မေမေ ကျိုးဟိုင်ကို ရောက်နေပြီ...
Vol. 38 Ch. 558
"အစ်မကြီး... နင် နည်းနည်းလေး အသိတရား ရှိပါဦးလား...."လင်းရီ ပြောလိုက်ပြီး "ဒေါက်တာတွေက ခွဲစိတ်ခန်း၀င်ရင် ခွဲစိတ်ခန်း၀တ်စုံကလွဲရင် တခြား ဘာမှ ၀တ်လို့မရဘူး... မဟုတ်ရင် ပူကပူ ချွေးတွေရွဲနေတဲ့ ဒဏ်ကို ဘယ်သူက ခံနိုင်မှာ..."
"အဓိပ္ပာယ်မရှိတာ.. အမျိုးသမီး ဒေါက်တာတွေတောင် ခံနိုင်ရည်ရှိရင် နင်တို့ အမျိုးသားတွေလည်း ခံနိုင်ရန် ရှိရမှာပေါ့...."
"အမျိုးသမီး ဒေါက်တာတွေလည်း အတူတူပဲလေ..."လင်းရီ ပြောလိုက်ပြီး "လီချူးဟန်လည်း သူ့အောက်မှာ ဘာမှ မခံထားဘူး..."
"တကယ်....."
"ဒါပေါ့ကွ..."လင်းရီ ပြောလိုက်ပြီး "မင်းထင်နေတာ ဆရာ၀န်ဖြစ်ရတာ လွယ်ကူတယ်များ အောက်မေ့နေတာလား... "
"ဒါဆို နင်ဘာမှ မ၀တ်ထားတော့ကျ အောက်က တုံ့ပြန်လာမှာ နင်မကြောက်ဘူးလား... အဲ့လိုဆို ဘယ်လောက်တောင် ကိုးရို့ကားယား နိုင်လိုက်မလဲ...."
"ခွဲစိတ်ခန်းထဲလို နေရာမျိုးက သွေးတွေနဲ့ဖုံးလွှမ်းနေမှာလေ... မင်းခေါင်းထဲမှာ အမှိုက်တွေနဲ့ ပြည့်နှက်နေတာလား..."
"အဲ့တာ ပုံမှန် အတွေးပဲမဟုတ်လား..."
"ငါ့ဖင်ကြီးကိုပဲ ပုံမှန်နေလိုက်..."
သို့နှင့် လင်းရီ လျန်ရူရွှယ်၏ တင်ပါးကို တုန်ဆတ်သွားအောင် ရိုက်လိုက်ပြီး "သွားစို့.. ငါ အ၀တ်လဲပြီးသွားပြီ..."
လျန်ရူရွှယ် လင်းရီကို နောက်မှနေ၍ မကျေမနပ်ကြည့်လိုက်ပြီး "ဟွန့်...မကောင်းတဲ့ကောင်ကြီး..."
ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ပါကင်ထိုးသည့် နေရာသို့ ရောက်လာလေသည်။ လင်းရီမှာ အနည်းငယ် အားပြန်ပြည့်လာပြီးဖြစ်သော်လည်း ပင်ပန်းနေဆဲဖြစ်၏။
အပြည့်အ၀ အာရုံစူးစိုက်ထားရသည့် ခွဲစိတ်မှုမှာ သာမန်လူများ ခံနိုင်ရည်ရှိသည့် အရာတစ်ခု မဟုတ်ခဲ့ပေ။
လီချူးဟန်နှင့် ကျိန်းပင်းကျန်းတို့တောင်မှ တစ်၀က်မျှနှင့် လဲပြိုသွားခဲ့ရလေသည်။
မကြာမီ လျန်ရူရွှယ် လင်းရီကို သူမအိမ်သို့ ခေါ်လာခဲ့၏။
"နင် ဆိုဖာပေါ်မှာ ခဏလောက် သွားလှဲနေလိုက်.. ငါ အ၀တ်အစား လဲပြီးရင် စားဖို့ တစ်ခုခု လုပ်ပေးမယ်....."
