စတော့နည်းဗျူဟာဂိမ်း တုံ့ပြန်တိုက်ခိုက်ခြင်း စတင်ပြီ
Vol. 38 Ch. 564
"ဒါက မိမိုက်သလို လုပ်တာနဲ့ ဘာမှ မဆိုင်ဘူး..."လင်းရီ ပြောလိုက်ပြီး "ဒီလိုကိစ္စမျိုးက ဖြစ်ပြီးမှတော့ မင်းရှင်းပြရင်တောင် အလကားပဲ.. မင်းကို မယုံကြည်ရုံတင် မကသေးဘူး.. မီဒီယာတွေက သူတို့လိုချင်တဲ့ဘက်ဆွဲခေါ်ရင်း လူတိုင်းရဲ့ အမြင်ကို ဆိုးရွားအောင် လုပ်ပစ်တော့မှာ...."
"သေချာလို့လား..."
"လာ လာ .. မင်းတို့ ဖုန်းထဲက မှတ်စုတွေမှာ ငါ ခုပြောမယ့် စကားတွေကို သေချာမှတ်ထားကြ.. အနာဂတ်ကျရင် မင်းတို့ သုံးကောင် အသုံးလိုရင်လိုမှာ..."လင်းရီ သူ၏ အမူအရာကို တည်တံ့လိုက်ပြီး "ဒီလို ပြောရအောင်ကွာ .. တစ်နေ့ မင်းတို့ကောင်တွေ လက်ထပ်ပြီးတော့ တစ်ခြား မိန်းကလေး တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို မိသွားပြီဆိုပါတော့... အဲ့လိုဆို မြဲမြဲမှတ်ထား...ဘယ်တော့မှ မတောင်းပန်နဲ့... တကယ်လို့ တောင်းပန်လိုက်မယ်ဆိုရင် အဲ့တာက မင်း ၀န်ခံလိုက်တာနဲ့ အဓိပ္ပာယ် အတူတူပဲ... မင်းဘက်က မဖောက်ပြန်ဘူးဆိုရင်တောင်မှ သံသယတွေကို ရှင်းပြပေးနေစရာ မလိုဘူး... ဒါက ဘာလို့လည်းဆိုတော့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ထဲမှာ ရှင်းပြတယ်ဆိုတာ ရှောင်လွှဲတာပဲ.. ရှောင်လွှဲတယ်ဆိုတာ လုပ်ထားလို့ ၀န်ခံတာနဲ့ အတူတူပဲ... ဒီသီအိုရီက နည်းနည်းလေး ဟောင်းနေပြီဆိုပေမယ့် ဒီနေ့ခေတ်ရဲ့ အမှန်တရားပဲ..."
"ဒါလည်း ဟုတ်သားပဲ..."ကောင်းကျုံးယွမ် ပြောလိုက်သည်။
"ငိုးပဲ.. မင်းကလည်း ယုံတယ်ပေါ့..."ချင်းဟန် ပြောလိုက်၏။
"အစ်ကိုကြီးလင်း ဘေးနားက မိန်းကလေးတွေကို ကြည့်လိုက်လေ... အကုန်လုံးက အလှနတ်သမီးလေးတွေချည်းပဲ မဟုတ်ဘူးလား.. သူ နောက်တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေပါတယ်လို့ သတင်းထွက်ထားတာတောင်မှ မရီးက လက်ဦးမှုရယူပြီး အစ်ကိုကြီးလင်းအတွက် ကြေညာထားပေးလိုက်သေးတယ်လေ... အစ်ကိုကြီးချင်း.. ဒါတွေက နည်းလမ်းကျတဲ့ ကိုင်တွယ်ပုံတွေပဲ.. သေချာပေါက် တတ်ကျွမ်းထားရမယ့် ပညာရပ်တွေ...."
"ငါလခွမ်း... ဒီလိုကျတော့လည်း ဟုတ်သလိုတော့ ရှိသားဟ..."
"ဒါကြောင့်မို့ ဒီလိုမျိုး ပြဿနာတွေနဲ့ ကြုံလာပြီဆိုရင် မင်းဘက်က ရှင်းပြနေလည်း အလကားဖြစ်မယ့် တူတူ စကားတစ်လုံးတောင် လေကုန်ခံမနေနဲ့..."
