← Chapters

စိတ်ဝိညာဉ်စွမ်းအား

Vol. 65 Ch. 894

စိတ်ဝိညာဉ်စွမ်းအား

Vol. 65 Ch. 894

ညနတ်ဆိုးအဖွဲ့က သွေးရာအဖွဲ့ထက် ပိုအားနည်းတယ်။

ဒါပေမယ့် ညနတ်ဆိုးအဖွဲ့ကလည်း အလွယ်တကူအနိုင်ယူလို့မရပါဘူး။ သွေးရာအဖွဲ့က ညနတ်ဆိုးအဖွဲ့ကို ဖျက်ဆီးချင်တယ်ဆိုရင် သူတို့က သူတို့ရဲ့အဖွဲ့သားတစ်ဝက်လောက်ကို အဆုံးရှုံးခံဖို့လိုအပ်ပေလိမ့်မယ်။

မကြာမီမှာပဲ သင်္ဘောနှစ်စင်းက တစ်ခုနဲ့တစ်ခု နီးကပ်လာတော့တယ်။

သွေးနီရောင်သင်္ဘောပေါ်မှာ အရပ်မြင့်၊ အရပ်ပု၊ ရက်စက်၊ သွေးအေးစသဖြင့်ပုံရိပ်မျိုးစုံရှိတယ်။ သူတို့ကြားထဲမှာ အရှေ့မှာရပ်နေတဲ့ဧရာမတောင်ပံတစ်စုံနဲ့နတ်ဆိုးတစ်ယောက်ရှိတယ်။

"နတ်ဆိုးမျိုးနွယ်လား" လီဖူချန်းရဲ့မျက်လုံးတွေက စောင်းကာ ကြည့်လိုက်တယ်။

အဆင့်မြင့်နတ်ဆိုးတွေက ပုံမှန်အားဖြင့် ဦးချိုရှိတယ်၊ သူတို့က သူတို့ရဲ့ဦးချိုတွေကို ကွယ်ဝှက်တာရှားပါတယ်။

"ညနတ်ဆိုးသူတော်စင်အရှင်" နတ်ဆိုးရဲ့အသံက မိုးခြိမ်းသံအလား ကျယ်လောင်တယ်။

"သွေးအရိပ်နတ်ဆိုးရှင်ဘုရင်" ညနတ်ဆိုးက သွေးအရိပ်နတ်ဆိုးကို စိုက်ကြည့်လိုက်တယ်။

သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က အထွတ်အထိပ်နတ်ဆိုးရှင်ဘုရင်တစ်ယောက်ဖြစ်ပြီး ‌သွေးရာအဖွဲ့ရဲ့ခေါင်းဆောင်လည်းဖြစ်တယ်။ သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က သွေးရာအဖွဲ့ရဲ့ကျော်ကြားမှုနဲ့လွှမ်းမိုးမှုအတွက် အနည်းဆုံး၃၀ရာခိုင်နှုန်းလောက် တာဝန်ရှိတယ်။

"အချိန်သဲမြို့ရဲ့သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၉လား။ သွေးအရိပ်နတ်ဆိုးရှင်ဘုရင်လား"

လီဖူချန်းက သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ကို မသိပေမယ့် နာမည်ကိုတော့ ကြားဖူးခဲ့တယ်။

ရှေးကျောက်တုံးကြယ်ပိုင်နက်ရဲ့တစ်ခုတည်းသောစကြာဝဠာမြို့အနေနဲ့ အချိန်သဲမြို့မှာနေထိုင်တဲ့သူတော်စင်အရှင်အရေအတွက်က များပြားလှတယ်။ အချိန်အတော်ကြာရှည်ပြီးနောက် သူတော်စင်အရှင်သတ်မှတ်ချက်တစ်ခုက ထွက်ပေါ်လာရတာပေါ့။

သူတော်စင်အရှင်သတ်မှတ်ချက်မှာ သူတော်စင်အရှင်အယောက်၁၀၀ရှိတယ်။ သူတို့အားလုံးက အထွတ်အထိပ်သူတော်စင်အရှင်တွေဖြစ်ကြတယ်။

