ကျမ်းကျိန်ခြင်း
Vol. 65 Ch. 901
အိမ်ရာက အလွန်ကြီးတယ်၊ မြို့လေးတစ်ခုလို့တောင် ထင်ရတယ်။
ရှာဖွေနေစဉ်အတွင်း ညနတ်ဆိုးအဖွဲ့က ပြန့်ကျဲနေတဲ့စိတ်ဝိညာဉ်တွေနဲ့သာ တွေ့ဆုံရတယ်။
မကြာမီမှာပဲ အဖွဲ့က အိမ်ရာရဲ့အလယ်ဗဟိုကို ရောက်ရှိလာတယ်၊ အဲဒါက ကြီးမားတဲ့ဥယျာဉ်တစ်ခုပါပဲ။
ကြီးမားတဲ့ဥယျာဉ်ထဲမှာ အနက်ရောင်ပုံရိပ်တစ်ခုရဲ့နောက်ကျောက သူတို့နဲ့မျက်နှာချင်းဆိုင်နေတယ်။ အနက်ရောင်ပုံရိပ်ရဲ့အရှေ့မှာ အနက်ရောင်အလင်းတွေ ထုတ်လွှတ်နေပြီးဟင်းလင်းပြင်ထဲထိတိုင်အမြစ်တွယ်နေတဲ့ပန်းတစ်ပင်ရှိတယ်။
အနက်ရောင်ပန်းမှာ ပွင့်ချပ်ကိုးချပ်ရှိတယ်၊ အချပ်အသီးသီးက မတူညီတဲ့မြန်နှုန်း၊ မတူညီတဲ့ဦးတည်ဘက်တွေနဲ့ လည်နေတယ်။ ပထမအချပ်က ဘယ်ဘက်ကို လည်ရင် ဒုတိယအချပ်က ညာဘက်ကို လည်တယ်၊ တတိယအချပ်ကတော့ ဘယ်ဘက်ကို ထပ်လည်ပြန်တယ်။
အနီးကပ်လေ့လာကြည့်ရင် အနက်ရောင်ပွင့်ချပ်အသီးသီးအပေါ်မှာ အလွန်ရှုပ်ထွေးတဲ့ခရမ်းရောင်အင်းကွက်တွေရှိတာကို သတိပြုမိကြပါလိမ့်မယ်။ အစကြည့်လိုက်ချိန်မှာတော့ ပွင့်ချပ်တွေမှာ ပုံမှန်မဟုတ်တဲ့သက်ရောက်မှုတွေမရှိပါဘူး၊ ဒါပေမယ့် အချိန်တစ်ခုကြာပြီးနောက် စိတ်ဝိညာဉ်ကို စုပ်ယူနေတာကို ခံစားရတယ်။
"စိတ်ဝိညာဉ်ပန်း" ညနတ်ဆိုးအဖွဲ့ဝင်တစ်ယောက်ရဲ့ပါးစပ်မှ အလိုအလျောက်ထွက်မိသွားတယ်။
ရှေးကျောက်တုံးမြို့သို့ပြီးခဲ့တဲ့ခရီးစဉ်တွေမှာ ညနတ်ဆိုးအဖွဲ့က စိတ်ဝိညာဉ်ပန်းကို မတွေ့ခဲ့ရဘူး၊ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း တွေ့မယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ဘူးလေ။
"သေစမ်း"
အနက်ရောင်ပုံရိပ်က လှည့်လာပြီး ညနတ်ဆိုးအဖွဲ့ဆီ မြူတစ်ခုပမာ ပစ်ထိုးလိုက်တယ်။
ချက်ချင်းပဲ ပုံရိပ်အချို့က လွင့်ထွက်သွားရတယ်။
ဒီသူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်က ညနတ်ဆိုးသူတော်စင်အရှင်ထက် ပိုမြင့်တာသိသာတယ်။ အဖွဲ့က တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ဘူး။
"ဒီလိုခွန်အား" လီဖူချန်းလည်း လွင့်ထွက်သွားရတယ်။
ဒီစိတ်ဝိညာဉ်က အသက်ရှင်တုန်းက ဒီလောက်အားမကောင်းခဲ့ဘူးလို့ သူ ယူဆခဲ့တယ်။ ၎င်းရဲ့ခွန်အားက စိတ်ဝိညာဉ်ဖြစ်ပြီးမှ အဆများစွာပိုတိုးလာတယ်။
ဂျိုင်း.....ရွှမ်း.....
