← Chapters

အမှောင်ကမ္ဘာ

Vol. 66 Ch. 906

အမှောင်ကမ္ဘာ

Vol. 66 Ch. 906

"ထာဝရညရပ်တန့်ခြင်း......."

ညနတ်ဆိုးသူတော်စင်အရှင်က သူ့ရဲ့နှလုံးသားထဲမှာ မီးတောက်တစ်ခုရှိနေတယ်။

သူက အချိန်သဲမြို့သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၁၇ဖြစ်ပေမယ့် လူတိုင်းက သူ့ကို အလွယ်တကူအနိုင်ယူရသလို ဆက်ဆံခဲ့ကြတယ်။

သူ၊ ညနတ်ဆိုးသူတော်စင်အရှင်က ဘာစွမ်းပကားမှ မရှိတဲ့ကောင်လား။

ဒေါသပေါက်ကွဲထွက်လာတာနဲ့အတူ ညနတ်ဆိုးသူတော်စင်အရှင်က မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို ရပ်တန့်စေလိုက်တယ်။

"စွမ်းအားခုတ်ချက်ကြယ်မြစ်......"

ကျောက်ပုဆိန်သူတော်စင်အရှင်ရဲ့သတ်ဖြတ်ကွက်က လီဖူချန်းနဲ့ညနတ်ဆိုးသူတော်စင်အရှင်ထက် နိမ့်ကျရုံမျှသာဖြစ်တယ်။ မိုးကြိုးတိုင်ယန်သူတော်စင်အရှင် မထွက်ပေါ်လာခင် ကျောက်ပုဆိန်သူတော်စင်အရှင်က စွမ်းအားကို စုစည်းနေတယ်၊ ဒါကြောင့် သူက သူ့ရဲ့သတ်ဖြတ်ကွက်ကို သင့်လျော်တဲ့အချိန်မှာ အသုံးပြုနိုင်ခဲ့တယ်။

ပုဆိန်အလင်းတစ်ခုလက်သွားပြီး ကျောက်ပုဆိန်သူတော်စင်အရှင်ရဲ့ပုဆိန်က မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို လွင့်ထွက်သွားစေတယ်။

တစ်ချိန်တည်းမှာ ကူးလီရှာရဲ့အဝါရင့်ရောင်ဆူးကလည်း မိုးကြိုးတိုင်ယန်သူတော်စင်အရှင်အပေါ် တိုးဝင်လာတယ်။

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က လွင့်ထွက်နေစဉ်မှာ သူက ရပ်တန့်တဲ့အခြေအနေမှ ရုန်းထွက်နိုင်ခဲ့တယ်။ သူက သူ့ထံဝင်လာတဲ့တိုက်ခိုက်မှုဒါဇင်ကျော်ကို ဖျက်ဆီးဖို့ တူကို ဝှေ့ယမ်းလိုက်တယ်။

လီဖူချန်းအတွက်ကတော့ သူက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို မတိုက်ခိုက်ခဲ့ပါဘူး၊ သူက သွေးဆာသူတော်စင်အရှင်ကို ပိတ်ဆို့ထားလိုက်တယ်။

သွေးဆာသူ‌တော်စင်အရှင်က မြန်လွန်းတယ်။ လီဖူချန်းနဲ့ညနတ်ဆိုးသူတော်စင်အရှင်ကလွဲပြီး တစ်ယောက်ကမှ သူနဲ့ ရင်ဆိုင်နိုင်စွမ်းမရှိပါဘူး။

"မင်းတို့ ငါ့ကို မခုခံနိုင်ပါဘူး"

သွေးဆာသူ‌တော်စင်အရှင်ရဲ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး အနက်ရောင်မီးခိုးတွေက လီဖူချန်းကို ဝန်းရံသွားတယ်။ အနက်ရောင်မီးခိုးအတွင်းမှာ လက်သည်းတိုက်ခိုက်မှုတွေက အချိန်နဲ့အမျှ ဖြစ်တည်လာတယ်။

ဖြောက်......