ရှေးကျောက်တုံးကြယ်ပိုင်နက်မှာစူးစမ်းရှာဖွေဖော်ထုတ်ဖို့အတွက် ပတ်ဝန်းကျင်ကြယ်ပိုင်နက်တွေမှရောက်ရှိလာတဲ့သူတော်စင်အရှင်များစွာရှိတယ်။ မရေမတွက်နိုင်တဲ့သူတော်စင်အရှင်တွေကြားမှာအဆင့်၉ဆိုတာကတော့ သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ရဲ့ခွန်အားကို သက်သေပြနေတယ်။

ထပ်ပြောရရင် ညနတ်ဆိုးသူတော်စင်အရှင်ကလည်း အချိန်သဲမြို့ရဲ့သူ‌‌တော်စင်အရှင်သတ်မှတ်ချက်ပေါ်ရှိအဆင့်ဝင်သူတစ်ယောက်ပါပဲ။ ဒါပေမယ့် သူက အဆင့်၁၇ဖြစ်ပြီး သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ထက် များစွာနိမ့်ကျတယ်။

"သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ကပြောင်မြောက်တယ်။ သူက အထွတ်အထိပ်သူတော်စင်အရှင်အနည်းဆုံး၂၀လောက်ကို သတ်ခဲ့တယ်" လီဖူချန်းဘေးနားမှာ ကျောက်ပုဆိန်သူတော်စင်အရှင်က လေးနက်တဲ့လေသံနဲ့ပြောနေတယ်။

ခွန်အားခြားနားချက်က ဆယ်ဆရှိရင်တောင် အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်အတွက် အခြားအထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကို သတ်ဖို့က အလွန်အမင်းခက်ခဲတယ်။

တကယ်တော့ ပစ်မှတ်က အနိုင်မရနိုင်တော့ရင် သူက လွတ်မြောက်ဖို့အတွက် အရာအားလုံးကို စတေးပေလိမ့်မယ်။ မင်းမှာ သူ့ထက်အဆများစွာပိုမြန်တဲ့မြန်နှုန်းရှိဖို့ လိုလာလိမ့်မယ်။

အနေအထားအများစုမှာ အထွတ်အထိပ်သူတော်စင်အရှင်တွေက မြန်နှုန်းတူညီကြတယ်။

မြန်နှုန်းတူညီတဲ့အနေအထားမျိုးမှာဆိုရင် အခြားအထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကို သတ်ဖို့အတွက် တစ်စုံတစ်ယောက်က တစ်ဖက်ပုဂ္ဂိုလ်ကို အချိန်တိုအတွင်းမှာ အပြင်းအထန်ဒဏ်ရာရထားစေဖို့ လို‌လိမ့်မယ်။

ပစ်မှတ်က ပိုမြန်ရင်တော့ အကွက်အနည်းငယ်အတွင်းမှာ ပစ်မှတ်ကို သုတ်သင်ရလိမ့်မယ်။

"ဒီသွေးရာအဖွဲ့မှာ သူတော်စင်အရှင်သတ်မှတ်ချက်ပေါ်ရှိနောက်ထပ်တစ်ယောက်ရှိသေးတယ်မလား" လီဖူချန်းက သူ့မျက်လုံးတွေကို သွေးအရိပ်နတ်ဆိုးရှင်ဘုရင်မှ အနောက်ရှိအရပ်ပုပုပုံရိပ်ထံ ပြောင်းလိုက်တယ်။

ကျောက်ပုဆိန်သူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်"သွေးအရိပ်နတ်ဆိုးရှင်ဘုရင်အပြင် သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၈၄ဖြစ်တဲ့နတ်ဆိုးတောင်တန်းသူတော်စင်အရှင်ရှိတယ်"

"နှိုင်းယှဉ်ကြည့်ရင် ငါတို့ညနတ်ဆိုးအဖွဲ့က အများကြီးပိုအားနည်းနေတာပဲ" လီဖူချန်းက ပြောလိုက်တယ်။

