← Chapters

အမှောင်ကမ္ဘာလက်သည်း

Vol. 66 Ch. 907

အမှောင်ကမ္ဘာလက်သည်း

Vol. 66 Ch. 907

ဂျိုင်း.....

ကောင်းကင်ဆက်ဓားကို ဆွဲထုတ်ပြီးနောက် လီဖူချန်းက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို ခုတ်ပိုင်းလိုက်တယ်။

"ဒီလိုအားကောင်းတဲ့ဓားချီ" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကညမျက်ခုံးတွန့်သွားတယ်၊ သူ့ရဲ့တူနဲ့ ဓားချီကို ရင်ဆိုင်လိုက်တယ်။

အုန်း......အုန်း.....

ကြောက်စရာကောင်းတဲ့ချီလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က လွင့်ထွက်သွားရတယ်။

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ဖိနှိပ်နိုင်တဲ့တိုက်ခိုက်ရေးစွမ်းအားကြောင့် လူသိများတယ်၊ ဒါပေမယ့် သူက အံ့အားသင့်လျက်ကျန်နေတယ်။

ဒါက ထိပ်တိုက်ရင်ဆိုင်ရာမှာ သူ လွင့်ထွက်သွားတဲ့ပထမဆုံးအကြိမ်ပါပဲ။

"အဆုံးစွန်းအဆင့်လက်နက်...." ပြီးနောက် မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က တစ်ခုခုကို ချက်ချင်းတွေးလိုက်မိပြီး သူ့အသက်ရှုသံတွေက မြန်ဆန်လာတယ်။

သူ့လက်ထဲရှိတူက ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်တစ်ခုဖြစ်ပြီး သာမန်အထွတ်အထိပ်လက်နက်တွေလိုမဟုတ်ပါဘူး။ အမှောင်ကမ္ဘာထဲဖိနှိပ်ခံနေရရင်တောင် သူ့ကိုလွင့်ထွက်သွားစေတာ အဆုံးစွန်းအဆင့်လက်နက်ကလွဲပြီး အခြားမရှိဘူး။ မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က အခြားဖြစ်နိုင်ခြေကို မစဉ်းစားနိုင်ပါဘူး။

"သူက အဆုံးစွန်းအဆင့်လက်နက်တစ်ခုကို တကယ်ပိုင်ဆိုင်တာလား" သွေးဆာသူ‌တော်စင်အရှင်ရဲ့အသက်ရှုသံတွေကလည်း မြန်ဆန်လာတယ်။

အခုချိန်မှာ လိီဖူချန်းက အမှောင်ကမ္ဘာထဲမှာ မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့တည်ရှိမှုကို ဘာလို့ရှာတွေ့နိုင်သလဲကို သူ ဂရုမစိုက်တော့ပါဘူး။ သူ့အတွေးတွေက 'အဆုံးစွန်းအဆင့်လက်နက်'နဲ့သာ ပြည့်နေတော့တယ်။

အဆုံးစွန်းအဆင့်လက်နက်တစ်ခုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံထိုက်တန်တယ်၊ ဒါပေမယ့် တစ်‌ယောက်မှ တန်ဖိုးအတိအကျကို မသိပါဘူး။ အဆုံးစွန်းအဆင့်လက်နက်တစ်ခုက ကောင်းကင်ဘုံအရှင်အဆင့်လေလံပွဲတွေမှာသာ ထွက်ပေါ်လာတတ်တဲ့အတွက်ကြောင့်ပါပဲ။ ယှဉ်ပြိုင်သူတွေများနေရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀မီလီယံဒါမှမဟုတ်၃၀မီလီယံက ပါးပါးလေးပါပဲ။ တကယ်တော့ ကောင်းကင်ဘုံအရှင်တွေက ဧရာမကြွယ်ဝမှုတွေ ရှိ‌နေတာလေ။

သွေးဆာသူတော်စင်အရှင်က သူတော်စင်အရှင်အဆင့်သတ်မှတ်ချက်ရဲ့အဆင့်၄ဖြစ်ပေမယ့် သူ့ရဲ့ကြွယ်ဝမှုက အခုထိ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံကို ‌မရောက်သေးပါဘူး။

"ငါ အဲဒါကို အရယူမယ်" သွေးဆာသူတော်စင်အရှင်ရဲ့မျက်လုံးတွေက ကြောက်စရာကောင်းတဲ့အလင်းတွေလက်သွားတယ်။

ဝုန်း ဝုန်း ဝုန်း.....

