← Chapters

မင်း တစ်ယောက်ချင်း ယှဉ်ရဲလား

Vol. 38 Ch. 563

မင်း တစ်ယောက်ချင်း ယှဉ်ရဲလား

Vol. 38 Ch. 563

လင်းရီ တစ်ခုခုစားရန် ဒုတိယထပ်သို့ တက်လာခဲ့ပြီး ဟော်ယွမ်ယွမ်၊ ကျောက်ဝန်နှင့် ကျန်သူများက နောက်မှ လိုက်လာကြသည်။

“ ခု ငါတို့ ဘဏ်စာအုပ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ…” လင်းရီ စားသောက်ဆိုင်ထဲတွင် မေးမြန်းလိုက်၏။

“ ကျွန်မ တွက်ကြည့်ပြီးသွားပြီ… ကုမ္ပဏီအကောင့်ထဲမှာ ယွမ် ၂၀ ဘီလီယမ်လောက်တော့ ရှိသေးတယ်…” ဟော်ယွမ်ယွမ်ပြောလိုက်ပြီး “ ဒါပေမယ့် အဲ့တာအပြင်ကို စီနိုဟန်ကုမ္ပဏီရယ် ရှင်းဟွာ လေကြောင်းလိုင်းရယ် လုံထန်း စက်မှုလုပ်ငန်းဘက်က စုစုပေါင်း ၁၃ ဘီလီယမ် ရင်းနှီးမြုပ်နှံလာခဲ့သေးတယ်… နောက်ပြီး အစ်မကျီကလည်း ယွမ် ၃ ဘီလီယမ် ရင်းနှီးမြုပ်နှံလာသေးတယ်ဆိုတော့ အားလုံး စုပေါင်းလိုက်ရင် ကျွန်မတို့ စာအုပ်ထဲမှာ ၃၆ ဘီလီယမ်အထိ ရှိတယ်….”

လင်းရီ တစ်ခဏမျှ စဉ်းစားလိုက်ပြီး “ အခု မင်းနဲ့ ချီကြီးတို့က စတော့ဈေးကွက်ကို ဖွင့်ပြီးတော့ ထရိတ်ဒါ အသေးစားလေးတွေ ထုတ်ရောင်းသမျှ ရှယ်ယာတွေအားလုံးကို ဝယ်ထားလိုက်.. စတော့ ဈေးကွက်ထဲမှာ လှည့်ပတ်နေတဲ့ ငါတို့ရဲ့ ရှယ်ယာတွေကို ရှော့ချပြီးတော့ ကုမ္ပဏီရဲ့ မူလရန်ပုံငွေ ၂၀ ဘီလီယမ်ကိုပဲ အသုံးပြုထားဦး… တကယ်လို့ ပိုက်ဆံ မလောက်တော့ဘူးဆိုတော့မှ ကျန်တဲ့ ၁၆ ဘီလီယမ်ကို သုံးလိုက်….”

ယခု 1v4 ကစားပွဲတွင် လင်းရီ ကျန်သူများ၏ အကူအညီကို အားမကိုးချင်ပေ။ သို့သော်လည်း ကစားပွဲကို ပို ပျော်ဖို့ကောင်းသွားစေရန် မတတ်နိုင်ပဲ ကျန်သူများ၏ အကူအညီကို ယူလိုက်ရလေသည်။

“ ပိုက်ဆံတွေ အကုန်လုံး သုံးမယ်ဆိုတာ သေချာပြီလား…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ငါပြောတဲ့အတိုင်းသာ လုပ်လိုက်…”

“ နားလည်ပါပြီ…”

ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ အရင်ဆုံးထွက်သွားခဲ့ပြီး လင်းရီ ပေးထားသည့် တာဝန်ကို ထမ်းဆောင်ရန် သွားရောက်စီစဉ်လေသည်။

ထိုအခိုက်အတန့်တွင် ကျောက်ဝန် လမ်းလျှောက်လာခဲ့၏။ လင်းရီ လက်မှတ်ထိုးထားသည့် စာချုပ်ခုနစ်ခုကို သူမထံ ကမ်းပေးလိုက်သည်။