"ငါ ၀တ်ဖို့ ညအိပ်၀တ်စုံလေး ဘာလေးများ မရှိဘူးလား...."
"နင် တကယ်ကြီး အတည်မေးနေတာလား... ငါက တစ်ကိုယ်တည်း နေတဲ့ အမျိုးသမီးနော်... ငါ့အိမ်မှာ အမျိုးသား ညအိပ်၀တ်ရှိတာက ပုံမှန်ပဲလို့ နင် ထင်နေတာလား...."
လျန်ရူရွှယ် မကျေမနပ် စောဒက တက်လိုက်တော့၏။
"မသိဘူး...ပင်ပန်းတာပဲ သိတယ်... ဒီညတော့ အိမ်ပြန်ဖို့ အဆင်မပြေတော့ဘူး......"လင်းရီ သမ်းဝေလိုက်ပြီး "ဒီလိုဆို ညကျ ကိုယ်လုံးတီးနဲ့ပဲ အိပ်ရတော့မယ်နဲ့ တူတယ်...."
အားပါးတရ သမ်းဝေနေသည့် လင်းရီကို မြင်တော့ လျန်ရူရွှယ် အထင်ကြီး လေးစားသွားခဲ့ရသည်။
သူ၏ ချစ်သူကောင်မလေးမှာ စိတ်ဆိုးနေပါသော်လည်း ထိုကောင်စုတ်မှာ မတောင်းပန်သည့် အပြင် တတိယအမျိုးသမီးတစ်ယောက်၏ နေအိမ်တွင် တစ်ည ကုန်ဆုံးချင်နေပြန်သည်။
ဟွာရှတစ်ခွင်တွင် လင်းရီနှင့် ယှဉ်နိုင်မည့် အမျိုးသားဦးရေမှာ များစွာရှိလိမ့်မည် မဟုတ်ဟု လျန်ရူရွှယ် တထစ်ချ ယုံကြည်သွားတော့၏။
"ဒီမှာအိပ်နေလိုက်.. ငါ အားတဲ့အချိန်ကျရင် နင့်အတွက် တစ်စုံသွား၀ယ်ထားပေးမယ်..."လျန်ရူရွှယ် သူမ၏ တင်ပါးအထိသာ ဖုံးလွှမ်းထားသော ညအိပ်၀တ်စုံကို ၀တ်ပြီး လမ်းလျှောက်လာခဲ့၏။ အများအမြင်တွင်တော့ သူမ၏ အောက်ပိုင်း၌ ဘာမှမခံထားဟု အထင်မှားသွားစေနိုင်သည်။
တင်ရင်းအောက်ရှိ ဖြူဖွေးသည့် ပေါင်တံတစ်စုံမှာ အကြည့်မခွာရက်လောက်အောင် ဖြစ်ပေါ်စေပြီး အကန့်အသတ်မဲ့ ညစ်ညမ်းသည့် အတွေးတို့ကို လှုံ့ဆော်ပေးနိုင်၏။
"ဖြစ်သလိုပဲ လုပ်လိုက်.. တအား ဒုက္ခ ခံမနေနဲ့..."
"နင်က ဒီလောက် ပင်ပန်းထားတာကို ဖြစ်သလို လုပ်ပေးလိုက်ရင် ဘယ်လိုလုပ်ပြီး အားပြန်ပြည့်နိုင်တော့မှာ..." လျန်ရူရွှယ်ပြောလိုက်ပြီး "ဘာမှ မပူနဲ့ ..ရေခဲသေတ္တာထဲမှာ အမဲစတိတ်ခ်တွေလည်း ကျန်သေးတယ်... ပြီးတော့ နင့်အတွက် ကြက်ဥလည်း ကြော်ပေးမယ်... အဲ့တာတွေနဲ့ဆို နင် မြန်မြန် ဆန်ဆန် အားပြန်ပြည့်လာလောက်တယ်...."
"အဲ့တာဆိုလည်း အဆင်ပြေသလိုသာ ကြည့်လုပ်လိုက်ကွာ...မြန်မြန်လေးသာ လုပ်ပေး..."
