ကောင်းကင်ဧကရာဇ်ခေတ်ကာလ၏ ကံကြမ္မာ
Vol. 66 Ch. 916
“သူတို့ရဲ့ အင်မော်တယ် စမ်းသပ်ချက်အတွင်းမှာ ကာကွယ်ပေးဖို့ မမေ့နဲ့ဦး”
ဝမ်ဝေ့က ပြောလိုက်သည်။ မသေမျိုးနန်းဆောင်ကို သန့်စင်ထားသည့် သေမျိုးများအနေဖြင့် အင်မော်တယ်စမ်းသပ်ချက်ကို ကျော်ဖြတ်ရမည်။ ကံကောင်းစွာဖြင့် မသေမျိုးနန်းဆောင်ကို သန့်စင်ပေးဖို့ ဧကရာဇ်တစ်ယောက်ရှိထားသည့် အကျိုးကျေးဇူးတစ်ချက်က သူတို့၏ စွမ်းအားအနည်းငယ်သည် ထိုနန်းဆောင်အတွင်း ကျန်ရှိနေပြီး စမ်းသပ်ချက်ကို အထောက်အကူ ပြုပေးနိုင်သည်။
သို့သော်လည်း ဝမ်ဝေ့က ထိုသူများထံ တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ကို မလိုလားသောကြောင့် မူလအရှင်အား ထိုစမ်းသပ်ချက်အတွင်း သတိကြီးကြီးထားဖို့ရာ ထပ်မံအသိပေးလိုက်ခြင်း ဖြစ်၏။
ထို့နောက် ဝမ်ဝေ့က အထွေထွေသောင်းပြောင်းအရှင်ကို ကြည့်လိုက်သည်။
“ဂိုဏ်းရဲ့ အစီအရင်က ဘယ်လိုလဲ။ ဟာကွက်တွေအကုန်လုံး ပြင်ဆင်ပြီးသွားပြီလား”
“ပြင်တော့ပြင်ထားတယ်။ ဒါပေမဲ့ မပြီးသေးဘူး” အထွေထွေသောင်းပြောင်းအရှင်က ပြန်ဖြေလိုက်သည်။
“စွမ်းဆောင်ရည်နဲ့ ရှာတွေ့နိုင်သမျှ ဟာကွက်တွေ အကုန်လုံးကိုတော့ ပြင်ဆင်ထားတယ်။ ဒါပေမဲ့ ကံကြမ္မာက စွယ်စုံသုံးတာအိုဆိုတော့ အစီအရင်ကို အလကားသက်သက် မဖြစ်ဘဲနဲ့ စွမ်းအားအကုန် ထုတ်ပြစေချင်တယ်။ အဲဒါကြောင့် တခြားအစီအရင် ၉ခုကို ပြန်လည်စီစဉ်ပြီးတော့ မင်းရဲ့ဟာကို ဗဟိုချက်အနေနဲ့ အသုံးပြုလိုက်တဲ့အချိန်မှာ ပိုအားကောင်းတဲ့ အစီအရင်တစ်ခု ရလာတယ်။ နောက်ဆုံးအနေနဲ့ အနာဂတ်အစီအရင်က ဒီအသစ် ပေါင်းစည်းထားတဲ့ အစီအရင်တွေနဲ့ ပေါင်းစပ်လို့ရအောင် လုပ်ပေးရမယ်”
“သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“အစီအရင်ထဲမှာ ကုရွှမ်ရဲ့ လှည့်ဖျားရေးတာအိုကိုလည်း ထည့်သွင်းသင့်တယ်။ ကျုပ်တို့ဂိုဏ်းက အနာဂတ်မှာ သိုသိုသိပ်သိပ်နေရမှာဆိုတော့ အဲဒါက အထောက်အကူ ဖြစ်လိမ့်မယ်”
“ပြဿနာမရှိဘူး” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။ သူ ပြောထားသည့်အတိုင်း ကံကြမ္မာတာအိုက စွယ်စုံသုံးဖြစ်ပြီး တည်ထောင်သူ မူလတာအိုကိုပါ ထည့်ပေါင်းလိုက်လျှင် လှည့်ဖျားရေးတာအိုစွမ်းရည်ကို ဂိုဏ်း၏ အစီအရင်အတွင်း ထည့်သွင်းဖို့က ပြဿနာမဟုတ်ပေ။
