ငါကတော့ စိတ်မရှိပါဘူး.. မင်း ရှက်သွားမှာကိုပဲ စိုးတာ..
Vol. 38 Ch. 557
"ဒါက ဘာကြီးလဲ..."
လျန်ရူရွှယ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဒါက သူမနဲ့ ဘာမှ မဆိုင်ဘူး မဟုတ်လား
"Pfizer နဲ့ အဓိက ဆေးကုမ္ပဏီခြောက်ခုက ငါနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ထိပ်တန်း ဆေးဝါးသုတေသန စင်တာကြီးတစ်ခု ဆောက်လုပ်ချင်နေတာ.. ငါလည်း သူတို့နဲ့ အပြိုင်ငြင်းခုန်ပြီး ဆောက်မယ့် တည်နေရာကို ကျိုးဟိုင်မှာ သတ်မှတ်ခိုင်းလိုက်တယ်လေ...."
လင်းရီ ကျွဲရိုင်းတစ်ဘူးသောက်ပြီး ကုတင်ကိုမှီ၍ စကားပြောနေသော်လည်း သူ၏ လေသံမှာ အနည်းငယ် အားနည်းနေသေးသည်။
"အနာဂတ်ကျရင် အဲ့ဒီ သုတေသန စင်တာက ထုတ်လုပ်တဲ့ ဆေးတွေရဲ့ တန်ဖိုးက ဟွာရှမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကျော်မှာ မဟုတ်ဘူး.... "
"နောက်ပြီး ငါမင်းအစား Nosinogen Sodium နဲ့ Zolgensmaအပါအ၀င် တခြားဆေးတွေကိုလည်း သုံးပုံနှစ်ပုံလောက် လျှော့ချပေးဖို့ ဈေးကူစစ်ထားပေးသေးတယ်... မင်းလက်မှတ်ထိုးလိုက်တာနဲ့ အဲ့ဒီ အကျိုးခံစားခွင့်တွေက ချက်ချင်း သက်ရောက်လာမှာပဲ..."
လျန်ရူရွှယ် သူမ မိုးကြိုးအပစ်ခံထားရသကဲ့သို့ နေရာတွင် ငူငူငိုင်ငိုင်ကြီး ရပ်နေမိလေသည်။
အရူးတစ်ယောက်ကဲ့သို့ သူမ၏ စိတ်က အမိန့်ပေးနေသော်လည်း ခန္ဓာကိုယ်က မလိုက်နာနိုင်တော့ချေ။
ကမ္ဘာ့ထိပ်တန်း ဆေးဝါးသုတေသန စင်တာကို ကျိုးဟိုင်၌ တည်ဆောက်နိုင်သည်ကပင် ဧရာမ အောင်မြင်မှုကြီးဖြစ်၏။
ထိုမျှမကသေး။ ထုတ်လုပ်သည့် ဆေးဝါးမှန်သမျှ ၎င်းတို့၏ ကျသင့်တန်ဖိုးမှာ ကုန်ကျစရိတ်၏ ငါးဆယ်ရာခိုင်နှုန်းကို ကျော်လွန်လိမ့်မယ်မဟုတ်သောကြောင့် ဆေးဝါးဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုအတွက်တော့ ယင်းဈေးနှုန်းက အတော်လေး နိမ့်ပါးသည့် ဈေးနှုန်းတစ်ခု ဖြစ်နေလေပြီ။
အရေးကြီးဆုံးကတော့ လင်းရီမှာ ဗဟိုအစိုးရ ဆေးဝါးကွပ်ကဲရေးဌာန၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်နေသော်လည်း မအောင်မြင်ခဲ့သည့် တာ၀န်တစ်ရပ်ကို တစ်ကိုယ်တော် ပြီးမြောက်နိုင်ခဲ့ခြင်းပင်။
သူ.. သူ ဘယ်လိုမျိုး လုပ်လိုက်တာလဲ...
မည်သူကမျှတော့ အကျိုးအမြတ်မရှိသည့် သဘောတူညီမှုမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
Pfizer နဲ့ အဓိက ဆေးကုမ္ပဏီခြောက်ခုက ဒီရဲ့ အခြေအနေတွေကို သဘောတူအောင် သူဘာတွေများ လုပ်လိုက်တာပါလိမ့်...
