← Chapters

ငါတကယ်ကြီး မျက်နှာများတဲ့ ယောက္ခမ ဖြစ်နေပြီလား..

Vol. 38 Ch. 560

ငါတကယ်ကြီး မျက်နှာများတဲ့ ယောက္ခမ ဖြစ်နေပြီလား..

Vol. 38 Ch. 560

၀မ်ချွေ့ပင်း သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး တစ်ချိန်တည်းတွင် အနည်းငယ် နောင်တရနေလေသည်။ အကယ်၍ ယခုလိုဖြစ်မည်မှန်း ကြိုသိပါက သူမ ဖုန်းခေါ်လိမ့်မည် မဟုတ်ချေ။

"ဒီအချိန်ကြီး ဘာလဲ လုပ်နေကြတာ.. အလုပ်များနေတာလား...."

"အလုပ်ကိစ္စတော့ မဟုတ်ပါဘူး.. သားတို့ ဆေးရုံကနေ ကုန်ကျစရိတ် စိုက်ထားတာတွေ ပြန်တောင်းနေတာလေ.."လင်းရီ ပြောလိုက်ပြီး "တလောတုန်းက ကျွန်တော် သူနဲ့ အတူ ရန်ချိန်ရောက်လာတုန်းက သူမလည်း မွေးရပ်မြေကို အလုပ်ခရီး ထွက်လာခဲ့တာ.. ဒါပေမယ့် ပြန်လာတော့ကျ ဟိုတယ်ကနေ ပြေစာတောင်းဖို့ မေ့နေခဲ့တာမို့လို့ ဆေးရုံဆီ စိုက်ထားတာတွေ ပြန်တောင်းဖို့ အခက်တွေ့နေတာလေ..."

"စိုက်ထားတာတွေ...."

"ရန်ချိန်က ခေါင်းဆောင်တွေက သူမလည်း ကျွန်တော်နဲ့လိုက်လာခဲ့မယ်ဆိုတာကို မသိထားဘူး‌လေ.. ဒါကြောင့်မို့ သူတို့က တစ်ခန်းတည်း ပြင်ထားပေးတာ.. ဒါကြောင့်မို့ ဒါရိုက်တာလီလည်း နေစရာ မရှိတာနဲ့ ဟိုတယ်မှာ သပ်သပ် တစ်ခန်းငှားနေလိုက်ရတာ... ခု ဆေးရုံကနေ အဲ့ဒီ စရိတ်တွေ ပြန်တောင်းနေတာလေ..."

ထိုစကားကိုကြားတော့ ၀မ်ချွေ့ပင်းနှင့် ကျီချင်းရန်၏ အမူအရာမှာ သိသိသာသာ ပြန်လည် ကောင်းမွန်လာခဲ့သည်။

လူပျို အပျိူ အမျိုးသားနှင့် အမျိုးသမီးမှာ အခြားမြို့သို့ ရောက်ရှိနေပြီး ညအိပ်သည့် အခါ၌လည်း တစ်ယောက်တစ်ခန်းစီ အနားယူကြသည်။ ယင်းက အကြောင်းအရာအများကြီးကို သူ့အလိုလို ဖြေရှင်းပေးပြီးသားဖြစ်လေသည်။

အကယ်၍ ၎င်းတို့နှစ်ယောက်ကြားထဲတွင် ပြောမပြနိုင်သည့် လျှို့ဝှက်ချက်များရှိနေပါက လုံး၀ အခန်း နှစ်ခန်း ယူကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် မည်သူကမျှလည်း အကြောင်းစုံမသိသောကြောင့် ရမ်းသန်းခန့်မှန်းနေသည်က လုံး၀ လုံး၀ကို မလိုအပ်ချေ။

"ဟင်း... သားတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေလေ.. ပြီးတော့ သင့်သင့်မြတ်မြတ်လည်း ရှိတယ်ဆိုတော့ ဘာလို့ သူမကို ကူညီပြီးတော့ အခန်းတစ်ခန်း မယူပေးလိုက်တာ... ဘာလို့ ပိုက်ဆံ သုံးခိုင်းလိုက်တာလဲ.."

