ရှယ်ယာတွေက အကန့်အသတ်ရောက်တဲ့ထိကို မြင့်တက်နေပြီ
Vol. 38 Ch. 566
ရန်ကျင်း၊ ဟွာယင်းအုပ်စု၊ အထွေထွေမန်နေဂျာရုံးခန်း။
သင်းပျံ့သည့် လက်ဖက်ခြောက်နံ့က ရုံးခန်းထဲတွင် ထုံသင်းနေလေသည်။ ကျောက်မိုနှင့် ကျန်သူများမှာ ဆိုဖာထက်တွင် ပျင်းရိစွာဖြင့် ရယ်မောရင်း စကားပြောနေကြ၏။
သူတို့ လေးယောက်၏ ရှေ့တွင်တော့ ၆၀ လက်မ တီဗွီတစ်လုံးရှိနေပြီး ၎င်းကိုလည်း ကျောက်မို အစည်းအဝေးခန်းထဲမှ တကူးတက ရွေ့ခိုင်းထားခြင်းပင်။
ယခုလို သတင်းစာရှင်းလင်းပွဲမျိုးမှာ တီဗွီချာနယ်များပေါ်တွင် တရားဝင်ထုတ်လွင့်တင်ဆက်ခြင်း မရှိပါသော်လည်း အင်တာနက်ပေါ်တွင် ရေပန်းစားမှုက အထွတ်အထိပ်သို့ ရောက်ရှိနေသောကြောင့် ရှာဖွေရန် လွယ်ကူသွားသည်။
သူ ကြိုက်နှစ်သက်ရာ တိုက်ရိုက်ထုတ်လွင့်သည့် ပလက်ဖောင်းတစ်ခုကို ဖွင့်လိုက်သည်နှင့် စထွင်မာအများအပြားမှ သတင်းစာရှင်းလင်းပွဲအကြောင်း တိုက်ရိုက်ထုတ်လွင့်နေသည်ကို အခန့်သား ကြည့်ရှုနိုင်သည်။
“ ငါတော့ မစောင့်နိုင်တော့ဘူးကွာ… ငါလခွီးမို့လို့ အဲ့သတင်းစာရှင်းလင်းပွဲကလည်း မစနိုင်သေးတာလားဟ….” လုရွှမ် ထိုင်နေရင်း စောဒကတက်လိုက်၏။
“ စကားပုံဟောင်းတွေအတိုင်းပဲ ဟင်းကောင်းက နောက်ကျမှာကြောက်စရာ မလိုဘူး… နောက်ဆယ်မိနစ်လောက်ဆို စတော့မှာပါ.. ခဏလေးပဲ စောင့်လိုက်….” ကျောက်မို ခြေတင်ချိတ်ထားပြီး ဆေးလိပ်တစ်ဖွာဖွာကာ ဘာကိုမျှ အလေးအနက်မထားသည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။
“ လင်းရီ စင်ပေါ်တက်ပြီးရင် အဲ့ကောင်ဘာပြောမယ်လို့ မင်းတို့ထင်လဲ….” စွန်းချဲ့ အပြုံးလေးဖြင့် မေးမြန်းလိုက်၏။
“ ငါတော့ ဒီကောင် မျက်ရည်ချူပြီး တောင်းပန်မယ် ထင်တာပဲ…”
ဂူချန်းချွမ်မှ ပြောလိုက်ပြီး “ ဖြစ်ရပ်တွေက သက်သေအထောက်အထား အပြည့်အစုံနဲ့ ရှိပြီးသားလေ… သူ့ဘက်က ဘာမှမပြောပြ ဒီတိုင်းဝန်ခံလိုက်တာက အကောင်းဆုံးနည်းလမ်းပဲ… ငြင်းနေရင် အခြေအနေက ပိုပြီးဆိုးရွားတဲ့ဘက်ကို ဦးတည်သွားတော့မှာ….”