လီဖူချန်းက ကောင်းကင်ဆက်ဓားကို ထုတ်ကာ စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်တယ်။
"ဒါ အဆုံးစွန်းအဆင့်လက်နက်လား"
ဒါက ညနတ်ဆိုးအဖွဲ့ဝင်တွေ လီဖူချန်းကောင်းကင်ဆက်ဓားကိုအသုံးပြုတာကိုမြင်တဲ့ပထမဆုံးအကြိမ်ဖြစ်တယ်။ သူတို့အားလုံးက အံ့အားသင့်သွားကြတယ်။
ကောင်းကင်ဘုံအရှင်တိုင်းကတောင် အဆုံးစွန်းအဆင့်လက်နက်တွေကို မကိုင်ဆောင်နိုင်ကြပါဘူး။
ဖောက်.....
ကောင်းကင်ဆက်ဓားနဲ့အတူ လီဖူချန်းက စိတ်ဝိညာဉ်ရဲ့ခန္ဓာကိုယ်ကို တစ်ချက်တည်းနဲ့ ခုတ်ဖြတ်ခဲ့တယ်။ စိတ်ဝိညာဉ်ကို ခုတ်ချက်တစ်ချက်နဲ့ မသတ်နိုင်ပေမယ့် အရင်ကထက်စာရင် ပိုပြီးအဆင်ပြေလာပါတယ်။
"ထာဝရညရပ်တန့်ခြင်း"
လီဖူချန်းက စိတ်ဝိညာဉ်က်ု ထိန်းထားနိုင်တာကို မြင်ပြီး ညနတ်ဆိုးသူတော်စင်အရှင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို လျင်မြန်စွာအသုံးပြုကာ စိတ်ဝိညာဉ်ကို ရပ်တန့်စေလိုက်တယ်။
ဝုန်း ဒုန်း ဝုန်း ဒုန်း.......
အားလုံးရဲ့ကြမ်းတမ်းတဲ့တိုက်ခိုက်မှုတွေနဲ့အတူ နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်ရဲ့ချီတည်ရှိမှုက အားနည်းမှုအရိပ်အယောင်တွေ ရှိလာတယ်။
ဒါပေမယ့် ဒါက အဓိကအားဖြင့် လီဖူချန်းက စိတ်ဝိညာဉ်ကို ထိန်းထားနိုင်တာကြောင့်ပဲ။ လီဖူချန်းက စိတ်ဝိညာဉ်ကို မထိန်းထားနိုင်ရင် အဖွဲ့နဲ့စိတ်ဝိညာဉ်တို့က နှစ်ဖက်စလုံးအားအင်ကုန်ခန်းလာလိမ့်မယ်။ စိတ်ဝိညာဉ်ကို ဖိနှိပ်ဖို့က မဖြစ်နိုင်တော့ပါဘူး။
တစ်ရက်ကြာပြီးနောက် စိတ်ဝိညာဉ်ရဲ့ချီတည်ရှိမှုက ၁၀ရာခိုင်နှုန်းလောက် အားနည်းလာတယ်။ နောက်ထပ်သုံးရက်ကြာပြီးနောက် ချီတည်ရှိမှုက ၅၀ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်။
နောက်ထပ်ငါးရက်ကြာပြီးနောက် စိတ်ဝိညာဉ်ရဲ့ချီတည်ရှိမှုက ၁ရာခိုင်နှုန်းသာ ကျန်တော့တယ်။
"အားလုံးပဲ ထိန်းထားကြပါ၊ ငါတို့ နိုင်တော့မယ်" ကူးလီရှာက အလွန်စိတ်လှုပ်ရှားနေတယ်။
စိတ်ဝိညာဉ်ကို ဖယ်ရှားပြီးနောက် သူတို့က စိတ်ဝိညာဉ်ပန်းကို ရရှိနိုင်လိမ့်မယ်။ အဲဒါက လူတိုင်းရဲ့ကြွယ်ဝချမ်းသာမှုကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသိန်းအနည်းငယ်အထိ တိုးလာစေလိမ့်မယ်။
ဒါ့အပြင် စိတ်ဝိညာဉ်လည်း ကြွယ်ဝချမ်းသာမှုကို ပိုင်ဆိုင်ထားလောက်မှာပါလေ။
…
အခြားအိမ်ရာတစ်ခုအထဲမှာ သွေးရာအဖွဲ့ကလည်း စိတ်ဝိညာဉ်တစ်ခုနဲ့ တိုက်ခိုက်နေတယ်။
ဒါပေမယ့် ကြီးမားတဲ့ခြားနားချက်တစ်ခုတော့ ရှိတယ်။တစ်ပတ်ကျော်ပြီးနောက် သွေးရာအဖွဲဝင်အချို့က ဒဏ်ရာရရှိထားတယ်။ အနည်းငယ်ဆိုရင် ဒဏ်ရာအပြင်းအထန်ရရှိထားတယ်။ တစ်ဖက်မှာတော့ စိတ်ဝိညာဉ်ရဲ့ချီတည်ရှိမှုက အနည်းငယ်သာပိုအားနည်းခဲ့တယ်။
