← Chapters

သွေးရာအဖွဲ့

Vol. 65 Ch. 893

သွေးရာအဖွဲ့

Vol. 65 Ch. 893

လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာရမှာဖြစ်တာကြောင့် လီဖူချန်းနဲ့ကျောက်ပုဆိန်သူ‌‌တော်စင်အရှင်တို့က အတူမနေပါဘူး။ မကြာမီမှာပဲ သူတို့က လမ်းခွဲလိုက်ကြတယ်။

နောက်ပိုင်းမှာတော့ လီဖူချန်းက မြူခိုးမျိုးနွယ်အထွတ်အထိပ်သူတော်စင်အရှင်ဖြစ်တဲ့အမှောင်ချိုးငှက်နဲ့ ဆုံတွေ့ခဲ့တယ်။

မြူခိုးမျိုးနွယ်က လုပ်ကြံသတ်ဖြတ်ရာမှာ ကျွမ်းကျင်တယ်။ မြူခိုးမျိုးနွယ်ရဲ့သာမန်အထွတ်အထိပ်သူတော်စင်တစ်ယောက်က သူတော်စင်အရှင်တွေကို လုပ်ကြံသတ်ဖြတ်နိုင်တယ်။ မြူခိုးမျိုးနွယ်ရဲ့အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကို အထွတ်အထိပ်သူတော်စင်အရှင်၉၉ရာခိုင်နှုန်းက ကြောက်ရွံ့ကြတယ်။

(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု-သူတော်စင်အရှင်တွေအကြားစွမ်းအားအဆင့်က ပိုပိုရှုပ်ထွေးလာ‌နေတယ်။ ငါက သာမန်၊ အထက်တန်း၊ အထွတ်အထိပ်သူတော်စင်အရှင်တွေဆိုပြီး သတ်မှတ်ရလိမ့်မယ်)

(အင်္ဂလိပ်ဘာသာပြန်သူက သူတော်စင်အရှင်ရဲ့အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲသွားမယ်တဲ့-မြန်မာဘာသာပြန်သူ)

လီဖူချန်းသိထားတာအရ အမှောင်ချိုးငှက်က ခွန်အားအားဖြင့် ရှာဖွေရေးအဖွဲ့မှာ ထိပ်ဆုံးငါးယောက်ထဲ ဝင်တယ်။ ဒါ့အပြင် ဒါက မျက်နှာချင်းဆိုင်တိုက်ခိုက်စွမ်းအားကို ကိုယ်စားပြုတယ်။ လုပ်ကြံသတ်ဖြတ်ရာမှာဆိုရင် သူက ဒုခေါင်းဆောင်စီးဆင်းသံထက် အားမနည်းပါဘူး။

ဝီ ဝီ ဝီ.....

ပြန်လည်စုစည်းချိန်နီးလာတဲ့အခါမှာ ပျားများရဲ့တဝီဝီမြည်သံတွေကို လီဖူချန်းက ကြားလိုက်ရတယ်။

လိပ်ပြာအသိစိတ်အာရုံနဲ့လှည့်ပတ်ကြည့်လိုက်ရာ လီဖူချန်းက ဖရိုဖရဲမြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။

ကျယ်ပြန့်တဲ့ကုန်းမြေတစ်ခုအပေါ်မှာ ရှာဖွေရေးအဖွဲ့ဝင်ကိုးယောက်က အတူတကွပိတ်မိနေကြတယ်။ သူတို့ကို ရောင်စုံပျားအကောင်တစ်ရာက ဝိုင်းထားတယ်။

"ပန်းတစ်ရာပျားတွေလား" လီဖူချန်းက မျက်ခုံးတွန့်လိုက်လေတယ်။

ပန်းတစ်ရာပျားတွေက စကြာဝဠာရဲ့ဆန်းကြယ်အင်းဆက်တွေထဲကတစ်ခုဖြစ်တယ်။ သူတို့က ပန်းတစ်ရာမှဝတ်ရည်ကို ရိတ်သိမ်းပြီး အဆီအနှစ်ကို စုပ်ယူတယ်။ အဲဒါက သူတို့ရဲ့ခန္ဓာကိုယ်ကို အထွတ်အထိပ်လက်နက်တွေပမာ မာကျောစေတယ်။

အသေင်္ချပန်းမြို့တော်မှာ အသေင်္ချပန်းအမျိုးသမီးက ပန်းတစ်ရာပျားတွေကို အသေင်္ချပန်းဥယျာဉ်မှာ မွေးမြူထားတယ်။

အရွယ်ရောက်ပန်းတစ်ရာပျားဆယ်ကောင်က အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကိုတောင် ရှင်နိုင်တယ်လို့ ပြောကြတယ်။

ဝုန်း ဝုန်း ဝုန်း.....

တိုက်ပွဲက ပြင်းထန်နေတယ်။ အဖွဲ့ဝင်ကိုးယောက်လုံးက ခွန်အားအပြည့်နဲ့တိုက်ခိုက်နေကြပေမယ့် ပန်းတစ်ရာပျားတွေရဲ့တိုက်ခိုက်မှုကို ခုခံရုံမျှသာဖြစ်တယ်။

တကယ်‌တော့ ပန်းတစ်ရာပျားအ‌ကောင်တစ်ရာက အထွတ်အထိပ်အဆင့်သူတော်စင်အရှင်ဆယ်ယောက်နဲ့ ညီမျှတယ်။ အဖွဲ့ဝင်ကိုးယောက်ကြားမှာ ခြောက်ယောက်ကသာ အထွတ်အထိပ်သူတော်စင်အရှင်တွေဖြစ်ကြပြီး ကျန်ရှိသူတွေက  အထက်တန်းသူတော်စင်အရှင်တွေဖြစ်ကြတယ်။

"စွမ်းအားခုတ်ချက်ကြယ်မြစ်"

ကျောက်ပုဆိန်သူတော်စင်က ကိုးယောက်ကြားမှာ ရှိပြီး သူက သူ့ရဲ့ဧရာမ‌ကျောက်ပုဆိန်ကို လက်နှစ်ဖက်နဲ့ ကိုင်ဆွဲထားတယ်။ သူက အမြင့်ခုန်တက်ကာ သူ့ရဲ့ပုဆိန်နဲ့ခုတ်ပိုင်းလိုက်တယ်။

ဖြောက်.......

အက်ကြောင်းတွေက ဟင်းလင်းပြင်မှာ ထွက်ပေါ်လာပြီး ကျောက်ပုဆိန်သူတော်စင်အရှင်ရဲ့အနီးကပ်ဆုံးမှာရှိတဲ့ပန်းတစ်ရာပျားရဲ့ခန္ဓာကိုယ်မှာ အက်ရာတွေဖြစ်တည်လာတယ်။ ဒ့ါအပြင် ပုဆိန်အလင်းဖြာထွက်မှုကြောင့် ပန်းတစ်ရာပြားနှစ်ဒါဇင်ကျော်က လွင့်ထွက်သွားလေတယ်။

စွမ်းအားခုတ်ချက်ကြယ်မြစ်က ကျောက်ပုဆိန်သူတော်စင်အရှင်ရဲ့အထွတ်အထိပ်သတ်ဖြတ်ကွက်မှန်း သိသာတယ်။ ဒါကြောင့် အဲဒါကညပန်းတစ်ရာပျားတစ်ကောင်ကို သတ်နိုင်ခဲ့ပြီး ပန်းတစ်ရာပျားနှစ်ဒါဇင်ကျော်ကို တွန်းလှန်နိုင်ခဲ့တယ်။

ဒါပေမယ့် အထွတ်အထိပ်သတ်ဖြတ်ကွက်တစ်ခုက ခွန်အားစုဆောင်းဖို့ အချိန်လိုအပ်တယ်။ ကျောက်ပုဆိန်သူတော်စင်အရှင်ခွန်အားစုဆောင်းဖို့လိုအပ်တဲ့အချိန်က တိုတောင်းပေမယ့် ပန်းတစ်ရာပျားများစွာရှိနေတယ်လေ။ သူတို့အားလုံးက သွေးရူးသွေးတန်းတိုက်ခိုက်လာတာကြောင့် သူ့မှာ  စွမ်းအားခုတ်ချက်ကြယ်မြစ်ကိုသုံးဖို့ အခွင့်အလမ်းနည်းပါးလာတယ်။

ဝုန်း ဒုန်း......

