← Chapters

လူအိုကြီး ထျန်းကျိ

Vol. 66 Ch. 911

လူအိုကြီး ထျန်းကျိ

Vol. 66 Ch. 911

ဝမ်ဝေ့က ဝမ်ကျူ ကျင့်ကြံရေးအခန်းမှ ထွက်သွားသည်ကို ကြည့်နေလိုက်၏။ သူက ခန္ဓာကိုယ်ကို အညောင်းအညာဆန့်ရင်း ပင်ကိုချီ ပြည့်နှက်နေသည့် လေထုကို အားပါးတရ ရှူသွင်းလိုက်သည်။

“ငါ အရင်းအမြစ်ချီ နေရာလွတ်ကို သွားဖို့လိုပြီ” ဝမ်ဝေ့က ကမ္ဘာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။ နေရာတိုင်းရှိ ဖရိုဖရဲဖြစ်မှုက အဆုံးသတ်သွားခဲ့ပြီး အားလုံးက ဒုတိယမြောက် ခုံရုံးအစည်းအဝေးအတွက် ပြင်ဆင်နေကြ၏။

သူက အနောက်ပိုင်းကုန်းမြေကို အာရုံစိုက်လိုက်သည်။ လက်ရှိအနောက်ပိုင်းရှိ အားအနည်းဆုံး ဧကရာဇ်မျိုးနွယ်တွင် မဟာဧကရာဇ်သုံးပါး ရှိထားပြီး သူတို့က ထူးချွန်သည့် ဧကရာဇ်သုံးပါးရှိသည့် အင်အားစုတစ်ခု ဖြစ်သည်။

ကျန်အရာအားလုံးက ရှင်းလင်းရေးအတွင်း ဖျက်ဆီးခံလိုက်ရပြီး အနောက်ပိုင်းရှိ မိစ္ဆာကျင့်ကြံသူများ၏ အရေအတွက်က ၈၀ ရာခိုင်နှုန်းလောက် လျှော့ချခံလိုက်ရသည်။ ရှင်ကျန်သူများကလည်း အင်အားစုအများအပြားကို ဖျက်ဆီးနေစဉ်အတွင်း ထိနှက်ချက် အမြောက်အများ ခံစားခဲ့ရ၏။

ဝမ်ဝေ့က စစ်ပွဲကို ကြည့်နေရင်း အတွေးများစွာ ထွက်ပေါ်လာခဲ့ကာ ကမ္ဘာ၏ မျှခြေစက်ယန္တရားအကြောင်းကို အဓိကစဉ်းစားနေမိသည်။ အသင်္ချေအင်ပါယာကမ္ဘာတွင် ယွင်ခေတ်ကာလများစွာ ရှည်ကြာသည့် သမိုင်းကြောင်းတစ်ခု ရှိထား၏။

သို့သော် တာအိုအခွင့်အလမ်းဂိုဏ်းက ဤရှည်ကြာလှသည့် ကာလအတွင်း ပထမဦးဆုံး မဟာဧကရာဇ်ဆယ်ပါးကို ပြုစုပျိုးထောင်နိုင်သည့် ပထမအင်အားစု ဖြစ်ပေသည်။ ကျင့်ကြံရေးမျိုးဆက်တစ်ခုက နှစ်သုံးသန်းမှ ငါးသန်းအထိ ရှည်ကြာလေ့ ရှိ၏။ အကယ်၍ ဧကရာဇ်တစ်ပါးက ဒိုင်မေးရှင်းအနိမ့်တွင် အချိန်များစွာ ကုန်ဆုံးပါက မျိုးဆက်တစ်ခုသည် ဆယ်သန်းအထက် ကြာရှည်မည် မဟုတ်ပေ။

ဤရှည်ကြာလှသည့် အချိန်သက်တမ်းဖြင့် အစောပိုင်းဧကရာဇ်ခေတ်ကာလကတည်းက ပြုစုပျိုးထောင်ထားသည့် ဧကရာဇ်အရေအတွက်က အမြောက်အများ ဖြစ်လိမ့်မည်။ ဗလာခေတ်ကာလမတိုင်ခင် အရာအားလုံးကို ဖယ်ရှားပစ်လျှင်ပင် ထိပ်သီးဧကရာဇ် မျိုးနွယ်များအတွက် မဟာဧကရာဇ်ပမာဏ အနည်းငယ်မျှသာ ရှိနေရသည့် ကိစ္စမှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်၏။ အထူးသဖြင့် သူတို့က ကမ္ဘာ၏ အရင်းအမြစ်နှင့် အကောင်းဆုံး ကျင့်ကြံရေးနည်းစနစ်များကို ထိန်းချုပ်ထားသည့်အခါတွင် ဖြစ်သည်။

