← Chapters

အချင်းချင်း အထင်မြင်သေးနေကြတဲ့ သားအမိတွေ

Vol. 38 Ch. 567

အချင်းချင်း အထင်မြင်သေးနေကြတဲ့ သားအမိတွေ

Vol. 38 Ch. 567

“ မင်းဘာပြောလိုက်တယ်… အကန့်အသတ်ကို ရောက်နေပြီ….”

ကျောက်မို ရှော့ခ်ရသွားခဲ့ပြီး “ ခုမှ ဘယ်လောက်ကြာသေးလို့လဲ… ဘယ်လိုလုပ်ပြီး အကန့်အသတ်ကို ရောက်သွားတာ….”

“ သတင်းစာရှင်းလင်းပွဲ မစခင်တုန်းကရင် တစ်စုံတစ်ယောက်က DIDI ရဲ့ ရှယ်ယာတွေကို သိမ်းကျုံးဝယ်နေတာပါ.. အဲ့အချိန်ကနေစပြီးတော့ ဈေးကွက်က ပြန်တက်မယ့် လက္ခဏာတွေ ပြလာပါတယ်…”

“ ငါ -ိုးပဲကွာ…. လခွီးတွေဖြစ်ကုန်ပြီ…”

ကျောက်မို ကော်ဖီစားပွဲကို နောက်တစ်ကြိမ် ပိတ်ကန်လိုက်ပြီး “ ဒါ ပူးပေါင်းကြံစည်တာ.. သေချာပေါက် ပူးပေါင်းကြံစည်ထားတာပဲ….”

“ ငါတို့တော့ လှည့်စားခံလိုက်ရပြီ…” စွန်းချဲ့ ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် ပြောလာခဲ့သည်။

သူ ယခုပြဿနာ၏ လေးနက်နေမှုကိုလည်း သတိပြုပြီးဖြစ်လေသည်။ တစ်ချိန်တည်းတွင် လင်းရီဟုခေါ်တွင်သည့် အနှီလူသားမှာ သူစိတ်ကူးယဉ်ထားသည်ထက် ပို၍ စွမ်းအားကြီးမားလှကြောင်း နားလည်သဘောပေါက်သွားတော့၏။

“ ဒါရိုက်တာကျောက် … ကျွန်တော်တို့အတွက် အရမ်းဆိုးတဲ့ သတင်းတစ်ခု ကျန်နေပါသေးတယ်…” ဖူကျိန်းရီမှ ချွေးအေးများကို သုတ်ရင်း ပြောလိုက်သည်။

“ ငိုးမသား မင်းပြောစရာရှိရင် တစ်ခါတည်းပြီးပြတ်အောင်ပြောလေကွာ….”

ကျောက်မို သူ၏ ပုံမှန် တည်ငြိမ်နေမှုများကို ဆုံးရှုံးနေပြီးဖြစ်၏။

“ ခု ဈေးကွက်ထဲမှာ ရှယ်ယာတွေက သိပ်မကျန်တော့ပါဘူး… တကယ်လို့ မနက်ဖြန် ဈေးကွက်ပြန်ဖွင့်တဲ့ အချိန်ထိ စောင့်မယ်ဆိုရင်တောင် ကျွန်တော်တို့ လိုအပ်တဲ့ ရှယ်ယာပမာဏကို ထောက်ပံ့ပေးနိုင်ဦးမှာ မဟုတ်ပါဘူး…”

ဘုန်း….

အဆိုပါ သတင်းဆိုးကြီးက လေးယောက်အတွက်တော့ မိုးကြိုးပစ်ခံလိုက်ရသည့်နှယ်ပင်။

အကယ်၍ ဈေးကွက်ထဲတွင် လှည့်ပတ်နေသည့် ရှယ်ယာများစွာ ရှိမနေပါက သူတို့ ဝယ်ချင်လျင်တောင် ဝယ်ယူ၍ မဖြစ်နိုင်ချေ။ ထိုအချိန်တွင် သူတို့က မည်သည်ကို သုံး၍ ပွဲစားများထံ ပြန်ဆပ်ရပါမည်နည်း။

ထိုအကြောင်းကို စဉ်းစားမိတော့အခါ လေးယောက်လုံးမှာ ကြောချမ်းသွားခဲ့ပြီး စိတ်ထဲတွင် စကားလုံး သုံးလုံး ပေါ်ပေါက်လာခဲ့၏။

