မိုးကြိုးခေါ်မျိုးနွယ်
Vol. 66 Ch. 905
ဝီ ဝီ ဝီ ဝီ......
ညနတ်ဆိုးအဖွဲ့ဝင်အားလုံးက သူတို့ရဲ့အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတွေကို အသက်သွင်းလိုက်ကြတယ်။ စွမ်းအင်အကာအကွယ်များစွာက လင်းလက်လာတယ်။
သွေးဆာသူတော်စင်အရှင်က အားကောင်းလွန်းတယ်၊ ခုခံမှုအသုံးအဆောင်ပစ္စည်းတွေမရှိဘဲ သူတို့က ချပ်ဝတ်တွေကိုသာ အားကိုးရင် သူတို့က အလွယ်တကူဒဏ်ရာရသွားပါလိမ့်မယ်။ အထက်တန်းသူတော်စင်အရှင်တစ်ယောက်က တစ်ကွက်တည်းနဲ့ သေသွားနိုင်တယ်။
ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ဆိုရင် သွေးဆာသူတော်စင်အရှင်ရဲ့တိုက်ခိုက်မှုက ဘယ်လောက်ပဲအားကောင်းနေပါစေ၊ အဲဒါက အကာအကွယ်ကိုသာ အားနည်းစေပါလိမ့်မယ်။
ဒါပေမယ့် ညနတ်ဆိုးအဖွဲ့ဝင်အားလုံးက အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုကို မပိုင်ဆိုင်ကြပါဘူး။
တကယ်တော့ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသိန်းကျော်ကျသင့်တာလေ။
ဝင်္ကပါပြင်ဆက်ချက်ကို ပြုလုပ်ပြီးပါပြီ။ ခုခံမှုအသုံးအဆောင်ပစ္စည်းမရှိသူတွေကိုတော့ အတွင်းမှာ ကာကွယ်ထားတယ်။
"ပင်လယ်လိပ်ခွံအစီအရင်၊ မြင့်တက်စမ်း......"
ပင်လယ်လိပ်ခွံသူတော်စင်အရှင်က အထက်တန်းသူတော်စင်အရှင်ခုနှစ်ယောက်ထဲကတစ်ယောက်ပါပဲ။ ပင်လယ်လိပ်ခွံအစီအရင်က သူ့လက်ထဲမှာ ထွက်ပေါ်လာပြီး သူက ကောင်းကင်ထဲသို့ ပစ်မြှောက်လိုက်တယ်။ ဖောက်တွင်းဝင်နိုင်တဲ့လိပ်ခွံအစီအရင်တစ်ခုက လူတိုင်းကို ဝန်းရံသွားတယ်။
"သူက အစီအရင်တာအိုသူတော်စင်အရှင်တစ်ယောက်ဖြစ်နေတာ အကြောင်းပြချက်တစ်ခုရှိတယ်။ အထွတ်အထိပ်အစီအရင်ချပ်ပြားကို သူကိုယ်တိုင်ပဲ သန့်စင်ထားတာဖြစ်ရမယ်" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
ပင်လယ်လိပ်ခွံသူတော်စင်အရှင်က အစီအရင်တာအိုသူတော်စင်အရှင်တစ်ယောက်ဖြစ်ပြီး သူတော်စင်အရှင်အဆင့်အစီအရင်လို့ခေါ်တဲ့ထိပ်တန်းအဆင့်အထွတ်အထိပ်အစီအရင်တွေကို ဆင်နိုင်တာကို လီဖူချန်းက သိထားပြီဖြစ်တယ်။ လီဖူချန်းက ပင်လယ်လိပ်ခွံသူတော်စင်အရှင်အား သူတော်စင်အရှင်အဆင့်အစီအရင်အနည်းငယ်ကိုတပ်ဆင်ရာမှာအကူအညီအချို့မေးမြန်းဖို့နဲ့သူပြန်တဲ့အခါဖိတ်ခေါ်ဖို့ စီစဉ်ထားတယ်။
တိုက်ပွဲစကတည်းက သွေးဆာသူတော်စင်အရှင်ရဲ့အမူအရာက မပြောင်းသွားပါဘူး၊ ပင်လယ်လိပ်ခွံသူတော်စင်အရှင် ပင်လယ်လိပ်ခွံအစီအရင်ချပ်ပြားကို အသုံးပြုတဲ့အခါမှသာ အနည်းငယ်ပြောင်းလဲသွားတယ်။