အဲဒါဆိုတော့ ဒီမူမမှန်မှုကို ငါတို့ဘယ်လိုရှင်းပြရမလဲ။ ဒါက ဧကရာဇ်ကိုးပါး ကျိန်စာကြောင့်လား…

ထိုအရာကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေသည်။ တာအိုအခွင့်အလမ်းဂိုဏ်း မတိုင်ခင် တခြားသော အင်အားစုများက ဧကရာဇ်ကိုးပါးကို ပြုစုပျိုးထောင်ခဲ့ကြဖူး၏။ ဟွင်သွမ်းအုပ်ချုပ်သူဂိုဏ်း၊ အော်မိသောဖော ဘုံကျောင်း၊ ကျင်းမျိုးနွယ်နှင့် တခြားဂိုဏ်းများ ပါဝင်သည်။

ထိုအင်အားစုများက အချိန်၏ ရက်စက်မှုနှင့် မျှခြေညီစက်ယန္တရားကြောင့် ရှင်းထုတ်ခံလိုက်ရသည်။ သို့သော်လည်း ဧကရာဇ်ကိုးပါးကျိန်စာက ဤဖြစ်ရပ်ကို ရှင်းပြဖို့ မလုံလောက်သေးပေ။

ထိုကိစ္စ၏ အမှန်တရားက ကောင်းကင်တာအိုသည် မျိုးဆက်တစ်ခု၏ ကံကောင်းမှုနှင့် ကြမ္မာအများစုကို အထွတ်အထိပ်၊ တော်ဝင်နှင့် စည်းမျဉ်းကုန်းမြေ အမြောက်အများအထိ ခွဲဝေပေးလေသည်။ မျိုးဆက်အများစု၌ ဧကရာဇ်များသည် ဝမ်ချန်၏ မျိုးဆက်မှ နေမင်းကိုးစင်းဧကရာဇ်လိုမျိုး တူညီကြသည်။

ထိုအပြုအမူ၏ ရလဒ်အနေဖြင့် မဟာဧကရာဇ်တစ်ပါး သို့မဟုတ် နှစ်ပါးရှိသည့် ဧကရာဇ်မျိုးနွယ်အမြောက်အများ ပြန့်ကျဲနေလေသည်။ နှမြောစရာကောင်းလှသည်က ထိုအင်အားစုများ၏ ကံကြမ္မာက ဆိုးရွားလှသည်။

တာအိုအခွင့်အလမ်းဂိုဏ်း၊ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်၊ ထိုက်ယီနက်နဲမုခ်နှင့် တခြားသော ဂိုဏ်းများ၏ အထက်ပိုင်းများက ထိုအားနည်းသည့် အင်အားစုများကို တိတ်တဆိတ် ဖျက်စီးကာ သူတို့၏ ကံကောင်းမှု၊ အရင်းအမြစ်နှင့် အခြေခံအုတ်မြစ်ကို ခိုးယူခဲ့ကြသည်။

သူတို့၏ အပြုအမူများက သူတို့အင်အားစု၏ သာလွန်မှုကို ထိန်းသိမ်းထားဖို့ နည်းလမ်းတစ်ခု ဖြစ်ကာ မျှခြေညီစက်ယန္တရားကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

ဝမ်ဝေ့က မိုးမြေအပေါ် နားလည်မှုသည် နက်ရှိုင်းလာကြောင်း ခံစားမိလိုက်၍ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထို့နောက် သူက အနောက်ပိုင်းကုန်းမြေရှိ စစ်ပွဲ မည်သို့အဆုံးသတ်သွားသည်ကို ကြည့်နေလိုက်၏။

အားနည်းသည့် ဧကရာဇ်မျိုးနွယ်များက ရက်စက်ကာ အသတ်ခံရမည့် ဝက်တွေလိုမျိုး စောင့်ဆိုင်းမနေလိုပေ။ သူတို့က မဟာမိတ်ဖွဲ့ကာ သူတို့၏ ပျက်သုဉ်းမှုကို ခုခံခဲ့၏။ ထိုမိစ္ဆာကျင့်ကြံသူများက ဖုန်းဟွမ်၏ အကူအညီကြောင့်သာ မဟုတ်လျှင် ပိုမိုဆိုးဆိုးရွားရွား ထိခိုက်သွားနိုင်သည်။