လျန်ရူရွှယ် လင်းရီကို မကျေမချမ်း မျက်စောင်းထိုးလိုက်သည်။
ဒါက သူမရဲ့ အိမ်လေ... ဘာလို့ သူမက အိမ်ဖော်လို့ ခံစားနေရပါလိမ့်...
လျန်ရူရွှယ် အိုးအသေးဖြင့် ဆန်ပြုတ်တစ်ခွက်ပြုတ်လိုက်ပြီး စတိတ်ခ်နှစ်ခုကို ကြော်လိုက်သည်။ ထို့နောက် ကြက်ဥလေးလုံးပြုတ်၍ နွားနို့ ပူပူလေး တစ်ခွက်နှင့်အတူ ကော်ဖီစားပွဲပေါ်သို့ ယူလာခဲ့ပေးလေသည်။
"ဒီမှာပဲစားလိုက်.. ဘယ်မှ မရွေ့နဲ့တော့..."
"အလှလေးလျန်က တကယ်မဆိုးဘူးပဲ.. သူများတွေကို ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာ အရမ်း နားလည်တယ်..."
"ငါ့ကို စမနေနဲ့.. ပူတုန်းစားလိုက်..."
ဆာလောင်မွတ်သိပ်နေသောကြောင့် လင်းရီလည်း ဟန်ဆောင် ပန်ဆောင် လုပ်မနေတော့ပဲ ဆန်ပြုတ်နှင့် အသားများကို ပါးစပ်ထဲသို့ အတင်းသွပ်ထည့်တော့သည်။
"ဖြည်းဖြည်းစားလေ.. ဘယ်သူမှ နင့်နား လုမစားဘူး... အဲ့လောက် အမြန်ကြီး စားနေရင် ဗိုက်က အစာချေနိုင်မှာ မဟုတ်ဘူး..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး သူစားသည့် အရှိန်ကို လျော့လိုက်လေသည်။
"ခု Muddy waters က လှုပ်ရှားလာပြီဆိုတော့ နင်သူတို့ကို ဘယ်လိုတုံ့ပြန်ဖို့ စဉ်းစားထားလဲ...."
လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "ခွဲစိတ်ပြီးတော့ မင်းက ငါ့ကို ဒီဆွဲခေါ်လာတာလေ.. တခြား ဘာကိုမှ မစဉ်းစားရသေးဘူး..."
"နင့်မှာ စဉ်းစားထားတာ မရှိဘူးဆို ဘာလို့ မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ပြောလိုက်တာလဲ..."
"လွယ်ပါတယ်.. မအိပ်ခင် စဉ်းစားလို့ရတယ်လေ.. ငါ အမြဲတမ်း အဲ့လိုလုပ်နေကြပဲ... ပြီးတော့ ဒီကိစ္စက အသေးအမွှား ပြဿနာလေးပါ... သေချာပေါက် ပြန်ထဖို့ အခွင့်အရေးရှိပါသေးတယ်.... "
"Didi ရဲ့ ရှယ်ယာတွေက ဟိုး အဝီစိရောက်တော့မှာကို နင်က ပြဿနာကြီး မဟုတ်ဘူးလို့ ပြောနေသေးတယ်ပေါ့လေ... "
"ခု ကိစ္စတွေက ဒီလိုတွေ ဖြစ်လာပြီဆိုမှတော့ ခေါင်းအေးအေးထားပြီး စဉ်းစားရမှာပေါ့ဟ... တွေးပူနေလို့ ဘာရမှာ..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ စဉ်းစားမထွက်ခဲ့ရင်တောင် မနက်ဖြန် သတင်းစာရှင်းလင်းပွဲကို လုပ်ဖြစ်အောင် လုပ်မှာပဲ... ငါ့ရဲ့ ရပ်တည်ချက်ကို လူတိုင်းသိအောင် ကြေညာရမယ်.... "
"ငါ့အလိုသာ ဆိုလို့ကတော့ ခုချက်ချင်း အခြေအနေတွေကို ထိန်းချုပ်ပြီးတော့ ဈေးကွက်ကို တည်ငြိမ်အောင် လုပ်လိုက်တယ်... "လျန်ရူရွှယ် တွေးဆဟန်ဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး...."လင်းရီ ခေါင်းရမ်းလိုက်ပြီး "ငါ့ဘက်က ပြန်ပြီး တုံ့ပြန်တိုက်ခိုက်မယ့် အစီအစဉ် မဆွဲရသေးတာကို ဈေးကွက်တည်ငြိမ်အောင် လုပ်လိုက်မယ်ဆိုရင် ရှုံးတဲ့သူက ငါပဲ ဖြစ်သွားမှာ....."
