Didi နဗ္ဗာန်ပို့ဆောင်ရေး ပရောဂျက်
Vol. 38 Ch. 570
လင်းရီ၏ အိုင်ဒီယာကို ကြားတော့ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ကြပြီး "တကယ်လို့ ဒီရဲ့ ပူးပေါင်းမယ့် ပရောဂျက်တွေကိုသာ ကြေညာလိုက်မယ်ဆိုရင် စတော့ ဈေးနှုန်းတွေ မြင့်တက်လာဖို့အတွက် အရမ်းကို အကျိုးသက်ရောက်မှု ရှိတယ်... တကယ်လို့ အဲ့လိုမျိုး မြင့်တက်လာပြီးဆိုရင် ကျောက်မိုတို့ကောင်တွေ ငိုဖို့ မျက်ရည်တောင် ကျန်တော့မှာ မဟုတ်လောက်ဘူး..."
"လင်းကြီး.. မင်း ဒီလိုပြောကြေးဆိုရင် ငါ့မှာလည်း အကြံတစ်ခု ရှိတယ်..."ချင်းဟန် ပြောလိုက်ပြီး "ငါတို့ကောင်တွေ ပူးပေါင်းပြီးတော့ Didi အပေါ်မှာ ရင်းနှီးမြုပ်နှံလိုက်မယ်ကွာ... မင်းတို့ဘက်က ပလက်ဖောင်းရှိပြီးသားဆိုတော့ ငါတို့ဘက်က နည်းပညာထောက်ပံ့ပေးမယ်...ဒါဆိုရင် ပမာဏအနေနဲ့ အသေးစား ရင်းနှီးမြုပ်နှံမှုလေး ပြုလုပ်လို့ရပြီ.. အချိန်ကျလာတဲ့ အခါကျ ငါတို့ဘက်က ငွေအချို့ ထောက်ပံ့ပေးလိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှုက ပိုပြီးကောင်းသွားတော့မယ်မဟုတ်ဘူးလား... "
"အင်း အကြံကောင်းပဲ..."
"ဒီလိုဆို ကျုပ်တို့တွေ ဒီအစီအစဉ်ကို ဆက်လုပ်လို့ ရတဲ့ ပုံပဲ... "လျန်ကျင်းမင် ပြောလိုက်ပြီး "ကျုပ်တို့ဘက်က Didi ပြိုင်ကားနဲ့ Didi ပင်လယ်ရေကြောင်း စီးပွားရေးရှိနေပြီဆိုတော့ ကုန်းလမ်း၊ ရေလမ်း ၊ လေကြောင်းလမ်း သုံးခုစုံသွားအောင် Didi လေကြောင်းလိုင်း တစ်ခု ဖွဲ့စည်းလိုက်မယ်ဆိုရင်ကော ... ဘယ်လို စလုပ်မလဲဆိုတာ မစဉ်းစားရသေးပေမယ့် အရင်ဆုံး ကြေညာထားပြီးတော့ ဈေးကွက် လှုံ့ဆော်ထားရင် ကောင်းမယ် ထင်တာပဲ... "
"မင်းတို့ကောင်တွေက ပူးပေါင်း ပါ၀င်နေကြတယ်ဆိုတော့ ငါလည်း ငြိမ်ငြိမ် ထိုင်နေလို့ ဘယ်ဖြစ်မှာ..."ကောင်းကျုံးယွမ် ပြောလိုက်သည်။
"မင်းတို့မိသားစုက ကြိုးတွေ ထုတ်တာမဟုတ်ဘူးလား.. ဘယ်လိုကူညီမှာ... "ချင်းဟန် ပခုံးပုတ်ရင်း မေးလိုက်၏။
"ဆွဲကြိုးချဖို့ အရည်အသွေးမြင့်တဲ့ ကြိုးတွေ ရောင်းလို့ရတယ် မဟုတ်ဘူးလား...."
လင်းရီ "....."
"မင်းက ဒီစီးပွားရေးကို ဘယ်လိုမျိုး လည်ပတ်မှာ... Didi နိမ္ဗာန်ပို့ဆောင်ပေးတဲ့ ပရောဂျက်ဆိုပြီးလား...လူတွေကို ဆွဲကြိုးချဖို့ ကမ်းလှမ်းပြီး သုံးလေးခုလောက် ယူရင် ပြာအိုး တစ်အိုး လက်ဆောင်ပေးမယ်.. အဲ့လိုလား.... "
"သောက်ကျိုးနည်း Didi နိဗ္ဗာန် ပို့ဆောင်ရေး ပရောဂျက်.. နာမည်ကတော့ နားထောင်ကောင်းသလိုတော့ ရှိသား...."
