← Chapters

ရှေးကျောက်တုံးမြို့

Vol. 65 Ch. 899

ရှေးကျောက်တုံးမြို့

Vol. 65 Ch. 899

ရှေးကျောက်တုံးမြို့က အချိန်သဲမြို့မှ သိပ်မဝေးလွန်းပါဘူး။ ပုံမှန်အားဖြင့် အဲဒါကညအာကာသ-အချိန်မှာ ကွယ်ဝှက်ထားပြီး နှစ်၁၀၀၀၀ပြည့်တိုင်း သာ ထွက်ပေါ်လာတယ်။

အဝေးမှ ဆိုးဆိုးဝါးဝါးထိခိုက်ထားပြီးအချိန်ရဲ့တိုက်စားမှုကြောင့်ယိုယွင်းပျက်စီးမှုတွေပြည့်နေတဲ့ရှေးမြို့တစ်မြို့ကို လူတိုင်းက မြင်နိုင်ပေတယ်။

ယိုယွင်းပျက်စီးမှုတွေအပြင် ကြောက်မက်ဖွယ်ကောင်းခြင်း၊ အတိတ်နိမိတ်မကောင်းခြင်းနဲ့သုသာန်တစပြင်ပမာတိတ်ဆိတ်မှုတွေကိုလည်း လူတိုင်းက မြင်ရတယ်။ ဒါက မြို့တစ်မြို့မဟုတ်ဘဲငရဲတစ်ခုအလား ခံစား‌ကစေတယ်။

"ရှေးခေတ်တုန်းက ဘာဖြစ်သွားသလဲကို ငါ အတိအကျ သိချင်မိတယ်" ရွက်သင်္ဘောပေါ်မှာ ကူးလီရှာက ရေရွတ်လိုက်တယ်။

ညနတ်ဆိုးသူတော်စင်အရှင်က ပြောလိုက်တယ်"ရှေးကျောက်တုံးကြယ်ပိုင်နက်တစ်ခုလုံးက ကျိန်စာမိထားတယ်လို့ ပြောကြတယ်။ နှစ်ပေါင်းမရေမတွက်များစွာ ကြာရှိပြီးနောက် ကျိန်စာက တဖြည်းဖြည်းပြန့်ကျဲလာသလို အချိန်သဲကောင်းကင်ဘုံအရှင်ကိုလည်း အချိန်သဲမြို့ကို ဖန်တီးခွင့်ရစေခဲ့တယ်"

"ကြယ်ပိုင်နက်တစ်ခုလုံးကို ကျိန်စာတိုက်တာလား" လူတိုင်းက ထိတ်လန့်သွားတယ်။

စကြာဝဠာမြို့တစ်မြို့ကို ကျိန်စာတိုက်တာက ချဲ့ကာတယ်ဆိုပေမယ့် အဲဒါက ဖြစ်နိုင်ချေတော့ရှိပါသေးတယ်။ ဒါပေမယ့် ကြယ်ပိုင်နက်တစ်ခုလုံးကို ကျိန်စာတိုက်တာလား။ ဒါက ချဲ့ကားတာမဟုတ်ဘူးဆိုရင်တောင် အတော်လေးထူးဆန်းတယ်လို့ဆိုရမယ်။ လူတိုင်းရဲ့အမြင်အရ အကြိုနတ်ဘုရားတစ်ယောက်ကတောင် အဲလိုမလုပ်နိုင်ပါဘူး။ဒဏ္ဍာရီလာနတ်ဘုရားတစ်ယောက်များ ဖြစ်နေမလား။

ရှေးကျောက်တုံးမြို့က ပုံရိပ်ယောင်သာ ရှိနေသေးပြီး အားလုံးက စောင့်ဆိုင်းနေကြတယ်။

အချိန်ကုန်ဆုံးလာတာနဲ့အမျှ သူတော်စင်တွေက ရှေးကျောက်တုံးမြို့ရဲ့ဂိတ်လေးဖက်မှာ ပိုပိုစုစည်းလာတယ်။

သူတော်စင်အောက်ဘယ်သူမဆို ရှေးကျောက်တုံးမြို့ကို ဝင်နိုင်ပေမယ့် သေမှာမကြောက်တဲ့သူတော်စင်တွေက များလွန်းပါတယ်။

သူတို့က သေရမှာကို ကြောက်နေရင် သူတော်စင်တောင် မဖြစ်လာနိုင်ဘူးလေ။

အရှေ့ဘက်ဂိတ်မှာ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က လက်ကို နောက်ပစ်ကာ ရပ်နေတယ်၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်က ဘေးမှာရှိတယ်။

"ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်၊ နှစ်၁၀၀၀၀ကြာပြီးနောက် မင်းရဲ့ချီတည်ရှိမှုက ပိုပြီးတော့တောင် မလှုပ်ရှားနိုင်တော့သလိုပဲနော်" ကြယ်တစ်သောင်းဓားမော့သူတော်စင်အရှင်က ဆိုတယ်။

ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ပြုံးလိုက်တယ်"မင်းရဲ့ဓားမော့ချီကလည်း အရင်ကထက်စာရင် ပိုထက်ရှလာပါတယ်။ မင်းက ငါ့ရဲ့ခံစစ်ကို ချိုးဖြတ်ချင်ချိုးဖြတ်နိုင်လောက်မှာပေါ့"

"ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ငါ့ကို အများကြီးတွေးနေတာပဲ။ ဒါပေမယ့် ငါတို့ ရှေးကျောက်တုံးမြို့က ထွက်လာတာနဲ့ ငါတို့တွေ တိုက်ပွဲလေ့ကျင့်မှုတစ်ခုကို ဆင်နွှဲကြတာပေါ့" ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်က ပြောလိုက်တယ်။

"ဒါပေါ့လေ" ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ခေါင်းညိတ်လိုက်တယ်။

အရှေ့ဘက်ဂိတ်မှာ သူတော်စင်တစ်သောင်းလောက်ရှိတယ်၊ သူတို့က ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်ကို အားကျစွာကြည့်နေကြတယ်။

သူတို့နှစ်ယောက်ရဲ့ခွန်အားအရ သူတို့က အခြေခံအားဖြင့် ဘယ်နေရာကိုမဆိုသွားနိုင်ပါတယ်။

ရွှမ်း......

ရုတ်တရက် အပြာရောင်ရောင်ခြည်စက်ဝန်းတစ်ခုက ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်တို့ရဲ့အရှေ့မှာ ဖြစ်ပေါ်လာတယ်။

အပြာရောင်စက်ဝန်းအပြင် ခရမ်းရောင်စက်ဝန်း၊ မီးခိုးရောင်စက်ဝန်း၊ အမည်းရောင်စက်ဝန်း၊ အဝါရောင်စက်ဝန်း......

ရောင်ခြည်စက်ဝန်းအားလုံး အတူတကွစုပုံသွားတဲ့အခါ သူတို့က အလွန်စူးရှတောက်ပတဲ့ရောင်ခြည်စက်ဝန်းတစ်ခုဖြစ်သွားတယ်။

ဝုန်း......

ရောင်ခြည်စက်ဝန်းအတွင်းမှာ ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲလာတယ်။ အရပ်မြင့်ပြီးခမ်းနားတဲ့ပုံရိပ်တစ်ခုက ထွက်လာတယ်။

"တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်"

ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်နဲ့ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်တို့ရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။

တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က  နတ်ဘုရားမျိုးနွယ်ရဲ့သူတော်စင်အရှင်တစ်ယောက်ဖြစ်သလို တစ်ချိန်တည်းမှာပဲ အချိန်သဲမြို့သူတော်စင်အရှင်သတ်မှတ်ချက်ပေါ်ရှိနံပါတ်၁သူတော်စင်အရှင်လည်းဖြစ်တယ်။ သူ့ရဲ့ခွန်အားက ယခုချိန်ထိဆန်းကြယ်နေသေးကာ တစ်ယောက်ကမှ သူနဲ့ တစ်ကွက်တောင်မယှဉ်ပြိုင်နိုင်ခဲ့ကြပါဘူး။

တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်မှာ သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ထက်မနိမ့်ကျတဲ့ခွန်အားရှိတယ်လို့တော့ ခန့်မှန်းထားကြတယ်။

"ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်၊ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်၊ ငါတို့တွေ့ပြီးနောက်ပိုင်း မင်းတို့တွေအဆင်ပြေနေမယ်လို့ ငါ ယုံကြည်ပါတယ်"

ရောင်ခြည်စက်ဝန်းက ပေါက်ကွဲထွက်သွားပြီး ခမ်းနားတဲ့ပုံရိပ်က လှည့်ပတ်လိုက်တယ်။ ပုံရိပ်က အရပ်မြင့်ပြီးကြီးမားတယ်၊ အရေပြားက အပြာရောင်ဖျော့ဖျော့ရှိကာ နဖူးမှာ အလင်းကွက်တစ်ခုရှိတယ်။

