ဟင်းလင်းပြင်ယုန်
Vol. 65 Ch. 892
"ရှေးကျောက်တုံးဥယျာဉ်ရဲ့ပိုင်ရှင်က ဘယ်လိုလူမျိုးလဲကို ငါ သိချင်တယ်"
ရှာဖွေရေးအဖွဲ့အနေနဲ့ ရှေးကျောက်တုံးဥယျာဉ်ကို ပထမဆုံးအကြိမ်လာလည်တာ မဟုတ်နိုင်ဘူး၊ ဒါပေမယ့် အဖွဲ့ဝင်တွေက အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တုန်းပဲ။
သူတို့အားလုံးက အဆင့်မြင့်သူတော်စင်အရှင်တွေဒါမှမဟုတ်အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တွေဖြစ်ပေမယ့် ကောင်းကင်ဘုံအရှင်တွေနဲ့နှိုင်းယှဉ်ရင် သူတို့က အင်းဆက်ထက်သာပိုသန်မာတယ်လို့ပဲ ပြောနိုင်တော့တယ်။
ရှေးကျောက်တုံးဥယျာဉ်ပိုင်ရှင်အတွက်ကတော့ သူက အနည်းဆုံးကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်ဖြစ်တယ်။
သူ့လိုလူတစ်ယောက်က လက်တစ်ချက်လှန်ရုံနဲ့ မိုးကို ဖန်တီးနိုင်တယ်၊ ကြယ်စနစ်တစ်ခုကို သူ့ရဲ့ကိုယ်ပိုင်ဥယျာဉ်အဖြစ်သို့ ပြောင်းလဲနိုင်တယ်။ ဒအခြေခံအားဖြင့် ဒီလိုကောင်းကင်ဘုံအရှင်တွေမလုပ်နိုင်တာ ဘာမှမရှိပါဘူး။
ရွက်သင်္ဘောက မနှေးလွန်းမမြန်လွန်းတဲ့အရှိန်နဲ့အတူ အနီးဆုံးရှိဟင်းလင်းပြင်ပန်းခင်းဆီ ပျံသန်းသွားတော့တယ်။
နောက်နာရီအနည်းငယ်ကြာပြီးနောက် ရွက်သင်္ဘောက ဟင်းလင်းပြင်ပန်းခင်းထဲရှိကျောက်တုံးလမ်းကြောင်းအပေါ် ဆင်းသက်ခဲ့တယ်။
"ဒီပန်းခင်းက မကြီးဘူး။ လူခွဲကြစို့လေ........ အခြေအနေတစ်ခုရှိလာရင် တစ်ယောက်ကိုတစ်ယောက်ချက်ချင်းဆက်သွယ်ကြပါ" အဖွဲ့ခေါင်းဆောင်က ရွက်သင်္ဘောကို သိမ်းကာ ပြောလိုက်တယ်။
ဟင်းလင်းပြင်ပန်းခင်းက မကြီးနိုင်ပေမယ့် လူဒါဇင်အနည်းငယ်ပဲ ဝင်ရောက်တဲ့အခါ အဲဒါက ရေတစ်စက်က မြစ်တစ်စင်းကို ဝင်ရောက်သလိုပါပဲ။ သူတို့က လျင်မြန်စွာ ပျောက်ကွယ်သွားကြပြီး သတင်းအချက်အလက်နဲ့သူတို့ရဲ့တည်နေရာကိုပြောကြားဖို့ ဆက်သွယ်ရေးတုံကင်တွေကိုသာ ပသုံးပြုနိုင်တော့တယ်။
"ရှေးကျောက်တုံးပန်းခင်းရဲ့ပန်းပင်တွေအားလုံးက ကောင်းကင်အဆင့်ဆေးပင်တွေပဲ။ အရေအတွက်ဘယ်လောက်တောင် ရှိနေမလဲ"
လမ်းတစ်လျှောက်မှာ လီဖူချန်းက ကောင်းကင်အဆင့်အောက်ဆေးပင်တစ်ခုကိုမှ မမြင်ရသေးပါဘူး။
သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်မှာ ကောင်းကင်အဆင့်ဆေးပင်တွေက ဘာမှဖော်ပြစရာမရှိပေမယ့် ရှေးကျောက်တုံးဥယျာဉ်မှာ ပန်းပင်တွေအများကြီးရှိတယ်။ ရှေးကျောက်တုံးဥယျာဉ်ကို မဆိုနဲ့၊ဟင်းလင်းပြင်ပန်းခင်းတစ်ခုမှာတောင် ပန်းပင်ဘီလီယံချီရှိတယ်။