"ပြောတာပဲ .. ဒါပေမယ့် မရဘူး.. ကျွန်တော်တို့ရဲ့ ဒါရိုက်တာလီက အရမ်းကို ဖြောင့်မှန်တာ... သူတစ်ပါးအပေါ် လွယ်လွယ်နဲ့လည်း အခွင့်အရေး မယူတတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ အမေလည်းသိတယ်မလား... အဲ့ဒီနေ့တုန်းက သူမရဲ့ ပိုက်ဆံအိတ်ထဲမှာ ယွမ် ၅၀၀ ထက်ပို ရှိနေတယ်လေ.. ဒါကြောင့်မို့ ၄၀၀ လောက် သုံးပြီး ဟိုတယ်မှာ အခန်းတစ်ခန်း ငှားလိုက်တာ... ဒါပေမယ့် အဲ့လိုဆိုရင်တောင် ကျွန်တော် ပိုက်ဆံ ရှင်းမယ် ဆိုတာကို ပေးမရှင်းပါဘူးဆိုနေမှပဲ... ဘယ်လောက်ထိ ခေါင်းမာလဲဆိုတာ အဲ့တာသာကြည့်တော့... ဒါကြောင့်မို့ ကျွန်တော်တို့ ဆေးရုံက ဆရာ၀န်တွေ ဒါရိုက်တာလီနဲ့ အလုပ်ခရီးသွားမယ်ဆိုရင် သူတို့ရဲ့ ဇနီးတွေက အရမ်းစိတ်ချကြတာလေ... "

"ဒါ .. ဒါဆို အဲ့ကလေးမလေးက အတော်လေး မဆိုးဘူးပဲ..."၀မ်ချွေ့ပင်း ရုတ်ချည်း ရင်တုန်ပန်းတုန် ဖြစ်လာခဲ့၏။

ယင်းက ထွေထူး ပြဿနာကြောင့်တော့ မဟုတ်ပဲ လင်းရီမှ ယွမ် ၅၀၀ အကြောင်း ပြောလာသောကြောင့်ပင်။

သူတို့နှစ်‌ယောက် ရန်ချိန်ရောက်လာစဉ်က သူမ လီချူးဟန်ကို ယွမ် ၅၀၀ ဟုန်ပေါင်း ပေးလိုက်လေသည်။

အကယ်၍ ကျီချင်းရန်သာ ထိုအကြောင်း သိရှိသွားပါက သူမကို မျက်နှာဖြတ်ရိုက်လိုက်သည်နှင့် ဆင်တူသည် မဟုတ်ပါလော။

အကယ်၍များ ထိုသို့ ဖြစ်သွားခဲ့လျှင် သူမ ယခုချက်ချင်းပင် အထုပ်အပိုးများ သိမ်းဆည်းပြီး အိမ်ပေါ်မှ ဆင်းသွားနိုင်လေသည်။

၀မ်ချွေ့ပင်း သူမ ရင်ထဲတွင် ကိုယ့်ကိုယ်ကို ပြစ်တင် ကျိန်ဆဲလိုက်၏။ ' ငါတကယ်ပဲ မျက်နှာများတဲ့ ယောက္ခမ ဖြစ်နေပြီလားဟင်...'

ယင်းကလည်း လင်းရီ အကြံအစည်တစ်ခုလုံး၏ အဓိက ‌အညှာပင်။ သူ အဆိုပါ ယွမ် ၅၀၀ ကို အသုံးပြု၍ ၀မ်ချွေ့ပင်းကို ခြိမ်းခြောက်ပြီး တပ်ဆုတ်သွားအောင် ပြုလုပ်လိုက်မည်။ တစ်ချိန်တည်းတွင် ၎င်းက ထင်မှတ်မထားသည့် ထင်ယောင်ထင်မှား အတွေးများကိုပါ ဖန်တီးသွားနိုင်လေသည်။ အဆိုပါ လှုပ်ရှားသည့်အကွက်မှာ ပြီးပြည့်စုံလှပြီး အကြောင်းအရာတစ်ခုလုံးကို အသေးစိတ်ဖုံးအုပ်ထားပေးရန် လုံလောက်၏။

ဘေးတွင်ထိုင်နေသည့် ကျီချင်းရန်ကတော့ သားအမိ နှစ်ယောက်ကြားရှိ ထူးဆန်းသည့် စကားဝိုင်းကို သတိမထားမိပဲ လည်ချောင်းရှင်း၍ ကားအကြောင်းစုံစမ်းပေးရန် ၀မ်ချွေ့ပင်းထံ တိုးတိုးလေး တောင်းဆိုလိုက်သည်။

ကျီချင်းရန်၏ ရင်ဘက်ထဲရှိ အထုံးမှာ ပြေသွားပြီဖြစ်ကြောင်း သိသာလှသော်လည်း သူမအမှန်တရားကို သိချင်နေဆဲပင်။

ထိုအချိန်တွင်တော့ ၀မ်ချွေ့ပင်းမှာ ဖုန်းကို တတ်နိုင်သမျှ အလျှင်အမြန် ချပစ်ချင်နေလေသည်။

