ပန်းစိတ်ဝိညာဉ်
Vol. 65 Ch. 900
ရှေးကျောက်တုံးမြို့ထဲကို နက်နက်ရှိုင်းရှိုင်းဝင်လာလေလေ၊ စိတ်ဝိညာဉ်တွေရဲ့အရေအတွက်နဲ့ခွန်အားက တိုးလာလေပါပဲ။
လမ်းမကြီးရဲ့အထက်ကောင်းကင်မှာ စိတ်ဝိညာဉ်လှိုင်းတွေက ရွက်သင်္ဘောဆီ တစ်ဟုန်ထိုးပြေးဝင်လာနေတယ်။
ဒီနေရာရှိ စိတ်ဝိညာဉ်အနည်းစုကသာ အလယ်ဆင့်သူတော်စင်တွေဖြစ်တယ်။ အများစုကတော့ အဆင့်မြင့်သူတော်စင်တွေဒါမှမဟုတ်အထွတ်အထိပ်အဆင့်သူတော်စင်တွေပါပဲ။
အလယ်ဆင့်စိတ်ဝိညာဉ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ လူတိုင်းက တစ်ချက်တည်းနဲ့ အလွယ်တကူဖျက်ဆီးနိုင်တယ်။ ဒါပေမယ့် အဆင့်မြင့်စိတ်ဝိညာဉ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ သူတို့က ခွန်အားပြည့်တိုက်ခိုက်ဖို့လိုအပ်တယ်။ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်တွေကိုတော့ အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ကတောင် အနည်းဆုံးဆယ်ခါတိုက်ခိုက်ဖို့လိုအပ်တယ်။
ဝုန်း ဝုန်း ဝုန်း.......
ရွက်သင်္ဘောနဲ့ဆိုရင် အဖွဲ့က ယာယီအန္တရာယ်မရှိတော့ပါဘူး။ အများဆုံး သူတို့က စွမ်းအင်အနည်းငယ်သာ ကုန်ဆုံးပါလိမ့်မယ်။
ဝင်ရောက်ခာတဲ့အခြားသူတော်စင်တွေကတော့ အဆင်ပြေမနေပါဘူး။ စိတ်ဝိညာဉ်တွေကသတ်ဖြတ်ခဲ့တဲ့သူတော်စင်အချို့ကို လီဖူချန်းက မြင်တွေ့ခဲ့တယ်။ ရှေးကျောက်တုံးမြို့ရဲ့နောက်တစ်ကြိမ်ဖွင့်တဲ့အခါမှာတော့ ထိုသေဆုံးသွားတဲ့သူတော်စင်တွေက စိတ်ဝိညာဉ်အသစ်ဖြစ်လာပါလိမ့်မယ်။
တစ်လနီးပါးကြာပြီးနောက် ရွက်သင်္ဘောက မြစ်ရှည်တစ်ခုဘေးနားကို ရောက်ရှိသွားတယ်။
ညနတ်ဆိုးသူတော်စင်အရှင်က ရွက်သင်္ဘောကို သိမ်းကာ ပြောလိုက်တယ်"ရှေးကျောက်တုံးမြို့ကို သုံးပိုင်းခွဲထားတယ်။ အပြင်ပိုင်းမြို့၊ အတွင်းပိုင်းမြို့၊ မြို့အရှင်အိမ်တော်။ အခု ငါတို့က အပြင်ပိုင်းမြို့နဲ့အတွင်းပိုင်းမြို့ရဲ့နယ်နိမိတ်မှာ ရှိတယ်။ အတွင်းပိုင်းမြို့မှာ လေအတားအဆီးအစီအရင်တစ်ခုရှိတယ်၊ ဒါကြောင့် ငါတို့က လမ်းလျှောက်ပဲသွားလို့ရမယ်"