သူက ဝင်ရောက်စွက်ဖက်ကာ မိစ္ဆာကျင့်ကြံသူများကို ကူညီရသည့် အကြောင်းအရင်းအတွက်မူ …

တိုက်ပွဲက ထိန်းချုပ်မရနိုင်တော့ဘဲ သူ့အနေဖြင့် အာကာပြင်ကို ကုစားဖို့ စွမ်းအားအမြောက်အများ ထုတ်သုံးဖို့ ဖိအားရှိလာခဲ့သည်။ ထို့အပြင် စစ်ပွဲက သေမျိုးများအပေါ်ပါ သက်ရောက်မှုရှိလာသည့်အတွက် သူက ထိုအရာကို အမြန်အဆန် အဆုံးသတ်ပစ်လို၏။

သူက ဝင်ရောက်စွက်ဖက်ခဲ့သော်လည်း မိစ္ဆာကျင့်ကြံသူများက ကောင်းကင်ဧကရာဇ်အတွက် ပေးကမ်းဖို့ ပြင်ဆင်ထားသည့် ကုသိုလ်ကိုမူ မထိတွေ့ခဲ့ပေ။

“မင်းက ငါ့အပိုင်ကို မထိတွေ့ဘဲ ဉာဏ်ကောင်းတယ်ဆိုပေမဲ့ လူတချို့ကတော့ ဒီအသိဉာဏ်မျိုး မရှိကြဘူးပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။

ထို့နောက် သူ့သရော်သံကို ကျင့်ကြံသူတိုင်း၏ စိတ်ထဲ ပဲ့တင်ထွက်လာ၏၊ ထို့နောက် ကျင့်ကြံသူ ဒါဇင်ချီက အော်ဟစ်လိုက်ရသည်။ ထိုစဉ် ဆန့်ကျင်ကျင့်ကြံသူတချို့အပါအဝင် အသင်္ချေ ကျင့်ကြံသူများစွာက အနောက်ပိုင်းကုန်းမြေရှိ အင်အားစုအသီးသီးတွင် သေဆုံးသွားကြသည်။

ဝမ်ဝေ့က လူတချို့၏ အမှားအယွင်းအတွက် ကျန်ရှိနေသည့် သူများကို အပြစ်တင်မည် မဟုတ်ပေ။ သူက မိစ္ဆာကျင့်ကြံသူများကို သူကိုယ်တိုင် လက်တစ်ချောင်း ‘မ’ စရာ မလိုလိုက်ဘဲ ဖြေရှင်းမည့် ရည်မှန်းချက်ကို ပြီးမြောက်ခဲ့၏။

ယခု ကျန်ရှိနေသည့် မိစ္ဆာကျင့်ကြံသူများက သူတို့ကိုယ်သူတို့ ချုပ်ထိန်းထားပြီး သူ့ခုံရုံးအောက်တွင် အကောင်းဆုံးလူမိုက်များ ဖြစ်လာကြလိမ့်မည်။ အနောက်ပိုင်းကောင်းချီးဂိုဏ်းက တိမျိုးနွယ်ကို ထိန်းချုပ်ထားပြီး ရှင်းလင်းရေးအပြီးတွင် သူတို့စွမ်းအား မြင့်တက်လာမှုကို ကာကွယ်ထား၏။

ထို့ကြောင့် သူက နောက်ဆုံး ရလဒ်နှင့် ပတ်သက်ပြီး ကျေနပ်သည်ထက် ပိုသည်။

ဖုန်းဟွမ်က အတော်လေးကို ပူးပေါင်းလို့ကောင်းတဲ့ မဟာမိတ်ပဲ။ သူ့ကို အကျိုးအမြတ်တချို့ ပေးသင့်လား…

ဝမ်ဝေ့က စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

အနောက်ပိုင်းကောင်းချီးဂိုဏ်း၏ ဖွင့်ပွဲအတွင်း သူက ကိုယ်ပွားတစ်ခုကို စေလွှတ်ကာ ထူးချွန်ပြောင်မြောက်သည့် လက်ဆောင်တစ်ခုကို ပေးအပ်ခဲ့သည်။ ထို့ကြောင့် ယခု လုပ်ဆောင်ဖို့ မလိုသေးပေ။

