အစစ်အမှန်ဓားသမားအစည်းအရုံး
Vol. 65 Ch. 897
"နောက်ထပ်ရှာဖွေကြတာပေါ့"
ပန်းတစ်ရာရွာမှ ထွက်လာပြီးနောက် မန္တန်သိုင်းဧကရာဇ်ကို နောက်ထပ်ရှာဖွေဖို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။
သူက မန္တန်သိုင်းဧကရာဇ်နဲ့ အချိန်အတော်အကြာ အတူတကွနေထိုင်ခဲ့တယ်၊ သူ့ရဲ့စိတ်ဝိညာဉ်က မန္တန်သိုင်းဧကရာဇ်ရဲ့ချီတည်ရှိမှုကို မှတ်မိတယ်။ မန္တန်သိုင်းဧကရာဇ်က မိုင်တစ်ရာအတွင်းမှာ ရှိသရွေ့ လီဖူချန်းက အဲဒါကို သေချာပေါက်အာရုံခံစားနိုင်တယ်။ မိုင်၅၀၀မီလိီယံအတွင်းမှာဆိုရင် မရေမရာခံစားချက်တစ်ခု ရှိပါလိမ့်မယ်။
ဒီတစ်ကြိမ်လဲ မအောင်မြင်သေးရင်တော့ သူက ကောင်းကင်ဘုံအရှင်ဖြစ်ပြီးမှ ကျိန်စာဘုရားကျောင်းကို ဝင်ဖို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။
အဆုံးမဲ့ပင်လယ်ပြင်ပေါ်မှာ ဓားအလင်းတစ်ခုက ပျံသန်းနေတယ်။ ၎င်းရဲ့မြန်နှုန်းက အလင်းမြန်နှုန်းကို ကျော်ဖြတ်ထားပြီးဖြစ်တယ်။
ကောင်းကင်မျဉ်းဓားပညာက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိခဲ့တာကြောင့် လီဖူချန်းက နက်ပြာပလိန်းပေါ်မှာ အလင်းမြန်နှုန်းအထက်ပျံသန်းနိုင်တယ်။
ဒါပေမယ့် သူတော်စင်အရှင်တစ်ယောက်အနေနဲ့ သူက နေရာလပ်ဇုန်ကို ဆုတ်ဖြဲကာ မိုင်တစ်ရာမီလီယံကျော်ကို တစ်ချက်တည်းနဲ့ ခရီးနှင်နိုင်တယ်။ ဒါပေမယ့် နေရာလပ်ဇုန်ကို ဆုတ်ဖြဲခြင်းက ဓားစွမ်းအင်ကို လိုအပ်ပြီး အဲဒါက အချိန်အကြာကြီးမခံပါဘူး။ ပြီးတော့ သူက လူရှာနေတာ၊ ခရီးတစ်ခုသွားနေတာမှ မဟုတ်တာပဲ။ နေရာလပ်ဇုန်ကို ဆုတ်ဖြဲရင်း သူက တစ်ယောက်ယောက်ကို ရှာနေရင် ပြဿနာတွေသာ ဖြစ်လာပေလိမ့်မယ်။
လမ်းစဥ်လေးသွယ်တိုက်ကို ဖြတ်သန်းတဲ့အချိန်မှာ လီဖူချန်းက တစ်ခဏရပ်ခဲ့တယ်။
အတိတ်ကိုပြန်ပြောရရင် လမ်းစဥ်လေးသွယ်တိုက်မှာ လိပ်ပြာတောင်ကြားရှိခဲ့ပြီး လိပ်ပြာတောင်ကြားရဲ့ပိုင်ရှင်က ဝိညာဉ်တာအိုသူတော်စင်တစ်ယောက်ပါပဲ။
ဒိဝိညာဉ်တာအိုသူတော်စင်မှာ သူ့ရဲ့ခန္ဓာကိုယ်နဲ့သူတော်စင်လိပ်ပြာရှိခဲ့ရမယ်၊ ရန်သူနဲ့တိုက်ပွဲမှာ ပျက်ဆီးသွားတာဖြစ်ရမယ်လို့ လီဖူချန်းက ခန့်မှန်းခဲ့တယ်။ သူ့ရဲ့စိတ်ဝိညာဉ်ကသာ လွတ်မြောက်သွားပြီး သူက ဝိညာဉ်တာအိုသူတော်စင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့စိတ်ဝိညာဉ်က ဆက်လက်တည်ရှိနိုင်တယ်။
