သေမျိုး လူမှုအဖွဲ့အစည်း
Vol. 66 Ch. 918
သေမျိုးများအပေါ် ကျင့်ကြံသူများ၏ အမြင်က အမြဲတမ်း တစ်သတ်မှတ်တည်းသာ ဖြစ်ခဲ့၏။ သူတို့က အားနည်းကာ အနားတွင်ရှိ၍ သက်တောင့်သက်သာ မဖြစ်ပေ။ အကယ်၍ သူတို့သာ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်ထားပါက သူတို့၏ အရှိန်အဝါ အနည်းငယ်ကပင် လူသန်းချီကို သတ်ဖြတ်ပစ်နိုင်သည်။
သူတို့က သေမျိုးများကို ညစ်ပတ်သည်ဟု ယူဆထားကြသည်။ သူတို့၏ ဆင့်ကဲတိုးတက်လာသည့် အာရုံခံမှုဖြင့် သေမျိုးများ၏ ခန္ဓာကိုယ်မှ အညစ်အကြေး သို့မဟုတ် ပိုးမွှားများကို အလွယ်တကူ မြင်တွေ့နိုင်ပြီး သူတို့ဆီမှ အနံ့အသက်များကို ရကာ ချွေးပေါက်များကိုပင် မြင်တွေ့နေရသည်။
သေမျိုးများက သက်တမ်းတိုတောင်းကြသည့်အတွက် မိတ်ဆွေဆက်ဆံရေး သို့မဟုတ် အပေါင်းအသင်း ဖွဲ့ဖို့ရာ ခက်ခဲလှသည်။ အားအနည်းဆုံး ကျင့်ကြံသူကပင် ဆယ်စုနှစ်တချို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်နိုင်သည့်အတွက် သူတို့ကျင့်ကြံရာမှာ ပြန်ထွက်လာပြီးသည့်နောက်တွင် သူတို့၏ မိတ်ဆွေဟု ခေါ်ဆိုသူများက သေလုနီးပါးအခြေအနေသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ကျင့်ကြံသူများက သေမျိုးများသည် ပညာမဲ့ကြောင်း ယုံကြည်ထားကြပြီး သူတို့၏ တစ်ဘဝလုံးကို သူတို့ကိုယ်သူတို့ သို့မဟုတ် သူတို့ဝန်းကျင်ရှိ ကမ္ဘာကိုပါ လျစ်လျူရှုကြပြီး တွေဝေရင်းဖြင့် အချိန်ကုန်ဆုံးလေ့ရှိသည်။ ဉာဏ်ကောင်းသည်ဟု ယူဆရသည့် တချို့ကမူ အသိအမှတ်ပြုခံထားရသည့် အနေအထားသို့ ရောက်ဖို့ရာ အတွက် ကြာကြာ အသက်မရှင်နိုင်ကြပေ။
ထို့ကြောင့် ကျင့်ကြံသူများက သေမျိုးများ၏ ဉာဏ်ပညာအပေါ် လှောင်ပြောင်လေ့ရှိ၏။
ကျင့်ကြံသူအများစုက သေမျိုးများနှင့်ပတ်သက်ပြီး ထိုသို့ခံစားရသော်လည်း သူတို့၏ ဘဝက သေမျိုးများနှင့် ခွဲခြားထုတ်၍ မရကြောင်း သိထားကြသည်။ သူတို့ကလည်း သေမျိုးဇစ်မြစ်များ ဖြစ်သည့်အတွက် ကျင့်ကြံရေးခရီးလမ်းတွင် ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းလိုပါက ထိုအချက်ကို ဘယ်သောအခါမှ မမေ့လျော့သင့်ပေ။
ထိုအတွေးအခေါ် သို့မဟုတ် ယူဆချက်များက ကျင့်ကြံသူအများစုထဲ စွဲထင်နေပြီ ဖြစ်၏။ သို့သော်လည်း ယနေ့ ဤအစည်းအဝေးအတွင်း သူတို့၏ လောကအမြင်က ပြိုလဲသွားကာ ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။
ဝမ်ဝေ့က မှန်ကန်သည့် လမ်းညွှန်မှု၊ စိတ်သဘောထားနှင့် အရင်းအမြစ်များဖြင့် သေမျိုးများသည်လည်း သူတို့၏ ကိုယ်ပိုင် လူမှုအဖွဲ့အစည်းကို ဖန်တီးနိုင်ကြောင်း ပြသခဲ့သည်။ သူတို့က အနုပညာ၊ စာပေပညာ၊ အတွေးအခေါ်ပိုင်း၊ ထူးကဲသည့် ယဉ်ကျေးမှုနှင့် နည်းပညာ အစရှိသည်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ သူတို့က သူတို့၏ သေမျိုးရောင်းရင်းများအတွက်လည်း ဉာဏ်ပညာကို ပို့ချကာ စကြဝဠာ၏ ဆန်းကြယ်မှုများအကြောင်းကို သင်ကြားပေးခဲ့ကြသည်။
