လင်းရီ မင်းက မကောင်းဆိုးဝါးလား
Vol. 38 Ch. 562
"ကျုပ်တို့ဘက်ကလည်း Muddy waters နဲ့ မစ္စတာကျူးရဲ့ စွမ်းရည်ကို ယုံကြည်ပြီးသားပါ... ဒါပေမယ့် လင်းရီကလည်း လျော့တွက်လို့ရတဲ့ ပြိုင်ဘက်မဟုတ်ဘူး... ကျုပ်စိုးရိမ်မိတာ မနက်ဖြန် သတင်းစာရှင်းလင်းပွဲမှာ သူ့ဘက်က ပြန်တုံ့ပြန်ဖို့ နည်းလမ်း ရှိနေမှာကိုပဲ... "ကျောက်မို ပြောလိုက်၏။
"ငါတော့ မင်း အဲ့တာကို စိုးရိမ်ဖို့ မလိုဘူးလို့ ထင်တာပဲ..."ဂူချန်းချွမ် ပြောလိုက်ပြီး "မင်းစဉ်းစားကြည့်ကြည့်.... ခု သတင်းထွက်ပြီးတာက ၁၂ နာရီရှိနေပြီ.. PR ဌာနတွေဘက်က သတင်းထုတ်ပြန်ထားတယ်ဆိုတာကလည်း ဘာအနှစ်သာရမှ မရှိတဲ့ ကြေညာချက်တွေချည်းပဲ.. ခုဆို လင်းရီက ခေါင်းမဖော်ရဲတဲ့ လိပ်လိုဖြစ်နေပြီ... ငါ့အထင် ဒီကောင် သူ့ကံကြမ္မာသူ လက်ခံလိုက်ပြီလို့ ထင်တာပဲ...."
"ငါလည်း ဘော့စ်ဂူ ပြောတာကို သဘောတူတယ်..."စွန်းချဲ့ ပြောလိုက်ပြီး "ဒီလို မကောင်းတဲ့ သတင်းမျိုးက ထွက်လာတာနဲ့ ချက်ချင်း တုံ့ပြန် ဖြေရှင်းတာက အကောင်းဆုံးပဲ.. ကံဆိုးချင်တော့ ဒီကောင်တွေဘက်က အဲ့ဒီ အချိန်ကာလကို လက်လွတ်လိုက်ရပြီ... သူတို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့မှ စားပွဲလှန်ချင်ရင်တောင် ဖြစ်နိုင်မှာ မဟုတ်တော့ဘူး... "
"ဟားဟား....."လုရွှမ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "အနောက်တုန်းက ငါတို့ကောင်တွေ တစ်ရာဘီလီယမ် သုံးပြီး စတော့ တန်ဖိုးတွေ ထိုးကျအောင် လုပ်တုန်းက ဘယ်လောက်မှ ပြန်ရမှာ မဟုတ်ဘူးလို့ ထင်ထားတာ.. ဒါပေမယ့် မစ္စတာကျူးလည်း ၀င်ပါလာရော ဒီကောင်တွေ တုံ့ပြန်ဖို့ အခွင့်အရေးလေးတောင် မရလိုက်ဘူး.. ငါ့စိတ်ထင် ဒီတစ်ခေါက် ငါတို့တွေ အနည်းဆုံး ၅၀ ဘီလီယမ်လောက် ကျန်မယ် ထင်တာပဲ... "
ကျောက်မို ခေါင်းညိမ့်လိုက်ပြီး လုရွှမ်ပြောသည်ကို သဘောတူလိုက်သည်။
သို့သော်လည်း သူတို့ အကျိုးအမြတ် မည်မျှ ရနိုင်မလဲ ဆိုတာကိုတော့ ဆုံးဖြတ်လို့ မရသေးချေ။ ယင်းက ကျူးဖုန်းပေါ်တွင် အများအပြား မူတည်နေလေသည်။
"အမှန်အတိုင်းပြောရရင် Didi လို အရွယ်အစားကြီးမားတဲ့ ကုမ္ပဏီတစ်ခုက PR ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ အခက်တွေ့မနေသင့်ဘူး....သူတို့ဘက်က သေချာပေါက် ဖြေရှင်းမယ့် နည်းလမ်းကိုတော့ စဉ်းစားပြီးလောက်ပြီ..."ကျူးဖုန်း အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒါပေမယ့်လည်း မစ္စတာလုပြောတာကို ကျုပ်လည်း သဘောတူတယ်... ဒီအခြေနေရောက်မှတော့ ဘာပဲလုပ်လုပ် အချည်းနှီးပဲ.. ဘာလို့လဲဆိုတော့ အဲ့ဒါက လင်းရီရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာလေ... ပြီးတော့ သက်သေအထောက်အထား အပြည့်အစုံနဲ့ဆိုတော့ လင်းရီ စားပွဲပြန်လှန်နိုင်မယ့် အခွင့်အရေးက အနည်းအကျဉ်းလောက်ပဲ ရှိတာ... "