"ငါတို့ညနတ်ဆိုးအဖွဲ့က တကယ်ကိုပိုအား‌နည်းနေပေမယ့် သွေးရာအဖွဲ့က ငါတို့ကို ပုံမှန်အားဖြင့် ပြဿနာမရှာပါဘူး။ ညနတ်ဆိုးသူ‌တော်စင်အရှင်မဟုတ်တဲ့အခြားအကြောင်းပြချက်တစ်ခုရှိတယ်" ပြောနေတဲ့သူကတော့ အခြားလူသားသူတော်စင်အရှင်ဖြစ်တဲ့အခေါင်းအရိပ်သူတော်စင်အရှင်ပါပဲ။

အခေါင်းအရိပ်သူတော်စင်အရှင်က အထက်တန်းသူတော်စင်အရှင်သာဖြစ်ပေမယ့် သူက ဟင်းလင်းပြင်တာအိုကို ကျွမ်းကျင်တယ်။ အဲဒါက သူ့အား အသက်ရှင်သန်နိုင်စွမ်းကို ‌ပေးထားတယ်။ ဒါ့အပြင် သူ့မှာ စိတ်ကူးမယဉ်နိုင်တဲ့ကျွမ်းကျင်မှုအချိူ့ရှိတယ်။ သာမန်အနေအထားမှာ အထွတ်အထိပ်သူတော်စင်အရှင်သုံးယောက်က ပူးပေါင်းရင်‌တောင် သူ့ကိုသတ်ဖို့ခက်ခဲ့တယ်။

"အဲဒါ ကူးလီရှာကြောင့်မလား" လီဖူချန်းက ပြန်မေးလိုက်တယ်။

"ဓားသူတော်စင်အရှင်က တကယ်ဉာဏ်ကောင်းတယ်" အခေါင်းအရိပ်သူတော်စင်အရှင်က ချီးကျူးလိုက်တယ်။ သူက ဆက်ပြောတယ်"တကယ်ကို ကူးလီရှာကြောင့်ပဲ။ သဲမျိုးနွယ်......ကူးလီရှာနဲ့အချိန်သဲ‌ကောင်းကင်ဘုံအရှင်က မျိုးနွယ်အတူတူပဲဆိုတာကို အနည်းငယ်ကသာ သိတယ်။ ဒါပေမယ့် အချိန်သဲ‌ကောင်းကင်ဘုံအရှင်က ရှေးကျောက်တုံးကြယ်ပိုင်နက်ကဖြစ်ပြီး ကူးလီရှာက အခြားကြယ်ပိုင်နက်ကဖြစ်တယ်"

"အချိန်သဲ‌ကောင်းကင်ဘုံအရှင်က ကူးလီရှာကို ကူညီလောက်မလား" ဖြစ်နိုင်လိမ့်မယ်လို့တော့ လီဖူချန်းက မထင်ဘူး။

ဘေးကနေ ‌ကျောက်ပုဆိန်သူတော်စင်အရှင်က ခေါင်းခါလိုက်တယ်"အချိန်သဲ‌ကောင်းကင်ဘုံအရှင်က အမြင့်မှာ ရပ်တည်နေတာ။ သူက သဲမျိုးနွယ်အဖွဲ့ဝင်တွေအားလုံးကို ကူညီချင်ရင်တောင် သူက အဲဒါကိုလုပ်လိမ့်မှာမဟုတ်ဘူး။ ဒါ့အပြင် ကောင်းကင်ဘုံအရှင်နယ်ပယ်ကို ရောက်ရှိပြီးနောက် ကောင်းကင်ဘုံအရှင်အားလုံးရဲ့အကြီးမားဆုံးဆန္ဒက နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ပဲ။ မျိုးနွယ်ကိစ္စတွေအတွက်ကတော့ သူတို့က စိတ်မဝင်စားပါဘူး၊ သူတို့ စိတ်ဆန္ဒရှိနေတဲ့အချိန်မျိုးမှသာ သူတို့က ကူညီပါလိမ့်မယ်"

