← Chapters

အသေင်္ချပန်းရေကန်

Vol. 65 Ch. 896

အသေင်္ချပန်းရေကန်

Vol. 65 Ch. 896

အချိန်သဲမြို့ကို ပြန်ရောက်ပြီးနောက် လီဖူချန်းက မြို့မှ ထွက်ခွာခဲ့တယ်၊ သူ့နောက် တစ်ယောက်မှမလိုက်လာမှန်းသေချာစေပြီးမှ သူက အာကာသ-အချိန်လမ်းကြောင်းကို အသုံးပြုကာ နက်ပြာပလိန်းသို့ ပြန်ခဲ့တယ်။

နှစ်တစ်ဝက်ခန့် ကုန်ဆုံးသွားတယ်၊ နက်ပြာပလိန်းမှာ ပြောင်းလဲမှုတစ်ခုမှ မရှိခဲ့ဘူး။ နတ်ဆိုးသားရဲနဲ့လူသားတွေက ဟန်ချက်ညီမှုကို ထိန်းသိမ်းခဲ့တယ်။

ဒါပေမယ့် ဟန်ချက်ညီမှုက ကြာရှည်မှာမဟုတ်ဘူးကို လီဖူချန်းက သိတယ်။

အတိတ်မှာတုန်းက နတ်ဆိုးသားရဲတွေက အပေါ်စီးမှာ ရှိခဲ့တယ်၊ ဒါပေမယ့် အခု လူသားတွေက အပေါ်စီးမှာ ရှိနေတယ်။ မကြာမီမှာ လူသားတွေက စစ်ပွဲတစ်ခုကို စတင်ကာ နတ်ဆိုးသားရဲတွေကို အပြည့်အဝဖိနှိပ်ပါလိမ့်မယ်။

"မန္တန်သိုင်းဧကရာဇ်ကို အခုထိ ရှာမတွေ့သေးဘူးလား'

မကြာသေးမီကနှစ်အတွင်း လီဖူချန်းက မန္တန်သိုင်းဧကရာဇ်ကို အဆက်မပြတ်ရှာဖွေခဲ့တယ်။ သူကိုယ်တိုင် သွားရှာတဲ့အချိန်တွေတောင် ရှိတယ်၊ ဒါပေမယ့် မန္တန်သိုင်းဧကရာဇ်က သဲလွန်စတစ်ခုမှမကျန်ဘဲ ပျောက်ကွယ်သွားနေတယ်။

"သူ သေသွားတာများလား"

လီဖူချန်းက မန္တန်သိုင်းဧကရာဇ်ကို ကျေးဇူးတင်တယ်၊ သူ့ရဲ့သေခြင်းရှင်ခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေမိတယ်။

"ဓားသူတော်စင်အရှင်၊ မန္တန်သိုင်းဧကရာဇ်က မန္တန်သိုင်းတာအိုမှာ ကျွမ်းကျင်တယ်။ ဒါပေမယ့် သူ့နောက်ကိုလိုက်နေတဲ့သူက  ကျိန်စာမှာကျွမ်းကျင်တဲ့ဧကရာဇ်တစ်ယောက်ပဲ။ သူတို့က ကျိန်စာဘုရားကျောင်းကို သွားပြီး နက်ပြာပလိန်းမှာထွက်သွားတာ ဖြစ်နိုင်လောက်တယ်" ပြောနေတဲ့သူကိုအတန်းတစ်ရာသူတော်စင်လို့ ခေါ်တယ်။ သူက ရှာဖွေရာမှာ အလေးပေးပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လီဖူချန်းထံ သစ္စာခံခဲ့တယ်။

"ကျိန်စာဘုရားကျောင်းကနေတစ်ဆင့် မင်း နက်ပြာပလိန်းက ထွက်သွားနိုင်လား" လီဖူချန်းက အလွန်အံ့အားသင့်သွားတယ်။

"ငါ မသေချာဘူး။ နက်ပြာပလိန်းအပြင်ဘက်မှာ အခြားကျိန်စာဘုရားကျောင်းတွေရှိတယ်လို့ ကောလဟာလတစ်ခုရှိတယ်။ ကျိန်စာဘုရားကျောင်းတွေကြားမှာ အာကာသ-အချိန်လမ်းကြောင်းတစ်ခုရှိတယ်လို့‌ ပြောကြတယ်"