“ အားလုံး ပြီးသွားပြီ… စာချုပ်က ဒီမှာပဲ…”

ကျောက်ဝန် စာချုပ်ကို ယူလိုက်ပြီး လင်းရီကို ကြည့်၍ “ မစ္စတာလင်း ရှင့်ကို တစ်ယောက်ယောက်က တွေ့ချင်နေတယ်…”

“ ဘယ်သူကလဲ…”

ကျောက်ဝန် တစ်ဖက်သို့ လှည့်လိုက်ပြီး ကျူးဖုန်းကို အကြည့်တစ်ချက်ပေးလိုက်သည်။

ထိုအခါ တစ်ဖက်သူမှာ ကုပ်ကုပ်လေး လမ်းလျှောက်လာပြီး သူ၏ စီးပွားရေးကတ်ကို လင်းရီထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏၊

“ ဟယ်လို မစ္စတာလင်း.. ကျုပ် ကိုယ့်ဘာကိုယ် မိတ်ဆက်ပေးပါရစေ… ကျုပ်က အာရှပစိဖိတ် ဒေသရဲ့ Muddy waters research အော်ပရေးရှင်းတွေရဲ့ တာဝန်ရှိသူ ကျူးဖုန်းပါဗျ….”

ကျူးဖုန်း ဘယ်သူလဲဆိုတာကို သိတော့ လင်းရီ စားနေတာကို ခေတ္တရပ်တန့်လိုက်ပြီး သူ့ရှေ့ရှိ လိပ်စာကတ် ကမ်းပေးနေသည့် သူကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်လေသည်။

ယခုလို အချိန်မျိုးတွင် သူ Muddy Waters မှ လူတစ်ယောက်နှင့် တွေ့ရလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားချေ။

“ မင်းက ဒီကို ပွဲကြည့်ဖို့ လာခဲ့တာလား… ဒါဆို ရှေ့ဆုံးတန်းမှာ အထူးသီးသန့်ခုံတစ်ခုံ ပြင်ထားပေးမယ်…”

“ မဟုတ်တာ မစ္စတာလင်းကလည်း .. အထင်တွေ လွဲနေပါပြီ..” ကျူးဖုန်း ယဉ်ကျေးစွာ ဆိုလိုက်ပြီး “ ကျုပ်က မဟုတ်မမှန်တဲ့ သတင်းအမှားတွေကို ရေးသားပြီးတော့ မစ္စတာလင်းရဲ့ နာမည်ကို ထိခိုက်စေခဲ့လို့ သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား တောင်းပန်မလို့ပါ…”

“ ဟမ်… မင်းက တောင်းပန်ချင်နေတယ်….”

ယခု တစ်ကြိမ်တွင်တော့ လင်းရီ ပို၍ပင် ရှုပ်ထွေးသွားရတော့၏။

သူတို့ဘက်ကပဲ ကိစ္စတွေကို ဒီလိုဖြစ်အောင် စလုပ်ပြီးတော့ ခု ငါ့ကို ပြန်တောင်းပန်ချင်နေတယ်ဆိုတော့ ဘာလား.. ဒီကောင်တွေ ဘာလာစားနေတာတုန်းဟ… ဘယ်လိုတောင် ထူးဆန်းတဲ့ နည်းလမ်းပါလိမ့်….

ငါကမှ အပြီ ကိုင်တွယ်ဖို့ နည်းလမ်းထုတ်ပြီးခါရှိသေး… မင်းတို့က အရှုံးပေးနေပြီဆိုတော့…. ကိုယ့်လူ ဒါကြီးက ပျင်းဖို့ကောင်းလွန်းသွားပြီ….

