ရှက်ရွံ့နေတဲ့ လစန္ဒာ
Vol. 38 Ch. 561
"နင်ကကော မဟုတ်လို့လား...."လျန်ရူရွှယ် ပြောလိုက်ပြီး "ဥက္ကဌကျီလို မိန်းကလေးမျိုးကတောင် နင်လှည့်စားတာ ခံလိုက်ရတယ်ဆိုမှတော့ သာမန်သူတစ်ယောက်သာဆိုရင် နင့်ရဲ့ အရုပ်လေးတစ်ရုပ်လိုမျိုး ဆော့ကစားခံရလောက်တယ်..."
"စစ်ပွဲမှာ အရာအားလုံးက မျှတပြီးသား.. ချင်းရန်ကြောင့်သာ မဟုတ်လို့ကတော့ မေမေ၀မ်က ငါ့ကို ဘာမှ မမေးပဲ သေအောင်ရိုက်သတ်နေပြီးလောက်ပြီ.... "
"အန်တီက ဥက္ကဌကျီကို အရမ်း သဘောကျနေတဲ့ပုံပဲနော်..."
"ချွေးမလေးလို့ နှုတ်က မချတာပဲ ကြည့်တော့လေ.. သဘောမကျဘူးဆိုရင် အဲ့လိုမျိုး ခေါ်ပါ့မလား..."
စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် လျန်ရူရွှယ် ပြောလာခဲ့၏။ "ငါ့ကိုပြောပြ.. တကယ်လို့ နင်ပထမဆုံး ခေါ်သွားတဲ့ မိန်းကလေးကသာ ဥက္ကဌကျီ မဟုတ်ခဲ့ဘူးဆိုရင် အခြေအနေက ကွဲပြားသွားလောက်လား...."
"အာ...."
အဆိုပါ မေးခွန်းကိုကြားတော့ လင်းရီ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့၏။
မျက်နှာမြင် ချစ်ခင်ပါစေဆုနှင့် ပြည့်ထားသည့် ကျီချင်းရန်ကို မြင်သူတိုင်းက သဘောကျမည်မှာ မုချဧကန်ပင်။
သို့သော်လည်း သူ့ဘေးတွင် ရှိနေသည့် အမျိုးသမီးတိုင်းကလည်း ကျီချင်းရန်အောက် လျော့ကျမနေချေ။
အကယ်၍ သူ ၀မ်ရင်းကို ခေါ်သွားလျှင်တောင်မှ မေမေ၀မ် သူမကို နှစ်သက်လောက်၏။
သို့သော်လည်း ရှေးရိုးစွဲ အမျိုးသမီးတစ်ယောက်အနေဖြင့် သူမ ၀မ်ရင်းကို လွယ်လွယ်ကူကူ သဘောတူလိုက်လိမ့်မည်တော့ မဟုတ်ချေ။
ထို့ကြောင့် အကယ်၍များ ကျီချင်းရန်သာ ပထမဆုံးသူ မဟုတ်ခဲ့လျှင် အခြေအနေမှာ တစ်မျိုးပြောင်းသွားနိုင်လေသည်။
မေမေ၀မ်အတွက်တော့ ပထမဆုံး ရင်းနှီးသည့် မိန်းကလေးကို သစ္စာရှိရန်က အရေးကြီး၏။ သူမ ပထမဆုံး အသိအမှတ်ပြုလိုက်သည့် မိန်းကလေးမှာ သူမ၏ ချွေးမလောင်းလေး ဖြစ်လာပေမည်။
အကယ်၍ လင်းရီသာ အခြားသူတစ်ယောက်ကို ပထမဆုံး ခေါ်သွားမည်ဆိုပါက သူမ ကျီချင်းရန်နှင့် အနာဂတ်တွင် ဆုံတွေ့ခဲ့လျှင်တောင် ချွေးမလောင်းအဖြစ် အသိအမှတ်ပြုလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဖြစ်ပျက်သမျှ ကိစ္စအားလုံးမှာ အကြောင်းပါလာပြီးသားဖြစ်၏။ ထို့ကြောင့် ထွေထူး စဉ်းစားနေရန် မလိုချေ။
"အင်း... ဖြစ်နိုင်တယ်...."လင်းရီ ပြောလိုက်ပြီး
"မေမေ၀မ်က အသက်လည်းကြီးနေပြီဆိုတော့ ငါမိန်းကလေး ခေါ်လာခဲ့ရင်ကို ပျော်နေတာလေ... ကျန်တာတွေက ဘာမှအရေးကြီးဘူး... တစ်ဖက်သူက မိန်းကလေးဖြစ်ပြီး အသက်ရှူနေသေးတယ်ဆိုရင် အားလုံးအဆင်ပြေတယ်..... "
"ပေါက်တတ်ကရတွေ ပြောနေပြန်ပြီ... ကြင်ဘက်ရွေးရင် ဘယ်သူက ကောင်းကောင်းမရွေးလို့လဲ... နင်ပြောနေပုံကြီးက လောကကြီးထဲမှာ အသက်သုံးဆယ်ကျော် တစ်ကိုယ်တည်း အမျိုးသမီးတွေ မရှိတော့တဲ့ အတိုင်းပဲ....... "
"ကဲပါ.. အဲ့သောက်ရေးမပါတာတွေ ပြောမနေနဲ့တော့.... အလုပ်ကိစ္စ စကားပြောရအောင်..."
