← Chapters

အဆင့်သတ်မှတ်ချက်ဝင် သူတော်စင်အရှင်တွေစုဝေးခြင်း

Vol. 65 Ch. 898

အဆင့်သတ်မှတ်ချက်ဝင် သူတော်စင်အရှင်တွေစုဝေးခြင်း

Vol. 65 Ch. 898

သူတော်စင်ယန်တိုက်ကြီး၊ ကျောက်စိမ်းကြယ်တောင်တန်း။

ကျောက်စိမ်းကြယ်သူတော်စင်အရှင်က လုံ့လဝီရိယရှိစွာနဲ့ အားပြန်ဖြည့်နေတယ်။

မဟာပျက်ဆီးခြင်းကမ္ဘာမှာ သူက သူ့ရဲ့အရင်းမြစ်တောင်ထိခိုက်တဲ့အထိ ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်။

အရင်းမြစ်ထိခိုက်တာနဲ့ စွမ်းပကားအားလုံးကျဆင်းလာလိမ့်မယ်။ အရင်းမြစ်က လျင်မြန်စွာမသက်သာလာရင် အရင်းမြစ်ထိခိုက်မှုက တဖြည်းဖြည်းပိုပိုဆိုးလာပြီး နဂိုအတိုင်းပြန်မကောင်းနိုင်တော့ပါဘူး။

"ကောင်းကင်ဘုံမီးသူတော်စင်အရှင်" ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းဆန္ဒတွေ ပြည့်နေတယ်။

သူ ဒေါသထွက်တာ ရှားတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက ဒေါသအမျက်ခြောင်းခြောင်းထွက်နေတယ်။

ကျူးစန်းချိုးနဲ့မီးနတ်ဘုရားပုဆိန်ကြောင့်သာမဟုတ်ရင် သူက ဒီလောက်ဒဏ်ရာအပြင်းအထန်ရလိမ့်မှာမဟုတ်ဘူး။

"ငါ့ဒဏ်ရာတွေ သက်သာလာတာနဲ့ ကောင်းကင်လှည့်သားရဲအာဏာရှင်၊ ကောင်းကင်ဘုံမီးသူတော်စင်အရှင်၊ ငါ မင်းတို့နဲ့စာရင်းရှင်းဖို့လာရလိမ့်မယ်"

ကျောက်စိမ်းကြယ်သူတော်စင်အရှင်က မျက်လုံးမှိတ်ကာ ဆက်လက်ကုသနေတယ်။

...

ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးဖို့မလွယ်ပါဘူး။ လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက တိုးတက်လာပေမယ့် အရည်အသွေးအရတိုးတက်မှုတော့ မရှိလာပါဘူး။

ဝီဝီ......

နေရာလပ်လက်စွပ်က တုန်ခါလာတယ်။

"စုရုံးခြင်းတုံကင်...."

ညနတ်ဆိုးအဖွဲ့ရဲ့အဖွဲ့ဝင်အသီးသီးမှာ စုရုံးခြင်းတုံကင်စီရှိတယ်။ စုရုံးခြင်းတုံကင်က ဆက်သွယ်ရေးတုံကင်တစ်ခုမဟုတ်ပါဘူး၊ ဒါကြောင့် အဲဒါက သတင်းမပို့နိုင်ပါဘူး။ ဒါပေမယ့် အဲဒါက တုန်ခါန်ိုင်ပြီး ဘယ်လောက်ဝေးဝေးသက်ရောက်မှုရှိတယ်။

"အဆင့်မချိုးဖြတ်နိုင်မှတော့ ရှေးကျောက်တုံးကြယ်ပိုင်နက်ကို အရင်သွားရတာပေါ့"

လီဖူချန်းက ထရပ်ကာ ရှေးကျောက်တုံးကြယ်ပိုင်နက်နဲ့ချိတ်ဆက်ထားတဲ့အာကာသ-အချိန်လမ်းကြောင်းဆီ တစ်ဟုန်ထိုးပြေးသွားတော့တယ်။

...

