သေမင်းအရိပ်
Vol. 65 Ch. 895
"သူက တကယ်အားကောင်းလွန်းတယ်" လူတိုင်းက ထိတ်လန့်သွားတယ်။
ဖြူရော်သူတော်စင်အရှင်ရဲ့စိတ်ဝိညာဉ်စွမ်းအားအားကောင်းတဲ့အကြောင်းရင်းက သူ့ရဲ့သွေးမျိုးဆက်ကြောင့်ပဲ။ သူ့ရဲ့ခွန်အားက သွေးမျိုးဆက်မှလာတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားကတော့ သူက အလုံးစုံအားကောင်းတယ်လို့ ဆိုလိုပြီး ချို့ယွင်းချက်တစ်ခုမှ မရှိပါဘူး။
"မဖြစ်နိုင်ဘူး"
ဖြူရော်သူတော်စင်အရှင်က လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။ သူက စကြာဝဠာကို ဖြတ်သန်းလာတာ နှစ်သိန်းပေါင်းများစွာရှိပြီ။ သူက သူနဲ့စိတ်ဝိညာဉ်စွမ်းအားနှိုင်းယှဉ်နိုင်တဲ့သူတွေကို ရင်ဆိုင်ခဲ့ပေမယ့် သူ့ထက်စိတ်ဝိညာဉ်စွမ်းအားပိုအားကောင်းတဲ့တစ်ယောက်ကိုမှ မရင်ဆိုင်ရသေးပါဘူး။ သူ့အမြင်အရ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စိတ်ဝိညာဉ်စွမ်းအားကသာ သူ့ကို ကျော်ဖြတ်နိုင်တယ်။
"စိတ်ဝင်စားစရာပဲ။ ညနတ်ဆိုးသူတော်စင်အရှင်၊ မင်းက အတော်လေးကံကောင်းတယ်" သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်၊ သူက သွေးနီရောင်သင်္ဘောကို ထိန်းချုပ်ကာ ရွက်သင်္ဘောဘေးမှ ပွတ်တိုက်သွားတော့တယ်"သွေးအရိပ်၊ မင်း မတိုက်ခိုက်တော့ဘူးလား" သွေးနီရောင်သင်္ဘောပေါ်မှာ သမန်းဝံပုလွေအထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်က စိတ်ရှုပ်တဲ့လေသံနဲ့ မေးလိုက်တယ်။
သွေးရာအဖွဲ့က လွန်ခဲ့နှစ်အနည်းငယ်အတွင်း အကျိုးအမြတ်အများကြီးရခဲ့ခြင်းမရှိခဲ့ဘူး။ သူတို့က ဒီတစ်ကြိမ်မှာတော့ ညနတ်ဆိုးအဖွဲ့ကို ဖြိုဖျက်ဖို့စီစဉ်ထားကြတယ်။
သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က လေးလံတဲ့လေသံနဲ့ပြောလိုက်တယ်" ညနတ်ဆိုးသူတော်စင်အရှင်နဲ့ကူးလီရှာတို့ပဲ ရှိရင်တော့ အဆင်ပြေပါတယ်။ ငါတို့က သေချာဂရုစိုက်ရင် ဆုံးရှုံးမှုသိပ်မရှိဘဲ ညနတ်ဆိုးအဖွဲ့ကို ဖယ်ရှားနိုင်တယ်။ ဒါပေမယ့် ဒီလိုစိတ်ဝိညာဥ်အားကောင်းတဲ့လူသားသူတော်စင်အရှင်တစ်ယောက်ပါရှိနေတော့ အဲဒါကို ကိုင်တွယ်ရတာအနည်းငယ်ခက်ခဲလာတယ်"
အစကတော့ လီဖူချန်းမရှိရင် သွေးရာအဖွဲ့က အဖွဲ့ဝင်တစ်ဝက်လောက်ကို အဆုံးရှုံးခံစွန့်စားကာ ညနတ်ဆိုးအဖွဲ့ကို ရှင်းလင်းမယ်ပေါ့။ တကယ်တော့ အခုချိန်ထိတိုင် သူတို့နှစ်ဖွဲ့က တစ်ယောက်ရဲ့ဝှက်ဖဲကို တစ်ယောက်က မသိကြသေးဘူးလေ။ တစ်စုံတစ်ယောက်က ဘေးကျပ်နံကျပ်အခြေအနေကို ရောက်ရှိနေတဲ့အခါ ဘယ်လိုစေစေနိုင်တဲ့စွမ်းအားတွေ ပေါက်ကွဲထွက်လာမလဲကို မသိနိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းပါထပ်ပေါင်းလိုက်ရင် အန္တရာယ်က နှစ်ဆဖြစ်လာတယ်။ အဲဒါက သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က မလုပ်ရဲတော့တဲ့စွန့်စားမှုတစ်ခုပါပဲ။ သူက စွန့်စားရဲရင်တောင် ဒီလုပ်ဆောင်မှုပြီးနောက် သွေးရာတစ်ဖွဲ့လုံးဒုက္ခရောက်နေမှာကို သူ မဖြစ်ချင်ပါဘူ။
"ငါတို့အဖွဲ့ဝင်တွေက ပိုပိုများလာသလို ပျှမ်းမျှတိုက်ပွဲစွမ်းအားကလည်း ပိုပိုသန်မာလာတယ်။ သွေးအရိပ်၊ မင်းက သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၉၊ နတ်ဆိုးတောင်တန်းသူတော်စင်အရှင်က အဆင့်၉၄။ အဲဒါတောင် ငါတို့က သူတို့ကို ဘာလို့သွားခွင့်ပြုရမှာလဲ"
လူတိုင်းက နားမလည်နိုင်ဘူးဖြစ်နေတယ်။
"ဖြူရော်သူတော်စင်အရှင်၊ အားလုံးကို ရှင်းပြလိုက်ပါ" သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က မရှင်းပြခဲ့ပါဘူး၊ အဲအစား သူက ဖြူရော်သူတော်စင်အရှင်က ပြောခွင့်ပေးလိုက်တယ်။
ဖြူရော်သူတော်စင်အရှင်က အသက်ကို ပြင်းပြင်းရှုရှုလိုက်တယ်" ငါတို့က ညနတ်ဆိုးအဖွဲ့နဲ့တိုက်ခိုက်ရင် အကျိုးဆက်တွေက စိတ်ကူးမရနိုင်လောက်ဘူးလို့ ငါ့ရဲ့မသိစိတ်က ငါ့ကို ပြောနေတယ်။ အသင်းဝင်တစ်ဝက်လောက်ကျန်တာက အကောင်းဆုံးရလဒ်လို့ ဆိုရမယ်"
"အသင်းဝင်တစ်ဝက်လောက်ကျန်တာက အကောင်းဆုံးရလဒ်လား" သွေးရာအဖွဲ့ဝင်တွေက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြတယ်။
အသင်းတစ်ဝက်လောက်သေတာက အကောင်းဆုံးရလဒ်ဆိုရင် အဆိုးဆုံးရလဒ်က အသင်းဝင်အများစုသေသွားမယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ ဒါမှမဟုတ် သူတို့လည်းပဲ ညနတ်ဆိုးအဖွဲ့နဲ့အတူတူ ပျက်ဆီးပျောက်ကွယ်သွားရမှာလား။
လူတိုင်းက ဖြူရော်သူတော်စင်အရှင်ရဲ့ရှင်းပြချက်ကို သံသယမရှိပါဘူး။ ဖြူရော်သူတော်စင်အရှင်မှာ အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားရှိရုံသာမက အနာဂတ်အရိပ်အယောင်ကို မြင်နိုင်တဲ့စွမ်းရည်လည်းရှိတယ်။ စွမ်းရည်က လုံးလုံးမတိကျန်ိုင်ပေမယ့် အလွန်တော့တိကျတယ်။
"အဖွဲ့ဝင်တစ်ယောက်တိုးလာရုံနဲ့လား" တစ်ယောက်ယောက်က မေးလိုက်တယ်။
ဖြူရော်သူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်"ငါ့ရဲ့အလိုလိုအသိကို အနည်းငယ်ပိုရှင်းလင်းစေဖို့အတွက် ငါ သူ့ကို စမ်းသပ်ခဲ့တယ်"
"ဒါဆိုလည်း ကောင်းပြီလေ။ ဒီညနတ်ဆိုးသူတော်စင်အရှင်က အတော်လေးကံကောင်းတာပဲ။ ဒီလိုကျွမ်းကျင်သူတစ်ယောက်ကို သူ ဘယ်နေရာက ရှာတွေ့ခဲ့တာလဲ"