"ဟမ်...."
လျန်ရူရွှယ်မှာ စီးပွားရေးအကြောင်း သိပ်နားမလည်သောကြောင့် လင်းရီပြောသည့် စကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်နေလေသည်။
"စဉ်းစားကြည့်ကြည့်... ကျောက်မိုရဲ့ အဓိက ရည်မှန်းချက်က စတော့တန်ဖိုးတွေကို တန်ဖိုးကျအောင် လုပ်ဖို့ပဲ... စတော့တန်ဖိုးတွေ ပိုကျလေ.. သူ့ဘက်က ပိုပြီးတော့ အမြတ်ရလေ... ဆိုတော့ စတော့ ဈေးကွက်သာ ဆက်ကျနေမယ်ဆိုရင် သူ ချက်ခ်တွေကို ငွေသားလဲဦးမှာ မဟုတ်ဘူး...."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ခုချက်ချင်း ဈေးကွက်ကို တည်ငြိမ်အောင် လုပ်လိုက်မယ်ဆိုရင် ကျောက်မိုရဲ့ မြင်နိုင်စွမ်းနဲ့ဆို သူ သေချာပေါက် ချေးထားတဲ့ ရှယ်ယာတွေကို ပြန်ပေးလိုက်မှာပဲ.. အဲ့ဒီကနေပြီးတော့ သူ့ဘက်က အနည်းဆုံး ဘီလီယမ် ၂၀ လောက် အမြတ်ရသွားမှာ.. အဲ့လိုဆို ငါပဲ ရှုံးမှာ မဟုတ်ဘူးလား...."
"ဒါကြောင့်မို့ နင့်ဘက်က အရေးမသာတဲ့ အခြေအနေမျိုး ဖြစ်အောင် ဖန်တီးပြီးတော့ ကျောက်မိုကို သူ့လက်ထဲမှာ ရှယ်ယာတွေ ဆက်ကိုင်ထားအောင် လှည့်စားမလို့ပေါ့နော်...."
"တော်တယ်..."လင်းရီ ပြောလိုက်ပြီး "Muddy waters ကို ကိုင်တွယ်ပြီးသွားရင် ငါ့ဘက်က အကွက်သေးသေးလေး ရွေ့ပြီးတော့ စတော့ ဈေးနှုန်းတွေကို ပြန်ဆွဲတင်လိုက်မယ်.. အဲ့ခါကျရင် ပွဲသိမ်းပြီ...."
"နင်က ကျောက်မိုကို အဆုံးသတ်ချင်နေတာပဲ..."
"သူ့တစ်ယောက်တည်း အဆုံးသတ်လိုက်ရင် ပျင်းစရာကြီး ဖြစ်နေမှာပေါ့.. နောက်ထက် သုံးယောက်တောင်မှ ကျန်နေသေးတာကို..."လင်းရီ အပြုံးဖြင့် ပြောလိုက်၏။
လျန်ရူရွှယ် ရင်တစ်ချက် ထိတ်သွားခဲ့သည်။
သူက ရန်ကျင်းရဲ့ သခင်လေး လေးယောက်ကို တစ်ပြိုင်တည်း အဆုံးသတ်ချင်နေတာလား...