"အဲ့လိုပြောကြေးဆို မင်းကကော ဒီဘာလာလုပ်တာ...."ချင်းဟန် မေးလိုက်၏။
"ငါ ဒီရောက်လာတာ အဲ့ကိစ္စ ရှင်းပြဖို့ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "ဒီကိစ္စအပေါ် သက်ရောက်နေတဲ့ တခြားကိစ္စတွေကို ပြန်ထေဖို့ ရောက်လာခဲ့တာ...."
"အစ်ကိုကြီးလင်း.. ခင်များပြောတာတွေ နားထောင်ပြီးတော့ ကျုပ်ရဲ့ စိတ်တွေကကောင်းမွန်ပြီးတော့ ပိုပြီး ယုံကြည်ချက် ရှိလာသလိုပဲ.. "လျန်ကျင်းမင် ပြောလိုက်ပြီး "အနာဂတ်ကျရင် ဒီလိုကိစ္စမျိုးတွေကို ကြောက်စရာ မလိုတော့ဘူး..."
"ယုံကြည်ချက် အပြည့်နဲ့နေ.. ဘာမှ မကြောက်နဲ့... မင်းတို့ သုံးကောင်ကို ကြည့်လိုက်တာနဲ့ သေချာပေါက် ဖောက်ပြန်မယ့်ရုပ်တွေဆိုတာ သိသာတယ်...."
"မင်းလည်း အတူတူပဲ.."ချင်းဟန် ထေ့ငေါ့လိုက်ပြီး "ငါတို့နဲ့ ပေါင်းပြီးမှတော့ မင်းကိုယ်မင်း ဘာငှက် အမျိုးအစားလို့ ထင်နေတာ......"
"မင်းတို့ကောင်တွေက သာမန် ကျေးတောငှက်လေးတွေလေ.. ငါကျတော့ သိန်းငှက်ပေါ့..."
"ငိုးပဲ.. ငါ့ သေနတ် ဘယ်ရောက်သွားတုန်း..."
နောက်ပိုင်း လေးယောက်လုံး လင်းယွမ် အုပ်စုသို့ ပြန်လာကြလေသည်။
မုန်တိုင်းမှာ ပြီးမြှောက်သွားသော်လည်း စတော့နည်းဗျူဟာ ကစားပွဲကတော့ ယခုထက်တိုင် မပြီးဆုံးသေးချေ။
ယခု Didi ၏ ရှယ်ယာများမှာ ကျောက်တောင်စွန်းမှ အောက်သို့ ထိုးကျနေပြီး အကယ်၍ ကျောက်မိုနှင့် ကျန်သူများမှ ယခု အချိန်တွင်သာ ၀ယ်ပြီးပွဲစားများထံ ပြန်ပေးလိုက်မည်ဆိုပါက အမြတ်အကြီးစား ရရှိသွားနိုင်သည်။
ထို့ကြောင့် လင်းရီ နောက်ထပ် ဆက်လုပ်ရမည့် ကိစ္စနှစ်ခု ရှိသေး၏။
ပထမဆုံးအနေဖြင့် စတော့များ၏ တန်ဖိုးကို တတ်နိုင်သလောက် ပြန်ဆွဲတင်ရမည်။ ဈေးမြင့်သည်နှင့်အမျှ ကျောက်မိုနှင့် ကျန်သူများမှ ရမည့် အမြတ်များမှာလည်း လျော့နည်းသွားပေမည်။
ဒုတိယအနေဖြင့် သူ စတော့ရှယ်ယာများကို တတ်နိုင်သလောက် ပြန်လည် ၀ယ်ယူရမည်။
ယင်းက ဈေးကွက်တွင် လှည့်ပတ်နေသည့် ရှယ်ယာ အရေအတွက်များကို လျော့ကျသွားစေနိုင်ပြီး ကျောက်မိုနှင့် ကျန်သူများမှ ရှယ်ယာများကို ၀ယ်ယူ၍ ပွဲစားများထံ ပြန်ပေးနိုင်မည့် ပမာဏကို လျော့ပါးသွားစေနိုင်သည်။
ထိုအခါကျ ကျောက်မိုလည်း မြင့်မားနေသည့် ရှယ်ယာဈေးနှုန်းများဖြင့် ၀ယ်ယူရန် တွန်းအားပေးခံရတော့မညိ။ သို့သော်လည်း သူ မည်မျှ ဆုံးရှုံးမလဲဆိုတာကိုတော့ ခန့်မှန်းဖို့ရာ မဖြစ်နိုင်သေးချေ။
"အိုး ဒါနဲ့ မင်းတို့ကောင်တွေ သုံးဖို့ ငွေလိုသေးလား..."လင်းရီ လမ်းတွင် မေးမြန်းလိုက်၏။
"မလိုပါဘူး.. ကျွန်တော်တို့ကောင်တွေက ပိုက်ဆံ ပြတ်လပ်နေတဲ့ ကောင်တွေမှ မဟုတ်တာ..."ကောင်းကျုံးယွမ် ပြောလိုက်ပြီး " ရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံတွေကိုလည်း အစ်ကိုကြီးလင်းပေးဖို့ အလျင်လိုစရာ မလိုပါဘူး... ဘာမှစိတ်ပူမနေနဲ့..."
