ငရဲအာဏာရှင်ရဲ့ဦးချို
Vol. 64 Ch. 887
"ချိုးဖြတ်စမ်း"
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဧရာမဝံပုလွေရဲ့ဦးခေါင်းကို ဖြတ်တောက်ဖို့ လက်ဓားသွားတစ်ခုကို အသုံးပြုလိုက်တယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ပါးစပ်ဟပြီး ချီအားတစ်ခုအား ထွေးထုတ်ကာ ကျူးစန်းချိူအား လွင့်ထွက်သွားစေလိုက်တယ်။
မိကျောင်းပြာသားရဲအာဏာရှင်နဲ့ကျောက်တုံးနက်သားရဲအာဏာရှင်တို့ကတော့ ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့စွမ်းအားပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားရတယ်။
အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်ယောက်အနေနဲ့ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က အခြေအနေမျိုးစုံကို တွေ့ကြုံခဲ့တယ်။ ယနေ့လောက် ဆိုးဝါးတာမျိုးတော့ သူ ဘယ်တော့မှ မခံစားခဲ့ရဘူး။
အရိုးသားဆုံးပြောရရင် သူက ကျူးစန်းချိုးရဲ့မီးနတ်ဘုရားပုဆိန်ကိုသာ စိုးရိမ်တာပါ။ တကယ်တော့ အဲဒါက အဆုံးစွန်းအဆင့်လက်နက်တစ်ခုဖြစ်ပြီး ခုခံမှုနဲ့စွမ်းအင်အကာအကွယ်တွေကို အတိုင်းအတာတစ်ခုအထိ လစ်လျူရှုနိုင်တယ်လေ။
"ကောင်းကင်ဘုံမီးသူတော်စင်အရှင်၊ ဒီနေ့မင်းရဲ့ဆုံးဖြတ်ချက်အတွက် မင်းနောင်တရလိမ့်မယ်" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
ကျူးစန်းချိုးက အတော်လေးရှက်ရွံ့တဲ့အမူအရာဖြစ်နေတယ်၊ သူက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့ခွန်အားနဲ့အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်ယောက်ရဲ့စွမ်းပကားကို အထင်သေးခဲ့မိတာပဲ။
"ကျောက်စိမ်းကြယ်သူတော်စင်အရှင်၊ ကောင်းကင်ဘုံမီးသူတော်စင်အရှင်က မင်းကို လျော့တွက်ခဲ့ပေမယ့် ငါကတော့ မဟုတ်ဘူး။ ထာဝရချိတ်ပိတ်....."
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို ရပ်တန့်စေတဲ့စွမ်းအင်တစ်ခုကို ရိုက်ထုတ်လိုက်တယ်။
"သေစမ်း"
ရှားပါးတဲ့အခွင့်အရေးကို မြင်ပြီး ကျူးနန်းရှန်းက အမြင့်ခုန်တက်ကာ မီးနတ်ဘုရားပုဆိန်နဲ့ အားအင်အပြည့်ခုတ်ပိုင်းလိုက်တယ်။
ဖြောက်ဖြောက်......
ချီအကာအကွယ်၊ အသားနဲ့ အရိုးတွေက ခုတ်ပိုင်းခံလိုက်ရတယ်။ ပုဆိန်ကျလာတဲ့အခါ ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့အသက်စွမ်းအားက အနည်းဆုံး၂၀ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါပြီ။
ကျူးစန်းချိုးက ဒုတိယခုတ်ချက်ကို ဖော်ထုတ်ချင်ခဲ့တယ်.......