ထိုကိုယ်စားလှယ်များကို ပိုမိုအံ့အားသင့်သွားစေသည်က ထိုသေမျိုးလူမှုအဖွဲ့အစည်းသည် သဘာဝလွန်အဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်နိုင်ချေ ရှိသည့်အချက် ဖြစ်သည်။ ကမ္ဘာကြီးက စကားဖြင့် ဖော်မပြနိုင်လောက်အောင် ကျယ်ပြောလွန်းလှပြီး ကျင့်ကြံသူများက လူဦးရေ ဆယ်ရာခိုင်နှုန်းမျှသာ ရှိလေသည်။ အကယ်၍ ကျန်ရှိနေသည့် ၉၀ ရာခိုင်နှုန်း သေမျိုးများက ဤသို့ ထူးချွန်ပြောင်မြောက်သည့် လူမှုအဖွဲ့အစည်းကို ဖန်တီးနိုင်သရွေ့ အဆင့်နိမ့်ကျင့်ကြံသူများက အသုံးမဝင်ဖြစ်သွားကြလိမ့်မည်။
အားလုံးက အသေအချာ အာရုံစိုက်ထားကြ၏။ အောက်ခြေတန်းစားရှိ ကျင့်ကြံသူများသည် ကျင့်ကြံရေးလောက၏ နောက်ခံကျောရိုးဖြစ်ကြပြီး သူတို့က မိုင်တွင်း တူးဖော်ခြင်း၊ အပင် စိုက်ပျိုးခြင်းနှင့် အရင်းအမြစ်များအတွက် အမဲလိုက်ခြင်း အစရှိသည့် အလုပ်အများစုအတွက် တာဝန်ယူထားကြသည်။
သို့သော်လည်း သေမျိုးများကသာ ထိုအောက်ခြေတန်းစား ကျင့်ကြံသူများကို အစားထိုးပြီး ယင်ကဲ့သို့ အရာများကို အသုံးပြုလာနိုင်ပါက ကျင့်ကြံရေးလောကသည် သိသိသာသာ ပြောင်းလဲမှုများ တွေ့ကြုံခံစားရလိမ့်မည်။
ထိုကိုယ်စားလှယ်များ၏ အကြည့်က အာရုံစိုက်ထားရင်း ပိုမိုပြင်းထန်လာလေသည်။ သူတို့က လွန်ခဲ့သည့် နှစ်ထောင်ပိုင်းခန့်က တာအိုအခွင့်အလမ်းဂိုဏ်းသည် သေမျိုးများအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ပြီး ခရီးသွားလာရေး လွယ်ကူဖို့အတွက် ယာဉ်များစွာကိုပင် ဖန်တီးတည်ဆောက်ပေးခဲ့သည်။
သူတို့က ထိုနည်းလမ်းကို လိုက်လံအတုခိုးခဲ့သည်မှာ ကောင်းကင်တာအိုက ထိုခေတ်ကာလအတွင်း အလွန်ရက်ရောပြီး ကုသိုလ်အမြောက်အများ ပေးအပ်ခဲ့၍ ဖြစ်သည်။ သို့သော်လည်း သူတို့က အကျိုးအမြတ် မရရှိတော့သည်နှင့် အသုံးမဝင်သည့် ကိစ္စများကို ဆက်မလုပ်တော့ဘဲ ရပ်တန့်လိုက်ကြသည်။
အင်အားစုအများအပြားက ထိုယာဉ်များကို အရင်းအမြစ် ပြန်လည်အသုံးပြုဖို့အတွက်ပင် ဖျက်ဆီးပစ်လိုက်ကြပြီ ဖြစ်၏။
သို့သော်လည်း ယခုအခါ သူတို့က ထိုကိစ္စများကို လုပ်ဆောင်ရသည့် အစစ်အမှန် ရည်ရွယ်ချက်ကို သဘောပေါက်သွားသည့်အတွက် သူတို့၏ အပြုအမူများကို နောင်တရလာကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ခုံရုံးကို နှစ်သန်းချီကြာ စီစဉ်ခဲ့ပြီး အရေးသာမှုမြောက်များစွာ ရယူထားနိုင်ခဲ့သည်။
…………..