ရှေးကျောက်တုံးဥယျာဉ်နဲ့နှိုင်းယှဉ်ရင် နက်ပြာပလိန်းတစ်ခုလုံးရှိကောင်းကင်အဆင့်ဆေးပင်တွေရဲ့အရေအတွက်က အစိတ်အပိုင်းအနည်းငယ်မျှပါပဲ။ အဲဒါက ဖော်ပြဖို့မထိုက်တန်လှပါဘူး။
အစကတော့ လီဖူချန်းက ပန်းပင်အားလုံးကို ရိတ်သိမ်းချင်ခဲ့ပေမယ့် ပန်းပင်တစ်ခုစိီမှာ အတားအဆီးတစ်ခုရှိတယ်။ အတားအဆီးကို ချိုးဖြတ်ဖို့အတွက်ဆိုရင် အချိန်ကို လိုအပ်တယ်။ လီဖူချန်းက ဒီသာမန်ကောင်းကင်အဆင့်ပန်းပင်တွေအပေါ် အချိန်မဖြန်းလိုပါဘူး။
နောက်ဆုံးမှာတော့ လီဖူချန်းက ကောင်းကင်အဆင့်အထွတ်အထိပ်ပန်းပင်တစ်ခုကို တွေ့ခဲ့တယ်။
အဲဒါက ခရမ်းရောင်ရှိပြီး အမြင့်မီတာ၁၀၀ရှိတယ်။ အဲဒါကို ခရမ်းရွှေရောင်အင်းကွက်တွေနဲ့ဖုံးအုပ်ထားပြီးမဖျက်ဆီးနိုင်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေတယ်။
"ဒီကောင်းကင်အဆင့်အထွတ်အထိပ်ပန်းပင်က မယုံနိုင်စရာပဲ" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
ကောင်းကင်အဆင့်အထွတ်အထိပ်ဆေးပင်တွေကို အထွတ်အထိပ်ဆေးပင်လို့လည်း ခေါ်တယ်။ အဲဒါမှာ စကြာဝဠာရဲ့အနှစ်သာရပါဝင်ပြီး ဆန်းကြယ်တဲ့သက်ရောက်မှုအမျိုးမျိုးရှိတယ်။
ဒိီခရမ်းရောင်အထွတ်အထိပ်ဆေးပင်က နက်ပြာပလိန်းပေါ်မှာ လီဖူချန်းရရှိခဲ့တဲ့အထွတ်အထိပ်ဆေးပင်တွေထက် အဆင့်တစ်ခုပိုမြင့်တယ်။ အဲဒါက အဆင့်၂အထွတ်အထိပ်ဆေးပင်လို့ ခန့်မှန်းထားတယ်။
နေ့တစ်ဝက်ခန့်အသုံးချပြီးနောက် လီဖူချန်းက ခရမ်းရောင်ပန်းပင်ပေါ်ရှိအတားအဆီးတွေကို နောက်ဆုံးတော့ ချိုးဖြတ်နိုင်ခဲ့တယ်။
ရွှမ်း.......
ဒါပေမယ့် ထိုအချိန်မှာ ခရမ်းရွှေရောင်အလင်းတစ်ခုက လီဖူချန်းဆီ လျင်မြန်တဲ့အရှိန်နဲ့ ပျံသန်းလာတယ်။
လီဖူချန်းက ကြည့်လိုက်ရာ အဲဒါက ခရမ်းရွှေရောင်အင်းဆက်တစ်ကောင်ဆိုတာကို မြင်လိုက်ရတယ်။
ဂျိုင်း......
လီဖူချန်းက ခုတ်ချက်တစ်ချက်နဲ့ ခရမ်းရွှေရောင်အင်းဆက်ကို လွင့်ထွက်စေခဲ့တယ်။
ဒါပေမယ့် ခရမ်းရွှေရောင်အင်းဆက်မှာ အလွန်မာကျောတဲ့ခန္ဓာကိုယ်တစ်ခုရှိတယ်။ စောစောကခုတ်ချက်က ၎င်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မှိန်ဖျော့ဖျော့အမှတ်အသားတစ်ခုမျှသာ ချန်ထားခဲ့တယ်။
ဂျိုင်း ဂျိုင်း ဂျိုင်း.....