အစီအရင်ဘုတ်ပြားတွေက အသုံးအဆောင်ပစ္စည်းတွေနဲ့နှိုင်းယှဉ်ရင် ရင်ဆိုင်ရပိုခက်ခဲတယ်။ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုက တိုက်ခိုက်မှုဆယ်ခုကို ခုခံနိုင်ပေမယ့် အစီအရင်ချပ်ပြားတစ်ခုက တိုက်ခိုက်မှုတစ်ရာကို ခုခံနိုင်တယ်။
ဒါပေမယ့် နှိုင်းယှဉ်ရင် အစီအရင်ချပ်ပြားက အဆုံးအဆောင်ပစ္စည်းတွေထက် အဆများစွာပိုဈေးကြီးတယ်။
အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အစီအရင်ချပ်ပြားတစ်ခုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁မီလီယံကျသင့်ပါလိမ့်မယ်။ ပင်လယ်လိပ်ခွံသူတော်စင်အရှင်က သူကိုယ်တိုင်သန့်စင်ထားတာမဟုတ်ရင် ဘယ်တော့မှ အဲဒါကို ဝယ်ဖို့တတ်နိုင်မှာမဟုတ်ဘူး။
"သွေးဆာသူတော်စင်အရှင်၊ မင်းက တိုက်ခိုက်ချင်နေရင်လည်း ငါတို့ညနတ်ဆိုးအဖွဲ့က မင်းနဲ့ အဆုံးထိကစားပေးရမှာပေါ့" ညနတ်ဆိုးသူတော်စင်အရှင်က အဆောင်တစ်ခုကို ထုတ်ယူကာ တင်းမာစွာပြောလိုက်တယ်။
ညနတ်ဆိုးအဖွဲ့မှာ သာမန်လူတစ်ယောက်မှ မရှိပါဘူး။ အထက်တန်းသူတော်စင်အရှင်ခုနှစ်ယောက်က အားနည်းနိုင်ပေမယ့် သူတို့တစ်ယောက်ချင်းစီက သူတို့ရဲ့ကိုယ်ပိုင်အနှိုင်းမဲ့ကျွမ်းကျင်မှုတွေရှိတယ်။
ဥပမာကောင်းတစ်ခုကတော့ အစီအရင်တာအိုသူတော်စင်အရှင်တစ်ယောက်ဖြစ်တဲ့ပင်လယ်လိပ်ခွံသူတော်စင်အရှင်ပါပဲ။ သူက အဖွဲ့ထဲရှိဘယ်သူထက်မဆို ပိုအသုံးဝင်တဲ့အချိန်တွေ ရှိတယ်။
အခေါင်းအရိပ်သူတော်စင်အရှင်က ဟင်းလင်းပြင်တာအိုသူတော်စင်အရှင်တစ်ယောက်ဖြစ်ပြီး လျှော့တွက်လို့မရပါဘူး။
မီးခိုးရောင်ကျောက်တုံးသူတော်စင်အရှင်က ကျောက်တုံးမျိုးနွယ်သူတော်စင်အရှင်တစ်ယောက်ဖြစ်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အားနည်းချက်တစ်ခုမှ မရှိဘူး၊
ငှက်မွေးစိတ်ဝိညာဥ်သူတော်စင်အရှင်က ငှက်မွေးမျိုးနွယ်သူတော်စင်အရှင်တစ်ယောက်ပါပဲ။ သူက တောင်ပံတွေ ဆန့်ထုတ်လိုက်တာနဲ့ သူ့မြန်နှုန်းက အံ့အားသင့်ဖွယ်အဆင့်ကို ရောက်ရှိလာလိမ့်မယ်။ စောစောက သွေးဆာသူတော်စင်အရှင်က သတိမပေးဘဲ တိုက်ခိုက်ခဲ့တယ်၊ ဒါကြောင့် ငှက်မွေးစိတ်ဝိညာဥ်သူတော်စင်အရှင်က အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘူး။ သို့မဟုတ်ရင် သူက ရှောင်တိမ်နိုင်တာကြာပြီ၊ လီဖူချန်းကတောင် သူ့ကို ကယ်ဖို့မလိုပါဘူး။
အတိုချုပ်ပြောရရင် ညနတ်ဆိုးအဖွဲ့ဝင်တွေက အားနည်းပေမယ့် အနှိုင်းမဲ့ကျွမ်းကျင်မှုတွေ ရှိတယ်။ အနှိုင်းမဲ့ကျွမ်းကျင်မှုမရှိသူတွေက အံ့မခန်းခွန်အားရှိတယ်။ သူက ညနတ်ဆိုးအဖွဲ့ကို အလွယ်တကူရိုက်ချနိုင်မယ်လို့ သွေးဆာသူတော်စင်အရှင်က တွေးနေရင် သူက လုံးဝမှားယွင်းပေလိမ့်မယ်။