"သူပြေးတာ အတော်လေး မြန်တယ်"
လွန်ခဲ့သောနှစ်ပေါင်းများစွာက လီဖူချန်း လမ်းစဉ်လေးသွယ်တိုက်သို့ ခရီးသွားတဲ့အခါ လိပ်ပြာတောင်ကြားပိုင်ရှင်က လွတ်မြောက်သွားပြီဖြစ်တယ်။ မထွက်သွားခင် သူက ပြန်ကောင်းသွားခဲ့သလားကိုတာ့ မသိပါဘူး။
ဓားအလင်းလက်သွားပြီး လီဖူချန်းက လမ်းစဉ်လေးသွယ်တိုက်ကို အနောက်မှာ ချန်ထားခဲ့တယ်။
***
လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက အရှုံးပေးလိုက်တော့တယ်။
သူက နက်ပြာပလိန်းတစ်ခုလုံးကို ရှာဖွေပြီးပြီ၊ ဒါပေမယ့် မန္တန်သိုင်းဧကရာဇ်ရဲ့ကျန်ရှိနေတဲ့ချီတည်ရှိမှုတစ်ခုကိုတောင်မှ အာရုံမခံနိုင်ခဲ့ဘူး။
"ကောင်းကင်အရှင်ဖြစ်ပြီးမှ ငါ ဆက်ရှာတော့မယ်" လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးဆီ ပြန်သွားခဲ့တော့တယ်။
…
ယခု အရှေ့ယူနီကွန်တိုက်ကြီးမှာလည်း ဓားသမားအစည်းအရုံးတစ်ခုရှိနေပြီ။
ဒီနေရာရှိဓားသမားအစည်းအရုံးအတွက်ဝင်ခွင့်လိုအပ်ချက်တွေကတော့ အများကြီးနိမ့်တယ်။ တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်ရှိနေတဲ့ဘယ်သူမဆို ပူးပေါင်းနိုင်တယ်။
အရှေ့ယူနီကွန်တိုက်ကြီးက အဆင့်မြင့်တိုက်ကြီးတစ်ခုမဖြစ်လာခင် ပြန်လည်မွေးဖွားခြင်းနယ်ပယ်က အထွတ်အထိပ်ပါပဲ။ အခုဆိုရင် တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်ဆရာသခင်တွေက နေရာတိုင်းမှာ ရှိပြီး အချို့က မူလပင်လယ်နယ်ပယ်ဘုရင်တွေဖြစ်ကြတယ်။
တောင်မြင့်တစ်ခုအပေါ်မှာ လီဖူချန်းက နက်ပြာဓားသူတော်စင်အရှင်နဲ့အတူ ဝိုင်ကို သောက်နေတယ်။
"ဓားသူတော်စင်၊ နက်ပြာပလိန်းရဲ့ဓားသမားအစည်းအရုံးကလည်း ဂိုဏ်းခွဲတစ်ခုမျှဆိုတာ မင်း သိလား" နက်ပြာပလိန်းဓားသူတော်စင်အရှင်က သူ့လက်ထဲရှိဝိုင်ခွက်ကို ချကာ ပြောလိုက်တယ်။
လီဖူချန်းက ပြန်မေးလိုက်တယ်"အပြင်ဘက်မှာလည်း ဓားသမားအစည်းအရုံးတစ်ခုရှိတာလား"
"ဟုတ်တယ်" နက်ပြာဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။