မြူတစ်ခုပေါက်ကွဲထွက်လာပြီး အမှောင်ချိုးငှက်ဒါဇင်‌ ဖြစ်တည်လာတယ်။ သူတို့က ပန်းတစ်ရာပျားတွေအပေါ်  ပြတ်ပြတ်သားသားတိုက်ခိုက်လာကြတယ်။

ဒီတိုက်ခိုက်မှုက အနည်းဆုံးပန်းတစ်ရာပျားတစ်ရာကို တွန်းလှန်ခဲ့တယ်။ အချို့အကောင်တွေက ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ‌တောင် ဖြစ်သွားရတယ်။

ထိပ်တိုက်တိုက်ခိုက်စွမ်းအားအရ အမှောင်ချိုးငှက်က ကျောက်ပုဆိန်သူတော်စင်အရှင်ထက် တိတိကျကျပိုနိမ့်ကျတယ်။ ဒါပေမယ့် အလုံးစုံခွန်အားအရ အမှောင်ချိုးငှက်က ကျောက်ပုဆိန်သူတော်စင်အရှင်ထက် အများကြီးပိုသန်မာတယ်။ သူတို့ကိုးယောက်အခုချိန်ထိတည်မြဲနေတာအတွက် အမှောင်ချိုးငှက်က ကြီးမားတဲ့အကြောင်းပြချက်တစ်ခုဖြစ်တယ်။

ကျောက်ပုဆိန်သူတော်စင်အရှင်နဲ့အမှောင်ချိုးငှက်တို့အပြင် အခြားအထွတ်အထိပ်သူတော်စင်အရှင်လေးယောက်ကတော့ သမန်းဝံပုလွေရက်ခါ၊ နတ်ဆိုးသားရဲမျက်လုံးခြောက်လုံးသားရဲအာဏာရှင်နဲ့ သစ်သားစိတ်တိညာဉ်မျိုးနွယ်အမ်ဘာနဲ့ဗီဗီယန်တို့ပါပဲ။

အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်အနေနဲ့ ရက်ခါက ရွှေရောင်သမန်းဝံပုလွေတစ်ကောင်လည်း ဖြစ်တယ်။ အဆုံးစွန်းခုခံမှုတွေနဲ့အတူ သူက ပန်းတစ်ရာပျားအုံထဲကို တစ်ဟုန်ထိုးဝင်တိုးကာ သူတို့ကို ပြန့်ကျဲစေတယ်။ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က အခုလိုပြေးဝင်ရဲမှာမဟုတ်ပါဘူး၊ ပန်းတစ်ရာပျားတွေရဲ့ဆူးတွေက ဟာသတစ်ခုမဟုတ်ဘူးလေ။

ဖောက် ဖောက်......

ဟင်းလင်းပြင်ထဲမှာ ကျောက်စိမ်းရောင်အလင်းတန်းတွေယှက်ဖွဲ့နေတဲ့ပိုက်ကွန်တစ်ခုရှိတယ်၊ အဲဒါက ‌ပန်းတစ်ရာပျားတွေချဉ်းကပ်လာခြင်းမှ ကာကွယ်ပေးတယ်။

ကျောက်စိမ်းရောင်အလင်းတန်းတွေထုတ်လွှတ်နေသူကတော့ မျက်လုံးခြောက်လုံးသားရဲအာဏာရှင်ပါပဲ။

သေခြင်းစိတ်ဝိညာဉ်အလင်းတန်းက သူ့ရဲ့အကျွမ်းကျင်ဆုံးမွေးရာပါစွမ်းရည်ပါပဲ။ စိတ်မကောင်းစရာတစ်ခုကတော့ ပန်းတစ်ရာပျားတွေများလွန်းပြီး သေခြင်းစိတ်ဝိညာဉ်အလင်းတန်းတွေက ပစ်မှတ်တစ်ခုကိုပဲအာရုံစိုက်မရဖြစ်နေတယ်၊ ဒါကြောင့် ပြင်းထန်တဲ့ထိခိုက်‌မှုတွေဖြစ်ပေါ်စေဖို့ခက်ခဲလာတာပေါ့။