သွေးဆာသူတော်စင်အရှင်က ညနတ်ဆိုးသူတော်စင်အရှင်ကို ဂရုမစိုက်ပါဘူး။ သူက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်"ငါ့ရဲ့လက်သည်းတိုက်ခိုက်မှုကို လက်ခံပြီးတောင်မှ အနာတရမဖြစ်ဘူးဆိုတော့ မင်းက အရေးပါဆုံးသူပဲဖြစ်ရမယ်"
စောစောက သူ့ရဲ့လက်သည်းတိုက်ခိုက်မှုက ကမန်းကတန်းနိုင်ခဲ့ကာ ခွန်အားတစ်စိတ်တစ်ပိုင်းသာ ပါဝင်ခဲ့တယ်၊ ဒါပေမယ့် အဲဒါကို သာမန်အထွတ်အထိပ်သူတော်စင်အရှင်တွေက မတားဆီးနိုင်ပါဘူး။ ညနတ်ဆိုးသူတော်စင်အရှင်က ထိုတိုက်ခိုက်မှုကို လက်ခံခဲ့ရင် သူက ဒဏ်ရာအချို့ရရှိသွားရလိမ့်မယ်။
သူတို့ရဲ့အဆင့်မှာ ဒဏ်ရာတွေက အသက်စွမ်းအားဆုံးရှုံးခြင်းကိုသာ ဆိုလိုတယ်၊ သူတို့က ဒဏ်ရာမရရင် စွမ်းအင်အချို့သာ ဆုံးရှုံးပါလိမ့်မယ်။
"သွေးဆာသူတော်စင်အရှင်၊ မင်း ဒီနေရာမှာရပ်တာ ပိုကောင်းမယ်။ ငါရှိနေသမျှကာလပတ်လုံး မင်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
သွေးဆာသူတော်စင်အရှင်က အလွန်အားကောင်းတယ်။ ကောင်းကင်ဆက်ဓားကို ကိုင်ဆွဲရင် သူက သွေးဆာသူတော်စင်အရှင်နဲ့ညီညီမျှမျှယှဥ်ပြိုင်နိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။ ဒါပေမယ့် ဒီနေရာမှာ သူတစ်ယောက်တည်းမဟုတ်ပါဘူး၊ ဒါကြောင့် သူက ကောင်းကင်ဆက်ဓားကို ဆွဲထုတ်စရာတောင်မလိုဘဲ သွေးဆာသူတော်စင်အရှင်ကို ဖိနှိပ်ဖို့ ယုံကြည်ချက်ရှိတယ်။
"ဂါး၊ ငါ မင်းကို တကယ်သတ်ချင်လာတယ်" သွေးဆာသူတော်စင်အရှင်က ပြုံးလိုက်တယ်၊ ဒါပေမယ့် ဒီအပြုံးက ညနတ်ဆိုးအဖွဲ့ရဲ့မျက်လုံးထဲမှာ အတော်လေးကြောက်စရာကောင်းတယ်။
"သွေးဆာသူတော်စင်အရှင်၊ ငါမပါဘဲနဲ့ မင်းတစ်ယောက်တည်း ညနတ်ဆိုးအဖွဲ့ကို မဖြိုဖျက်နိုင်ဘူးလို့ ငါ မပြောခဲ့ဘူးလား"
စကြာဝဠာမြို့တစ်မြို့အနေနဲ့ ရှေးကျောက်တုံးမြို့မှာ ကြယ်များစွာက လှည့်ပတ်နေတယ်။ ကြယ်တွေထဲမှတစ်လုံးက ဧရာမကြီးမားပြီး ချစ်ချစ်တောက်ပူတဲ့ကြယ်တစ်လုံးဖြစ်တယ်။ အခု ချစ်ချစ်တောက်ပူတဲ့ကြယ်က အနောက်ဘက်ကို ရွေ့လျားလာပြီး ကြယ်တစ်ဝက်ကို မျှော်စင်တစ်ခုက တားဆီးထားတယ်။
ရုတ်တရက် ကောင်းကင်က မည်းမှောင်သွားတယ်။ မျှော်စင်ရဲ့ထိပ်မှာ အနက်ရောင်ပုံရိပ်တစ်ခုရှိပြီး ပုံရိပ်ထွက်ပေါ်လာတဲ့အခါ မိုးကြိုးသံတစ်ခုက မြည်ဟည်းလာတယ်။
လူတိုင်းက သူတို့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။
"မိုးကြိုးတိုင်ယန်သူတော်စင်အရှင်လား...."
