နတ်ဆိုးနှလုံးသားသူတော်စင်အရှင်
Vol. 65 Ch. 902
အတွင်းမြို့က အလွန်အမင်းကြီးမားပြီး လမ်းဆုံးတွေမရေမတွက်နိုင်လောက်အောင် ရှိတယ်။ အဲဒါက ပင့်ကူအိမ်ထက်တောင် အဆတစ်သောင်းပိုရှုပ်ထွေးတယ်။
အတွင်းမြို့ထဲမှာ လိပ်ပြာအသိစိတ်အာရုံက အလွန်သေးငယ်တဲ့နေရာကိုသာ ဖုံးလွှမ်းနိုင်တယ်။ လီဖူချန်းရဲ့စိတ်ဝိညာဥ်စွမ်းအားကသာ အလွန်ရှည်လျားတဲ့အကွာအဝေးကို လွှမ်းခြုံနိုင်တယ်။
လီဖူချန်းရဲ့လမ်းညွှန်မှုအောက်မှာ အဖွဲ့က အိမ်ရာနောက်တစ်ခုရဲ့အပြင်ဘက်ကို ရောက်ရှိလာတယ်။
"ဒါ နောက်ထပ်အိမ်ရာတစ်ခုပဲ"
လီဖူချန်းက သူတို့ကို ဦးဆောင်လာတာကို အဖွဲ့က မသိဘူး၊ သူတို့ကအလွန်အမင်းပျော်ရွှင်နေတယ်။
"ညနတ်ဆိုးသူတော်စင်အရှင်၊ ဒီအိမ်ရာကို ငါ ပိုင်တယ်"
ထိုအခိုက်မှာ အဖွဲ့ဝင်ကိုးယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့က ရောက်ရှိလာတယ်။
"နတ်ဆိုးနှလုံးသားသူတော်စင်အရှင်လား" ညနတ်ဆိုးသူတော်စင်အရှင်ရဲ့အမူအရာက မကြည်မလင်ဖြစ်သွားတယ်။
နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၂၀မှာရှိတယ်။ သွေးရာအဖွဲ့ရဲ့ဖြူရော်သူတော်စင်အရှင်နဲ့အလားတူစွာပင်၊ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်လည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို အသုံးပြုရာမှာ ကျွမ်းကျင်တယ်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေအပြင် နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ပုံရိပ်ယောင်ပညာ၊လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတွေ၊ ဝိညာဉ်တာအိုတိုက်ခိုက်မှုတွေကို ကျွမ်းကျင်တယ်။ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က သွေးအရိပ်နတ်ဆိုးရှင်ဘုရင်ထက် အတိုင်းအတာတစ်ခုအထိ ပိုပြီးတော့အန္တရာယ်များတယ်။ သူတို့က နတ်ဆိုးနှလုံးသားသူတော်စင်အရှင်နဲ့ ရင်ဆိုင်တွေ့မိရင် အားနည်းတဲ့သူတွေက ဘာဖြစ်သွားသလဲကိုတောင် မသိဘဲ သေသွားနိုင်တယ်။
*နတ်ဆိုးနှလုံသားသူတော်စင်အရှင်၊ အခြားသူတွေက မင်းတို့နတ်ဆိုးနှလုံသားအဖွဲ့ကို ကြောက်ပေမယ့် ငါ့ညနတ်ဆိုးအဖွဲ့ကတော့ ကြောက်နေမှာမဟုတ်ဘူး" ကူးလီရှာက ပြောလိုက်တယ်။
အချိန်သဲမြို့မှာ ပြောင်မြောက်တဲ့အထွတ်အထိပ်သူတော်စင်အရှင်တွေက အဖွဲ့တွေဖွဲ့ထားကြတယ်။ တကယ်တော့ အဖွဲ့နဲ့မှသာ သူတို့က နေရာအတော်များများကို ရှာဖွေနိုင်မယ်လေ။
နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ရဲ့အဖွဲ့ကို မကြာခင်ကမှ ဖွဲ့စည်းထားတာ အလွန်သိသာတယ်၊ ဒါကြောင့် အဖွဲ့ဝင်ကိုးယောက်ပဲရှိနေတာလေ။
"မင်းက နောက်မဆုတ်ချင်မှတော့ ငါ့ကို အပြစ်မတင်နဲ့။ သတ်....."
နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ပြောနေရင်း ကြောက်စရာကောင်းတဲ့ပုံရိပ်ယောင်ပညာရပ်တစ်ခုက ညနတ်ဆိုးအဖွဲ့ကို ဝန်းရံလာတယ်။
"မကောင်းတော့ဘူး"
ညနတ်ဆိုးသူတော်စင်အရှင်ရဲ့အမူအရာက ပြောင်းသွားတယ်။ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ဒီလိုတိုက်ခိုက်လာမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ပုံရိပ်ယောင်ပညာရပ်ကြောင့် အသိစိတ်ကိုထိန်းသိမ်းထားနိုင်တဲ့အဖွဲ့ဝင်တွေ ဆယ်ယောက်ထက် မပိုတော့ပါဘူး။ တိုက်ပွဲတစ်ခုအတွင်းမှာ ပုံရိပ်ယောင်ထဲကျရောက်သွားတဲ့အခိုက်အတန့်က သေဆုံးမှုကို ဖြစ်စေလိမ့်မယ်။
နောက်အခိုက်မှာတော့ ညနတ်ဆိုးသူတော်စင်အရှင်က ပိုပြီးတော့တောင် စိတ်ပျက်သွားရတယ်။ နဆ်ဆိုးနှလုံးသားသူတော်စင်အရှင်က နောက်ထပ်လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့ပြီး ညနတ်ဆိုးအဖွဲ့ဝင်အားလုံးကို ဝန်းရံဖို့ ဖြာထွက်လာပါတော့တယ်။
ညနတ်ဆိုးအဖွဲ့ဝင်၁၂ယောက်လုံးက ပုံရိပ်ယောင်အခြေအနေမှာ ရှိတာကြောင့် သူတို့က လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပါဘူး။ သူတို့ရဲ့သူတော်စင်လိပ်ပြာက ပြင်းပြင်းထန်ထန်ထိခိုက်လာတယ်။
ဒါ မပြီးသေးပါဘူး။ ပုံရိပ်ယောင်ပညာရပ်တိုက်ခိုက်မှုနဲ့လိပ်ပြာအသိစိတ်အားရုံတိုက်ခိုက်မှုပြီးနောက် နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ရဲ့မျက်လုံးတွေက အနက်ရောင်အလင်းတွေပေါက်ကွဲထွက်လာပြီး စိတ်ဝိညာဉ်လှိုင်းတစ်ခုနဲ့ တိုက်ခိုက်လာပြန်တယ်။
သုံးယောက်က သွေးအန်ထွက်သွားရတယ်။ လီဖူချန်း၊ညနတ်ဆိုးသူတော်စင်အရှင်၊ စီးဆင်းသံနဲ့ ကူးလီရှာတို့သာ မထိခိုက်အနာတရမရှိဘဲကျန်ရှိနေတယ်။
"ဝိညာဉ်စုပ်နည်းလမ်း....."
နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ရက်ရက်စက်စက်ပြုံးလိုက်တယ်၊ အနက်ရောင်ပုံရိပ်ယောင်အရိပ်တစ်ခုက သူ့နောက်မှာ ထွက်ပေါ်လာပြီး ပါးစပ်ကို ဟကာ စုပ်အားတစ်ခုကို ဖန်တီးလိုက်တော့တယ်။
စုပ်အားကြောင့် သူတို့ရဲ့စိတ်ဝိညာဥ်ကို စုပ်ယူနေသလို ညနတ်ဆိုးသူတော်စင်အရှင်၊ စီးဆင်းသံနဲ့ကူးလီရှာတို့က ခံစားရတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်တွေက ယာယီရပ်တန့်နေတယ်။
တစ်ချိန်တည်းမှာပဲ ကျန်ရှိတဲ့ညနတ်ဆိုးအဖွဲ့ဝင်တွေက တစ်ဟုန်ထိုးပြေးလာကြတယ်။
"ကောင်းလှချည်လား။ စိတ်ဝိညာဉ်သံကြိုး......" လီဖူချန်းက ပင့်သက်ရှိုက်လိုက်တယ်။
နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ပုံရိပ်ယောင်ပညာ၊လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုတွေ၊ ဝိညာဉ်တာအိုတိုက်ခိုက်မှုတွေမှာ အမှန်တယ်ကျွမ်းကျင်တယ်။ ဒီလိုသူတော်စင်အရှင်တစ်ယောက်က သူတော်စင်အများစုအတွက်တော့ သေချာပေါက်အိမ်မက်ဆိုးတစ်ခုပါပဲ။
