စူးစမ်းရှာဖွေရေးအဖွဲ့
Vol. 65 Ch. 889
မဟာပျက်ဆီးခြင်းကမ္ဘာက အခွင့်အလမ်းတွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာတစ်ခုဖြစ်ပေမယ့် သေဆုံးခြင်းနှုန်းကလည်း မြင့်မားတယ်။
လူသားသူတော်စင်တွေနဲ့သားရဲအရှင်သခင်များစွာက ကျဆုံးခဲ့ရတယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကတောင် ဒဏ်ရာရသွားခဲ့တယ်။
သားရဲအာဏာရှင်သုံးယောက်သေသွားပြီး အဲဒါက အားလုံးကို အံ့အားသင့်စေခဲ့တယ်။
ဒါပေမယ့် သားရဲအာဏာရှင်သုံးယောက်လုံးကို လီဖူချန်းသတ်ခဲ့တာ သူတို့တွေ့မိရင်တော့ သူတို့ဘယ်လောက်ထိတ်လန့်တုန်လှုပ်သွားမလဲဆိုတာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။
"ဓားသူတော်စင်အရှင်၊ မင်း မိကျောင်းပြာသားရဲအာဏာရှင်နဲ့ကျောက်တုံးနက်သားရဲအာဏာရှင်တို့ကို သတ်ခဲ့တာလား" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က မယုံကြည်နိုင်ဖြစ်နေတယ်။
သူတောင်မှ သူတို့နှစ်ယောက်ကို မသတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် လီဖူချန်းက လုပ်နိုင်ခဲ့တယ်။ လီဖူချန်းက အခု သူ့ထက် အဆင့်ပိုမြင့်တယ်လို့ ဆိုလိုတာလား။
မေးခွန်းကို ကြားပြီး လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
လီဖူချန်း ဝန်ခံတာကို မြင်ပြီး ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက လေးနက်တည်ကြည်သွားကာ လေးစားစွာ ပြောလိုက်တယ်"ငါ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က တစ်ယောက်ယောက်ကို သဘောကျတာ ရှားတယ်၊ ဓားသူတော်စင်အရှင်၊ မင်းက သူတို့အထဲကတစ်ယောက်ပဲ"
လီဖူချန်း ဘယ်လိုကံကြမ္မာအခွင့်အလမ်းတွေ တွေ့တွေ့ကိစွမရှိဘူး။ ဒီလိုအချိန်တိုအတွင်းမှာ တိုးတက်နိုင်တာက လီဖူချန်းရဲ့အလားအလာကို သက်သေပြခဲ့တယ်။
နတ်ဆိုးသားရဲတွေက သားရဲအာဏာရှင်သုံးယောက်နဲ့သားရဲအရှင်သခင်များစွာကို ဆုံးရှုံးခဲ့ရတာကြောင့် သူတို့ရဲ့အလုံးစုံခွန်အားက လူသားတွေထက် လျော့နည်းတယ်။ သူတို့က လျင်မြန်စွာ ထွက်ခွာသွားကြတယ်၊ လူသားတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လုပ်ဆောင်မှာကို သူတို့က ကြောက်ရွံ့သွားကြလို့ပဲ။
ကျူးစန်းချိုးက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို သစ္စာဖောက်ခဲ့တာကြောင့် သူလည်း နတ်ဆိုးသားရဲတွေနဲ့ ထွက်ခွာသွားခဲ့တယ်။
