← Chapters

မီးတောက်ထိန်းချုပ်ခြင်းပညာရပ်

Vol. 21 Ch. 294

မီးတောက်ထိန်းချုပ်ခြင်းပညာရပ်

Vol. 21 Ch. 294

“ဟက်…၊ ခင်ဗျားက ကျုပ်အခန်းထဲ ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာပြီးတော့ ခင်ဗျားကိုယ်ခင်ဗျား ဆန်းကြယ်သလို လုပ်နေဝံ့သေးတယ်လား။ ဒီတာအိုသခင်က…”

ထိုတာအိုသခင်အဘိုးအိုသည် ဟန်ဟန်ကြီးကြီးဖြင့် မာရေကြောရေ ပြောလာသည်။

သို့သော် သူက ဟန်လိကို ကောင်းကင်မျက်လုံးပညာရပ် သုံး၍ ကြည့်ရှုပြီးနောက် သူ၏ ဒေသပုန်ထနေသော နဂိုမျက်နှာသည် ချက်ခြင်း တောင့်တင်းသွားကာ တအောင့်အကြာ ဖြူဖပ်ဖြူရော ဖြစ်သွားလေတော့သည်။

“ခင်ဗျား…ခင်ဗျားက အခြေခံတည်ဆောက်ခြင်းစီနီယာလား…”

ထိုအဘိုးအိုသည် စကားအထစ်ထစ်ဖြင့် ထိုသို့ဆိုကာ လက်သင့်မခံချင် ဖြစ်နေလေ၏။

“မင်းရဲ့ မှော်ပညာနဲ့ ဆုံးဖြတ်ပြီးပြီ မဟုတ်ဘူးလား…” ဟန်လိသည် ပြုံးနေလျက်ဖြင့်ပင် မထူးခြားနားစွာ ပြောသည်။

“စီနီယာ ကျနော့်ကို အပြစ်မတင်ပါနဲ့။ ဒီဂျူနီယာဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ကို အရင်တုန်းက လုံးဝ မမြင်ဖူးခဲ့ပါဘူး။ ကျနော် မြင်ဖူးခဲ့တဲ့ ကျင့်ကြံမှုအဆင့်ဆုံးသူတွေဟာ ချီစုဆောင်းခြင်း အဆင့်ဆယ့်တစ်၊ ဆယ့်နှစ်တွေပဲ ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် စီနီယာရဲ့ ကျင့်ကြံမှုအဆင့်ဟာ မခန့်မှန်းနိုင်လောက်အောင် နက်နဲလိမ့်မယ်ဆိုတာကိုပဲ ကျနော့်အနေနဲ့ သိနိုင်ပါတယ် ခင်ဗျ…”

တာအိုသခင်သည် ဟန်လိ၏ အမေးကို ကြားသည့်အခါ သူက သူ့လက်ထဲရှိ မီးလုံးကို ချက်ခြင်း ငြှိမ်းသေစေသည်။ သူသည် အိပ်မက်ကနေ နိုးထလာသည့်နှယ်။ သူ ရှေ့သို့ ခြေလှမ်းကာ ဂါဝရပြု၍ အလွန်ဂရုစိုက်စွာ ထပ်တလဲလဲ ရှင်းပြသည်။ သူ့မျက်နှာထက်တွင်လည်း တောင်းပန်သော အပြုံးတစ်ခု ရှိနေလေသည်။

ဟန်လိသည်ပင် သည်တာအိုသခင်က အဘိုးအိုရှောင်းကဲ့သို့ ကြောက်လန့်ဟန် မဖြစ်ပေါ်သွားသည့်အပေါ် အံ့အားသင့်မိသွားသည်။ ကြောက်လန့်သွားရမည့်အစား သည်လူက စိတ်လှုပ်ရှားဟန် အရိပ်အယောင်ကိုပင် ထုတ်ဖော်ပြနေသေးသည်။

သို့သော် ခဏ စဉ်းစားကြည့်ပြီးနောက်မှာ ဟန်လိသည် တဖက်သူ၏ အတွေးများကို ကောင်းကောင်း နားလည်သွားတော့သည်။