အချက်အလက်အရ ပုံမှန်စကြာဝဠာမြို့တွေမှာလည်း အပြင်ပိုင်းမြို့မှာ လေအတားအစီးအစီအရင်တွေရှိတယ်၊ ဒါပေမယ့် ရှေးကျောက်တုံးမြို့ရဲ့အပြင်ပိုင်းမြို့အစီအရင်က ပျက်ဆီးသွားပြီ။ ဒါကြောင့် အတွင်းပိုင်းမြို့အစီအရင်ကသာ အလုပ်လုပ်တော့တယ်။
မြစ်အထက်မှာ တံတားကြီးတစ်ခုရှိပြီး တံတားကို ဖြတ်ပြီးနောက် အဖွဲ့က အတွင်းပိုင်းမြို့ကို ရောက်ရှိလာတယ်။
အတွင်းမြို့ထဲမှာ လူတိုင်းက ကြီးမားတဲ့ဖိအားကို ခံစားမိတယ်။ အပြင်မြို့နဲ့နှိုင်းယှဥ်ရင် ဒီနေရာမှာတိုက်ခိုက်ရတာက ဆယ်ဆပိုခက်ခဲလောက်တယ်၊ ရှေးကျောက်တုံးမြို့အပြင်ဘက်မှာတိုက်ခိုက်ရတာထက်အဆတစ်သောင်းပိုခက်ခဲလောက်တယ်။
အခြားအရာတွေနဲ့မတူဘဲ စိတ်ဝိညာဉ်တွေက အပြင်မြို့ရောအတွင်းမြို့မှာပါ ပျံသန်းနိုင်တယ်။ ဒါ့အပြင် သူတို့မှာ အလွန်အမင်းမြန်တဲ့အရှိန်ရှိပြီး အဖွဲ့က အတွင်းမြို့ကို ဝင်လာတာနဲ့ စိတ်ဝိညာဉ်တွေက အုပ်စုဖွဲ့ကာတိုက်ခိုက်လာကြတယ်။
"အတွင်းမြို့ရဲ့အားအနည်းဆုံးစိတ်ဝိညာဉ်က အဆင့်မြင့်သူတော်စင်ပဲ။ တဖြည်းဖြည်းနဲ့ကြောက်စရာပိုကောင်းလာတယ်"
ဗီဗီယန်က မျက်မှောင်ကြုတ်လိုက်တယ်။ သူမက ညနတ်ဆိုးအဖွဲ့ကို မကြာသေးတဲ့နှစ်တစ်သောင်းကာလအတွင်းမှ ပူးပေါင်းခဲ့တာပါ၊ ဒါကြောင့် အရင်က သူမက ရှေးကျောက်တုံးမြို့ကို ဘယ်တုန်းကမှ မဝင်ခဲ့ဖူးပါဘူး။
"သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်မဟုတ်သရွေ့ သူတို့ကို ရင်ဆိုင်ရတာ ပြဿနာမရှိဘူး။ သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်အုပ်စုတွေသာရှိလာမှာကို ငါစိုးရိိမ်တယ်" ကျောက်ပုဆိန်သူတော်စင်အရှင်က အတော်လေးစိုးရိမ်နေတယ်။
အလွန်ကံဆိုးတယ်လို့ပြောရမယ်၊ ကျောက်ပုဆိန်သူတော်စင်အရှင်ပြောပြီးပြီးချင်း စိတ်ဝိညာဉ်နောက်တစ်အုပ်စုက တိုက်ခိုက်လာတယ်။
ဒီစိတ်ဝိညာဉ်အုပ်စုထဲမှာ သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်တစ်ခု ရှိနေတယ်။
"သူ့ရဲ့ခွန်အားကို စမ်းသပ်ကြည့်ရတာပေါ့"
မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်က သူတော်စင်အရှင်စိတ်ဝိညာဉ်ထံ လက်သီးကို ဝှေ့ယမ်းလိုက်တယ်။
ဝုန်း .....