အမ်ဘာနဲ့ဗီဗီယန်တို့က‌တော့ သူတို့နှစ်ယောက်က အရေအတွက်မြောက်များစွာသောနွယ်ပင်တွေကို ထိန်းချုပ်ကာ ပန်းတစ်ရာပျားတွေနဲ့ရင်ဆိုင်နေတယ်။ ရံဖန်ရံခါမှာ‌တော့ သူတို့က အခြားသူတွေကို ကာကွယ်ဖို့ နွယ်ပင်တွေကို ထိန်းချုပ်တယ်။ အသုံးဝင်မှုအားဖြင့် သူတို့က အမှောင်ချိုးငှက်အောက်နိမ့်ကျရုံမျှသာပါပဲ။

အား......

စိတ်မချမ်းမြေ့စရာအော်သံတစ်ခု ထွက်လာတယ်၊  သမန်းဝံပုလွေရက်ခါရဲ့အမူအရာက တွန့်လိမ်သွားတော့တယ်။

စောစောက‌တော့ သူ့ကို ပန်းတစ်ရာပျားတွေက တုပ်ထည့်လိုက်တာပါပဲ။

ထူထဲတဲ့အသားနဲ့အရေပြားနဲ့ဆိုရင်တောင် သူက နာကျင်မှုကို မသည်းခံနိုင်ပါဘူး၊ သူ့ခန္ဓာကိုယ်က ရပ်တန့်သွားတယ်။

"ပြန်လာစမ်း" အမ်ဘာက နွယ်ပင်တစ်ပင်ကို ထိန်းချုပ်ကာ ရက်ခါကို ပြန်ဆွဲခေါ်ခဲ့တယ်။

ဒါပေမယ့် ထိုအချိန်လေးမှာ ပန်းတစ်ရာပျားအနည်းငယ်က အဖွဲ့ရဲ့ဝင်္ကပါထဲကို တစ်ဟုန်ထိုးပြေးဝင်လာတယ်။

အမှောင်ချိုးငှက်ရဲ့တုံ့ပြန်ချက်က မြန်တယ်၊ သူတို့ရဲ့ဝင်္ကပါထဲမှ မောင်းထုတ်ဖို့ အသက်ရှုချိန်အနည်းငယ်သာ ကြာခဲ့တယ်။ ဒါပေမယ့် အဖွဲ့တစ်ခုလုံးရဲ့စည်းချက်က ရှုပ်ထွေးသွားပြီး ချို့ယွင်းချက်တွေ များစွာပေါ်ပေါက်လာတယ်။

အခုလိုအရေးကြီးတဲ့အခြေအနေမှာ ဓားအလင်းတစ်ခုက ပျံသန်းလာပြီး ပန်းတစ်ရာပျားတစ်အုပ်ကို လွင့်ထွက်သွားစေတယ်။

"ဒါက ဓားသူတော်စင်အရှင်ပဲ" လူတိုင်းက သက်ပြင်းတစ်ချက်ချလိုက်တယ်။

စူးရှတောက်ပတဲ့ဓားအလင်းတစ်ခုက ကိုးယောက်လုံးကို လှည့်ပတ်သွားတယ်။

ဝုန်း......

ပန်းတစ်ရာပျားအားလုံးက လွင့်ထွက်သွားရတယ်။

တိုက်ခိုက်ရေးစွမ်းအားအရ ဒီနေရာရှိအဖွဲ့ဝင်တစ်ယောက်ကမှ လီဖူချန်းနဲ့မယှဉ်နိုင်ပါဘူး။

"ဒီလိုခွန်အားမျိုး" အမ်ဘာနဲ့ဗီ‌ဗီယန်က အသက်ပြင်းပြင်းရှုသွင်းလိုက်မိတယ်။

အမှောင်ချိုးငှက်တောင်မှ တစ်ချက်တည်းနဲ့ ဒီလောက်များတဲ့ပန်းတစ်ရာပျားတွေကို မတွန်းလှန်နိုင်ဘူး၊ ဒါပေမယ့် လီဖူချန်းကသာ အဲလိုပြုလုပ်နိုင်တာလေ။