"ငတုံး ... မင်းက တကယ့် ကျောက်တုံးခေါင်းပဲကွ...."လျန်ကျင်းမင် ပြောလိုက်ပြီး "အစ်ကိုကြီးလင်း ပြောတဲ့ အဓိပ္ပာယ်က ငါတို့ ပိုက်ဆံ ပြန်ပေးဖို့ အဟုတ်ဘူး... ငါတို့ကို ငွေရမယ့် နည်းလမ်း ပေးမလို့...."
"ငါလခွမ်း အဲ့တာဆို ငါလည်း သေချာပေါက် ငွေလိုတာပေါ့ဟ...."
လင်းရီ ရယ်မောလိုက်ပြီး "မင်းတို့ကောင်တွေကတော့ ဒီကိစ္စ သေချာပေါက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး.. ပြန်ပြီးတော့ မင်းတို့ရဲ့ အဘိုးကြီးတွေကို Didi ရဲ့ ရှယ်ယာတွေ အကုန်လုံး ၀ယ်ထားဖို့ ပြောလိုက်... ၀ယ်နိုင်သလောက်သာ ၀ယ်ထား... ငါ အတိအကျတော့ အာမ မခံနိုင်ပေမယ့် အချိန်ကျလာရင် မင်းတို့ ရင်းနှီးတာထက် ၃၀ ရာခိုင်နှုန်း ပြန်ရစေမှာတော့ သေချာတယ်..."
"မဖြစ်နိုင်တာ.. ကျွန်တော်တို့က အဲ့လောက်တောင် ရနိုင်မှာလား...."
"ဒါက ခန့်မှန်းချေပဲ.. တကယ်လို့ မင်းတို့ အဘိုးကြီးက မယုံကြည်သေးပဲ ငါက ကြွားနေတယ်လို့ထင်ရင် ရှုံးသလောက် ငါပြန်လျော်ပေးမယ်လို့ ပြောလိုက်ကွာ.... "
"အဲ့လိုလုပ်ဖို့တော့ မလိုပါဘူး...."ချင်းဟန် သူ့ဖုန်းကို ကိုင်လိုက်ပြီး "Muddy water ကိုယ်တိုင်က လူသိရှင်ကြား တောင်းပန်မယ်ဆိုမှတော့ Didi ရဲ့ ရှယ်ယာတွေက သေချာပေါက် မြင့်တက်လာမှာပဲလေ.. ဒီအချိန်မှာ ငါတို့ ကုန်းကောက်စရာ မရှိတော့ဘူးဆိုရင်တောင် ရှယ်ယာတွေကို ၀ယ်ထားရမှာပဲ..."
"ဟုတ်သားပဲ... ငါ ဘာလို့ ဒါကို မစဉ်းစားခဲ့မိပါလိမ့်..."လျန်ကျင်းမင် ရေရွတ်လိုက်ကြီး "ခု ဒီသတင်းကို ဘယ်သူကမှ မသိဘူးဆိုတော့ ကျုပ်တို့က အရေးသာတဲ့ အခြေအနေမှာလေ... ဒီအခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချပြီး ငွေရှာလို့ရပြီ..."