“ ငါခုလေးတင် တွက်ချက်ကြည့်လိုက်တာ ကျူးဖုန်းရဲ့ ဒုတိယအစီအစဉ် စတင်တာနဲ့ DIDI ရဲ့ ရှယ်ယာတွေက မူလတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ထိုးကျသွားနိုင်တယ်…. အဲ့ခါကျရင် ငါတို့က အခွင့်ကောင်းယူပြီးတော့ နောက်ထပ် တက္ကစီငှားတဲ့ အက်ပ်တစ်ခု တီထွင်လိုက်မယ်ဆိုရင် ကုလားအုတ်နောက်ကျောကို ကျိုးစေမယ့် မြက်တစ်ပင်ဖြစ်သွားပြီ….” စွန်းချဲ့ ပြောလိုက်ပြီး “ အဲ့လိုဆို ငါတို့ကောင်တွေ ဒီကစားပွဲကနေပြီးတော့ အနည်းဆုံး ဘီလီယမ် ၈၀ ကနေ ၉၀ လောက်အထိ အသာလေးရနိုင်တယ်…. ငါငိုးပဲ ဒီပမာဏကြီးက ရူးလောက်စရာကြီးဟ….”
“ စွန်းကြီး ပြောတာမှန်တယ်…” လုရွှမ် ပြောလိုက်ပြီး “ ညီကိုကျောက် … ငါတော့ မင်းရဲ့ လုပ်ရပ်တွေက Soros နဲ့ မခြားတော့ဘူးလို့ ထင်တာပဲ… ဒီသတင်းသာ အပြင်ပျံ့သွားရင်တော့ ငွေကြေးနယ်ပယ်ကြီးတစ်ခုလုံး ရှော့ခ်ရသွားလောက်တယ်…”
“ ငါကတော့ မလိုဘူးထင်တာပဲ… ငွေကြေးနယ်ပယ်တစ်ခုလုံးက ဒီကောင်ကြီးရဲ့ ခွန်အားကို အသိအမှတ်ပြုပြီးသားလေ…” ဂူချန်းချွမ် ပြောလိုက်ပြီး “ ဟွာယင်းအုပ်စုရဲ့ ရှယ်ယာဈေးနှုန်းတွေ မြင့်နေတာကိုပဲ ကြည့်လိုက်.. အဲ့တာက အကောင်းဆုံး သက်သေပဲ…”
“ တိုက်ပွဲ အသေးစားလေးပါကွာ… သူများကြားရင် ရယ်နေပါဦးမယ်..” ကျောက်မို ရယ်မောလိုက်ပြီး “ ဒါပေမယ့် ဒီတစ်ခေါက်တော့ ငါတို့ကောင်တွေ အချီကြီးပွသွားတယ်လို့ဆိုရမယ်…. ဒီကိစ္စပြီးတာနဲ့ မင်းတို့တစ်ယောက်ချင်းစီကို ငါ Gulfstream G650 (လေယာဉ်)လက်ဆောင်ပေးမယ်….”
“ ငိုးပဲ မင်းနောက်နေတာလားကွ….” လုရွှမ် ကျိန်ဆဲလိုက်ပြီး “ အဲ့တာက တစ်စီးကို ဒေါ်လာ 70 မီလီယမ်လောက်ရှိတာနော်… ညီကိုကျောက်က ဒီလိုမျိုး ပြောလာမှတော့ ငါလည်း အားမနာတော့ဘူး…”
“ ဘာပဲပြောပြော လင်းရီရဲ့ ပိုက်ဆံတွေနဲ့ ဝယ်မှာပဲလေ… ယဉ်ကျေးနေစရာမလိုပါဘူး…”
“ ဟားဟား… ဒါဆိုလည်း မင်းပေးမယ့် လက်ဆောင်ကို စောင့်နေတယ် ဟျောင့်ရေ…..”
“ အိုကေ အိုကေ … မင်းတို့ကောင်တွေ အသံတိုးကြဦးဟ….. ဒီမှာ ပွဲက စနေပြီ….” စွန်းချဲ့ သတိပေးလိုက်ပြီး “ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို တစ်စက္ကန့်လေးကအစ လွတ်သွားလို့မဖြစ်ဘူး…”
လေးယောက်သား ဟန်ပန်ကိုယ်စီဖြင့် တိုက်ရိုက်ထုတ်လွင့်နေသည့် သတင်းစာရှင်းလင်းပွဲကို လှောင်ပြောင် အထင်သေးသည့် အမူအရာအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
“ လန်းလိုက်တဲ့ စကီလေးပါလားဟ….”