အဆုံးစွန်းအဆင့်လက်နက်တစ်ခုမှမရှိဘူးဆိုရင် သူတို့က စိတ်ဝိညာဉ်ကို သတ်ဖြတ်ဖို့ အနည်းဆုံးတစ်လလောက်လိုပါလိမ့်မယ်။
"ဟာကွာ၊ ဘာလို့ ဒီလောက်တောင်အားကောင်းနေရတာလဲ" သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က ဒေါပွနေတယ်။
ဒီနေရာမှာ စိတ်ဝိညာဉ်ပန်းသာမရှိရင် သူက အဖွဲ့ကို ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်ပါပြီ။
"ဒဏ်ရာအပြင်းအထန်ရထားတဲ့သူတွေက အရင် အားပြန်ဖြည့်ထားလိုက်"
သွေးအရိပ်နတ်ဆိုးရှင်ဘုရင်က အဆုံးမဲ့သွေးအရိပ်တွေအဖြစ်သို့ ပြောင်းသွားကာ စိတ်ဝိညာဉ်ကို အချိန်ဆွဲထားဖို့ ကြိုးစားလိုက်တယ်။
သူတို့အထဲမှာ သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ကသာ စိတ်ဝိညာဉ်ကို ထိန်းထားနိုင်တယ်။
အမိန့်ကို ကြားပြီးနောက် ဒဏ်ရာပြင်းထန်သူတွေက ထောင့်တစ်ထောင့်ကို အလျင်အမြန်ရှာဖွေခဲ့တယ်။ သူတို့က ထိုင်ချပြီး အနီရောင်ကျောက်တုံးတစ်တုံးကို ယူထုတ်ကာ စတင်ကုသလိုက်တယ်။
အနီရောင်ကျောက်တုံးတစ်တုံးစီက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀၀၀၀ထိုက်တန်တယ်။ ဝိညာဉ်မပြန့်ကျဲသရွေ့ ပြင်းထန်တဲ့ဘယ်ဒဏ်ရာမဆို အလျင်အမြန် သက်သာလာနိုင်တယ်။
…
"ပျောက်ကွယ်သွားစမ်း"
ကောင်းကင်ဆက်ဓားက ဓားအလင်းတွေ ပေါက်ကွဲထွက်လာပြီး လီဖူချန်းက စိတ်ဝိညာဉ်ရဲ့ပုံရိပ်ယောင်ခန္ဓာကိုယ်ကို အပြည့်အဝပျံ့နှံ့သွားစေကာ အဲဒါက နောက်ထပ်မသိပ်သည်းနိုင်တော့ပါဘူး။
"ငါ စိတ်ဝိညာဉ်ပန်းကို ရိတ်သိမ်းရမယ်"
စိတ်ဝိညာဉ်ပျောက်ကွယ်သွားတာနဲ့ စိတ်ဝိညာဉ်ပန်းက လည်ပတ်နေတာကို ရပ်လိုက်တယ်။ ကူးလီရှာက ပျံသန်းလာပြီး စိတ်ဝိညာဉ်ပန်းကို စတင်ရိတ်သိမ်းလိုက်တယ်။
"နေရာလပ်လက်စွပ်မှာ ကြွယ်ဝမှုတွေ ဘယ်လောက်တောင် ရှိနေပါလိမ့်"
လက်ကို ဝှေ့ယမ်းလိုက်ရာ နေရာလပ်လက်စွပ်က လီဖူချန်းရဲ့လက်ထဲကို ရောက်ရှိလာတယ်။ သူက ဖွင့်ကာ အထဲကို တစ်ချက်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက တလက်လက်တောက်ပလာတော့တယ်" ငါ့ကောင်တို့၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေအများကြီးပဲဟ"
နေရာလပ်လက်စွပ်ထဲရှိအရင်းမြစ်တွေက ဘယ်လောက်ထိုက်တန်သလဲကို မသိပေမယ့် အထဲမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၅၀၀၀၀ကတော့ ရှိနေတယ်။
"ညနတ်ဆိုးသူတော်စင်အရှင်၊ အထဲရှိပစ္စည်းတွေက ဘယ်လောက်ထိုက်တန်မယ်လို့ မင်းထင်လဲ" လီဖူချန်းက နေရာလပ်လက်စွပ်ကို ညနတ်ဆိုးသူတော်စင်အရှင်ထံ ကမ်းပေးလိုက်တယ်။