"မင်းက သေချင်နေတာပဲ"
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ချိတ်ပိတ်ကို ချိုးဖြတ်ကာ ကျူးစန်းချိုးရဲ့ရင်ဘက်အပေါ် လက်သီးတစ်ချက် ထိုးနှက်လိုက်တယ်။ ကျူးစန်းချိုးက လွင့်ထွက်သွားကာ သွေးပွက်ပွက်အန်ပြီး သူ့ရဲ့ရင်ဘက်ပေါ်မှာ နက်ရှိုင်းတဲ့ဖိနှိပ်ရာတစ်ခု ချန်ထားခဲ့တယ်။
ပြီးနောက် ချက်ချင်းပဲ ကြယ်အလင်းတစ်ခု ထိုးတက်သွားပြီး ရုတ်တရက် ကျုံ့သွားတယ်။ ပြီးနောက် ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ပျောက်ကွယ်သွားတော့တယ်။
"မယုံနိုင်စရာပဲ၊ သူက ငါ့ရဲ့ထာဝရချိတ်ပိတ်ကို တစ်ချက်တည်းနဲ့ ချိုးဖြတ်ခဲ့တာပဲ" ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့အမူအရာက လေးနက်သွားတယ်။
သူလည်းပဲ ကျောက်စိမ်းကြယ်သူတော်စင်အရှင်အား လျော့တွက်မိတာကို ဝန်ခံရမှာပဲ။ တစ်ယောက်ချင်းတိုက်ပွဲမှာ သူက မသေဖို့သာ ယုံကြည်ချက်ရှိတယ်၊ သူက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို လုံးဝအနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်မရှိပါဘူး။
ကျူးစန်းချိုးက ခေါင်းငုံ့ကာ သူ့ရင်ဘက်ကို ကြည့်လိုက်တယ်၊ သူ့မျက်လုံးတွေက အလွန်အမင်းမည်းမှောင်နေတယ်။
အရိုးသားဆုံးပြောရရင် သူက အခု အနည်းငယ် နောင်တရနေတယ်။ သူ အစကတွေးထားတာကတော့ သားရဲအာဏာရှင်သုံးကောင်နဲ့အတူတူပူးပေါင်းရင် ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို မသတ်နိုင်ရင်တောင် သူ့ရဲ့အရင်းမြစ်ကို ဒဏ်ရာအပြင်းအထန်ရစေနိုင်မှာပေါ့။ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဒီလောက်အားကောင်းပြီး သူတို့လေးယောက်ရဲ့လက်ထဲမှ လွတ်မြောက်သွားနိုင်မယ်လို့ သူ ဘယ်တော့မှ မတွေးထားခဲ့ဘူး။
"ကောင်းကင်ဘုံမီးသူတော်စင်အရှင်၊ စိုးရိမ်စရာမလိုပါဘူး၊ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က အားကောင်းနိုင်ပေမယ့် သူက မင်းရဲ့ကျူးကလန်ကို ဘာမှမလုပ်နိုင်ပါဘူး" ကောင်းကင်လှည့်သားရဲအာဏာရှင်က ဆိုလိုက်တယ်။
"ငါ သိတယ်" ကျူးစန်းချိုးက အသက်ရှုထုတ်လိုက်တယ်၊ သူ့မျက်လုံးတွေက တည်ငြိမ်မှုကို ပြန်လည်ရရှိသွားတယ်။
သူ့ရဲ့အကြီးမားဆုံးအားကိုးရာကတော့ ကျူးကလန်ရဲ့အခြေခံအုတ်မြစ်ပါပဲ။ အကြိုနတ်ဘုရားဘိုးဘေးချန်ထားခဲ့တဲ့အခြေခံအုတ်မြစ်နဲ့ဆိုရင် ကောင်းကင်အရှင်တစ်ယောက်ကတောင် ကျူးကလန်ကို မရင်ဆိုင်နိုင်ပါဘူး။
နန်းတော်ထဲ ဝင်ရောက်ပြီးနောက် သူတို့လေးယောက်က မဟာပျက်ဆီးခြင်းရတနာသုံးခုကို မြင်လိုက်ရတယ်။
မဟာပျက်ဆီးခြင်းရတနာသုံးခုကတော့ အနက်ရောင်ရူယီတောင်ဝှေးတစ်ခု၊ အနီရောင်နဂါးဦးချိုတစ်ခုနဲ့ခရမ်းရောင်မျက်လုံးတစ်လုံးတို့ပါပဲ။