ဝမ်ဝေ့က ခုံရုံးအတွင်းရှိ ရွှေရောင်အစက်အပြောက်များဖြင့် ပြည့်နှက်နေသည့် အခန်းတစ်ခုကို ကြည့်လိုက်၏။

မိစ္ဆာကျင့်ကြံသူတွေရဲ့ ကုသိုလ်နဲ့ဆိုရင် နောက်ထပ် ၅ ရာခိုင်နှုန်း တိုးမြှင့်ဖို့ လုံလောက်တယ်…

ဝမ်ဝေ့က ကျေကျေနပ်နပ် ပြုံးလိုက်၏။ ထိုအရာက သူ ခုံရုံးကို ဖန်တီးခဲ့ရသည့် အကြောင်းအရင်း ဖြစ်ပေသည်။ ထိုအရာက သူ့ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးဖို့ ခက်ခဲလာမည်ဖြစ်သော်လည်း အစောပိုင်းဧကရာဇ်အဆင့်များကို အလွယ်တကူ ဖြတ်ကျော်နိုင်စေလိမ့်မည်။

ဝမ်ဝေ့က သူ့တပ်ဖွဲ့နှစ်ခုဖြစ်သည့် သွေးဓားမော့ နှင့် ထူထန်တပ်ဖွဲ့တို့ကို စစ်ဆေးကြည့်လိုက်သည်။ သူတို့၏ လေ့ကျင့်ရေးကလည်း အဆင်ပြေချောမွေ့နေပြီး ခုံရုံး၏ ကံကောင်းမှုကောင်းချီးကြောင့် သိသိသာသာ တိုးတက်လာကြသည်။

ငါ ထျဲ့ကန်အတွက် တာအိုအရင်းအမြစ် မျိုးစေ့ဖွဲ့စည်းပြီးတော့ သူ့ကို မသေနိုင်တဲ့တပ်ဖွဲ့ကို လေ့ကျင့်ဖို့ လုပ်ပေးရမယ်။ လီကျွင်းရဲ့ သတ်ဖြတ်ရေးတပ်ဖွဲ့အတွက်တော့ သူတို့ကို လေ့ကျင့်ပေးတဲ့ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိထားပြီးသား …

ဝမ်ဝေ့က လုပ်ဆောင်ဖို့ ကိစ္စများစွာ ရှိနေပြီး ဂိုဏ်းအတွက် တာအိုဘိုးဘေးအသစ်နှင့် ထာဝရအရှင်များကိုလည်း ပြုစုပျိုးထောင်ပေးရမည်။ သို့သော်လည်း သူက သူ့ကျင့်ကြံရေးနှင့် တိုက်ခိုက်စွမ်းရည်သည် ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်သည့်အရာကို ဖန်တီးနိုင်မလားဟု သိချင်မိ၏။

ဝမ်ဝေ့က စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခုံရုံး၏ အလယ်သို့ လျှောက်လှမ်းလာလိုက်သည်။ သူက ထူးကဲကာ တားမြစ်ထားသည့် နေရာတစ်ခုအတွင်း ဝင်ရောက်သွားကာ အခန်းအတွင်း တင်ပျဉ်ခွေထိုင်ကာ သူတောင်းစားလိုမျိုး ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးကို ကြည့်လိုက်သည်။

သူ ရောက်ရှိလာပြီးသည့်နောက်တွင် သူတောင်းစားအိုကြီးက မျက်လုံးဖွင့်လိုက်၏။

“ဘယ်လိုလဲ။ ဒီစွမ်းအားကို ကျေနပ်ရဲ့လား”

“ကျေနပ်တာထက် ပိုတယ်” သူတောင်းစားအိုကြီးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။

“မင်းရဲ့ အပြုအမူတွေကြောင့်သာ မဟုတ်ဘူးဆိုရင် ကောင်းကင်တာအိုကို ဒီလောက်အနေအထားထိ ရောက်အောင် လေ့ကျင့်ဖို့ အခွင့်အရေးရလာမှာ မဟုတ်ဘူး”

“ခင်ဗျားဆီမှာ မေးခွန်းတွေ ရှိတယ်ဆိုတာကို ခံစားမိတယ်” ဝမ်ဝေ့က မျက်နှာချင်းဆိုင် ဝင်ထိုင်ကာ ပြောလိုက်၏။

