← Chapters

တာအိုဆွေးနွေးခြင်း

Vol. 66 Ch. 921

တာအိုဆွေးနွေးခြင်း

Vol. 66 Ch. 921

ဝမ်ဝေ့က အဖွဲ့ကို ခုံရုံး၏ ဥယျာဉ်အတွင်း ဦးဆောင်ခေါ်လာသည်။ ထိုနေရာတွင် စက်ဝိုင်းပုံသဏ္ဌာန်ဖွဲ့စည်းထားသည့် ထိုင်ခုံငါးခု ရှိနေလေ၏။ အားလုံးက တင်ပျဉ်ခွေကာ ထိုင်လိုက်ကြပြီး ဝမ်ဝေ့က အဖန်ရည်ဖြင့် ဧည့်ခံလာခဲ့သည်။

“မင်းတို့ကို ခေါ်လိုက်ရတာက အကြောင်းအရင်း နှစ်ခုကြောင့်ပဲ။ ပထမဦးဆုံး မင်းတို့ဆီက ပစ္စည်းတစ်ခုချင်းစီနဲ့ အလဲအလှယ်လုပ်ချင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“အရှင့်အတွက် ဘာကိုများ ပေးရမှာပါလဲ” ရှုရှစ်က မေးလိုက်သည်။

“ကမ္ဘာဦးစွမ်းအား၊ အသန့်စင်ဆုံး ဗုဒ္ဓအလင်း၊ ဟွင်သွမ်းစွမ်းအားနဲ့ သွေးမျိုးဆက် ပြီးတော့ အထွတ်အထိပ်သားရဲငါးကောင် သွေးမျိုးဆက်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“အပြန်အလှန်အနေနဲ့ မင်းတို့ကို ခွန်အား သွေးကြောဆေးလုံး၊ သန့်စင်ဝိညာဉ်စွမ်းအားနဲ့ ကုသိုလ်ရမှတ်တွေကို ပေးမယ်”

အားလုံးက ခေတ္တမျှ စဉ်းစားလိုက်ကြသည်။ ထိုပစ္စည်းများက အဖိုးတန်သော်လည်း ကောင်းကင်ဧကရာဇ်နှင့် ရန်သူဖြစ်ဖို့ရာအတွက် မထိုက်တန်ပေ။ ထို့အပြင် သူက အပြန်အလှန် မရှိဘဲ တောင်းဆိုနေခြင်း မဟုတ်ပေ။ ထို့အပြင် သူက အတင်းအကြပ် ရယူလျှင်ပင် သူတို့က အတူတကွ ပေါင်းစည်း၍ တားဆီးလျှင်ပင် ရပ်တန့်နိုင်မည် မဟုတ်ပေ။

“အရှင်က ဗုဒ္ဓဘာသာရဲ့ ကျေးဇူးရှင်ဆိုတော့ ဒီကိုယ်တော်က အလဲအလှယ် လုပ်ဖို့ ပြဿနာမရှိပါဘူး” ဖုန်းဟွမ်က ပြောလိုက်သည်။

“တန်ကြေးက အဆင်ပြေတယ်ဆိုရင် အလဲအလှယ်လုပ်ဖို့ ပြဿနာမရှိဘူး” အောင်းရှန်ကလည်း ပြောလိုက်သည်။ ဟွင်သွမ်းသွေးမျိုးဆက်က အဖိုးတန်သော်လည်း ဘယ်သူလိုချင်လဲဆိုသည့်အပေါ် မူတည်နေသည်။ တချို့သူများအတွက် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ အဆုံးသတ်တွင် အားလုံးက တန်ကြေးညှိနှိုင်းကာ သဘောတူလိုက်ကြ၏။

အဆုံးသတ်တွင် လေးခုအနက် အဖိုးတန်ဆုံးအရာက ရှုရှစ်၏ ကမ္ဘာဦးစွမ်းအား၊ ဟို့ဖုန်းဟွမ်၏ အထွတ်အထိပ် သားရဲငါးကောင် သွေးမျိုးဆက်နှင့် အောင်းရှန်၏ စွမ်းအားဖြစ်ကာ ဖုန်းဟွမ်က နောက်ဆုံးမှ လိုက်နေသည်။ သို့သော်လည်း အောင်းရှန်က သူ့ သွေးမျိုးဆက်နှင့် ဟွင်သွမ်းစွမ်းအားနှစ်ခုလုံးဖြင့် အလဲအလှယ်လုပ်ရသည့်အတွက် အကျိုးအမြတ်အများဆုံးသူ ဖြစ်၏။