“ ခု ဘယ်လိုလုပ်ကြမလဲ….. “

(怎么办)

………………

လျန်ရူရွှယ်၏ ရုံးခန်း ။

ထိုအခိုက်အတန့်တွင် သူမ လင်းယွမ်အုပ်စု၏ သတင်းစာရှင်းလင်းပွဲကို ကွန်ပျူတာမှ တစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေပြီး ဘေးတွင် ဖုန်းချထားကာ ရှန်းရှူးရီနှင့် ဗွီဒီယိုကော ပြောနေလေသည်။

“ စောစောစီးစီး အလုပ်ကျတော့ မလုပ်ပဲ ဘာလို့ ဖုန်းခေါ်လာတာ…..” ရှန်းရှူးရီ အထင်မြင်သေးစွာဖြင့် ပြောလိုက်ပြီး “ မြန်မြန်ပြော… နင့်အမေက ခဏနေ အစည်းအဝေးရှိသေးတယ်…”

“ နေဦး ဖုန်းမချလိုက်နဲ့ဦး… သတင်းစာရှင်းလင်းပွဲက ခဏနေဆို စတော့မှာ… တူတူ ကြည့်ရအောင်လေနော်….”လျန်ရူရွှယ် သူမအမေကို အရေးတကြီး ပြောလိုက်သည်။

“ ဘာသတင်းစာရှင်းလင်းပွဲလဲ…”

“ လင်းယွမ်အုပ်စုရဲ့ သတင်းစာ ရှင်းလင်းပွဲပေါ့… သမီး အမေ့ကို ပြောဖူးတယ်လေ…. ဘယ်လိုလုပ်ပြီး မေ့သွားရတာ….”

“ နင့် အမေက အမြဲတမ်း အလုပ်များနေတာ… ပြီးတော့ အချိန်ရရင် နင့်အဖေကိုလည်း ပြုစုရသေး… အဲ့လို အသေးမွှားကိစ္စလေးတွေကို အာရုံပေးဖို့ အချိန်မရှိဘူး…”

“ ဒါက ယွမ်ဘီလီယမ် ရာချီတဲ့ ငွေကြေးတိုက်ပွဲနော်….အမေက အဲ့တာကိုတောင်မှ ဂရုမစိုက်ဘူးပေါ့…”

“ ငါ မနှစ်တုန်းက ရင်းနှီးမြုပ်နှံထားတဲ့ ငွေချည်းသပ်သပ်နဲ့တင် ယွမ် ဘီလီယမ်ခြောက်ရာကျော်တယ်… နင့်အမေက ဒီလိုကိစ္စလေးတွေကို ခေါင်းထဲထည့်လိမ့်မယ်လို့ ထင်လား… ဒါမှမဟုတ် နင်ကပဲ CITIC အုပ်စုကို အထင်သေးနေတာလား…..”

ထိုသို့ပြောရင်း ရှန်းရှူးရီ သူမလက်ထဲရှိ စာရွက်စာတမ်းများကိုသာ အာရုံစိုက်နေပြီး လျန်ရူရွှယ်ကို လှည့်ပင်မကြည့်ချေ။

“ တော်လောက်ပြီ… အမေက အရမ်းကို စွမ်းအားကြီးတယ်ဆိုတာ မပြောလည်း သိပါတယ်နော်….” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဘာပဲဆိုဆို မေမေက CITIC အုပ်စုရဲ့ ဘော့စ်လေ… ခုတော့ အလုပ်ကို ခဏဘေးချိတ်ထားပြီး သမီးနဲ့အတူ သတင်းစာရှင်းလင်းပွဲ ကြည့်ရအောင်လေနော်…”

“ အစည်းအဝေးက ဆယ်နာရီစမှာ….. အဲ့တာက အာဖရိကမှာ ယွမ် ဘီလီယမ် ရာချီတဲ့ ပရောဂျက်…. နင် ဘယ်တစ်ခုက ပိုအရေးကြီးတယ်လို့ ထင်လဲ..”

“ လင်းယွမ်အုပ်စုက ပိုအရေးကြီးတယ်….”