သူတို့လေးယောက်သားက အသက်ရှုသံမြန်ဆန်နေလျက်ရှိတယ်။
အနက်ရောင်ရူယီတောင်ဝှေးက အနည်းဆုံးထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်၊ အနီရောင်နဂါးဦးချိုက ငရဲအာဏာရှင်တစ်ကောင်ရဲ့ဦးချိုဖြစ်နိုင်တယ်။ ခရမ်းရောင်မျက်လုံးအတွက်ကတော့ အဲဒါက ဘာလဲဆိုတာ မသိပေမယ့် ထွက်ပေါ်နေတဲ့အရှိန်အဝါအရ အဲဒါက သာမန်မဟုတ်တာသိသာပါတယ်။
မိကျောင်းပြာသားရဲအာဏာရှင်က တံတွေးမျိုချလိုက်မိတယ်၊ သူ့မျက်လုံးတွေက မထိန်းချုပ်နိုင်တဲ့အလိုဆန္ဒတွေ ဖြစ်ပေါ်နေတယ်။
ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုက အိမ်မက်ထဲမှာတောင် သူလိုချင်နေတဲ့အရာတစ်ခုပါပဲ။ ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုက သာမန်သားရဲအာဏာရှင်တစ်ကောင်ကို အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်တစ်ကောင်ရဲ့ခွန်အားကို ပိုင်ဆိုင်စေနိုင်တယ်။ အားကောင်းတဲ့သားရဲအာဏာရှင်တစ်ကောင်အတွက်ကတော့ သူ့မှာသာ ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရှိရင် သူက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကိုတောင် တိုက်ခိုက်နိုင်တယ်လို့ယုံကြည်ချက်ရှိတယ်။
ငရဲအာဏာရှင်ရဲ့ဦးချိုအတွက်ကတော့ အဲဒါက ပိုပြီးတော့တောင် မယုံနိုင်စရာကောင်းနေတယ်။
ငရဲအာဏာရှင်တစ်ကောင်က ထူးကဲစွာအားကောင်းလှပြီး စွမ်းအင်ယိုစိမ့်မှုတစ်ခုကတောင် သားရဲအာဏာရှင်တွေကို ပျောက်ကွယ်သွားစေနိုင်တယ်။
သာမန်အနေအထားမှာ ဒီငရဲအာဏာရှင်ရဲ့ဦးချိုက ငရဲအာဏာရှင်စွမ်းအင်အချို့ သေချာပေါက်ပါဝင်တယ်။ ဒါနဲ့ဆိုရင် တစ်ယောက်ယောက်က ငရဲအာဏာရှင်ရဲ့နယ်ပယ်ကို နားလည်နိုင်ပြီး အဲဒါကို လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်တယ်။
ခရမ်းရောင်မျက်လုံးအတွက်ကတော့ အဲဒါဘာလဲဆိုတာကို မိကျောင်းပြာသားရဲအာဏာရှင်က မသိပေမယ့် အဲဒါကို အခြားမဟာပျက်ဆီးခြင်းရတနာနှစ်ခုနဲ့အတူတကွထားထားတယ်။ တစ်ယောက်ယောက်က အဲဒါကို အသုံးမဝင်ဘူးလို့ပြောရင် မိကျောင်းပြာသားရဲအာဏာရှင်က ဘယ်တော့မှယုံကြည်လိမ့်မှာ မဟုတ်ဘူး။
အရေးကြီးဆုံးပြဿနာကတော့ သူတို့က လေးယောက်ရှိပေမယ့် မဟာပျက်ဆီးခြင်းရတနာသုံးခုသာ ရှိတယ်။ သူတို့ ဒါကို ဘယ်လိုခွဲရမှာလဲ။
ကောင်းကင်လှည့်သားရဲအာဏာရှင်ကတော့ သေချာပေါက် ရတနာတစ်ခုကို ယူလိမ့်မယ်။
ကောင်းကင်ဘုံမီးသူတော်စင်အရှင်ကျူးစန်းချိုးကလည်း သူတို့ထက် ပိုသန်မာပြီး သူလည်းပဲ တစ်ခုယူလိမ့်မယ်။
နောက်ဆုံးရတနာကို သူနဲ့ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့ အညီအမျှဘယ်လိုခွဲဝေမလဲ။
ကောင်းကင်လှည့်သားရဲအာဏာရှင်ကရော ရတနာတစ်ခုမျှနဲ့ ကျေနပ်နိုင်ရဲ့လား။