“ ဟုတ်ပါတယ်ခင်ဗျ… အွန်လိုင်းပေါ်က သတင်းတွေအကုန်လုံးက အတုတွေပါ… ပြီးတော့ ကျုပ်တို့က လင်းယွမ်အုပ်စုနဲ့ Didi ကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာကို ခနနေ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟဝန်ခံသွားမှာပါ… မစ္စတာလင်းဘက်က ဆုံးရှုံးမှုတွေကို တတ်နိုင်သမျှ ပြန်ရရှိဖို့လည်း မျှော်လင့်ပါတယ်…”

လင်းရီ ရှုပ်ထွေးနေဆဲပင်။ Muddy Waters က အဘယ်ကြောင့် ယခုလိုလုပ်လာလဲဆိုတာကို သူ နားမည်နိုင် ဖြစ်နေလေသည်။ သို့သော်လည်း လင်းရီ၏ ဦးခေါင်းက ကျောက်ဝန်ကို အလိုအလျှောက် ကြည့်မိလိုက်သည်။

ကျူးဖုန်းဆိုသူကို သူမ ခေါ်လာခဲ့သောကြောင့် ယခုကိစ္စမှာလည်း သူမနှင့် သေချာပေါက် ဆက်စပ်နေရပေမည်။

“ ဘာတွေ ဖြစ်နေလဲဆိုတာကို ငါ့ကို ရှင်းပြလို့ရလား…”

"Pfizer နဲ့ အဓိက ဆေးကုမ္ပဏီကြီး ခြောက်ခုက Muddy Waterကို ပေါင်းပြီး ဖိအားပေးထားတာလေ... ဒါကြောင့်မို့ သူတို့လုပ်ရပ်အတွက် ပြန်ပြီး တောင်းပန်နေတာ..."

ကျောက်၀န် ပြောလိုက်သည်။

လင်းရီ ရုတ်ချည်း သဘောပေါက်သွားပြီး "ဒီဖြစ်ရပ်က ငါတို့ရဲ့ ပူးပေါင်းမှုအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာကို မင်း စိုးရိမ်နေတာလား..."

"အမှန်ပဲ.. "ကျောက်၀န် ခေါင်းညိမ့်လိုက်ပြီး "ကျွန်မတို့ နှစ်ဖက်က ပူးပေါင်းထားမှတော့ ရှင် တစ်ခုခု ဖြစ်လာရင် အဓိက ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ အကျိုးအမြတ် ထိခိုက်လာမှာကိုအလိုမရှိကြဘူးလေ..."

"ငါ နားလည်ပြီ..."

Muddy waters မှာ ငွေကြေးနယ်ပယ်တွင် လွှမ်းမိုးမှုတစ်ချို့ ရှိပါသော်လည်း Pfizer နှင့် အဓိက ဆေးဝါးကုမ္ပဏီကြီး ခြောက်ခုကဲ့သို့ ထိပ်တန်း ကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်လိုက်ရင် ပုရွက်ဆိတ်နှင့် ဆင်ကဲ့သို့ ခြားနားလှသည်။

ဖိအားနည်းနည်း ပေးလိုက်သည်နှင့် လက်နက်ချ၍ ချက်ချင်း အရှုံးပေးလာရ၏။

ထိုအကြောင်းတွေးမိသောအခါ လင်းရီ မနေနိုင်ပဲ အားပါးတရ ရယ်မောချင်သွားခဲ့သည်။

ယင်းက တိုက်ဆိုင်လွန်းလှ၏။ သူ၏ ဆေဘာကို ဆွဲထုတ်ပြီးဖြစ်သော်လည်း တစ်စုံတစ်ယောက်မှ သူ၏ သားကောင်ကို ကူညီ၍ ၀င်ခုတ်သွားပေးလေသည်။ ယင်းက စိတ်၀င်စားဖို့ကောင်းလှ၏။

"မစ္စတာလင်း.. ကျုပ် လေးလေးနက်နက်ကို တောင်းပန်ပါတယ်... တကယ်လို့ တခြား တောင်းဆိုစရာ ရှိသေးတယ်ဆိုရင်လည်း အခုပဲ ပြောပါ.. ကျုပ်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်စရာ မလိုဘူးဆိုလို့ကတော့ မစ္စတာလင်း ပြောတဲ့အတိုင်း ဆောင်ရွက်ပေးပါ့မယ်...."