ဝမ်ဝေ့က ရလဒ်နှင့် ပတ်သက်ကာ ကျေနပ်နေမိပြီး ထူးကဲသည့် စွမ်းအားရှိသည့် ခွန်အားသွေးကြောများကို ဖန်ဆင်းပေးလိုက်သည်။ ထို့အပြင် သူက ရာသီခွင် ၁၂ခုနည်းစနစ်ကို ဆင့်ကဲပြောင်းလဲပြီး ပင်ကိုနတ်ဆိုးနတ်ဘုရားများအပေါ် အခြေခံ၍ ထူးကဲသည့် ဆုံမှတ်စွမ်းရည်များကို ရရှိဖို့ ကြံစည်ထားသည်။

ထို့နောက် သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ရွှေရောင်သစ်ပင်ငယ်တစ်ခုကို ထုတ်ဖော်လာခဲ့၏။ အားလုံးက ထိုအရာသည် မိုးမြေကြားမှ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်သည့် ဗောဓိသစ်ပင်ဖြစ်ကြောင်း သိသွားသည့်အခါ အကြည့်များ တောက်ပလာကြသည်။

“ဒီဗောဓိသစ်ပင်က ကြီးထွားပြီး ဖွံဖြိုးလာဖို့အတွက် ဗုဒ္ဓဘာသာရဲ့ စည်းချက်တွေ လိုအပ်တယ်” ဝမ်ဝေ့က ခေါင်းယမ်းကာ ပြောလိုက်သည်။ သူက သူ့ဘာသာသူ ပြုစုပျိုးထောင်ဖို့ ကြိုးစားခဲ့သော်လည်း ထိုနည်းလမ်းက နှေးကွေးလွန်းသည့်အတွက် လက်လျှော့လိုက်ရသည်။ ကံကြမ္မာလွှမ်းမိုးရေးရုပ်ခန္ဓာမှ မြှင့်တင်ပေးထားသည့် သူ့နားလည်နိုင်စွမ်းသည် လက်ရှိ ဗောဓိသစ်ပင် အဆင့်ကြောင့် တိုးတက်လာနိုင်ခြင်း မရှိပေ။

“ဒီသစ်ပင်ကို မင်းရဲ့ ဗုဒ္ဓဂိုဏ်းဆီကို ငှားလိုက်မယ်။ ကူပြီးတော့ ပြုစုပျိုးထောင်ပေး” ဝမ်ဝေ့က ဖုန်းဟွမ်ဆီ ပေးကာ ပြောလိုက်သည်။ ဖုန်းဟွမ်က သစ်ပင်ကို လက်ခံပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာခဲ့၏။

သူ့အနောက်ပိုင်းကောင်းချီးဂိုဏ်းတွင် ဗောဓိသစ်ပင်တစ်ပင်ရှိထားပြီး ယခုသစ်ပင်ထက်ပင် ပိုကြီးထွားနေပြီ ဖြစ်၏။ သစ်ပင်က အနောက်ပိုင်းကောင်းချီးသန့်စင်ကုန်းမြေ၏ ဗဟိုချက် ဖြစ်ခဲ့သည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ဗုဒ္ဓဘာသာ၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

ဖုန်းဟွမ်က သူ့ဆီ ရှိထားပြီးသား သစ်ပင်အနား ဒုတိယသစ်ပင် စိုက်ပျိုးခြင်း၏ အကျိုးအမြတ်ကို ခန့်မှန်းမိသည်။ သူက ထိုသစ်ပင်နှစ်ခုကြားမှ သဟဇာတဖြစ်မှုကို အသုံးပြုကာ တတိယဗောဓိမျိုးစေ့ကို ဖွဲ့စည်းပြီး သူ့ကိုယ်ပိုင်သစ်ပင်ကို စိုက်ပျိုးနိုင်လိမ့်မည်။

“ဒီကိုယ်တော်က အရှင့်အတွက် အရာအားလုံးကို ဂရုစိုက်လိုက်ပါ့မယ်” ဖုန်းဟွမ်က တခြားသူများ၏ အားကျနေသော အကြည့်များကို လျစ်လျူရှုထားလိုက်သည်။

