိသာတယ်။
ဘေးမှာတော့ ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်နဲ့ကောင်းကင်ဘုံမန့်သူတော်စင်အရှင်တို့ တိုက်ခိုက်နေကြတယ်။ သူတို့နှစ်ယောက်စလုံးက အသာစီးရထားခြင်းမရှိပေမယ့် ကောင်းကင်ဘုံမြွေသားရဲအာဏာရှင်က အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်ဖြစ်ပြီး ကောင်းကင်ဘုံမန့်သူတော်စင်အရှင်က အဆင့်မြင့်သူတော်စင်အရှင်သာ ဖြစ်တယ်။ တိုက်ပွဲကြာရှည်လာတာကြောင့် ကောင်းကင်ဘုံမန့်သူတော်စင်အရှင်က အရေးနိမ့်လာနေတယ်။
***