"ပန်းတစ်ရာပျားတွေက တကယ်ကိုမယုံနိင်စရာပဲ" လီဖူချန်းရဲ့လက်မောင်းက ထုံသွားပြီး သူက သူ့ရဲ့ဓားလက်ကိုင်ကို လွှတ်ချလုနီးပါးဖြစ်ခဲ့ရတယ်။

ဒီလောက်များတဲ့ပန်းတစ်ရာပျားတွေကိုတွန်းလှန်ပြီးနောက်ဖြစ်ပေါ်လာတဲ့ပြန်ကန်အားက တကယ်ကိုကြောက်စရာကောင်းလှပါတယ်။

ကြယ်မသေမျိုးခန္ဓာကိုယ်ရယ်၊ ဓားတာအိုခွန်အားကိုကြီးမားစွာမြှင့်တင်ပေးတဲ့ဓားတာအိုအရိုးတည်ဆောက်ပုံကြောင့်သာမဟုတ်ရင် လီဖူချန်းက ဒီလိုအောင်မြင်နိုင်လိမ့်မှာမဟုတ်ဘူး။

လီဖူချန်းဝင်ရောက်လာတာကြောင့် လူတိုင်းရဲ့ဖိအားက အကြီးအကျယ်သက်သာရာရသွားတယ်။ အချက်အလက်အရ သူတို့မှာဖိအားတစ်ခုတောင်မရှိတော့သလိုပါပဲ။ တစ်ခုတည်းသောပြဿနာက‌တော့ ပန်းတစ်ရာပျားတွေကိုသတ်ဖြတ်ရတာခက်ခဲနေတာပဲ။ ကျောက်ပုဆိန်သူတော်စင်အရှင်က သူ့ရဲ့အထွတ်အထိပ်သတ်ဖြတ်ကွက်ကို သုံးရင်တောင် တိုက်ခိုက်မှုတိုင်းမှာ သူက ပန်းတစ်ရာပျားတစ်ကောင်ကိုပဲ သတ်နိုင်တယ်။ ဒါပေမယ့် လီဖူချန်းကတော့ ကျောက်ပုဆိန်သူတော်စင်အရှင်ထက် ပိုပြီးလွယ်ကူနေတာပေါ့လေ။ အခြားသူတွေကတော့ သူတို့က တစ်ချက်တည်းနဲ့ ပန်းတစ်ရာပျားတစ်ကောင်ကိုတောင် မသတ်ဖြတ်နိုင်ကြပါဘူး။

သူတို့က ဖြည်းဖြည်းချင်းသတ်ဖြတ်နိုင်ရင်‌တော့ အဆင်ပြေပါတယ်၊ အချိန်တစ်ခုကြာပြီးနောက် ပန်းတစ်ရာပျားတွေရဲ့အရေအတွက်က သုညအထိ လျော့ကျသွားပေလိမ့်မယ်။

ဒါပေမယ့် အချိန်တစ်ခုကြာပြီးနောက် ပန်းတစ်ရာပျားတွေကို ပိုပြီးတော့ဆွဲဆောင်လာကြတယ်။ တဖြည်းဖြည်းလျော့ကျလာရမဲ့အစား ပန်းတစ်ရာပျားတွေရဲ့အရေအတွက်က တိုးတိုးလာတယ်။

ကံကောင်းတာက‌တော့ အခြားအဖွဲ့ဝင်တွေက အပြေးရောက်လာနိုင်ကြတာပဲ။

ကူးလီရှာရဲ့အဝါရောင်ဆူးမှာ ကြီးကျယ်တဲ့စွမ်းအားရှိတယ်။ ဒုခေါင်းဆောင်ဖြစ်တဲ့စီးဆင်းသံရဲ့ခုခံမှုက သမန်းဝံပုလွေရက်ခါထက်တောင် ပိုမြင့်တယ်။ အဖွဲ့ခေါင်းဆောင်ညနတ်ဆိုးအတွက်ကတော့ သူက တိုက်ခိုက်မှုတစ်ချက်တိုင်းမှာ ပန်းတစ်ရာပျားနှစ်ကောင်မှသုံးကောင်အထိ သတ်ဖြတ်နိုင်လိမ့်မယ်။ သူ့ရဲ့အကျိုးသက်ရောက်မှုက ဘယ်သူထက်မဆို ပိုမြင့်တယ်။

ဝီဝီ......