"နင်ဘာလို့ ငါ့ကို လာပေးနေတာ..."လျန်ရူရွှယ် မေးမြန်းလိုက်ပြီး "နင်ကြိုးပမ်းထားတဲ့ ရလဒ်ကို ငါ အပေါ်က နှမ်းဖြူးသလိုမျိုး မလုပ်ချင်ဘူး..."
"ငါအရင်က ပြောခဲ့ဖူးတယ်မလား.. ငါ မင်းကို နှစ်နှစ်အတွင်း ရာထူးတိုးအောင် လုပ်ပေးမယ်ဆိုတာလေ.. ခု ဖိုတိုလီတိုဂရပ်ဖီစက် အောင်မြင်တဲ့ အထိ စောင့်နေစရာ မလိုတော့ဘူး.. ဒီရဲ့ စာချုပ်နဲ့တင် မင်းရာထူးတိုးဖို့ ကျိန်းသေတယ်..."
"ငါ့အတွက်က အဲ့တာတွေ အရေးမကြီးပါဘူး လင်းရီရယ်.. ငါက ဒီတိုင်း နင် ခက်ခက်ခဲခဲနဲ့ ကြိုးပမ်းထားတာတွေကို ငါ့ရာထူးတိုးဖို့အတွက် အနင်းခံ ကျောက်တုံး မလုပ်ချင်လို့ပါ..."
"ဒါပေမယ့် ငါ့အတွက် သိမ်းထားလည်း အလကားပဲလေ.. မင်းက ငါ့ကို နိုင်ငံရေးထဲ ၀င်စေချင်နေတာလား.. အဲ့တာက လုံး၀ မဖြစ်နိုင်ဘူး..."လင်းရီ ပြုံးလိုက်ပြီး "တကယ်လို့ မင်းသာ ရာထူးတိုးသွားမယ်ဆိုရင် မင်းက ကျိုးဟိုင်ရဲ့ ဘော့စ်ဖြစ်လာပြီးတော့ ကျိုးဟိုင်တစ်ခုလုံးက ငါတို့မိသားစုအပိုင် ဖြစ်လာမှာလေ....."
"ဟွန့် ငါ့ကို လာစမနေနဲ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "ခု Muddy Waters က ပြဿနာတွေ စဖန်တီးနေပြီ... ခုဆို နင့်ရဲ့ မကောင်းသတင်းတွေက အင်တာနက်ပေါ်မှာ မမြင်တော့မှ အဆုံးပဲ....အခုမှ တကယ်ကြီး ကပ်ဆိုက်တာ..."
ထိုသို့ ပြောပြီးနောက် လျန်ရူရွှယ် သူ့အနား ရောက်ရှိလာပြီး "လဲလိုက်.. ငါနင့်ကို နှိပ်ပေးမယ်...."
"မင်းက နှိပ်တတ်တယ်ပေါ့..."
"အိမ်မှာဆို အဖေ့ကို နှိပ်ပေးနေကြပါနော်.. ငါက နင်ထင်ထားတာထက် အများကြီး ပိုကျွမ်းတယ်..."
လင်းရီ ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး ခုတင်ပေါ် ၀မ်းလျားမှောက်ကာ လျန်ရူရွှယ်၏ အပြုအစုကို ပြုံးရွှင်စွာဖြင့် နှစ်သက် ခံစားနေလေသည်။
"Muddy waters ဘက်က လှုပ်ရှားလာမယ်ဆိုတာ ငါ ဟိုးအရင်ကတည်းကနေ ခန့်မှန်းပြီးသား... ဒါပေမယ့် ငါ့ကံလေးက နည်းနည်းလေးခေနေတော့ တကယ့် အရေးကြီးတဲ့ ခွဲစိတ်မှု ပေါ်လာပြီးတော့မှ ပြန်တိုက်ခိုက်ရမယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရတယ်...."
"ဒါပေမယ့် သူတို့ ရေးထားတဲ့ မကောင်းသတင်းတွေကတော့ နင် စိတ်ကူးကြည့်လို့ရမှာတောင် မဟုတ်ဘူးနော်..."