ဝမ်ဝေ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ နောက်ဆုံးသော အစီအရင် ပြီးဆုံးသွားသည်နှင့် သူက မဟာတာအိုအရင်းအမြစ်၏ နားလည်နိုင်စွမ်းကို မြှင့်တင်ဖို့ ထိုအရာကို လေ့လာနိုင်သည်။
“ခင်ဗျားတို့ကို ခေါ်လိုက်တဲ့ အကြောင်းအရင်းက ကျုပ်အတွက် ထူးကဲတဲ့ အစီအရင်တစ်ခုကို လုပ်ဖို့ လိုအပ်လို့ပဲ” ဝမ်ဝေ့က ထူထန်စစ်သည်တော်နှင့် မသေမျိုးနန်းဆောင်များကို အသုံးပြု၍ ထာဝရဦးသျှောင်များကို ပြုစုပျိုးထောင်ပေးမည့် အတွေးကို ရှင်းပြလိုက်သည်။
မူလအရှင်က ထိုအစီအစဉ်ကို ကြားကာ အကြည့်များ တောက်ပလာလေ၏။ ထို့နောက် သူက အထွေထွေသောင်းပြောင်းအရှင်ကို ကြည့်လိုက်သည်။
“အဲဒါက ပြဿနာ မရှိလောက်ဘူး” အထွေထွေသောင်းပြောင်းအရှင်က ရှင်းပြလိုက်သည်။
“ဒါပေမဲ့ ထူထန်စစ်သည်တော်က ကျွမ်းကျင်အတတ်ပညာအသစ် တစ်ခုဆိုတော့ ကောင်းကောင်းမဖွံဖြိုးသေးဘူး။ အဲဒါဆိုတော့ အချိန်တစ်ခု ကြာမြင့်နိုင်တယ်”
“ထုံရို့ပင်းဆီ တောင်းဆိုလို့ ရတယ်လေ။ သူမက အောင်မြင်ပြီးသားပဲ” မူလအရှင်က ပြောလိုက်သည်။ ထုံရို့ပင်းက မူလအဆောင်မှ စွမ်းအားကို ရယူဖို့ရာအတွက် အရင်းအမြစ် သင်္ကေတရုပ်ခန္ဓာကို ရယူအသုံးပြုခဲ့သည်။ ထို့ကြောင့် သူမက ပထမဦးဆုံးနှင့် တစ်ယောက်တည်းသော အောင်မြင်သည့် ထူထန်စစ်သည်တော်အဖြစ် သတ်မှတ်၍ ရပေသည်။
“အဲဒါက အဆင်ပြေပါ့မလား။ ဒီလိုသာလုပ်ရင် သူမက ထူထန်စစ်သည်တော် ဖန်တီးဖို့အတွက် ကံကောင်းမှုအမြောက်အများ ရသွားလိမ့်မယ်။” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။
“သူမကို မမေးရင်တောင် သူမက ကုသိုလ်ရနေဦးမှာပဲ” မူလအရှင်က ပြောလိုက်သည်။ ထိုအရာက ဝမ်ဝေ့၏ အစီအစဉ်ဖြစ်သော်လည်း သူမက ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ကံကောင်းမှုအမြောက်အများက သူမနှင့် သက်ဆိုင်နေသည်။
“သူမကို ပြောတော့မှ ကြယ်တာရာသားရဲကမ္ဘာကရော ဘယ်လိုရှိလဲ”
“ထင်ထားတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီး တစ်ခုပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။ မူလိန်က အကူအညီ မတောင်းခံသေးသော်လည်း သူက ထိုကမ္ဘာကို စောင့်ကြည့်နေခဲ့သည်။ သူ ထင်ထားသည့်အတိုင်း ကိစ္စများက ကောင်းကင်ခုံရုံး ပထမခြေလှမ်း လှမ်းစဉ်အခါကတည်းကပင် ချောမွေ့မနေခဲ့ပေ။