“မင်းကို ယုံတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ဒီ‌တွေ့ဆုံပွဲရဲ့ အကြောင်းအရင်းက တာအို ဆွေးနွေးဖို့ပဲ။ ငါတို့ရဲ့ တာအိုနားလည်နိုင်စွမ်းတွေကို အချင်းချင်း မျှဝေပေးချင်တယ်”

ရှုရှစ်နှင့် ဖုန်းဟွမ်တို့က ထိုအရာသည် အတွေးကောင်းဟု ခံစားမိကြသော်လည်း အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့က သံသယ ရှိနေကြသည်။

“မဟာတာအိုအရင်းအမြစ်နဲ့ ကောင်းကင်စည်းမျဉ်းကြားက ကွာဟချက်ကို စိတ်ဝင်စားတယ်။ ငါတို့တွေ နှိုင်းယှဉ်ပြီးတော့ သင်ယူလို့ရမယ်လို့ ထင်တယ်။ ပြီးတော့ မင်းတို့တွေက ဧကရာဇ်လမ်းစဉ်ကို လျှောက်လှမ်းချင်တယ်ဆိုတာကို သိတယ်။ အဲဒါဆိုတော့ ဒီဆွေးနွေးမှုက မင်းတို့ရဲ့ အနာဂတ် တိုးတက်မှုအတွက်လည်း အထောက်အကူ ဖြစ်မှာပါ”

ကောင်းကင်ဧကရာဇ်၏ စကားများက အဓိပ္ပာယ်ရှိသည့်အတွက် သူတို့က သဘောတူလိုက်ကြသည်။

“ဘယ်သူအရင်သွားမလဲ” ဝမ်ဝေ့က ပြောလိုက်စဉ် မည်သူကမှ ချက်ချင်းပြန်မဖြေကြပေ။

“ကျွန်မ အရင်ပြောမယ်” ရှုရှစ်က တိတ်ဆိတ်နေမှုသည် တဖြည်းဖြည်း နေရခက်သည့် အနေအထားသို့ ချဉ်းကပ်လာသည်ကို ခံစားမိကာ ပြောလိုက်၏။ သူမက မစတင်ခင် စိတ်ကို စုစည်းကာ ပြောလိုက်သည်။

“အချိန်ဆိုတာ ဘာလဲ။ အတိတ်ကနေ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်ကနေ အနာဂတ်ဖြစ်ရပ်တွေကို ပြသမှုတစ်ခုလား။ အမှုန်လေးတွေရဲ့ ရွေ့လျားမှုတစ်ခုလား။ အချိန်ဆိုတာက တစ်သတ်မှတ်တည်းဖြစ်နေတာလား။ ဒါမှမဟုတ်ဘူးဆိုရင် ဒီလိုမျိုး တွေ့ကြုံခံစားရဖို့ အတင်းအကြပ်ဖိအားပေးခံထားရတာလား”

ရှုရှစ်၏ ဟောပြောပို့ချချက်က သူမ၏ အချိန်နားလည်နိုင်စွမ်းမှ စတင်ခဲ့ပြီး အချိန်၊ ကံ၊ သေခြင်းရှင်ခြင်းနှင့် ဟွင်သွမ်းကြားမှ ဆက်ဆံရေးအကြောင်းများကို ပြောပြခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ထွက်ပေါ်နေပြီး တခြားသူများက နားလည်စေဖို့ မျက်လုံးအသာမှိတ်ထားလိုက်ကြသည်။ သူမ၏ ဟောပြောပို့ချချက်က ကိုးနှစ်တာ ကြာမြင့်ခဲ့၏။

ထို့နောက် ဖုန်းဟွမ်၏ အလှည့်သို့ ကျရောက်လာခဲ့သည်။ သူ့ဟောပြောပို့ချချက်က ယင်ယန်မှ စတင်ပြီး အချိန်အဖြစ် ကူးပြောင်းသွားကာ အကြွင်းမဲ့ စတင်ခြင်းနှင့် အဆုံးသတ်ခြင်းများ ပါဝင်နေသည်။ ထို့နောက် တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ၏ သဘောတရားများ ပါဝင်နေသည့် အတွက် ကျန်လူများ၏ စိတ်နှင့် ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းအပေါ် အကျိုးကျေးဇူး ဖြစ်လာစေသည်။ သူသည်လည်း ဆွေးနွေးမှု အဆုံးမသတ်ခင် ကိုးနှစ်တာ ကြာမြင့်ခဲ့သည်။