ပန်းတစ်ရာပျားအရေအတွက်နှစ်ရာ‌ကျော်ပဲ ကျန်‌‌ရှိတော့တဲ့အချိန်မှာ ကျန်ရှိနေတဲ့ပန်းတစ်ရာပျားတွေက ပြန့်ကျဲသွားတော့တယ်။ သူတို့မှာ ဉာဏ်ရည်အဆင့်တစ်ခုရှိတာ သိသာတယ်။

"ငါတို့လည်း သွားကြစို့" အမွေးရှည်ညနတ်ဆိုးက လက်ကို ဝှေ့ယမ်းကာ ရွက်သင်္ဘောက ထွက်ပေါ်လာတယ်။

ရွက်သင်္ဘောက ကောင်းကင်ကို မြင့်တက်သွားပြီး ဟင်းလင်းပြင်ပန်းခင်းမှ ထွက်ခွာသွားကြတော့တယ်။

နောက်ပိုင်းမှာတော့ အဖွဲ့က ဟင်းလင်းပြင်ပန်းခင်းမျိုးစုံကို သွားရောက်ခဲ့တယ်။ တစ်ခါတစ်ရံမှာတော့ ဆုလာဘ်က ကောင်းပေမယ့် တစ်ခါတစ်ရံမှာတော့ ဘာဆုလာဘ်မှ ရရှိလာခြင်းမရှိခဲ့ပါဘူး။

အရောင်စုံကြယ်တစ်လုံးက အရှေ့မှာ တောက်ပနေတယ်၊ ရွက်သင်္ဘောက ကိန်းသေအရှိန်နဲ့ ပျံသန်းနေတယ်။

"ကြည့်စမ်း၊ အရှေ့မှာ ‌သွေးနီရောင်သင်္ဘောတစ်စင်းပဲ" သင်္ဘောဦးပိုင်းမှာ ‌ဗီဗီယန်က အော်လိုက်တယ်။

"သွေးနီရောင်သင်္ဘောလား" လူတိုင်းရဲ့အာရုံတွေက သင်္ဘောဦးပိုင်းမှာ စုစည်းလာကြပြီး သူတို့က အရှေ့ကို ကြည့်လိုက်ကြတယ်။

စူးစမ်းရှာဖွေတဲ့အချိန်တိုင်းမှာ အစစ်အမှန်အန္တရာယ်က အခြားရှာဖွေသူတွေထံမှ အမြဲလိုလိုပါပဲ။

"ဒါက သွေးရာအဖွဲ့ရဲ့သင်္ဘောပဲ" ကူးလီရှာရဲ့မျက်နှာက ‌မည်းမှောင်သွားတော့တယ်။

"သွေးရာအဖွဲ့လား"

‌ရှေးကျောက်တုံးကြယ်ပိုင်နက်မှာလှည့်လည်နေတဲ့ဘယ်သူမဆို သွေးရာအဖွဲ့အမည်ကို သိကြပါလိမ့်မယ်။ အဖွဲ့ဝင်အားလုံးရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။

သွေးရာအဖွဲ့က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ရှာ‌ဖွေရေးအဖွဲ့တစ်ခုဖြစ်တယ်။ သူတို့က အပျက်အဆီးမျိုးစုံမှာ ထွက်ပေါ်လာပြီး ပိုအားနည်းတဲ့အဖွဲ့တွေဒါမှမဟုတ်တစ်ကိုယ်တော်ရှာဖွေသူတွေကို အမဲလိုက်ကြတယ်။

သွေးရာအဖွဲ့က အထွတ်အထိပ်သူတော်စင်အရှင်တွေနဲ့ပြည့်နေတယ်၊ သူတို့ရဲ့အရေအတွက်က ညနတ်ဆိုးအဖွဲ့ထက် ပိုကြီးတယ်။

"ကြောက်စရာမလိုဘူး၊ ငါတို့ညနတ်ဆိုးအဖွဲ့က အလွယ်တကူအနိုင်ယူလို့ရတာမျိုးမဟုတ်ဘူး" ညနတ်ဆိုးရဲ့အမူအရာက တည်ငြိမ်နေတယ်။

***

All Chapters