သွေးဆာသူတော်စင်အရှင်
Vol. 65 Ch. 904
"တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က အားကောင်းလွန်းတယ်"
တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က အားကောင်းတာကို လူတိုင်းက သိထားတယ်။ ဒါပေမယ့် အဲဒါကို ပထမဆုံးအကြိမ်မြင်တွေ့ပြီးနောက် သူတို့က ထိတ်လန့်နေရတုန်းပါပဲ။
မြို့ဥယျာဉ်ထဲမှာ တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က ရောင်စုံအလင်းတွေကို ထုတ်လွှတ်နေတဲ့နတ်ဘုရားတစ်ယောက်နဲ့တူတယ်။ သာမန်ကာလျှံကာလက်ဝါးရိုက်ချက်တစ်ခုက အထွတ်အထိပ်သူတော်စင်အရှင်များစွာကို လွင့်ထွက်သွားစေတယ်။ ကြယ်တစ်ထောင်ဓားမော့သူတော်စင်အရှင်နဲ့နတ်ဆိုးနှလုံးသားသူတော်စင်အရှင်တို့ကတောင် တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်ရဲ့လက်ဝါးရိုက်ချက်ကို မရင်ဆိုင်နိုင်ဘူး။ လက်ဝါးရိုက်ချက်ကိုခုခံနိုင်တဲ့သူကတော့ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ပဲရှိတယ်။
ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က ဒေါသပြင်းထန်နေတဲ့လှိုင်းတစ်ခုထဲရှိကျောက်တန်းတစ်ခုနဲ့တူတယ်။ လှိုင်းက ဘယ်လောက်ပဲကြီးကြီး၊ အဲဒါက လဲပြိုမှာမဟုတ်ပါဘူး။
တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က အားကောင်းပေမယ့် အထွတ်အထိပ်သူတော်စင်အရှင်ဒါဇင်ကျော်ကို အမြန်အနိုင်ယူနိုင်လိမ့်မှာ မဟုတ်ဘူး။ သူက သူတော်စင်အရှင်တစ်အုပ်စုကို ဖယ်ရှားလိုက်တာနဲ့ နောက်ထပ်သူတော်စင်အရှင်တစ်အုပ်စုက ထပ်မံအားဖြည့်လာပြန်တယ်။ ဒါ့ပြင် နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ကလည်း သူ့ကို ဘေးမှ နှောက်ယှက်နေတယ်၊ ဒါကြောင့် သူက နတ်ဆိုးနှလုံးသားသူတော်စင်အရှင်ရဲ့ပုံရိပ်ယောင်တိုက်ခိုက်မှုမျိုးစုံကို ရင်ဆိုင်ဖို့ အာရုံအချို့ခွဲဝေထားရတယ်။
"တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်က အိမ်ရာတွေထဲရှိစိတ်ဝိညာဉ်တွေထက် အဆများစွာပိုအားကောင်းတယ်" လီဖူချန်းက တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်ရဲ့ခွန်အားကို အထင်သေးမိခဲ့တာပဲ။
ဒီတိုက်ပွဲက တစ်နေကုန်ကြာပြီး မပြီးဆုံးသေးပါဘူး။
တစ်နေကုန်ရှိပြီးနောက် တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်ရဲ့ချီတည်ရှိမှုက အများကြီးမပြောင်းလဲသေးပါဘူး။ တစ်ဖက်မှာတော့ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်က လွဲပြီး အထွတ်အထိပ်သူတော်စင်များစွာက ချီတည်ရှိမှုတွေ သိသိသာသာအားနည်းလာတယ်။
