တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်တော့မယ်
Vol. 38 Ch. 568
“ ဘယ်သူဖြစ်ရဦးမှာ .. နင်ပဲလေ……” ရှန်းရှူးရီ ပြောလိုက်ပြီး “ နင် ရန်ကျင်းမှာ နေတုန်းကဆိုရင် နင့်နောက် လိုက်ပိုးပန်းတဲ့သူတွေကမှ အများကြီးပဲ… အားလုံးကလည်း လင်းရီထက်မသာရင်တောင် သူနဲ့ တန်းတူလောက်ရှိတယ် … ဒါတောင်မှ နင်က လျစ်လျူရှုပြီး ခုကျတော့ ကျိုးဟိုင်ရောက်တာ သုံးလကျောက်လောက်ပဲ ရှိသေးသာကို ဟိုကောင်နဲ့ အတူနေနေပြီ....ဆိုတော့ နင် ကျိုးဟိုင်ကို အလုပ်သွားလုပ်တာလား ရည်းစားချိန်းတွေ့ဖို့လားတောင် မပြောတတ်တော့ဘူး….”
“ အလုပ်လုပ်ဖို့ပေါ့ အမေရဲ့…”
“ မယုံပါဘူး…” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဒါကလည်း ငါတစ်ယောက်တည်း မယုံတာမဟုတ်ဘူးနော်… လျန်မိသားစု တစ်ခုလုံးက မယုံတာ… ပြီးတော့ နင့်အဖေ မနေ့ညက နင်တို့နှစ်ယောက်ရဲ့ အခြေအနေကို သုံးသပ်ကြည့်တော့ သူပြောတာ အဓိပ္ပယ်ရှိတယ်လို့ ထင်တာပဲ….”
“ ဘာကိုလဲ…”
“ နင်နဲ့ လင်းရီက လိုင်းပေါ်မှာ တွေ့ဖူးပြီးသား… ဟုတ်တယ်မလား… အဲ့လိုမှ မဟုတ်ရင် သူနဲ့တွေ့ဖို့ ကျိုးဟိုင်မှာ အလုပ်လုပ်မယ်ဆိုပြီး ဇွတ်ငြင်းနေမှာ မဟုတ်ဘူးလေ….”
“ ဒါကြီးက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ…. သမီးမှာ သူနဲ့ချိန်းဖို့ အချိန်တွေအားယားနေတယ်လို့များ ထင်နေတာလား…..” လျန်ရူရွှယ်ပြေလိုက်ပြီး “ အမေ့သမီးကို အဲ့လောက် အထင်မသေးစမ်းပါနဲ့ အမေရယ်…”
“ ကြည့် ကြည့် .. နင်ဒေါသထွက်နေပြီ… ဘာလို့လဲဆိုတော့ အနာပေါ် တုတ်ကျသွားမလို့လား… ဟားဟား….”