"အချိန်သဲမြို့က သူတော်စင်အရှင်တွေ စုဝေးရာနေရာတစ်ခုပဲ။ တော်တော်များများက လာလိုက်သွားလိုက်ပဲ၊ ကြောက်စရာကောင်းတဲ့သူတော်စင်အရှင်တွေ ထွက်ပေါ်လာဖို့ကလည်း သေချာတယ်"
အချိန်သဲမြို့ရဲ့သူတော်စင်အရှင်သတ်မှတ်ချက်မှာ အယောက်၁၀၀ရှိပေမယ့် သူတော်စင်အရှင်တွေက လှုပ်ရှားရွေ့လျားနေစမြဲပဲ။ ပုံမှန်အားဖြင့် သူတော်စင်အရှင်ဆယ်ယောက်ကျော်ကသာ အချိန်သဲမြို့မှာ နေထိုင်တယ်။ သွေးအရိပ်နတ်ဆိုးရှင်ဘုရင်လိုအဆင့်၉ရှိသူအတွက်ကတော့ သူက ကောင်းကင်ဘုံအရှင်အောက်ပြိုင်ဘက်ကင်းလုနီးပါးဖြစ်တယ်လို့ ဆိုလိုတယ်။
သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့သူတော်စင်အရှင်အားလုံးက အချိန်သဲမြို့မှာ ရှိနေရင် သွေးရာအဖွဲ့က ဒီလောက်သောင်းကျန်ရဲလိမ့်မှာ မဟုတ်ဘူး။ သူတို့က လူအချို့ကို ရန်စမိရင် သွေးရာအဖွဲ့နဲ့ရင်ဆိုင်ဖို့ ထိပ်ဆုံးသူတော်စင်အရှင်ဆယ်ယောက်ကို ငှားရမ်းနိုင်တယ်လေ။
အခု သွေးရာအဖွဲ့ရဲ့မျက်လုံးထဲမှာ လီဖူချန်းက သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့တစ်နေရာမှာရှိဖို့ခွန်အားကိုပိုင်ဆိုင်တယ်ဆိုတာ သေချာတယ်။ သူ့ရဲ့အဆင့်ဘယ်လောက်ရှိလိမ့်မလဲဆိုတာ မသိတာ တစ်ခုပဲ။
…
လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို ပြသခဲ့တာကြောင့် အားလုံးက သူ့ကို ပိုပြီးလေးစားလာကြတယ်။
အစကတော့ သူတို့က လီဖူချန်းကို အတော်လေးပြောင်မြောက်တဲ့အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်လို့သာ သတ်မှတ်ခဲ့ပေမယ့် အခုဆိုရင် သူတို့က လီဖူချန်းကို ညနတ်ဆိုးသူတော်စင်အရှင်နဲ့အဆင့်တူတဲ့အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်အဖြစ် သတ်မှတ်လာကြတယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ ညနတ်ဆိုးအဖွဲ့က ဟင်းလင်းပြင်ပန်းခင်းများစွာကို ဝင်ရောက်ခဲ့ပြီး အနီးနားမှာရှိတဲ့ကြယ်ဥယျာဉ်တစ်ခုကတောင် ဝင်ရောက်ခဲ့တယ်။
ဟင်းလင်းပြင်ပန်းခင်းတွေနဲ့နှိုင်းယှဉ်ရင် ကြယ်ဥယျာဉ်က အန္တရာယ်ဆယ်ဆပိုများတယ်။
ကြယ်ဥယျာဉ်မှဆုလာဘ်ကလည်း ဟင်းလင်းပြင်ပန်းခင်းတစ်ခုမှဆုလာဘ်ထက် ဆယ်ဆပိုများတယ်လေ။
နောက်ထပ်လာများစွာရှိပြီးနောက် သူ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သောင်းထက်ပိုတဲ့အထွတ်အထိပ်ပန်းပင်တွေရှိလာတယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
ဒီနေ့မှာတော့ ရွက်သင်္ဘောက ကိန်းသေအရှိန်နဲ့ ပျံသန်းနေတယ်။
အုန်းအုန်း......