မူလိန်က သူ့လိုမျိုး တူညီသည့်နည်းလမ်းဖြင့် ကမ္ဘာ၏ ကောင်းကင်တာအိုကို ထိန်းချုပ်ခဲ့သည်။ သို့သော်လည်း ထိုအရာက ပြန်လည်တိုက်ခိုက်ကာ အပြင်းအထန် ခုခံခဲ့၏။ ထိုအရာက စွမ်းအားဖြင့် လွှမ်းမိုးခံလိုက်ရသော်လည်း ကြယ်တာရာသားရဲကမ္ဘာ၏ ကောင်းကင်တာအိုက အသိပညာ၊ စွမ်းဆောင်ရည်နဲ့ နည်းလမ်းအားလုံးကို သုံးကာ မူလိန်ကို ဒုက္ခပေးခဲ့သည်။
ကောင်းကင်ဧကရာဇ်က မိုးမြေကြားတွင် အမြင့်မားဆုံး လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။ ဝမ်ဝေ့၏ ကံအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာနှင့် အလားအလာကောင်းသည့် စွမ်းအားကြောင့်သာ မဟုတ်လျှင် သူ့ကံကောင်းမှုလည်း ထိုသတင်းအချက်အလက်ကို ထုတ်ဖော်လိုက်သည့်အတွက် တန်ပြန်သက်ရောက်မှုကို ခံစားရလိမ့်မည်။
ကံကောင်းစွာဖြင့် မူလိန်က ဝမ်ဝေ့၏ နည်းလမ်းအတိုင်း လိုက်နာကာ ကောင်းကင်တာအိုကို ကမ္ဘာအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။ သို့သော် သူက ခေတ်ကာလ၏ သားတော် မဟုတ်၍ ကောင်းကင်တာအိုက သူ့အပေါ် ယုံကြည်မှု များများစားစား မရှိသည့်အတွက် ဖြစ်စဉ်က နှေးကွေးနေခဲ့၏။
ဒုတိယအနေဖြင့် ထိုကမ္ဘာရှိ တခြားသော အင်အားစုများကလည်း အပြင်းအထန် တုံ့ပြန်ကြသည်။ ကြယ်တာရာသားရဲကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်က အရင်းအမြစ်အမြောက်အများအပေါ် မှီခိုရသည်။ ထို့ကြောင့် ထိုလူများ၏ သဘာဝက အခွင့်အရေးတိုင်းအတွက် တိုက်ခိုက်ဖို့ဖြစ်ကာ ကောင်းကင်ခုံရုံးကို အဆီတဝင်းဝင်း အသားအဖြစ် မြင်နေကြသည်။
လူများစွာက ကြယ်တာရာသခင်တောင်ကို တစ်ယောက်တည်း အကျိုးအမြတ် မရစေလိုကြပေ။
ကောင်းကင်ဧကရာဇ်က ထိုသို့စွမ်းအားအမြောက်အများ ရှိထားသောကြောင့် တခြားသူများက ဘယ်သူကိုမှ ထိုအရာကို မရရှိစေချင်ကြပေ။ ထို့ကြောင့် ခုံရုံးကို ဖွဲ့စည်းပြီးသည့်နောက်တွင် မူလိန်က ပင်မနတ်ဘုရားများကို ချမှတ်ဖို့အတွက် အချိန်မရှိဘဲ တိုက်ပွဲများစွာ ဖြစ်ပျက်နေလေ၏။
ကံကောင်းစွာဖြင့် ထုံရို့ပင်းနှင့် သူ့ဂိုဏ်းတို့က မဟာမိတ်များစွာ ကြိုတင်ဖွဲ့စည်းထားသည့်အတွက် သူ တစ်ယောက်တည်း တိုက်ခိုက်စရာမလိုပေ။ ထို့အပြင် သူ့စွမ်းအားက အချိန်နှင့်အမျှ သိသိသာသာ တိုးမြင့်လာသည့်အတွက် ကမ္ဘာကို လွှမ်းမိုးဖို့ရာ ပိုမိုလွယ်ကူလာလေသည်။