“ တော်ပြီ အမေနဲ့ မငြင်းတော့ဘူး.. လင်းရီကို အခုပဲ ဖုန်းခေါ်ပြီးတော့ ကိစ္စတွေကို မရှင်းပြဖို့ ပြောလိုက်တော့မယ်…”
သို့နှင့် လျန်ရူရွှယ် အခြားဖုန်းတစ်လုံးကိုထုတ်၍ လင်းရီ၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ သို့သော်လည်း အချိန်အတန်ကြာအောင် ဖုန်းဝင်သွားပြီးနောက် တစ်ဖက်မှ အလိုအလျောက် ဖုန်းချသွားခဲ့၏။
မည်သူမျှ ဖုန်းမကိုင်ပေ။
လျန်ရူရွှယ် ထပ်မံ၍ ဖုန်းခေါ်ဆိုလိုက်၏။ သို့သော်လည်း အရင်တစ်ကြိမ်အတိုင်း ဖုန်းပြန်ကျသွားလေသည်။
“ ကောင်းပြီ… ခေါ်မနေနဲ့တော့… သတင်းစာရှင်းလင်းပွဲက စနေပြီ…” ရှန်းရှူးရီ သတိပေးလိုက်၏။
လျန်ရူရွှယ် သူမဖုန်းကို ကူကယ်ရာမဲ့စွာဖြင့် ချလိုက်သည်။ ယခုမှ ပြောပြန်လျှင်လည်း အရာအားလုံးမှာ နောက်ကျနေချေပြီ။ လင်းရီမှာ ဉာဏ်ထက်မြက်ပြီး သူမအမေပြောသည့်အတိုင်း လုပ်လာခဲ့ဖို့သာ မျှော်လင့်နေမိတော့၏။
သတင်းစာရှင်းလင်းပွဲ စတင်သောအခါ လျန်ရူရွှယ် စိတ်လှုပ်ရှားစွာဖြင့် လက်ကို အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ လင်းရီမှာ မနေ့ညက နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည့်အတွက်ကြောင့် ဖြေရှင်းမည့်နည်းလမ်းကို စဉ်းစားပြီပြီလားဆိုတာ သူမလည်း မတွေးတတ်တော့ပေ။
ထိုအခိုက်အတန့်တွင် ရှန်းရှူးရီလည်း ကွန်ပျူတာစခရင်ကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေလေသည်။ လင်းရီမှာ ယခုဖြစ်ပေါ်နေသည့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းက သူမအကြံပြုထားသည့် နည်းလမ်းနှင့် ထပ်တူကျမလားဆိုတာကို အရမ်းသိချင်နေမိတော့၏။
အကယ်၍ သူမမျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်လာပါက လင်းရီမှာ အနာဂတ်တွင် သူ၏ နာမည်ကို သမိုင်းတွင် တွင်ကျန်ရစ်နိုင်မည့် အခွင့်အရေး ၉၀ ရာခိုင်နှုန်းရှိလေသည်။ အကယ်၍ ဖြစ်မလာလျှင်တော့ ၎င်း၏ လမ်းမှာ ကြမ်းတမ်းပေတော့မည်။ လူတစ်ယောက်မှာ အမြင့်သို့တက်သည်နှင့်အမျှ ဖြေရှင်းရမည့် ပြဿနာတို့မှာလည်း ပိုမိုရှုပ်ထွေးလာခဲ့၏။ လင်းရီတွင်သာ ပါးနပ်သည့် စွမ်းရည်တို့မရှိပါက အဆိုပါ ကိစ္စရပ်များကို ပိုင်နိုင်စွာ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။
“ အဲ့လူက Muddy Waters ကလား…..” သားအမိနှစ်ယောက်လုံး ကျူးဖုန်း၏ အထောက်အထားကို သိရှိပြီးနောက် အံ့အားသင့်သွားကြလေသည်။ Muddy Waters Research မှာ ယခုကစားပွဲ၏ နောက်ကွယ်တွင် ပါဝင်ပတ်သက်နေကြောင်းကိုလည်း သူမတို့နှစ်ယောက်လုံး သိထားကြ၏။
' ဘယ်လို့အကွက်မျိုး ရွေ့လာပါစေ လင်းယွမ်အုပ်စုကတော့ သူတို့ကို သွားရှာမှာတော့မဟုတ်ဘူး… ဘာကိစ္စဒီရဲ့ ကျူးဖုန်းလို့ခေါ်တဲ့သူက ပေါ်လာရတာတုန်း….'