ကျူးစန်းချိုးက လူသားတစ်ယောက်ပဲ၊ ဘာလို့ သူ့ကို ရတနာတစ်ခုပေးရမှာလဲ။
ဘာလို့ သူမိကျောင်းပြာသားရဲအာဏာရှင်ကရော ရတနာတစ်ခုကို မရနိုင်ရမှာလဲ။
ချက်ချင်းပဲ အတွေးများစုံက ဝင်လာပြီး မိကျောင်းပြာသားရဲအာဏာရှင်ရဲ့မျက်လုံးတွေက အရိပ်အယောင်အမျိုးမျိုးဖြစ်နေတော့တယ်။
ကျူးစန်းချိုးရဲ့မျက်လုံးတွေလည်း အလားတူပါပဲ။ သူက ကောင်းကင်လှည့်သားရဲအာဏာရှင်နဲ့သူ့ကြားမှာ အကွာအဝေးတစ်ခုကို ခြားထားတယ်။ ရတနာတွေက လူတွေရဲ့နှလုံးသားကို ဖြားယောင်းနိုင်တယ်။ သူ့ရဲ့ပထမဦးစားပေးက သူ့ရဲ့ကိုယ်ပိုင်ဘေးကင်းမှုကို ကာကွယ်ဖို့ပါပဲ။
"ဟားဟားဟား၊ ငါ အနီရောင်နဂါးဦးချိုနဲ့ခရမ်းရောင်မျက်လုံးကို ယူမယ်။ ဒါပေမယ့် ငါ ဘယ်သူ့ကိုမှ မနစ်နာစေရပါဘူး။ ငါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသောင်းကို ပေးမှာပါ"
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသောင်းက ကောင်းကင်လှည့်သားရဲအာဏာရှင်အတွက် ဘာမှမဟုတ်ပါဘူး။
"ဒါဆို ဒီအနက်ရောင်ရူယီတောင်ဝှေးက ငါ့ဟာပဲ" ကျူးစန်းချိုးက ပြောလိုက်တယ်။
မိကျောင်းပြာသားရဲအာဏာရှင်က ပြောလိုက်တယ်"ဘာလို့ အဲဒါ မင်းဟာဖြစ်ရမှာလဲ"
"ဘာလို့ဆို ငါက မင်းထက်ပိုသန်မာလို့ပဲ" ကျူးစန်းချိုးက ပြင်းထန်တဲ့လေသံနဲ့ ပြောလိုက်တယ်။
"ဒါဆိုလည်း ငါ ကြည့်ရတာပေါ့လေ"
မိကျောင်းပြာသားရဲအာဏာရှင်က ကျူးစန်းချိုးကို မကြောက်ပါဘူး။
ပထမကတော့ ကောင်းကင်လှည့်သားရဲအာဏာရှင်က ကျူးစန်းချိုးကို မကူညီဘူး။
ဒုတိယကတော့ သူနဲ့ကျောက်တုံးနက်သားရဲအာဏာရှင်က အတူတကွအလုပ်လုပ်ရင် သူတို့က ကျူးစန်းချိုးထက် အားမနည်းနိုင်ပါဘူး။
တတိယကတော့ ကောင်းကင်လှည့်သားရဲအာဏာရှင်က သူတို့ကိုတောင် ကူညီနိုင်တယ်။
"အားလုံးအညီအမျှဖြစ်သွားရအောင် ဒီမဟာပျက်ဆီးခြင်းရတနာသုံးခုစလုံးကို ငါ ယူသွားမယ်"
ဓားအလင်းတစ်ခုက နန်းတော်ထဲကို ရုတ်တရက် ပြေးဝင်လာတယ်။
ရွှမ်း......
အနီရာင်နဂါးဦးချိုကို ဓားအလင်းက ရစ်ပတ်သွားပြီးနောက် ပျောက်ကွယ်သွားတယ်။
တစ်ဆက်တည်းမှာပဲ အနက်ရောင်ရူယီတောင်ဝှေးကလည်း ပျောက်ကွယ်သွားတော့တယ်။
“
"သေချင်းဆိုးလေး၊ ငရဲကို သွားလေတော့"
ကောင်းကင်လှည့်သားရဲအာဏာရှင်က ဒေါသထွက်သွားတယ်။ သားရဲချီက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ကြောက်စရာကောင်းတဲ့ဝံပုလွေပုံရိပ်တစ်ခုက ဓားအလင်းကို ကိုက်လိုက်တယ်။
"ကောင်းကင်လှည့်သားရဲအာဏာရှင်၊ ငါတို့ နောက်တစ်ကြိမ်ပြန်တွေ့ပြီးပဲ"
ဓားအလင်းက တုန်ခါသွားပြီး ငွေရောင်ဓားပင်လယ်တစ်ခုက ဧရာမဝံပုလွေပုံရိပ်ကို တိုက်ခိုက်ဖို့ တစ်ဟုန်ထိုးတက်လာတယ်။
ဝုန်း ဒုံး......