"အစစ်အမှန်ဓားသမားအစည်းအရုံးက စကြာဝဠာတစ်ဝက်လောက်ကို လွှမ်းခြုံထားတယ်။ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့ဓားသမားအစည်းအရုံးကလည်း ဂိုဏ်းခွဲတစ်ခုပဲ။ အရွယ်အစားအရ ဓားသမားအစည်းအရုံးကို အဆင့်၄ဆင့်ခွဲခြားထားတယ်။ ပလိန်းအဆင့်ဓားသမားအစည်းအရုံး၊ ကြယ်ပိုင်နက်အဆင့်ဓားသမားအစည်းအရုံး၊ ကြယ်စုအဆင့်ဓားသမားအစည်းအရုံးနဲ့ စကြာဝဠာအဆင့်ဓားသမားအစည်းအရုံး-ဓားသမားအစည်းအရုံးရဲ့အစစ်အမှန်ဌာနချုပ်။ အစစ်အမှန်ဓားသမားအစည်းအရုံးဌာနချုပ်က ဓားတာအိုကောင်းကင်ဘုံအရှင်တွေစုဝေးရာတစ်ခုဖြစ်တယ်။ ထိုနေရာက စစ်မှန်တဲ့ဓားတာအိုမြင့်မြတ်နယ်မြေပဲ"
နက်ပြာဓားသူတော်စင်အရှင်က ထိုနေရာကို သွားဖို့ စိတ်ကူးယဉ်နေတယ်။
"အစည်းအရုံးခေါင်းဆောင်က ကြယ်စုအဆင့်ဓားသမားအစည်းအရုံးတစ်ခုကို ရောက်ခဲ့ပြီးပြီလား" လီဖူချန်းက မေးလိုက်တယ်။
နက်နက်ပြာဓားသူတော်စင်အရှင်က ခါးသီးစွာရယ်မောလိုက်တယ်" ကြယ်ပိုင်နက်တစ်ခုမှာ ကြယ်ပိုင်နက်အဆင့်ဓားသမားအစည်းအရုံးတစ်ခုပဲ ရှိတယ်။ ကြယ်စုတိုင်းမှာ ကြယ်စုအဆင့်ဓားသမားအစည်းအရုံးတစ်ခုပဲရှိတယ်။ ကြယ်စုတိုင်းမှာ ကြယ်ပိုင်နက်တွေများစွာရှိတယ်။ ကြယ်စုအဆင့်ဓားသမားအစည်းအရုံးတစ်ခုကို သွားဖို့ဆိုရင် ကြယ်ပိုင်နက်များစွာကို ဖြတ်ကျော်ဖို့လိုအပ်တယ်။ ငါရဲ့ခွန်အားနဲ့ဆိုရင် လမ်းမှာတင်ပျောက်ကွယ်သွားနိုင်တယ်"
အခြားကြယ်ပိုင်နက်တွေကို ဖြတ်သန်းဖို့ကအလွန်အမင်းအန္တရာယ်များတယ်။ သူတော်စင်အရှင်တွေက ကြယ်ပိုင်နက်တွေအတွင်းမှာ အလွယ်တကူသွားလာနိုင်ရင် ကောင်းကင်ဘုံအရှင်တွေက ကြယ်စုတွေအတွင်းနဲ့စကြာဝဠာကိုတောင် အလွယ်တကူသွားလာနိုင်မယ်။
"ဒါပေမယ့် ဓားသူတော်စင်အရှင်၊ မင်းကတော့ ကြယ်စုအဆင့်ဓားသမားအစည်းအရုံးတစ်ခုကို သွားရောက်ဖို့ အခွင့်အရေးသေချာပေါက်ရှိတယ်" နက်ပြာဓားသူတော်စင်အရှင်က လီဖူချန်းကို အကြီးအမားမျှော်လင့်ထားတယ်။ လီဖူချန်းက ငယ်ရွယ်ပြီး အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ဒီလိုပါရမီအရ လီဖူချန်းက စကြာဝဠာအဆင့်ပါရမီရှင်တစ်ယောက်လို့ ဆိုလိုတယ်။
လီဖူချန်းက ရယ်ကာ ဓားသမားအစည်းအရုံးအချက်အလက်တွေနဲ့ပတ်သက်ပြီး နက်ပြာပလိန်းဓားသူတော်စင်အရှင်ကို မေးလိုက်တယ်။
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့ဓားသမားအစည်းအရုံးမှာ ကောင်းကင်ဘုံအရှင်နှစ်ယောက်ရှိပြီး သူတို့က အစည်းအရုံးခေါင်းဆောင်နဲ့နံပါတ်၁ဒုခေါင်းဆောင်တို့ဖြစ်တယ်။ အစည်းအရုံးခေါင်းဆောင်ကို လေဓားကောင်းကင်ဘုံအရှင်လို့ခေါ်ပြီး နံပါတ်၁ဒုခေါင်းဆောင်ကို သက်တံဖြူကောင်းကင်ဘုံအရှင်လို့ခေါ်တယ်။