ချင်းဟန်ရယ်မောလိုက်ပြီး လျန်ကျင်းမင်၏ ပခုံးကို သိုင်းဖက်ကာ "လျန်ကြီးဟျောင့် မင်းတို့ မိသားစုလည်း Didi နဲ့ ပေါင်းပြီးတော့ အဆင့်မြင့်မြင့် လေကြောင်းလိုင်း အဆုံးစီရင်တဲ့ စီးပွားရေး လုပ်လိုက်ပါလား.. "
အခန်းထဲရှိ လူတိုင်း ရယ်မောသံများ ကျယ်လောင်သွားခဲ့ကြသည်။ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်လည်း ထိန်းချုပ်မရနိုင်အောင် ရယ်မောနေကြလေသည်။
သူတို့တွေ ဘော့စ်နဲ့ သူငယ်ချင်း ဖြစ်လာတာ မဆန်းတော့ပါဘူး... ဒီလိုမျိုး ပါတနာကျနေမှတော့ သူငယ်ချင်းမဖြစ်မှပဲ ထူးဆန်းနေမှာ...
လင်းရီ ဖုန်းကို ယူလိုက်ပြီး ကြည့်လိုက်သောအခါ နေ့လည်သို့ ရောက်နေပြီးဖြစ်ကြောင်း သတိထားမိလိုက်၏။ ထို့ကြောင့် သူလူတိုင်းကို နေ့လည်စာ လိုက်ကျွေးရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ဆေးရုံတွင် နှုတ်ထွက်စာ သွားတင်ရဦးမည်ဖြစ်ကြောင်း သတိပြုမိသွား၏။
ကလင် ကလင်
ထိုစဉ် လင်းရီ ဖုန်းသံမြည်လာလေသည်။ လျန်ရူရွှယ်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။
"အလုပ်ရှုပ်နေတာလား..."
"ခုလေးတင် အလုပ်တွေ ပြီးလို့ ထမင်းသွားစားမလို့လေ..."
"နင် ဒီနေ့လည် ဆေးရုံသွားပြီး နှုတ်ထွက်စာတင်မယ်လို့ ပြောဖူးတာ ငါမှတ်မိပါသေးတယ်.. ငါ လိုက်ခဲ့ပေးဖို့ လိုသေးလား..."
"ငါက ထမင်းစားတော့မှာဆိုတော့ မင်းနဲ့အတူ ထမင်းစားနိုင်မှာတော့ မဟုတ်ဘူးနော်..."
"ရပါတယ်..."လျန်ရူရွှယ် ခဏ ရပ်တန့်လိုက်ပြီ "ဒါနဲ့ ငါ့အမေ နင့်ဆီ ဖုန်းဆက်လာခဲ့သေးလား..."
"အမ်.. မင်းအမေက ဘာဆိုင်လို့ ငါ့ဆီ ဖုန်းဆက်လာခဲ့ရမှာ..."လင်းရီ သင်္ကာမကင်းဖြစ်သွားပြီး "ငါ ဒီမနက်တုန်းက လေယာဉ်ထိုးထားတာလေ.. ဒါကြောင့်မို့ မသိလိုက်တာလားတော့ မသိဘူး..."
"ငါလည်း မသိပါဘူး.. ဒါပေမယ့် နင်နဲ့ အရေးကြီး ကိစ္စ ပြောစရာ ရှိနေတယ်နဲ့ တူတယ်.. ငါ နောက်ကျ အမေ့ဖုန်းနံပါတ် နင့်ဆီ ပို့ပေးလိုက်မယ်.. နင်အားရင် ဖုန်းခေါ်ပေးလိုက်ဦး..."
"ကောင်းပြီလေ.. ပို့ထားပေးလိုက်..."
ရိုးရှင်းစွာ စကားပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။
"ထိုင်မနေကြနဲ့.. နေ့လည်တောင် ရောက်နေပြီ.. အရင်ဆုံး သွားစားကြစို့.. နေ့လည်ကျရင် ငါတခြား လုပ်စရာတွေ ရှိသေးတယ်..."