သို့နှင့် သုံးယောက်လုံး ဖုန်းထုတ်၍ သက်ဆိုင်ရာ မိသားစုများထံ ပြောပြလိုက်ကြသည်။
ပထမကတော့ မိသားစု သုံးခုလုံး၏ အရိုးအိုကြီးများမှာ သဘောမတူကြသေးချေ။ ယခု အခြေအနေတွင် Didi ၏ ရှယ်ယာ ဈေးနှုန်းများမှာ ခန့်မှန်းမရအောင် ထိုးကျနေပြီး ၀ယ်ယူသည့် မည်သူမဆို ဆုံးရှူံးမှု ခံစားရမည်မှာ သေချာပေါက်ပင်။ ရှုံးမည့် စီးပွားရေးကို မည်သူကမျှ မလုပ်ချင်သည်မှာ သဘာ၀ပင်။
သိူ့သော်လည်း Muddy waters အကြောင်း သိရှိပြီးနောက် ၎င်းတို့၏ အမူအရာများမှာ တစ်မဟုတ်ချင်း ပြောင်းလဲသွားပြီး Didi ၏ ရှယ်ယာများကို ရေကုန်ရေခမ်း ၀ယ်ယူလာကြတော့၏။
ယခုလုပ်ငန်းက လင်းရီအတွက် ဆုံးရှုံးသည်ဟု ထင်ရသော်လည်း နှစ်ဖက်လုံး အကျိူးအမြတ်ရှိသည့် လုပ်ငန်းပင်။
လင်းရီတွင်လည်း ရန်ပုံငွေက သိပ်မကျန်တော့ပဲ အကယ်၍ သူ ရှယ်ယာဈေးကွက်တွင် လှည့်ပတ်နေသည့် ရှယ်ယာများကို လျော့ချချင်ပါက ယခုလိုနည်းလမ်းက အကောင်းဆုံးပင်။
ဤသို့ဖြင့် ကျောက်မိုလည်း သူ၏ အမေပင် သားအဖြစ်မှ စွန့်လွှတ်ရန် လုံလောက်သည့် ငွေပမာဏ များစွာ ဆုံးရှုံးသွားပေမည်။
........
တစ်ချိန်တည်းတွင် ပန်နီဆူလာဟိုတယ်၏ ပွဲကျင်းပရာနေရာတွင် အလွှာပေါင်းစုံမှ သတင်းထောက်များ၊ ဝေ့ပေါ်ရှိ နာမည်ကြီး အကောင့်ပိုင်ရှင်များ၊ ကိုယ်ပိုင် တိုက်ရိုက် ထုတ်လွင့်တင်ဆက်နေကြသည့် အနုပညာ ကြယ်ပွင့်များ အစရှိသဖြင့် အရောင်အဆင်းမျိုးစုံဖြင့် လှုပ်ရှားသက်ဝင်နေကြသည်။
၎င်းတို့အားလုံး မှတ်တမ်းတင်သည့် ပစ္စည်းကိရိယာများကို ကိုင်ထားရင်း သတင်းစာရှင်းလင်းပွဲ ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
ထိုအထဲမှ လူတစ်ဝက်လောက်ကိုတော့ ကျောက်မိုနှင့် ကျန်သူများမှ ငှားယမ်းထားခြင်းဖြစ်ပြီး ယင်းကလည်း သတင်းစာရှင်းလင်းပွဲ၏ အဟုန်ကို ပို၍ မြင့်မားစေရန်ပင်။ ၎င်းတို့၏ ရည်ရွယ်ချက်ကတော့ ရိုးစင်းသည်။ လင်းရီ သူ့ကိုယ်သူ အရူးလုပ်နေသည်ကို ကြည့်ရှုရန်ပင်။ ထို့ပြင် ယခုလိုပွဲမျိုးတွင်လည်း ၎င်းတို့ဘက်မှ အသက်ရှူရန်ပင် အချိန်ပေးလိမ့်မည် မဟုတ်ချေ။
“ လူတော့ အတော်များသား … ငါဖြင့် ဒီလောက်များမယ်လို့တောင် ထင်မထားဘူး….”