“ခင်ဗျားဘာသာခင်ဗျား ဘာလို့ မိတ်မဆက်ရတာလဲ။ ခင်ဗျားကို သိတာ ကြာလှပြီဆိုပေမဲ့ အခုထိ နာမည် မသိရသေးဘူး”

“ငါ့မျိုးဆက်က လူတွေကတော့ လူအိုကြီးထျန်းကျိလို့ ခေါ်တယ်”

ဝမ်ဝေ့က ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ လူအိုကြီးထျန်းကျိဟူသည့် နာမည်သည် သူ့အတိတ်ဘဝတုန်းက ဝတ္တုများထဲတွင် ဂမ္ဘီရနှင့် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို တွက်ချက်ရာ၌ ထူးချွန်သည့်သူများအတွက် ဖြစ်၏။

ဒီနာမည်က လျှို့ဝှက်ဆန်းကြယ်မှုတချို့တော့ ရှိတဲ့ပုံပဲ…

“အဲဒါဆိုတော့ ဘာကိုမေးချင်တာလဲ”

“ကောင်းကင်တာအိုကို ငါ့ခန္ဓာကိုယ်ထဲ ဘာလို့ ပေါင်းစည်းပေးလိုက်တာလဲ။ မင်းရဲ့ ခုံရုံးက ပုံမှန်တာဝန်တွေ ထမ်းဆောင်ဖို့အတွက် ကောင်းကင်တာအို သယ်ဆောင်ထားမဲ့သူ မလိုဘူးမလား”

“ဒီနည်းလမ်းကို ရွေးချယ်ခဲ့ရတာ နောက်ထပ် အကြောင်းအရင်းအများကြီး ရှိတယ်” ဝမ်ဝေ့က ရှင်းပြလိုက်၏။

“ပထမတစ်ခုက ကျုပ်က ကောင်းကင်တာအိုအနေနဲ့ လူသားတစ်ယောက်ကနေပြီးတော့ စည်းမျဉ်းတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို သိချင်တယ်။ ဒါက သင်ယူဖို့ရာအတွက် အခွင့်အရေးကောင်းပဲ။

ဒုတိယအနေနဲ့ ကျုပ် တွက်ချက်ထားမှုတွေအရ ကောင်းကင်တာအိုက ဒီပုံစံနဲ့ဆိုရင် ပိုပြီး ထိန်းချုပ်ဖို့ လွယ်ကူလာလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ကောင်းကင်တာအိုက ကိစ္စတွေ လုပ်ဆောင်တဲ့အရာမှာ အရမ်းကို တင်းကြပ်လွန်းတယ်လို့ ခံစားမိတယ်။

တစ်ခါတစ်လေ အပြုအမူဆောင်ရွက်တဲ့အခါမှာ လူသားဆန်စိတ် ဒါမှမဟုတ်ဘူးဆိုရင် သနားညှာတာစိတ် လိုအပ်တယ်။ ဒါပေမဲ့ အဲ့လိုမလုပ်နိုင်ဘူးဆိုတော့ ကျုပ်က ဒီစွမ်းရည်ကို ပေးလိုက်တာ”

သူက ကောင်းကင်တာအိုသည် လုပ်ဆောင်ချက်တစ်ခုလိုမျိုး ဗဟိုချက်ကို ထိန်းသိမ်းထားပြီး လူသားဆန်စိတ်ကိုပါ မျှခြေညီ ထိန်းသိမ်းထားဖို့ မျှော်လင့်နေမိသည်။ တခြားနည်းဖြင့်ပြောရလျှင် အစစ်အမှန် အသိဉာဏ်တုလိုမျိုး ဖြစ်၏။

“ဒါက အသိစိတ် ဝင်လာမှာကို မကြောက်ဖူးလား” လူအိုကြီးထျန်းကျိက မေးလိုက်သည်။

“မကြောက်ဘူး” ဝမ်ဝေ့က မေးလိုက်သည်။

“ခင်ဗျားလည်း အကြောင်းအရင်းကို သိပါတယ်”

“အကြွင်းမဲ့ စတင်ခြင်းမှော်လိုမျိုး ဓားဧကရီကလည်း ကောင်းကင်တာအိုတွေကို အသိစိတ်ဝင်လာတာကို တားဆီးဖို့ ပစ်မှတ်ထားတဲ့ ဒိုင်မေးရှင်းအနိမ့်မှာ အားကောင်းတဲ့ ဓားစွမ်းအားတစ်ခုကို ချန်ထားခဲ့တယ်။ သူမရဲ့ ကောင်းကင်သတ်ဖြတ်ရေးကျမ်းဆိုတဲ့အတိုင်းပဲ တကယ်ကိုက်ညီတယ်”