လီဖူချန်းရဲ့အာရုံထဲမှာ အဆုံးမဲ့အမှောင်သတ္တဝါတွေက သူ့ဆီ တစ်ဟုန်ထိုးပြေးလာနေကြပြီး ထာဝရနယ်နိမိတ်ရဲ့မျက်နှာပြင်ပေါ်ကို တိုက်ခိုက်လာကြတယ်။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း......" လီဖူချန်းက ထာဝရညနယ်နိမိတ်မှ ထွက်ကာ သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။

ခွမ်း.....

ကြောက်စရာကောင်းတဲ့ငွေရောင်ဓားပင်လယ်တစ်ခုက အမှောင်သတ္တဝါတွေကို သတ်ဖြတ်ဖို့ ပျံ့နှံ့လာတယ်။

သွေးဆာသူ‌တော်စင်အရှင်က အမှောင်ကမ္ဘာကို အမြဲတမ်းထိန်းသိမ်းနိုင်မယ်လို့ လီဖူချန်းက မယုံကြည်ပါဘူး။ သူက ဒီအမှောင်သတ္တါတွေကို သတ်ရင် အမှောင်ကမ္ဘာရဲ့စွမ်းအားက ကုန်ဆုံးသွားလိမ့်မယ်လို့ သူက သေချာတယ်။

အမှောင်ကမ္ဘာရဲ့စွမ်းအင်အစိတ်အပိုင်းတစ်ခုက ကောင်းကင်နဲ့မြေကြီးမှ လာပြီး အစိတ်အပိုင်းတစ်ခုက သွေးဆာသူတော်စင်အရှင်မှ လာတယ်။

ငွေရောင်ဓားပင်လယ်က အစစ်အမှန်ပင်လယ်သမုဒ္ဒရာပမာ အမှောင်သတ္တါအားလုံးကို ဝါးမျိုလိုက်တယ်။

အဆုံးမှာတော့ အဆုံးမဲ့အမှောင်သတ္တဝါတွေက တဖြည်းဖြည်းပိုနည်းလာတယ်။

"ဘယ်လိုတောင်မယုံနိုင်စရာကောင်းတဲ့အဆုံးစွန်းအဆင့်လက်နက်တစ်ခုလဲ" သွေးဆာသူတော်စင်အရှင်ရဲ့အမူအရာက လေးနက်သွားတယ်။

အစကတော့ အမှောင်သတ္တဝါတွေကို သတ်ခဲ့ရင်တောင် သူတို့က အမှောင်စွမ်းအင်တွေအဖြစ် ပြန့်ကျဲပြီး အမှောင်ကမ္ဘာရဲ့အရင်းအမြစ်သို့ ပြန်ရောက်လာတယ်။ သူတို့ရဲ့ပြုပြင်နိုင်စွမ်းက အလွန်မြန်ဆန်တယ်၊ ဒါကြောင့် သူတို့ကို အမှောင်ကမ္ဘာထဲမှာ အကန့်အသတ်မဲ့တည်ရှိနေတယ်လို့ ပြောလို့ရတယ်။

ဒါပေမယ့် လီဖူချန်းရဲ့ကောင်းကင်ဆက်ဓားက အားကောင်းလွန်းတယ်၊ အမှောင်သတ္တါတွေက အမှောင်စွမ်းအင်တွေအဖြစ် ပြန့်ကျဲသွားရင်တောင် သူတို့က ဓားချီနဲ့ရောနှောနေသေးတယ်။ သူတို့က ဓားချီကို အရင်ဖယ်ရှားဖို့လိုတာကြောင့် သူတို့အနေနဲ့ အမှောင်ကမ္ဘာရဲ့အရင်းအမြစ်တွေအဖြစ်ကို ပြန်ရောက်သွားဖို့က မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ဓားချီကို ဖယ်ရှားတာက စွမ်းအင်ကို ကုန်‌ဆုံးစေပါလိမ့်မယ်။

"အဖျက်အဆီးမိုးကြိုးမုန်တိုင်း....."