သူ့ရဲ့ရန်သူက လီဖူချန်းဖြစ်နေတာကတော့ စိတ်မကောင်းစရာတစ်ခုပါပဲ။
ခရမ်းနီရောင်စိတ်ဝိညာဉ်သံကြိုးရှစ်ခုကို ပစ်လွှတ်လိုက်ပြီး နတ်ဆိုးနှလုံးသားအဖွဲ့ဝင်တွေရဲ့နဖူးထဲကို ထိုးဖောက်သွားတယ်။
ရှစ်ယောက်လုံး ငြိမ်သက်သွားပြီး သူတို့ရဲ့မျက်နှာပေါ်မှာ ရုန်းကန်တဲ့အမူအရာတွေ ဖြစ်ပေါ်နေတယ်။
"ဘာ.....ဝိညာဉ်တာအိုလျှို့ဝှက်နည်းလမ်းလား......" နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ထိတ်လန့်သွားတယ်။
ဝိညာဉ်တာအိုအမွေက စကြာဝဠာထဲမှာ အလွန်ရှားပါးတယ်။ ရှားပါးတဲ့အခွင့်အလမ်းတစ်ခုကြောင့် နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က တစ်ခုကို ရရှိနိုင်တယ်။
ဒါပေမယ့် စိတ်ဝိညာဉ်ပါရမီမရှိရင် စိတ်ဝိညာဉ်တာအိုအမွေတစ်ခုရှိရင်တောင် မြင့်မားတဲ့အဆင့်တစ်ခုအထိရောက်အောင် ကျင့်ကြံနိုင်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အနေအထားအရ လီဖူချန်းရဲ့ဝိညာဉ်တာအိုအဆင့်က နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ထက် မိနိမ့်ကျပါဘူး၊ မဟုတ်ရင် လီဖူချန်းက နတ်ဆိုးနှလုံးသားအဖွဲ့ဝင်အားလုံးကို တစ်ခါတည်းနဲ့ ထိန်းချုပ်နိုင်မှာမဟုတ်လောက်ဘူးလေ။
"အခွင့်ကောင်းပဲ"
ညနတ်ဆိုးသူတော်စင်အရှင်က အချိန်သဲမြို့ရဲ့အဆင့်သတ်မှတ်ချက်ဝင်သူတော်စင်အရှင်တစ်ယောက်ဖြစ်နေတာ အကြောင်းပြချက်တစ်ခုရှိတယ်။ သူက နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ရဲ့ဝိညာဉ်စုပ်နည်းလမ်းကို အရင်ဦးဆုံးချိုးဖြတ်နိုင်ကာ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ထံ သူ့ရဲ့တိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့တယ်။
နတ်ဆိုးနှလုံးသားသူတော်စင်မှာ အစစ်အမှန်ခန္ဓာကိုယ်မရှိသလို ဖြစ်နေတယ်။ သူက ပုံရိပ်ယောင်မီးခိုးတစ်ခုပမာ ပျောက်ကွယ်သွားပြီး သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာ သူက အဝေးကို ရောက်ရှိသွားပါပြီ။
"ပြန်ဆုတ်"
နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က လီဖူချန်းကို သေချာကြည့်လိုက်တယ်။
စိတ်ဝိညာဉ်တိုက်ခိုက်မှု၊ ပုံရိပ်ယောင်ပညာရပ်၊လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှု၊ ဝိညာဉ်တာအိုတိုက်ခိုက်မှုတွေကို ဆက်တိုက်အသုံးပြုရာမှာ သူက အဆင်ပြေပုံပေါက်ပေမယ့် ဒီလိုအချိန်တိုအတွင်းမှာ မတူညီတဲ့တိုက်ခိုက်မှုလေးမျိုးကို အသုံးပြုရတာ အလွန်အမင်းစွမ်းအင်ကုန်ခမ်းစေတယ်။
ဒါကြောင့် လီဖူချန်းရဲ့ဝိညာဉ်တာအိုတိုက်ခိုက်မှုက သူနဲ့နှိုင်းယှဉ်နိုင်တာကို သိပြီးနောက် သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြန်ဆုတ်ဖို့ ရွေးချယ်လိုက်တယ်။
ဖြောက်.......