သူမ လင်းရီ ဟုန်ပေါင်းကိစ္စ စကားစလာမှာကို အတော်လေး စိုးရိမ်နေမိ၏။

သို့သော်လည်း ကျီချင်းရန်မှ တောင်းဆိုလာသောကြောင့် သူမ ကျည်ဆံ အမှန်ခံ၍ ရှေ့သို့ ဆက်လက်ချီတက်ရန်သာ တတ်နိုင်တော့သည်။

"ရီလေး.. သား အဲ့ဒီနေ့ ရန်ချိန် ရောက်လာတုန်းက ကားနဲ့ တစ်နေရာ သွားစရာရှိတယ်လို့ ပြောတယ်နော်.... အဲ့ဒီကားက ဘယ်ကနေ ဘယ်လို ရလာခဲ့တာ...."

၀မ်ချွေ့ပင်း၏ မေးခွန်းမှာ အင်မတန်ဉာဏ်များလှပြီး သူမကိုယ်သူမ သံသယအ၀င်ခံရနိုင်သည့် အခြေအနေမှ ဖယ်ရှားလိုက်သည်။

သူမကိုယ်တိုင်အတွက် ပြီးပြည့်စုံသည့် အလီဘိုင်ကိုပါ တစ်ခါတည်း ဖန်တီးထားလိုက်လေသည်။

"ကျွန်တော် ရန်ချိန်ကို ရောက်လာတယ်ဆိုတာက လမ်းတွေ တအားဆိုးတဲ့ ပေချောင်မြို့ဆီ သွားမလို့လေ.. ဒါကြောင့်မို့ လမ်းကြမ်းမောင်းလို့ကောင်းမယ့် ကားတစ်စီး၀ယ်လိုက်တာ..."လင်းရီပြောလိုက်ပြီး "ပြီးတော့ ဆေးမတော်တဆဖြစ်တုန်းကလည်း ဒါရိုက်တာလီက ကျွန်တော့်ကို အများကြီး ကူညီပေးထားတာဆိုတော့ ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ သူ့ကို အဲ့ကား အတင်းလက်ခံခိုင်းလိုက်တာ... "

"ဆိုတော့ ဒီလိုကိုး..."၀မ်ချွေ့ပင်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ သူမ လင်းရီ၏ အဖြေကို အလွန်အမင်း ကျေနပ်အားရနေလေသည်။

"တကယ်တမ်းကျတော့ Mercedes Benz G-class က မဆိုးဘူးသိလား.. ကျွန်တော် အမေ့ချွေးမကို တစ်စီးလောက် ၀ယ်ပေးရင် ကောင်းမလားလို့ စဥ်းစားနေတာ..."

"ကောင်းပါတယ်... ဒါပေမယ့် နင်က အရမ်းချမ်းသာနေတာကို အမေ့ချွေးမလေးအတွက် ပိုကောင်းတဲ့ တစ်စီး၀ယ်ပေးလိုက်လေ... "

"ဒါပေမယ့် ခုအင်တာနက်ပေါ်မှာ ပျံ့နေတဲ့ ကိစ္စကြောင့် မ၀ယ်ပေးဖြစ်သေးတာ.....ကျွန်တော်နဲ့ ဒါရိုက်တာလီ ရန်ချိန်သွားတဲ့ ကိစ္စကို လူတွေက ဘယ်လိုတွေ ရေးတင်နေကြမှန်းမသိဘူး... ကျွန်တော်ကပဲ လိုက်ပြီး ခြေရှုပ်နေတဲ့ ပုံစံကြီးနဲ့... စဉ်းစားလိုက်တာနဲ့ သောက်ရမ်း စိတ်ရှုပ်ဖို့ ကောင်းတယ်...."

"ဟင်.. အဲ့လိုကိစ္စမျိုးတွေလည်း ရှိသေးတာလား...."၀မ်ချွေ့ပင်း အံ့အားသင့်ဟန် ဆောင်လိုက်၏။

"အမှန်ပဲ.. ဒါပေမယ့် ကံကောင်းတာ ချင်းရန်က ကျွန်တော့်အကြောင်း ကောင်းကောင်းသိတယ်လေ.. သူမလို ကြင်နာလှပပြီး ချစ်စရာကောင်းတဲ့အမျိုးသမီးလေးက သေချာပေါက် အထင်လွဲမှာ မဟုတ်ဘူး... "

ကျီချင်းရန် တစ်ဖက်သို့ လှည့်လိုက်ပြီး ညင်သာစွာ နှာခေါင်းရှုံ့လိုက်၏။

ဟွန့် သူ့ဘာသူ စိတ်ကူးတွေ ယဉ်နေတယ်..

