← Chapters

ဝံပုလွေအရိပ်

Vol. 65 Ch. 890

ဝံပုလွေအရိပ်

Vol. 65 Ch. 890

လီဖူချန်းက ရှေးကျောက်တုံးဥယျာဉ်ကို ရှာဖွေဖို့ ပြင်ဆင်နေသလို အစွန်းအလင်းကြယ်ပိုင်နက်ထဲမှာ လီဖူချန်းရဲ့လူဝင်စားဖြစ်တဲ့သမန်းဝံပုလွေလီဖူချန်းလည်း သူ့ရဲ့ကိုယ်ပိုင်ဘဝကို စတင်နေတယ်။

ဂလင်းမာမြို့။

"ကြည့်စမ်း၊ အဲဒါ အကြီးအကဲကွေ့လီပဲ၊ သူ မသေသေးဘူးပဲ"

"ဘာဖြစ်နေတာလဲ။ သူက တိုက်ပွဲမှာ အသတ်ခံလိုက်ရတယ်လို့ သူတို့ ပြောခဲ့တယ်မလား"

"သူ ကံကောင်းသွားတာ ဖြစ်နိုင်တယ်"

"အရိုးသားဆုံးပြောရရင် အကြီးအကဲကွေ့လီက တကယ်သနားဖို့ကောင်းတယ်။ သူ့ရဲ့အစောပိုင်းနေ့ရက်တွေမှာ သူ့ရဲ့ငယ်ရည်းစားက သူ့ကို စွန့်ပစ်ပြီး ဝံပုလွေအရှင်ကို ရွေးချယ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာအနှောင်အယှက်ကို ပင်ပန်းဆင်းရဲစွာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် သူက လက်ထပ်ခဲ့ပြီးကလေးတစ်ယောက် ရှိလာတယ်။ သူ့ဇနီးနဲ့သူ့ကလေးက မတော်တဆမှုတစ်ခုမှာ သေဆုံးသွားလိမ့်မယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားခဲ့ဘူး။  ပြီးတော့ သူ့အကိုမာဂတ်လည်း သေဆုံးသွားခဲ့တယ်။ သူလည်းပဲ အပြင်မှာ သေလုနီးပါးဖြစ်ခဲ့ရတယ်။ ငါ့အမြင်အရ သူက ကျိန်စာအချို့မိထားပုံပဲ။ ရှေးကျောက်တုံးကြယ်ပိုင်နက်မှာ ကျိန်စာတွေနဲ့ပြည့်နှက်နေတဲ့နေရာတွေအများကြီးရှိတယ်လို့ သူတို့ ပြောခဲ့တယ်မလား"

လမ်းပေါ်မှာ ဝံပုလွေသူတော်စင်နှစ်ယောက်က သမန်းဝံပုလွေလီဖူချန်းကို မြင်ပြီး အ‌‌တော်လေးထိတ်လန့်သွားခဲ့ကြတယ်။

သူတို့ရဲ့အမူအရာကို မြင်ပြီး လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။

ကွေ့လီက တိုက်ပွဲမှာ မသေခဲ့ဘူး၊ သူက သစ္စာဖောက်ခံရတာပဲ။ သူ့မှာ အထွတ်အထိပ်တည်နေရာရွှေ့ပြောင်းရေးအဆောင်တစ်ခု မရှိခဲ့ရင် မျက်စိတစ်မှိတ်အတွင်း သူက တည်နေရာမရွှေ့ပြောင်းနိုင်ခဲ့ရင် သူက အလောင်းတောင်ကျန်ခဲ့လိမ့်မှာ မဟုတ်ဘူး။

"အကြီးအကဲကွေ့လီ၊ မင်းက‌ သေသွားပြီးလို့ အားလုံးက ထင်ထားခဲ့တာ။ မင်း အသက်ရှင်နေသေးတာကို ဝံပုလွေအရှင်သိရင် သူ သေချာပေါက်ပျော်ရွှင်သွားလိမ့်မယ်"

ကွေ့လီက ဝံပုလွေအရိပ်ရဲ့အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူတို့မှာ စုစုပေါင်းအကြီးအကဲ၁၅ယောက်သာ ရှိတယ်။ သမန်းဝံပုလွေသူတော်စင်နှစ်ယောက်က ထိတ်လန့်သွားပြီးနောက် သူတို့က သမန်းဝံပုလွေလီဖူချန်းကို လျင်မြန်စွာကြိုဆိုခဲ့ကြတယ်။