"နောက်ပြီး Didi က တခြား နယ်ပယ်တွေနဲ့ ကွဲပြားတယ်ဆိုတာလည်း မမေ့နဲ့ဦး.. အဲ့တာက ပြည်သူတွေကို ၀န်တောင်မှုပေးနေတဲ့ အက်ပ်တစ်ခု... ဒါကြောင့်မို့ ဟွာရှရဲ့ ပြည်သူတစ်ရပ်လုံးက ဒီရဲ့ ဖြစ်ရပ်ကို စောင့်ကြည့်နေကြမှာ.. သူတို့ အသုံးပြုနေတဲ့ အက်ပ်ပိုင်ရှင်က ဒီလိုမျိုး ဂုဏ်သတင်းမကောင်းတဲ့သူဖြစ်နေမယ်ဆိုရင် စက်ဆုပ် အထင်အမြင်သေးသွားပြီး သေချာပေါက် ဘွိုင်းကော့ကြမှာပဲ...ဒါကြောင့်မို့ လင်းရီ သူ့ရဲ့ သတင်းတွေကို ဖြေရှင်းနိုင်ရင်တောင် လူအများရဲ့ စိတ်ထဲက Didi အပေါ် ဆန့်ကျင်ဘက် အမြင်သက်ရောက်မှုတွေကိုတော့ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး.... အဲ့လိုမျိုး ဖြစ်လာပြီဆို မစ္စတာကျောက်တို့ဘက်က ရတဲ့ အမြတ်ငွေတွေနဲ့ အလားတူ အက်ပ်တစ်ခု တီထွင်ပြီးတော့ ဈေးကွက်နေရာယူခိုင်းလိုက်မယ်ဆိုရင် အဆုံးသတ်ကျ Didiကို သုံးမယ့်သူတွေ ရှိပါဦးမလား...."
"ဟားဟား...."
ကျူးဖုန်း၏ စကားလုံးများက ကျောက်မိုကို အားပါးတရ ရယ်မောသွားစေပြီး "မစ္စတာကျူး.. ခင်များနဲ့ ကျုပ်တို့က အကြံတူ ဉာဏ်တူတွေ လာဖြစ်နေတော့တာပဲ..... ကျုပ်တို့ ကနေဦး စီစဉ်ထားတာလည်း Didi ရှုံးနိမ့်သွားတာနဲ့ တစ်ခါတည်း အလားတူအက်ပ်ကို တီထွင်ဖို့ စဉ်းစားထားတာ... အဲ့လိုဆိုရင် ကျုပ်တို့ဘက်က ဈေးကွက်ကိုတစ်ခါတည်း သိမ်းပိုက်လိုက်နိုင်မယ်... ပိုပြီးတော့ အဆင်ချောသွားတာက ကျုပ်တို့ စတော့နည်းဗျူဟာ ကစားပွဲကနေ ရတဲ့ ငွေတွေက ရန်ပုံငွေတည်ဖို့ လုံလောက်နေတာပဲ.... "
“ အတိအကျပဲ…” ကျူးဖုန်း ပြောလိုက်ပြီး “ ဒါကြောင့်မို့ ကျုပ်အကြံပြုချင်တာ မနက်ဖြန် သတင်းထောက်တစ်ချို့ရှာပြီး DiDi ရဲ့ မကောင်းသတင်းတွေကို ရေးခိုင်းလိုက်… ကျုပ်တို့ ခုကာလအတွင်းမှာ ဒီကောင်တွေကို အသက်ရှူချိန်လေးတောင် ပေးလိုက်လို့ မဖြစ်ဘူး…”
“ သူတို့ အတော်လေး အထိနာနေပြီဆိုတာနဲ့ ကျုပ် ဒုတိယအစီအစဉ်ကို ထုတ်သုံးလိုက်မယ်...ဒါဆိုရင် သူတို့ကို လုံးဝအမှုန့်ခြေသွားနိုင်ပြီ… တတိယ အစီအစဉ်ကတော့ မစ္စတာကျောက်တို့ဘက်က စလှုပ်ရှားလာတဲ့ အချိန်ပဲ…”
“ ပြောတာကောင်းတယ်… ဒီရဲ့ စတော့ နည်းဗျူဟာ ကစားပွဲက လုံးဝကို ပြီးပြည့်စုံမှုကြီးပဲ… နှောင်းလူတွေ လေ့လာမှတ်သားလို့ရအောင် ဂန္တဝင်စာအုပ်တွေထဲမှာတောင် မှတ်တမ်းတင်ဖို့ ထိုက်တန်လွန်းသွားပြီ…”
“ ဟားဟား… ဆုံးဖြတ်ပြီးသွားပြီ..” ကျောက်မို သူ့ဖန်ခွက်ကို ပင့်မြှောက်လိုက်ပြီး “ ငါတို့ ဒီနေ့ မမူးမချင်း အိမ်မပြန်ရဘူး….”