နတ်ဆိုးနှလုံးသားအဖွဲ့ဝင်တွေအားလုံးက အထက်တန်းဒါမှမဟုတ်အထွတ်အထိပ်သူတော်စင်တွေပါပဲ။ လီဖူချန်းရဲ့စိတ်ဝိညာဉ်သံကြိုးက သူတို့ကို အသက်တစ်ခါရှုချိန်သာ ထိန်းချုပ်နိုင်တယ်။ ပြီးနောက် သူတို့အားလုံးက စိတ်ဝိညာဉ်သံကြိုးကို ချိုးဖြတ်နိုင်သွားတော့တယ်။
ဒါပေမယ့် ဒါက လီဖူချန်းရဲ့နိမ့်ကျတဲ့ဝိညာဉ်တာအိုအဆင့်ကြောင့်ပါပဲ။ သူ့ရဲ့စိတ်ဝိညာဉ်သံကြိုးတွေမှာ ဒိလိုစွမ်းအားတွေရှိနေတာက သူ့ရဲ့ဝိညာဉ်တာအိုအဆင့်ကြောင့် မဟုတ်ပါဘူး။
လီဖူချန်းက ပြောင်မြောက်တဲ့ဝိညာဉ်တာအိုအမွေတစ်ခုကို ရရှိနိုင်ရင် နတ်ဆိုးနှလုံးသားအဖွဲ့ဝင်တွေအသာထား၊ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ကတောင် ရိုက်နှက်ခံရပါလိမ့်မယ်။
"နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က တကယ်ကြောက်စရာကောင်းတာပဲ။ ကံကောင်းတာက ဓားသူတော်စင်အရှင် ဒီနေရာမှာ ရှိနေလို့ပဲ"
နတ်ဆိုးနှလုံးသားအဖွဲ့ထွက်သွားပြီးတာတောင်မှ ညနတ်ဆိုးအဖွဲ့ဝင်တွေက ကြောက်ရွံ့မှုတွေစွဲကပ်နေတုန်းပါပဲ။
အရိုးသားဆုံးပြောရရင် အဆင့်၂၀ရှိနတ်ဆိုးနှလုံးသားသူတော်စင်အရှင်ကိုရင်ဆိုင်ရတာ သူတို့အတွက်တော့ သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်ကို ရင်ဆိုင်ရသလိုပါပဲ။ ပရမ်းပတာတိုက်ပွဲတစ်ခုမှာ နတ်ဆိုးနှလုံးသားသူတော်စင်အရှင်က ကြောက်းရာကောင်းလောက်အောင်သက်ရောက်နိုင်စွမ်းရှိပြီး လူတိုင်းအတွက် သေချာပေါက် အိမ်မက်ဆိုးတစ်ခုပါပဲ။
"ဒီလူက တကယ်ကြောက်စရာကောင်းပေမယ့် သူက ငါတို့ကို နောက်ထပ်တိုက်ခိုက်တော့မှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်" အခြားသူတွေက နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ကို ကြောက်ပေမယ့် လီဖူချန်းက လုံးဝမကြောက်ပါဘူး။
လီဖူချန်းက နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ကို အတော်လေးသဘောကျတယ်။ သူက လူသားတစ်ယောက်မဟုတ်ပေမယ့် တိုက်ခိုက်ရေးနည်းလမ်းလေးခုစလုံးက မယုံနိုင်စရာကောင်းတယ်။ အခွင့်အရေးတစ်ခုရှိရင် သူက ဝိညာဉ်တာအိုအမွေအနှစ်တစ်ခုကို ရအောင်ယူရမယ်လို့ လီဖူချန်းက ဆုံးဖြတ်ထားတယ်။
အိမ်ရာထဲကို ဝင်ရောက်ပြီးနောက် အဖွဲ့က စိတ်ဝိညာဉ်ပန်းတစ်ခုကိုမှ မတွေ့ဘူးဖြစ်နေတယ်။
သူတို့အားလုံးက မကျေနပ်ဖြစ်သွားရတယ်။
ဒါပေမယ့် သေချာစဉ်းစားကြည့်ပြီးနောက် ဒါက ပုံမှန်ပါပဲလေ။ အိမ်ရာတိုင်းမှာ စိတ်ဝိညာဉ်ပန်းတစ်ခုရှိရင် ၎င်းရဲ့တန်ဖိုးက ကိန်းဂဏန်းကြီးမားတော့မှာမဟုတ်ဘူးလေ။
တစ်ပတ်ကြာတဲ့အထိ အိမ်ရာထဲရှိ သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်ကို ဖယ်ရှားပြီးနောက် ညနတ်ဆိုးအဖွဲ့က အကြမ်းဖျင်းအားဖြင့် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၅၀၀၀၀ရှိတဲ့နေရာလပ်လက်စွပ်တစ်ကွင်းကို ရရှိခဲ့တယ်။
တတိယအိမ်ရာ၊ စတုတ္ထအိမ်ရာ......
လီဖူချန်းရဲ့လမ်းညွှန်မှုနဲ့အတူ ညနတ်ဆိုးအဖွဲ့က အိမ်ရာတစ်ခုပြီးတစ်ခု ရှာတွေ့ခဲ့တယ်။ အိမ်ရာတစ်ခုစီက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀၀၀၀ဆုလာဘ်တစ်ခုကို ထောက်ပံ့ပေးလိမ့်မယ်။
ပုံမှန်အားဖြင့်ပြောရရင် သူတော်စင်အရှင်အဆင့်စိတ်ဝိညာဉ်တစ်ကောင်က နေရာလပ်လက်စွပ်ကို ပိုင်ဆိုင်မှာ အသေအချာပဲလေ၊ ဒါကြောင့် အချည်းနှီးဖြစ်မှာကိုတော့ စိုးရိမ်စရာမလိုပါဘူးလေ။
အဆုံးမှာတော့ သူတို့က စိတ်ဝိညာဉ်ပန်းတစ်ပင်ကိုသာ တွေ့ရှိခဲ့ပြီး ဒုတိယမြောက်စိတ်ဝိညာဉ်ပန်းရဲ့အရိပ်အယောင်ကိုတောင် မမြင်ခဲ့ရပါဘူး။