ထိုဆံဖြူအဘိုးအိုသည် သူ့ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သော်လည်း ချီစုဆောင်ခြင်း

အဆင့်ခြောက်တွင် တစ်နေတုန်းပင်။ သူသည် ပါရမီခေါင်းပါးသော

လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များသည်။ အကယ်၍ သူသည် လေလွင့်ကျင့်ကြံသူ

တစ်ယောက် မဟုတ်ခဲ့လျှင်ပင် သူနှင့် အဆင့်တူသော ကျင့်ကြံသူများနှင့်သာ

ပတ်သတ်ဖူး၊ တွေ့ဆုံဖူးပေလိမ့်မည်။

ခုချိန်၌ သူက အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ကို မြင်သည့်အခါ ရခဲလှသော ကံကောင်းမှုဟု မှတ်ယူလိုက်မှာ သဘာဝပင်။ သူကား ထိုအခွင့်အရေးကနေ အကျိုးအမြတ် တစ်ခုခု ရရန် စီစဉ်နိုင်ဖို့ များသည်။

ထိုသို့တွေးမိကာ ဟန်လိသည် မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။ တဖက်သူက သူ့ကို စိတ်ကျေနပ်စေနိုင်ပါက သူသည်လည်း အကျိုးအမြတ်တခုနှစ်ခုလောက် ပေးဖို့ စိတ်ထဲ ထားနေမည် မဟုတ်ပါ။

ဟန်လိက ထိုတာအိုသခင်ထံမှ သူ့အကြည့်ကို ချက်ခြင်း ပြန်ရုတ်သိမ်းသည်။

“ခင်ဗျားပြောတာ မှန်ပါတယ်။ ကျုပ်က တကယ်ပဲ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်ပါ…”

ဆံဖြူတာအိုသခင် အဘိုးအိုသည် ဟန်လိ၏ စကားကို ကြားသည့်အခါ သူ့ဟန်ပန်၌ ပို၍ လေးစားပုံ ပေါက်လာသည်။ သူ့မျက်လုံးထဲရှိ ပျော်ရွှင်မှုမှာလည်း ပိုအားကောင်းလာတာ သဘာဝသာ။

“စီနီဘာက ဘာကြောင့်များ ဒီမှာ ရုတ်တရက် ပေါ်လာရတာလဲ ခင်ဗျ။ စီနီယာအနေနဲ့ ဂျူနီယာ့ကို ခိုင်းစရာများ ရှိလို့လား…”

တာအိုသခင်အိုကြီးက တလေးတစား မေးသည်။

ထိုသူသည် အကင်းပါးသူ ဖြစ်၏။ သူသာ ဟန်လိထံမှ အကျိုးအမြတ် အနည်းငယ် ရချင်ပါက အတုန့်အလှည့်အနေဖြင့် တစုံတစ်ခု ပြန်ပေးရမှာ သဘာဝမှန်း သူ သိပေသည်။

ဟန်လိသည် ထိုသူ၏ စကားကို ကြားသည့်အခါ ကျေနပ်သွားဟန် ဖြစ်ပေါ်သည်။ သူက ပြုံး၍ ပြောသည်။

“ပထမဆုံး မင်းရဲ့ ဇာစ်မြစ်ကိုပဲ စပြောကြတာပေါ့။ ဒီကနေ့ မင်းသားရဲ့ နေအိမ် ညစာစားပွဲမှာ မင်းကို ငါ မြင်ခဲ့တယ်။ မင်းရဲ့ မီးထိန်းချုပ်တဲ့ ပညာရပ်က မဆိုးလှပါဘူး…”

ဟန်လိသည် နည်းနည်းပါးပါး ချီးကျူးပြောဆိုပေးသည်။ သို့သော် ထိုတာအိုသခင်အဘိုးအိုသည် ဟန်လိ၏ သဘောထားကို သိမနေ။ သူက ဟန်လိ၏ စကားများကို ကြားသည့်အခါ သူ့မျက်နှာထက်တွင် အံ့၏ထိတ်လန့်ဟန် ဖြတ်ပြေးသွားလေသည်။