ငါတို့က ဘာလို့ လေးနေရာမြောက်မှာ ဖြစ်နေပါလိမ့်…
ရှုရှစ်က စာရင်းကို ကြည့်ကာ တွေးလိုက်မိသည်။ သူမက ခုံရုံး၏ အဓိကစကားဝိုင်းအကြောင်း ခန့်မှန်းမိလိုက်သည်။ သူမက ကျောင်းတော်အား တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်အတွင်း သေမျိုးများအပေါ် ဆက်ဆံသည့်ပုံစံကို လိုက်လံအတုခိုးဖို့ အကြံပြုခဲ့သည်။
တာအိုအခွင့်အလမ်းဂိုဏ်း၏ ပိုင်နက်က တခြားအင်အားစုများနှင့် မတူဘဲ အားမာန်တက်ကြွသည့် လေထုမျိုး ရှိနေကြောင်း သူမ၏ စွမ်းအားဖြင့် အာရုံခံစားမိခဲ့သည်။ ထိုလေထုက သူတို့ဂိုဏ်း၏ ချီကံကောင်းမှုအပေါ် မြောက်များစွာ အကျိုးသက်ရောက်မှု ရှိစေသည်။ ထိုသုံးသပ်ချက်အရ သူမသည် သူတို့၏ အောင်မြင်မှုကို လိုက်လံအတုခိုးဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
ကံဆိုးစွာဖြင့် သူမက နှစ်သုံးရာကြာ နောက်ကျနေခဲ့ပြီး ဂိုဏ်း၏ နှစ်ထောင်ချီ သမိုင်းကြောင်းကို ချက်ချင်း လိုက်မမှီခဲ့ပေ။ ထိုသို့ဆိုလျှင်ပင် သူမက ဤအစည်းအဝေးအတွင်း ဒုတိယမြောက်ဖြစ်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် သူမက မှားယွင်းသွားခဲ့၏။
မဟာကျင်းတိုင်းပြည်ကိုတော့ တစ်ခါမှ မကြားဖူးသေးဘူး…
သူမက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ သူမက အဖွဲ့တချို့သည် နေရာအလိုက် ရှိနေသည့်အချက်ကို ကောက်ချက်ချထားပြီးသား ဖြစ်၏။ ကောင်းကင်သစ်ပင်ရွာသည် ဤမျိုးဆက်အတွင်းမှ မြင့်တက်လာသည့် အထွတ်အထိပ်ကုန်းမြေအသစ် တစ်ခု ဖြစ်၏။ သူတို့က ရိုးရှင်းသည့် သေမျိုးဘဝတွင် နေထိုင်ခြင်းဖြင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးမှုအပေါ် အာရုံစိုက်ထားကြသည်။
တည်ရှိမှုက တိုတောင်းလှသေးသော်လည်း အင်အားစုအများစုက သူတို့အကြောင်းကို သိထားကြ၏။ ပြောရလျှင် ကောင်းကင်ဧကရာဇ်က ခုံရုံးကို ထိုရွာတွင် ပြုစုပျိုးထောင်ထားသည့် လောကသစ်ပင်ထိပ်တွင် တည်ဆောက်ထားခြင်း မဟုတ်ပါလော။
ထို့အပြင် ဧကရာဇ်က ရွာတွင် ပုံရိပ်ယောင်တစ်ခုလည်း ချန်ထားပေးခဲ့သည်။
အရေးပေါ်အနေဖြင့် ပုံရိပ်ယောင်သည် ကာကွယ်မှုအဖြစ် ထမ်းဆောင်နိုင်လိမ့်မည်။ လူများစွာက ထိုပုံရိပ်ယောင်သည် လိုအပ်လာသည့်အခါ တကယ့်သစ်ပင်၏ စွမ်းအားကို ငှားယူနိုင်လိမ့်မည်ဟု ယုံကြည်ထားကြ၏။
ဧကရာဇ်မျိုးနွယ်အများစု၏ သုံးသပ်ချက်အရ ထိုရွာသည် ကောင်းကင်ဧကရာဇ်နှင့် ကံဆက်နွယ်မှု အမြောက်အများရှိနေသည့်အတွက် သူတို့ကို ရန်သူအဖြစ် မလုပ်ဆောင်ဖို့ရာ သတ်မှတ်ထားကြသည်။