အမေနှင့် သမီးနှစ်ယောက်လုံး၏ အကြည့်များမှာ သတင်းစာရှင်းလင်းပွဲအပေါ် အာရုံစူးစိုက်ထားကြပြီး ယခင်က ပျင်းတိပျင်းရွဲ လုပ်နေသည့် ရှန်းရှူးရီပင်လျှင် အခြေအနေများက သူမ မျှော်လင့်ထားသည်များကို ကျော်လွန်နေသောကြောင့် ရှေ့ဆက်ဖြစ်မည့် အကြောင်းအရာများကို ရင်တထိတ်ထိတ်နှင့် ကြည့်ရှုနေတော့၏။
“ ဦးစွာအနေနဲ့ ကျုပ် လင်းယွမ်နဲ့ DIDI ရဲ့ ဥက္ကဌ မစ္စတာလင်းရီကို အနူးအညွတ်တောင်းပန်ပါရစေ…”
ထို့နောက် ကျူးဖုန်းမှာ ကျန်သည့် အကြောင်းအရာများကို ဆက်လက်ပြောကြားလေသည်။ကျူးဖုန်း၏ မိန့်ခွန်းမှာ တိုတောင်းလှသော်လည်း မည်သည့် ပေါ့ပြက်ပြက်နိုင်နေမှုတို့မျှ ရှိမနေချေ။ အခြေအနေတစ်ခုလုံး၏ အနှစ်သာရမှာ ၎င်းမိန့်ခွန်းတွင် ပါသွားသည်ဟုတောင် ပြောနိုင်သည်။ လျန်ရူရွှယ်နှင့် သူမအမေလည်း အလွန်အမင်း အံ့အားသင့်နေကြတော့၏။ ဖြစ်ပျက်သွားခဲ့သည်များမှာ သူမတို့ မျှော်လင့်ထားသည်ကို ကျော်လွန်နေသောကြောင့် ထင်ယောင်ထင်မှား ဖြစ်နေသည့်အလား ခံစားနေကြရတော့သည်။
Muddy Waters က လုပ်ကြံပြီး သတင်းအတုတွေ ရေးသားထားပါတယ်လို့ ဝန်ခံလိုက်တယ်ပေါ့လေ… ဒါကြီးက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့ မခြားဘူးလား….
“ အမေ.. ဒီရဲ့ ရလဒ်ကကော အမေထင်ထားတဲ့အတိုင်းကောင်းရဲ့လား…”
“ ကောင်းရုံတင်ဘယ်ကမှာ… ဒါက ကျောက်မို အစီအစဉ်ရဲ့ အဆုံးသတ်ပဲ… သူတို့ လင်းရီကို ဘယ်လိုမှ အနိုင်ယူဖို့ မဖြစ်နိုင်တော့ဘူး…”
ရှန်းရှူးရီ ပြုံးပြီး သူမခေါင်းကို ခါရမ်းလိုက်သည်။
အနှီလင်းရီမှာ အထင်ကြီးဖို့ကောင်းလှ၏။ သူမကို လုံးဝ စိတ်မပျက်စေခဲ့ပေ။
‘ ငါသူ့ကို အထင်သေးခဲ့မိတာပဲ….’
“ သူက တော်တယ်ဆိုတာ အမေလည်း သိပြီးသားပါ.. ဒါကြောင့်မို့ လာလာကြွားမနေနဲ့တော့…ဟုတ်ပြီလား....” ရှန်းရှူးရီ မှတ်ချက်ပြုလိုက်ပြီး “ စကားမစပ် နင် အမေ့ကို လင်းရီ ဘာလုပ်ပေးထားလဲ ဆိုတာ မပြောပြရသေးဘူးနော်… အစည်းအဝေးက ခနနေဆို စတော့မှာဆိုတော့ ပြော ဘာကိစ္စလဲ …”
လျန်ရူရွှယ် သူမအမေကို ဆန်းကြယ်စွာ ပြုံးပြလိုက်ပြီး စားပွဲအောက်မှ သူမလက်မှတ်ထိုးထားသည့် စာချုပ်စာတမ်းများကို ထုတ်ယူလိုက်သည်။ “ ဒါ ဘာလို့ထင်လဲ….”
“ စာဖိုင်… စာချူပ်… ဘာကြီးလဲ… ငါမှ သေချာမမြင်ရတာ..”
“ ဒါဆိုလည်း သမီးက အထဲမှာ ဘာပါလဲဆိုတာ အကြမ်းဖျင်းရှင်းပြပေးမယ်…” လျန်ရူရွှယ် ဂုဏ်ယူစွာ ပြောလိုက်ပြီး “ ဒီစာချုပ်ထဲမှာ ပါတဲ့ အဓိကအချက်သုံးချက်ရှိတယ်…. ပထမတစ်ချက်က Pfizer နဲ့ အဓိက ဆေးကုမ္ပဏီခြောက်ခုက လင်းရီနဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာ့ထိပ်တန်း ဆေးဝါးသုတေသနစင်တာကို တည်ထောင်တော့မှာ…”
“ ပြီးတော့…..”