ဝမ်ဝေ့က အရာအားလုံးကို တိတ်တဆိတ် ကြည့်နေရင်း ထာဝရဦးသျှောင် ၆ယောက် ပေါ်ထွက်လာသည်ကို အံ့အားသင့်နေမိသည်။ ထိုအရာက ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်ကြောင်း သိလေ၏။ ကြယ်တာရာသားရဲကမ္ဘာသည် ကုန်သွယ်ရေးဗဟိုချက်အတွင်း ထိပ်တန်းကမ္ဘာများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့အသိုက်အဝန်း ရာချီဆီမှ အရင်းအမြစ်မြောက်များစွာ ရရှိနေသည်။ ထို့ကြောင့် သူတို့တွင် ထာဝရဦးသျှောင်မြောက်များစွာ ပြုစုပျိုးထောင်ဖို့အတွက် အရင်းအမြစ် လုံလုံလောက်လောက်ရှိသည်မှာ အဓိပ္ပာယ်ရှိ၏။
အံ့ဩဖို့ အကောင်းဆုံးအရာတစ်ခုက ထိုထာဝရဦးသျှောင်များသည် မျှခြေညီ စက်ယန္တရားမှ အသက်ရှင်သန်ခဲ့ပြီး သတ်ဖြတ်ခံရခြင်း၊ နှင်ထုတ်ခံရခြင်း သို့မဟုတ် စည်းပိတ်ခံရခြင်းကဲ့သို့ အကွက်ကျကျက စီစဉ်ခံထားရသူများ မဟုတ်ပေ။
ကြယ်တာရာ သားရဲကမ္ဘာ၏ ဖရိုဖရဲဖြစ်မှုကို ကြည့်နေပြီးသည့်နောက် ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာသည် သူတို့ကိုယ်သူတို့ အဆုံးမဲ့လေဟာနယ်မှ ပိတ်ဆို့ပြီးသည့်နောက်တွင် မည်မျှအားနည်းလာကြောင်း သိသွားခဲ့သည်။ အကယ်၍ ဘိုးဘေးများ၏ ဩဇာတိက္ကမကြောင့်သာ မဟုတ်ပါက တခြားကမ္ဘာများသည် ဤကမ္ဘာ၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်ကာ ကျူးကျော်ပြီးလောက်ပြီ ဖြစ်၏။
“သူတို့ရဲ့ နောက်ဆုံးကံကြမ္မာက ဘယ်လိုဖြစ်မယ်လို့ ထင်လဲ” မူလအရှင်က မေးလိုက်သည်။
“သူတို့အနိုင်ရမှာပါ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ မူလိန်က ထာဝရဧကရာဇ်တစ်ယောက် ဖြစ်သည့်အပြင် ထာဝရအထွတ်အထိပ် တစ်ပါးလည်း ဖြစ်သည်။ အားအနည်းဆုံးအဆင့် ဖြစ်နေလျှင်ပင် ထာဝရအထွတ်အထိပ်တစ်ပါး ဖြစ်နေဆဲသာ ဖြစ်၏။
“တစ်ခုတည်းသော ပြဿနာက အဲ့ကိစ္စတွေ ဖြေရှင်းပြီးတဲ့နောက်မှာ သူက ကောင်းကင်ဧကရာဇ်အနေနဲ့ ဘယ်လောက် အာဏာရှိမလဲဆိုတာပဲ”
အင်အားစုအများအပြားက သူနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သူ့ဆီမှ အာဏာယူဖို့ ကြိုးစားကြလိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က အကျိုးအမြတ် အမြောက်အများ ပိုမိုလိုချင်ကြ၏။ ထို့ကြောင့် တကယ့်ပြဿနာက မူလိန်က အလျှော့ပေးမလားဆိုသည့် ကိစ္စသာဖြစ်သည်။
ဝမ်ဝေ့အတွက်မူ …
သူက နယ်ခြားကြေးစားအဖြစ်သာ ဆောင်ရွက်ပေးမည် ဖြစ်၏။ သူ ပေါ်ထွက်လာဖို့အတွက် တန်ကြေးအမြောက်အများ လိုအပ်သော်လည်း မူလိန်က သူ့ကိုခေါ်ခြင်းဖြင့် မည်သည့်အာဏာမှ ဆုံးရှုံးသွားမည် မဟုတ်ပေ။