မရေမတွက်နိုင်တဲ့မိုးကြိုးတွေက ပေါင်းစပ်ပြီး လီဖူချန်းကို တိုက်ခိုက်လာတယ်။

လှုပ်ရှားတဲ့သူကတော့ မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကလွဲပြီး အခြားသူမဟုတ်ပါဘူး။

"အချိန်ကျပြီ၊ မူလဘူတဓား"

ဓားတစ်သောင်းကို တစ်လက်အဖြစ် ပြောင်းလဲပြီးနောက် လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။

ဝုန်း.....ဂျုန်း......

ဓားချီကြောင့် မရေမတွက်နိုင်တဲ့မိုးကြိုးတွေက ပျံ့နှံ့သွားရတော့တယ်။

“

"တောက်"

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ဒေါသထွက်သွားပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက်ကြီးလာတယ်။ ထိုဖြစ်စဉ်အတွင်း လက်နှစ်ဖက်က သူ့ရဲ့နံရိုးနှစ်ဖက်လုံးမှ ပေါ်ပေါက်လာတယ်။ ခေါင်းနှစ်လုံးကလည်း သူ့ရဲ့ဦးခေါင်းတစ်ဖက်တစ်ချက်စီမှ ထွက်လာတယ်။

ခေါင်းသုံးလုံးလက်ခြောက်ဖက်......မိုးကြိုးခေါ်မျိုးနွယ်ရဲ့အား‌အကောင်းဆုံးမွေးရာပါစွမ်းရည်တစ်ခု။

ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က ဒီနေရာမှာတော့ သိသိသာသာနိမ့်ကျတယ်၊ သူက ခေါင်းနှစ်လုံးလက်နှစ်ဖက်သာ ထုတ်ဖော်နိုင်တယ်။

‌"သေစမ်း"

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့လက်အသီးသီးက ကြီးမားတဲ့တူတစ်လက်ကို ကိုင်ထားတယ်။ သူ့ကိုကြည့်ရတာ မိုးကြိုးမုန်တိုင်းတစ်ခုနဲ့ တူပြီး လီဖူချန်းထံ ရိုက်ခတ်လာတယ်။

သာမန်လူတစ်ယောက်က တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်နိုင်တယ်။ လက်နက်နှစ်ခုကို ကိုင်ဆောင်ရာမှာကျွမ်းကျင်သူတွေကတော့ တိုက်ခိုက်မှုနှစ်ခုကို ထုတ်လုပ်နိုင်တယ်။ ဒါပေမယ့် မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က တစ်ကြိမ်တည်းမှာ တိုက်ခိုက်မှုခြောက်ခုကို ထုတ်လုပ်နိုင်တယ်၊ ဒါ့အပြင် တိုက်ခိုက်တစ်ခုချင်းစီက အကောင်းဆုံးလမ်းကြောင်းနဲ့ထောင့်ကို ဦးတည်ထားတယ်။

"ဒါ ခေါင်းသုံးလုံးလက်ခြောက်ဖက်ပဲ" ထာဝရညနယ်နိမိတ်ထဲမှာ ကောင်းကင်ပြိုဆင်းသူတော်စင်အရှင်က အသက်ရှုသံကို ထိန်းချုပ်ထားနေရတယ်။

မိုးကြိုးခေါ်မျိုးနွယ်ရဲ့ ခေါင်းသုံးလုံးလက်ခြောက်ဖက်က  ခေါင်းသုံးလုံးနဲ့လက်ခြောက်ဖက်ရှိရုံတင်မကပါဘူး။

ခေါင်းသုံးလုံးလက်ခြောက်ဖက်မွေးရာပါစွမ်းရည်ကို အသက်သွင်းလိုက်တာနဲ့ လိပ်ပြာအသိစိတ်အာရုံက သုံးပိုင်းကွဲသွားတယ်။ လိပ်ပြာအသိစိတ်အာရုံတစ်ခုစီက လက်နှစ်ဖက်ကို ထိန်းချုပ်နိုင်တယ်။

လိပ်ပြာအသိစိတ်အာရုံက မူရင်းအသိစိတ်အာရုံမှ ဖြစ်လာတာကြောင့် လိပ်ပြာအသိစိတ်အာရုံသုံးခုက ချို့ယွင်းချက်မဲ့ပူးပေါင်းနိုင်ပြီး မှားယွင်းချက်တစ်ခုမှ ရှိလိမ့်မှာ မဟုတ်ပါဘူး။