သူတို့က သာမန်ကောင်းကင်ဘုံအရှင်တွေဖြစ်ပေမယ့် လေဓားကောင်းကင်ဘုံအရှင်ကိုတော့ သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာပြောင်မြောက်တယ်လို့ ပြောလို့ရတယ်။
ကြယ်စုအဆင့်ဓားသမားအစည်းအရုံးက တကယ်ကို မယုံနိုင်စရာပဲ။ အစည်းအရုံးခေါင်းဆောင်က အနည်းဆုံးမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်ဒါမှမဟုတ်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တောင် ဖြစ်နိုင်တယ်။
စကြာဝဠာဓားသမားအစည်းအရုံးကတော့ အကြိုနတ်ဘုရားတစ်ယောက်က အုပ်ချုပ်နေပြီး တစ်ယောက်ထက်ပိုရှိတယ်။
"ဓားသူတော်စင်အရှင်၊ မင်းက အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ဖြစ်နေပြီပဲ။ မင်းက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို ချိတ်ဆက်ရင် အဆင့်မြင့်အကြီးအကဲခေါင်းစဉ်ကို ရရှိနိုင်လိမ့်မယ်"
နက်ပြာဓားသူတော်စင်အရှင်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အလယ်ဆင့်အကြီးအကဲတစ်ယောက်သာ ဖြစ်တယ်။
"နက်ပြာပလိန်းငြိမ်းချမ်းတဲ့တစ်နေ့ကျရင် ငါ အဲဒိီကို သွားမှာပါ"
ဓားသမားအစည်းအရုံးက ဓားသမားတွေစုဝေးရာတစ်ခုပဲ၊ လီဖူချန်းက တစ်ချက်သွားကြည့်ချင်တာ သဘာဝပဲလေ။
…
ဓားပညာက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိပြီးဖြစ်တာကြောင့် လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းကို ပထမအဆင့်အထွတ်အထိပ်အခြေအနေကို တွန်းပို့ဖို့ ပြင်ဆင်ခဲ့တယ်။
မူလအဆုံးစွန်းဓားနည်းလမ်းက ပထမအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိလာတာနဲ့ လီဖူချန်းက ကောင်းကင်ဆက်ဓားကို အသုံးမပြုရင်တောင် သူက သူတော်စင်အရှင်တွေရဲ့ထိပ်မှာရပ်တည်နိုင်တယ်။ သူက အထွတ်အထိပ်သူတော်စင်အရှင်အများစုထက် ပိုသန်မာပါလိမ့်မယ်။
"သိုင်းပညာထက် ကျင့်ကြံခြင်းနည်းလမ်းက နားလည်ဖို့ပိုခက်ခဲတယ်"
"သိုင်းပညာတွေက ဆန်းကြယ်တဲ့လက္ခဏာသွင်ပြင်ကို ဖော်ထုတ်ဖို့နည်းစနစ်ဖြစ်ပေမယ့် ကျင့်ကြံခြင်းနည်းလမ်းတွေမှာ ကိုယ်တိုင်ဘယ်လိုဖြည့်စွက်ရမလဲတွေ ပါဝင်တယ်"