လီဖူချန်းက အချိန်မီတုံ့ပြန်နိုင်တာတောင်မှ သူ့အနေနဲ့ တိုက်ခိုက်မှုအားလုံးကို တားဆီးဖို့က မဖြစ်နိုင်ပါဘူး။ သူ့ရဲ့နောက်ကျောက လက်သည်းတိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရတယ်။

ဒီလက်သည်းက လီဖူချန်းရဲ့အသားကို ဆုတ်ဖြဲခဲ့ပေမယ့် ဒီလောက်မျှသာပါပဲ။

"သူ့ခန္ဓာကိုယ်က မာကျောကြမ်းတမ်းလွန်းတယ်....." သွေးဆာသူတော်စင်အရှင်က မယုံကြည်နိုင်ဖြစ်နေတယ်။

လီဖူချန်းက ပြဿနာမရှိပါဘူး။ သူ့ရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်က အလွန်အမင်းမာကျောတယ်။ သူတော်စင်အရှင်တစ်ယောက်က သူ့ကို အနည်းငယ်သာ ဒဏ်ရာရစေနိုင်တယ်။ သူတော်စင်အရှင်တွေမှ ပြင်းထန်တဲ့ဒဏ်ရာတွေကို ရရှိဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း" လီဖူချန်းက အခွင့်အရေးကို ဆုပ်ကိုင်ပြီး သွေးဆာသူတော်စင်အပေါ် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို အသုံးပြုလိုက်တယ်။

ခွမ်း.....

သွေးဆာသူတော်စင်က ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ဆုတ်ဖြဲနိုင်ခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။

"မင်း ဒါကို ဘယ်လိုတားမလဲ ငါ ကြည့်မယ်"

သွေးဆာသူတော်စင်အရှင်ရဲ့လက်တွေက သွေးရောင်ဆိုးသွားပြီး သူက လီဖူချန်းကို ထပ်မံခုတ်ပိုင်းလိုက်တယ်။

ဒီလက်သည်းက သွေးဆာလက်သည်းဖြစ်ပြီး သွေးဆာဥပဒေသပါဝင်တယ်။ အဲဒါက အသားဒါမှမဟုတ်အသက်ရဲ့အစိတ်အပိုင်းတစ်ခုခုနဲ့ ထိတွေ့မိတာနဲ့ ပစ်မှတ်က အသားနဲ့ပြုလုပ်ထားခြင်းမရှိရင် အသက်စွမ်းအားကို အရူးအမူးစုပ်ယူသွားပါလိမ့်မယ်။

"အမ်......"

သူက သံမဏိတုံးတစ်တုံးကို ကုတ်မိသလို သွေးဆာသူတော်စင်အရှင်က ခံစားရပြီး ကြောက်စရာကောင်းတဲ့အားတစ်ခုက သူ့ကို တားဆီးနေတယ်။ အဲဒါက သူ့ရဲ့သွေးဆာဥပဒေသကို လီဖူချန်းရဲ့ချီသွေးနဲ့ ထိတွေ့ခင်မပြုပါဘူး။

"ထွက်သွားစမ်း"

ဓားအလင်းပေါက်ကွဲထွက်လာပြီး ဓားအမှတ်အသားတွေက သွေးဆာသူတော်စင်အရှင်ပတ်ပတ်လည်ကို ပျံ့နှံ့သွားတယ်။

ဖောက် ဖောက်.....

သွေးဆာသူတော်စင်အရှင်က ဒဏ်ရာရသွားတယ်၊ သူ့ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာများစွာ ထွက်ပေါ်လာတယ်။ အကြောင်းရင်းကတော့ လီဖူချန်းရဲ့ဓားအရှိန်က မြန်လွန်းပြီး သွေးဆာသူတော်စင်အရှင်က အချိန်မီမရှောင်တိမ်းနိုင်ခဲ့ဘူး။

သွေးဆာသူတော်စင်အရှင်ရဲ့ခံစစ်က ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ဒါမှမဟုတ်မိုးကြိုးတိုင်ယန်သူတော်စင်အရှင်တို့လောက် မခိုင်မာပါဘူး။

"ထာဝရညနယ်နိမိတ်......"

ကောင်းကင်က ရုတ်တရက်‌မှောင်မည်းသွားပေမယ့် ထူးဆန်းတာကတော့ လီဖူချန်းက သွေးဆာသူတော်စင်အရှင်ကို မြင်နိုင်နေသေးပါတယ်။

ဒါက ညနတ်ဆိုးသူတော်စင်အရှင်ရဲ့ထာဝရညနယ်နိမိတ်ဆိုတာကို လီဖူချန်းက သိလိုက်တယ်။

ထာဝရညနယ်နိမိတ်က အလွန်အမင်းပြောင်မြောက်တယ်။ နယ်နိမိတ်လိုထင်ရပေမယ့် အဲဒါက တကယ်တော့ အစစ်အမှန်ကမ္ဘာတစ်ခုနဲ့ခြားနားခြင်းမရှိပါဘူး။ ထာဝရညနယ်နိမိတ်ထဲမှာပိတ်မိနေတဲ့မည်သူမဆို ကင်းထောက်နိုင်တဲ့စွမ်းရည်ကို ဆုံးရှုံးကာ ကန့်သတ်ခံထားရလိမ့်မယ်။

ဖောက် ဖောက် ဖောက် ဖောက်.....