ချီအားတစ်ခုပေါက်ကွဲထွက်လာပြီး သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က လွင့်ထွက်သွားတယ်။ တစ်ဖက်မှာတော့ မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်က အနည်းငယ်သာ ယိမ်းယိုင်သွားတယ်။
"ဒါ အထက်တန်းသူတော်စင်အရှင်အဆင့်ပဲ" ဒီသူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်ရဲ့ခွန်အားကို လီဖူချန်းက ဆုံးဖြတ်နိုင်ခဲ့တယ်။
"မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်၊ ငါတို့ မင်းကို ကူညီပေးမယ်"
ညနတ်ဆိုးအဖွဲ့ဝင်ခုနှစ်ယောက်က သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်ကို ရင်ဆိုင်ဖို့ တစ်ဟုန်ထိုးပြေးလာကြတယ်။ သူတို့ထဲမှာ အထွတ်အထိပ်သူတော်စင်အရှင်သုံးယောက်ရှိတယ်။ အခြားသူတွေကတော့ အဆင့်မြင့်စိတ်ဝိညာဉ်နဲ့အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်တွေနဲ့ ရင်ဆိုင်လိုက်တယ်။
"သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က တကယ်သတ်ရခက်တာပဲ"
လီဖူချန်းက စိတ်ဝိညာဉ်တွေကို ခုတ်ပိုင်းရင်း သူက အခြားသူတွေနဲ့သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်ကြားတိုက်ပွဲကို လေ့လာနေတယ်။
သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က ဖိနှိပ်ခံထားရပေမယ့် ၎င်းကိုကြည့်ရတာ အဆင်ပြေနေတယ်။ တစ်ခုတည်းသောအရာကတော့ အနည်းငယ်ပိုအားနည်းတဲ့ချီတည်ရှိမှုတစ်ခုပါပဲ။
ကျန်နေတဲ့စိတ်ဝိညာဉ်တွေကို သတ်ဖြတ်ပြီးနောက် ကူးလီရှာက ပြောလိုက်တယ်"အတူတူတိုက်ခိုက်ကြရအောင်"
သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က သတ်ရတာခက်ခဲတယ်။ သူတို့က ပူးပေါင်းမတိုက်ခိုက်ရင် အချိန်အများကြီးကြာလိမ့်မယ်။
ဝုန်း ဝုန်း ဝုန်း.....
ညနတ်ဆိုးအဖွဲ့ဝင်အားလုံးရဲ့တိုက်ခိုက်မှုတွေနဲ့အတူ သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်ရဲ့ချီတည်ရှိမှုက အလျင်အမြန်အားနည်းလာနေတယ်။ ၎င်းရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းပုံရိပ်ယောင်ဖြစ်လာနေတယ်။
"တကယ်သတ်ရခက်တာပဲ"
ဒီလောက်များတဲ့အထွတ်အထိပ်သူတော်စင်အရှင်တွေမှတိုက်ခိုက်မှုကို လီဖူချန်းက လက်ခံရရင် သူကတောင် မချေဖျက်နိုင်ပါဘူး။
ဝုန်း......
နောက်ဆုံးမှာတော့ သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က ပေါက်ကွဲထွက်သွားပြီး နေရာလပ်လက်စွပ်တစ်ခုက လွင့်မျောလာနေတယ်။
ကူးလီရှာက နေရာလပ်လက်စွပ်ကို ဆွဲယူပြီး အထဲကို ကြည့်ပြီးနောက် ပြုံးလိုက်တယ်"ဒီသူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က တကယ်ချမ်းသာတာပဲ။ အထဲရှိစုစုပေါင်းကြွယ်ဝမှုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀၀၀၀ရှိတယ်"
လက်ရှိအချိန်မှာ ညနတ်ဆိုးအဖွဲ့ရဲ့စုဆောင်းမှုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၈၀၀၀၀လောက်ရှိနေပါပြီ။