လင်းရီ သူ့အိတ်ထဲရှိ စာရွက်စာတမ်းများကို လျန်ရူရွှယ်ထံ ကမ်းပေးလိုက်ပြီး "လက်မှတ်ထိုးလိုက်.. ပြီးရင် ကော်ပီတစ်စုံချန်ထား... ကျန်တာကို ငါ ကျောက်၀န်ဆီ ပြန်ပို့လိုက်မယ်...."
စာချုပ်ထဲတွင် လင်းရီ၏ တောင်းဆိုချက်သုံးခုကို ရှင်းလင်းစွာ ထည့်သွင်းထားပြီး လက်မှတ်ထိုးလိုက်သည်နှင့် ဟွာရှမှ ပြည်သူများအားလုံး အဆိုပါ အခြေအနေများကို အကျိုးခံစားခွင့်ရှိနိုင်ပေမည်။
"နင်ဘာလို့ ဒီလိုမျိုးတွေ လုပ်နေတာ.. ဒီလိုလုပ်လို့ နင်လည်း ဘာမှ ရမှာ မဟုတ်ပဲနဲ့..."
"ငါ ငယ်ငယ်တုန်းက မေမေ၀မ် ပြောဖူးတာ ဆင်းရဲပြီး နောက်ခံမတောင့်တဲ့ လူငယ်လေးတွေက တစ်ခုခု ....."
"ရပ် ရပ် ရပ် ရပ်လိုက်တော့....နင် ပေါက်တတ်ကရတွေ လျှောက်ပြောတော့မှာ ငါသိပြီးသား.. နင်အရူးလုပ်တာ မခံတော့ဘူး..."
"ဒါဆိုလည်း မြန်မြန်လက်မှတ်ထိုးလိုက်လေ.. ပြီးရင် မြန်မြန် ရာထူးတိုးအောင်လုပ် ... အဲ့ခါကျရက် ကျိုးဟိုင်က ငါတို့ အပိုင်ပဲ.. တစ်ယောက်ယောက်ကများ ငါ့ကို လာအနိုင်ကျင့်လို့ကတော့ စကားတစ်ခွန်းတည်းနဲ့ ဖျက်ဆီးပစ်လိုက်မယ်... ကျိုးဟိုင်တစ်မြို့လုံးမှာ ငါ လင်းရီကို ဘယ်ကောင် ထိရဲသေးလဲ...."
"ခုကော နင့်ကို ဘယ်သူက ထိရဲနေလို့လဲ.."လျန်ရူရွှယ် လက်ဖြင့်ကွယ်ရင်း ရယ်မောလိုက်လေသည်။
"ဒါဆိုလည်း မြန်မြန် လက်မှတ်ထိုးလိုက်တော့လေ... မင်းလက်မှတ်ထိုးပြီးတာနဲ့ ဒီရဲ့ အကျိုးခံစားခွင့်တွေက ချက်ချင်း သက်ရောက်သွားမှာ..."လင်းရီပြောလိုက်၏။
"ဒီရဲ့ လေးငါးမိနစ်အတွင်းမှာပဲ လူတွေက ဆေးကုဖို့ ပိုက်ဆံတွေ မတန်တဆ သုံးစရာ မလိုတော့ဘူး.... "လျန်ရူရွှယ် အသက်ပြင်းပြင်းရှူလိုက်ပြီး "လင်းရီ .. နင် ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်... ကျန်တာတော့ ငါလည်း မပြောတတ်တော့ဘူး... ဒီလို အောင်မြင်မှုတွေနဲ့ဆိုရင် ငါက ပြည့်သူ့ကော်မတီ အဖွဲ့၀င်တစ်ယောက် ဖြစ်လာဖို့ ပြဿနာ မရှိတော့ဘူး...."