"သွေးရာအဖွဲ့ ကူးလီရှာကိုကြောက်ရ‌တဲ့အကြောင်းပြချက်ကတော့ သူမကျင့်ကြံထားတဲ့တားမြစ်လျှို့ဝှက်နည်းလမ်းတစ်ခုကြောင့်ပဲ။ ဒီတားမြစ်လျှို့ဝှက်နည်းလမ်းက စွမ်းအားကို စုဆောင်းဖို့ဖြစ်တယ်။ စွမ်းအားပိုစုဆောင်းမိလေ၊ စွမ်းအားက ပိုသန်မာလေပဲ။ ကူးလီရှာ ဒိီတားမြစ်လျှို့ဝှက်နည်းလမ်းကို အသုံးပြုလာတာ နှစ်ထောင်ပေါင်းများစွာရှိပြီလေ"

"ငါ သိပြီ" လီဖူချန်းက သဘောပေါက်သွားတယ်။ ကူးလီရှာထံမှ အချိန်သဲမြို့ရဲ့ကြောက်စရာကောင်းတဲ့အရှိန်အဝါနဲ့တူညီတဲ့အရှိန်အဝါတစ်ခုကို သူ ခံစားမိတာ အံ့ဩစရာမရှိဘူးပဲ။

"ညနတ်ဆိုးသူတော်စင်အရှင်၊ မင်းတို့အဖွဲ့မှာ လူသစ်တစ်ယောက်ရှိလာတာပဲ" သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က လီဖူချန်းကို ကြည့်လိုက်တယ်။ အရင်က ညနတ်ဆိုးအဖွဲ့မှာ လီဖူချန်းမရှိတာ သူက သေချာတယ်။ ဒါကြောင့် လီဖူချန်းက အဖွဲ့ဝင်အသစ်တစ်ယောက်ဆိုတာ သိသာတယ်။

"ဒီလူရဲ့ခွန်အားကို ငါ့ကို စမ်းသပ်ခွင့်ပေးပါ"

သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ရဲ့ဘေးနားမှာ အစိမ်းရောင်‌‌ဝဲက‌တော့မျက်လုံးတွေနဲ့အသားအရောင်ဖြူ‌ ရော်ရော်နဲ့လူငယ်တစ်ယောက်ရှိတယ်၊ သူက ထူးဆန်းတဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေတယ်။ သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်းလည်ပတ်နေပြီး အစိမ်းရောင်အလင်းတန်းနှစ်ခုက နေရာလပ်အကွာအဝေးကို လစ်လျူရှုကာ လီဖူချန်းရဲ့အရှေ့မှာ ချက်ချင်းထွက်ပေါ်လာတယ်။

"သတိထားပါ" ကျောက်ပုဆိန်သူတော်စင်အရှင်က နှုတ်မှ လွှတ်ခနဲပြောလိုက်တယ်။

ဒါပေမယ့် သူပြောတာနောက်ကျနေပြီဆိုတာကို ကျောက်ပုဆိန်သူတော်စင်အရှင်က သိတယ်။

ထိုလူငယ်ကို ဖြူရော်သူတော်စင်အရှင်လို့ ခေါ်ပြီး အလွန်အမင်းအားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားရှိတယ်။ တစ်ယောက်ယောက်က စိတ်ဝိညာဉ်အလင်းထိမှန်သွားတာနဲ့ သူတို့ရဲ့ခွန်အားက အားနည်းလာလိမ့်မယ်။ စိတ်ဝိညာဥ်စွမ်းအားအားနည်းတဲ့သူတွေဆိုရင် ပြင်းပြင်းထန်ထန်ထိခိုက်ပြီး စိုးရိမ်ဖွယ်စိတ်ဝိညာဉ်ဒဏ်ရာတစ်ခုကို ချန်ထားရစ်ပေလိမ့်မယ်။

ကြိုတင်သတိရှိကာကွယ်ထားတဲ့သူဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဖြူရော်သူတော်စင်အရှင်ရဲ့ကျွမ်းကျင်မှုကိုမသိဘဲသတိကင်းမဲ့နေတဲ့လီဖူချန်းအတွက်ကတော့ ကြီးမားတဲ့အားနည်းချက်တစ်ခုဖြစ်လာလိမ့်မယ်။

ညနတ်ဆိုးသူ‌‌တော်စင်အရှင်အပါအဝင်အဖွဲ့ဝင်အားလုံးက လီဖူချန်းကို စိုးရိမ်တကြီးကြည့်နေကြတယ်။