ထျန်းရန် စင်ပေါ်တက်လာသည်ကိုမြင်တော့ လုရွှမ် ယခုလို မှတ်ချက်ပြုလိုက်သည်။ “ ဒီလိုမျိုး လုံးဝန်းပြည့်တင်းနေတဲ့ ဇနီးမျိုးကိုကြိုက်တာ…”
“ ငါ့ဖင်ကြီးကိုပဲ ဇနီးနေလိုက်လေ….” စွန်းချဲ့ ပြုံးလိုက်ပြီး “ ဒီအမျိုးသမီးရဲ့ နာမည်က ထျန်းရန်တဲ့… သူက DIDI ရဲ့ ဒုဥက္ကဌပဲ … တော်တော်လေး စွမ်းဆောင်နိုင်စွမ်းရှိပြီးတော့ ခုထိ တစ်ကိုယ်တည်း… နှမြောစရာကောင်းလိုက်တာကွာ.. အဲ့လောက်ကောင်းတဲ့ အိုးကြီးက ခွဲသူမရှိသေးဘူး…”
“ မင်းတို့ ပါးစပ်က သားရည်တွေကို သုတ်လိုက်စမ်း.. မြင်လို့ကို မကောင်းဘူး… ငါ DIDI ကို အဆုံးသတ်ပြီးတဲ့ အချိန်ကျရင် မင်းတို့အတွက် ခေါ်လာပေးမယ်ကွာ .. ဟုတ်ပြီလား….”
“ မြေနိုးလေးတွေ… လေပေါမနေကြနဲ့… စင်ဘေးမှာ ရပ်နေတဲ့သူက ကျူးဖုန်း မဟုတ်ဘူးလား…”
ဂူချန်းချွမ်၏ စကားကိုကြားတော့ သုံးယောက်လုံး အေးခဲသွားကြ၏။
သူတို့အားလုံး သတင်းစာရှင်းလင်းပွဲတွင် ကျူးဖုန်းရောက်နေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
ဒီကျူးဖုန်းက ဘာသွားလုပ်တာတုန်းဟ… သူက ဒီ စတော့နည်းဗျူဟာ ကစားပွဲရဲ့ နောက်ကွယ်က အဓိက လက်သည်လေ… လင်းယွမ်အုပ်စုက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပေါ်လာစရာ အကြောင်းမရှိဘူး မဟုတ်လား….
လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့အားသင့်မှုနှင့် မသိစိတ်မှ ကြောက်ရွံ့မှုတို့က တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်။
မရှင်းလင်းသေးသော်လည်း စင်နံဘေးတွင် မတ်တပ်ရပ်နေသူမှာ ကျူးဖုန်းဖြစ်ကြောင်းတော့ သေချာလေသည်။
“ မပူနဲ့.. ငါခုပဲ ဖုန်းဆက်ပြီး ဘာသွားလုပ်နေလဲဆိုတာ မေးလိုက်မယ်…” စွန်းချဲ့ ဖုန်းထုတ်ရင်း ပြောလိုက်၏။
“ မေးမနေနဲ့တော့… မင်းပထွေးက စင်ပေါ်တောင် တက်တော့မှာ….” လုရွှမ် ကျိန်ဆဲလိုက်သည်။
“ ငါ-ိုး ဒီကောင်က စင်ပေါ်ဘာတက်လုပ်မလို့တုန်းကွ…” လုရွှမ်း အကြီးအကျယ် အံ့အားသင့်နေလေသည်။
လင်းယွမ်အုပ်စု၏ သတင်းစာ ရှင်းလင်းပွဲတွင် ကျူးဖုန်း ပေါ်ပေါက်လာသည်က သေချာပေါက် ပုံမှန်မဟုတ်ပေ။ ယခုလို ပုံမှန်မဟုတ်ခြင်းအတွက် သေချာသည့် အကြောင်းပြချက်တစ်ခုတော့ ရှိရပေမည်။
သတင်းစာရှင်းလင်းပွဲမှာ ဆက်လက်ကျင်းပနေပြီး ဖုန်းကျူး၏ မိန့်ခွန်းမှာ စတင်လာခဲ့တော့၏။
“ ဦးစွာအနေနဲ့ ကျုပ် လင်းယွမ်အုပ်စုနဲ့ DIDI ရဲ့ ဥက္ကဌ မစ္စတာလင်းရီကို အနူးအညွတ် တောင်းပန်ချင်ပါတယ်…..”