"အဲ့တာတွေ ငါစိတ်မ၀င်စားဘူး... မင်း သောက်ရမ်း အံ့ဩဖို့ကောင်းတဲ့ အချိန်ကျ ငါ့ကို ကာကွယ်ပေးဖို့သာ မမေ့နဲ့..."
လင်းရီ အညောင်းဆန့်လိုက်ပြီး "သွားပြီ.... ငါ သွားအိပ်တော့မယ်....စာချုပ် လက်မှတ်ထိုးပြီးရင် အိတ်ထဲ ပြန်ထည့်ထားလိုက်...."
"ချက်ချင်းကြီး မအိပ်လိုက်နဲ့ဦးနော်... နင့်ရဲ့ မကောင်းသတင်းတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာလဲ စဉ်းစားထား..."
"အင်း.. အိပ်ရာထဲရောက်မှပဲ စဉ်းစားလိုက်တော့မယ်..."
"ဪ ဒါနဲ့ နင် နှုတ်ထွက်မယ်ဆိုတာ သေချာပြီလား..."လျန်ရူရွှယ် မေးမြန်းလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်သည်။"မနက်ဖြန် မနက် Muddy waters ကို ကိုင်တွယ်ပြီးတာနဲ့ ဆေးရုံကိုသွားပြီး နှုတ်ထွက်စာ တင်တော့မှာ..."
"အကူအညီ လိုသေးလား..."
"မလိုဘူး... ဒီတိုင်း အသေးမွှားလေးပါကွာ... ကိုယ့်ဘာကိုယ်လုပ်လို့ရတယ်..."
ချလပ်မြည်သံနှင့်အတူ လင်းရီ တံခါးပိတ်လိုက်ပြီး အိပ်ရာ၀င်ရန် ဟန်ပြင်လိုက်လေသည်။
ဝှစ်....
စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကြည့်ရင်း လျန်ရူရွှယ် အသက်ပြင်းပြင်း ရှူလိုက်၏။
ဤ စာရွက်စာတမ်းများက ဘာကိုဆိုလိုလဲဆိုတာကို တခြားသူများထက် သူမ ပိုနားလည်လေသည်။ ယခုကဲ့သို့ အောင်မြင်မှုများနှင့်ဆိုပါက သူမ ရာထူးတိုးရန် သေချာသလောက်ပင်။
လင်းရီ၏ အိပ်ခန်းဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း လျန်ရူရွှယ် မျက်မှောင်ကြုတ်လိုက်သည်။ထိုအကောင် အဖြေစဉ်းစားပြီးပြီလားဆိုတာကို သူမ မသေချာပေ။
"ခလူး... ခလော...."
လျန်ရူရွှယ် "....."
ဘယ်နမိနစ်ပဲရှိသေးတာ... အဲ့တာကို ကောင်စုတ်က အိပ်ပျော်နေပြီတဲ့လား...
နင်က မနက်ဖြန်အတွက် စဉ်းစားပြီးပြီမို့လို့လား....
လျန်ရူရွှယ် တံခါးဆီသို့ ခြေသံငြိမ်ငြိမ်ဖြင့် ရောက်လာခဲ့၏။
ထို့နောက် တံခါးကို တိုးညင်းစွာ ဖွင့်ကြည့်လိုက်သောအခါ အိပ်ရာပေါ်၌ လင်းရီ အောက်ခံဘောင်းဘီတိုနှင့် အိပ်နေသည်ကို မြင်နေရလေသည်။
ပြတင်းပေါက်မှ ဖြာကျနေသည့် လ၏ အေးမြသည့် အလင်းရောင်နှင့်အတူ လင်းရီ၏ မျက်နှာမှာ အထူးတလှယ် ဆွဲဆောင်မှု ရှိနေပြီး လျန်ရူရွှယ်ပင် ထိုပုံရိပ်၏ ညို့ငင်ခြင်းကို ခံလိုက်ရ၏။
ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက်မှအစ Pfizer နှင့် ယခု လက်ထဲရှိ စာချုပ်စာတမ်းများအထိ လင်းရီမှာ သူ၏ အကျိုးအတွက် ဘာတစ်ခုမျှ မပြုလုပ်ခဲ့ပေ။
သူ တတ်နိုင်သည့်ဘက်မှ သာမန်လူတန်းစားတို့အတွက် အကျိူးပြုပေးနေလေသည်။
ဆိတ်ငြိမ်သည့် ညတစ်ညတွင် လျန်ရူရွှယ် သူမ အမေ၏ ပြောစကားများကို ယခုတိုင် ကြားယောင်နေမိ၏။
လင်းရီ၏ ကံကြမ္မာမှာ ဖြစ်နိုင်ချေ နှစ်ခုတည်းသာရှိသည်။
ကမ္ဘာကြီးကို သူ့ရဲ့ ခြေထောက်နဲ့ နင်းခြေမှာလား.. ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ နင်းခြေခြင်းကိုပဲ ခံရမှာလား...