ထိုစီနီယာသည် သူ၏ ပြကွက်တို့ကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက နှိမ့်ချသောလေသံဖြင့် ပြန်ဖြေသည်။

“စီနီယာက ကျနော့်ရဲ့ ဆိုးဝါးလှတဲ့ ပြကွက်တွေကို တွေ့မြင်သွားတာ ကံဆိုးတာပဲ။ ဂျူနီယာအနေနဲ့ မီးတောက်ပညာရပ်တစ်ခုကိုပဲ ကျွမ်းကျင်တာပါ။ ဂျူနီယာရဲ့ ဇစ်မြစ်ကတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။ ဂျူနီယာ ငယ်ရွယ်စဉ်တုန်းက မထင်မှတ်ပဲ သေအံမူးမူး ဖြစ်နေတဲ့ ကျင့်ကြံသူတစ်ယောက်ရှိကနေ ကြမ်းကြုတ်ယင်(မီး)ပညာရပ်တစ်ခုကို ရခဲ့ပါတယ်။ အဲ့ချိန်ကစလို့ ဂျူနီယာဟာ ကျင့်ကြံခြင်းလောကကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက ဂျူနီယာရဲ့ ပညာရမီက ဆိုးဝါးလှတဲ့အပြင် ဘာလမ်းညွှန်မှုမှ မရှိတဲ့အတွက် အဆင့်ခြောက်ထိပဲ ကျင့်ကြံနိုင်ခဲ့ပါတယ်…”

“ခင်ဗျားရဲ့ မီးထိန်းချုပ်တဲ့ ပညာရပ်ဟာ အဲ့စာအုပ်က ကျင့်ကြံခြင်းပညာရပ်လား…”

ဟန်လိသည် စိတ်ဝင်စားသွားကာ ထိုသို့ မေးလိုက်သည်။

“အဲ့လို မဟုတ်ပါဘူး။ ဒီမီးထိန်းချုပ်ခြင်း ပညာရပ်ဟာ ဂျူနီယာအဆင့်တစ်ဆို့တဲ့အထိ ကျင့်ကြံခဲ့တဲ့အရာပါ။ တိုးတက်ဖို့အတွက် ဘာနည်းလမ်းမှ မရှိတော့တဲ့အခါ ဂျူနီယာဟာ ဒီပညာရပ်ကိုပဲ တဖြည်းဖြည်း ပိုမွန်းမံပြီး လှည့်ကွယ်တချို့ ဖန်တီးနိုင်ခဲ့တာပါ။ ဒီတိုးတက်မှုတွေဟာ ဘာမှ မပြောပလောက်ပေမဲ့လို့ ဂျူနီယာ့အတွက်တော့ ကြီးမားတဲ့အောင်မြင်မှု ဖြစ်ပါတယ်…”

“ ဆိုတော့ ဒါက မင်းဟာမင်း သုတေသနလုပ် လေ့လာခဲ့တာပေါ့…” ဟန်လိသည် စိတ်ထဲကနေ မင်သက်မိသွားသည်။ သူက ထိုဆံဖြူအဘိုးအိုကို အနည်းငယ် အံ့အားသင့်ဟန်ဖြင့် အကြိမ်အနည်းငယ် စူးစမ်းကြည့်လိုက်သည်။

“အမှန်ပါပဲ…စီနီယာ။ ဂျူနီယာရဲ့ မှော်စွမ်းအားကို စာအုပ်(မီးတောက်ထိန်းချုပ်ခြင်းပညာရပ်) အဖြစ် ပြောင်းခဲ့တာပါ။ စီနီယာ စိတ်မရှိဘူးဆိုရင် ဂျူနီယာ ဒီစာအုပ်ကို ထုတ်ပြပါ့မယ်။ ကျနော့်ကို တစ်ခုနှစ်ခုလောက် လမ်းညွှန်မှု ပေးပါ…”

ထိုတာအိုသခင်အဘိုးအိုသည် ဟန်လိက သူ၏ မီးထိန်းချုပ်ခြင်းပညာရပ်အပေါ် စိတ်ဝင်စားပုံရတာကို မြင်သည့်အခါ စိတ်အားတက်ကြွသွားသည်။ သူက သူ့သိုလှောင်အိတ်ထဲကနေ ခပ်ပါးပါးစာအုပ်တစ်အုပ်ကို ထုတ်ယူပြီး ဟန်လိထံ တရိုတသေ ပေးလိုက်သည်။