“မင်းက အားကောင်းတယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ သတိပေးချင်တုန်းပဲ” လူအိုကြီး ထျန်းကျိက သူ့မျက်နှာအမူအရာသည် စာရွက်တစ်ရွက်လိုမျိုး ဗလာကျင်းသွားသည်။

“ကောင်းကင်ဧကရာဇ်ရာထူးက မိုးမြေကြားမှာ လျှို့ဝှက်ချက် အများဆုံးထဲက တစ်ခုပဲ။ အဲဒီအရာကို ခိုးယူပြီးတော့ ထုတ်ဖော်တဲ့ မင်းရဲ့ အပြုအမူက အကျိုးဆက် ရှိလာလိမ့်မယ်”

ဝမ်ဝေ့က သူ့ဆိုလိုရင်းကို သိလိုက်၏။ ကောင်းကင်ဧကရာဇ်ရာထူးက နောက်ဆုံးသော အားထားစရာ စက်ယန္တရားအဖြစ် ရှိနေခြင်း ဖြစ်၏။ ကမ္ဘာက အစစ်အမှန်ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အခါ ကောင်းကင်တာအိုက ကမ္ဘာကို ကာကွယ်ဖို့ရာ နောက်ဆုံးကြိုးစားမှုအနေဖြင့် ထိုရာထူးကို ထုတ်ဖော်လာလိမ့်မည်။

ထိုထူးကဲသည့် အခြေအနေအတွက် ကံကြမ္မာဆက်စပ်သည့် ရာထူးသုံးခုတည်ရှိလေသည်။ ကောင်းကင်ဧကရာဇ်က မိုးမြေ၏ စည်းမျဉ်းများ မပြီးပြည့်စုံခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်း သို့မဟုတ် သက်ရောက်မှုခံရခြင်း ရှိသည့်အခါ ပေါ်ထွက်လာလိမ့်မည်။ ထို့နောက် ဧကရာဇ်က နဂိုအခြေအနေအတိုင်း ပြန်ပြောင်းဖို့ရာအတွက် တာဝန်ရှိလေသည်။

လူသားဧကရာဇ်က မျိုးနွယ်တစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ပျက်သုဉ်းလုနီးပါး ခြိမ်းခြောက်ခံရသည့်အခြေအနေမျိုးတွင် မိုးမြေ၏ ဇာတ်လိုက်အနေဖြင့် ပေါ်ထွက်လာလိမ့်မည်။

နောက်ဆုံးတွင် မြေကမ္ဘာဧကရာဇ်က သံသရာ သက်ရောက်ခံရပြီး ကမ္ဘာ၏ ယင်ယန်မျှခြေက ယင်ဘက်သို့ တိမ်းစောင်းသွားသည့်အခါ ပေါ်ထွက်လာလိမ့်မည်။

“အကျိုးဆက်တချို့ကတော့ လိုအပ်ပေမဲ့ ခင်ဗျားပြောသလိုမျိုး ပြင်းထန်မှာ မဟုတ်ပါဘူး”

ဝမ်ဝေ့က ဤရာထူးကို မယူခင် ကောင်းကင်တာအိုနှင့် ဆွေးနွေးခဲ့ဖူးသည်။

သို့သော်လည်း မူလိန်ထံ သတင်းအချက်အလက် ထုတ်ဖော်ခြင်းက အပြစ်ကြွေးတစ်ခုဟု ယူဆနိုင်သည်။ ထို့အပြင် သူက တခြားကမ္ဘာ့အသိုက်အဝန်းများကို စတင်ချဲ့ထွင်သည်နှင့် ထိုလျှို့ဝှက်ချက်ကို သိသွားကြလိမ့်မည်။

သို့သော်လည်း သူက ကောင်းကင်ဧကရာဇ် ရာထူးကို ပြင်ဆင်ပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားခဲ့၏။ ရွေးချယ်ခံနတ်ဘုရားစာရင်းနှင့် ကမ္ဘာ့အရင်းအမြစ် ထိန်းသိမ်းထားမည့် အခြေအနေတစ်ခုလုံးက သူ့အစီအစဉ်သာ ဖြစ်သည်။

All Chapters