ဒီလိုရှားပါးတဲ့အခွင့်အရေးနဲ့အတူ လီဖူချန်းက ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓားကို ဖော်ထုတ်ခဲ့တယ်။ အဲဒါက ‌သွေးဆာသူတော်စင်အရှင်ကို အဆုံးမဲ့ဓားဒဏ်ရာတွေ ဖြစ်ပေါ်စေပြီး ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုကို အသုံးပြုဖို့ သွေးဆာသူတော်စင်အရှင်ကို ဖိအားပေးခဲ့တယ်။

အချက်အလက်အရ သွေးဆာသူတော်စင်အရှင်က အသုံးအဆောင်ပစ္စည်းကို မသုံးခဲ့ရင်တောင် လီဖူချန်းက သူ့ကို မရင်ဆိုင်နိုင်ပါဘူး။ လီဖူချန်းက အသက်စွမ်းအားအရိပ်အယောင်တစ်ခုကိုသာ ကုန်ဆုံးစေလိမ့်မယ်။

ဒါပေမယ့် တစ်ယောက်ယောက်သူ့ကိုဒဏ်ရာရစေတာကို သွေးဆာသူတော်စင်အရှင်က လက်မခံနိုင်ပါဘူး။

ချပ်ဝတ်တွေဝတ်ဆင်ထားနိုင်တဲ့အခြားသူတွေကို သူ အားကျတဲ့အကြိမ်တွေရှိတယ်။

သူက ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်ချပ်ဝတ်ကို ဝတ်ဆင်ထားရင် လီဖူချန်းရဲ့တိုက်ခိုက်မှုက ဘယ်လောက်ပဲအားကောင်းနေပါစေ၊ တိုက်ခိုက်မှုအားအပိုင်းအစတစ်ခုကသာ သူ့ဆီရောက်ရှိလာနိုင်ပြီး သူ့ကို ဒဏ်ရာရစေနိုင်လိမ့်မှာမဟုတ်ပါဘူး။

ဒါပေမယ့် သူက ချပ်ဝတ်ကို ဝတ်ဆင်နိုင်တယ်၊ သို့ပေမယ့် ချပ်ဝတ်တစ်ခုခုကို ဝတ်ဆင်ထားရင် သူက သူ့စွမ်းရည်အားလုံးကို အသုံးပြုနိုင်လိမ့်မှာမဟုတ်ပါဘူး။

ဥပမာကောင်းတစ်ခုကတော့ မရေမတွက်နိုင်တဲ့လင်းနို့တွေအဖြစ်သို့ပြောင်းလဲတဲ့သူ့စွမ်းရည်ပါပဲ။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားရင် သူ့အနေနဲ့ ချပ်ဝတ်ကို ဒီလိုအပိုင်းအစငယ်လေးတွေဖြစ်အောင် မလျှော့ချနိုင်လောက်တော့ပါဘူး။

"ညနတ်ဆိုးသူ‌တော်စင်အရှင်၊ မင်းမှာပဲ နယ်နိမိတ်ရှိတယ်လို့ ထင်နေတာလား"

သွေးဆာသူတော်စင်အရှင်က ကောင်းကင်သို့ တက်သွားပြီး ဧရာမလင်းနို့တောင်ပံတစ်စုံက သူ့နောက်ကျေမှ ဆန့်ထွက်လာတယ်။

လင်းနို့တောင်ပံတွေက ကောင်းကင်ကို ဖုံးအုပ်နိုင်တဲ့အထိ ကြီးမားတယ်။

"အမှောင်ကမ္ဘာ"

အမှောင်အမိုးတစ်ခုက သွေးဆာသူတော်စင်အရှင်မှ ကြီးမားလာပြီး ထာဝရညနယ်နိမိတ်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။ နှစ်ခုလုံးက ဒီကမ္ဘာကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်။

သွေးမျိုးနွယ်သူတော်စင်အရှင်တစ်ယောက်အနေနဲ့ သွေးဆာသူတော်စင်အရှင်က သွေးဆာတာအိုမှာ ကျွမ်းကျင်ရုံသာမက အမှောင်တာအိုလည်း ကျွမ်းကျင်တယ်။ လင်းနို့တွေအဖြစ်ပြောင်းနိုင်တဲ့သူ့ရဲ့စွမ်းရည်က အမှောင်တာအိုစွမ်းရည်တွေထဲကတစ်ခုဖြစ်တယ်။