သို့သော်လည်း သူမ လင်းရီ ပြုခဲ့သည့် အမှုများကို ပြန်လည် ဆင်ခြင်ပြီးနောက် ထိုအယူအဆကို ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့၏။
လင်းရီမှာ အတ္တဆန်သော်လည်း ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေချင်ပြန်သည်။ သူမ အမေ ပြောသည်က မှား၏။လင်းရီမှာ ယခု ပျက်ဆီးနေသည့် ကမ္ဘာကြီးနှင့် ရှေးယခင်ကတည်းက ငြိမ်းချမ်းရေး ယူထားပြီးဖြစ်သည်။
ညမှာ ချမ်းအေးလှပြီး လျန်ရူရွှယ် မနေနနိုင်ပဲ ကုတင်အနားသို့ ရောက်လာကာ လင်းရီကို စောင်တစ်ထည် ခြုံလွှမ်းပေးလိုက်လေသည်။
သို့သော်လည်း သူမ ထွက်သွားတော့မည့် အချိန်တွင် အိပ်ရာထက်၌ အပြစ်ကင်းစင်သည့် ကလေးလေးကဲ့သို့ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီကို မြင်တော့ ပါးပြင်ထက်သို့ အနမ်းပေးချင်စိတ်များ တားဆီးမရနိုင်အောင် ဖြစ်ပေါ်လာပြီး မနေနိုင်ပဲ ကိုယ်ကို ကိုင်း၍ ပါးပြင်ပေါ်သို့ နှုတ်ခမ်းနှင့် ထိလိုက်၏။
သို့သော်လည်း ထိုအချိန်တွင် လင်းရီမှာ ကိုယ်ကို တစ်ဖက်သို့ လှည့်လာခဲ့ပြီး သူမတို့ နှစ်ဦး၏ နှုတ်ခမ်းသားတို့မှာ အလိုလို ထိကပ်သွားကြလေသည်။
ဘုန်း..
လျန်ရူရွှယ်၏ စိတ်မှာ ဗလာကျင်းသွားပြီး စိတ်ထဲတွင်လည်း တစ်ခုခု မကောင်းတာ ဖြစ်ပျက်တော့မည်ဟု အဆက်မပြတ် မြည်သံပေးနေတော့၏။
သူမ နောက်ပြန်ဆုတ်တော့မည့် အချိန်တွင် ရုတ်တရက် သူမ၏ ခါးကို သန်မာသည့် လက်မောင်းတစ်စုံက တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်၏။
သူမ၏ ခါးကို လင်းရီမှ တင်းကြပ်စွာ ဖက်ထားပြီး သူမကို ခုခံရန် အခွင့်အရေးပင် မပေးပေ။ကုတင်ပေါ်သို့ အတင်းအဓမ္မ တင်ဆောင်ခံလိုက်ရပြီး လင်းရီ၏ကိုယ်ဖြင့် ဖိနှိပ်ခြင်းခံလိုက်ရ၏။
ထို့ပြင် သူမတို့၏ နှုတ်ခမ်းချင်းမှာလည်း ထိကပ်လျက် ရှိနေဆဲပင်။
လျန်ရူရွှယ်၏ မျက်၀န်းများမှာ ကြောက်လန့်နေသည့် သမင်ငယ်လေးကဲ့သို့ ပြူးကျယ်လာခဲ့လေသည်။
"ဝူးဝူး...."
"အလှလေးလျန်.. ညမှာ မအိပ်ပဲ ဘာလို့ ကျုပ်အခန်းထဲရောက်လာခဲ့တာ... ဧကန္တ ကျုပ်ကို လုပ်ကြံမလို့များလား... "
"ဟွန့် ဘယ်သူက နင့်ကို လုပ်ကြံနေလို့လဲ..."