တိမျိုးနွယ်က သေမျိုးများနှင့် မကြာခဏ ဖြေရှင်းရပြီး မိစ္ဆာကျင့်ကြံသူများမှ ကာကွယ်ပေးထားသည့်အတွက် သူတို့၏ အဆင့်က အဓိပ္ပာယ်ရှိပေသည်။ သူတို့၏ မျိုးနွယ်က အနောက်ပိုင်းကုန်းမြေရှိ ကာကွယ်သူများအဖြစ် သေမျိုးများအတွက် ကိစ္စကောင်းများစွာကို မကြာခဏ ပြုလုပ်ပေးလေ့ရှိ၏။
အနောက်ပိုင်းကောင်းချီးဂိုဏ်းက လတ်တလောလေးမှ တည်ထောင်ထားသော်လည်း အနောက်ပိုင်းကုန်းမြေ၏ ဖရိုဖရဲအချိန်အတွင်း သေမျိုးမြောက်များစွာကို ကယ်တင်ပေးနိုင်ခဲ့သည်။
ထို့အပြင် သူတို့က တိမျိုးနွယ်က ကာကွယ်ပေးထားသည့် သေမျိုးများစွာကိုပင် ရရှိလိုက်၏။ နောက်ဆုံးအနေဖြင့် ကရုဏာကို အလေးထားသည့် ဗုဒ္ဓဘာသာဂိုဏ်း တစ်ခုအနေဖြင့် သူတို့က လူများကို လေးလေးစားစား ဆက်ဆံပေးကြသည်။
ဓာတ်ငါးပါးမျှခြေညီ နန်းဆောင်နှင့် ထိုက်ယီနက်နဲမုခ်တို့က အသင်္ချေအင်ပါယာကမ္ဘာ၏ အကြီးမားဆုံး ဘာသာရေးဖြစ်သည့် တာအိုဘာသာ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့က ယုံကြည်သူအမြောက်အများနှင့် ကိုးကွယ်သူအမြောက်အများ ရှိထားကြ၏။ ထို့ကြောင့် သူတို့သည် သူတို့၏ လွှမ်းမိုးမှုအောက်ရှိနေသည့် သေမျိုးများကို ဂရုတစိုက်ဆက်ဆံပေးသည့်အတွက် သူတို့၏ ဂုဏ်သတင်းက မြင့်မားကာ ချီကံကောင်းမှုကို တိုးမြင့်လာစေသည်။
ထာဝရအိပ်မက်ဂိုဏ်းကမူ တာအိုအခွင့်အလမ်းဂိုဏ်းမှ သတင်းအချက်အလက်တချို့ ရရှိထားဟန် ပေါ်၏။ ထို့ကြောင့် သူတို့က အကျိုးအမြတ် မရရှိတော့သည်နှင့် တခြားဂိုဏ်းများကဲ့သို့ သေမျိုးများကို လျစ်လျူရှုထားခြင်း မရှိပေ။
ယုမျိုးနွယ်က စာရင်းအတွင်း မမြင့်မားရသည်မှာ သူတို့က ပိုင်နက်တစ်ခုသာ ထိန်းချုပ်ထား၍ ဖြစ်သည်။ သူတို့၏ ဂုဏ်သတင်းက သိပ်မမြင့်မားလှပေ။
ထုံရို့ပင်းက တာအိုအခွင့်အလမ်းဂိုဏ်းက တစ်စုံတစ်ခု စီစဉ်နေတယ်ဆိုတာကို ခံစားမိတော့ ဒီသေမျိုးတွေကို အပြည့်အဝ စွန့်ပယ်ထားမှာတော့ မဟုတ်ဘူး…
အဲဒါကြောင့် သူမက စောင့်ဆိုင်းဖို့ ရွေးချယ်ပြီးတော့ ဆက်လက်ထောက်ပံ့ပေးခဲ့တာပဲ…
ရှုရှစ်က သုံးသပ်လိုက်သည်။
သူမက သူမ၏ အကျင့်စရိုက်ဖြင့် အဆင့်စာရင်းတွင် အဘယ်ကြောင့် မမြင့်မားနေရသည့်အချက်ကို ရှင်းပြပြီးသား ဖြစ်သွားလေသည်။
မဟာကျင်းတိုင်းပြည်ကလွဲရင် အရာအားလုံးက အဓိပ္ပာယ်တော့ ရှိတယ်…