ကျောက်မိုနှင့် ကျန်သူများ၏ ညစာစားပွဲမှာ သန်းခေါင်ယံအချိန်၌ အဆုံးသတ်သွားခဲ့လေသည်။
မူလက ကျောက်မို ကျူးဖုန်းကို ရန်ကျင်း၏ နိုက်ကလပ်အတွေ့အကြံ ခံစားနိုင်စေရန် စီစဉ်ထားသော်လည်း တစ်ဖက်သူမှာ ယဉ်ကျေးစွာ ငြင်းဆန်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဒုတိယအစီအစဉ်အတွက် အသေးစိတ် ပြင်ဆင်ရဦးမည် ဖြစ်သောကြောင့်ပင်။
တက္ကစီထဲတွင် ကျူးဖုန်း အပြင်ဘက်ရှိ အမြဲနိုးကြားနေသော မြို့ကို ကြည့်လိုက်၏။ လမ်းမီးအလင်းရောင်များအောက်တွင် လူတိုင်းမှာ အကြောင်းပြချက် ကိုယ်စီဖြင့် သွားလာလှုပ်ရှားနေကြလေသည်။
“ လင်းရီ လင်းရီ … ငါက မင်းကို အများကြီး မျှော်လင့်ထားခဲ့တာ…. ဒါပေမယ့် ငါ့ဘက်က ဒုတိယ အကျော့တောင် မစရသေးဘူး…မင်းက အရှုံးပေးနေပြီဆိုတော့ ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်လဲ….”
ကလင် ကလင်…..
ထိုအခိုက်အတန့်တွင် ကျူးဖုန်း၏ ဖုန်းသံမြည်လာခဲ့၏။ ထုတ်ကြည့်လိုက်သောအခါ ရုံးချုပ်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။
ဖုန်းကိုင်လိုက်ပြီး ကျူးဖုန်း ဘာမှ မပြောနိုင်သေးခင် သူ၏ အမူအရာမှာ ရုပ်ဆိုးအကျည်းတန်သွားလေသည်။
တစ်မိနစ်မျှကြာပြီးနောက် တစ်ဖက်မှ ဖုန်းချသွားခဲ့၏။ ကျူးဖုန်း၏ မျက်နှာမှာတော့ ဖြူလျော်နေသည်။
“ ကားဆရာ… လေးရာသီ ဟိုတယ်ကို မသွားတော့ဘူး…. လေဆိပ်ကိုပဲ မောင်းလိုက်တော့…”
“ အိုကေ အာစိ..” ဒရိုင်ဘာမှ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။ လေဆိပ်သို့ မောင်းနှင်ရမည်ဆိုပါက ခရီးမှာ ပိုမို ဝေးလံသောကြောင့် သူလည်း ပိုက်ဆံ ပိုရနိုင်ပေမည်။
ကျူးဖုန်း နောက်ခုံကို မှီ၍ မျက်လုံးမှိတ်ထားသည်။ ရုံးချုပ်နှင့် ဖုန်းပြောပြီးနောက် အပြင်ဘက်ရှိ မြင်ကွင်းများကို ဆက်လက်ကြည့်ရှုခံစားချင်စိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့တော့၏။
“ လင်းရီ မင်းက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲကွာ….”
………
နောက်တစ်နေ့နံနက် လင်းရီ အိပ်စုံမှုန်မွှားဖြင့် ထလာခဲ့သောအခါ လျန်ရူရွှယ်မှာ ထွက်သွားခဲ့လေပြီ။
အာ...ဒီအမျိုးသမီးက ဘယ်အချိန်တုန်းကတည်းက ထွက်သွားခဲ့တာလဲဟ….
လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ရှုလိုက်သောအခါ ထမင်းစား စားပွဲပေါ်တွင် လျန်ရူရွှယ်ချန်ထားရစ်ခဲ့သည့် မှတ်စုကို ရှာတွေ့သွားသည်။
“ ငါ အလုပ်သွားပြီ… ကိုယ်ဘာကိုယ် ရှာကြံစားလိုက်တော့…”
လင်းရီ တစ်ခဏမျှ ကြက်သေသေသွားခဲ့၏။
“ သွားခဲ့ပြီလားဟ… မနေ့ညကလည်း ဘာမှ မလုပ်လိုက်ပဲနဲ့ကို အဲ့လောက်တောင် မျက်နှာချင်းဆိုင်ဖို့ ရှက်နေတာလား….”
လျန်ရူရွှယ် ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီလည်း လျန်ရူရွှယ်၏ အိမ်၌ အကြာကြီး မနေပေ။ စာချုပ်ကို ယူပြီးနောက် ပန်နီဆူလာဟိုတယ်သို့ ထွက်လာခဲ့လိုက်၏။
သူ၏ ကိုယ်ပိုင် ဟိုတယ်ဖြစ်သောကြောင့် သတင်းစာရှင်းလင်းပွဲကို ဤနေရာ၌ ကျင်းပမည်မှာ သဘာ၀ပင်။
လင်းရီ ပန်နီဆူလာဟိုတယ်ဟို့ ရောက်လာသောအခါ အပြင်ဘက်၌ သတင်းထားအများအပြား ရောက်နေကြောင်း သတိထားမိလိုက်သည်။ သို့သော်လည်း သူတို့ အားလုံး ၀မ်ထျန်းလုံ၏ တားမြစ်ခြင်းကို ခံထားရလေသည်။
ဟော်ယွမ်ယွမ်၏ စည်းမျဉ်းကြောင့် ဖိတ်ကြားခံထားရခြင်း မရှိသည့် သတင်းထောက်များမှာ ပွဲကျင်းပသည့် နေရာထဲသို့ ခြေတစ်လှမ်း ချပိုင်ခွင့် မရှိပေ။
လင်းရီ ရောက်လာသည်ကို မြင်တော့ များပြားသည့် သတင်းထောက်တို့မှာ ၀တ်ရည်အနံ့ရသည့် ပျားများအလား စုဝေးရောက်လာကြလေသည်။
"မစ္စတာလင်း... ရှင့်ကို တစ်စုံတစ်ယောက်က မစ္စတာလင်းကို မိန်းကလေးတွေအများကြီးနဲ့ ခြေရှုပ်ထားတယ်လို့ ဖော်ထုတ်ထားတယ်... အဲ့ကိစ္စကို မစ္စတာလင်း ဘယ်လိုသဘောရလဲ..."
"ကျုပ်နဲ့ အတူအိပ်ချင်နေတဲ့ အမျိုးသမီးတွေကမှ အများကြီးပဲ.. မင်းက ဘယ်တစ်ယောက်ကို ပြောနေတာ...."
လင်းရီ၏ ပုံမှန်မဟုတ်သည့် အဖြေက မေးမြန်းလာသည့် အမျိုးသမီး သတင်းထောက်ကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။
နင်က ဥစ္စာပေါ ရုပ်ချောဆိုရင်တောင်မှ အဲ့လောက်ကြီး မောက်မာနေတာက မဖြစ်သင့်ဘူးလေ.. ဟုတ်တယ်မလား...
"မစ္စတာလင်း... အင်တာနက်ပေါ်မှာ ပြောထားတာတော့ ခင်များ ထျန်းဟုန်နဲ့ တုန်းဟန် ဆေးဝါးကုမ္ပဏီတွေရဲ့ ဆက်ခံသူတွေကို ဓားနဲ့ထိုးလိုက်တယ်ဆိုတာ တကယ်များလား...မစ္စတာလင်းဘက်ကကော အဲ့လိုသတင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ချင်လဲ မသိဘူး..."
"ကျုပ်လည်း ခုလေးတင် အင်တာနက်ပေါ်မှာ ဒီကောင်တွေ ကိုယ့်အမေနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးတွေ ရှိနေတယ်လို့ ဖတ်လိုက်ရတယ်.. အဲ့တာကမှ သတင်းဖြစ်လောက်တာ မဟုတ်ဘူးလား...."