"အကြီးအကဲကွေ့စဲနဲ့အကြီးအကဲစိုလော့တို့ ဂလင်းမာမြို့ထဲမှာ ရှိလား" သမန်းဝံပုလွေလီဖူချန်းက မေးလိုက်တယ်။

"အကြီးအကဲကွေ့စဲနဲ့အကြီးအကဲစိုလေ့ာတို့က မကြာသေးခင်ကမှ ဂလင်းမာမြို့က ထွက်သွားတယ်။ သူတို့ပြန်ရောက်လာဖို့ အချိန်အချို့ ကြာလောက်တယ်" သမန်းဝံပုလွေသူတော်စင်တစ်ယောက်က ဖြေလိုက်တယ်။

"ကောင်းပြီလေ၊ ဒါတို ငါ့ကို ဝံပုလွေအရှင်ထံ ‌ခေါ်သွားပေး" သမန်းဝံပုလွေလီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

"ဟုတ်ကဲ့" သမန်းဝံပုလွေသူတော်စင်နှစ်ယောက်က လမ်းကို ဦးဆောင်သွားတယ်။

မကြာမီမှာ သူတို့သုံးယောက်က ဧရာမအနက်ရောင်ရဲတိုက်တစ်ခုအ‌ရှေ့ကို ရောက်ရှိသွားတယ်။ အဲဒါက မြို့ရဲ့အနောက်ဘက်ပိုင်းမှာ တည်ရှိပြီး ကြီးမားတဲ့မြေနေရာကို ယူထားတယ်။

ဒီအနက်ရောင်ရဲတိုက်က ဝံပုလွေအရိပ်ရဲ့ဌာနချုပ်ပါပဲ။

ဝံပုလွေအရိပ်က ဂလင်းမာမြို့ရဲ့အကြီးမားဆုံးသမန်းဝံပုလွေဂိုဏ်းဖြစ်တယ်။

"အကြီးအကဲကွေ့လီ၊ ဝင်လာပါ"

သူတို့  ရဲတိုက်ထဲကို ဝင်ရောက်တာနဲ့ မြင့်မြတ်တဲ့အရှိန်အဝါနဲ့လူတစ်ယောက်နဲ့အကြွင်းမဲ့အလှရှင်တစ်ယောက်က ကြိုဆိုလိုက်တယ်။

ဝံပုလွေအရှင်ဒရစ်၊ ဝံပုလွေအရိပ်ရဲ့ခေါင်းဆောင်၊ အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ဖီးလီ၊ ဝံပုလွေအရှင်ရဲ့ဇနီး၊ ကွေ့လီရဲ့ငယ်ချစ်သူ။

"ဝံပုလွေအရှင်" သမန်းဝံပုလွေလီဖူချန်းက အေးစက်တဲ့အမူအရာနဲ့ နှုတ်ဆက်လိုက်တယ်။ ဒရစ်က ဂရုမစိုက်ခဲ့ဘူး၊ သူက သမန်းဝံပုလွေလီဖူချန်းကို ရဲတိုက်ခန်းမထဲသို့ ဖိတ်ခေါ်ခဲ့တယ်။

ဝံပုလွေအရှင်ဒရစ်နဲ့ဖီးလီအပြင် အခြားဝံပုလွေအကြီးအကဲရှစ်ယောက်လည်း ဒီနေရာမှာ ရှိတယ်။

လူတိုင်းက သတင်းကို သိရှိပြီးသည်မှာ သိသာတယ်။

"ကွေ့လီ၊ မင်း တိုက်ပွဲမှာ သေသွားတယ်လို့ ကွေ့စဲနဲ့စိုလော့က ပြောခဲ့တယ်" ဝံပုလွေအရိပ်အကြီးအကဲတစ်ယောက်က သံသယနဲ့ မေးလိုက်တယ်။

လီဖူချန်းက ရှင်းပြလိုက်တယ်"ဇာတ်ကြောင်းပြန်ရရင်တော့ ငါက အပျက်အဆီးအဆီးတစ်ခုမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို ရှာတွေ့ခဲ့ပြီး အဲဒါကပဲ ငါ့ကို အသက်ရှင်စေခဲ့တယ်"