“ဒီလိုဆိုရင် ငါတို့ကမ္ဘာနှစ်ခုကြားက အနာဂတ် ဆက်ဆံရေးအကြောင်း ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့” မူလအရှင်က ပြောလိုက်သည်။
“ပြီးတော့ ထုံရို့ပင်းကလည်း ဒီမျိုးဆက်မှာ တာအို သက်သေပြနိုင်မယ် ထင်တယ်။ သူမက နယ်ခြားမိဖုရားခေါင် ဖြစ်လာမှာပေါ့။ အဲ့လိုဆိုရင် ငါတို့ခုံရုံးက သူမအတွက် ရာထူးပေးဖို့ လိုသေးလား”
မိဖုရားခေါင်ဆိုသည်မှာ ကောင်းကင်ဧကရာဇ်ပြီးလျှင် ဒုတိယမြောက်ရာထူးတစ်ခု ဖြစ်၏။
ထို့ကြောင့် ထိုအရာက အာဏာအမြောက်အများ ကိုင်ဆောင်ထားပြီး ကမ္ဘာ့အရင်းအမြစ်ကို အစားထိုးဖို့ရာအတွက် တာဝန်ရှိသူ ဖြစ်သည်။
“သူမက အသင်္ချေအင်ပါယာကမ္ဘာမှာ ဆက်နေမလား မနေဘူးလားဆိုတဲ့အပေါ်မှာ မူတည်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ အဲ့လိုဖြစ်နိုင်ချေ မရှိဘူး”
ဝမ်ဝေ့က သူမ၏ အပြုအမူများကို ခန့်မှန်းမိလိုက်၏။ မဟာဆောင်မြို့တော်အတွက် ဧကရာဇ်အုတ်မြစ်တစ်ခုကို ချန်ထားပြီး သူမ၏ အချိန်နှင့် အာရုံအားလုံးကို ကြယ်တာရာသားရဲကမ္ဘာအပေါ်သာ အာရုံစိုက်ထားလိမ့်မည်။ သူမက ထိုနေရာတွင် အကျိုးအမြတ်မြောက်များစွာ ရယူနိုင်ပြီး သူမခေါင်းအပေါ် လွှမ်းမိုးနေမည့် သူ့လိုမျိုး မကောင်းဆိုးဝါးမျိုးကို စိုးရိမ်စေရာလိုမည် မဟုတ်ပေ။
“ဒီလိုဆိုရင် ငါတို့တွေ သူတို့တွေနဲ့ နေရာလဲလို့ ရသလို ဒါမှမဟုတ် မဟာအဆောင်မြို့တော်ကိုလည်း အရမ်းမမြင့်သလို အရမ်းမနိမ့်တဲ့ရာထူးတစ်ခုကို ပေးလို့ရတယ်” မူလအရှင်က ပြောလိုက်သည်။
“နေရာလဲတာက အကောင်းဆုံးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါဆိုတော့ သူတို့ကမ္ဘာကို သံတမန်အနေနဲ့ ဝင်ရောက်စွက်ဖက်ပြီး စောင့်ကြည့်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်”
“ဒါပေမဲ့ သူတို့ကလည်း အတူတူလုပ်မလာနိုင်ဘူးလား”
“သူတို့မှာ နည်းလမ်းရှိတယ်ဆိုရင်တော့ လုပ်ကြပေါ့”
မူလအရှင်က သူ့ရှေ့မှ လူကို အမှတ်ရသွားကာ ခေါင်းအသာယမ်းလိုက်သည်။ စွမ်းအားကွာဟချက်ဖြင့် ထိုသူများက အသင်္ချေအင်ပါယာကမ္ဘာ၏ ကိစ္စများကို မည်သို့ ဝင်ရောက်စွက်ဖက်ရဲမည်နည်း။
“ကမ္ဘာ့အသိုက်အဝန်းကရော ဘယ်လိုလဲ။ ငါတို့တွေ ခြေလှမ်းချဲ့လိုက်တာနဲ့ ငါတို့ခုံရုံးအကြောင်း သတင်းက ဖုံးကွယ်ထားလို့ ရမှာမဟုတ်တော့ဘူး။ အဲဒီအခါ လူတော်တော်များများက သူတို့ခုံရုံးကို တည်ထောင်ကြလိမ့်မယ်”
“ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးမှာ ခုံရုံးကို ဖြန့်ကျက်ဖို့ ပြောချင်တာလား”
မူလအရှင်က တိတ်ဆိတ်သွားလေ၏။
“ကျုပ်က ကျုပ်စွမ်းအားနဲ့ ဒီလိုလုပ်နိုင်တယ်ဆိုပေမဲ့ ဒီလိုအပြုအမူက ကျုပ်ခေတ်ကာလကို ပျက်စီးသွားစေလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်အဖေက ကျုပ်ရာထူးကို ထိန်းသိမ်းထားနိုင်ရုံလောက်ပဲ ရှိလိမ့်မယ်။ အဲဒီအခါကျရင် ဧကရာဇ်တစ်ယောက်က ခုံရုံးကို ထိန်းချုပ်ဖို့ အားမကောင်းတာနဲ့ တခြားကောင်းကင်အလိုဆန္ဒကမ္ဘာတွေက အတူတကွ ပေါင်းစည်းပြီးတော့ ဒီခုံရုံးကို သုတ်သင်ဖို့ ကြိုးစားကြလိမ့်မယ်။ အသင်္ချေအင်ပါယာကမ္ဘာမှာ နောက်ထပ် ကျုပ်တစ်ယောက် ထွက်ပေါ်မလာစေဖို့ တားဆီးကြလိမ့်မယ်”
မူလအရှင်က သက်ပြင်းချလိုက်သည်။ အားကောင်းလွန်းခြင်းက အဆင်ပြေသော်လည်း အင်မတန် အားကောင်းလွန်းခြင်းက ပြဿနာတစ်ခု ဖြစ်၏။ စွမ်းအားက ကံကောင်းမှု သို့မဟုတ် ကြမ္မာအပေါ် သေချာသည့် ထိန်းချုပ်မှုတစ်ခု လိုအပ်ပေသည်။
ကံဆိုးစွာဖြင့် ဝမ်ဝေ့အပြင် မည်သူကမှ ကောင်းကင်ခုံရုံး၏ ကြမ္မာကို ထိန်းချုပ်နိုင်စွမ်းအား မရှိကြပေ။ အကယ်၍ သူသာ ထိုသို့ တစ်စုံတစ်ခု ပြုလုပ်ခဲ့ပါက သူ တက်လှမ်းသွားပြီးသည့်နောက်တွင် တန်ပြန်ခံစားရမည့် ကံကောင်းမှုနှင့် ကံဝဋ်ကြွေးသည် သူတို့ကမ္ဘာတစ်ခုလုံးကို ရှင်းထုတ်ပစ်ဖို့ရာ လုံလောက်ပေ၏။
“လူတော်တော်များများက တန်ကြေးမပေးဘဲနဲ့ ခုံရုံးကို လိုက်ပြီးအတုခိုးကြမှာကို တွေးလိုက်ရင် နာကျင်မိတုန်းပဲ”
“တကယ်လို့ ကိစ္စတွေက ရိုးရှင်းမယ်ဆိုရင် ကျုပ်က ပျော်ပေးရမှာပေါ့” ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ အကယ်၍ ကိစ္စများကသာ ဤသို့အဆင်ပြေချောမွေ့နေပါက သူသည် ထိုသူအားလုံးကို သူ့အစီအစဉ် အသုံးပြုသည့်အတွက် ခြိမ်းခြောက်အကြပ်ကိုင်နိုင်သည်။
ထို့အပြင် ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးက ကောင်းကင်ဧကရာဇ်ခေတ်ကာလသို့ ဝင်ရောက်သွားပြီ ဖြစ်၏။ တည်ထောင်သူအနေဖြင့် သူ လက်ခံရရှိမည့် ကံကောင်းမှုနှင့်ကောင်းချီးသည် တွက်ချက်မရနိုင်ပေ။
“လျှို့ဝှက်ချက်များ ရှိလို့လား” မူလအရှင်က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် မေးလိုက်သည်။
“မျှခြေညီ စက်ယန္တရားလား”