ဧရာမဝံပုလွေပုံရိပ်က မဖျက်ဆီးနိုင်တဲတောင်တစ်ခုပမာ ဓားပင်လယ်ရဲ့အလယ်မှာ ရပ်နေတယ်။ ဓားပင်လယ်က သိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုမရှိဘဲ သူ့ကို ခုတ်ပိုင်းနေတယ်၊ ဒါပေမယ့် ဧရာမဝံပုလွေပုံရိပ်ကလည်း ရှေ့ကို ရွေ့လျားဖို့ မဖြစ်နိုင်ဘူးဖြစ်နေတယ်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်အချိန်တုန်းက သူ့ခွန်အားက ဒီလောက်တောင် အားကောင်းလာတာလဲ" ကောင်းကင်လှည့်သားရဲအာဏာရှင်က အံ့ဩတုန်လှုပ်သွားတယ်။
မကြာသေးခင်က လီဖူချန်းအနေနဲ့ သူ့အတွက် ပြိုင်ဘက်တစ်ယောက်ဖြစ်နိုင်ဖို့ ဝေးကွာလွန်းခဲ့တယ်လေ၊ ဒါပေမယ့် အခု ဒီဓားကွက်က အားကောင်းလွန်းနေတယ်။
"ကောင်းကင်လှည့်သားရဲအာဏာရှင်က တကယ်ပြောင်မြောက်လှတယ်"
ထိူလူက လီဖူချန်းကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။
အဝေးမှ လီဖူချန်းက စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး နန်းတော်အတွင်းရှိအနေအထားကို အာရုံခံနိုင်ခဲ့တယ်။ ဒါပေမယ့် သူက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို မမြင်ခဲ့တာကြောင့် စောစောကဘာဖြစ်ခဲ့တာကို မသိခဲ့ပါဘူး။
လီဖူချန်းမှာ စူးရှတဲ့မျက်လုံးတွေရှိတယ်။ အခြားတစ်ယောက်ယောက်သာ ဆိုရင် သူက ဓားပင်လယ်ထဲမှာ နစ်မြုပ်သွားတာနဲ့ ဓားပင်လယ်ကို ရင်ဆိုင်နိုင်လိမ့်မှာ မဟုတ်ဘူး။ ကောင်းကင်လှည့်သားရဲအာဏာရှင်ကသာ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ဖိနှိပ်နိုင်တယ်။
"ဓားသူတော်စင်အရှင်လီဖူချန်းလား"
ကောင်းကင်လှည့်သားရဲအာဏာရှင်တင် အံ့အားသင့်သွားတာမဟုတ်၊ ကျူးစန်းချိုး၊ ကျောက်တုံးနက်သားရဲအာဏာရှင်နဲ့မိကျောင်းပြာသားရဲအာဏာရှင်တို့ကလည်း အံ့အားသင့်သွားကြတယ်။
အထူးသဖြင့် ကျူးစန်းချိုးနဲ့ကျောက်တုံးနက်သားရဲအာဏာရှင်တို့ပေါ့။ သူတို့က နှစ်ယောက်က သရဲတစ်ကောင်ကို မြင်နေရသလို ကြည့်နေကြတယ်။
"ငါ သူ့ကို ဒီနေရာမှာ ဖယ်ရှားရမယ်" ကျူးစန်းချိုးရဲ့ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။
လီဖူချန်းက အန္တရာယ်များလွန်တယ်၊ သူထင်ထားတာထက် အဆမရေမတွက်နိုင်စွာ အန္တရာယ်များလွန်တယ်။ လီဖူချန်းက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ထက် အန္တရာယ်ပိုများတယ်လို့ သူက ခံစားမိတယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က အားကောင်းနိုင်ပေမယ့် သူ့ခွန်အားက တည်မြဲနေပြီ၊ နှစ်ပေါင်းတစ်သောင်းဒါမှမဟုတ်တစ်သိန်းကျော်ရင်တောင် အများကြီးမတိုးတက်လာနိုင်တော့ဘူး။
လီဖူချန်းက ခြားနားတယ်၊ သူက မယုံနိုင်လောက်တဲ့အရှိန်နဲ့တိုးတက်လာနေတယ်။
ကျူးစန်းချိုးက စကြာဝဠာကို နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့တယ်၊ သူ ဘယ်တော့မှ လီဖူချန်းလိုပါရမီရှင်တစ်ယောက်ကို မမြင်ခဲ့ဖူးဘူး။
သူက လီဖူချန်းကို ဆက်လက်ကြီးထွားခွင့်ပြုနေရင် ကျူးကလန်က တစ်ချိန်ကျရင် အမြစ်မှဖယ်ရှားခံရလာနိုင်တယ်။
ဒါက ကျူးစန်းချိုးမမြင်ချင်တဲ့အရာပါပဲ၊ ဒါကြောင့် သူက လီဖူချန်းရဲ့အထက်မှာ ရှိနေတုန်း လီဖူချန်းကို အမြန်ဖယ်ရှားရလိမ့်မယ်။
***