သူ့ရဲ့အသံက မကျယ်ဘူး၊ ဒါပေမယ့် သူထွက်ပေါ်လာတဲ့အခိုက်မှာ မိုင်တစ်သောင်းပတ်လည်က တိတ်ဆိတ်သွားတယ်။ တစ်ယောက်မှ အသက်ကိုကျယ်ကျယ်မရှုရဲတော့ဘူး၊ သူတို့က အာရုံဆွဲဆောင်မိမှာကို ကြောက်ရွံ့နေကြတယ်။

ဒါက ကျော်ကြားမှုမှလာတဲ့ဖိအားမဟုတ်ပါဘူး၊ ဒါက ခွန်အားနဲ့သွေးမျိုးဆက်ကြောင့်ဖြစ်ပေါ်လာတဲ့မွန်းကျပ်စရာခံစားချက်တစ်ခုပါပဲ။

နတ်ဘုရားမျိုးနွယ်ကို အကြောင်းပြချက်ကြောင့် ဒီနာမည်ပေးထားတာပေါ့။

နတ်ဘုရားမျိုးနွယ်က စကြာဝဠာရဲ့နံပါတ်၁သွေးမျိုးဆက်လို့ပြောကြတယ်။ သူတို့က နတ်ဘုရားမျိုးနွယ်မဟုတ်တဲ့သွေးမျိုးဆက်တွေကို ပြင်းထန်တဲ့ဖိအားတစ်ခု ပေးစွမ်းတယ်။

အားနည်းတဲ့သူတွေက နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင့်ဖို့ တိုက်ပွဲဆန္ဒတစ်ခုတောင် ရှိနိုင်လိမ့်မှာမဟုတ်ဘူး။

အချက်အလက်အရ နတ်ဘုရားမျိုးနွယ်က သတ်ချင်ရင် သူတို့က ခုခံနိုင်လိမ့်မှာမဟုတ်ပါဘူး။

"တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်၊ မင်းလည်းလာလိမ့်မယ်လို့ ငါမထင်ဘူး"

သူ့ရဲ့နှလုံးသားက ဒုန်းစိုင်းနေတာကို ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်က ခံစားမိတယ်။ ဒါပေမယ့် သူ့နှလုံးသားက ရေနဲ့တူတဲ့အခြေအနေကို ရောက်ရှိနေပြီးဖြစ်တာကြောင့် ကောင်းကင်ပြိုကျရင်တောင် သူက လှုပ်ရှားလိမ့်မှာမဟုတ်ပါဘူး။

နှိုင်းယှဉ်ရရင် ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ပိုကောင်းတယ်၊ သက်ရောက်မှုရှိမနေခဲ့ပါဘူး။

သူ့ရဲ့ပြောင်းလဲခြင်းကိုးခုဆန်းကြယ်နည်းလမ်းက မဖျက်ဆီးနိုင်ပါဘူး။ သူ့ရဲ့သွေးမျိုးဆက်က ‌ပြောင်းလဲခြင်းကိုးခုဆန်းကြယ်သွေးမျိုးဆက်ကို ပြောင်းလဲသွားပြီးဖြစ်တာကြောင့် သူက နတ်ဘုရားမျိုးနွယ်သွေးမျိုးဆက်မှဖိအားကို ခုခံနိုင်တယ်။

"အရင်ကတော့ ငါ ရှေးကျောက်တုံးမြို့ကို ဘယ်တုန်းကမှမဝင်ခဲ့ဘူး။ အခု ငါ့အနေနဲ့ အထဲကိုစစ်ဆေးကြည့်ရှုဖို့အချိန်ပဲ"

တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က သူ့ရဲ့စကားကို ပြောဆိုပြီးတဲ့အခိုက်......

ဝုန်း.....

ရှေးကျောက်တုံးမြို့က ပုံရိပ်ယောင်မှအစစ်အမှန်သို့ ပြောင်းလဲသွားတယ်။

ပြီးနောက်ဂိတ်လေးဂိတ်က ချက်ချင်းပွင့်သွားပြီး လူတိုင်းက အထဲရှိမြင်ကွင်းကို မြင်နေရတယ်။

"ဂိတ်ပွင့်သွားပြီ၊ ဝင်ကြစို့"

ရှေးကျောက်တုံးမြို့ဂိတ်တွေက ကြီးမားတယ်၊ သူ‌တော်စင်တွေက ကျိုင်းကောင်ပမာ ပြေးဝင်နေကြတယ်။

"ငါတို့လဲဝင်ကြစို့"

အနောက်ဘက်ဂိတ်မှာ ရွက်သင်္ဘောက လီဖူချန်းနဲ့အခြားသူတွေကို သယ်ဆောင်ကာ ရှေးကျောက်တုံးမြို့ထဲ ဝင်ရောက်ခဲ့တယ်။