“ ငါ့ကိုများ အဲ့လောက်အားယားနေတယ်လို့ ထင်နေတာလား….” ရှန်းရှူးရီ အထင်သေးစွာ ပြောလိုက်ပြီး “ ဒါပဲ ငါ အစည်းအဝေးသွားတော့မယ်… နင့်ဘာနင် တစ်ယောက်တည်း ကြည့်နေလိုက်တော့…”

“ မသွားနဲ့လို့… သမီးနဲ့အတူ ဒီရဲ့ပွဲကိုကြည့်ပေး….. ကြည့်ပြီးလို့ရှိရင် သမီးအမေ့ကို တစ်ခုပြမယ်… သေချာပေါက် အံ့အားသင့်သွားစေရမယ်လို့ အာမခံတယ်…”

“နင့်ရဲ့ လှည့်ကွက်သေးသေးလေးတွေက နင့်အမေပေါ် အလုပ်ဖြစ်မယ်လို့ ထင်နေတာလား… ပြီးတော့ နင့်ရဲ့ လျှို့ဝှက်ချက်သေးသေးလေးတွေကိုလည်း ငါစိတ်မဝင်စားဘူး… ဒါပဲ…. သွားပြီ…”

“ ခဏ ….. အမေသွားရင် သမီး အဖိုးကို ခေါ်ပြီးတော့ လက်ချာပေးဖို့ တောင်းဆိုလိုက်မှာနော်….”

“ ခေါ်လေ… နင့်အဖိုးက ငါ့ကို ဆူမှာမဟုတ်ဘူး..” ရှန်းရှူးရီ ပြောလိုက်ပြီး “ နင့်အဖိုးရင်ထဲက ငါ့ရဲ့ အရေးပါမှုကို နင်က လျော့တွက်ထားတာပဲ….”

“ ဒါဆို အဖွားကို ဖုန်းဆက်ပြီးတော့ အဖိုးကို ဆူခိုင်းဖို့ ပြောလိုက်မယ်….”

ရှန်းရှူးရီ ဆွံ့အစွာဖြင့် သူမထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ပြီး “ ငါဘာလို့ နင်လို သစ္စာဖောက်မလေးကို မွေးထားမိပါလိမ့်…. ဒါတောင် ခုထိ လက်မထပ်ရသေးလို့တာ‌ပေါ့… လက်ထပ်ပြီးသွားလို့ကတော့ CITIC တစ်ခုလုံးကို တခြား အမွေဆက်ခံသူတစ်ယောက်ဆီ လွှဲပြောင်းပေးလိုက်တာနဲ့ အတူတူပဲနေမှာ….”

“ အမေမှားတယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ လင်းရီ သမီးအတွက် လုပ်ပေးထားတာနဲ့ယှဉ်ရင် ခု သမီးသူ့အတွက် လုပ်ပေးနေတာတွေက ဘာမှ မပြောပလောက်ဘူး…”

“ ဒီတိုင်း ဖိုတိုလီတိုဂရပ်ဖီစက်လေးပဲ မဟုတ်ဘူးလား… အဲ့တာက ဘာမှတောင် အကောင်အထည်မပေါ်သေးတာကို နင်က ဘာတွေ လာကြွားနေတာ….”

“ အမေက ဘာသိလို့လဲ…. သမီးက ဖိုတိုလီတိုဂရပ်ဖီစက်အကြောင်း ပြောနေတာ မဟုတ်ဘူး…”

“ ဒါဆိုလည်း သူဘာလုပ်ပေးထားလဲဆိုတာ ငါ့ကို ပြောပြ….” ရှန်းရှူးရီ ထိုင်ခုံပေါ်တွင် ထိုင်ပြီး သူမ သမီး ပို့ပေးလာခဲ့သည့် လင့်ကိုဖွင့်၍ တိုက်ရိုက်ထုတ်လွင့်နေသည်ကို ပျင်းတိပျင်းရွဲဖြင့် ထိုင်ကြည့်နေလေသည်။

“ ဒါပြီးရင် အမေ့ကို ပြောပြမယ်….”

ရှန်းရှူးရီကတော့ ရေအေးဖြင့် အပက်ခံလိုက်ရသည့် ချွေးမတစ်ယောက်ကဲ့သို့ ခံစားနေရ၏။

ဘာခန်းဝင်ပစ္စည်းမှ မရသေးတာကို ငါ့သမီးက အဲ့ကောင်စုတ်လေးကို တွယ်ကပ်နေပြီတဲ့လား…

ဖိုတိုလီတိုဂရပ်ဖီစက်ကလွဲရင် လင်းရီက ဘာများ ပေးနိုင်မှာမို့လို့…

လင်းရီ သူမသမီးကို ဘာများပေးနိုင်လာမလဲဆိုတာ ရှန်းရှူးရီ နားမလည်ပါချေ။ ထို့ပြင် သူမ လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းများနှင့် ပတ်သက်၍ အရမ်းကို သံသယ ဖြစ်နေခဲ့၏။

လင်းရီမှာ ချစ်သူရှိနေတယ်…

ဒါဆို သူမ သမီးကကော….