မိနစ်အနည်းငယ်ကြာအောင် ကျောက်မိုနှင့် ကျန်သူများမှာ ကျူးဖုန်းပြောကြားသည်များကို တိတ်ဆိတ်စွာဖြင့် နားထောင်နေလေသည်။
ရုံးခန်းထဲတွင် တိတ်ဆိတ်ခြင်းက ကြီးစိုးနေပြီး သုံးယောက်လုံး အိပ်မက်မက်နေသည့်အလား အယောင်ယောင် အမှားမှား ဖြစ်နေကြ၏။
ယခုလိုအချိန်မျိုးတွင် ဖုန်းကျူးဘက်မှ သစ္စာဖောက်လာလိမ့်မည်လို့ ထင်မှတ်မထားချေ။
“ ဒါ… ဒါက ဘယ်လိုအခြေအနေကြီးတုန်းဟ… မနေ့ညတုန်းကမှ ငါတို့နဲ့ သောက်စားနေပြီးတော့လင်းရီကို ဘယ်လိုတွေ အမှုန့်ကြိတ်မယ်ဆိုတဲ့အကြောင်းတွေ ပြောနေတာမဟုတ်ဘူးလား… ခုကျတော့ စင်ပေါ်တက်ပြီး -ီးစကားတွေ ပြောနေတာလားဟ… ငါ့ -ီးကိုပဲ တောင်းပန်နေလိုက်…”
“ သေစမ်း… ဒီရဲ့ Muddy Waters က ဘာတွေလာကြောင်နေတာ… “ ကျောက်မို သူ့ဖုန်းကို ကိုင်လိုက်ပြီး “ ငါခုပဲ သူတို့ ရုံးချုပ်ကို ဖုန်းဆက်ကြည့်လိုက်မယ်…”
U.S တွင် ညဆယ်နာရီ အချိန် ဖြစ်နေသော်လည်း တစ်ဖက်မှ ကျောက်မို၏ ဖုန်းကို ကိုင်လိုက်ဆဲပင်။
“ မစ္စတာ ကာဆင်… ခု ဘာတွေဖြစ်နေလဲဆိုတာ ကျုပ်ကို ရှင်းပြစမ်းပါဦး… ကျုပ်တို့ဘက်က အခြေအနေတွေကို သဘောတူပြီးသား မဟုတ်ဘူးလား… ဘာလို့ ကျုပ်ကို သစ္စာဖောက်တာ….”
ကျောက်မို ဖုန်းကျူး၏ လုပ်ရပ်များမှာ သူ၏ ကိုယ်ပိုင် သဘောဆန္ဒကြောင့် မဟုတ်ပဲ ကုမ္ပဏီ အထက်ကြီးပိုင်းများ၏ ဆုံးဖြတ်ချက်ကြောင့်ဟု ယူဆလိုက်သည်။
“ ကျုပ် တကယ်ကို စိတ်မကောင်းပါဘူး မစ္စတာကျောက်… ဒိကိစ္စက လျှို့ဝှက်ထားရမယ့် ကိစ္စဖြစ်နေတော့ ကျုပ်လည်း အကြောင်းပြချက်ကို ထုတ်ပြောလို့မရဘူး…”
“ လျှို့ဝှက်ထားရမယ့် ကိစ္စ… “ ကျောက်မို၏ ဒေါသမှာ ရင်ထဲမှ တလှိမ့်လှိမ့် ဆောင့်တက်လာပြီး “ ခင်များလုပ်ရပ်ကြောင့် ကျုပ်တို့ဘက်က ဘယ်လောက်တောင် နစ်နာသွားလဲဆိုတာ သိလား… အဲ့တာကိုတောင်မှ လျှို့ဝှက်ထားရမယ့် ကိစ္စလို့ ပြောလိုက်တာနဲ့ အားလုံး ဖြေရှင်းပြီးသားဖြစ်သွားပြီလို့ ထင်နေတာလား…”
“ ကျုပ်တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်.... ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ အတွင်းရေးကိစ္စဖြစ်နေတော့ မစ္စတာကျောက်ရဲ့ ဆုံးရှုံးမှုတွေအပေါ် ကျုပ်တကယ်ပဲ စိတ်မကောင်းပါဘူး….” ကာဆင်ဘက်မှ ပြောလာခဲ့ပြီး“ ပြီးတော့ စုံစမ်းဖော်ထုတ်တုန်းကလည်း ဘာအမှားမှလည်း ရှာမတွေ့ခဲ့ဘူး.. သတင်းတွေ အကုန်လုံးက အတုအယောင်တွေ…. ကျုပ်တို့ဘက်က နတ်ဘုရားနဲ့ အလိုတော်ကို ဆန့်ကျင်လို့မရဘူး… ဒါကြောင့်မို့ အမှန်အတိုင်း ဝန်ခံလိုက်တာပဲ… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ….”