တစ်ယောက်ချင်းတိုက်ပွဲမှာ ကျူးစန်းချိုးက တစ်ယောက်မှကို မကြောက်ပေမယ့် အများကြီးကိုဆန့်ကျင့်တိုက်ခိုက်ဖို့အထိတော့ သတ္တိမရှိပါဘူး။
လူသားတွေကလည်း ဘာလှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပါဘူး။
ဒီနေရာက အရှေ့ယူနီကွန်တိုက်ကြီးပါပဲ၊ စစ်ပွဲတစ်ခုစတင်ရင် အကျိုးဆက်က ပြင်းထန်လာလိမ့်မယ်။
"နတ်ဆိုးသားရဲတွေက ရိုင်းစိုင်းလွန်းတယ်၊ အခုက သူတို့ကို ဆုံးမဖို့အချိန်ပဲ" နဂါးသွဲ့ပန်းသူတော်စင်အရှင်မက မျက်မှောင်ကြုတ်လိုက်တယ်။
နတ်ဆိုးတွေက ဘယ်အချိန်မဆို ပြန်ရောက်လာနိုင်တယ်။ နတ်ဆိုးသားရဲတွေက မကူညီရင်တောင် အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် သူတို့က ကူညီမဲ့အစားဆန့်ကျင့်ဘက်ကို ပြုလုပ်နေတာကြောင့် နဂါးသွဲ့ပန်းသူတော်စင်အရှင်မက မကျေမနပ်ဖြစ်နေတယ်။
နတ်ဆိုးသားရဲတွေက အထွတ်အထိပ်အဆင့်သားရဲအာဏာရှင်ဖြစ်တဲ့ကောင်းကင်လှည့်သားရဲအာဏာရှင်နဲ့သာ ထွက်သွားခဲ့တယ်။ လူသားတွေမှာတော့ ကျောက်စိမ်းကြယ်သူတော်စင်အရှင်၊ နဂါးသွဲ့ပန်းသူတော်စင်အရှင်မနဲ့လီဖူချန်းတို့အားလုံးက အထွတ်အထိပ်အဆင့်သူတော်စင်တွေပါပဲ။ စစ်ပွဲတစ်ခုဖြစ်လာရင် နတ်ဆိုးသားရဲတွေက သေချာပေါက်ရှုံးနိမ့်သွားရလိမ့်မယ်။
စိတ်မကောင်းစရာတစ်ခုကတော့ ကျူးစန်းချိုးက ယုံကြည်စိတ်ချလို့မရလို့ပဲ၊ မဟုတ်ရင် ကျူးစန်းချိုးရဲ့အကူအညီပါလာရင် နတ်ဆိုးသားရဲတွေကို ရင်ဆိုင်ရာမှာ လွယ်ကူလွန်းပါတယ်။
…
အရှေ့ယူနီကွန်တိုက်ကြီးက အဆင့်မြင့်တိုက်ကြီးတစ်ခု ဖြစ်လာတာက နက်ပြာပလိန်းရဲ့ဗဟိုချက်ဖြစ်လာသလိုပါပဲ။ သူတော်စင်နဲ့သားရဲအရှင်သခင်တွေက ဒီနေရာကို မကြာခဏလာရောက်ကြတယ်။ အချက်အလက်အရ ဂိုဏ်းအများစုက ဂိုဏ်းခွဲတွေကို အရှေ့ယူနီကွန်တိုက်ကြီးမှာ စတင်တည်ထောင်လာကြပြီး လူတွေကို အဆက်မပြတ် ပို့ဆောင်လာကြတယ်။
လက်ရှိမှာတော့ အခြားကြယ်ပိုင်နက်တွေနဲ့ချိတ်ဆက်ထားတဲ့အာကာသ-အချိန်လမ်းကြောင်းတွေကို အရှေ့ယူနီကွန်တိုက်ကြီးပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တယ်။ လီဖူချိန်းက အစွန်းအလင်းကြယ်ပိုင်နက်ကို အရင်က သွားခဲ့တယ်၊ ဒီတစ်ကြိမ်မှာတော့ သူက ရှေးကျောက်တုံးကြယ်ပိုင်နက်ကို ရွေးချယ်ခဲ့တယ်။