အစကနေအဆုံးထိ ညနတ်ဆိုးအဖွဲ့က တိုက်ပွဲကို မပါဝင်ခဲ့ပါဘူး။
သူတို့က တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်ကို ကြောက်လို့တော့ မဟုတ်ဘူး၊ အဲဒါက မထိုက်တန်လို့ပါပဲ။
စိတ်ဝိညာဉ်သစ်သီးအတွက် တိုက်ခိုက်နေသူတွေအများကြီးရှိတယ်။ သူတို့က တိုက်ပွဲထဲဝင်လာတာနဲ့ သေကျေပျက်စီးမှုကို ရှောင်လွှဲလို့ရတော့မှာ မဟုတ်ဘူး။ အဲဒါက ညနတ်ဆိုးအဖွဲ့ရဲ့နိယာမနဲ့ မကိုက်ညီပါဘူးလေ။
ဒီနေရာမှ စွန့်ခွာထွက်လာပြီးနောက် ညနတ်ဆိုးအဖွဲ့က ရှေးကျောက်တုံးမြို့ရဲ့အတွင်းမြို့ကို ဆက်လက်ရှာဖွေနေလျက်ရှိတယ်။
မသိလိုက်မသိဘာသာနဲ့ ၁၂လရှိသွားပြီးဖြစ်သလို နောက်ဆုံးလကိုလည်း ရောက်ရှိနေပါပြီ။
"ငါတို့ရဲ့အကျိုးအမြတ်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံကို ကျော်လောက်တယ်" ဒါကို ပြောနေတဲ့အချိန်မှာ ညနတ်ဆိုးသူတော်စင်အရှင်က အတော်လေးစိတ်လှုပ်ရှားနေတယ်။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံပဲဆိုရင်တောင် သူက ၁မီလီယံကို ရရှိပါလိမ့်မယ်။
၁မီလီယံက သူ့ကြွယ်ဝမှုတစ်ခုလုံးရဲ့သိသာတဲ့အပိုင်းတစ်ခုနဲ့ ညီမျှနေတယ်။
ပုံမှန်အားဖြင့် နှစ်သောင်းအနည်းငယ်အတွင်းမှာတောင် ဒိီလောက်များတဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ရရှိဖို့က ခက်ခဲလှတယ်။
သူ ရှေးကျောက်တုံးမြို့မှ ထွက်လာတာနဲ့ တစ်ဝက်တစ်ပျက်အဆုံးစွန်းအဆင့်လက်နက်ကို ချက်ချင်းဝယ်ယူမယ်လို့ ညနတ်ဆိုးသူတော်စင်အရှင်က ဆုံးဖြတ်ထားတယ်။
တစ်ဝက်တစ်ပျက်အဆုံးစွန်းအဆင့်လက်နက်လို့ဆိုတာကတော့ ထုလုပ်နေစဉ်အတွင်းကျရှုံးသွားတဲ့အဆုံးစွန်းအဆင့်လက်နက်တစ်ခုပါပဲ။
ထုလုပ်ခြင်းဖြစ်စဉ်က ကျဆုံးသွားပေမယ့် စွမ်းအားက အံ့မခန်းဖြစ်နေသေးကာ ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်တွေထက် အများကြီးပိုမြင့်တယ်။ ဒါ့ပြင် အဲဒါမှာ အဆုံးစွန်းအဆင့်လက်နက်တွေမှမတားဆီးနိုင်တဲ့စွမ်းအားအချို့ ပါဝင်သေးတယ်။
"ဒါတွေအားလုံးက ဓားသူတော်စင်အရှင်ကြောင့်ပဲ။ သူ့သာမရှိရင် ငါတို့ရဲ့အကျိုးအမြတ်က အနည်းဆုံး၇၀ရာခိုင်နှုန်းလောက်လျော့ကျသွားလိမ့်မယ်။ ဓားသူတော်စင်အရှင်၊ ငါတို့ ဒိီနေရာကထွက်ပြိီးတာနဲ့ ငါ မင်းကို ကောင်းကောင်းပြုစုမယ်" သမန်းဝံပုလွေအထွတ်အထိပ်သူတော်စင်အရှင်ရက်ခါက ပြုံးကာ ပြောလိုက်တယ်။
"ငါလည်းပဲ ဓားသူတော်စင်အရှင်ကို ကောင်းကောင်းတိုက်ရမယ်။ လူတိုင်းက ဓားသူတော်စင်အရှင်ကို ကျေးဇူးတင်သင့်တယ်လို့ ငါ ထင်တယ်" ပြောနေတဲ့သူက အခေါင်းအရိပ်သူတော်စင်အရှင်ပါပဲ။