ဖုန်းဟွမ်အပြီးတွင် ယွမ်ထီတစ်ယောက်၏ အလှည့်ကျရောက်လာခဲ့သည်။ အောင်းရှန်က အရင်ဦးဆုံး လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်၏။ သူက ဟွင်သွမ်း ကောင်းကင်စည်းမျဉ်းအပေါ် နားလည်မှုမှ ထူးကဲမှုကို ပြသခဲ့သည်။

ကောင်းကင်စည်းမျဉ်းက မဟာတာအိုအရင်းအမြစ်လောက် ကြီးကျယ်မှုမျိုး မရှိပေ။ သို့သော်လည်း အသုံးပြုမှုနှင့် လုပ်ဆောင်ချက်များက သင်ယူဖို့ ထိုက်တန်လေ၏။ အစစ်အမှန်ကောင်းကင်တာအိုက ကောင်းကင်စည်းမျဉ်းအားလုံးကို အားဖြည့်ပေးထားသည့်အတွက် ထိုအရာတွင် မိုးမြေ၏ လျှို့ဝှက်ချက်တချို့ ကိန်းအောင်းနေသည်။

ဝမ်ဝေ့၊ ရှုရှစ်နှင့် ဖုန်းဟွမ်တို့က သူတို့၏ တာအိုဆန္ဒကို အစစ်အမှန် ကောင်းကင်တာအိုက ကောင်းကင်စည်းမျဉ်းများအပေါ် အားဖြည့်ပုံကို အတုခိုးရင်းဖြင့် အကျိုးအမြတ်ရရှိလိုက်သည်။ နောက်ဆုံးတွင် ကောင်းကင်စည်းမျဉ်းက သွေးမျိုးဆက်၏ လျှို့ဝှက်ချက်များ ပါဝင်နေဟန်ပေါ်၏။

ဝမ်ဝေ့က အောင်းရှန်၏ ဟောပြောပို့ချမှုအပြီးတွင် မျက်လုံးဖွင့်လာသည်။

ငါ သိပြီ … ဧကရာဇ်လမ်းစဉ်က စည်းမျဉ်းတွေကို နားလည်အောင်လုပ်တာကနေ မသေမျိုးဖြစ်လာတာ။ တာအိုလမ်းစဉ်ကတော့ သူတို့ကိုယ်သူတို့ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲလိုက်တာ။ အင်မော်တယ်လမ်းစဉ်က စွမ်းအားကို အသုံးပြုပေမဲ့ ယွမ်ထီတွေကကျတော့ သွေးမျိုးဆက်တွေကတဆင့် မသေမျိုးဘဝကို ရယူနိုင်တယ်…

တကယ်လို့ ဝိညာဉ်လမ်းစဉ်ကိုသာ အသုံးပြုမယ်ဆိုရင် သူတို့က ဝိညာဉ်ကတဆင့် မသေမျိုးဘဝကို ရယူနိုင်မှာပေါ့။ အဲဒါဆိုရင် ခွန်အားအစစ်အမှန်တာအိုကရော ခန္ဓာကိုယ်ကနေတဆင့် ရယူတာလား…

ဝမ်ဝေ့က မိုးမြေအပေါ် သူ့နားလည်နိုင်စွမ်းသည် ပိုမိုနက်ရှိုင်းလာကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် သူက မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း(၁၂)မျိုးကို ပြုပြင်ပြောင်းလဲဖို့ ယုံကြည်ချက် ရှိလာသည်။

ဟို့ဖုန်းဟွမ် အလှည့်ကျရောက်လာခဲ့၏။ သူမ၏ ကောင်းကင်စည်းမျဉ်းငါးခုလုံးအကြောင်း ဟောပြောပို့ချခဲ့၏။ အောင်းရှန်က ကောင်းကင်ဆန္ဒအားဖြည့်မှုအပေါ် အလေးထားဟောပြောခဲ့သောကြောင့် သူမက ယွမ်ထီကဏ္ဍအတွင်း သွေးမျိုးဆက်အပေါ် ပို၍ အလေးထားကာ ဟောပြောခဲ့သည်။ ၉နှစ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အလှည့်သို့ ကျရောက်လာခဲ့၏။