လူများစွာကလည်း ရှုရှစ်နှင့် မေးခွန်းအတူတူ ရှိနေကြသော်လည်း ယခုအခါ မေးဖို့ရာ အချိန်ကောင်းမဟုတ်ကြောင်း သိလေသည်။ ပြောရလျှင် ကောင်းကင်ဧကရာဇ်၏ စကားက အဆုံးမသတ်သေးပေ။ အားလုံးက သူ ပေးထားသည့် သတင်းအချက်အလက်ကို နားလည်အောင် ကြိုးစားနေစဉ် သူက ဆက်ပြောလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းက မင်းတို့တွေ လိုက်နာကျင့်သုံးရမဲ့ စံနှုန်းတစ်ခု ဖြစ်လာလိမ့်မယ်”
လူများစွာက ထိုအရာကို ကြားကာ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်ကြပြီး တုံ့ဆိုင်းသည့် အငွေ့အသက်မျိုး ထုတ်လွှတ်လာကြသည်။
ဝမ်ဝေ့က သူတို့၏ စိတ်ပူရသည့် အဓိကအရင်းအမြစ်ကို သိလိုက်သည်။ ထိုအရာက အရင်းအမြစ် ဖြစ်၏။
တာအိုအခွင့်အလမ်းဂိုဏ်းမှ ပြုစုပျိုးထောင်ထားသည့် လူမှုအဖွဲ့အစည်းကို ဖန်တီးဖို့ရာအတွက် အဓိကအရာနှစ်ခု လိုအပ်ပေသည်။ အစားအစာနှင့် ယာဉ်များအတွက် အရင်းအမြစ် ဖြစ်၏။ အစားအစာ ပြဿနာကိုမူ အတူတကွ အလုပ်တွဲလုပ်ပြီးသည့်နောက်တွင် ဖြေရှင်းနိုင်သည်။ သို့သော်လည်း ယာဉ်များကမူ နောက်ထပ်ပြဿနာတစ်ခု ဖြစ်၏။
ဒီကမ္ဘာကြီးက ကျယ်ပြောလွန်းတယ်…
ဝမ်ဝေ့၏ တွက်ဆထားမှုအရ ကမ္ဘာ၏ အကြီးဆုံးပိုင်နက်သည် ကမ္ဘာမြေပေါ်ရှိ စကြဝဠာထက်ပင် ၅၇၆ ဆ ကြီးမားလေ၏။ ထိုအရာက ပိုင်နက်တစ်ခုမျှသာ ရှိသေးသည်။ သေမျိုးတစ်ယောက်က မည်သည့်ပိုင်နက်အတွင်း မွေးဖွားစေကာမူ သူတို့က တစ်ဘဝလုံး ထိုနယ်မြေမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ ပို၍ဆိုးရွားသည်က သူတို့၏ ဘိုးဘေးမျိုးဆက် သန်းချီကပင် ဤနေရာတွင် နေထိုင်ကာ ဤနေရာတွင်ပင် သေဆုံးသွားကြရသည်။
ကျင့်ကြံရေးမြို့ တစ်ခုနှင့်တစ်ခုကြား ကွာဟချက်က အလင်းနှစ် အကွာအဝေးအဖြစ် သတ်မှတ်လို့ ရသည်။ ထိုစဉ် သေမျိုးတိုင်းပြည်တွင် ရှိနေသည့် သေမျိုးမြို့ကြားမှ အကွာအဝေးက ကမ္ဘာမြေအဝန်းလောက် ကြီးမားသည်။
အကယ်၍ မိုးမြေကြားတွင် ပေါက်ဖွားလာသည့် မြင်းကဲ့သို့ တိရစ္ဆာန်များကြောင့်သာ မဟုတ်လျှင် သေမျိုးတိုင်းပြည်အတွင်း ကူးသန်းသွားလာရေးက အိပ်မက်ဆိုးတစ်ခု ဖြစ်နေလိမ့်မည်။
ကျယ်ပြန့်လွန်းသည့် အကွာအဝေးဖြင့် သေမျိုးများသည် အကွာအဝေးတစ်ခုကို သွားလာဖို့အတွက် လေဟာနယ်ကို ချိုးဖောက်နိုင်ခွင့်ပြုထားသည့် အနည်းဆုံး ကောင်းကင်အဆင့် လိုအပ်သည်။ သို့သော်လည်း ကောင်းကင်အဆင့်အရင်းအမြစ်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများနှင့် စည်းမျဉ်းစွမ်းအားများ ပါဝင်နေလေ၏။