ဟန်လိက ဤသည်ကို မြင်သည့်အခါ နည်းနည်းတော့ မင်သက်သွားမိသည်။

အမှန်တိုင်းပြောရပါက ဟန်လိသည် ထိုမီးတောက်အသွင်ပြောင်းလဲခြင်း ပညာရပ်သည် အတော်အတန် ထူးခြားသော်လည်း အရမ်းလိုချင်စိတ် မဖြစ်မိပေ။

ထိုကဲ့သို့သော ပညာရပ်လောက်က ခုလက်ရှိတွင် သူ့အတွက် များစွာ အသုံးတည့်လိမ့်မည်ဟု သူ မထင်ပေ။

သို့ပေမည့် ထိုတာအိုသခင်အိုက သည်စာအုပ်ကို ချက်ခြင်း ထုတ်ပြခြင်းက သူ့ကို အံ့အားသင့်သွားစေသည်။ ဟန်လိသည် ၎င်းကို လက်ခံကာ စာအုပ်ပါ အခြင်းအရာများကို တချက် ကြည့်သည်။

စစချင်း ဟန်လိသည် သည်စာအုပ်ကို ဒီအတိုင်း ဖတ်ကြည့်သည် ဆိုရုံမျှသာ။

သို့သော် သူက ၎င်းကို ဖတ်ကြည့်နေစဉ် သူ့အမူအရာမှာ အေးဆေး ဖြစ်နေဟန် ပေါက်နေသော်လည်း စိတ်ထဲတွင်မူ တဖြည်းဖြည်း တုန်လှုပ်မိလာသည်။

သည်မီးတောက်အသွင်ပြောင်းခြင်း စာအုပ်၏ အစပိုင်း ဖော်ပြချက်များက ဟန်လိကို ဘာမျှ စိတ်မဝင်စားစေပေ။ သို့သော် စာအုပ်အဆုံးသပ်၌ ထိုတာအိုသခင်အို၏ မှော်ပညာရပ်များအပေါ် လိုက်လျောညီထွေစွာ အသုံးပြုခြင်းနှင့် လက်တွေ့ကျသော နည်းလမ်းများနှင့် ပတ်သတ်သည့် ဆဝါးထားသော အယူအစများ ပါနေသည်။ ယင်းက ဟန်လိကို ရုတ်တရက် ဉာဏ်အလင်း အသိအမြင်များ ရသွားစေခဲ့သည်။ ထိုအသိအမြင်ကြောင့် သူ ရရှိလိုက်သော အကျိုးအမြတ်မှာ မနည်းမနောပင်။ ခဏကြာပြီးနောက်မှာ ဟန်လိက ထိုစာအုပ်ကို ပြန်ပိတ်သည်။ ခုချိန်သည် ထိုကျင့်ကြံခြင်းပညာရပ်များကို လေ့လာစူးစမ်းနေရမည့် အချိန်အခါ မဟုတ်လေပေ။ သူ့ထံ၌ အချိန်ပိုရှိမှ သည်စာအုပ်ထဲမှ အခြင်းအရာများကို လေ့လာစိတ်ဖြာကြည့်ရမည်။

အခု စာအုပ်က မှော်ပညာရပ်များ အသုံးပြုပုံအပေါ် သူ၏ နားလည်မှုအား တစ်ဆင့်မြင့်သွားစေတာကိုတော့ သူ ယုံကြည်မှု ရှိနေလေသည်။