လျန်ရူရွှယ် ဖုန်းကို လင်းရီထံ ကမ်းပေးလိုက်ပြီး "ငါ နင့်ကိုယ်စား အရေးကြီးသတင်းတွေကို စစ်ထုတ်ထားပေးတယ်.. နင် တစ်ချက်ကြည့်လိုက်တာနဲ့ နားလည်မှာပါ..."
လျန်ရူရွှယ်၏ ဖုန်းကို ယူကြည့်လိုက်သောအခါ လင်းရီ ခန္ဓာကိုယ် မသိမသာ တုန်ယင်သွားပြီး စိတ်ထဲတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
"လင်းယွမ်အုပ်စုရဲ့ ဥက္ကဌ လင်းရီက အမျိုးသမီးတွေ အများကြီးနဲ့ ဇာတ်လမ်းရှုပ်နေပါတယ်...."
အဆိုပါ ရေပန်းစားနေသည့် သတင်းက လင်းရီ၏ အမူအရာကို အေးစက်သွားစေပြီး လျန်ရူရွှယ်ကို မအီမသာ ဖြစ်စေလေသည်။
သူက စိတ်တိုနေရင် ပုံမှန် ပေါ့တိပေါ့ပျက်စတိုင်နဲ့ ဘာမှကို မဆိုင်တာပဲ...
"ခု Didi ရဲ့ ရှယ်ယာတွေက အကန့်အသတ်ရောက်အောင်ကို ထိုးကျနေပြီ.. နင် အစောပိုင်း ၀ယ်ထားခဲ့တဲ့ တစ်ရာ ဘီလီယမ်ကလည်း သဲထဲရေသွန်ပဲ...."လျန်ရူရွှယ် နှိပ်နယ်ပေးရင်း ပြောဆိုလိုက်ပြီး "ကျောက်မိုတောင်မှ အကျိုးရလဒ်က ဒီလောက်ထိ ကောင်းမွန်လိမ့်မယ်လို့ ထင်ထားမှာ မဟုတ်လောက်ဘူး.. PR ဌာနတွေကလည်း တတ်နိုင်သလောက် အစွမ်းကုန် ဖြေရှင်းထားတယ်ဆိုပေမယ့် ရှယ်ယာတန်ဖိုး ကျဆင်းတာကိုတော့ ဘယ်လိုမှ တားမြစ်လို့ မရဘူး..."
"နောက်ပြီး ဥက္ကဌကျီကလည်း ဒီကိစ္စကို သတိထားမိလောက်တယ်... နင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အချိန်မှီ ပြုပြင်လိုက်တာ ပိုကောင်းမယ်နော.... "
လင်းရီ ဘာမျှ မပြောပဲ သူ့အိတ်ကပ်ကို စမ်းလိုက်သောအခါ ခွဲစိတ်၀တ်စုံ ၀တ်ဆင်ထားကြောင်း သတိပြုမိလိုက်၏။ သူ၏ ဖုန်းမှာ ဗီဒိုထဲတွင် ကျန်နေခဲ့လေပြီ။
လျန်ရူရွှယ်ကို ကျေးဇူးတင်ပြီးနောက် ချောင်ရှင်းကို သူ၏ အ၀တ်အစားများနှင့် ဖုန်းယူလာခဲ့ပေးဖို့ ပြောလိုက်သည်။
ထိုအခါ သူ၏ ဖုန်းထဲတွင် လွဲချော်သွားသည့် ဖုန်းခေါ်ဆိုမှုပေါင်း တစ်ဒါဇင်ကျော် ရှိနေကြောင်း မြင်တွေ့လိုက်ရပြီး ဟော်ယွမ်ယွမ် ၊ ချီရှန်းကျောက် ၊ချင်းဟန် ၊ လျန်ကျင်းမင်၊ ကောင်းကျုံးယွမ်နှင့် သူ၏ မေမေ၀မ်ပင် ဖုန်းခေါ်ထားသေး၏။
အကျဉ်းချုပ်လိုက်လျှင်တော့ ထိုသူများအားလုံးမှာ သူ့ထံ ဖုန်းဆက်လာသင့်သည့်သူများပင်။ သို့သော်လည်း ထိုအထဲတွင် ကျီချင်းရန်ကတော့ ဖုန်းမခေါ်လာခဲ့ချေ။
သူ့ဖုန်းကို ကိုင်ရင်း လင်းရီ ဟော်ယွမ်ယွမ်ထံ ဖုန်းဆက်လိုက်၏။
"ဘော့စ်.. နောက်ဆုံးတော့ ဖုန်းဆက်လာပြီပေါ့လေ..."