"ပုံမှန်အားဖြင့် သာမန်ကောင်းကင်ဘုံအရှင်အများစုရဲ့ကျင့်ကြံခြင်းနည်းလမ်းတွေက ပထမအဆင့်အထွတ်အထိပ်ပဲဖြစ်လိမ့်မယ်။ ပြောင်မြောက်တဲ့သာမန်ကောင်းကင်ဘုံအရှင်တွေကသာ သူတို့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို တွန်းပို့နိုင်လိမ့်မယ်"
ဒါပေမယ့် ချွင်းချက်ဆိုတာ အမြဲတမ်းရှိတယ်။ အချို့သူတော်စင်အရှင်တွေက အဆုံးစွန်းသိုင်းပညာတစ်ခုကို နားမလည်ခင် သူတို့ရဲ့ကျင့်ကြံခြင်းနည်းလမ်းတွေက ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိနေလိမ့်မယ်။ အဲဒါက ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ဖြစ်လောက်တယ်။ တကယ်တော့ စကြာဝဠာရဲ့ဆန်းကြယ်မှုတွေပါဝင်တဲ့ခန္ဓာကိုယ်များစွာရှိတယ်လေ။
လီဖူချန်းရဲ့လက်ရှိအဆင့်အတန်းအရ ဓားသမားအစည်းအရုံးရှိဓားတာအိုစာအုပ်အားလုံးကို လီဖူချန်းအတွက် ဖွင့်ပေးထားတယ်။ အဆုံးစွန်းဓားပညာဖြစ်တဲ့အချုပ်အချယ်မဲ့ဓားပညာကိုလည်း လီဖူချန်းက အခမဲ့ဖတ်လို့ရနေပါပြီ။
ဒါပေမယ့် အချုပ်အချယ်မဲ့ဓားပညာက အကြောင်းပြချက်တစ်ခုအတွက် အဆုံးစွန်းဓားပညာတစ်ခုဖြစ်နေတာပါ။ နားလည်ဖို့လွယ်ကူနေရင် အဆုံးစွန်းဓားပညာလို့ မခေါ်တော့ပါဘူး။
ယခု လီဖူချန်းက အချုပ်အချယ်မဲ့ဓားပညာကို နားလည်ဖို့အတွက် အချိန်မဖြန်းလိုပါဘူး။ နှစ်သန်းပေါင်းများစွာမရှ်ိဘဲ နားလည်ဖို့က မဖြစ်နိုင်ဘူးလေ။
အဲဒါထက်စာရင် သူ့ရဲ့ကိုယ်ပိုင်အဆုံးစွန်းဓားပညာတစ်ခုကို ဖန်တီးတာက လီဖူချန်းအတွက် ပိုလွယ်ပါတယ်။
အချုပ်အချယ်မဲ့ဓားပညာက အချုပ်အချယ်မဲ့အကြီးအကဲရဲ့ဓားတာအိုဖြစ်တယ်။ တစ်စုံတစ်ယောက်ရဲ့ဓားတာအိုကို သင်ယူတဲ့အခါ နားမလည်တဲ့နေရာတွေရှ်ိလာမှာ အသေအချာပါပဲ။ တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ဓားတာအိုက မရင်းနှီးမကျွမ်းဝင်တဲ့နေရာတွေရှိလာမှာမဟုတ်သလို အလွန်အမင်းလည်းလိုက်ဖက်ညီနေပါလိမ့်မယ်။
ယေဘုယျပြောရရင် အခြားသူတွေရဲ့ဓားတာအိုကို အကိုးအကားတစ်ခုအနေနဲ့သာ အသုံးပြုသင့်တယ်။
အချိန်ကုန်ဆုံးလာသလို လီဖူချန်းရဲ့မူလအဆုံးစွန်းဓားပညာက သိသိသာသာတိုးတက်မှုတွေ ရှိလာတယ်။
ဒါပေမယ့် အဲဒါက လီဖူချန်းရဲ့ကောင်းကင်ဆန့်ကျင်ထိုးထွင်သိမြင်မှုနဲ့အားကောင်းတဲ့စိတ်ဝိညာဉ်ကြောင့် အဓိကပါပဲ။ ခန္ဓာကိုယ်ရဲ့လျှို့ဝှက်ချက်အားလုံးက လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားရဲ့စစ်ဆေးကြည့်ရှုမှုအောက်မှ မလွတ်မြောက်နိုင်ပါဘူး။
***