ရှေးကျောက်တုံးကြယ်ပိုင်နက်က အကြွင်းအကျန်ကြယ်ပိုင်နက်တစ်ခုပါပဲ။ ဒီကြယ်ပိုင်နက်ကို ရှေးခေတ်ကတည်းက စွန့်ပစ်ထားကြတယ်။ အခြေခံအားဖြင့် လူနေထိုင်တဲ့ပလိန်းတွေ မရှိကြပါဘူး၊ ရှေးကျောက်တုံးကြယ်ပိုင်နက်မှာနေထိုင်သူတွေက ပုံမှန်အားဖြင့် ပြောင်မြောက်တဲ့စူးစမ်းရှာဖွေသူတွေပါပဲ။
အကြွင်းအကျန်ကြယ်ပိုင်နက်တစ်ခုအနေနဲ့ သက်ရှိအရေအတွက်ရှားပါးတာကြောင့် ရှေးကျောက်တုံးကြယ်ပိုင်နက်တစ်ခုလုံးမှာ အချိန်သဲမြို့လို့ခေါ်တဲ့စကြာဝဠာမြို့တစ်ခုသာ ရှိတယ်။
အချိန်သဲမြို့အရှင်ဖြစ်တဲ့အချိန်သဲကောင်းကင်ဘုံအရှင်က ရှေးခေတ်ကတည်းကတည်ရှိခဲ့တဲ့ကြောက်စရာကောင်းတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်ပါပဲ။ သူက အချိန်ကို ထိန်းချုပ်နိုင်ပြီး သေသူကို ပြန်ရှင်စေနိုင်တယ်လို့ ကောလဟာလရှိတယ်။ ကောင်းကင်ဘုံအရှင်တွေကြားမှာတောင် သူက အထွတ်အထိပ်မှာ ရှိလိမ့်မယ်။
အချိန်သဲမြို့ရဲ့အပြင်ဘက်အသွင်အပြင်က တကယ်အံ့အားသင့်စရာကောင်းတယ်။
မြို့တစ်ခုလုံးကို သဲတွေဖြင့် တည်ဆောက်ထားတယ်။ အရေးကြီးဆုံးကတော့ သဲတွေက အဆက်မပြတ်ရွေ့လျားနေတယ်။ ဒါပေမယ့် ရှေးခေတ်ကတည်းက အချိန်သဲမြို့က ဘယ်တော့မှ သေးငယ်လာခြင်းမရှိပါဘူး။
အချိန်သဲမြို့ထဲမှာ အသွားအလာက စိတ်ဝိညာဉ်တစ်သောင်းမြို့ထက် အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင် ပိုနည်းတယ်။ လမ်းအချို့ပေါ်မှာ အခြားမျိုးနွယ်အနည်းငယ်ကသာ လမ်းလျှောက်နေတယ်။ ဘေးဘက်မှာ ဆိုင်တွေလည်း အများကြီးမရှိသလို အချို့က လုံးဝဗလာဖြစ်နေတယ်။
အတော်လေးရှုပ်ထွေးတဲ့လမ်းဆုံတစ်ခုမှာတည်ရှိတဲ့စားသောက်ဆိုင်တစ်ခုထဲမှာ လီဖူချန်းက ပြတင်းပေါက်ဘေးမှာ ထိုင်နေတယ်။
"အချိန်သဲမြို့က တကယ်ကို မယုံနိုင်စရာပဲ။ ဒီနေရာမှာ ထိုင်နေချိန်မှာ ငါက အချိန်စီးဆင်းမှုကိုတောင် မခံစားနိုင်ဘူး"
အချိန်တာအိုက နားလည်ဖို့အလွန်ခက်ခဲတယ်။ လီဖူချန်းကတောင် သူ့မှာ လမ်းညွှန်မှုတစ်ခုမှ မရှိရင် အချိန်တာအိုကို နားလည်ဖို့က မဖြစ်နိုင်လုနီးပါးပါပဲ။
အချိန်သဲကောင်းကင်ဘုံအရှင်ရဲ့တာအိုက အချိန်တာအိုဒါမှမဟုတ်ရှေးဦးဖရိုဖရဲသဲတာအိုဖြစ်လောက်တယ်လို့ လီဖူချန်းက ယူဆတယ်။ သူက ဒီတာအိုမှာ ကျွမ်းကျင်ပြီး အချိန်ကို ရိုးရိုးရှင်းရှင်းထိန်းချုပ်နိုင်တယ်။ တစ်ယောက်ယောက်ကိုအသက်ပြန်ရှင်စေနိုင်တာကတော့ မဖြစ်နိုင်လောက်ပါဘူးလေ။
ဒုန်း ဒုန်း ဒုန်း....