ဓားအလင်းမိုးတွေက ခရမ်းရွှေရောင်အင်းဆက်အပေါ် ကျရောက်သွားပေမယ့် ဓားအလင်းတစ်ခုကမှ ခရမ်းရွှေရောင်အင်းဆက်ရဲ့အရေပြားကို မချိုးဖြတ်နိုင်ခဲ့ပါဘူး။
"အရမ်းမာကျောလွန်းတယ်" လီဖူချန်းက တိတ်တဆိတ်ချီးကျူးကာ ကောင်းကင်ဆက်ဓားကို ဆွဲထုတ်လိုက်တယ်။
ဖောက်.......
ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ခရမ်းရွှေရောင်အင်းဆက်ရဲ့ခန္ဓာကိုယ်ကို အောင်မြင်စွာ ပိုင်းဖြတ်နိုင်ခဲ့တယ်။
အဆုံးစွန်းအဆင့်လက်နက်တွေက ခုခံမှုကို အတိုင်းအတာတစ်ခုအထိ လစ်လျူရှုနိုင်တယ်လေ။ ခရမ်းရွှေရောင်အင်းဆက်ရဲ့ခန္ဓာကိုယ်က မာကျောရင်တောင် အသုံးမဝင်ပါဘူး၊ အလွန်အမင်းအဆင့်မြင့်တဲ့ကျင့်ကြံခြင်းတစ်ခုမရှိရင် အဆုံးစွန်းအဆင့်လက်နက်တစ်ခုရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းက ခွန်အားအပြည့်သုံးရင်တော့ သူက ခရမ်းရွှေရောင်အင်းဆက်ရဲ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်ဖို့ကောင်းကင်ဆက်ဓားကို မလိုအပ်ပါဘူး။ ဒါပေမယ့် လီဖူချန်းက ဒုက္ခမရှာချင်ပါဘူးလေ။
ခရမ်းရွှေရောင်အင်းဆက်ရဲ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပြီးနောက် လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းကာ ခရမ်းရောင်ပန်းပင်ကို ဆွဲနုတ်လိုက်တယ်။ ပန်းပင်က လီဖူချန်းဆီ လွင့်ထွက်တာနဲ့ အဲဒါက အရွယ်အစားသေးငယ်သွားပြီး လက်ဖဝါးအရွယ်အစားဖြစ်လာတယ်။
ခရမ်းရောင်ပန်းပင်ကို သိမ်းဆည်းပြီးနောက် လီဖူချန်းက ရှေ့ကို ဆက်လက်ရွေ့လျားသွားခဲ့တယ်။
…
နောက်သုံးရက်ကြာပြီးနောက် လီဖူချန်းက အထွတ်အထိပ်ဆေးပင်ငါးပင်ကို ရရှိခဲ့တယ်။
ဒုတိယအဆင့်အထွတ်အထိပ်ဆေးပင်တစ်ပင်၊ တတိယအဆင့်အထွတ်အထိပ်ဆေးပင်တစ်ပင်၊ အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်ဆေးပင်သုံးပင်။
အထွတ်အထိပ်ဆေးပင်ငါးပင်လုံးကို ရောင်းလိုက်ရင် လီဖူချန်းက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးရာအနည်းငယ်ရရှိလိမ့်မယ်။
လီဖူချန်းရဲ့လက်ရှိကြွယ်ဝမှုအရ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးရာအနည်းငယ်က ဘာမှမရှိပေမယ့် ကြွယ်ဝမှုဆိုတာက တဖြည်းဖြည်းစုဆောင်းရတာပဲလေ။
"ဓားသူတော်စင်အရှင်၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ"
လမ်းကလေးတစ်ခုအပေါ်မှာ လီဖူချန်းက ရှာဖွေရေးအဖွဲ့ရဲ့လူသားသူတော်စင်အရှင်သုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ကျောက်ပုဆိန်သူတော်စင်အရှင်ကို တွေ့ဆုံခဲ့တယ်။
ကျောက်ပုဆိန်သူတော်စင်အရှင်ရဲ့အရပ်က ၂.၅မီတာနီးပါးရှိပြီး သူ့ရဲ့နောက်ကျောမှာတော့ ကျောက်ပုဆိန်တစ်ခုကို သယ်ဆောင်ထားတယ်။
"တကယ်တိုက်ဆိုင်တာပဲ" လီဖူချန်းက ပြုံးလိုက်တယ်။
ကျောက်ပုဆိန်သူတော်စင်အရှင်လည်း အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တစ်ယောက်ပါပဲ။
အချက်အလက်အရ ရှာဖွေရေးအဖွဲ့ရဲ့တစ်ဝက်က အထွတ်အထိပ်အဆင့်သူတော်စင်အရှင်တွေပါပဲ။ သူတို့အားလုံးမှာ သူတို့ရဲ့ကိုယ်ပိုင်ပြိုင်ဘက်ကင်းကျွမ်းကျင်မှုတွေရှိပြီး သေရေးရှင်ရေးအခြေအနေမှာ သူတို့က သိသာထင်ရှားတဲ့အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကျီ ကျီ......