သူမ၏ အမူအရာမှာတော့ အလွန်တရာ ၀င့်ကြွားနေလေသည်။

"အင်း.. အမေ့ချွေးမလေးက အရမ်းထူးချွန်တာ... ဒါပေမယ့် အဲ့လိုကိစ္စမျိုးကို အထင်လွဲမယ်ဆိုရင်လည်း သာမန်ပဲလေ... သား.. နင် ချွေးမလေးကို သေချာပေါက် ရှင်းပြပေးရမယ်နော်..."

"စိတ်ချစမ်းပါအမေရာ.. ချင်းရန်က သေချာပေါက် အထင်လွဲမှာ မဟုတ်ဘူး.. ကျွန်တော် အသက်ရှင်လာတာ အနှစ်နှစ်ဆယ်ကျော်နေပြီ.. ဒါပေမယ့် သူမလိုမျိုး အဆင်းရော အချင်းရော အစစအရာရာ ပြီးပြည့်စုံတဲ့ အမျိုးသမီးမျိုးကို မမြင်ဖူးသေးဘူး... ကျွန်တော်ကလည်း ငတုံးမှ မဟုတ်တာ... ဖရဲသီးကြီး လွင့်ပစ်ပြီးတော့ နှမ်းစေ့လေးတွေ လိုက်ကောက်နေမှာတဲ့လား... ဘာလို့ နောက်ထပ် အမျိုးသမီးတစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေရမှာ...."

"သားလေးပြောတာ အမှန်ပဲ...... ချွေးမလောင်းလေးထက် ထူးချွန်တဲ့ မိန်းကလေးမျိုးကို အမေလည်း မမြင်ဖူးသေးဘူး... "

မည်သို့မှန်း မသိလိုက်ပဲ သားအမိနှစ်ယောက်လုံးမှာ အတိုင်အဖောက် ညီသွားကြ၏။

နှစ်ယောက်သား ကျီချင်းရန်ကို မိုးပေါ်သို့ မြှောက်သည်အထိ အပြိုင်အဆိုင် ချီးမွမ်းနေကြတော့သည်။

"ကောင်းပြီလေ.. နောက်လည်း ကျနေပြီဆိုတော့ အမေ ထပ်မနှောင့်ယှက်တော့ဘူး.. စောစောအနားယူနော်.. ပင်ပန်းအောင်လည်း အလုပ်လုပ်မနေနဲ့ဦး..."

ဆိုရိုးများအတိုင်း စကားများများပြောလေ အမှားများများပါလေ ဖြစ်သောကြောင့် သူမ၏ ဇာတ်လမ်းထဲရှိ အမှားများကို မဖော်ထုတ်မိစေရန် ၀မ်ချွေ့ပင်း ဖုန်းကို ကောက်ကာငင်ကာ ချလိုက်တော့သည်။

ယင်းကလည်း စကားပြောသည်မှာ လုံလောက်နေသောကြောင့် ဖြစ်၏။

သူမဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ပြီး ၀မ်ချွေ့ပင်း ကျီချင်းရန်ကို ကြည့်ကာ "ချွေးမလေး.. သမီးလည်း ကြားတယ်နော်.... သူတို့ နှစ်ယောက်ကြားထဲမှာ ဘာမှ မဖြစ်ထားဘူး.. အင်တာနက်ပေါ်က သတင်းတွေက အလိမ်အညာတွေကြီးပဲ..."

"ပြီးတော့ သူ့ရင်ဘက်ထဲမှာ ချင်းရန်က အဲ့လောက် နေရာယူထားတာကို ဘာလို့ တခြား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး စိတ်ပူနေဦးမှာ လဲ ... ဟုတ်တယ်မလား..."