လီဖူချန်းက ပြောင်မြောက်ပေမယ့် ဖြူ‌ရော်သူတော်စင်အရှင်က အကြောင်းမဲ့ကျော်ကြားနေတာမဟုတ်ဘူးကို သူတို့က သိတယ်။

ကူးလီရှာကသာ လီဖူချန်းအပေါ် ယုံကြည်ချက်ခိုင်ခိုင်မာမာရှိတယ်။ သူမလီဖူချန်းကို ပထမအကြိမ်တွေ့တုန်းက လီဖူချန်းက အလွန်အမင်းအားကောင်းတာကို သူမက သိတယ်။ သူမက လီဖူချန်းရဲ့မျက်လုံးတွေထဲမှာ အခြားခံစားချက်အရိပ်အယောင်ဘာတစ်ခုကိုမှ မတွေ့ခဲ့ဘူး၊ အရာအားလုံးကိုကျော်ဖြတ်နိုင်တဲ့ကြောက်ရွံ့မှုကင်းမဲ့တဲ့အမူအရာတွေသာ ရှိတယ်။

ဒါပေမယ့် လီဖူချန်းက ဖြူရော်သူတော်စင်အရှင်ရဲ့စိတ်ဝိညာဉ်အလင်းကို မခုခံနိုင်ဘူးဆိုရင် သူမက မှားယွင်းတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်လို့ ဆိုရမယ်။

"အထွတ်အထိပ်စိတ်ဝိညာဉ်စွမ်းအားလား" အစိမ်းရောင်အလင်းရဲ့ရိုက်နှက်မှုကို ထိမှန်ပြီးနောက် သူ့ခန္ဓာကိုယ်က အနည်းငယ်လေးလံလာတာကို လီဖူချန်းက ခံစားရတယ်။

စိတ်ဝိညာဉ်စွမ်းအားကို စိတ်ဝိညာဉ်ကသာ ဆုံးဖြတ်တာမဟုတ်ဘူး၊ တစ်စုံတစ်ယောက်ရဲ့ခွန်အားလည်း ပါရှိတယ်။

ယေဘုယျပြောရရင် အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားက အားကောင်းတဲ့ခွန်းအားကို မဆိုလိုဘူ။ ဒါပေမယ့် အားကောင်းတဲ့ခွန်အားက အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားကို သေချာပေါက်ဆိုလိုတယ်။

"စိတ်မကောင်းစရာတစ်ခုကတော့ ဒါက အတော်လေးအားနည်းနေတာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေမှာ ပြင်းထန်တဲ့အလင်းတွေ လက်သွားပြီး အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ပြန်ပို့လွှတ်လိုက်တယ်။

ဒုတ် ဒုတ် ဒုတ်.......

လူတိုင်းရဲ့အံ့အားသင့်နေတဲ့မျက်လုံးတွေထဲမှာ ဖြူရော်သူတော်စင်အရှင်က နောက်ကို ခြေလှမ်းရှစ်လှမ်းအထိ ဆုတ်ခဲ့ရတယ်။ သူ့ကို နောက်ဆုတ်ဖို့ ဖိအားပေးခံရတိုင်း ဖြူရော်သူတော်စင်အရှင်က သူ့ခြေလှမ်းတွေကိုထိန်းချုပ်ဖို့ကြိုးစားပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်က အားကောင်းလွန်းတယ်။ သူ့စိတ်ဝိညာဉ်က တစ်ခဏ ဖိနှိပ်ခံရပြီး သူက သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကိုတောင် မထိန်းချုပ်နိုင်တော့ပါဘူး။

"ဒီလိုအားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအား....." အခေါင်းအရိပ်သူတော်စင်အရှင်က အလွန်အံ့ဩသွားတယ်။

ဖြူရော်သူတော်စင်အရှင်ရဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက ပြန်တောင်တိုက်ခိုက်နိုင်တယ်။ လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ကြောက်စရာကောင်းမှန်း သိသာပါတယ်။

"ထင်ထားတဲ့အတိုင်းပဲ" ကူးလီရှာက ပြုံးလိုက်တယ်။

***

All Chapters