မျှော်လင့်မထားစွာဖြင့် ရှန်းရှူးရီ၏ မျက်နှာမှာ မကောင်းသည့်ဖြစ်ရပ် တစ်စုံတစ်ခုကို တွေးမိသည့် အလား သိပ်ကြည့်ကောင်းမနေချေ။
“ အဲ့တာနဲ့ လင်းရီက တိုက်ခိုက်ပြီးတော့ ထိပ်တန်းသုတေသနစင်တာကို ကျိုးဟိုင်မှာ ဆောက်လုပ်ဖို့ သဘောတူညီချက်ရသွားတယ်လေ…”
အဆိုပါသတင်းကို ကြားတော့ ရှန်းရှူးရီ၏ အမူအရာမှာ အကြီးအကျယ် ရှော့ခ်ရသွားခဲ့လေသည်။ သူမ လျန်ရူရွှယ်ထက် ထိုအချက်၏ အရေးပါပုံကို နားလည်ပေသည်။
“ ဆက်ပါဦး…”
“ ဒုတိယအချက်က အဲ့ဒီစင်တာက ထုတ်လုပ်လာတဲ့ ဆေးတွေရဲ့ ဈေးနှုန်းက ဟွာရှန့် ဈေးကွက်မှာ ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကျော်မှာ မဟုတ်ဘူး…”
“ အိုကေ.. ဆက်ပြောပါဦး….”
“ နောက်ဆုံး အချက်က လင်းရီ အန်ကယ်ချိန်နှင့် ကျန်တဲ့သူတွေ နှစ်တွေအကြာကြီး ဆွေးနွေးနေတဲ့ အထူးကုသဆေးတွေရဲ့ ဈေးနှုန်းကို သုံးပုံနှစ်ပုံတောင် လျှော့ချနိုင်လိုက်တယ်လေ… ဒါက အရမ်းကောင်းတဲ့ အချက်မဟုတ်ဘူးလား….”
“ပြီးတော့ ပိုပြီး မယုံကြည်နိုင်ဖို့ကောင်းတာက လင်းရီက သမီးကို ဒီစာချုပ်မှာ လက်မှတ်ထိုးခိုင်းလိုက်တာပဲ.. သူက သမီးကို အများကြီး ကူညီပေးထားတော့ သမီးကလည်း ပြန်ကူညီရမှာ ထုံးစံပဲ မဟုတ်လား…”
လျန်ရူရွှယ် ထိုသို့ ပြောပြီးနောက် သူမအမေမှာ ချီးမွမ်းလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူမ မျှော်မှန်းထားသည်နှင့် ကပ်ကပ်စင်အောင် လွဲချော်နေလေသည်။ လျန်ရူရွှယ်၏ အမြင်မှာ ရှန်းရှူးရီနှင့် မည်သို့မျှ ယှဉ်လို့မရချေ။ သာမန်လူများ၏ အမြင် ရှုထောင့်မှ ကြည့်လျှင်တော့ ဒုတိယနှင့် တတိယအချက်များမှာ ၎င်းတို့အတွက် ကြီးမားသောအကျိုးအမြတ်များကို ယူဆောင်လာခဲ့ပေးမည်ဖြစ်သောကြောင့် ယင်းနှစ်ချက်က သေချာပေါက် ကောင်းသည့် အချက်ပင်။
သို့သော်လည်း နိုင်ငံရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင်တော့ ပထမ အချက်ကသာလျှင် အမှန်တကယ် ရှော့ခ်ရဖို့ကောင်းသည့်အချက်ဖြစ်၏။ ဟွာရှမှာ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးနေဆဲ အခြေအနေဖြစ်နေပြီး အဓိက လိုအပ်သည်က ကမ္ဘာအနှံ့တွင် ၎င်းတို့၏ ဂုဏ်သတင်းကို တိုးပွားစေရန် ယခုလို ကမ္ဘာ့အဆင့်အဖွဲ့အစည်းကြီးများဖြစ်၏။