ရှေးကျောက်တုံးကြယ်ပိုင်နက်၊ အချိန်သဲမြို့။

"ဓားသူတော်စင်အရှင်ပဲ ကျန်တော့တယ်"

ညနတ်ဆိုးစားသောက်ဆိုင်မှာ ညနတ်ဆိုးအဖွဲ့ဝင်အားလုံးက တစ်ဟုန်ထိုးပြေးလာနေကြတယ်။

ရှေးကျောက်တုံးမြို့ကို နှစ်တစ်သောင်းပြည့်တိုင်း တစ်ကြိမ်သာ ဖွင့်တယ်။ ငါတို့က ဒါကို လွတ်သွားရင် နောက်နှစ်တစ်‌သောင်းကို ထပ်စောင့်ရလိမ့်မယ်"

"ဒီတစ်ကြိမ်ဆုလာဘ်က ပိုကောင်းစေဖို့ ငါမျှော်လင့်တယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းက ငါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀၀၀၀သာ ရရှိခဲ့တယ်"

"အဲဒါက အလွန်ကောင်းနေပါပြီ။ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ကံဆိုးတဲ့သူတော်စင်အရှင်အားလုံးက ရှေးကျောက်တုံးမြို့ထဲမှာ သေဆုံးသွားကြကာ စိတ်ဝိညာဉ်တွေအဖြစ်ပြောင်းသွားတော့တယ်"

အဖွဲ့ဝင်အားလုံးက ဆွေးနွေးနေကြတယ်။

နေ့ဝက်ခန့်ကြာပြီးနောက် လီဖူချန်းက ညနတ်ဆိုးစားသောက်ဆိုင်ကို ရောက်ရှိလာတယ်။

"ဓားသူတော်စင်အရှင်၊ မင်း ရောက်လာပြီပဲ"

"ဓားသူတော်စင်အရှင်၊ ဒါက ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပဲ"

ဘယ်နေရာပဲဖြစ်ဖြစ်၊ ခွန်အားကသာ အရေးကြီးတဲ့အရာပါပဲ။ လီဖူချန်းက သူ့ခွန်အားတစ်စိတ်တစ်ပိုင်းကို ဖော်ပြခဲ့တာကြောင့် သူက ညနတ်ဆိုးအဖွဲ့ရဲ့အရေးကြီးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။

"အိုး။ ဘာအခွင့်အလမ်းများလဲ" လီဖူချန်းရဲ့သိလိုစိတ်က မြင့်တက်သွားတယ်။

ညနတ်ဆိုးအဖွဲ့ဝင်အားလုံးက အခွင့်အလမ်းတစ်ခုလို့ပြောနေမှတော့ အဲဒါက သေချာတဲ့အကျိုးအမြတ်တစ်ခု‌တော့ ရှိရမယ်။

"ဓားသူတော်စင်အရှင်၊ ရှေးကျောက်တုံးမြို့ကို ကြားဖူးလား" ကူးလီရှာက ပြုံးကာ မေးလိုက်တယ်။

"ရှေးကျောက်တုံးမြို့.....အရင်က မကြားဖူးဘူး။ ငါ အတွေ့အကြုံမရှိတာ ဖြစ်နိုင်ပါတယ်"

လီဖူချန်းက အချိန်သဲမြို့ကို ရောက်တာ သိပ်မကြာသေးဘူးလေ၊ သူက လျှို့ဝှက်ချက်တွေနဲ့ပတ်သက်ပြီး တကယ်မသိနေပါဘူး။