ဧရာမအရိပ်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး ရွက်သင်္ဘောက အနည်းငယ်တုန်ခါသွားကာ မိုင်ရာအနည်းငယ်အထိ လိမ့်ကျသွားတယ်။
"ဘာဖြစ်နေတာလဲ"
ရွက်သင်္ဘောငြိမ်သက်သွားတာနဲ့ လူတိုင်းက အပြင်ကိုကြည့်ဖို့အတွက် သင်္ဘောကုန်းပတ်ပေါ်ကို အပြေးလာကြတယ်။
မိုင်တစ်ထောင်အကွာမှာ နက္ခက်တာရာအရိပ်သားရဲတစ်ကောင်က လူတိုင်းရဲ့မြင်ကွင်းထဲကို ထွက်ပေါ်လာကြတယ်။
"ဒါ နက္ခက်တာရာသားရဲသေမင်းအရိပ်ပဲ" ကူးလီရှာရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။
သေမင်းအရိပ်က သူတော်စင်အရှင်အဆင့်နက္ခက်တာရာသားရဲတစ်ကောင်ဖြစ်ပြီး အရိပ်စွမ်းရည်ရှိတယ်။ ၎င်းက ရွေ့လျားတဲ့အခါ အသံမထွက်သလို တည်ရှိမှုလည်း ပေါ်ထွက်လာခြင်းမရှိဘူး။ လိပ်ပြာအသိစိတ်အာရုံနဲ့တောင် မတွေ့ရှိနိုင်ပါဘူး။
လူတိုင်းကိုကာကွယ်ပေးထားတဲ့ရွက်သင်္ဘောသာမရှိရင် အကျိုးဆက်က စိုးရိမ်စရာပဲ။
"ငါတို့ သူ့ရဲ့အဝေးမှ ထွက်ပြေးရမယ်" ညနတ်ဆိုးသူတော်စင်အရှင်က ရွက်သင်္ဘောကို ထိန်းချုပ်ကာ ဆန့်ကျင့်ဘက်လားရာကို ပျံသန်းသွားတယ်။
သေမင်းအရိပ်နဲ့ ဆန့်ကျင်တိုက်ခိုက်တာက ပင်ပန်းတဲ့အလုပ်တစ်ခုကို အားသွန်ခွန်စိုက်လုပ်ရတာနဲ့အတူတူပါပဲ။
နက္ခက်တာရာသားရဲတစ်ကောင်အနေနဲ့ သေမင်းအရိပ်ရဲ့အသက်စွမ်းအားက အလွန့်အလွန်ထူးကဲလှတယ်။ ညနတ်ဆိုးအဖွဲ့မဆိုနဲ့ သာမန်ကောင်းကင်ဘုံအရှင်တွေကတောင် ၎င်းကို အချိန်တိုအတွင်း မသတ်ဖြတ်နိုင်ပါဘူး။
သင်္ဘောကို အကန့်အသတ်အထိ တွန်းပို့ထားတာကြောင့် အဲဒါက မယုံနိုင်လောက်အောင်မြန်တယ်။ ကံမကောင်းတာကတော့ သေမင်းအရိပ်ရဲ့ရွေ့လျားမှုက ပိုမြန်နေတာပါပဲ။ အဲဒါက ဧရာမအနက်ရောင်လိုက်ကာတစ်ခုပမာ ရွက်သင်္ဘောကို လွှမ်းမိုးသွားတယ်။
"ဒါဆိုလည်း တိုက်ခိုက်ကြရအောင်" ညနတ်ဆိုးသူတော်စင်အရှင်က မချိတင်ကဲပြုံးလိုက်လေတယ်၊ သူ့မျက်လုံးတွေက တင်းမာသွားတယ်။
"တိုက်"အားလုံးက သေမင်းအရိပ်အား တိုက်ခိုက်ခဲ့ကြတယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း.......
စကြာဝဠာထဲမှာ ရောင်စုံဖြာထွက်အလင်းတွေ ပေါက်ကွဲလာတယ်။ တိုက်ခိုက်မှုတွေက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာတယ်။
"မကောင်းဘူး။ တိုက်ခိုက်မှုအားရဲ့၂၀မှ၃၀ရာခိုင်နှုန်းကပဲ သေမင်းအရိပ်အပေါ် သက်ရောက်နေတယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
အရိပ်စွမ်းပကားက ဟင်းလင်းပြင်စွမ်းပကားထက် ရင်ဆိုင်ရတာ ပိုလွယ်ပေမယ့် အဲဒါက စွမ်းပကားနှစ်ခုနဲ့နှိုင်းယှဉ်တဲ့အခါမှသာပဲ။
သေမင်းအရိပ်ရဲ့အသက်စွမ်းအားက လူသားသူတော်စင်အရှင်တွေထက် အဆ၁၀၀၀ပိုတယ်။ အရိပ်စွမ်းပကားနဲ့ဆိုရင် ၎င်းရဲ့ရှင်သန်စွမ်းက လူသားသူတော်စင်အရှင်တွေထက် အဆ၁၀၀၀၀ပိုတယ်။ ၎င်းကို တိုက်ခိုက်ဖို့က ဘယ်လိုဖြစ်နိုင်တော့မှာလဲ။
"ထာဝရညအေးခဲရပ်တန့်ခြင်း"
အရေးကြီးတဲ့အခြေအနေမှာ ညနတ်ဆိုးသူတော်စင်အရှင်က သူ့ရဲ့သတ်ဖြတ်ကွက်ကိုဖော်ထုတ်ခဲ့ပြီး သေမင်းအရိပ်ရဲ့ခန္ဓာကိုယ်ကို တစ်ခဏရပ်တန့်စေခဲ့တယ်။
"သွားကြတော့"
ရွက်သင်္ဘောက အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းသွားကာ မိုင်ဆယ်မီလီယံကျော်အထိ ပျံသန်းသွားကာ သေမင်းအရိပ်ကို နောက်မှာချန်ထားလိုက်တယ်။
နောက်ထပ်အသက်ရှုချိန်အနည်းငယ်အကြာ.....