"ထူးဆန်းတယ်၊ ဘာလို့ အဲဒါနဲ့ပတ်သက်ပြီး ကွေ့စဲနဲ့စိုလော့က မပြောခဲ့တာလဲ" နောက်ထပ်သမန်းဝံပုလွေအကြီးအကဲတစ်ယောက်က ‌ဦးနှောက်ခြောက်သွားတယ်။

လီဖူချန်းက ပြောလိုက်တယ်"ပြန်ပြောရရင် ငါ့ရဲ့အရင်းမြစ်က အပြင်းအထန်ဒဏ်ရာရထားခဲ့တယ်၊ အထွတ်အထိပ်တည်နေရာရွှေ့ပြောင်းရေးအဆောင်ကို အသက်သွင်းပြီးနောက် ငါ အသက်မရှင်လောက်တော့ဘူးလို့ ကွေ့စဲနဲ့စိုလော့တို့က ထင်ခဲ့တယ်ဖြစ်မယ်"

"ဟားဟား၊ ဘာလို့ ဒီလောက် ခေါင်းရှုပ်ခံနေမှာလဲ။ အကြီးအကဲကွေ့လီပြန်ရောက်လာနိုင်တာက သေချာပေါက်ကြီးကျယ်တဲ့အရာတစ်ခုပဲလေ။ ကျန်တာတွေက အရေးမကြီးပါဘူး" ဝံပုလွေအရှင်ဒရစ်က ရယ်ကာ ပြောလိုက်တယ်။

"ဒါ ဟုတ်တယ်"

"ဝံပုလွေအရှင် ပြောတာမှန်တယ်"

ဝံပုလွေအရိပ်အကြီးအကဲအားလုံးက ခေါင်းညိတ်လိုက်တယ်။

ဝံပုလွေအရိပ်မှာ အကြီးအကဲစုစုပေါင်း၁၅ယောက်သာ ရှိပြီး သူတို့တစ်ယောက်ချင်းစီမှာ သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။ အကြီးအကဲတစ်ယောက်ပိုလာတာ၊လျော့နည်းလာတာက ကြီးမားတဲ့ခြားနားချက်တစ်ခုကို ဖြစ်စေလိမ့်မယ်။

ကွေ့လီရဲ့နေထိုင်ရာက ဝံပုလွေအရိပ်ဌာနချုပ်မှ သိပ်မဝေးပါဘူး။ အဲဒါက အတော်လေးလှပတဲ့အိမ်တော်တစ်ခုပါပဲ။

"ငါ အခု သီးခြားကျင့်ကြံဖို့ လုပ်ရမယ်"

ခရီးသွားနေစဉ် လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအတွင်းရှိစိတ်ဝိညာဉ်ချီကို စုပ်ယူခဲ့ပြီး စွမ်းအင်ကို သမန်းဝံပုလွေသွေးမျိုးဆက်ထဲသို့ ဖြည့်သွင်းခဲ့တယ်။ အဲဒါက သမန်းဝံပုလွေသွေးမျိုးဆက်အတွင်းရှိအနက်ရောင်အက္ခရာတွေကို မူလသိန်းအနည်းငယ်မှ ဆယ်မီလီယံအနည်းငယ်အထိ တိုးစေခဲ့တယ်။

သွေးမျိုးဆက်အတွင်းရှိအနက်ရောင်အက္ခရာတွေ တိုးလာတာကြောင့် ကြောက်စရာကောင်းတဲ့စွမ်းအင်တစ်ခုက သွေးမျိုးဆက်အတွင်းမှာ ကြိီးထွားလာနေတယ်လို့ သမန်းဝံပုလွေလီဖူချန်းက မရေမရာခံစားချက်တစ်ခု ရှိတယ်။ လက်ရှိအချိန်မှာ စွမ်းအင်ကို အသက်မသွင်းနိုင်ပေမယ့် အနက်ရောင်အက္ခရာတွေပိုများလာတာကြောင့် စွမ်းအားကို  မကြာခင်အသက်သွင်းနိုင်ပါလိမ့်မယ်။

အချိန်ကြာလာတာနဲ့အမျှ သမန်းဝံပုလွေလီဖူချန်းအတွင်းရှိအနက်‌ရောင်အက္ခရာတွေက မီလီယံမှဘီလီယံထံ ကွဲထွက်လာတယ်။

"အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ မလူံလောက်ဘူးပဲ"