အခေါင်းအရိပ်သူတော်စင်အရှင်က ပြောလိုက်တယ်"ရှေးရှေးတုန်းက ရှေးကျောက်တုံးကြယ်ပိုင်နက်မှာ အချိန်သဲမြို့ဆိုတာ မရှိခဲ့ဘူး။ အချိန်သဲမြို့ကို နောက်မှ တည်ဆောက်ခဲ့တာပါ။ အတိတ်ကိုပြန်သွားရင် ရှေးကျောက်တုံးမြို့က ရှေးကျောက်တုံးကြယ်ပိုင်နက်ရဲ့စကြာဝဠာမြို့တစ်ခုဖြစ်ခဲ့တယ်။ အမည်မသိအကြောင်းပြချက်တွေကြောင့် ရှေးကျောက်တုံးကြယ်ပိုင်နက်နဲ့ရှေးကျောက်တုံးမြို့ကို ရုတ်တရက် စွန့်ပစ်ခဲ့ကြတယ်။ ဒါပေမယ့် အထူးဆန်းဆုံးအရာကတော့ ရှေးကျောက်တုံးမြို့ကိုဝန်းရံထားတဲ့ ကြောက်စရာကောင်းတဲ့စွမ်းအင်ပဲ။ ရှေးကျောက်တုံးမြို့အတွင်းမှာသေသွားတဲ့ဘယ်အပြင်လူမဆို အပြင်လူတွေကိုပြန်တိုက်ခိုက်တဲ့စိတ်ဝိညာဉ်တွေအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတယ်"

"ဟုတ်တယ်။ ရှေးကျောက်တုံးမြို့ကို နှစ်တစ်သောင်းပြည့်တိုင်း တစ်ကြိမ်သာ ဖွင့်တယ်။ အခု အဲဒါက နောက်တစ်ကြိမ်ထပ်ဖွင့်တော့မယ်" ကျောက်ပုဆိန်သူတော်စင်အရှင်က ဖြည့်စွက်ပြောလိုက်တယ်။

"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ရှေးကျောက်တုံးမြို့က တကယ်ကိုမဟာအခွင့်အလမ်းတစ်ခုပဲ။ သေပြီးနောက်စိတ်ဝိညာဉ်တစ်ခုဖြစ်လာတာနဲ့ပတ်သက်ပြီးတော့ သူက အရေးမစိုက်ပါဘူး။ တကယ်တော့ အပျက်အဆီး‌နယ်မြေအားလုံးက အန္တရာယ်ရှိတာပဲလေ။

ရှေးကျောက်တုံးမြို့မှာ အခွင့်အလမ်းနှစ်ခုရှိတာကို လီဖူချန်းက သိခဲ့တယ်။ ရှေးကျောက်မြို့ကိုယ်တိုင်ကတစ်ခု၊ စိတ်ဝိညာဉ်တွေက တစ်ခု။

ဒီစိတ်ဝိညာဉ်တွေက တစ်ချိန်က သူတော်စင်ဖြစ်ခဲ့တယ်။ သူတို့က စိတ်ဝိညာဉ်တွေဖြစ်သွားရင်တောင် သူတို့က အံ့အားသင့်ဖွယ်ကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတုန်းပဲ။ စိတ်ဝိညာဉ်တွေကို သတ်ပြီးရင် ကြွယ်ဝမှုက ဆုလာဘ်ဖြစ်လာပါလိမ့်မယ်။

ရှေးကျောက်တုံးမြို့ဖွင့်ဖို့ အချိန်တစ်ခုလိုသေးတယ်၊ လူတိုင်းက ပြင်ဆင်စရာရှိတာပြင်ဆင်နေကြတယ်။

လမ်းပေါ်မှာ သူတော်စင်အရှင်တွေ သိသိသာသာတိုးလာတယ်။

"ကြည့်စမ်း၊ အဲဒါ အဆင့်၂၀နတ်ဆိုးနှလုံသားသူတော်စင်အရှင်ပဲ"

အဆင့်၁၄ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်လည်းရှိတယ်"

သူတော်စင်အရှင်သတ်မှတ်ချက်မှာရပ်တည်နေတဲ့မြင်တွေ့ခဲတဲ့သူတော်စင်အရှင်များစွာက ထွက်ပေါ်လာတယ်။ သူတို့ ထွက်ပေါ်လာတာနဲ့ မူလကငြိမ်းချမ်းနေတဲ့အချိန်သဲမြို့က အခု ရုတ်ရုတ်သဲသဲဖြစ်လာနေတယ်။