သို့သော်လည်း ရှန်းရှူးရီ ထိုအကြောင်းကို ထုတ်မပြောချေ။

သူမသမီး၏ စံနှုန်းက ပိုင်ရှင်ရှိပြီးသား အမျိုးသားတစ်ဦးနောက်သို့ ကပ်တွယ်နေလိမ့်မည်မဟုတ်ကြောင်း ယုံကြည်လေသည်။

“ စကားမစပ် ငါ နင့်အိမ်လာတုန်းက ကပ်တဲ့ mask က ဘာဘရန်းလဲ… တော်တော်လေးကောင်းတယ်….” ရှန်းရှူးရီ ပြောလိုက်သည်။

“ သမီးကြည့်ပြီး ပြန်ပြောပြမယ်…. “ လျန်ရူရွှယ်ပြောလိုက်ပြီး “ ဒါပေမယ့် ခုတော့ လျန်မိသားစုရဲ့ ချွေးမအကြီးဆုံးလေး CITIC အုပ်စုရဲ့ ဥက္ကဌကြီးက ဒီရဲ့ပွဲလေးကို နည်းနည်း အလေးအနက် ထားပေးပါနော်…”

“ အင်းပါ အင်းပါ… ငါ နင့်ကို ကူညီပြီးတော့ သူ့ကို အကြံဉာဏ်တစ်ချို့ပေးလိုက်မယ်… အဲ့တာကလည်း နင်ဖြစ်စေချင်နေတာပဲ မဟုတ်လား…”

ရှန်းရှူးရီ အထင်သေးစွာဖြင့် ပြောလိုက်ပြီး “ ငါလေ နင့်ကိုတော့ တကယ်လေးစားတယ်သိလား… နင့်အဖေငါ့ကို လိုက်ပိုးပန်းခဲ့တုန်းကဆိုရင် သုံးနှစ်သုံးမိုးတောင်မှနော်… အဲ့တာတောင်မှ ငါသူ့ကို အသိအမှတ် ပြုရုံလေးတင် ပြုတာ….ခုတော့ ငါ့သမီးဖြစ်တဲ့ နင်က တစ်ဖက်ကို ကောက်ကောက်ပါအောင် ဖြစ်နေပြီဆိုတော့ နင့်ရဲ့ အဖေနဲ့ အဖိုးကို နည်းနည်းပေး မျက်နှာသာပေးလို့မရဘူးလား…”

“ မပူနဲ့.. သမီး ဒီတစ်ခေါက် အမေဂုဏ်ယူရအောင် လုပ်ပြမယ်….” လျန်ရူရွှယ်ပြောလိုက်ပြီး “ အမေ.. အမေလည်း ခု လင်းယွမ်အုပ်စုရဲ့ အခြေအနေကို သိနေတာပဲ… ဒီလိုအချိန်မျိုးမှာ တည်ငြိမ်အောင် လင်းရီ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ….”

“ အာရုံစူးစိုက်ခံရတာကို လျော့ချတာပဲ…”ရှန်းရှူးရီ ပြောလိုက်ပြီး” ဒီလိုအချိန်မျိုးမှာ သူ့ဘက်က ဘာပဲ ပြောပြော မှားတယ်ပဲ ဖြစ်နေမှာ… အကောင်းဆုံးကတော့ ဘာမှမရှင်းပြပဲနဲ့ အာရုံစူးစိုက်ခံရတာကို လျော့ချတာပဲ….”

“ အဲ့နည်းလမ်းက အလုပ်ဖြစ်ပါ့မလား….”