လင်းရီ လက်ထဲတွင် စီးပွားရေးကတ်ကို ကစားရင်း စားပွဲပေါ်တင်ကာ ကျူးဖုန်းထံသို့ ပြန်တွန်းပေးလိုက်၏။

ယင်းအပြုအမူက ကျောက်၀န်နှင့် ကျူးဖုန်းကို ရှုပ်ထွေးသွားစေသည်။ ၎င်းက ဘာကိုဆိုလိုလဲဆိုတာကို သူတို့ နားမလည်ပါချေ။

"ငါ့ဘက်က Pfizer နဲ့ အဓိက ဆေးကုမ္ပဏီကြီးခြောက်ခုကို မင်းတို့အပေါ် ပေးထားတဲ့ ဖိအားတွေ အကုန် ပြန်ရုတ်သိမ်းပေးဖို့ အာမခံနိုင်တယ်... မင်းဘက်က ဘာမှ စိတ်ပူစရာမလိုဘူး... ငါတို့ နှစ်ယောက် စီးချင်းယှဉ်ပြီးတော့ အဆုံးသတ်ကျ ဘယ်သူက မားမားမတ်မတ် ရပ်တည်နေနိုင်မလဲဆိုတာ ကြည့်ကြမယ်... "

လင်းရီ ကျူးဖုန်းကို အေးစက်စက် ပြုံးပြလိုက်ပြီး "မင်း ဒါကို လက်ခံရဲလား..."

"ဒါက...."

ဖုန်းကျူး ကြက်သေသေသွားပြီး လင်းရီကို ပြန်အကဲဖြတ်လိုက်သည်။

သူအစက လင်းရီမှာ Pfizer နှင့် ဆေးကုမ္ပဏီ ခြောက်ခုကို တောင်းဆိုလိုက်သောကြောင့် ၎င်းတို့ဘက်မှ ဖိအားပေးလာခြင်း ဖြစ်သည်ဟု မှတ်ယူထား၏။

သို့သော်လည်း ယခုလေးတင် သူ၏ စကားပြောပုံအရ ဆိုပါက သူတွေးထင်ထားသည်နှင့် ကပ်ကပ်စင်အောင် လွဲချော်နေလေသည်။

လင်းရီက Pfizer နှင့် ဆေးကုမ္ပဏီခြောက်ခုကို မတောင်းဆိုထားပေ။ ၎င်းတို့ကသာ စိတ်လိုလက်ရနှင့် ကူညီပေးလာခဲ့ခြင်းဖြစ်၏။

လင်းရီ ယနေ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရသည့် ရည်ရွယ်ချက်မှာလည်း သူ့တွင် တုံ့ပြန်ရန် နည်းလမ်းရှိပြီး ဖြစ်လောက်သည်။

အကယ်၍ လုံး၀ ယုံကြည်ချက်မရှိပါက ယခုလို စကားမျိုး ပြောလာလိမ့်မည် မဟုတ်ချေ။

ယင်းကလည်း သူ့လက်ထဲရှိ သတင်းအချက်အလက်များမှာ Didi ကို စက်ဝိုင်းပုံစံ လည်ပတ်ရန် ပြီးပြည့်စုံနေသောကြောင့်ပင်။

ပြင်းထန်သည့် အရှိန်အဝါများ လွှတ်ထုတ်နေသည့် အနှီလင်းရီကို ကြည့်ရင်း ကျူးဖုန်း၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရစွာဖြင့် တုန်ယင်လာလေသည်။

လူတစ်ယောက်ထံမှ ယခုလို ဖိအားမျိုး ခံစားရသည်မှာ ပထမဆုံးအကြိမ်ပင်။

အလားတူစွာ သူ၏ စွမ်းရည်များကို သံသယ၀င်မိသည်မှာလည်း ပထမဆူံးအကြိမ်ဖြစ်၏။

အကယ်၍ ပြင်ပ ပရောဂများ မပါ၀င်ပဲ သူတို့နှစ်ယောက်ချည်း သီးသန့် ယှဉ်ပြိုင်မည်ဆိုလျှင် သူက လင်းရီ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်လော။