အခြားစကားနဲ့ပြောရရင် လီဖူချန်းက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်တစ်ယောက်နဲ့ တိုက်ခိုက်နေတာမဟုတ်ပါဘူး၊ သူက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်သုံးယောက်နဲ့တိုက်ခိုက်နေတာပါ။ ဒါပေမယ့် သူတို့သုံးယောက်က တစ်‌ယောက်တည်းအဖြစ် ပေါင်းစပ်ထားတယ်။

"ဒီလိုအံ့မခန်းမွေးရာပါစွမ်းရည်" လီဖူချန်းက ခုခံနိုင်ရုံမျှသာဖြစ်တယ်။

လက်တွေပိုရှိခြင်းက ခေါင်းသုံးလုံးလက်ခြောက်ဖက်ရှိတာနဲ့ လုံးဝခြားနားတယ်။

နတ်ဆိုးသားရဲအာဏာရှင်တွေလို လက်တွေများစွာရှိတဲ့မျိုးနွယ်တွေရှိတယ်။ ဒါပေမယ့် သူတို့ရဲ့လက်အသုံးပြုမှုက ချို့ယွင်းချက်ရှိပြီး သူတို့က အရေအတွက်မျှသာ အသာရကာ သူတို့ရဲ့တိုက်ခိုက်မှုကိုအတော်လေးကြမ်းတမ်းစေတယ်။

လီဖူချန်းကို ဥပမာထားပါ၊ လက်တွေကို အကန့်အသတ်မဲ့ထုတ်လုပ်ဖို့ သူက ဓားစွမ်းအင်ကို အသုံးပြုနိုင်တယ်။ ဒါပေမယ့် သူ့အတွက်ကတော့ အဲဒါက သူ့ရဲ့တိုက်ပွဲခွန်အားကို မတိုးစေဘူး၊ ခြိမ်းခြောက်နိုင်စွမ်းအသွင်အပြင်သာ ဖြစ်ပေါ်စေတယ်။

ဒါပေမယ့် မိုးကြိုးခေါ်မျိုးနွယ်ရဲ့ ခေါင်းသုံးလုံးလက်ခြောက်ဖက်က ခြားနားတယ်။ သူတို့က လက်ခြောက်ဖက်ကို ချို့ယွင်းချက်မဲ့ထိန်းချုပ်နိုင်တယ်၊ သူတို့ရဲ့ခွန်အားကို ချက်ချင်း သိသိသာသာ တိုးလာစေတယ်။

ဝုန်း......

ဝုန်း ဒုန်း.......

လီဖူချန်းရဲ့တိုက်ခိုက်ရေးခွန်အားက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒါပေမယ့် မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ခွန်အားပေါက်ကွဲထွက်လာတာနဲ့ လီဖူချန်းက ထပ်မံမခုခံနိုင်‌တော့ပါဘူး။ သူက တူမှ တိုက်ခိုက်မှုများစွာကိုထိမှန်ခဲ့ပြီး သွေးတစ်ပွက်အန်လိုက်ရတယ်။

"သေစမ်း"

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ဒီအခွင့်အရေးကို လက်လွတ်မခံပါဘူး။ သူက လီဖူချန်းကို တူနဲ့ ထပ်ခါတလဲလဲ ရိုက်နှက်လိုက်တယ်။

"အပျော်မစောနဲ့အုံး" ဓားအလင်းတစ်ခု လက်သွားပြီး လီဖူချန်းက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့ခန္ဓာကိုယ်ကို ခွဲဖြတ်လိုက်တယ်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က အရိုးထိတိုင်နက်ရှိုင်းတဲ့ဓားဒဏ်ရာကို ငုံ့ကြည့်လိုက်တယ်၊ သူ့ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။

သူက လီဖူချန်းကို ဖိနှိပ်နေတာလေ၊ ဒါပေမယ့် ဘယ်လိုလုပ်ပြီး လီဖူချန်းက သူ့ရဲ့အားနည်းချက်ကို ရှာဖွေနိုင်ခဲ့တာလဲ။