“ အသေးစိတ်ကျကျ လုပ်ဖို့တော့ လိုအပ်တာပေါ့…” ရှန်းရှူးရီ ပြောလိုက်ပြီး “ သူက ရှယ်ယာရှင်တွေရဲ့ ပိုက်ဆံကို ယူနေတာဆိုတော့ အရင်ဆုံး ရှယ်ယာရှင်တွေကို စိတ်ငြိမ်အောင် လုပ်ပေးဖို့ လိုမယ်… ဒါဆို ဈေးကွက်က တည်ငြိမ်သွားပြီးတော့ သူလည်း အန္တရာယ်ရှိတော့မှာ မဟုတ်ဘူး… ပြီးမှ ယွမ် လေးငါးမီလီယမ်လောက် သုံးပြီးတော့ ဒီကိစ္စ အနည်ထိုင်သွားအောင် အေးဆေးလုပ်လို့ရတယ်….”

“ ရင်းနှီးမြုပ်နှံသူတွေရဲ့ ခံစားချက်ကို တည်ငြိမ်အောင် လုပ်ဖို့က မခက်ပါဘူး… ဒါပေမယ့် သူ့ရဲ့ ဂုဏ်သိက္ခာတွေကကော ပိုက်ဆံနဲ့ ပြန်ယူလို့ ရပါ့မလား…”

“ လူတွေက ချမ်းသာတဲ့သူတွေရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်နေလိမ့်မယ်လို့ ထင်လား…” ရှန်းရှူးရီ ပြောလိုက်ပြီး “ သူတို့ရဲ့ မျက်လုံးထဲမှာ စက်မှုလုပ်ငန်းရှင်တိုင်းက မကောင်းတဲ့သူတွေကြီးပဲ… နင့်ဘက်က ဘယ်လောက်ပဲ ကောင်းတာတွေ လုပ်ပြနေပါစေ အမှောင်ထဲမှာ မကောင်းတာတွေ လုပ်နေတယ်လို့ပဲ ထင်ကြမှာ… နင့်အမေ ဖြစ်တဲ့ ငါတောင်မှ ဒီနေ့ ဒီလိုနေရာမျိုးရောက်ဖို့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ခဲ့ရတယ်လို့ ထင်နေကြတဲ့သူတွေ တစ်ပုံကြီး … ဒါကြောင့်မို့ သာမန်လူတွေရဲ့ မျက်လုံးထဲမှာ ချမ်းသာတဲ့သူတွေရဲ့ ဂုဏ်သိက္ခာဆိုတာ ဘာမှ အရေးမပါဘူး… သူတို့ ဂရုလည်းစိုက်မနေဘူး…”

“ ပြီးတော့ အင်တာနက်မှာ မှတ်ဉာဏ်မရှိဘူးဆိုတာကိုလည်း မှတ်ထား… လေ့လာသူတွေရဲ့ သုံးသပ်ချက်အရ အင်တာနက်ရဲ့ မှတ်ဉာဏ်က ခုနစ်ရက်ပဲ ခံတယ်…. ဘယ်လောက်ပဲကိစ္စကြီး ဖြစ်နေပါစေ ခုနစ်ရက်ပြည့်တာနဲ့ မှတ်ဉာဏ်အားလုံးက ပျောက်ကွယ်သွားမှာ …. ဒါကြောင့်မို့ ဒီကိစ္စက ပြဿနာ မရှိဘူး… “

“ နောက်ပြီး လင်းရီရဲ့ သွင်ပြင်သဏ္ဍာန်နဲ့ အရည်အသွေးတွေက လုံးဝ ထိပ်တန်းပဲ….. ဒီဖြစ်ရပ်ပြီးသွားတဲ့အချိန်ကျ သူ ကိုယ်တိုင်ကိုယ်ကျ စင်ရှေ့ ထွက်လာပြီးတော့ DIDI ကို ကြေညာ၀င်လိုက်တာနဲ့ နင့်လိုမျိုးအချစ်ရူးရူးနေတဲ့ ကောင်မလေးတွေက တက္ကစီငှားပြီးတော့ အားရပါးရကို ပံ့ပိုးပေးပါလိမ့်မယ်.. ကြည့်ထားလိုက်..”

“ အမေပြောတာလည်း ဟုတ်တာပဲနော်…” လျန်ရူရွှယ် ရေရွတ်ပြီးမှ တစ်ခုခုကို သတိထားမိသွားပြီး

“ ဟင် မဟုတ်သေးဘူးလေ… သမီးလိုမျိုး အချစ်ရူးရူးနေတဲ့အမျိုးသမီးဆိုတာက ဘာသဘောလဲ…စကားကို ရှင်းရှင်းလင်းလင်းပြောလေ…”

All Chapters