အကယ်၍ အဆိုပါ ဆေးဝါးသုတေသန စင်တာသာ ကျိုးဟိုင်တွင်ဆောက်လုပ်လာမည်ဆိုပါက မီလိလေးမှာ လက်အောက်ခံ အဆင့်များကို ကျော်လွန်၍ ဗဟိုပါတီသို့ ပူးပေါင်းရန်ပင် ဖိတ်ခေါ်ခြင်း ခံရနိုင်လေသည်။
Muddy Waters ၏ နောက်ဆုတ်သွားမှုမှာလည်း လင်းရီက Pfizer နှင့် အဓိကဆေးကုမ္ပဏီကြီးခြောက်ခုတို့နှင့် ပူးပေါင်းလိုက်ခြင်းကြောင့်ဟု ရှန်းရှူးရီ အကြမ်းဖျင်းခန့်မှန်းလိုက်၏။
ဝေါစထရိရှိ ရင်းနှီးမြုပ်နှံသူတို့မှာ ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်လာမည့် မည်သည့်ကိစ္စကိုမျှ အလိုမရှိပေ။ ထို့ကြောင့် Muddy Waters ဘက်သို့ ဖိအားတစ်ချို့ပေးလိုက်ပြီး ယခုလို ရလဒ်မျိုး ထွက်လာခဲ့ခြင်း ဖြစ်ရပေမည်။
ယခုလို သေးငယ်သည့် အကြောင်းပြချက်လေးများကို ဆက်စပ်တွေးခေါ်ရင်း ဖြစ်စဉ်တစ်ရပ်လုံးကို ခန့်မှန်းနိုင်ခဲ့သည့် ရှန်းရှူးရီမှာလည်း သေချာပေါက် နတ်ဘုရားသဖွယ် ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း သိသာလှလေသည်။
“အမ် အမေ… မျက်နှာလည်း မလှဘူးကော… တစ်ခုခု မှားနေလို့လား…” လျန်ရူရွှယ် မေးမြန်းလိုက်၏။
ရှန်းရှူးရီ ပြန်မဖြေပေ။ ထိုအစား “ လင်းရီက သမီးကို နောက်ထပ် ဘာဆက်ပြောသေးလဲ…”
“ သူပြောတာတော့ ဒီရဲ့ စင်တာကို တည်ထောင်ပြီးတဲ့ အချိန်ကျရင် သမီးတို့လက်ထဲမှာ အပြည့်အဝထိန်းချုပ်လို့ရမယ်လို့ ပြောတာပဲ…”
“ ဒီကိစ္စကို သမီးရဲ့အန်ကယ်ချိန်ဆီ ပြောပြီးပြီလား…”
“ ပြောပြီးလေ… အန်ကယ်ချိန်ဆို အပျော်လွန်ပြီးတော့ ရယ်နေတာ အတောမသတ်နိုင်တော့ဘူး သိလား…”
“ မကောင်းတော့ဘူး… တစ်ခုခုတော့ ဖြစ်တော့မယ်…” ရှန်းရှူးရီ စိုးရိမ်သောကနေသည့် လေသံဖြင့် ပြောလိုက်သည်။
“ ဟင် ဘာလဲဖြစ်မှာ အရမ်း ကြီးမားတာမျိုးလား….”
“ သေချာပေါက် ကိစ္စကြီးပဲ…” ရှန်းရှူးရီ၏ မျက်နှာမှာ အမူအရာမျိုးစုံ ပြောင်းနေပြီး “ တကယ်လို့ ဒီကိစ္စသာ တကယ်ကြီး မုန်တိုင်းထန်လာပြီဆိုရင် ငါတောင် သူ့ကို ထိန်းထားနိုင်မှာမဟုတ်တော့ဘူး…”