“ဒီစာအုပ်ကို ငါ ယူသွားမယ်။ မင်းက ငါ့ကို လမ်းညွှန်ချက် တစ်ခုနှစ်ခု တောင်းဆိုခဲ့ပေမယ့်လည်း ဒီစာအုပ်ကို ငါ့အတွက် လက်ဆောင်ပေးတာလို့ ငါ ထင်တယ်။ စီနီယာတစ်ယောက်အနေနဲ့ ဒီစာအုပ်ကို အလကားတော့ ငါ ယူမှာ မဟုတ်ဘူး။ ငါ့မှာ တာအိုမှော်ပညာရပ်တွေ၊ အဆင့်အမျိုးမျိုးရှိတဲ့ မှော်ပစ္စည်းတွေနဲ့ ချီစုဆောင်းခြင်းကျင့်ကြံသူတစ်ယောက်အတွက် ဆေးလုံးတချို့ ရှိတယ်။ ဒီစာအုပ်အတွက် အလဲအလှယ်အနေနဲ့ မင်းဟာ ဒီရွေးချယ်စရာသုံးမျိုးထဲက တစ်ခုကို ရွေးချယ်နိုင်မယ်။ မင်း စဉ်းစားဆုံးဖြတ်ဖို့အတွက် ငါ ဆယ့်ငါးမီနစ် အချိန်ပေးမယ်…”

ဟန်လိသည် ထိုတာအိုသခင်အဘိုးအိုကို လေးလေးနက်နက်တချက်ကြည့်ကာ အဘိုးအိုအား စိတ်လှုပ်ရှားသွားစေသော စကားတချို့ကို ပြောလိုက်လေသည်။

“ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာ…။ စီနီယာရဲ့ မျက်နှာသာ ပေးမှုအတွက် ကျေးဇူးပါဗျ…”

ထိုတာအိုသခင်အဘိုးအိုသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်ပင် ကတုန်ကယင် ဖြစ်သွားလေသည်။

ဟန်လိက မသိမသာ ပြုံးသည်။ တခြား ဘာမှတော့ ထပ်မပြောတော့ပေ။ ထိုအစား သူသည် မျက်လုံးမှိတ်ကာ ထိုင်ခုံပေါ်မှီ၍ အနားယူနေလိုက်သည်။

တာအိုသခင်အဘိုးအိုသည် အခန်းထဲ၌ စိတ်ပူပန်တကြီး လှည့်ပတ်ကာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေသည်။ သူသည် ဟန်လိ ပေးထားသော ရွေးချယ်စရာ သုံးခုထဲမှ တစ်ခုခုကို ရွေးဖို့ ခက်နေပုံ ပေါ်သည်။

“ဘယ်လိုလဲ။ မင်း ဆုံးဖြတ်ပြီးပြီလား…”

အချိန်ခဏကြာပြီးနောက်မှာ ဟန်လိသည် အချိန်စေ့ပြီဟု ခံစားမိပြီး မျက်လုံးဖွင့်ကာ ထိုသို့ မေးလာသည်။

“စီနီယာ…ကျနော် ဆုံးဖြတ်ပြီးပါပြီ။ ချီစုဆောင်းခြင်းကျင့်ကြံသူတွေအတွက် အဆင့်ချိုးဖျက်နိုင်တဲ့ ဆေးလုံးတွေကို ကျနော် လိုချင်ပါတယ်…”

ဟန်လိ၏ အမေးကြောင့် အဘိုးအိုလည်း ဆုံးဖြတ်ရတော့သည်။ ထိုစကားကို ကြားသည့်အခါ ဟန်လိသည် နည်းနည်းလေးမျှ မအံ့အောသွားပေ။ သူက တဖက်ူသည် ဆေးလုံးများကိုသာ ရွေးလိမ့်မည်ဟု ထင်ထားပြီး ဖြစ်၏။ တကယ်တော့ မှော်ပစ္စည်းများနှင့် တာအိုစာအုပ်များသည် သူ၏ ကျင့်ကြံမှုအဆင့် ချိုးဖျက်ပြီးမှသာ လိုအပ်လာနိုင်တာ မဟုတ်လား။

ထိုသို့ဖြင့် ဟန်လိက ခေါင်းညိတ်ပြ၏။ စားပွဲပေါ် သူ့အင်္ကျီလက်အိုးဖြင့် လှမ်းရိုက်ခတ်သည်။ ၎င်းပေါ်၌ ဆေးပုလင်းနှစ်ခု ကျန်ခဲ့သည်။