"သူလည်း မှားတာပဲလေ..သမီး သံသယ မများအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား မသိဘူး..."ကျီချင်းရန် နှုတ်ခမ်းစူ၍ ပြောလိုက်၏။

အမှန်တော့ သူမ ၀မ်ချွေ့ပင်း၏ ချွေးမလောင်းဆိုတာကို လင်းရီ လက်ခံလိုက်စဉ်ကတည်းက ကျီချင်းရန် ရင်ထဲရှိ ကြိုးထုံးမှာ ပြေပျောက်သွားပြီးဖြစ်၏။

တစ်နည်းအားဖြင့်ဆိုသော် သူမတို့နှစ်ယောက်၏ ပတ်သက်ဆက်နွယ်မှုကို လင်းရီ လက်ခံထားသော်လည်း ၎င်းကို ထုတ်မပြခြင်းသာ။

"ဟုတ်တယ်.. သေချာပေါက် သူ့အမှားပဲ... အန်တီ အချိန်ရရင် သူ့ကို ပြောပြထားလိုက်မယ်... မိသားစုလည်းရှိ အလုပ်လည်းရှိတဲ့လူက ဒီလိုကိစ္စမျိုးကိုလည်း သေချာပေါက် ဂရုစိုက်မှ ဖြစ်မယ်လေ..."၀မ်ချွေ့ပင်း အလွန်အမင်း လေးနက်နေဟန်ဖြင့် ပြောဆိုလိုက်၏။

"ဟုတ်တယ်.. သမီးတို့ သူ့ကို သေသေချာချာလေး ပြောပြထားဖို့ လိုတယ်...."

၀မ်ချွေ့ပင်း ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာသည့် လေသံဖြင့် "ချွေးမလေး... အန်တီတို့ ဒီကိစ္စကို သေချာလေး သိသွားပြီဆိုတော့ အထုပ်အပိုးတွေကို ပြန်မသယ်သွားတော့ဘူးလား...."

"အထုပ်အပိုးတွေက ပြန်မသယ်သွားလည်း ဖြစ်ပါတယ်.. ဒါပေမယ့် အန်တီလည်း ဒီရောက်နေတယ်ဆိုတော့ လင်းရီရဲ့အိမ်ကို တစ်နည်းမဟုတ် တစ်နည်းတော့ သွားရမှာပဲလေ.. ဒါကြောင့်မို့ သမီး အန်တီ့ကို သူ့အိမ် ခေါ်သွားပေးမယ်...."

"အင်း ... အဲ့တာဆို အခုပဲ သွားကြစို့..."

သို့နှင့် ၀မ်ချွေ့ပင်း ကျီချင်းရန်၏ ခရီးဆောင်အိတ်ကို သယ်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။ ထို့နောက် ကျိုကျုံးဗီလာသို့ မောင်းထွက်သွားလိုက်တော့၏။

…....

လင်းရီ ဖုန်းချလိုက်သည်ကို မြင်တော့ လျန်ရူရွှယ် သူမ လင်းရီကို လက်မထောင်ပြလိုက်သည်။

လင်းရီ၏ မေမေ၀မ်ကလည်း ခေသူတော့မဟုတ်ပေ။ လင်းရီမသိအောင် ကျိုးဟိုင်ရောက်လာပြီး တစ်ဖက်လှည့်ဖြင့် သတင်းများ နှိုက်ယူသွားလေသည်။ ကံ‌ကောင်းစွာဖြင့် လင်းရီမှ အချိန်မှီ သတင်းရထားသောကြောင့်ပင်။ထိုသို့ဆိုလျှင်တောင် လင်းရီ၏ စကားပြောစွမ်းရည်မှာလည်း အံ့ဩချီးကျူးဖို့ကောင်း၏။ အကယ်၍ အခြားသူတစ်ဦးသာ ဆိုလျှင်တော့ ထိုမျှ ကြီးမားသည့် မုန်တိုင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေလောက်ပြီး ဖြစ်လေသည်။

သို့သော်လည်း လင်းရီအတွက်တော့ ရေချိုးရုံမျှလောက်သာ ရှိပြီး အဆိုပါ မုန်တိုင်းက ရေတစ်စက်ပင် မကျသေးခင် ငြိမ်သက်အောင် ထိန်းချုပ်ထားနိုင်လိုက်၏။

လင်းရီမှာ မကောင်းသည့်ကောင်ဖြစ်ရန် လုံလောက်သည်အထိ ခန့်ညားလှသော်လည်း သူ၏ တကယ့်အပြုအမူများကတော့ အမြဲတမ်း အခြေအနေပေါ်တွင် မူတည် နေလေသည်။

အကယ်၍ သူမသာဆိုလျှင်တော့ ဘာမျှပင် မသိလိုက်ပဲ လင်းရီ၏ လှည့်စားခြင်း ခံလိုက်ရနိုင်သည်။

"ဟေ့ ဘာလို့ အဲ့လိုကြီး လာကြည့်နေတာ..."လင်းရီ ပြောလိုက်ပြီး "မင်းကြည့်နေတာကြီးက ငါကပဲ မကောင်းတဲ့ကောင်လိုလို ဘာလိုလိုနဲ့.....”

All Chapters