ဤသို့သော အရင်းအမြစ်များက ဧကရာဇ်မျိုးနွယ်တွင်ပင် အဖိုးတန်လှသည့်အတွက် သူတို့က သေမျိုးများကို ပျိုးထောင်ဖို့ ထိုအရာကို မည်သို့အသုံးပြုနိုင်မည်နည်း။ မိုးမြေဆီမှ ဆုချီးမြှင့်မှု ရှိလျှင်ပင် အကျိုးမြတ်က မထိုက်တန်လှပေ။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် မျိုးစေ့တစ်ခုထွက်ပေါ်လာသည်။
“ဒါက ကံကြမ္မာကောင်း မျိုးစေ့ပဲ။ ဒါကို စိုက်ပြီးသွားရင် မိုးမြေကြားက ဝိညာဉ်ချီကို စုပ်ယူပြီးတော့ ကြီးထွားနှုန်းကို အရှိန်မြှင့်နိုင်တယ်။ ပြီးတော့ ဒါက ဆန်စပါး၊ သစ်သီးအစရှိတဲ့ အပင်အမျိုးမျိုးအနေနဲ့လည်း ပြောင်းလဲနိုင်အောင် လုပ်ထားတယ်။
ဒီအရာနဲ့ဆိုရင် အစားအစာပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ မင်းတို့ ဂရုစိုက်ရမဲ့အရာက တိရစ္ဆာန်တွေ အပင်တွေ ဖျက်ဆီးပစ်တာကို တားဆီးပြီးတော့ ကပ်ဘေးတို့၊ ပိုးမွှားတို့ရန်ကနေလည်း တားဆီးရမယ်”
အားလုံးက ထိုဆန်အတွက် နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကို မြင်လိုက်၍ အကြည့်များ တောက်ပလာကြသည်။ ခန္ဓာကိုယ်လေ့ကျင့်ရေး ကျင့်ကြံသူများကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်၏။ ထိုကံကြမ္မာကောင်းမျိုးစေ့မှ ပျိုးထောင်ထားသည့် ထုတ်ကုန်များသည် ဝိညာဉ်စွမ်းအား အရိပ်အမြွက် ပါဝင်နေပြီဖြစ်သည့်အတွက် ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့်တွင် အသုံးပြုနိုင်သည်။ သူတို့က အဆင့်နိမ့် ဆေးလုံးများအစား အစားထိုးအသုံးပြုနိုင်လေ၏။
နောက်ဆုံးတွင် သူတို့သာ မျိုးစေ့မှ ကံကြမ္မာကောင်း စွမ်းအားတချို့ကိုသာ ရယူနိုင်ခဲ့လျှင် သူတို့၏ ကောင်းကင်ရွေးချယ်ခံများအတွက် အခြေခံအုတ်မြစ်ကို ချထားဖို့ ပြီးပြည့်စုံသည့် စွမ်းအားတစ်ခု ဖြစ်လာလိမ့်မည်။
ဝမ်ဝေ့က သူတို့တွေးနေသည့် အရာများကို သိသော်လည်း ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။
“ကူးသန်းသွားလာရေး ပြဿနာအတွက်တော့ ဖြေရှင်းနည်းတစ်ခု ရှိတယ်”
သူက လက်ဝှေ့လိုက်ကာ သီးသန့်ဒိုင်မေးရှင်းတစ်ခုကို ထုတ်ပြလိုက်သည်။
“ဒါက တာအိုအခွင့်အလမ်းဂိုဏ်းကနေ ဖန်တီးထားပြီးတော့ သေမျိုးတွေအတွက် ကူးသန်းသွားလာရေးမှာ အသုံးပြုနိုင်တဲ့ နေရာလွတ်တစ်ခုပဲ။ ငါတို့သေမျိုးတွေက ဒီနေရာလွတ်ကို ထိန်းချုပ်ပြီးတော့ သူတို့ ကောင်းကင်အဆင့်အရင်းအမြစ်ကို မသုံးပဲနဲ့ အလှမ်ဝေးတဲ့ နေရာတွေကို သွားလာနိုင်လိမ့်မယ်။