သို့နှင့် ကာဆင်ဖုန်းချသွားခဲ့၏။ ကျောက်မိုကို စကားပြောရန်ပင် အခွင့်အရေး ပေးမသွားခဲ့ချေ။
“ ငိုးပဲကွာ…”
ကျောက်မို ကော်ဖီစားပွဲကို ကန်ကျောက် ၊ ဖုန်းကို ရိုက်ခွဲလိုက်ပြီး သွေးများ နားထင်ထိ စောင့်တက်လာခဲ့၏။
“ ညီကိုကျောက်… ခုက ဒီလိုမျိုး ဝုန်းဒိုင်းကျဲနေရမယ့် အချိန် မဟုတ်သေးဘူး…” ဂူချန်းချွမ် တည်ငြိမ်သည့် လေသံဖြင့်ပြောလိုက်ပြီး “ မြန်မြန် ကုမ္ပဏီကို အကြောင်းကြားပြီးတော့ ဈေးကွက်ထဲက ရှယ်ယာတွေကို ဝယ်ခိုင်းလိုက်…. ဒီလိုလုပ်မှပဲ ငါတို့ အကျိုးအမြတ် ရနိုင်ဦးမှာ….”
သူတို့ လေးယောက်လုံး လက်ရှိ ဖြစ်နေသည့် အခြေအနေက ဘာကို ဆိုလိုလဲဆိုတာကို နားလည်ပေသည်။
Muddy Waters ၏ သစ္စာဖောက်မှုက DiDi ရှယ်ယာများကို ထိုးတက်သွားစေလိမ့်မည်။ ထို့ကြောင့် သူတို့ ယခင် ရောင်းချထားသည့် ရှယ်ယာများကို မူလတန်ဖိုး မရောက်ခင်အချိန်လေးတွင် ပြန်လည်ဝယ်ယူ၍ ပွဲစားများထံ ပြန်ပေးရပေမည်။
DIDI ၏ ရှယ်ယာများ မူရင်းတန်ဖိုးသို့ မြင့်တက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့လည်း မြင့်မားသည့် ဈေးနှုန်းဖြင့် ပြန်လည်ဝယ်ယူရလိမ့်မည်။
အကယ်၍ ထိုကဲ့သို့ မြင့်တက်လာမည်ဆိုပါက ဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်း၍ မရနိုင်အောင် ဖြစ်လာပေမည်။
ချလပ်
ရုံးခန်းတံခါးမှာ ပွင့်ဟလာပြီး ဖူကျိန်းရီ အရေးတကြီး ပြေးဝင်လာ၍ သူ၏ နဖူးထက်တွင်လည်း ချွေးတို့ မနည်းမနော စီးကျနေလေသည်။
“ ဒါရိုက်တာကျောက် မကောင်းတော့ဘူး.. DiDi ရဲ့ ရှယ်ယာတွေက အကန့်အသတ်ထိရောက်အောင် ထိုးတက်နေပြီ….”