ဝမ်ဝေ့၏ ဟောပြောပို့ချချက်က ရှုရှစ်ထက် ပိုမိုလွှမ်းခြုံမိလေသည်။ ပြောရလျှင် သူ့တာအိုက စွယ်စုံသုံးနိုင်ပြီး ရှုရှစ်၊ ဖုန်းဟွမ်နှင့် ဟို့ဖုန်းဟွမ်တို့ တူညီချက်ရှိသည့် အချိန်နှင့် ယင်ယန်သဘောတရား ပါဝင်နေသည်။

၉နှစ်တာကြာမြင့်ပြီးသည့်နောက်တွင် အားလုံးက တိုတောင်းလွန်းသလို ခံစားလိုက်ရ၏။

“ဒီကိုယ်တော်က ဒကာ၊ ဒကာမတွေဆီကနေ အကျိုးအမြတ်အများကြီး ရလိုက်ပါတယ်။ ဒီလိုဆက်သွယ်ပြောဆိုတာက ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်တစ်ခုပဲ” ဖုန်းဟွမ်က ပြောလိုက်သည်။

“ဟုတ်တယ်။ ဒီစကားကို သဘောတူတယ်။ ငါတို့တွေ မကြာခဏ လုပ်သင့်တယ်” ဝမ်ဝေ့နှင့် တခြားသူများက ခေါင်းညိတ်လိုက်ကြ၏။

“အော်မိသောဖော” ဖုန်းဟွမ်က နည်းနည်းလေးမှ မျက်နှာပူခြင်း မရှိပေ။

“နောက်ထပ် အစည်းအဝေးကျရင် မင်းတို့အားလုံးက တိုးတက်လာလောက်ပြီဆိုတော့ အဲဒီအခါကျမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့” ဝမ်ဝေ့က အားလုံးကို ပြန်လွှတ်လိုက်၏။ သို့သော်လည်း ရှုရှစ်က သီးသန့်စကားပြောစရာရှိ၍ နေခဲ့လေသည်။

“ကျွန်မက ကိစ္စနှစ်ခု ပြောစရာရှိလို့ပါ” ရှုရှစ်က ပြောလိုက်သည်။

“ပထမတစ်ခုက တာအိုသင်္ချိုင်းမြေ ဝင်စီးနင်းမဲ့ ကိစ္စမှာ ကျွန်မ ပါဝင်လို့ရမလား”

“တစိတ်လောက်”

“ကျွန်မက အနာဂတ်ကို ကြည့်ပြီးတော့ ဖြစ်နိုင်ချေအများကြီးကို သိပြီးသွားပြီ။ ကျွန်မရဲ့ တွက်ချက်ထားမှုအရ ရှင်က တာအိုသင်္ချိုင်းမြေကို တိုက်ခိုက်ပြီး ပွဲတော်ကြီး ဖြစ်လာလိမ့်မယ်”

ဝမ်ဝေ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ရယ်မောလိုက်သည်။

“မင်း ပြောတာမှန်တယ်။ ဒါပေမဲ့ ဒါက ငါနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ပွဲတော်ကြီးလေ”

“ညှိနှိုင်းလို့ မရတော့ဘူးလား”

“မရဘူး” ဝမ်ဝေ့က တာအိုသင်္ချိုင်းမြေကို ဖျက်ဆီးခြင်း၏ အကျိုးအမြတ်ကို သိထားသည့်အတွက် တခြားသူကို မည်သို့ပါဝင်ခွင့်ပြုမည်နည်း။

“ကောင်းပြီလေ။ ကျွန်မလည်း သိပ်များများစားစား မျှော်လင့်မထားပါဘူး” ရှုရှစ်က ပြောလိုက်ပြီး လောကီရေးရာနှင့် မသက်ဆိုင်သလိုမျိုး ‌ကြော့ရှင်းသည့် အလှတရားကို ထုတ်လွှတ်လာခဲ့သည်။

“နောက်ထပ် ဘာတောင်းဆိုစရာ ရှိသေးလို့လဲ”

“ကျွန်မကို ကျောင်းတော်ရဲ့ ၉ယောက်မြောက် ဧကရာဇ်အဖြစ် တရားဝင်ဖြစ်လာဖို့ ခွင့်ပြုချက်လိုချင်လို့ပါ”

“မင်းက ကျောင်းတော်ရဲ့ တရားဝင် ၉ယောက်မြောက် ဧကရာဇ်ဖြစ်လာဖို့ ကောင်းကင်တာအိုဆီက ခွင့်ပြုချက်ကို ကုသိုလ်နဲ့ လဲချင်တာလား”