ခြေသံတွေကို ကြားနိုင်တယ်။ မျက်နှာမှာပတ်တီးစီးထားတဲ့အရပ်ရှည်ရှည်အမျိုးသမီးတစ်ယောက်က လျှောက်လာနေတယ်။
"အမ်" လီဖူချန်းကို မြင်တဲ့အခါ ပတ်တီးစီးထားတဲ့အမျိုးသမီးရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
အချိန်သဲမြို့မှာ သူတော်စင်အရှင်တွေများစွာရှိပေမယ့် အနည်းငယ်ကသာ သူမအတွက် အန္တရာယ်ရှိတယ်လို့ ခံစားမိစေနိုင်တယ်။
"ငါ့နာမည်က ကူးလီရှာ၊ ဒီဆရာက ရှေးကျောက်တုံးဥယျာဉ်ကို ရှာဖွေရာမှာ စိတ်ဝင်စားမလားကို ငါ သိချင်တယ်"
ရှေးကျောက်တုံးဥယျာဉ်က ရှေးကျောက်တုံးကြယ်ပိုင်နက်ရှိအကျော်ကြားဆုံးအပျက်အဆီးတွေထဲကတစ်ခုပါပဲ၊ အဲဒါက အန္တရာယ်အရှိဆုံးအပျက်အဆီးတွေထဲကတစ်ခုလည်း ဖြစ်တယ်။ သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားနဲ့ဆိုရင်တောင် ရှေးကျောက်တုံးဥယျာဉ်ကို ဝင်ရောက်တာက သေခြင်းတရားရှာဖွေနေတာနဲ့အတူတူပါပဲ။ ကူးလီရှာက ရှာဖွေဖော်ထုတ်ရေးအဖွဲ့တစ်ခုရဲ့အရေးကြီးအဖွဲ့ဝင်တွေထဲကတစ်ယောက် ဖြစ်တယ်။ သူမရဲ့တာဝန်က အဖွဲ့အတွက်ပြောင်မြောက်တဲ့သူတော်စင်အရှင်တွေကို ရှာဖွေဖို့ဖြစ်တယ်။
"ရှေးကျောက်တုံးဥယျာဉ်လား"
လီဖူချန်းက အချိန်သဲမြို့မှာ ရှိတာ ရက်အချို့ရှိပြီ၊ သူက ရှေးကျောက်တုံးဥယျာဉ်ရဲ့အချက်အလက်အချို့ကို သိထားခဲ့တယ်။
၎င်းရဲ့အထွတ်အထိပ်ခေတ်အတွင်း ရှေးကျောက်တုံးဥယျာဉ်က ရှေးကျောက်တုံးကြယ်ပိုင်နက်ရဲ့ထုတ်ကုန်တစ်ခု ဖြစ်ခဲ့တယ်။ စကြာဝဠာထဲမှာ တိမ်ကောသွားတဲ့ပန်းပင်အချို့ အတွင်းမှာ ရှိတယ်။ ရှေးကျောက်တုံးဥယျာဉ်တစ်ခုလုံးက သေးငယ်တဲ့ကြယ်စနစ်တစ်ခုလို ဖြစ်ပေမယ့် အဲဒါကို အစီအရင်ဖြင့်ဝန်းရံထားတာကြောင့် ၎င်းကို ကြည့်ရတာ ဥယျာဉ်တစ်ခုပုံစံပေါက်နေခဲ့တယ်။
"မင်းတို့မှာ အဖွဲ့ဝင်ဘယ်လောက်ရှိလဲ။ ခွန်အားအဆင့်က ဘာလဲ"