တကယ်တော့ အဖွဲ့က ပိုသွားလေလေ၊ စုဆောင်းမှုက ပိုမြန်လာလေပါပဲ။ သူတို့အထဲကိုဝင်လာတာနဲ့အမျှ စိတ်ဝိညာဉ်တွေကလည်း ပိုသန်မာလာတာပဲလေ။
…
ညနတ်ဆိုးအဖွဲ့က ရှေးကျောက်တုံးမြို့ကို လှည့်လည်နေသလို သွေးရာအဖွဲ့ကလည်း ရှေးကျောက်တုံးမြို့ကို ရှာဖွေနေတယ်။
ညနတ်ဆိုးအဖွဲ့နဲ့နှိုင်းယှဉ်ရင် သွေးရာအဖွဲ့က ရှာဖွေရာမှာ ပိုမြန်ဆန်နေတယ်။
"သတ်"
"သတ်"
သွေးရာအဖွဲ့က သဲသဲမဲမဲတိုက်ခိုက်နေတယ်။ သူတို့ရဲ့မျက်လုံးထဲမှာ စိတ်ဝိညာဉ်အားလုံးက ကြွယ်ဝမှုတွေပဲ။
မသိလိုက်မသိဘာသာနဲ့ သွေးရာအဖွဲ့က အိမ်ရာကြီးတစ်ခုအပြင်ဘက်ကို ရောက်ရှိလာနေတယ်။
အိမ်ရာရဲ့ကြီးမားတဲ့အရွယ်အစားအရ အတွင်းမှာ ထိတ်လန့်တုန်လှုပ်စရာကြွယ်ဝမှုရှိရမယ်" သွေးရာအဖွဲ့ဝင်တစ်ယောက်က လျှာသပ်လိုက်လေတယ်။
အတွင်းမြို့ထဲမှာ ဒိလိုအိမ်ရာကြီးတစ်ခုရှိတယ်ဆိုတာကတော့ အဲဒါက သူတော်စင်အရှင်တစ်ယောက်ရဲ့အိမ်ဖြစ်ပြီးကြွယ်ဝမှုက စိတ်မကူးနိုင်လောက်အောင်ကြီးမားတယ်လို့ ဆိုလိုတယ်။
အိမ်ရာထဲမှာ စိတ်ဝိညာဉ်ပန်းတစ်ပင်က သိပ်သည်းနေတယ်။ စိတ်ဝိညာဉ်ပန်းတစ်ခုစီက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀၀၀၀၀ထိုက်တန်တယ်။
စိတ်ဝိညာဉ်ပန်းတွေက ရှေးကျောက်တုံးမြို့ရဲ့အနှိုင်းမဲ့ထုတ်ကုန်တစ်ခုပါပဲ။ အဲဒါမှာ သီးသန့်အကျိုးသက်ရောက်မှုတစ်ခုရှိတယ်။ စိတ်ဝိညာဉ်စွမ်းအားအရိပ်အယောင်တစ်ခုက လိုက်ဖက်နေသရွေ့ မင်း တစ်နေ့သေသွားရင်တောင် စိတ်ဝိညာဉ်ပန်းက စကြာဝဠာမှာပြန့်ကျဲနေတဲ့စိတ်ဝိညာဉ်တွေကို စုဆောင်းနိုင်တယ်။ အဲဒါက စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဖြစ်ပေါ်စေပြီး တစ်ယောက်ယောက်က မင်းကို ကူညီရင် မင်းက ခန္ဓာကိုယ်အသစ်ကို ပိုင်ဆိုင်ပြီး ဒုတိယမြောက်ဘဝကို ရှင်သန်နိုင်လိမ့်မယ်။
ဝုန်း.......
အိမ်ရာထဲမှာ သွေးရာအဖွဲ့ဝင်အားလုံး လွင့်ထွက်ပြီး သွေးအန်ထွက်သွားရတယ်။
ဒီအိမ်ရာထဲရှိသူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ထက်တောင် ပိုသန်မာပြီး မသေမျိုးနီးနီးရှိတယ်။ သူတို့ရဲ့တိုက်ခိုက်မှုအားလုံးက မထိရောက်နိုင်ပါဘူး။
နောက်ရက်အနည်းငယ်ကြာပြီးနောက် ညနတ်ဆိုးအဖွဲ့လည်း အိပ်ရာအပြင်ဘက်ကို ရောက်ရှိလာတယ်။
"ဝင်ပြီးရင် အားလုံးဂရုစိုက်ပါ။ ဒီအိမ်ရာထဲရှိသူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က အလွန်အမင်းအားကောင်းပြီး မသေမျိုးနီးနီးရှိတယ်။ အဲဒါကို သတ်ဖို့ ငါတို့က ခွန်အားအပြည့်အားထုတ်ဖို့လိုတယ်"
ကူးလီရှာက ဖြည့်စွက်ပြောလိုက်တယ်"ဒါပေမယ့် ဒီလိုအိမ်ရာတွေမှာ ပုံမှန်အားဖြင့် ဆုလာဘ်ကောင်းတွေရှိတယ်။ ငါတို့က စိတ်ဝိညာဉ်ပန်းကို ရှာဖွေနိုင်ရင် ကြွယ်ဝမှုတွေတစ်ပုံတစ်ပင်ကြီးဖြစ်လာလိမ့်မယ်"
"သွားကြစို့" ဒုခေါင်းဆောင်စီးဆင်းသံက ဦးဆောင်ကာ အိမ်ရာထဲသို့ ခြေချခဲ့တယ်။
ကျန်ရှိသူတွေက သူ့နောက်မှ လိုက်ပါလာတယ်......
***