“ဟုတ်ပါတယ်” ရှုရှစ်က ခေါင်းညိတ်လိုက်သည်။

“အဲဒါက မဆိုးဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒီလို လွယ်လွယ်ကူကူ သဘောတူတယ်လား”

“ငါက ဘာလို့ သဘောတူတယ်ဆိုတာကိုလည်း သိပါတယ်”

“ဒါပေါ့။ ကျွန်မလည်း မျှခြေညီ စက်ယန္တရားအကြောင်းကို သိထားတယ်လေ။ ကျောင်းတော်က ၉ယောက်မြောက် ဧကရာဇ်ရှိလာတယ်ဆိုတော့ ရှင့်အပေါ်က ဖိအားကို သိသိသာသာ လျော့ကျသွားစေမှာပဲ။ ဒါပေမဲ့ ရှင်က ဒီလိုလွယ်လွယ်ကူကူ သဘောတူလာလိမ်မယ်လို့တော့ ထင်မထားခဲ့မိဘူး”

“မင်း ပြောသလိုမျိုး ငါ့အတွက် အကျိုးရှိနေမှတော့ ဘာလို့သဘောမတူဘဲ နေရမှာလဲ။ ပြီးတော့ ငါတို့က မိတ်ဆွေတွေပဲလေ။ ဒီအခွင့်အရေးကို သုံးပြီးတော့ ငါတို့ရဲ့ ဆက်ဆံရေးကို မြှင့်တင်တာလည်း မဆိုးပါဘူး”

“ဒီလိုဆိုရင် အကျိုးအမြတ် တွက်ချက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ရှုရှစ်က ပြုံးလိုက်သည့်အချိန် ဥယျာဉ်ထဲမှ ပန်းပွင့်များပင် ရှက်သွေးဖြာသွားဟန်ပေါ်သည်။

ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်၏။

“လင်းဖန်ရဲ့ အသက်ပြန်သွင်းမှုရော ဘယ်လိုနေတုန်း”

“တည်ရှိမှုပြန်လည်တည်ဆောက်ခြင်း နည်းစနစ်က ထင်ထားတာထက်ပိုပြီးတော့ ခက်ခဲတယ်”

“ဒါပေမဲ့ မင်းက အလျင်မလိုဘူးလို့ ဘာလို့ ခံစားမိနေပါလိမ့်”

ရှုရှစ်က ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်ပြီး “ကျွန်မ အခု ရင်မဆိုင်ချင်တဲ့ ကိစ္စတွေ ရှိနေတယ်”

“ငါတို့အဆင့်က လူတွေအတွက် ငါတို့စိတ်မှာ ပြစ်ချက်ရှိလာတဲ့ အကျိုးဆက်ကို သိမှာပါ။ မင်းက ပြဿနာကို ရှောင်ရှားဖို့ ထွက်ပြေးလေလေ။ ပိုပြီးတော့ ကြီးမားလာလေလေပဲ”

“ကျွန်မ သိပါတယ်”

“စိတ်ထဲမှာ မှတ်ထားရင် ပြီးတာပါပဲ”

နှစ်ဦးသားက မိနစ်ပိုင်းကြာ ပြောဆိုပြီးသည့်နောက်တွင် ရှုရှစ်က ထွက်ခွာသွားလေ၏။ ထို့နောက် ဝမ်ဝေ့က သူတို့၏ ဆွေးနွေးပွဲမှ တာအိုစည်းချက်၏ ၈၀ ရာခိုင်နှုန်းကို တာအိုအခွင့်အလမ်းဂိုဏ်းဆီ ပို့ဆောင်လိုက်သည်။

ဤသို့များပြားလှသည့် တာအိုစည်းချက်များက ဂိုဏ်းအတွက် အကျိုးကျေးဇူးမြောက်များစွာရှိမည် ဖြစ်ကာ တပည့်များနှင့် အကြီးအကဲများကို မိုးမြေ၏ စည်းမျဉ်းများကို ပိုမိုလွယ်လွယ်ကူကူ နားလည်လွယ်စေလိမ့်မည်။

နောက်ဆုံးတွင် ဝမ်ဝေ့က အဝေးတစ်နေရာမှ တိုက်ပွဲကို အာရုံစိုက်ထားလိုက်၏။

All Chapters