လရောင်၏ အလင်းပြန်မှုဖြင့် ရှက်ရွံ့စွာ နီရဲနေသည့် လျန်ရူရွှယ်၏ မျက်နှာကို လင်းရီ ရှင်းလင်းစွာ မြင်နေရလေသည်။
"ငါ့ကို လာပြီးလည်း နမ်းသေးတယ်.. ပြီးတော့ လုပ်ကြံတာ မဟုတ်ဘူးလို့ ပြောနေသေးတယ်ပေါ့..."
"ဖယ်လို့.. နင်ငါ့ကို အကြမ်းကြီးဖိထားတာ အရမ်းနာတယ်..."လျန်ရူရွှယ် လင်းရီကို အားကုန် တွန်းထုတ်လိုက်ပြီး ကပျာကယာဖြင့် ထွက်ပြေးသွားတော့၏။ သူမ မည်သူ့ကိုမျှ မျက်နှာချင်း မဆိုင်ဝံ့တော့ချေ။
.......
ရန်ကျင်း ရှန်ရီလာဟိုတယ်။
ကျောက်မို၊ ဂူချန်းချွမ်၊ စွန်းချဲ့နှင့် လုရွှမ်းတို့အားလုံး ပျော်ပါးစားသောက်နေကြ၏။
သို့သော်လည်း သူတို့ လေးယောက်အပြင် ဖုန်းကျူးလည်း သူတို့နှင့်အတူ ရှိနေလေသည်။
"မစ္စတာကျူး... ကျုပ် ဒီတစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ..."
ကျောက်မို သူ၏ ခွက်ကို ပင့်မြှောက်လိုက်ပြီး "ခင်များရဲ့ စုံစမ်းဖော်ထုတ်နိုင်စွမ်းက ကျုပ်မျှော်မှန်းထားတာထက်ကို ကျော်လွန်နေတာပဲ.. အဲ့လိုသတင်းမျိူး ရလာလိမ့်မယ်လို့ ကျုပ်တကယ်ကို ထင်မထားမိခဲ့တာ.... "
"ခုက အစပဲရှိသေးတယ်... ကျုပ် ခန့်မှန်းထားသလောက်တော့ နောက်သုံးလေးရက်လောက်နေရင် ဒီသတင်းရဲ့ ရေပန်းစားမှုက လျော့ကျသွားတော့မှာ... အဲ့ခါကျ နောက်တစ်ခု ထပ်လာမယ်... ကျုပ်ဘက်က Didiနဲ့ လင်းယွမ်အုပ်စုကို ပြန်တိုက်ခိုက်ဖို့ နည်းလမ်း ရှာမတွေ့လောက်တဲ့အထိ သေချာအောင် လုပ်ထားပြီးသား..."
၎င်းကိုကြားတော့ ကျောက်မိုနှင့် ကျန်သူများအားလုံး အံ့အားသင့်သွားကြလေသည်။
အဘယ်ကြောင့် ဆိုသော် လက်ရှိရလဒ်ကိုပင် သူတို့ဘက်မှ အလွန်အမင်း ကျေနပ်နေပြီးသောကြောင့် ဖြစ်၏။
တကယ်လို့ နောက်တစ်လှိုင်း ထပ်လာဦးမယ်ဆိုရင် လင်းရီကို သတ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား...
"မစ္စတာကျူး.. ဒီနေ့တော့ ကျုပ်တို့တစ်တွေ ကောင်းကောင်းကြီး မူးအောင် သောက်ရမယ်..."
"ဟွာရှစကားအတိုင်းပဲလေ.. ကျုပ်တို့က ပိုက်ဆံယူပီး တစ်ပါးသူရဲ့ ပြဿနာကို ဖြေရှင်းပေးတယ်... ခုလိုမျိုး ရလဒ် ထွက်လာတယ်ဆိုတာ ကလည်း သာမန်ပါပဲ..."ဖုန်းကျူး သူ၏ ဝိုင်ခွက်ကို ကိုင်လိုက်ပြီး "ဒီရဲ့ စတော့နည်းဗျူဟာ ကစားပွဲက မပြီးသေးဘူး...အဆုံးသတ်ကျ သူတို့ပဲ သေချာပေါက် ကြေမွတဲ့အထိ အနိုင်ယူခံရမှာ…”