"ဒါက ဝမ့်ဟေးလုံရဲ့အမှောင်နတ်စွမ်းရည်နဲ့ ဆင်တူတယ်" လီဖူချန်းက ဝေ့ကြည့်လိုက်တယ်။

ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးရဲ့တောင်တောအုပ်သိုင်းတက္ကသိုလ်မှာ လီဖူချန်းက ဝမ့်ဟေးလုံနဲ့ တိုက်ခိုက်ခဲ့တယ်။ သူ့မှာ အမှောင်အရိုးတည်ဆောက်ပုံရှိပြီး အမှောင်နတ်စွမ်းရည်ဖြစ်တဲ့အမှောင်ကောင်းကင်အမိုးကို အသုံးပြုနိုင်တယ်။

ဒါပေမယ့် ဝမ့်ဟေးလုံရဲ့အမှောင်ကောင်းကင်အမိုးက သွေးဆာသူတော်စင်အရှင်ရဲ့အမှောင်ကမ္ဘာထက် အဆသန်းပေါင်းများစွာ ပိုအားနည်းတယ်။ အမှောင်ကမ္ဘာမှာ အမှောင်အရင်းအမြစ်ရှိပြီးသားဖြစ်ပြီး အမှောင်ကောင်းကင်အမိုးမှာ အမှောင်စွမ်းအားမှထုတ်လွှတ်တဲ့စက်ကွင်းတစ်ခုမျှသာ ရှိတယ်။

နယ်နိမိတ်နှစ်ခုထိပ်တိုက်တွေ့တဲ့အခါ အာကာသ-အချိန်နဲ့သူတို့ရဲ့အာရုံခံစားမှုတွေ တွန့်လိမ်သွားတာကို အားလုံးက ခံစားမိတယ်။

"ဒီလိုအားကောင်းတဲ့နယ်နိမိတ်" ညနတ်ဆိုးသူတော်စင်အရှင်ရဲ့အမူအရာက ပြောင်းသွားတယ်။

သူ့ရဲ့ထာဝရညနယ်နိမိတ်မှာ အရိပ်တာအိုပါဝင်ပြီး နှစ်သောင်းများစွာကြာ ရှုံးနိမ့်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက ယုံကြည်ချက်ရှိမနေပါဘူး။

"ညနတ်ဆိုးသူတော်စင်အရှင်၊ မင်းက ငါနဲ့အဆင့်မတူဘူး။ မြန်မြန်အရှုံးပေးလိုက်တော့"

သွေးဆာသူတော်စင်အရှင်ရဲ့တောင်ပံတွေက တဖျပ်ဖျပ်ခတ်နေပြီး ကြောက်စရာအမှောင်စွမ်းအားက လှိုင်းအသွင်လှုပ်ရှားလာတယ်။

ဖြောက်.....

ဟင်းလင်းပြင်မှာ အနက်ရောင်အက်‌ကြောင်းတွေ ဖြစ်လာပြီး ညနတ်ဆိုးသူတော်စင်အရှင်ရဲ့ထာဝရညနယ်နိမိတ်က နောက်ဆုံးတော့ ကြေမွသွားတယ်။

သွားဆာသူတော်စင်အရှင်နဲ့နှိုင်းယှဉ်ရင် ညနတ်ဆိုးသူတော်စင်အရှင်က ခွန်အားဖြစ်စေ၊ နယ်နိမိတ်ဖြစ်စေ လုံးဝနိမ့်ကျတယ်။

ထာဝရညနယ်နိမိတ်ကြေမွပျက်ဆီးသွားတာနဲ့ အမှောင်ကမ္ဘာစွမ်းအားက ကမ္ဘာကို ဖုံးလွှမ်းလာတယ်။ ညနတ်ဆိုးအဖွဲ့ဝင်အားလုံးက ဘာကိုမမြင်နိုင်တော့ပါဘူး၊ ဘာကိုမှ အာရုံမခံနိုင်တော့ပါဘူး။ သူတို့ရဲ့ခွန်အားကတောင် အကြီးအကျယ်ဖိနှိပ်ခံထားရတယ်။

ဂီဂီ.....

ကျွိကျွိကျွိ.......

အဆုံးမဲ့အမှောင်ထုထဲမှာ ကြောက်စရာကောင်းတဲ့အသံမျိုးစုံရှိတယ်။

သွေးဆာသူတော်စင်အရှင်ရဲ့အမှောင်ကမ္ဘာက အမှောင်သတ္တဝါတွေကို မွေးထုတ်ပေးနိုင်တယ်လို့ ပြောကြတယ်။ သူတို့က အရေအတွက်အရ အဆုံးမရှိဖြစ်ပြီး အမှောင်ကမ္ဘာတည်ရှိနေသရွေ့ သူတို့က အရေအတွက် ဘယ်တော့မှ လျော့ကျလိမ့်မှာမဟုတ်ပါဘူး။

ဝုန်း ဝုန်း ဝုန်း ဝုန်း .....