ဒါ့အပြင် အချိန်တိုအတွင်း မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ တူရိုက်ချက်ဒါဇင်ပေါင်းများစွာကို ရိုက်နှက်ခဲ့တယ်။ ဒါပေမယ့် လီဖူချန်းရဲ့ချီတည်ရှိမှုက အားနည်းတဲ့အရိပ်အယောင်တစ်ခုမှ မရှိပါဘူး။ ကျိုးပဲ့နေတဲ့အရိုးတွေ၊ ပျက်ဆီးနေတဲ့အသားတွေက ချက်ချင်း ပြန်ကောင်းလာခဲ့တယ်။

"သူက ငါ့ရဲ့အမှောင်ကမ္ဘာထဲရှိအရာအားလုံးကို တကယ်မြင်နိုင်တာပဲ" သွေးဆာသူတော်စင်အရှင်က အတော်လေးမယုံကြည်နိုင်ခံစားရတယ်။

အမှောင်ကမ္ဘာက ရှာဖွေစောင့်ကြည့်မှုအမျိုးအစားအားလုံးကို သီးခြားထားတယ်၊ အမြင်အားဖြစ်စေလိပ်ပြာအသိစိတ်အာရုံအားဖြစ်စေ အမှောင်ကမ္ဘာထဲမှာ အသုံးဝင်လိမ့်မှာမဟုတ်ပါဘူး။

"သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ကောင်းကင်ဘုံအရှင်အဆင့်မှာ ရှိနေတာ ဖြစ်နိုင်မလား" သွေးဆာသူတော်စင်အရှင်က အခြားဖြစ်နိုင်ခြေတွေကို မစဉ်းစားနိုင်ပါဘူး။

"ရွေးချယ်စရာမရှိတော့ဘူးပဲ" အသက်ကို နက်ရှိုင်းစွာရှုသွင်းပြီးနောက် သွေးဆာသူတော်စင်အရှင်က အမှောင်ကမ္ဘာမှအရင်းအမြစ်စွမ်းအားကို စတင်ထုတ်ယူခဲ့တယ်။

"နောက်တစ်ကြိမ်" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က အဲဒါကို မယုံကြည်နိုင်ဘူး၊ လီဖူချန်းနဲ့ ဆက်လက်တိုက်ပွဲဝင်နေခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ တူရိုက်ချက်ဆယ်ချက်ကျော်အတွင်း လီဖူချန်းက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်အပေါ်မှာ နက်ရှိုင်းတဲ့ဓားဒဏ်ရာတစ်ခုကို ရေးဆွဲခဲ့တယ်။

"မဖြစ်နိုင်ဘူး......." မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က အော်ဟစ်လိုက်တယ်။

ဒီအတိုင်းသာဆက်သွားရင် သူက သေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်။

လီဖူချန်းက အဆုံးစွန်းအဆင့်ဓားကို ဆုတ်ကိုင်ထားတယ်၊ သာမန်လက်နက်တစ်ခုမဟုတ်ပါဘူး။

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့ခံစစ်ဘယ်လောက်ပဲကောင်းကောင်း မလုံလောက်ပါဘူး။ ဒါပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှု သူ့အပေါ်ဘယ်လိုကျရောက်လာသလဲကို သူက နားမလည်နိုင်သေးပါဘူး။

"အမှောင်ကမ္ဘာလက်သည်း....."

ဒီအချိန်မှာတော့ အမှောင်ကမ္ဘာက ရုတ်တရက် ကြေမွသွားတယ်။ ပြီးနောက် အမှောင်ထု‌ပြည့်လျှံ‌ပါဝင်နေတဲ့ထက်ရှတဲ့လက်သည်းတစ်ခုက လီဖူချန်းကို ကုတ်ခြစ်လိုက်တယ်။

သွေးဆာသူတော်စင်အရှင်မှာ အဓိကသိုင်းပညာနှစ်ခုရှိတယ်၊ သွေးဆာလက်သည်းနဲ့အမှောင်လက်သည်း။ ဒါပေမယ့် အဓိကသိုင်းပညာနှစ်ခုအပြင် သူ့မှာ သတ်ဖြတ်ကွက်တစ်ခုဖြစ်တဲ့အမှောင်ကမ္ဘာလက်သည်းတစ်ခုရှိတယ်။ ဒါပေမယ့် အမှောင်ကမ္ဘာလက်သည်းက အမှောင်ကမ္ဘာမှအရင်းမြစ်စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်ကာ စွမ်းအင်အမြောက်အများကုန်ဆုံးစေတယ်။ ပုံမှန်အားဖြင့် မလိုအပ်ရင် ‌သွေးဆာသူတော်စင်အရှင်က အဲဒါကို အသုံးမပြုပါဘူး။