မင်းတို့ရဲ့ တာဝန်က ဒီလိုမျိုး တူညီတဲ့ နေရာလွတ်မျိုးကို ဖန်တီးပြီး သူတို့ကို ဆက်နွယ်ပေးဖို့ပဲ။ ဒီနေရာလွတ်က သေမျိုးတွေရဲ့ အပိုင်ဆိုတာကို ကျင့်ကြံသူတွေက ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး”
တကယ်ကို နည်းလမ်းကောင်းပဲ…
လူများစွာက တွေးလိုက်ကြသည်။
ထို့နောက်တွင် သူတို့က ထပ်မံ တွေးလိုက်ကြပြန်သည်။
ငါက ဘာလို့ ဒီလိုမတွေးခဲ့မိပါလိမ့်…
“နောက်ဆုံးတစ်ခုက” ဝမ်ဝေ့က စာရင်း၏ အလယ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဒီစာရင်းက ကုသိုလ်ရမှတ်တွေကို ဆုံးဖြတ်ဖို့ ငါ ဖန်တီးထားတာ မဟုတ်ဘူး”
လူများစွာက ထိုစကားနောက်ကွယ်မှ ရှုပ်ထွေးမှုကို သဘောပေါက်သွားသည့်အခါ မျက်မှောင်ကြုတ်လိုက်ကြ၏။
“ကောင်းကင်တာအိုက ဒီစာရင်းကို တာဝန်ယူထားပြီးတော့ ကုသိုလ်ရမှတ်တွေကို ခွဲဝေပေးထားတာ။ ဒါက လိုအပ်ချက်များစွာအပေါ်မှာ အခြေခံထားတယ်။ အထူးသဖြင့် သေမျိုးတွေရဲ့ နေထိုင်မှုဘဝပေါ့။ တခြားနည်းလမ်းဖြင့် ပြောရမယ်ဆိုရင် မင်းတို့ ပိုင်နက်အတွင်းမှာရှိတဲ့ သေမျိုးတွေရဲ့ ဘဝက ဖွံ့ဖြိုးတိုးတက်လာလေလေ မင်းတို့ ရရှိမဲ့ ကုသိုလ်ရမှတ်က ပိုပြီးတော့ များပြားလေလေပဲ”
သူတို့က ခန့်မှန်းမိသည့်အတွက် ဘာမှမပြောကြပေ။
“အဲဒီကုသိုလ်ရမှတ်တွေက ဘာအတွက်လဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
“ဒါပေါ့။ ဒါက အလဲအလှယ် လုပ်ဖို့အတွက် ငွေကြေးဆိုင်ရာ ပုံစံတစ်ခုပဲ”
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် နောက်ထပ် စာရင်းတစ်ခုကို ထုတ်ပြလာခဲ့သည်။
လူများစွာက စာရင်း၏ ပထမဆုံးအရာသည် မဟာတာအိုအရင်းအမြစ် မျိုးစေ့ဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ အသက်ရှူနှုန်း မြန်ဆန်လာကြ၏။
ထို့နောက်တွင် မသေမျိုးနန်းဆောင် ရှိနေသည်။
“အခု ကောင်းကင်တာအိုက ကမ္ဘာ့အရင်းအမြစ် အမြောက်အများရှိပြီဆိုတော့ ကမ္ဘာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ နည်းလမ်းအသစ်တစ်ခု လိုအပ်လာပြီ။ အဲဒါကြောင့် ဒီစာရင်း ထွက်ပေါ်လာတာပဲ။
မင်းတို့တွေ မြင်တဲ့အတိုင်း ကုသိုလ်ရမှတ်လုံလုံလောက်လောက်ရှိမယ်ဆိုရင် ကောင်းကင်တာအိုဆီကနေ တာအိုအရင်းအမြစ်မျိုးစေ့နဲ့ မသေမျိုးနန်းဆောင်ကို တိုက်ရိုက်လဲလှယ်နိုင်ပြီးတော့ မင်းတို့အင်အားစုတွေအတွက် မသေမျိုးတွေကို ပြုစုပျိုးထောင်ပေးနိုင်တယ်”