လူတိုင်း ဆွံ့အသွားကြတော့၏။
ငါ-ိုးမ မင်းဘာတွေ လျှောက်ပြောနေတာတုန်းကွ...
ခရိခ်
ခရိခ်
ခရိခ်
ကားဘရိတ်သံများနှင့်အတူ ဟိုတယ်၏ ၀င်ပေါက်၀သို့ ပြိုင်ကား သုံးစင်း ရောက်ချလာသည်။
ချင်းဟန် ၊လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ ၎င်းတို့၏ ကိုယ်ရံတော်များနှင့်တကွ ကားထဲမှ ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရ၏။
"ချင်းဟန်ပဲဟ...."
ချင်းဟန်ကို မြင်တော့ သတင်းထောက်များမှာ နောက်သို့ လမ်းဖယ်ပေးလိုက်ကြ၏။ မဖယ်ပေးလျှင်လည်း ကိုယ်ရံတော်များ လက်ချက်နှင့် ဇက်ပိုးကျိုးသွားနိုင်လေသည်။
"ငိုးပဲ... မင်းတို့ သုံးကောင်က ဘာတွေတုန်းကွ.. ဘောလိဝုဒ်မင်းသားစတိုင်တွေနဲ့..."
"ဒီလို ပွဲမျိုးမှာ မိမိုက်သလို လုပ်ရမယ့် အခွင့်အရေးကို လက်လွှတ်ခံလိုက်လို့ ဘယ်ဖြစ်မှာ....ဟုတ်တယ်မလား..."
"ဟားဟား... ငါဒီနေ့ မင်းတို့ကို အဲ့ကိစ္စ သေချာသင်ပြပေးမယ်... လစ်စို့.. လေပေါ်မှာ လွင့်လိုက်ကြစို့..."လင်းရီ ရယ်မောလိုက်၏။
"ဒါဆိုလည်း ဘာစောင့်နေတာ.. ငါတို့လည်း ထပ်မစောင့်နိုင်တော့ဘူး...."
"ဖယ်စမ်း... ဖယ်စမ်း..."
ဘော်ဒီဂတ်များမှ သုံးယောက် လမ်းပြိုင်လျှောက်ရန် နေရာကျယ်ကျယ်လွင့်လွင့် လုပ်ပေးလိုက်ပြီး သတင်းထောက်များကို ငဲ့ညာနေခြင်းမရှိ အင်အားသုံး၍ တွန်းဖယ်လိုက်ကြသည်။
သို့နှင့် လင်းရီတို့ သုံးယောက်သား ဟိုတယ်ထဲသို့ ရောက်ရှိသွားလေသည်။ ထိုအခါ ဘော်ဒီဂတ်များမှ ဟိုတယ်တံခါး၀ကို စောင့်ကြပ်ရင်း ပိတ်ထားလိုက်ကြ၏။
ဟိုတယ်ခန်းမထဲတွင်တော့ လင်းရီ ရင်းနှီးနေသည့် မျက်နှာ အများအပြားကို တွေ့ရှိလိုက်ရသည်။
ချီရှန်းကျောက်၊ ဟော်ယွမ်ယွမ် ၊ ချိန်ရွှမ်းနှင့် ထျန်းရန်တို့လည်း အသီးသီး ရောက်ရှိနေကြ၏။
အလားတူ ကျောက်၀န်နှင့် ကျန်သူများလည်း စားပွဲဝိုင်းများတွင် အသီးသီး နေရာယူထားကြလေသည်။
“ လူစုံတက်စုံနဲ့ပါလား… ဘာလို့ အားလုံးရောက်နေကြတာ…. မနက်စာကော စားပြီးကြပြီလား…”
“ ဘော့စ်.. ခုက မနက်စာအကြောင်း ပြောရမယ့် အချိန်မဟုတ်ဘူးလေ….” ဟော်ယွမ်ယွမ် သောကရောက်စွာဖြင့် ပြောလိုက်ပြီး “ ခဏနေ သတင်းစာရှင်းလင်းပွဲက စတော့မှာဆိုတော့ ဘော့စ်.. ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားပြီပြီလား…”
“ ဘာတွေလောနေတာ… ငါ မနက်စာတောင် မစားရသေးဘူး…. အရင်ဆုံး စားလိုက်ဦးမယ်…”
ဟော်ယွမ်ယွမ် “ …… “
ဘော့စ်အစုတ်ပလုတ်… ခုက ထမင်းစားနေရမယ့် အချိန် မဟုတ်သေးဘူးလေ….