နောက်ဆုံးမှာတော့ လူတိုင်းက အမှောင်ပုံရိပ်ရဲ့အသွင်အပြင်ကို မြင်လိုက်ရတယ်။
အမွေးထူတဲ့သူတော်စင်အရှင်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်နဲ့ အသွင်အပြင်တူတယ်။ ဒါပေမယ့် ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်နဲ့နှိုင်းယှဉ်ရင် ဒီသူတော်စင်အရှင်မှာ ရှေးဦးဖရိုဖရဲရှိမိုးကြိုးမုန်တိုင်းတစ်ခုနဲ့တူတဲ့ချီတည်ရှိမှုတစ်ခုရှိတယ်။
မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၆ဖြစ်တယ်။
ဖြောက်........
မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က သွေးဆာသူတော်စင်အရှင်ရဲ့အနီးနားမှာ ထွက်ပေါ်လာတယ်။
ဖြာထွက်အလင်းတွေက မျှော်စင်ရဲ့ထိပ်မှ အလင်းရောင်ပေးလာတယ်။
"မိုးကြိုးတိုင်ယန်သူတော်စင်အရှင်၊ မင်းက ဒီလောက်အမြန်ရောက်လာလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး" သွေးဆာသူတော်စင်အရှင်က ညနတ်ဆိုးအဖွဲ့ကို ပစ်မှတ်ထားတဲ့တစ်ယောက်တည်းသောသူမဟုတ်ပါဘူး။ အစက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က လှုပ်ရှားချင်ပေမယ့် သွေးဆာသူတော်စင်အရှင်က သူ့ကို တားဆီးခဲ့တယ်။ လမ်းတစ်လျှောက်မှာ သွေးဆာသူတော်စင်အရှင်က နောက်ယောင်ခံလိုက်ဖို့တာဝန်ရှိပြီး သူက ပုန်းကွယ်ရာမှာမတော်တာကြောင့် မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က နောက်ချန်လိုက်လာခဲ့တယ်။ သွေးဆာသူတော်စင်အရှင် သူ့ကို အကြောင်းကြားချင်းချင်း သူက အပြေးလာခဲ့တယ်။
"ငါ အနီးနားမှာပဲ ရှိနေတာ။ အချိန်ဖြန်းမနေနဲ့ လုပ်စရာရှိတာအမြန်လုပ်ကြရအောင်" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ပြတ်သားတဲ့လေသံနဲ့ ပြောလိုက်တယ်။
"ဒါ မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ပဲ" ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က ကြက်သေသေသွားတယ်။
မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်လို မိုးကြိုးခေါ်မျိုးနွယ်မှ ဖြစ်တယ်။
သူတို့မျိုးနွယ်က မိုးကြိုးတာအိုသွေးမျိုးဆက်နဲ့ သဘာဝအတိုင်း မွေးဖွားလာပြီး တိုက်ပွဲတွေကို အလွန်နှစ်ခြိုက်တယ်။
ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က မိုးကြိုးခေါ်မျိုးနွယ်ထဲမှာ အနည်းငယ်သာပြောင်မြောက်တဲ့သူတော်စင်အရှင်တစ်ယောက်လို့ ယူဆထားတယ်။ ဒါပေမယ့် မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို ထိပ်တန်းသူတော်စင်အရှင်အနည်းငယ်ထဲကတစ်ယောက်လို့ ယူဆလို့ရတယ်။ မိုးကြိုးတိုင်ယန်သူတော်စင်အရှင်မှာရှိတဲ့သွေးမျိုးဆက်တိုးတက်မှုနဲ့ဆိုရင် သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ သိပ်မဝေးတော့ပါဘူး။