"ဟားဟား၊ ငါတို့တော့ ချမ်းသာပြီ။ ငါ့အထင် ငါတို့က တစ်ယောက်ကို အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀လောက် ရရှိနိုင်လိမ့်မယ်" မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်က ရယ်လိုက်လေတယ်။
လက်ခံပြီးနောက် ညနတ်ဆိုးသူတော်စင်အရှင်က ဖွင့်ကြည့်လိုက်တယ်။ သူက မပြုံးဘဲမနေနိုင်တော့ပါဘူး၊ သူက ပြောလိုက်တယ်"ဒီတစ်ကြိမ်ခရီးကတော့ အတော်လေးကံကောင်းတယ်။ ဒီနေရာလပ်လက်စွပ်ထဲရှိကြွယ်ဝမှုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀၀၀၀၀ရှိတယ်"
"အဲဒါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၅၀၀၀၀ထက်ပိုမယ်လို့ ငါ ထင်သားပဲ" ကျန်ရှိနေတဲ့အဖွဲ့ဝင်အားလုံးကလည်း ရယ်မောလိုက်ကြတော့တယ်။
မကြာမီမှာပဲ ကူးလီရှာက စိတ်ဝိညာဥ်ပန်းကို ရိတ်သိမ်းနိုင်ခဲ့တယ်။
ထိုအချိန်အမှာ ညနတ်ဆိုးသူတော်စင်အရှင်က ပြောလိုက်တယ်"ငါတို့တွေ သူတော်စင်အရှင်အဆင့်စိတ်ဝိညာဥ်ကိုအနိုင်ယူနိုင်ပြီး စိတ်ဝိညာဉ်ပန်းကို ရရှိနိုင်တာအားလုံးက ဓားသူတော်စင်အရှင်ကြောင့်ပဲ။ ဓားသူတော်စင်အရှင်က အဆုံးစွန်းအဆင့်ဓားတစ်လက်ပိုင်ဆိုင်ထားတာကို ဘယ်တော့မှမပေါက်ကြားစေဖို့ လူတိုင်းက ကျမ်းကျိန်န်ိုင်မယ်လို့ ငါ မျှော်လင့်တယ်"
"ညနတ်ဆိုးသူတော်စင်အရှင်ပြောတာမှန်တယ်။ ဓားသူတော်စင်အရှင် အဆုံးစွန်းအဆင့်ဓားတစ်လက်ပိုင်ဆိုင်ထားတာကို တစ်ယောက်မှ မပေါက်ကြားစေနဲ့။ ငါ အရင်ကျမ်းကျိန်မယ်"
ကျောက်ပုဆိန်သူတော်စင်အရှင်နဲ့အခေါင်းအရိပ်သူတော်စင်အရှင်တို့က ပထမဆုံးကျမ်းကျိန်တဲ့သူတွေပါပဲ။
အနေအထားကိုမြင်ပြီး ကျန်ရှိတဲ့အဖွဲ့ဝင်တွေအားလုံးကလည်း ကျမ်းကျိန်ခဲ့ကြတယ်။
အဆုံးစွန်းအဆင့်လက်နက်တစ်ခုက ဆွဲဆောင်နိုင်လွန်းတယ်၊ ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် အဲဒါကို လုယက်နိုင်တယ်။
ညနတ်ဆိုးသူတော်စင်အရှင်က လီဖူချန်းဘက်လှည့်ကာ ပြောလိုက်တယ်" ဓားသူတော်စင်အရှင်၊ မစိုးရိမ်ပါနဲ့။ တစ်ယောက်ယောက်က အဆုံးစွန်းအဆင့်ဓားနဲ့ပတ်သက်ပြီး ပေါက်ကြားစေခဲ့ရင် သူက ကျမ်းကျိန်စာရဲ့တုံ့ပြန်မှုကို လက်ခံရလိမ့်မယ်၊ ငါလည်းပဲ သူ့ကို အမဲလိုက်ရလိမ့်မယ်"
လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်"ငါ အားလုံးကို ယုံပါတယ်"
လီဖူချန်းက ကောင်းကင်ဆက်ဓားကို ထုတ်ပြရဲမှတော့ ဖော်ထုတ်တာနဲ့ပတ်သက်ပြီး သူက ပြင်ဆင်ပြီးသားပေါ့။
ကောင်းကင်ဘုံအရှင်တစ်ယောက်ကို ဆွဲဆောင်တဲ့အထိတော့ သူက ကံမဆိုးနိုင်ဘူးလို့တော့ လီဖူချန်းက ယုံကြည်ထားပါတယ်။