ဟော်ယွမ်ယွမ် အားနည်းနေသည့် လေသံဖြင့် "ကျွန်မတို့လည်း PR ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းဖို့ ကြိုးစားခဲ့တာပဲ.. ဒါပေမယ့် အလုပ်မှ မဖြစ်တာ... မြန်မြန်လေး ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်မတို့ကို ပြောဦး..."
"မနက်ဖြန် မနက် ဆယ်နာရီကျရင် ငါတို့ဘက်က သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ မီဒီယာတွေကို အသိပေးထားလိုက်..."
"နားလည်ပြီ.. ဒါပဲလား..."
စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ် ငြိမ်သက်ပြီးနောက် လင်းရီ ပြောလာခဲ့သည်။
"မင်းရဲ့ အစ်မကျီကော..."
"အစ်မကျီ... သူလား.. မနက်တုန်းကတည်းက ထွက်သွားပြီးတော့ ကုမ္ပဏီမှာ PR ကိစ္စတွေ ကိုင်တွယ်မယ်လို့ ပြောသွားတာပဲ...."
"အဲ့ဒါပြီးတော့ကော.. မင်းဆီ ဆက်သွယ်လာသေးလား...."
"ဟင့်အင်း...."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ကျွန်မလည်း ဖုန်းမခေါ်ရဲဘူး... ဒါပေမယ့် အစ်မကျီကတော့ ဘော့စ်ကို ဖုန်းဆက်ပြီး ဒီအကြောင်းတွေ ပြောပြလိမ့်မယ်လို့တော့ ထင်တာပဲ..."
"မင်းတောင် အတော်လေးပြောင်းလဲသွားပြီ.. ငါ့ကို အရင်လို မကောင်းတဲ့ကောင်လို့ မခေါ်တော့ပါလား...."
"ဘာလို့လဲဆိုတော့ ဖြစ်နိုင်ချေမရှိလို့လေ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "လီချူးဟန်ဆိုတဲ့ အမျိုးသမီးက အစ်မကျီလောက်မှ မလှပဲဟာကို.. ယုတ္တိကျကျ ပြောရရင် ဘော့စ်က ဒုတိယလူအနေနဲ့တောင် ရွေးချယ်မှာ မဟုတ်ဘူးမလား... "
"ငါတို့ကြားထဲမှာ ဘာမှ မဖြစ်ထားဘူး ဆိုပေမယ့် မင်းလို စဉ်းစားတွေးခေါ်တတ်တဲ့ လက်အောက် ၀န်ထမ်းတွေကို ငါ အရမ်းသဘောကျတာပဲ သိလား..."
"ထားပါ.. ကျွန်မနဲ့ ဘော့စ်ကြားထဲမှာ အဲ့လိုတွေ ပြောဖို့ မလိုပါဘူး.... လစာလေး နည်းနည်းလောက် တိုးပေးရင်........တီ တီ တီ ..."
ဟော်ယွမ်ယွမ် "......"
"ဘယ်လိုလဲ.. ဥက္ကဌကျီဘက်က အခြေအနေ သိပ်မကောင်းဘူးမလား... "လျန်ရူရွှယ်၏ အမူအရာမှာ အနည်းငယ် သဘာ၀ မကျဖြစ်နေပြီး "ခဏလောက် နားပြီးတော့ နင်သူ့ကို သွားရှာပြီး ရှင်းပြလိုက်လေ.. အဲ့တာဆို အဆင်ပြေပြေနဲ့ ပြီးသွားမှာပဲ မဟုတ်ဘူးလား..."
"ငါ မသွားဘူး...."
"နင် မသွားဘူး..."