သူအခုလိုပြောနေတဲ့အကြောင်းရင်းကတော့ သူက လီဖူချန်းနဲ့မျိုးနွယ်တူလို့ပါပဲ။ တစ်ချိန်တည်းမှာ သူက လီဖူချန်းနဲ့သူ့ကြားဆက်ဆံရေးကို နက်ရှိုင်းစေချင်တယ်။
သူတော်စင်အရှင်အဆင့်မှာ ဆက်ဆံရေးက ဘယ်အရာထက်မဆိုပိုအရေးကြီးတယ်။
အဆုံးမရှိတဲ့ဘဝသက်တမ်းမှာ သူတော်စင်အရှင်မိတ်ဆွေတစ်ယောက်ရှိလာတာက သေချာပေါက် ပိုကောင်းတာပဲလေ။
"ဒါ ဟုတ်တယ်၊ ငါတို့အားလုံးက ဓားသူတော်စငိအရှင်ကို ကျေးဇူးတင်ရမယ်"
လူတိုင်းက ခေါင်းညိတ်လိုက်တယ်။ တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်ကိုမျက်နှာသာပေးတာက ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် ပထမဆုံးအချက်တစ်ခုပါပဲ။ အဲဒါကို ကောင်းကောင်းပြုလုပ်နိုင်ရင် အနာဂတ်က ပြဿနာရှိတော့မှာမဟုတ်ဘူး။
"ဒီအကြောင်းတွေ နောက်မှပြောအုံး၊ အရင်ဆုံး ငါတို့အရှေ့ကပြဿနာကို ရှင်းကြတာပေါ့"
လီဖူချန်းက လမ်းတစ်လမ်းရဲ့ထောင့်ကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်တယ်"မင်း ငါတို့နောက်လိုက်နေတာ လအနည်းငယ်ရှိပြီ။ မင်းက အခုထိ မင်းကိုယ်မင်း မထွက်ပြသေးဘူးလား"
လွန်ခဲ့တဲ့လအနည်းငယ်က တစ်ယောက်ယောက် သူတို့ကို ချောင်းမြောင်းနေတာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။
"မယုံနိုင်စရာကောင်းတဲ့လိပ်ပြာအသိစိတ်အာရုံပဲ။ မင်းက အဝေးကြီးကနေတောင် ငါ့ကို ရှာတွေ့နိုင်ခဲ့တာပဲ"
အနက်ရောင်လင်းနို့တစ်ကောင်က ပျံသန်းလာတယ်။
ဖလက် ဖလက်.......
လမ်းအလယ်ကို ရောက်တဲ့အခါ လင်းနို့က ဆင်းသက်ခဲ့ပြီး သွေးနီရောင်မျက်လုံးတွေနဲ့လူငယ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတယ်။
"သွေးဆာသူတော်စင်အရှင်" ကူးလီရှာက သွေးမျက်လုံးလူငယ်ကို ချက်ချင်း သိလိုက်တယ်။
သွေးဆာသူတော်စင်အရှင်က အချိန်သဲမြို့သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၄ဖြစ်တယ်။ သူ့မှာ ကောင်းကင်ဆန့်ကျင်တိုက်ခိုက်ရေးခွန်အားရှိတယ်။ သူက အဆင့်၂ကြက်သွေးရောင်စိတ်ဝိညာဉ်သူတော်စင်အရှင်နဲ့ တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအသေးစားသာ ရရှိခဲ့တယ်။
"သွေးဆာသူတော်စင်အရှင်၊ ဒါ ဘာအဓိပ္ပါယ်လဲ" ညနတ်ဆိုးသူတော်စင်အရှင်က အေးစက်တဲ့လေသံနဲ့မေးလိုက်တယ်။
သွေးဆာသူတော်စင်အရှင်က ရယ်ကာ ပြောလိုက်တယ်"ဘာအဓိပ္ပါယ်မှမဟုတ်ပါဘူး၊ ငါ ငွေရေးကြေးရေးအတော်လေးကျပ်တည်းနေလို့။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅မီလီယံကိုပေးလိုက်ပါ၊ အဲဒါဆိုရင် ငါ ချက်ချင်းထွက်သွားမယ်"