"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

လီဖူချန်းက ကျိန်စာဘုရားကျောင်းနဲ့ ပတ်သက်ပြီး‌တော့ စိုးရိမ်နေတယ်။

စုဆောင်းထားတဲ့သတင်းအချက်အလက်တွေအရကျိန်စာကောင်းကင်ဘုံအရှင်က သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ဘူးဆိုတာ သိသာတယ်။ သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ရင်တောင် သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ ပြောင်မြောက်သူဖြစ်လိမ့်မယ်။

ကျိန်စာတာအိုက‌တော့ အလွန်မခန့်မှန်းနိုင်ဘူး၊ သာမန်လူတွေအတွက် ရင်ဆိုင်ရတာ မလွယ်ကူဘူး။

"ငါ ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီးမှ ကျန်စာဘုရားကျောင်းကို နောက်တစ်ခေါက်သွားရမယ်"

လက်ရှိအချိန်မှာတော့ လီဖူချန်းက ကျိန်စာဘုရားကျောင်းကို ဝင်ရောက်ဖို့ အစီအစဉ်မရှိပါဘူး။ ကျိန်စာဘုရားကျောင်းက ကောင်းတာလဲမဟုတ်သလိုဆိုးတာလည်းမဟုတ်ဘူး၊ သူက သူ့အသက်ကိုတော့ စွန့်စားဖို့ဆန္ဒမရှိပါဘူး။

အကြွင်းမဲ့ခွန်အားမရှိဘဲနဲ့ မန္တန်သိုင်းဧကရာဇ်ကိုရှာဖွေတဲ့သူ့မျှော်လင့်ချက်က ပါးလျတယ်။

"မင်းက ဒီနှစ်တွေမှာ အများကြီးအားထုတ်ခဲ့တယ်။ ဒါတွေက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀ပဲ၊ သူတို့ကို အရင်အသုံးပြုလိုက်ပါ" လီဖူချန်းက အတန်းတစ်ရာသူတော်စင်ထံ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀ကို ပစ်ပေးလိုက်တယ်။

"ဓားသူတော်စင်အရှင်ကို ကျေးဇူးတင်တယ်" အတန်းတစ်ရာသူတော်စင်က အလွန်ပျော်ရွှင်သွားတယ်။

သူ့ရဲ့ပါရမီနဲ့အလားအလာက ကောင်းတယ်လို့ အတန်းတစ်ရာသူ‌တော်စင်က ယုံကြည်ထားတယ်၊ သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်မြင့်အဆင့်တွေကို ရောက်ရှိဖို့အခွင့်အရေးရှိတယ်။ ဒါပေမယ့် သူက အနည်းဆုံးနှစ်သောင်းအနည်းငယ်လိုအပ်တယ်။ ကျင့်ကြံဖို့အတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေရဲ့ကြီးမားတဲ့အရေအတွက်နဲ့ဆိုရင် လိုအပ်တဲ့အချိန်က အနည်းဆုံး၁၀‌ဆဒါမှမဟုတ်အဆ၁၀၀ ပိုကောင်းတယ်။

"အားလုံးက ကြိုးစားနေတာပဲ"

အတန်းတစ်ရာသူတော်စင်အပြင် လီဖူချန်းကို သစ္စာခံထားတဲ့သူတော်စင်တွေများစွာ ရှိတယ်။ လီဖူချန်းက သူ‌တို့တစ်ယောက်ချင်းစီကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀ ပေးခဲ့တယ်။

"ကျေးဇူးတင်ပါတယ်၊ ဓားသူတော်စင်အရှင်" သူတော်စင်အားလုံးက အလွန်ပျော်သွားတယ်။

နက်ပြာပလိန်းတစ်ခုလုံးမှာ လီဖူချန်းနဲ့သူတော်စင်အရှင်အနည်းငယ်ကသာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀ကို သာမန်ကာလျှံကာပေးနိုင်ကြတယ်။ သူတို့က လီဖူချန်းနောက်ကို လိုက်ရင် သူတို့မှာ တောက်ပတဲ့အနာဂတ်တွေရှိလိမ့်မယ်လို့ သူတို့က ခံစားရတယ်။