"အိုကေလေ.. ငါလည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ..."
ထိုနေ့လည်ခင်းတွင် လင်းရီ ချင်းဟန်နှင့် ကျန်သူမျယးကို ဟွိုက်ရန် စားသောက်ဆိုင်သို့ ခေါ်သွားပြီး ဧည့်ခံလိုက်လေသည်။
စားသောက်ပြီးနောက် လင်းရီ ဆေးရုံသို့ ဦးတည်လာခဲ့၏။
ဆေးရုံရှိ လေထုအခြေအနေကတော့ ပုံမှန်အတိုင်းပင်။ လူတိုင်းမှာ တာ၀န်ကိုယ်စီနှင့် အလုပ်ရှုပ်နေကြ၏။
လင်းရီအတွက်တော့ ယခု နေရာမှာ နတ်ဗိမ္မာန်နှယ်ပင်။ အပြင်ဘက်တွင် ကမ္ဘာတုန်ဟီးသည့် ကိစ္စများ ဖြစ်ပွားနေစေကာမူ ယခုနေရာကတော့ ထုံးစံအတိုင်း လူနာများကို ကယ်တင်ရင်း အလုပ်ရှုပ်နေဆဲဖြစ်၏။
သို့သော်လည်း ယနေ့မှ စ၍ သူ ဤနေရာကို ခေတ္တယာယီ ခွဲခွာသွားရပေတော့မည်။
"ဟင်း..."
လင်းရီ သက်ပြင်းချလိုက်၏။
သူ ဤနေရာတွင် တစ်လ အတိတိ အလုပ်လုပ်ပြီးနောက် လူနာအချို့မှ ဝိုင်ပုလင်းများ၊ သစ်သီးများ ၊ ဟင်းသီးဟင်းရွက်များ၊ စီးကရက်များပါမကျန် လက်ဆောင်ပေးလာခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ပိုးထည်တံခွန် ပေးမလာခဲ့ကြချေ။
ဘယ်လိုတောင် ၀မ်းနည်းဖို့ ကောင်းလိုက်လဲ...
သူဆေးရုံသို့ ရောက်သောအခါ နှလုံးအထူးကု ဌာနသို့ တန်းမသွားပဲ ထိုအစား HR ဌာနသို့ သွား၍ သူ၏ နှုတ်ထွက်စာအတွက် လိုအပ်သည်များကို လုပ်ဆောင်လေသည်။
"အယ်.. ဒေါက်တာလင်းပါလား..."
လင်းရီ ၀င်ရောက်လာသည်ကိုမြင်တော့ HR ဌာန၏ ဒါရိုက်တာ ချန်ပင်းမှာ နွေးထွေးစွာဖြင့် ကြိုဆိုလိုက်သည်။
လင်းရီမှာ ဒါရိုက်တာတစ်ဦးမျှသာ ဖြစ်သော်လည်း ယခု ဆေးရုံတွင် ကျော်ကြားရေပန်းစားသည့် ပုံရိပ်တစ်ခုဖြစ်နေလေပြီ။ ဒါရိုက်တာမြောင်ပင် သူနှင့် တွေ့ဆုံပါက ပြုံးပြ နှုတ်ဆက်ရ၏။ ထို့ကြောင့် သူမလည်း အားတက်သရောနှင့် လုပ်ဆောင်သင့်သည်။
"အစ်မချန် အလုပ်ရှုပ်နေလားမသိဘူး... ကျွန်တော် ဒီကို နှုတ်ထွက်စာလာယူတာ.. အခု လုပ်ပေးဖို့ အဆင်ပြေရဲ့လား.."
"ဟင်... နှုတ်ထွက်မယ်..."
ချန်ပင်း ကြက်သေသေသွားခဲ့ပြီး "ဒါရိုက်တာလင်း.. ဘာပြောလိုက်တယ်.. နှုတ်ထွက်တော့မလို့..."
လင်းရီ အဘယ်ကြောင့် နှုတ်ထွက်ချင်နေလဲဆိုတာကို ချန်ပင်း တကယ်စဉ်းစားလို့ မထွက်ချေ။
သူ၏ လက်ရှိ ဆေးပညာ အဆင့်အတန်းနှင့် ဆိုပါက နောက်နှစ်နှစ် သူံးနှစ် နေလျှင် ဆေးရုံ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမည်မှာ သံသယ ရှိနေရန် မလိုပေ။
ခု နှုတ်ထွက်တော့မယ်ဆိုတော့ သူ့ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား...