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်နေစဉ် ပုံရိပ်ယောင်တစ်ခုက ကျောက်ပုဆိန်သူတော်စင်အရှင်ကို ရုတ်တရက် တိုက်ခိုက်လာတယ်။
"သွားစမ်း" ကျောက်ပုဆိန်သူတော်စင်အရှင်က သူ့ရဲ့လက်သီးကို အသုံးပြုကာ ပုံရိပ်ယောင်ကို ထိုးနှက်လိုက်တယ်။
ပုံရိပ်ထွက်ပေါ်လာတာနဲ့ အဲဒါက တစ်မီတာရှည်လျားတဲ့အနက်ရောင်ယုန်တစ်ကောင်ဆိုတာကို သူတို့နှစ်ယောက်က မြင်ခဲ့တယ်။ ဒါပေမယ့် ယုန်မျက်လုံးတွေက ရောင်စုံပုံဆောင်ခဲတွေနဲ့တူပြီး အာကာသအလွှာတွေ ပါဝင်ပုံရတယ်။
"သတိထား၊ ဒါ ဟင်းလင်းပြင်ယုန်ပဲ" ကျောက်ပုဆိန်သူတော်စင်အရှင်က လီဖူချန်းကို သတိပေးလိုက်တယ်။
"ကောင်းပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
ဟင်းလင်းပြင်ယုန်က ရှေးကျောက်တုံးဥယျာဉ်ထဲမှာ အလွန်အန္တရာယ်များတဲ့သက်ရှိတစ်ကောင်ပါပဲ။ ၎င်းမှာ ဟင်းလင်းပြင်စွမ်းရည်ပါရှိပြီး ၎င်းရဲ့ခန္ဓာကိုယ်က ရုပ်ပိုင်ဆိုင်ရာအားတွေကို လစ်လျူရှုနိုင်တယ်။ အားတစ်ရာရာခိုင်နှုန်းထဲမှ သေးငယ်တဲ့အားအရိပ်အယောင်ကသာ ဟင်းလင်းပြင်ယုန်ကို သက်ရောက်ပါလိမ့်မယ်။ ပြီးတော့ ဟင်းလင်းပြင်ယုန်ရဲ့အစွယ်တွေက ဘယ်ခုခံမှုကိုမဆို အလွယ်တကူ ကိုက်ဖြတ်နိုင်တယ်။
ဟင်းလင်းပြင်ယုန်ကိုဆန့်ကျင်နိုင်တဲ့ထိရောက်သောတစ်ခုတည်းသောတိုက်ခိုက်မှုက ဟင်းလင်းပြင်တာအိုတိုက်ခိုက်မှုတွေပါပဲ။ ဟင်းလင်းပြင်တာအိုတိုက်ခိုက်မှုတွေကသာ ဟင်းလင်းပြင်ယုန်ကို အပြည့်အဝသက်ရောက်ပါလိမ့်မယ်။
ကျီ ကျီ......
ကျောက်ပုဆိန်သူတော်စင်အရှင်က ပိုသန်မာတာကို အာရုံခံမိပုံရတယ်၊ ဟင်းလင်းပြင်ယုန်က သူ့ရဲ့ပစ်မှတ်ကို လီဖူချန်းဆီ ပြောင်းလဲတိုက်ခိုက်ခဲ့တယ်။
ကျီ.....
ဓားအလင်းတစ်ခုလက်သွားပြီး ဟင်းလင်းပြင်ယုန်က လွင့်ထွက်သွားတယ်။
ကျီ ကျီ ကျီ......
ဟင်းလင်းပြင်ယုန်က ဒေါသထွက်သွားတယ်။ ခန္ဓာကိုယ်ကိုလှုပ်ရမ်းပြီး သူက ဟင်းလင်းပြင်ယုန်တစ်ထောင်ပြောင်းလဲကာ လီဖူချန်းကို သဲကြီးမဲကြီးတိုက်ခိုက်လိုက်တယ်။ ဟင်းလင်းပြင်ယုန်တစ်ကောင်ချင်းစီက ပုံရိပ်ယောင်တွေဖြစ်ပြီး သူတို့က အခြားကမ္ဘာမှာ ပုန်းကွယ်နေသလို ခံစားရတယ်။
ဒါက ဟင်းလင်းပြင်ယုန်ရဲ့မွေးရာပါစွမ်းရည်ဆိုတာ ရှင်းလင်းပေတယ်။
"အချိန်ကျပြီ....."