ကျူးဖုန်း မစဉ်းစားဝံ့သလို ယုံကြည်မှုလည်း မလွန်ကဲဝံ့ချေ။

"မင်း လက်ခံရဲလား..."လင်းရီ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"မစ္စတာလင်း... ခင်များ နောက်နေတာပဲဖြစ်ရမယ်... ကျုပ်ရဲ့ ပါမွှားစွမ်းရည်လေးက မစ္စတာလင်းကို ဘယ်လိုယှဉ်နိုင်မှာ...ကျုပ် ခဏနေကျရင် မီဒီယာတွေရှေ့မှာ တောင်းပန်ဖို့ ဆုံးဖြတ်ပြီးသားပါ...."

"ပျင်းဖို့ကောင်းတယ်..."

လင်းရီ မတ်တပ်ရပ်လိုက်ပြီး "ခဏနေ သတင်းစာရှင်းလင်းပွဲကို ငါမတက်တော့ဘူး.. လင်းယွမ် PR ဌာနက တာ၀န်ရှိသူတစ်ယောက်ကို သွားရှာပြီးတော့ ဒီကိစ္စ ကိုင်တွယ်လိုက်......"

"နားလည်ပါပြီ မစ္စတာလင်း..."ဖုန်းကျူး ကိုယ်ကို အနည်းငယ် ကိုင်း၍ အရိုအသေ ပေးလိုက်သည်။

လင်းရီ ထွက်ခွာသွားသည်ကို မြင်တော့ ချင်းဟန်တို့ သုံးယောက်လည်း လိုက်လာကြလေသည်။

"မင်း ဒီတိုင်းပဲ ထွက်သွားတော့မလို့လား..."

"တစ်ဖက်က ကိုယ်တိုင်ကိုယ်ကျ ၀န်ခံနေမှတော့ ငါက ဒီမှာ ထိုင်နေပြီး ဘာလုပ်ရမှာ... ကုမ္ပဏီပြန်သွားပြီး အခြေအနေဘယ်လိုရှိလဲ တစ်ချက်သွားကြည့်လိုက်ဦးမယ်လေ... ငါလက်ထဲမှာ လုပ်စရာတွေမှ အများကြီးပဲ.. အချိန်ဖြုန်းနေလို့ မရဘူး...."

"ဒါပေမယ့် မင်း ဒီမှာနေပြီးတော့ မီဒီယာတွေရှေ့မှာ မကောင်းသတင်းတွေကို ကိုင်တွယ်လိုက်မယ်ဆိုရင် Muddy waters ရဲ့ ဘေးကနေ ပံ့ပိုးပေးမှုနဲ့ဆိုတော့ ပိုပြီး ထိရောက်မှု ရှိမယ် မဟုတ်ဘူးလား... ဒီလိုဆိုရင် စတော့ဈေးနှုန်းတွေ ပြန်တက်လာပြီးတော့မှ ငွေကြေး ကစားပွဲမှာလည်း မင်း အနိုင်ရဖို့ သေချာသွားပြီလေ...."

ချင်းဟန် အကြံပြုလိုက်၏။

"ဟွာရှမှာ စကားတစ်ခွန်းရှိတယ်... နှုတ်ဆိတ်နေတာက စကားလုံးပေါင်း ထောင်ချီ ပြောကြားတာထက် ပိုကောင်းတယ်... တကယ်လို့ ငါသာ ခုချိန် လူလုံး ထွက်မပြလိုက်ဘူးဆိုရင် လူတွေရဲ့ စိတ်ထဲမှာ အဆုံးအစမဲ့တဲ့ သံသယတွေကို ဖြစ်ပွားသွားစေမယ်... ဒီရဲ့ အကျိုးသက်ရောက်မှုက ပိုလို့တောင်ကောင်းသေးတယ်... "

ချင်းဟန် မျက်လုံးလှိမ့်လိုက်ပြီး "မင်းက မိမိုက်သလို လုပ်ချင်လို့ ဒီလိုလုပ်နေတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်…”

All Chapters