လီဖူချန်းက ရှေးကျောက်တုံးကြယ်ပိုင်နက်မှာ အချိန်တွေဖြုန်းဖို့အစီအစဉ်မရှိပါဘူး။ ရှေးကျောက်တုံးဥယျာဉ်ကို ဝင်ရောက်တာက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်တယ်။
ကူးလီရှာက ဖြေတယ်"ငါတို့မှာ အဖွဲ့ဝင်စုစုပေါင်း၁၈ယောက်ရှိပြီ၊ သူတို့အားလုံးက သူတော်စင်အရှင်တွေပဲ"
"ငါ့ကို သူတို့ကိုကြည့်ဖို့ ခေါ်သွားပါ"
အဖွဲ့ဝင်တွေကို မြင်ပြီးမှ လီဖူချန်းက ဆုံးဖြတ်ချင်ခဲ့တယ်။ အဖွဲ့ဝင်တွေက လုံလုံလောက်လောက်အားမကောင်းရင် သူက ရှေးကျောက်တုံးဥယျာဉ်ကို တစ်ယောက်တည်း ရှာဖွေဖော်ထုတ်ရလိမ့်မယ်။
"ကောင်းပြီ၊ ငါ့နောက် လိုက်လာပါ"
စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ကူးလီရှာက လီဖူချန်းကို သီးခြားလမ်းတစ်ခုဆီ ခေါ်ဆောင်သွားတယ်။
လမ်းထောင့်ရှိစားသောက်ဆိုင်တစ်ခုအထဲမှာ သူတော်စင်အရှင်တစ်စုက စုရုံးနေတယ်။
ချီတည်ရှိမှုအရ နတ်ဆိုးတွေ၊ သမန်းဝံပုလွေတွေ၊ မြူခိုးမျိုးနွယ်ဝင်တွေနဲ့ လူသားနှစ်ယောက်တောင် ရှိနေတယ်။
"ဟားဟား၊ နောက်ထပ်လူသားတစ်ယောက်"
လီဖူချန်းကို မြင်ပြီးနောက် လူသားသူတော်စင်အရှင်နှစ်ယောက်က အလွန်ပျော်ရွှင်သွားတော့တယ်။ လူသားတွေက မစည်းရုံးပေမယ့် အရေးကြီးတဲ့အချိန်မှာ သူတို့လိုလူသားတွေကိုသာအားကိုးရမယ်ဆိုတဲ့အတွေးအခေါ်ကိုတော့ သူတို့က နားလည်သေးတယ်။
"ဘယ်လိုလဲ" ကူးလီရှာက လီဖူချန်းကို ကြည့်လိုက်တယ်။
"ကောင်းပြီ၊ ငါ ပူးပေါင်းမယ်"
သူတို့ရဲ့ချီတည်ရှိမှုတွေက တစ်ယောက်နဲ့တစ်ယောက်အကြားမှာ အတော်လေးအချိတ်အဆက်ရှိနေတာကြောင့် ဒီအဖွဲ့က အကြိမ်ပေါင်းများစွာပူးပေါင်းဆောင်ရွက်ခဲ့တာကို လီဖူချန်းက မြင်နိုင်တယ်။
ယာယီဖွဲ့စည်းခဲ့တဲ့အဖွဲ့တစ်ခုသာဆိုရင် ချီတည်ရှိမှုတွေက လိုက်လျောညီထွေရှိလိမ့်မှာ မဟုတ်ဘူး၊ ဒိလိုအဖွဲ့တစ်ခုက အတွင်းပိုင်းပြဿနာတွေ အလွယ်တကူဖြစ်ပေါ်လာနိုင်တယ်။
လီဖူချန်းက အတွေ့အကြုံများတဲ့အဖွဲ့တစ်ခုကိုပဲ လိုအပ်တယ်လေ။
***