“ဒီဆေးပုလင်းတွေထဲမှာ နဂါးဝါဆေးလုံးတွေ ပါဝင်တယ်။ ဒါတွေက အဆင့်တစ်ဆယ်နဲ့ အောက်က ကျင့်ကြံသူတွေအပေါ် သက်ရောက်မှု ရှိတယ်။ ဒါတွေကို ယူလိုက်ပါ…”

ဟန်လိသည် တည်ငြိမ်စွာ ပြောသည်။

“ချီစုဆောင်းခြင်း အဆင့်တစ်ဆယ်။ စီနီယာရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်…”

ထိုတာအိုသခင်အဘိုးအိုသည် ငမ်းငမ်းတက် အကြည့်တို့ဖြင့် ၎င်းဆေးပုလင်းနှစ်ခုကို ကြည့်နေလေသည်။ ကျေးဇူးတင်ကြောင်း အခါခါ ပြောပြီးနောက်မှာ သူက ၎င်းပုလင်းများကို လှမ်းယူသည်။

ထို့နောက်တွင် သူသည် ပုလင်းအဖုံးကို စိတ်မရှည်ဟန်ဖြင့် ချက်ခြင်း ဖွင့်ကြည့်ကာ နှစ်ခါတိတိ အနံ့ရှုကြည့်သည်။ သူ့ပုံစံမှာ အလွန်ကျေနပ်ဟန် ဖြစ်ပေါ်သွားသည်။

“ငါ မင်းကို လာရှာတဲ့ ကိစ္စ နောက်တစ်ခု ရှိသေးတယ်။ ဒီတာဝန်ကို ကောင်းကောင်းလုပ်နိုင်ရင် ငါ မင်းကို ပိုများတဲ့ အကျိုးအမြတ်တွေ ပေးမယ်…”

ဟန်လိသည် တဖက်သူက ဆေးပုလင်းများကို သေချာ သိမ်းဆည်းတာ မြင်ပြီးနောက် သူလာရင်း အဓိကကိစ္စကို ပြောသည်။

ဆုလဒ်ကောင်းကောင်းဖြင့် ဖြားယောင်းပါက တဖက်သူသည် လောဘတက်လာလိမ့်မည်ဟု ဟန်လိ ယုံကြည်ပေသည်။

ထင်သည့်အတိုင်းပင်။ တဖက်သူက ဟန်လိ၏ စကားကို ကြားသည့်အခါ ပျော်ရွှင်သွားပြီး ချက်ခြင်း ပြောလေသည်။

“စီနီယာ…အဲ့ကိစ္စကို ကျေးဇူးပြုပြီး ပြောသာပြောပါ။ ဂျူနီယာ ဘာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးပါ့မယ်…”

သည်စကားကို ကြားသည့်အခါ ဟန်လိက ပြုံး၍ ပြန်ဖြေသည်။

“ထွေထွေထူးထူးတော့ မဟုတ်ဘူး။ လာမယ့် လအနည်းငယ်ကြာတဲ့အထိ ကျုပ်က မင်းရဲ့ တပည့်ဖြစ်တဲ့သူ မင်းသားငယ်ရယ်၊ အကြီးအကဲချုပ်ဝမ်တို့နဲ့ ပတ်သတ်ပြီး အာရုံစိုက်ပေးစေချင်တာ။ သူတို့နဲ့ ပတ်သတ်ပြီး မူမမှန်တာ တစ်ခုခု ဖြစ်လာခဲ့ရင် ဖြစ်ပျက်သမျှအားလုံးကို မင်းက ကျုပ်ကို ပြောပြရမယ်…”

ဟန်လိ၏ စကားကို ကြားသည့်အခါ တာအိုသခင်အိုသည် မင်သက်သွားလေသည်။

သူသည် ထိုစီနီယာက သေမျိုးနှစ်ယောက်နှင့် ပတ်သတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းလိမ့်မည်ဟု အမှန်တကယ် မထင်ထားမိခဲ့ပေ။ ထို့အပြင် သည်နှစ်ယောက်ထဲမှ တစ်ယောက်သည် သူ ခုမှ လက်ခံထားသော သူ သဘောကျသည့် တပည့် ဖြစ်နေသေးသည်။