ပြောလိုက်သူကတော့ ပွဲကျင်းပသည့် ထောင့်တစ်နေရာတွင် ထိုင်နေပြီး သာမန် ရှေးဟောင်းဟွာရှ ဝတ်စုံပြောင်ကို ဝတ်ဆင်ထားကာ အနည်းငယ်လည်း အိုစာနေပုံပေါက်၏။ ထိုသူကတော့ အနောက်တွင် လင်းရီ၏ ပညာပြခြင်းကို ခံလိုက်ရသည့် ချောင်ကျားတုံးပင်။
ချောင်ကျင်းချိုးနှင့် ချောင်ရှန့်ယွီတို့ကလည်း ၎င်း၏ ဘေးတစ်ဖက်တစ်ချပ်ဆီတွင် ထိုင်နေကာ သတင်းစာရှင်းလင်းပွဲစတင်မည့် အချိန်ကို စတင်နေလေသည်။ ထိုအခိုက်အတန့်တွင်တော့ ချောင်ရှန့်ယွီ၏ သွင်ပြင်မှာ ယခင်နှင့် ခြားနားနေပြီး မျက်နှာမှာလည်း ပို၍ ချောင်ကျလာကာ သူ၏ အရှိန်အဝါတို့ကလည်း ယဉ်လာသည်။
လင်းရီ၏ ပညာပေးခြင်းကို ခံရပြီးနောက်ပိုင်း သူနှင့် လင်းရီကြားရှိ ခြားနားမှုကို နားလည်သဘောပေါက်သွားခဲ့၏။ ထိုအခိုက်အတန့်တွင်တော့ သူ နတ်ဘုရားမှ ပေးသနားသည့် ဝှက်ဖဲနှင့်ဆိုရင်တောင် လင်းရီ၏ ပြိုင်ဘက်ဖြစ်ဖို့ရာ အလှမ်းဝေးနေသေးလေသည်။
“ ဒီထဲက လူအများစုကို ကျောက်မိုက ဝယ်ထားတာဖြစ်မယ်…” ချောင်ကျင်းချိုးပြောလိုက်ပြီး
“ ဒီရဲ့ စတော့နည်းဗျူဟာ စစ်ပွဲမှာ အခု သတင်းစာရှင်းလင်းပွဲက တော်တော်လေး အရေးပါတယ်ဆိုတော့ သူ့ဘက်က အလွတ်ပေးမှာ မဟုတ်ဘူး..…”
“ Mudddy Waters က အတော်လေး အံ့အားဖို့ကောင်းတယ်… သူတို့ တကယ်ကြီး မကောင်းသတင်းတွေကို တူးဆွပြီးတော့ DiDi ကို ဖျက်ဆီးပစ်လိုက်နိုင်တာပဲ..” ချောင်ကျားတုံး ပြောလိုက်ပြီး “ ဒါက တကယ်လို့ အနာဂတ်ကျ လင်းယွမ်အုပ်စု စာရင်းဝင်မယ့်အချိန်ကျရင် ခလုတ်ကန်သင်း ဖြစ်လာနိုင်တယ်…”
“ မကောင်းဘူးလား… သူတို့က ကျွန်တော်တို့ကိုယ်စား လက်စားချေပေးလိုက်တာပဲလေ….” ချောင်ရှန့်ယွီ ပြောလိုက်ပြီး “ ကျွန်တော်တို့က လင်းရီရဲ့ ပြိုင်ဘက်တော့ မဟုတ်ဘူး… ဒါပေမယ့် ဒါရိုက်တာကျောက်ဘက်က လှုပ်ရှားရင်လည်း လင်းရီ သေချာပေါက် ရှင်သန်နိုင်မှာ မဟုတ်ဘူး…”
“ အဲ့လိုပြောလို့တော့ ဘယ်ရမှာ…” ချောင်ကျင်းချိုးမှ နေ၍ “ ဒီအရင် မတိုင်ခင်တုန်းက ကျောက်မို DIDI ရဲ့ ရှယ်ယာ တစ်ရာဘီလီယမ်တောင် သုံးထားတာနော်.. သာမန်လူဆို ဒီလိုတိုက်ခိုက်မှုမျိုးကို တောင့်ခံနိုင်မှာတဲ့လား…. အဲ့ကိစ္စ တစ်ခုတည်းနဲ့တင် လင်းရီက သမီးတို့ ထင်ထားတာထက်ကို ပိုပြီးတော့ ထူးချွန်တယ်ဆိုတာ သက်သေပြပြီးသားပဲ…”
“ ကျင်းချိုး ပြောတာမှန်တယ်…” ချောင်ကျားတုံး သက်ပြင်းချလိုက်ပြီး “ အဲ့တာက တစ်ရာဘီလီယမ်ယွမ်… ဟွာယင်းအုပ်စုလို ဒိတ်ဒိတ်ကျဲကြီးကပဲ ဒီလိုမျိုး ကြေးကြီးကြီး ကစားဝံ့တာ….”
ထိုသို့ပြောပြီးနောက် ချောင်ကျားတုံး ခေတ္တ ရပ်တန့်၍ “ ပြီးတော့ လင်းရီလို လူစားမျိုးကပဲ အဲ့တာကို စိန်ခေါ်ဝံ့တာ…”