"ဓားသူတော်စင်အရှင်၊ ငါတို့က မင်းနောက်ကို လိုက်ဖို့ဆန္ဒရှိနေမှတော့ ဘာလို့ မင်းက ဂိုဏ်းတစ်ခုမဖွဲ့တာလဲ" သူတော်စင်တစ်ယောက်က ရုတ်တရက် အဆိုပြုလိုက်တယ်။

"ဟုတ်တယ်၊ ဓားသူတော်စင်အရှင်။ မင်းကိုယ်တိုင်ကတော့ ဂိုဏ်းတစ်ခုမလိုအပ်ပေမယ့် မင်းမိတ်ဆွေတွေနဲ့မိသားစုတွေကတော့ သူတို့ကို ကာကွယ်ဖို့ ဂိုဏ်းတစ်ခုကို လိုအပ်တယ်" အတန်းတစ်ရာသူတော်စင်က မှတ်ချက်ပေးလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်တယ်။

အတန်းတစ်ရာသူတော်စင်ပြောတာကို ကြားပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းကိုတည်ထောင်တာက  ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများတယ်လို့ လီဖူချန်းက ခံစားမိတယ်။

ဒါပေမယ့် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ဖို့ဆိုရင် ပြောင်‌မြောက်တဲ့အစီအရင်တစ်ခုကို လိုအပ်တယ်။

လီဖူချန်းရဲ့အမြင်အရ အစီအရင်က ထိပ်တန်းအဆင့်အထွတ်အထိပ်အစီအရင်ဖြစ်ရမယ်။ သူတော်စင်အရှင်အစီအရင်တစ်ခုလို့ ဆိုလိုတာပေါ့။ ဒီအဆင့်အစီအရင်က သူတော်စင်အရှင်တွေရဲ့တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်။ ပြည့်ပြည့်စုံစုံပြောရရင် အဲဒါက ရန်သူကို ပိတ်မိစေပြီးသတ်ဖြတ်နိုင်ရမယ်။

အကြိုနတ်ဘုရားကလန်ဖြစ်တဲ့ကျူးကလန်လိုမျိူးပေါ့။ အဲဒါက အလွန်အမင်းမယုံနိုင်စရာကောင်းတဲ့သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုပါပဲ။

အဆုံးစွန်းအဆင့်အစီရင်ကတော့ လီဖူချန်းမစဉ်းစားရဲတဲ့အရာပဲလေ။ စကြာဝဠာမြို့တစ်မြို့ကို အဆုံးစွန်းအဆင့်အစီအရင်တစ်ခုက ဝန်းရံထားတယ်လို့တော့ သိရတယ်။

မြို့အရှင်တစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်စကြာဝဠာမြို့မှာ နေရင် တစ်ယောက်မှ မြို့အရှင်ကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူးလို့ စကြာဝဠာထဲမှာ အသိအမှတ်ပြုထားတာကြတယ်။

လီဖူချန်းက အဆုံးစွန်းအဆင့်အစီအရင်တစ်ခုကို တပ်ဆင်နိုင်ခဲ့ရင် သူမရှိရင်တောင် ကောင်းကင်ဘုံအရှင်ဘယ်လောက်များများ သူ့ဂိုဏ်းကို ခြိမ်းခြောက်နိုင်တော့မှာ မဟုတ်ဘူး။

ဒါပေမယ့် အဆုံးစွန်းအဆင့်အစီအရင်တစ်ခုကို တပ်ဆင်ဖို့ဆိုရင် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက် အရင်ဖြစ်ဖို့လိုတယ်။

အဆုံးစွန်းအဆင့်အစီအရင်တစ်ခုက အဆုံးစွန်းအဆင့်သိုင်းပညာတွေထက် နားလည်ဖို့ပိုခက်ခဲတယ်။

"အလျင်လိုဖို့မလိုပါဘူး။ ငါ အနာဂတ်မှာ ဂိုဏ်းတစ်ခုကိုတော့ ဖန်တီးရမယ်"