"အင်း ကျွန်တော် အလုပ်ပြောင်းတော့မလို့လေ.. ဆေးရုံမှာ အလုပ်လုပ်ရတာ အရမ်း ပင်ပန်းလွန်းတယ်."လင်းရီ ပြုံးလိုက်ပြီး "တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော့်ကို ကူညီပေးပါလား....."
"ရပါတယ်.. ဒါပေမယ့် နင်က ဒါရိုက်တာဖြစ်နေတာဆိုတော့ တခြား ဒါရိုက်တာတစ်ယောက်ရဲ့ လက်မှတ်လည်း လိုဦးမှာ..."
"အဆင်ပြေပါတယ်...ကျွန်တော် ဒါရိုက်တာမြောင်ဆီ သွားတွေ့လိုက်မယ်... အရင်ဆုံး နှုတ်ထွက်ဖို့ လိုအပ်တာတွေ စီစဉ်ပေးလို့ရလား...."
"ရတယ်လေ..ခဏစောင့်..."
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ နှုတ်ထွက်စာတွင် လက်မှတ်များ ထိုးပြီးဖြစ်၏။ ဥက္ကဌ ဖြစ်သူ၏ လက်မှတ်ကို ယူရသည်ကတော့ ထုံးတမ်းစဉ်လာပင်။
HR ဌာနမှ ထွက်လာခဲ့ပြီးနောက် လင်းရီ နှလုံးအထူးကု ဌာနသို့ ထွက်လာခဲ့လိုက်သည်။
သို့သော်လည်း ဌာနသို့ ရောက်သောအခါ မည်သူမျှ ရှိမနေကြောင်း သိလိုက်ရ၏။ ထို့ကြောင့် နာ့စ်များနေသည့် နေရာသို့ ဦးတည်လိုက်လေသည်။
"ဒါရိုက်တာလီနဲ့ ကျန်တဲ့သူတွေက ဘယ်လည်း သွားခဲ့ကြတာ... "
"အမ်... လူနာအခန်း ၈၁၂ ထဲမှာ ရှိမယ် ထင်တာပဲ..."
"အိုကေ.. ကျေးဇူးပါ..."
အခန်း ၈၁၂မှာ လျိုဇီဟောက်၏ အခန်းဖြစ်ပြီး ယမန်နေ့က ခွဲစိတ်မှု ပြီးမြောက်ထားသည့် ကလေးလည်းဖြစ်၏။ သူ၏ ထူးခြားသည့် ရောဂါလက္ခဏာများကြောင့် အဆိုပါ ကလေးလေးကို အထူး ဂရုစိုက်ပေးရမည်မှာ သဘာ၀ပင်။
လင်းရီ ထိုနေရာသို့ ရောက်သောအခါ ဌာနထဲရှိ ဆရာ၀န်အားလုံးနီးပါး ရောက်ရှိနေကြောင်း သိလိုက်ရသည်။
"အစ်ကိုရီ ရောက်လာပြီလား..."ချောင်ရှင်းမှ ဦးစွာ လင်းရီထံ ရောက်လာလေသည်။
"ကလေးအခြေအနေ ဘယ်လိုရှိလဲ..."
"အကုန်ကောင်းတယ်.. ခု နှလုံးအစိတ်အပိုင်းတွေက ပုံမှန်ပြန်ဖြစ်သွားပြီ..."ချောင်ရှင်းပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း.."လျိုဇီဟောက်၏ မိဘများမှ လင်းရီကို ကျေးဇူးတင်လာကြ၏။ "တကယ်လို့ အနောက်တုန်းက ကျွန်တော်တို့မိသားစုကိုသာ ဂရုမစိုက်ပေးခဲ့ဘူးဆိုရင် ခုဆို လျိုအာလေးက အဆုံးသတ်နေလောက်ပါပြီ..."
"အဲ့တာက ကျုပ်လုပ်ရမယ့်တာ၀န်ပါ..."လင်းရီ ပြောလိုက်ပြီး "ကျုပ်က ကလေး အခြေအနေကို လာကြည့်တာ.. သူအဆင်ပြေတယ်ဆိုတာ သိရတော့ ကောင်းတာပေါ့..."