ကျယ်လောင်တဲ့ပြိုကွဲသံတွေ ဖြစ်လာတယ်။ ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ထိတ်လန့်တကြားလေသံနဲ့ ဆိုလိုက်တယ်"တစ်ခုခုက ငါ့ရဲ့ပင်လယ်လိပ်ခွံအစီအရင်ကို ဖျက်ဆီးနေပြီး"

"တောက်"

ညနတ်ဆိုးသူတော်စင်အရှင်က ရှက်ရွံ့မိတယ်။ ဒီတစ်ကြိမ်မှာ သူက လုံးဝအနိုင်ယူခံခဲ့ရတယ်။ သူက သွေးဆာသူတော်စင်အရှင်ရဲ့အမှောင်ကမ္ဘာကို ရင်ဆိုင်နိုင်ရင် ညနတ်ဆိုးအဖွဲ့က ဘေးအန္တရာယ်ဖြစ်လိမ့်မှာမဟုတ်ပါဘူး။

အသက်ကို ရှုရှိုက်ပြီးနောက် ညနတ်ဆိုးသူတော်စင်အရှင်က ထာဝရညနယ်နိမိတ်ကို ထပ်မံဖော်ထုတ်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ အဲဒါက ညနတ်ဆိုးအဖွဲ့ကိုသာ လွှမ်းခြုံခဲ့တယ်။

ဒုန်း ဂျုန်း.....

ht.

မိုးကြိုးတွေက ထာဝရညနယ်နိမိတ်အပေါ် ကျဆင်းလာနေပြီး ကြောက်စရာကောင်းတဲ့သတ္တဝါတွေက ထာဝရညနယ်နိမိတ်အား တိုက်ခိုက်ဖျက်ဆီးနေတယ်။

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်နဲ့အမှောင်သတ္တဝါတွေ တိုက်ခိုက်နေမှန်း သိသာပါတယ်။

အချိန်ကုန်ဆုံးလာတာနဲ့အမျှ ညနတ်ဆိုးသူတော်စင်အရှင်ရဲ့အသားအရောင်က ဖြူဖျော့လာတော့တယ်။

"ညနတ်ဆိုးသူတော်စင်အရှင်၊ အညံ့ခံလိုက်တော့။ မင်းတို့အဖွဲ့က ငါတို့ကို မယှဉ်နိုင်ဘူး" ‌သွေးဆာသူတော်စင်အရှင်ရဲ့အသံက ဦးတည်ဘက်တိုင်းမှ ထွက်လာနေတယ်။

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့အကူအညီမရှိရင်တောင် သူ့ရဲ့အမှောင်ကမ္ဘာက ညနတ်ဆိုးအဖွဲ့ကို ဖြည်းဖြည်းချင်း ညှင်းပန်းနှိမ့်စက်သတ်ဖြတ်နိုင်မယ်လို့ သွေးဆာသူတော်စင်အရှင်က ယုံကြည်ချက်ရှိတယ်။

"ကြည့်ရတာ ငါက ကောင်းကင်ဆက်ဓားကို မလွဲမသွေထုတ်ဖော်ရမယ့်ပုံပဲ" လီဖူချန်းက သက်ပြင်းချလိုက်တယ်။

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက အမှောင်ကမ္ဘာကို လစ်လျူရှုနိုင်တယ်၊ အချက်အလက်အရ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက အရာအားလုံးကို အာရုံခံနိုင်သေးတယ်။ တကယ်တော့ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ကောင်းကင်ဘုံအရှင်အဆင့်ကို ရောက်ရှိနေပြီးသားလေ။

ဒါပေမယ့် အာရုံခံနိုင်တာက ကိစ္စတစ်ခုပါ၊ အမှောင်ကမ္ဘာက သူ့ကို ဖိနှိပ်နိုင်နေတုန်းပါပဲ။ ကောင်းကင်ဆက်ဓားမသုံးရင် လီဖူချန်းရဲ့ခွန်အားအားက သာမန်အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကိုသာ ဖိနှိပ်နိုင်တယ်။

လက်ရှိအချိန်မှာသာ ကောင်းကင်ဆက်ဓားကသာ ဒီအခြေအနေကို ချိုးဖြတ်နိုင်ဖို့ ကူညီပေးပါ့လိမ့်မယ်။

All Chapters