အချိန်သဲမြို့က သူတော်စင်အရှင်တွေစုဝေးရာနေရာတစ်ခုဖြစ်ပေမယ့် သူတော်စင်အရှင်သတ်မှတ်ချက်မှာ သူတော်စင်အရှင်၁၀၀သာ ရှိတယ်။ ပုံမှန်အားဖြင့် သူတို့တစ်ယောက်နှစ်ယောက်ကို မြင်ရင် ကံကောင်းတယ်လို့ဆိုရမယ်။ အခု အဆင့်သတ်မှတ်ချက်ဝင်သူတော်စင်အရှင်များစွာက လမ်းတွေပေါ်မှာ ရှိနေတယ်။ ဒါက ရှေးကျောက်တုံးမြို့ရဲ့ဆွဲဆောင်မှုဆိုတာ ရှင်းလင်းတယ်။

အထက်ကိုးထပ်ရှိစားသောက်ဆိုင်တစ်ခုမှာ လီဖူချန်း၊ ကျောက်ပုဆိန်သူတော်စင်အရှင်နဲ့အခေါင်းအရိပ်သူတော်စင်အရှင်တို့က ပြတင်းပေါက်နားမှာ ထိုင်နေကြတယ်။

"ရှေးကျောက်တုံးမြို့က အဆင့်သတ်မှတ်ချက်ဝင်သူတော်စင်အရှင်အများစုကို သေချာပေါက် ဆွဲဆောင်ခဲ့တာပဲ။ အနာဂတ်မှာ ငြိမ်းချမ်းမှုဆိုတာ ရှိ‌တော့မှာမဟုတ်ဘူး" အခေါင်းအရိပ်သူတော်စင်အရှင်က သက်ပြင်းချလိုက်တယ်။

ကျောက်ပုဆိန်သူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်"ရှေးကျောက်တုံးမြို့ရဲ့ဆွဲဆောင်မှုက ကြီးလွန်းပါတယ်လေ"

ဝိုင်းကို သောက်ကာ လမ်းမထက်ရှိမြင်ကွင်းကို ကြည့်ရှုရင်း သူတို့သုံးယောက်က စကားစမြည်ပြောနေကြတယ်။

"အမ်" ရုတ်တရက် အခေါင်းအရိပ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက လေးနက်သွားတယ်။

လီဖူချန်းနဲ့ကျောက်ပုဆိန်သူတော်စင်အရှင်က တူညီတဲ့ဦးတည်ဘက်ကို ကြည့်လိုက်တယ်။ လမ်းပေါ်မှာ မူလစွမ်းအင်‌ရောနှောနေတဲ့ချီတည်ရှိမှုတစ်ခုရှိပြီးမီးခိုးရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ရှိတယ်။

"အဲဒါ သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၅ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ပဲ" ကျောက်ပုဆိန်သူတော်စင်အရှင်က သက်လတ်ပိုင်းလူကို သိနေတယ်။

"အဆင့်၅လား" လီဖူချန်းရဲ့မျက်လုံးတွေက တဖျတ်ဖျတ်လက်သွားတယ်။

ထိပ်ဆုံးဆယ်‌ယောက်စာရင်းဝင်သူတော်စင်အရှင်အားလုံးက အလွန်အမင်းပြောင်မြောက်တဲ့သူတော်စင်အရှင်တွေပါပဲ။ ဒါပေမယ့် သူတို့တွေက ပုံမှန်အချိန်တွေမှာ သိပ်ရှိလေ့မရှိပါဘူး။ ဒါကြောင့်လည်း သွေးရာအဖွဲ့က သောင်းကျန်းရဲနေတာပေါ့။ တကယ်တော့ သွေးရာအဖွဲ့ခေါင်းဆောင်သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ကလည်း အဆင့်၉ဖြစ်ပြီး သူတော်စင်အရှင်အောက်ပြိုင်ဘက်ကင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အခု သူ့ရဲ့အဆင့်အထက်ကသူတွေ ပြန်ရောက်လာပြီးဆိုတော့.......သွေးရာအဖွဲ့က အရင်ကလိုပဲ ပြုမူနေမယ်ဆိုရင် သူတို့က သေချာပေါက် ဒုက္ခခံစားရလိမ့်မယ်။

သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အခေါင်းအရိပ်သူတော်စင်အရှင်က ပြောလိုက်တယ်"ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က လူသားတစ်ယောက်မဟုတ်ပေမယ့် ပြောင်းလဲခြင်းကိုးခုဆန်းကြယ်နည်းလမ်းလို့ခေါ်တဲ့သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးခဲ့တယ်။ ဒီဆန်းကြယ်နည်းလမ်းက သူတော်စင်လိပ်ပြာနဲ့စိတ်ဝိညာဉ်ကို မဖျက်ဆီးနိုင်အောင်၊ ချို့ယွင်းချက်မဲ့အောင် ပြုလုပ်နိုင်တယ်။ တစ်ချိန်က အထွတ်အထိပ်သူတော်စင်အရှင်ဆယ်‌ယောက်က ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပေမယ့် သူ့ရဲ့အရေပြားကိုတောင် မချိုးဖြတ်နိုင်ခဲ့ပါဘူး။ အဲအစား ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က သူတို့ကို သတ်ဖြတ်ခဲ့တယ်"

ကျောက်ပုဆိန်သူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်" သူ့မှာ အားနည်းချက်မရှိတာကြောင့် ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ကြောက်စရာကောင်းတယ်။ ဒါကြောင့် သူ့ထက်ပိုသန်မာတဲ့သူတွေက‌တောင် ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကို မရင်ဆိုင်ချင်ကြဘူး"

"ထိုကျင့်ကြံခြင်းနည်းလမ်းက တကယ်ကို အံ့ဖွယ်ပဲ"

ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ကျောက်တုံးတစ်တုံးလို ခိုင်မာတယ်၊ ပြီး‌တော့ စိတ်ခံစားချက်လှိုင်းတွေတစ်ခုမှ မရှိပါဘူး။ ဆိုလိုတာကတော့ သူ့စွမ်းအားက အတွင်းမှအပြင်အထိပေါင်းစည်းကာ တုန်လှုပ်ခြင်းမရှိပါဘူး။ မင်းက သူ့ထက် သိသိသာသာပိုသန်မာရင်တောင် သူ့ကို အနိုင်ယူဖို့ဆိုတာ အလွန်ခက်ခဲတယ်။

နောက်ရက်အနည်းငယ်အတွင်း အဆင့်သတ်မှတ်ချက်ဝင်သူတော်စင်အရှင်တွေက လမ်းပေါ်မှာ မကြာခဏပေါ်လာကြတယ်။ အဆင့်အမြင့်ဆုံးသူတော်စင်အရှင်ကတော့ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်မဟုတ်ပါဘူး၊ အဆင့်၂ဖြစ်တဲ့ကြက်သွေးရောင်စိတ်ဝိညာဉ်သူတော်စင်အရှင်ပါပဲ။

ကြက်သွေးရောင်စိတ်ဝိညာဉ်သူတော်စင်အရှင်က ရောင်ခြည်စက်ဝန်းမျိုးနွယ်ဝင်သူတော်စင်အရှင်တစ်ယောက်ဖြစ်တယ်။ အစစ်အမှန်ခန္ဓာကိုယ်မရှိတာကြောင့် ကြက်သွေးရောင်စိတ်ဝိညာဉ်သူတော်စင်အရှင်က ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ထက်တောင် ပိုကြောက်မက်ဖွယ်ကောင်းတယ်။ ကြက်သွေးရောင်စိတ်ဝိညာဉ်သူတော်စင်အရှင်က ကောင်းကင်အရှင်တစ်ယောက်နဲ့တောင် တိုက်ခိုက်ခဲ့တယ်လို့ ပြောကြတယ်။ သနားစရာကောင်းလှ‌အောင်ရှုံးနိမ့်သွားခဲ့ရပေမယ့် ကြက်သွေးရောင်စိတ်ဝိညာဉ်သူတော်စင်အရှင်က အသက်ရှင်သန်နိုင်ခဲ့ပါသေးတယ်။

"သွားကြစို့" ဒီနေ့မှာတော့ လူတိုင်းက ညနတ်ဆိုးသူတော်စင်အရှင်ရဲ့ရွက်သင်္ဘောပေါ်တက်ကာ ရှေးကျောက်တုံးမြို့ဆီ ဦးတည်ခဲ့ကြတော့တယ်။

***

All Chapters