အတွေးများစွာ ရှိနေလျက် တာအိုသခင်အိုသည် သေချာ ဂရုစိုက်ကာ နှိမ့်ချသော လေသံဖြင့် မေးလေသည်။ “ကျေးဇူးပြုပြီး…စီနီယာ ကျနော့်ကို ရှင်းပြပေးနိုင်မလားဗျ။ ဒီနှစ်ယောက်နဲ့ ပတ်သတ်ပြီး မူမမှန်တာတစ်ခုခုများ ရှိလို့လား…”

တာအိုသခင်အိုသည် အလွန်တရာ ဂရုစိုက်၍ ထိုသို့ မေးတာ ဖြစ်၏။ သူသည် သည်ကျွမ်းကျင်သူအပေါ် စော်ကားသကဲ့သို့ဖြစ်မိမှာကိုလည်း စိုးရိမ်ကြောက်လန့်နေသေးသည်။

ဟန်လိ၏ မျက်နှာထက်တွင် မကျေမနပ်ဟန် လုံးဝ မဖြစ်ပေါ်ပေ။ သူသည် ထိုကျင့်ကြံသူ၏ မေးခွန်းကို ချက်ခြင်း ပြန်မဖြေ။ ခဏ စဉ်းစားပြီးမှ သူက လေသံခပ်အေးအေးဖြင့် ပြန်ပြောသည်။

“အမှန်တော့…ကျုပ်ဟာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲက အဝါရောင်မေပယ်တောင်ကြားက ကျင့်ကြံသူတစ်ယောက်ပဲ။ ခုလက်ရှိမှာ ယွဲ့ဒေသကို မိစ္ဆာတာအိုဂိုဏ်းတွေ ကျူးကျော်နေကြတယ်။ မင်းဟာ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် ဒါနဲ့ ပတ်သတ်ပြီး သတိထား၊ သိထားရမယ်။ အဲ့နှစ်ယောက်ဟာ မိစ္ဆာတာအိုဂိုဏ်းနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ငါ သံသယရှိတယ်။ ဒါ့ကြောင့် မင်းအနေနဲ့ သူတို့နဲ့ ပတ်သတ်ပြီး သိရအောင်လို့ ကူညီပေးရမှာ ဖြစ်တယ်…”

ဟန်လိသည် အကြီးအကဲချုပ်ဝမ်နှင့် မင်းသားငယ်တို့သည် မိစ္ဆာတာအိုဂိုဏ်းများနှင့် မပတ်သတ်လောက်ဟု ယုံကြည်သော်ငြားလည်း ဂရုစိုက်တာကတော့ ပိုကောင်းသည် မဟုတ်လား။ အခု သူသည် သူတို့၏ နောက်ခံများနှင့် ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း အသေးစိတ် မသိရသေးပေ။ သူ့စိတ်ထဲ၌ ထိုနှစ်ယောက်နှင့် ပတ်သတ်ပြီး ပူပန်ရမည်ဟု ခံစားမိနေသည်။ ထို့ကြောင့် သူက အဘိုးအိုကို သည်နှစ်ယောက်၏ အပြုအမူလုပ်ဆောင်ချက်များအပေါ် ကြို၍ စောင့်ကြည့်ပေးရန် ခိုင်းစေခဲ့တာ ဖြစ်သည်။

သို့ပေမည့် သူသည် တာအိုသခင်အဘိုးအိုကို သူ၏ အမှန်တကယ် ပူပန်မှုများကို တိုက်ရိုက်မပြောပြ၊ ထိုအစား တာအိုဂိုဏ်းများအကြောင်း ဖော်ပြပြီး သင့်တော်သော ဆင်ခြေတစ်ခုကို ပြောလိုက်လေသည်။

တကယ်တော့ ဟန်လိသည် ထိုနှစ်ယောက်နှင့် ပတ်သတ်ပြီး အန္တရာယ်ရှိနိုင်သည်ဟု ခံစားမိသော်လည်း ယင်းသို့ သိသိသာ မပြောပြမှာ သဘာဝပင်။

All Chapters