ရှေးကျောက်တုံးမြို့အထဲမှာ သူကမတူညီတဲ့ကမ္ဘာတစ်ခုကိုဝင်နေသလို လီဖူချန်းက ခံစားမိတယ်။ ဆိုးယုတ်တဲ့ဆန္ဒတွေက လေထဲမှာ ရစ်ဝဲတည်ရှိ‌နေပြီး စိတ်ဝိညာဉ်ကို အလွန်မသက်မသာဖြစ်စေတယ်။

"ဒါ တကယ်ကို ထူးဆန်းတယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

သူတော်စင်တစ်သောင်းကျော်က အနောက်ဘက်မြို့ဂိတ်ကို ဝင်ရောက်ခဲ့ပေမယ့် သူတို့က ပင်လယ်ထဲကိုဝင်ရောက်နေတဲ့သဲပမာ အားလုံးပျောက်ကွယ်သွားတော့တယ်။

ဂီးဂီးဂီးဂီး......

နိမိတ်မကောင်းတဲ့ရယ်သံတွေ ထွက်ပေါ်နေတယ်၊ လမ်းထောင့်တွေမှ အနက်ရောင်စိတ်ဝိညာဉ်တွေက ပြေးဝင်လာပြီး ရွက်သင်္ဘောကို စတင်ဆုတ်ဖြဲလာတယ်။

ဒီစိတ်ဝိညာဉ်တွေက ပြောင်မြောက်တာကို လီဖူချန်းက မြင်နိုင်တယ်။ အားအနည်းဆုံးက‌တောင် အလယ်ဆင့်သူတော်စင်တစ်ယောက်ဖြစ်တယ်။

"ပျောက်ကွယ်သွားစမ်း"

ညနတ်ဆိုးအဖွဲ့မှာ အားအနည်းဆုံးကလည်း အထက်တန်းသူ‌တော်စင်အရှင်ပါပဲ။ သူတို့ထဲမှတစ်ယောက်ကို မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်လို့ခေါ်တယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ချီအားတစ်ခုထွက်ပေါ်လာပြီး ရွက်သင်္ဘောကိုဝန်းရံနေတဲ့စိတ်ဝိညာဉ်အားလုံးပေါက်ကွဲထွက်သွားတော့တယ်။

ဒါပေမယ့် အဆင့်မြင့်သူတော်စင်တွေမှန်းသိသာတဲ့စိတ်ဝိညာဉ်အနည်းငယ်ရှိတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ပေါက်ကွဲထွက်သွားပြီးနောက် သူတို့က ထပ်မံပေါင်းစပ်ချင်ခဲ့တယ်။

"အိမ်မက်မက်နေလိုက်" မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်မှလက်သီးတစ်လုံးထွက်ပေါ်လာပြီး ပေါင်းစပ်ဖို့ကြိုးစားနေတဲ့စိတ်ဝိညာဉ်တွေက နောက်တစ်ကြိမ်ပေါက်ကွဲထွက်သွားတော့တယ်။

စိတ်ဝိညာဉ်တွေပေါက်ကွဲထွက်သွားပြီးနောက် သူတို့ရဲ့‌နေရာလပ်လက်စွပ်က လေထဲမှာ လွင့်မျောနေတယ်။ သူတို့အားလုံးက မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်ရဲ့လက်ထဲကို ရောက်ရှိလာတယ်။

" တော်‌တော်ဆင်းရဲတဲ့လူတွေပဲ၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်ကျော်လောက်ပဲရှိတယ်" နေရာလပ်လက်စွပ်တွေကို ဖွင့်ပြီးနောက် မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်က အထင်သေးတဲ့အမူအရာဖြစ်သွားတယ်။

စိတ်ဝိညာဉ်အားလုံးမှာ နေရာလပ်လက်စွပ်တစ်ခုမရှိပါဘူး။ သူတို့တစ်ဝက်ကသာ မေရာလပ်လက်စွပ်တွေရှိပြီး အကြွယ်ဝဆုံးသူကတော့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်အနည်းငယ်သာရှိတယ်။

"ကြီးမားတဲ့ကြွယ်ဝမှုကို စုဆောင်းခြင်းဖြင့် အောင်မြင်နိုင်တယ်" အားလုံးက စိတ်မပျက်သွားကြပါဘူး။

ရှေးကျောက်တုံးမြို့ကို တစ်နှစ်လောက် ဖွင့်လိမ့်မယ်။ တစ်နှစ်က ကြီးမားတဲ့ကြွယ်ဝမှုကို စုဆောင်းဖို့လုံလောက်ပါတယ်။

***

All Chapters