နောက်တစ်ကြိမ် သူရှေးကျောက်တုံးကြယ်ပိုင်နက်ကို သွားရောက်တဲ့အခါကျရင်‌တော့ အစီအရင်ကျွမ်းကျင်သူတစ်ယောက်ယောက်ရှိသလားကို ညနတ်ဆိုးအဖွဲ့အား ‌မေးမြန်းရမယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက ထိုသူကို နက်ပြာပလိန်းကို ဖိတ်ခေါ်ပြီး အစီအရင်ကို တပ်ဆင်ခိုင်းရမယ်။

ဒါပေမယ့် အခြားလူက လာဖို့ဆန္ဒရှိရင်တောင် လီဖူချန်းက ကိစ္စတွေကို စေ့စေ့စပ်စပ်စဉ်းစားရမယ်။ အာကာသ-အချိန်လမ်းကြောင်းကို ဖော်ထုတ်တာက ကြီးမားတဲ့ကိစ္စတစ်ခုပဲလေ။

…

အရှေ့ယူနီကွန်တိုက်ကြီး၊ ပန်းတစ်ရာရွာ။

ဒီပန်းတစ်ရာရွာကို အသေင်္ချပန်းအမျိုးသမီးကတည်‌ဆောက်ခဲ့တာပါ။ အဲဒါက လှပရုံတင်မက အားကာင်းတဲ့အစီအရင်တစ်ခုတောင် ရှိတယ်။ ရန်သူက ပန်းတစ်ရာရွာထဲကို ဝင်ရောက်လာတာနဲ့ ပန်းပင်လယ်တစ်ခုကို ဝင်ရောက်သလိုဖြစ်သွားရလိမ့်မယ်။ ထိုသူက အလွယ်တကူရှုံးနိမ့်သွားရလိမ့်မယ်။

ဒါပေမယ့် တစ်ယောက်မှ ပန်းတစ်ရာရွာကို ကျူးကျော်ရဲတဲ့အထိတော့ မမိုက်မဲကြပါဘူးလေ။

ပန်းတစ်ရာရွာထဲရှိမြစ်တစ်စင်းဘေးမှာ လီဖူချန်းနဲ့နဂါးသွဲ့ပန်းသူတော်စင်အရှင်မတို့က လက်ဖက်ရည်သောက်ရင်း စကားပြောနေကြတယ်။

လက်ဖက်ရည်က ပန်းတစ်ရာလက်ဖက်ရည်ဖြစ်ပြီး ထူးကဲတဲ့အနံ့တစ်ခုရှိတယ်။ အဲဒါမှာ စိတ်ကို တည်ငြိမ်စေတဲ့သက်ရောက်မှုရှိပြီး ကျင့်ကြံခြင်းကို တိုးမြင့်စေတယ်။

"ကျောက်မင်ယွဲ့မှာ အဆင့်မြင့်အရိုးတည်ဆောက်ပုံတစ်ခုမရှိပေမယ့် အလွန်တော့သန့်စင်တယ်။ ငါ သူမကို အသေင်္ချပန်းမြို့ကို ခေါ်သွားပြီးနောက် အသေင်္ချပန်းရေကန်ကို ဝင်ရောက်ဖို့ သူမအတွက် စီစဉ်ပေးရမယ်။ ပြီးရင်တော့ သူမက သူတော်စင်တစ်ယောက်အလွယ်တကူဖြစ်လာလိမ့်မယ်"

အသေင်္ချပန်းရေကန်က ကန့်လန့်ဖြတ်ကြယ်ပိုင်နက်တစ်ခုလုံးမှာသာမက အခြားကြယ်ပိုင်နက်တွေမှာတောင် ကျော်ကြားတယ်။

ဒီအသေင်္ချပန်းရေကန်ကို အသေင်္ချပန်းအမျိုးသမီးက အရင်းအမြစ်မြောက်များစွာကိုသုံးပြီး ဖန်တီးခဲ့တာကြောင့်ပါပဲ။

လွန်ခဲ့တဲ့နှစ်မီလီယံအနည်းငယ်က အသေင်္ချပန်းအမျိုးသမီးက အသေင်္ချပန်းရေကန်ကို ဖန်တီးခဲ့တယ်လို့ ပြောကြတယ်။ ထောင်စုနှစ်တိုင်းမှာ သူမက ကောင်းကင်အဆင့်ပန်းမြောက်များစွာကို အသေင်္ချပန်းရေကန်ထဲသို့ ထည့်သွင်းခဲ့တယ်။ နှစ်မီလီယံချီကြာပြီးနောက် အကြိမ်ထောင်ပေါင်းများစွာ စုဆောင်းလာခဲ့ပြီးပေါ့။ ယခု အသေင်္ချပန်းအဆီအနှစ်ချီက အလွန်အမင်းသိပ်သည်းကာ ကောင်းကင်ဆန့်ကျင့်ပြောင်းလဲမှုလို့ဆိုရလောက်တဲ့အထိ အဆင့်တွေကို ပြောင်းလဲပေးနိုင်တယ်။