ဖြောက်......
ဟင်းလင်းပြင်က မှန်တစ်ချပ်ပမာ ကြေမွသွားပြီး အက်ကြောင်းတွေ ဖြစ်လာတယ်။ သေမင်းအရိပ်က ရပ်တန့်နေတဲ့အခြေအနေမှ လွတ်မြောက်သွားတယ်။
ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက ညနတ်ဆိုးအဖွဲ့ရဲ့တည်ရှိမှုကို မခံစားနိုင်တော့ဘူး။ သူက အကြိမ်အနည်းငယ် ရစ်ဝဲပြီးနောက် ဟင်းလင်းပြင်ထဲမှာ ပြန်လည်ပုန်းအောင်းသွားတော့တယ်။
"သေမင်းနဲ့ လက်မတင်လေးပဲ" အခေါင်းအရိပ်သူတော်စင်အရှင်က စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်မိတယ်။
ဒီလိုကြောက်စရာကောင်းတဲ့သက်ရှိနဲ့ရင်ဆိုင်ရတဲ့အခါ ထူးကဲတဲ့ခွန်အားရှိရင်တောင်ကောင်းကင်ဘုံအရှင်အောက်တစ်ယောက်ကမှ လွတ်မြောက်ဖို့နည်းလမ်းတစ်ခုကို မစဉ်းစားနိုင်ဘူး။
"ခေါင်းဆောင်ရဲ့ထာဝရညရပ်တန့်ခြင်းကြောင့်သာ ငါတို့ကံကောင်းသွားတာ" ဗီဗီယန်က ချီးကျူးလိုက်တယ်။
ညနတ်ဆိုးသူတော်စင်အရှင်က ပြောလိုက်တယ်" ဒါက သေမင်းအရိပ်ရဲ့အသိဉာဏ်မရှိတာနဲ့ ပင်ကိုဗီဇအရသာ ရွေ့လျားနိုင်ခြင်းကြောင့်ပဲ။ အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်သာဆိုရင် ငါ့ရဲ့ထာဝရညရပ်တန့်ခြင်းက စက္ကန့်ပိုင်းလောက်သာ ခံမယ်"
အထွတ်အထိပ်သူတော်စင်အရှင်တွေကြားတိုက်ပွဲက အလုံးစုံခွန်အားနဲ့ကျင့်ကြံခြင်းအဆင့်တို့ရဲ့တိုက်ပွဲတစ်ခုပဲ။ ထာဝရညရပ်တန့်ခြင်းက အခြားအထွတ်အထိပ်သူတော်စင်အရှင်တွေကို မဖိနှိပ်နိုင်သေးပါဘူး။ အဲဒါက သူတို့ကို ကန့်သတ်နိုင်ရုံမျှသာပဲ။
ရှေးကျောက်တုံးဥယျာဉ်က ကြီးမားပြီး လူတိုင်းက အထဲမှာ ပျောက်ဆုံးသွားမှာကို ကြောက်ရွံ့ကြတယ်၊ ဒါကြောင့် သူတို့က အဝေးကြီးမသွားကြပါဘူး။ နောက်ထပ်နှစ်ဝက်ခန့်ကြာပြီးနောက် လူတိုင်းက မူလလမ်းကြောင်းအတိုင်းပြန်လာကြပြီးရှေးကျောက်တုံးဥယျာဉ်မှ ထွက်ခွာခဲ့ကြတယ်။
***