လီဖူချန်းက အားရပါးရရယ်လိုက်လေတယ်။ ဓားအလင်းတစ်ခုပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်ယုန်အားလုံးကို တွန်းလှန်လိုက်တယ်။
"ဒီလိုအံ့မခန်းဓားပညာတစ်ခု...." ကျောက်ပုဆိန်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက လက်သွားတယ်။
လီဖူချန်းရဲ့ဓားတာအိုက ပြီးပြည့်စုံကာအားကောင်းတယ်။ အခြေခံအားဖြင့် ချို့ယွင်းချက်တွေ မရှိပါဘူး၊ ဒါကြောင့် အဲဒါက ဟင်းလင်းပြင်ယုန်ရဲ့မွေးရာပါစွမ်းရည်ကို အလွယ်တကူတားဆီးနိုင်တယ်။ အခြားဓားတာအိုသူတော်စင်အရှင်တစ်ယောက်သာဆိုရင် ချို့ယွင်းချက်အရိပ်အယောင်တစ်ခုရှိလာမှာသေချာသလို ဟင်းလင်းပြင်ယုန်ကလည်း အဲဒါကို အသုံးချပါလိမ့်မယ်။
ဒါပေမယ့် ဟင်းလင်းပြင်ယုန်ကို တွန်းလှန်ဖို့ဆိုတာ မလွယ်လှပါဘူး၊ ကျောက်ပုဆိန်သူတော်စင်အရှင်က အကူအညီတောင်းခါနီးမှာ........
"ဒါဆိုလဲ ငါ့ရဲ့ဟင်းလင်းပြင်ဓားတာအိုအရသာကို ခံစားကြည့်စမ်း"
လီဖူချန်းက ကောင်းကင်ဆက်ဓားကို မဆွဲထုတ်ခဲ့ပါဘူး။
ကောင်းကင်ဆက်ဓားက အဆုံးစွန်းအဆင့်လက်နက်တစ်ခုဖြစ်ပြီး လီဖူချန်းက အဲဒါကို အခြားသူတွေရှေ့မှာ မဖော်ထုတ်ချင်ပါဘူး။
သူ့ရဲ့ဟင်းလင်းပြင်လိုခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာအားတွေကို လစ်လျူရှုနိုင်တာကြောင့် ဟင်းလင်းပြင်ယုန်က ကိုင်တွယ်ရခက်ခဲတယ်။ သူက ဟင်းလင်းပြင်ဓားတာအိုကို အသုံးပြုခဲ့ရင် အဲဒါက သေချာပေါက်ပိုလွယ်ကူလာစေလိမ့်မယ်။
ထွင်းဖောက်ဓားအလင်းက ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားတယ်၊ ဟင်းလင်းပြင်ယုန်က ကြောက်လန့်တကြားဖြစ်နေပြီး သူ့ရဲ့ခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရတယ်။
ကျီ ကျီ......
ဟင်းလင်းပြင်ယုန်က သူ့ရဲ့ခန္ဓာကိုယ်ကို ဟင်းလင်းပြင်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့တယ်၊ သူက ကြောက်ရွံ့နေတာ သိသာလှတယ်။
"သူက ဟင်းလင်းပြင်ဓားတာအိုကိုလည်း အမှန်တကယ်ကျွမ်းကျင်တာလား" ကျောက်ပုဆိန်သူတော်စင်အရှင်က လေးစားသွားတယ်။
ဟင်းလင်းပြင်တာအိုက အလွန်အမင်းအားကောင်းတဲ့တာအိုဖြစ်တယ်။ အဲဒါက အလုံးစုံသုံးတာအိုလည်း ဖြစ်တယ်။ စကြာဝဠာထဲမှာ အချိန်တာအိုနဲ့ဟင်းလင်းပြင်တာအိုက ကြောက်စရာအကောင်းဆုံးတာအိုတွေထဲကတစ်ခုဖြစ်တယ်။ အချိန်သဲမြို့အရှင်ဖြစ်တဲ့အချိန်သဲကောင်းကင်ဘုံအရှင်က ရှေးဦးဖရိုဖရဲသဲတာအိုကို အသုံးပြုရာမှာ ကျွမ်းကျင်တယ်။ ရှေးဦးဖရိုဖရဲသဲတာအိုမှာ အချိန်တာအိုလည်း ပါဝင်ပေမယ့် အဲဒါက သေစေနိုင်ခြင်းအပေါ်မှာ ပိုအလေးထားတယ်။
***