လီဖူချန်းက သမန်းဝံပုလွေလီဖူချန်းကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေနဲ့ကျင့်ကြံခြင်းအရင်းမြစ်တွေများစွာ ပေးခဲ့ပေမယ့် အနက်ရောင်အက္ခရာတွေက အောက်ခြေမရှိတဲ့တွင်းပေါက်တွေပမာပါပဲ။ သူတို့က ကြီးမားတဲ့စွမ်းအင်ပမာဏတစ်ခုကို လိုအပ်တယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံက အမှောင်သမန်းဝံပုလွေအဖြစ်သို့ အသွင်းပြောင်းဖို့မလုံလောက်ဘူးလို့ သမန်းဝံပုလွေလီဖူချန်းက ခန့်မှန်းထားတယ်။ ဒါပေမယ့် သမန်းဝံပုလွေလီဖူချန်းက အလျင်စလိုမဖြစ်ရင် ဖြည်းဖြည်းချင်း‌ပြောင်းလဲဖို့ နှစ်သိန်းပေါင်းများစွာ ကြာရှည်နိုင်တယ်။

ဟူး.....

အသက်ကို ရှုထုတ်ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက ထရပ်ကာ အိမ်တော်အပြင်ဘက်ကို လမ်းလျှောက်ထွက်လာတယ်။

လမ်းက အခြားမျိုးနွယ်အဖွဲ့ဝင်တွေနဲ့ပြည့်နှက်နေကာ အတော်လေးစည်စည်ကားကားရှိနေတယ်။

"ကွေ့လီ၊ နင် ဘာလို့ ပြန်လာတာလဲ" ဖီလီရဲ့အသံက သမန်းဝံပုလွေလီဖူချန်းရဲ့နားထဲကို ပြန်ရောက်လာတယ်။

"ငါ ဘာလို့ မပြန်လာရမှာလဲ" သမန်းဝံပုလွေလီဖူချန်းက ပြန်မေးလိုက်တယ်။

"ဝံပုလွေအရိပ်က နင့်အတွက် မသင့်တော်ဘူး။ နင်က မရက်စက်တတ်သလို လုံလုံလောက်လောက်ကြိုးစားအားထုတ်မှုလဲမရှိဘူး။ နင်က ကြိုးစားရင် သမန်းဝံပုလွေအရှင်နေရာကိုထိန်းချုပ်နိုင်တဲ့သူ ဖြစ်လာလိမ့်မယ်"

"အဲ့တော့ ဘာဖြစ်လဲ" သမန်းဝံပုလွေလီဖူချန်းက မငြင်းပါဘူး။

ဒီခန္ဓာကိုယ်ရဲ့အရင်ပိုင်ရှင်က အမှန်တကယ်ကြိုးစားအားထုတ်ခြင်းမရှိခဲ့ဘူး။ မြင့်မြတ်တဲ့သွေးမျိုးဆက်နဲ့အတူ သူက လုံ့လဝီရိယရှိခဲ့ရင် သူက ရွှေရောင်သမန်းဝံပုလွေတစ်ကောင်ဖြစ်လာတာ ကြာပြီ။ သူက ရွှေရောင်သမန်းဝံပုလွေတစ်ကောင်ဖြစ်လာတာနဲ့ သူ့ရဲ့ကျင့်ကြံခြင်းမြန်နှုန်းက အရင်ကထက် ဆယ်ဆပိုမြန်လာလိမ့်မယ်။

ခွန်အားကို တိုးမြှင့်စေတာနဲ့ နှိုင်းယှဉ်ရင် အရင်ပိုင်ရှင်က ငြိမ်းချမ်းတဲ့ဘဝကိုသာ လိုလားခဲ့တယ်။ ဒါက ဖီလီက ကွေ့လီထံမှထွက်ခွာသွားတဲ့အကြောင်းပြချက်လည်း ဖြစ်တယ်။

"အခု ထွက်သွားတော့။ မရိုးရှင်းတဲ့အရာတွေအများကြီးရှိတာကို နင့်နှလုံးသားထဲမှာ သိထားသင့်တယ်။ ခွန်အားမရှိရင် အမှန်တရားကို ရှာဖွေဖို့က ခက်ခဲတယ်" ဖီလီရဲ့အသံက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။