"တကယ်လို့ ငါသွားလိုက်မယ်ဆိုရင် ငါတို့ နှစ်ယောက်ကြားထဲမှာ ဇာတ်လမ်းတွေ ရှိခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မသက်ရောက်သွားနိုင်ဘူးလား..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ငါတို့ နှစ်ယောက်ကြားထဲမှာလည်း တကယ်ကြီး ဘာမှ မဖြစ်ထားဘူးလေ.. တကယ်လို့ အဲ့တာကိုမှ ရှင်းပြဖို့ ကြိုးစားလိုက်ရင် အခြေအနေတွေက ပိုဆိုးသွားတော့မှာ....."
"အဆင်ပြေပါ့မလားဟယ်...."
"ဘာစိတ်ပူစရာ ရှိလို့... "လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ငါသာ စိတ်ပါရင် ဆေးရုံက နာ့စ်တွေတောင် ငါနဲ့ အိပ်ဖို့ သဘောတူမှာပဲ.. ငါ့မှာ တခြား အရေးကြီးကိစ္စတွေ ကိုင်တွယ်ဖို့တောင် အချိန်ရမှာ မဟုတ်ဘူး..."
လျန်ရူရွှယ် လင်းရီကို ပြောစရာစကား ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။
လင်းရီ၏ စကားလုံးများမှာ မောက်မာလှသော်လည်း သူ့တွင် ထိုသို့ မောက်မာရန် အရည်အချင်း ရှိလေသည်။
"ဒါဆို နင်က နင့်ကိုယ်နင် မရှင်းပြတော့ပဲ ဒီတိုင်းအချိန်ဖြုန်းနေတော့မယ်ပေါ့.... "
"မရှင်းပြဘူး... ဒီတိုင်းပဲ အချိန်ဖြုန်းမယ်...."
"အဲ့ဒါဆိုနင်က ဘာလုပ်ချင်နေတာလဲ..."
"ငါ လုပ်ချင်တာက...မင်း ကျွေးတဲ့ အရသာရှိတာတွေ စားချင်တယ်...."
"နင်က နင့်ရဲ့ ကောင်မလေးကို ပစ်ထားပြီးတော့ တကယ်ကြီး ငါ့ရဲ့နေရာမှာ စားချင်နေတယ်ပေါ့....ဟုတ်လား...."
ငယ်ရွယ်စဉ်ကတည်းက ညစ်ညမ်းဟာသများနှင့် နေသားကျလာခဲ့သည့် လျန်ရူရွှယ်မှာ သဘာ၀ အလျောက် လင်းရီ၏ ဆိုလိုရင်းကို သဘောပေါက်လေသည်။
သို့သော်လည်း ရိုးရှင်းစွာဖြင့် နားမလည်ချင် ယောင် ဆောင်နေလိုက်၏။
"ဘာဖြစ်ရဦးမှာ... မင်းက ငါ့ကို ရှေ့တန်းထွက်ခိုင်းပြီး အာဇာနည်ကြီး ဖြစ်စေချင်နေတာလား... "လင်းရီ မတ်တပ်ရပ်လိုက်ပြီး"ခဏလောက် အပြင်ထွက်ပေး.. ငါ အ၀တ်အစားလဲချင်လို့..."
"နင် ဆန္ဒရှိသလို လဲလို့ရတယ်... နင်က ငါ့ကို အလေးအနက် မထားမှတော့ ငါလည်း မျက်နှာ မရှက်ပါဘူး...."
"ငါက စိတ်မရှိဘူး... မင်း ရှက်နေမှာ စိုးလို့ပြောနေရတာ..."
လျန်ရူရွှယ် လင်းရီကို မျက်လုံးလှိမ့်လိုက်ပြီး "ငါ့ကို ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်လို မဆက်ဆံစမ်းပါနဲ့.. ငါက စစ်ဒေသမှာ ကြီးပြင်းခဲ့တာနော်...."
"ပြီးတာပဲလေ...."
လင်းရီ သူ၏ ခွဲစိတ်ခန်း၀တ်စုံကို ချွတ်ချလိုက်ပြီး စတင် အ၀တ်အစားလဲတော့၏။
အား.....
လျန်ရူရွှယ် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်၍ အသားကုန် အော်ဟစ်လိုက်လေသည်။
"ကောင်စုတ်.. နင်ဘာလို့ အောက်က ဘာမှ မခံထားတာလဲ.....”