"ကောင်းပြီ.. စစ်ဆေးတာတွေလည်း ပြီးပြီဆိုတော့ လူတိုင်းပဲ သွားကြစို့.. ကလေး အနားယူတာကို မနှောင့်ယှက်မိစေနဲ့..."
လီချူးဟန် ပြောလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် မြောင်ကော်ဖုန်းရောက်လာပြီး လင်းရီထံသို့ တန်းတန်းမတ်မတ် သွားကာ "ဒါရိုက်တာလင်း.. အားလုံးက အဆင်ပြေနေတာပဲမဟုတ်လား.. ဘာလို့ ရုတ်တရက်ကြီး နှုတ်ထွက်မယ် လုပ်နေတာ.. တစ်ခုခု အဆင်မပြေတာများ ရှိနေလို့လား...
မြောင်ကော်ဖုန်း ခါးသီးစွာ မေးလိုက်၏။
"တကယ်လို့ အဆင်မပြေတာ ရှိရင် ကျုပ်ကို ပြောလိုက်.. ကျုပ် အားလုံး ကိုင်တွယ်ပေးမယ်..."
လင်းရီ နှုတ်ထွက်တော့မည့် သတင်းကို ကြားတော့ အခန်းထဲရှိ လူတိုင်း ရှော့ခ်ရသွားကြလေသည်။
မညိသူကမျှ လင်းရီ နှုတ်ထွက်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
သို့သော်လည်း လီချူးဟန်ကတော့ ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်လေသည်။
လင်းရီမှာ ဘီလီယမ်နာ တစ်ယောက်ဖြစ်၏။ ဆရာ၀န်အလုပ်ကို နှစ်သက်သည်မှာ မှန်သော်လည်း သူ၏ စီမံခန့်ခွဲမှုကို လိုအပ်နေသည့် အခြားသော အလုပ်များကလည်း ရှိနေသေးပြန်သည်။ ထို့ကြောင့် သူ၏ အချိန်များကို ယခုလို တစ်နေရာတည်း၌ ဖြုန်းတီးနေ၍ မသင့်တော်ပေ။
လင်းရီ နှုတ်ထွက်လိုက်သည်မှာ သာမန်ပင်။
"မဟုတ်ဘူး ဒါရိုက်တာမြောင် .. ကျုပ်မှာ တခြားလုပ်စရာလေးတွေကလည်း ရှိနေသေးတာလေ... ဒါကြောင့်မို့ ဆေးရုံအလုပ်ကို ခဏဘေးချိတ်ထားရဦးမှာ..."လင်းရီ ပြုံးလိုက်ပြီး "အစကတော့ ကျုပ်လည်း ရာထူးတစ်ခုလောက် ယူမလို့ပါပဲ.. ဒါပေမယ့် ရာထူးတစ်ခု ယူထားမှတော့ သူ့ရဲ့ တာ၀န်ကိုလည်း ကျေပွန်အောင် လုပ်ရမှာပဲလေ.. ကျုပ်က အလုပ်တအားများတဲ့ကောင်ဆိုတော့ မဖြစ်ချည်ဘူး.. ဒါကြောင့်မို့ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ.. ဒါပေမယ့် ပြန်လာရင် ပြန်လာဦးမှာမို့လို့ ၀မ်းနည်းနေတဲ့ ပုံစံကြီး လုပ်မနေပါနဲ့..."
"အစ်ကိုရီ.. ဒီတိုင်းပဲ ထွက်သွားတော့မလို့လားဟင်.. ဒါကြီးက အရမ်း ရုတ်တရက် ဆန်လွန်းတာပဲ...."ချောင်ရှင်းမှ မျက်ရည်တို့ ခိုးသုတ်ရင်း ပြောလိုက်၏။
"ဟေ့ ဟေ့ ကိုယ့်ကိုယ်ကိုလည်း ထိန်းဦးလေ.. မသိရင် ငါက သေရွာပြန်တော့မှာ ကျနေတာပဲ..."လင်းရီ ငိုရကောင်းနိုး ရယ်ရကောင်းနိုး ဖြစ်နေပြီး "သိတဲ့သူတွေကတော့ ငါ့ကို နှုတ်ဆက်နေမှန်း နားလည်တာပေါ့.. ဒါပေမယ့် မသိတဲ့ သူတွေအတွက်ကျ မင်းက ငါ့ဈာပနာ ရောက်နေတဲ့ အတိုင်းပဲ..."