တိုက်ခိုက်ဖို့မလိုရင် သူက မတိုက်ခိုက်ချင်ပါဘူးလေ။ ဒါပေမယ့် ဆန့်ကျင်ဘက်က သူပြောတာကို အရင်သဘောတူရမှာပေါ့။
"အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅မီလီယံ။ မင်းက ငါတို့ဆီကနေ လုယူနေတာပဲ" ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က ဒေါသနဲ့ မေးလိုက်တယ်။
"မင်းတို့ သဘောမတူဘူးဆိုရင်လဲ ငါ လုရတာပေါ့။ ဒါ့အပြင် မင်းတို့အားလုံး သေဖို့လည်းပြင်ဆင်ထားကြတော့" သွေးဆာသူတော်စင်အရှင်က လျှာသပ်လိုက်တယ်။
"လာစမ်းပါ၊ အရေးမပါတာတွေ ပြောမနေနဲ့" စီးဆင်းသံရဲ့ခန္ဓာကိုယ်က မဖျက်ဆီးနိုင်တဲ့သတ္တုအရောင်ဝါကို ထုတ်လွှတ်နေတယ်။
"ဒီလိုဆိုလဲ ငါ့ကို အပြစ်မတင်ကြနဲ့တော့" သွေးဆာသူတော်စင်အရှင်ရဲ့ပုံရိပ်က ရုတ်တရက်ဝိုးတိုးဝါးတားဖြစ်သွားတယ်။
"ဂရုစိုက်ကြ" ညနတ်ဆိုးသူတော်စင်အရှင်က ထာဝရညရပ်တန့်ခြင်းကို ထုတ်လွှတ်ကာ ဟင်းလင်းပြင်ကို တိုက်ခိုက်လိုက်တယ်။
အဲဒါက သွေးဆာသူတော်စင်အရှင်ရဲ့ပုံရိပ်ယောင်ကိုပဲ ရပ်တန့်စေနိုင်တာကတော့ ကံမကောင်းလှပါဘူး။
သွေးဆာသူတော်စင်အရှင်က မြန်လွန်းပြီး တစ္ဆေတစ်ကောင်နဲ့တူတယ်။
သွေးဆာသူတော်စင်အရှင်က အထက်တန်းသူတော်စင်အရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ငှက်မွေးစိတ်ဝိညာဉ်သူတော်စင်အရှင်ရဲ့အနားကို နီးကပ်လာတဲ့အချိန်မှာ ဓားအမှတ်အသားတစ်ခုက တစ်နေရာရာက ထွက်ပေါ်လာပြီး သွေးဆာသူတော်စင်အရှင်ရဲ့ရှေ့တိုးလာမှုကို ရပ်တန့်ခဲ့တယ်။
"အမ်....." သွေးဆာသူတော်စင်အရှင်က ပင့်သက်ရှိုက်လိုက်တယ်။
သူက အလွန်အမင်းမြန်ပေမယ့် တစ်ယောက်ယောက်က သူ့ရဲ့လှုပ်ရှားမှုလမ်းကြောင်းကို ဖမ်းနိုင်နေတုန်းပဲ။
ဖြောက်......
လက်သည်းအမှတ်အသားတစ်ခု ကြီးမားလာပြီး သွေးဆာသူတော်စင်အရှင်က ဓားအမှတ်အသားကို သူ့ရဲ့လက်သည်းနဲ့ ချိုးဖြတ်ကာ ငှက်မွေးစိတ်ဝိညာဉ်သူတော်စင်အရှင်ထံ ဆက်လက်တိုးဝင်လာတယ်။
ညနတ်ဆိုးအဖွဲ့က အဖွဲ့ဝင်များလွန်းပြီး သူက အားအနည်းဆုံးကနေ သူတို့ကို စတင်သတ်ဖြတ်ရပါမယ်။
"ထွက်သွားစမ်း" လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာပြီး သူက မူလဘူတဓားကို သွေးဆာသူတော်စင်အရှင်ထံ ထိုးနှက်လိုက်တယ်။
မူလဘူတဓားနဲ့ ရင်ဆိုင်ရတဲ့အခါ မချိုးဖြတ်နိုင်ဘူးလို့ သွေးဆာသူတော်စင်အရှင်က ခံစားမိတယ်၊ သူက သူ့ရဲ့လက်သည်းပညာနဲ့သာ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။
ဝုန်း ဝုန်း ဒုန်း ဒုန်း......