“ဟုတ်တယ်။ ကျုပ် ဒါကို အာရုံခံမိသွားပြီ။ အစစ်အမှန် ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်ရဲ့ အစီအစဉ်ကျမှုကို ပြောင်းလဲတော့မှာ။ အနာဂတ်ကျရင် ကောင်းကင်ဧကရာဇ်ဖြစ်လာဖို့ ဒီလောက်လွယ်မှာ မဟုတ်တော့ဘူး”
“အဲဒါဆိုတော့ အပြည့်အဝ တားမြစ်လိုက်တာတော့ မဟုတ်ဘူးမလား”
“မဟုတ်ဘူး။ ဒီစနစ်က သူ့အတွက် အကျိုးရှိတယ်လေ။ ကောင်းကင်ဧကရာဇ်များများ ပေါ်ထွက်လာရင် အစစ်အမှန်ကောင်းကင်တာအိုက ကမ္ဘာ့အရင်းအမြစ် အမြောက်အများကို ချွေတာနိုင်လိမ့်မယ်။ တကယ်လို့ ဒိုင်မေးရှင်းဧကရာဇ်တစ်ခုလုံးက အဲဒီကောင်းကင်ဧကရာဇ်ရဲ့ အကူအညီအတိုင်း လုပ်ဆောင်ပြီး ကမ္ဘာ့အရင်းအမြစ်တွေ များများစားစား အသုံးမပြုခဲ့ဖူးဆိုရင် အန္တိမသဟဇာတနဲ့ ဖြေရှင်းဖို့ အာရုံစိုက်နိုင်လိမ့်မယ်။”
သို့သော် ကောင်းကင်ခုံရုံး၏ စွမ်းအားက ဒိုင်မေးရှင်းအနိမ့်မှာ ဖရိုဖရဲဖြစ်လာပြီး ပျက်သုန်းမှုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း သိထား၍ ဝမ်ဝေ့က သူ့ဆက်ခံသူကို သူ့အမွေအနှစ်တွေကို ဖျက်ဆီးခွင့်မပြုသလိုမျိုး တားမြစ်ချက် သို့မဟုတ် ကန့်သတ်ချက်တွေ ထားရှိလာနိုင်သည်။
“ဒီလိုဆိုရင် ငါတို့တွေ ဘာလုပ်သင့်လဲ”
“ကျုပ်တို့တွေအနေနဲ့ ကိုယ့်ကိစ္စကို လုပ်ရုံပဲ။ ကောင်းကင်ခုံရုံးနည်းစနစ်ရဲ့ စံနှုန်းတစ်ခု ဖြစ်လာဖို့ပဲ လိုတယ်။ အဲ့ဒီအခါကျရင် အစစ်အမှန်ကောင်းကင်တာအိုက ကျုပ်တို့ရဲ့ ပုံစံကို စံနှုန်းအဖြစ် အသုံးပြုကြလိမ့်မယ်။ အဲဒီအခါကျရင် ကျုပ်တို့က ကျုပ်တို့နဲ့ ထိုက်တန်တဲ့ တန်ကြေးကို ရမှာပဲ”
“အဲဒါဆိုရင်တော့ နည်းလမ်းကောင်းပဲ။ ပြီးတော့ ပထမဦးဆုံးနဲ့ ပြီးပြည့်စုံတဲ့ ကောင်းကင်ခုံရုံးရဲ့ ကံကြမ္မာက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အချိန်အတော်ကြာ စည်ပင်ကြွယ်ဝဖို့ရာအတွက် လုံလောက်တယ်။ အသင်္ချေအင်ပါယာကမ္ဘာအတွက်လည်း အတူတူပဲ”
ထိုအရာက ဝမ်ဝေ့ တွေးနေသည့် ကိစ္စသာ ဖြစ်၏။ ထိုအရာက သူသည် ကောင်းကင်ဧကရာဇ် ရာထူးအကြောင်း ထုတ်ဖော်ဖို့ရာ စိတ်မပူရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။
သူ့အစီအစဉ်အရ သူက အကြွင်းမဲ့ ကောင်းကင်ဧကရာဇ် မဟုတ်လျှင်ပင် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံး၏ ကံကောင်းမှုကို စုစည်းရမည်။ မဟုတ်ပါက ထိုအရာသည် သူ့အတွက် ထာဝရကောင်းကင်ဘုံအဆင့် ဖြစ်လာပြီး ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ဖို့ရာအတွက် ဖြစ်လာနိုင်မည် မဟုတ်ပေ။