ကျောက်မိုနှင့် ကျန်သူများမှာ အကြီးအကျယ် ဒုက္ခရောက်တော့မည်ဟု သူမ၏ မသိစိတ်က ပြောပြနေလေသည်။
ကလင် ကလင်....
ထိုစဉ် လင်းရီ ဖုန်းသံမြည်လာခဲ့၏။ ကော်နင်ရွဲ့မှ ဖုန်းဆက်လာခဲ့ခြင်းပင်။
"အီးဟီးဟီး...အစ်ကို ငါတော့ နင့်ကို ဒုက္ခပေးမိပြီ.... "
"ဘာလဲဖြစ်လို့.. မင်းက ဘာလို့ ငိုနေရတာ...."
"အစ်ကိုရဲ့ ကုမ္ပဏီ တစ်ခုခု ဖြစ်နေတယ် မဟုတ်ဘူးလား.. ညီမ စိတ်ပူလို့ မေမေ့ကို ပြောပြလိုက်မိတယ်.... "
ကော်နင်ယွဲ့ ငိုရင်း ပြောလိုက်၏။
"ပြီးတော့......"
"ပြီးတော့ မေမေက နင့် အကြောင်းတွေ ရှာတွေ့သွားတယ်လေ..."
"ညီမ အခု အခေါင်းမြုပ်ပေးမယ့် နေရာတောင် ကြိုရှာထားပြီးသွားပြီ... နေရာက တောင်တန်းတွေ ပင်လယ်တွေနဲ့လည်း နီးတယ်... နေထွက်ချိန်နဲ့ နေ၀င်ဆည်းဆာကို သေချာကြည့်လို့ နေရာလေးပေါ့... ညီမ အချိန်ရရင် ရသလို အစ်ကို့ဆီ လာလည်ပေးမယ်နော်...."
"အစ်ကို...."ကော်နင်ယွဲ့ ချွဲနွဲ့၍ ပြောလိုက်ပြီး "ညီမက တမင်သပ်သပ် လုပ်တာ မဟုတ်ပါဘူးနော်... ပြီးတော့ မေမေက အကြီးအကျယ် ဒေါသထွက်နေတာသိလား... ဖေဖေ့ဆီက ကြားတာတော့ ကျိုးဟိုင်ကို လာဖို့ လေယာဉ်လက်မှတ်တောင် ဖြတ်ထားပြီးပြီဆိုပဲ... ခုချိန်လောက်ဆို ကျိုးဟိုင်ကို ရောက်နေလောက်ပြီ...."
"တကယ်ကြီးလားဟ.. အမေက တကယ်ကြီး ကျိုးဟိုင် လာခဲ့တာလား...."
"အစ်ကို့ဆီ ဖုန်းမဆက်လာဘူးလား..."ကော်နင်ယွဲ့ ပြောလိုက်ပြီး "အဲ့တာဆို မေမေက ယောင်းမလေးဆီ သွားခဲ့တာ နေမှာ..."
" ဒါဆို မင်းလည်း လာခဲ့ပါလား.. အဲ့ဒီသင်္ချိုင်းက လှမလှ ကြည့်ကြည့်ကြမယ်လေ...."
"အစ်ကို.... နင် အဲ့လို မလုပ်နဲ့လေ... ညီမက တိတ်လေး လာပြောပြတာကို မေမေ့ဆီ ..... တီ တီ တီ....."
လျန်ရူရွှယ် တသိမ့်သိမ့်တုန်အောင် ရယ်မောနေလိုက်သည်။
"ကံကောင်းတာပဲဖြစ်ဖြစ် ကံဆိုးတာပဲဖြစ်ဖြစ်.. ဖြစ်ပြီးမှတော့ ထားလိုက်တော့... နင် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုပဲ မြန်မြန် စဉ်းစားသင့်တယ်...."
ကော်နင်ယွဲ့ကို ဖုန်းချလိုက်ပြီးနောက် လင်းရီ သူ၏ ဖုန်းကိုကိုင်ရင်း မျက်မှောင်ကြုတ်နေလေသည်။
"အခြေအနေတော့ မဟန်တော့ဘူး....”