သာမန်လူတစ်ယောက်က အသေင်္ချပန်းရေကန်ရဲ့အသေင်္ချပန်းအဆီအနှစ်ချီကို အနံ့ရရှိခဲ့ရင် သူက နှစ်တစ်ထောင်အထိအသက်ရှင်သန်နိုင်မယ်လို့ ဒဏ္ဍာရီက ပြောကြတယ်။ တစ်ယောက်ယောက်က အထဲမှာ တစ်ရက်နေရင် သူက နှစ်တစ်သောင်းအထိအသက်ရှင်နိုင်လိမ့်မယ်။

ဒါပေမယ့် ဘယ်သာမန်လူကမှ အသေင်္ချပန်းရေကန်အနီးကို မကပ်နိုင်ပါဘူးလေ။

အသေင်္ချပန်းရေကန်ကို နှစ်ငါးရာပြည့်မှသာ တစ်ကြိမ်ဖွင့်တယ်၊ ဒါ့အပြင် သန့်စင်ယင်အရိုးတည်ဆောက်ပုံရှိသူတွေကသာ ဝင်ရောက်နိုင်တယ်။

နဂါးသွဲ့ပန်းသူတော်စင်အရှင်မ ပန်းတစ်ရာအ‌စောင့်အရှောက်ဖြစ်လာတဲ့အကြောင်းပြချက်ကတော့ သူမက သန့်စင်ယင်အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားလို့ပဲ။

ပန်းတစ်ရာအစောင့်အရှောက်အားလုံးက သန့်စင်ယင်အရိုးတည်ဆောက်ပုံရှိတဲ့တပည့်တွေကို ရှာဖွေရလိမ့်မယ်။

အသေင်္ချပန်းအမျိုးသမီးက သာမန်သန့်စင်ယင်အရိုးတည်ဆောင်ပုံရှိသူတွေကို တပည့်လက်ခံရမှာ ပျင်းတယ်။ အသေင်္ချပန်းအမျိုးသမီးလက်ခံနိုင်တဲ့တပည့်တွေက ကောင်းကင်ဆန့်ကျင်သန့်စင်ယင်အရိုးတည်ဆောင်ပုံရှိရပါလိမ့်မယ်။

"စီနီယာရဲ့တပည့်ဖြစ်ရတာ ကျောက်မင်ယွဲ့ရဲ့ကံကြမ္မာပါပဲ"

လီဖူချန်းက ‌အသေင်္ချပန်းရေကန်ကို ကြားဖူးတယ်၊ သူက ကျေက်မင်ယွဲ့အတွက် ဝမ်းမြောက်မိတယ်။

ဒါက ကောင်းကင်ကိုဆန်တက်နိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။

အသေင်္ချပန်းရေကန်မရှိဘူးဆိုရင် ကျောက်မင်ယွဲ့က သူတော်စင်တစ်ယောက်ဖြစ်လာဖို့ အချိန်အကြာကြီးလိုအပ်လိမ့်မယ်။

ရောက်တတ်ရာရာပြောတာတွေအပြင် သူတို့က တာအိုနားလည်မှုကို ဖလှယ်ခဲ့ကြတယ်။ အသေင်္ချပန်းအမျိုးသမီးလည်း ဓားတာအိုမှာ ကျွမ်းကျင်တယ်။ နဂါးသွဲ့ပန်းသူတော်စင်အရှင်မမှာ အဆုံးစွန်းအဆင့်ဓားပညာတစ်ခုဖြစ်တဲ့အသေင်္ချပန်းဓားပညာတစ်ခုရှိတယ်။ အဲဒါက တကယ်ကို စွဲလမ်းမက်မောဖွယ်ရာကောင်းတယ်။

***

All Chapters