မီးပွားတွေထဲမှာ လီဖူချန်းက လွင့်ထွက်သွားရပြီး သွေးဆာသူတော်စင်အရှင်ရဲ့ပုံရိပ်ကလည်း ထွက်ပေါ်လာတယ်။
"သူက သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၄ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းက ကောင်းကင်ဆက်ဓားကို အသုံးမပြုခဲ့ပါဘူး၊ အဲဒါကို အခုလိုမယ်လို့တော့ သူက မထင်ထားဘူး။
"သေခြင်းအနှောင်အဖွဲ့"
လီဖူချန်းက သွေးဆာသူတော်စင်အရှင်ရဲ့ပထမတိုက်ခိုက်မှုလှိုင်းကို ခုခံတဲ့အချိန်မှာ လူတိုင်းက တုံ့ပြန်နိုင်လာကြတယ်။ အမ်ဘာနဲ့ဗီဗီယန်က လက်တွဲကာ အဆုံးမဲ့ဆူးနွယ်ပင်တွေကို သွေးဆာသူတော်စင်အရှင်အား ရစ်ပတ်စေတယ်။ စီးဆင်သံနဲ့ရက်ခါက သူတို့ရဲ့အံ့မခန်းခံစစ်ကို အသုံးပြုကာ ဘယ်နဲ့ညာမှ တစ်ဟုန်ထိုးပြေးဝင်လာပြီး သွေးဆာသူတော်စင်အရှင်နဲ့ အနီးကပ်တိုက်ခိုက်ဖို့ကြိုးစားလိုက်တယ်။ အမှောင်ချိုးငှက်က မြူခိုးတစ်ခုအဖြစ်သို့ပြောင်းသွားပြီး ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာတယ်။ ကူးလီရှာက ပတ်တီးတွေကို ထုတ်လွှတ်ကာ သွေးဆာသူတော်စင်ပတ်ပတ်လည်ကို လွှမ်းခြုံလိုက်တယ်။
ကျွီ ကျွီ ကျွီ......
သွေးဆာသူတော်စင်အရှင်ရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး အနက်ရောင်မီးခိုးတွေကို ထုတ်လွှတ်ခဲ့တယ်။
အနီးကပ်ကြည့်ရင် အဲဒါက အနက်ရောင်မီးခိုးမဟုတ်ပါဘူး၊ သူတို့က မရေမတွက်နိုင်တဲ့လင်းနို့တွေကောင်းကင်မှာပျံသန်းနေခြင်းဖြစ်တယ်။
"စွမ်းအားခုတ်ချက်ကြယ်မြစ်...." ကျောက်ပုဆိန်သူတော်စင်အရှင်က အနက်ရောင်မီးခိုးကို ခုတ်ပိုင်းလိုက်တယ်။
ဒါပေမယ့် ဒီအနက်ရောင်မီးခိုးကိုကြည့်ရတာ ဉာဏ်ကောင်းပုံရတယ်၊ အလိုအလျောက်ရှောင်တိမ်းနိုင်ပြီး ပုဆိန်ကို လွဲချော်သွားစေတယ်။
အဝေးမှ အနက်ရောင်မီးခိုးက ထပ်မံစုဝေးလာပြီး သွေးဆာသူတော်စင်အရှင်ရဲ့ပုံရိပ်က တစ်ဖန်ပြန်ပေါ်လာတယ်။
"သူတို့က မကြောက်တော့တာ အံ့ဩစရာမရှိဘူးပဲ၊ သူတို့မှာ ပြောင်မြောက်တဲ့ဓားသမားတစ်ယောက်ရှိနေတာပဲ" သွေးဆာသူတော်စင်အရှင်က လီဖူချန်းကို ဂရုတစိုက် လေ့လာလိုက်တယ်။
ပွင့်လင်းစွာပြောရရင် သွေးဆာသူတော်စင်အရှင်က အရင်ညနတ်ဆိုးအဖွဲ့နဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာမရှိပါဘူး။ တကယ်တော့ သူက သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၄ဖြစ်ပြီး ညနတ်ဆိုးကတော့ အဆင့်၁၇ဖြစ်တယ်။ သူတို့ရဲ့ခွန်အားခြားနားချက်က တစ်ဆင့်ထက်ပိုတယ်။
သွေးဆာသူတော်စင်အရှင်က ဆန္ဒရှိရင် သူက ညနတ်ဆိုးအဖွဲ့ရဲ့အားနည်းတဲ့အဖွဲ့ဝင်တွေကို ဖြည်းဖြည်းချင်းသတ်နိုင်တယ်၊ ပြီးမှ ညနတ်ဆိုးသူတော်စင်အရှင်ကို ဖယ်ရှားလို့ရတယ်။
ဒါပေမယ့် ညနတ်ဆိုးသူတော်စင်အရှင်အောက်မနိမ့်ကျတဲ့အဖွဲ့ဝင်တစ်ယောက်ပိုလာတာနဲ့အတူ ညနတ်ဆိုးအဖွဲ့ကိုဖယ်ရှားဖို့သွေးဆာသူတော်စင်အရှင်ရဲ့အခက်အခဲက အဆများစွာ ပိုတိုးလာတယ်။