"အနည်းဆုံးတော့ မင်းကို ကူညီမဲ့သူတစ်ယောက်ယောက်ရှိနေသေးတာပဲ" သမန်းဝံပုလွေလီဖူချန်းက သူ့ရာသူ ရေရွတ်လိုက်တယ်။

…

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ရရှိဖို့အမြန်ဆုံးနည်းလမ်းကတော့ အရင်းမြစ်တွေနဲ့ရောင်းဝယ်ဖို့ပါပဲ။

လီဖူချန်းက သမန်းဝံပုလွေလီဖူချန်းကို အရင်းအမြစ်များစွာပေးထားခဲ့တယ်။ အပိုင်းတစ်ခုကို ရောင်းချပြီးနောက် ယခု သမန်းဝံပုလွေလီဖူချန်းမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေသောင်းကျော် ရှိလာပြန်တယ်။

ဒီအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေနဲ့အတူ သွေးမျိုးဆက်အတွင်းရှိအနက်ရောင်အက္ခရာရဲ့အရေအတွက်က နောက်ဆုံးတော့ ဆယ်မီလီယံအထက်ကို ရောက်ရှိလာတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအား....."

အိမ်‌တော်ထဲမှာ သမန်းဝံပုလွေလီဖူချန်းက စွမ်းအားကို ခွန်အားအပြည့်စုစည်းနေတယ်၊ ရွှေရောင်ချီလှိုင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။

ရွှေရောင်ချီလှိုင်းအတွင်းမှာ အနက်ရောင်အလင်းတန်းအရိပ်အယောင်တွေ ရှိလာတယ်။ တဖြည်းဖြည်းနဲ့ အနက်ရောင်အလွှာတစ်ခုက ရွှေရောင်ချီလှိုင်းအပြင်ဘက်ကို ပျံ့နှံ့လာတယ်။ အဲဒါက သမန်းဝံပုလွေလီဖူချန်းရဲ့ချီတည်ရှိမှုကို အနည်းဆုံးအဆ၁၀၀အထိ တိုးစေခဲ့တယ်။

"ငါ့ရဲ့လက်ရှိခွန်အားက တိတိကျကျဘယ်အဆင့်မှာရှိသလဲကို ငါ သိချင်တယ်"

သမန်းဝံပုလွေလီဖူချန်းက သူ့ရဲ့ခွန်အားနဲ့ပတ်သက်ပြီး အတော်လေးမရှင်းမလင်းဖြစ်နေတယ်။

အချိန်အတော်ကြာကတည်းက ‌ရွှေရောင်သမန်းဝံပုလွေဖြစ်ခဲ့တဲ့သူနဲ့ မကြာခင်ကမှရွှေရောင်သမန်းဝံပုလွေဖြစ်လာသူကြားမှာ ကြီးမားတဲ့ကွာခြားချက်တစ်ခု ရှိတယ်။

ရွှေရောင်သမန်းဝံပုလွေအာရွန်ကို ဥပမာထားပါ၊ သူ့ခွန်အားက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားရှိပေမယ့် အချိန်ပေးရင် သူ့ရဲ့အနာဂတ်အကန့်အသတ်ကို တိုင်းတာနိုင်လိမ့်မှာမဟုတ်ဘူး။

နှိုင်းယှဉ်ရမယ်ဆိုရင် သမန်းဝံပုလွေလီဖူချန်းက ရွှေရောင်သမန်းဝံပုလွေအဖြစ်ကို သူတော်စင်အရှင်အဆင့်မှသာ ပြောင်းလဲနိုင်ခဲ့တယ်၊ ဒါက အတော်လေးနောက်ကျနေတယ်လို့ဆိုရမယ်။

ဒါပေမယ့် သူက ဝံပုလွေအရှင်ဒရစ်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူးဆိုတာကိုတော့ သမန်းဝံပုလွေလီဖူချန်းက သေချာတယ်။ တကယ်တော့ ဒရစ်က ရွှေရောင်သမန်းဝံပုလွေဖြစ်ခဲ့တာအချိန်အတော်ကြာပြီလေ၊ သူက အတွေ့အကြုံများစွာလည်း စုဆောင်းထားခဲ့ပြီးပြီ။

"အမ်။ ကွေ့စဲနဲ့စိုလော့တို့ ပြန်ရောက်လာပြီပဲ" သမန်းဝံပုလွေလီဖူချန်းရဲ့မျက်လုံးတွေက အရောင်လက်သွားတော့တယ်။

***

All Chapters