"မိုးကြိုးတိုင်ယန်သူတော်စင်အရှင်၊ ငါတို့က မျိူးနွယ်တူတွေပဲ။ မင်း ငါ့ကို မျက်နှာသာပေးပြီး ညနတ်ဆိုးအဖွဲ့ကို မလှုပ်ရှားလို့မရဘူးလား" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ဆိုလိုက်တယ်။
မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်ကို ကြည့်ကာ သရော်လိုက်တယ်"ငါ ဘာလို့ မင်းကို မျက်နှာသာပေးရမှာလဲ။ မင်းက ထိုက်တန်လို့လား။ မင်းက မိုးကြိုးခေါ်မျိုးနွယ်ဝင်ဖြစ်တာကို ထောက်ထားပြီး ငါ မင်းကို မသတ်ဖို့ ကတိပေးနိုင်တယ်၊ ဒါပေမယ့် မင်း ငါတို့နဲ့ ပူးပေါင်းရမယ်"
"ဒါ မဖြစ်နိုင်ဘူး" ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က ခေါင်းခါလိုက်တယ်။
ကောင်းကင်ပြိုဆင်းသူတော်စင်အရှင် ညနတ်ဆိုးအဖွဲ့ကို ပူးပေါင်းတဲ့အချိန်တုန်းက သူက ညနတ်ဆိုးအဖွဲ့ကို ဘယ်တော့မှသစ္စာမဖောက်ဖို့ အဓိဌာန်ပြုထားတယ်။
"ဒါဆ်ိုလဲ သေလိုက်တော့" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို ကြီးမားတဲ့တူတစ်လက်ကို ကိုင်ဆောင်ထားတယ်။
ဝုန်း ဒုန်း .....
မရေမတွက်နိုင်တဲ့မိုးကြိုးလုံးတွေ ထွက်ပေါ်လာတယ်။ မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က အမြင့်ခုန်ကာ တူကို ရိုက်ချလိုက်ရာ မိုးကြိုးတွေက အုပ်မိုးသွားတော့တယ်။
ဝုန်း ဂျုန်း.....
ပင်လယ်လိပ်ခွံသူတော်စင်အရှင်ရဲ့ပင်လယ်လိပ်ခွံအစီအရင်ကို ကျယ်ပြန်တဲ့အတိုင်းအတာအထိ ဖြန့်ကျက်ထားတာကြောင့် အဲဒါက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့တိုက်ခိုက်မှုနဲ့ အရင်ဦးစွာ ထိတွေ့သွားရတယ်။
မရေမတွက်နိုင်လောက်တဲ့အက်ကွဲသံတွေ ထွက်ပေါ်လာပြီး ပင်လယ်လိပ်ခွံအစီအရင်က မှေးမှိန်သွားတော့တယ်။ နောက်ထပ်တိုက်ခိုက်မှုအနည်းငယ်အတွင်း အဲဒါက ပျက်ဆီးသွားလောက်ပါပြီ။
"ဒီလိုအားကောင်းတဲ့တိုက်ခိုက်မှု" ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ထိတ်လန့်သွားတယ်။
သူ့ရဲ့ပင်လယ်လိပ်ခွံအစီအရင်ကို နှစ်သိန်းပေါင်းများစွာသန့်စင်ထားခဲ့ပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀၀၀၀၀ထိုက်တန်တဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်။ မယုံနိုင်လောက်တဲ့အထွတ်အထိပ်သူတော်စင်အရှင်တွေက တိုက်ခိုက်မှု၁၀၀လိုအပ်တယ်။ တူရိုက်ချက်တစ်ချက်တည်းနဲ့ ပင်လယ်လိပ်ခွံအစီအရင်ရဲ့စွမ်းအားကို ဒီလောက်ထိလျော့ကျသွားစေမယ်လို့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ပါဘူး။