"ဒီလိုအားကောင်းတဲ့လက်သည်းတိုက်ကွက်တစ်ခု" ဒီလက်သည်းနဲ့ရင်ဆိုင်ရတဲ့အခါ သူက ကမ္ဘာတစ်ခုကို ရင်ဆိုင်နေရသလို ခံစားရတယ်။

"ခုတ်ပိုင်းစမ်း......." လီဖူချန်းကို ကောင်းကင်ဆက်ဓားကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်ကာ အမှောင်လက်သည်းကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်.......

အမှောင်လက်သည်းက ကွဲအက်သွားပေမယ့် ကွဲအက်သွားတဲ့လက်သည်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ခွဲဖြတ်သွားခဲ့သေးတယ်။

"သူ့ရဲ့အရင်းမြစ်က ဒဏ်ရာရသွားလောက်ပြီ......"

သွေးဆာသူတော်စင်အရှင်က ဒီလက်သည်းတိုက်ကွက်ကို အတော်လေးယုံကြည်ချက်ရှိတယ်။ သူက ဒီလက်သည်းတိုက်ကွက်ကို တစ်ကြိမ်အသုံးပြုခဲ့ပြီး အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကို သတ်နိုင်ခဲ့တယ်။ သူ့အမြင်အရ ဒါက လီဖူချန်းကို အနိုင်ယူဖို့မဖြစ်နိုင်ပေမယ့် လီဖူချန်းရဲ့အရင်းမြစ်ကို ဒဏ်ရာ‌ရစေဖို့က လွယ်ကူသင့်တယ်။

"အတော်နာတယ်......."

အမှောင်ကမ္ဘာပြန့်ကျဲသွားတာနဲ့ ကမ္ဘာကြီးက  ကြည်လင်လာတယ်။ ထဝရညနယ်နိမိတ်ရဲ့အရှေ့မှာ လီဖူချန်းက ခေါင်းငုံလိုက်ပြီး သူ့ရဲ့ဘယ်ဘက်ပခုံးနဲ့ညာဘက်ရင်ဘက်ရှိ အမည်းရောင်ဒဏ်ရာအစင်းကြောင်းငါးကြောင်းကို တွေ့ရှိခဲ့တယ်။ တိုးဝင်လာ‌တဲ့အမှောင်စွမ်းအင်တွေက အမည်းရောင်ဒဏ်ရာငါးခုမှ ပေါက်ထွက်လာနေပြီး သူ့ရဲ့ခန္ဓာကိုယ်ကို တိုက်စားချင်ပုံရတယ်။

အ‌မှောင်စွမ်းအင်က အားကောင်းချင်အားကောင်းနိုင်ပေမယ့် မသေမျိုးစိတ်တန်ခိုးစွမ်းအားကိုတော့ မကျော်လွှားနိုင်ပါဘူး။

အချိန်တိုအတွင်းမှာ အမှောင်စွမ်းအင်ကို မသေမျိုးစိတ်တန်ခိုးစွမ်းအားက ဖိနှိပ်ခဲ့တယ်။

"ဖြန့်ကြဲစမ်း" လက်ကို ဝှေ့ယမ်းလိုက်ရာ အမှောင်စွမ်းအင်တွေက အမှောင်နဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး ဟင်းလင်းပြင်ထဲကို တိုးဝင်လာခဲ့တယ်။

အသက်ကို ရှုထုတ်ပြီးနောက် အဆင့်မြင့်ဒါမှမဟုတ်ထူးကဲအဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ချပ်ဝတ်ကို ရယူဖို့ လီဖူချန်းက ဆုံးဖြတ်လိုက်တယ်။

စောစောက သူက ချပ်ဝတ်ကို ဝတ်ဆင်ထားရင် သွေးဆာသူတော်စင်အရှင်ရဲ့လက်သည်းက ဒီလိုကြီးမားတဲ့ထိခိုက်မှုကို မဖြစ်စေနိုင်ပါဘူး။

"သူ့ရဲ့အရင်းမြစ်က ဒဏ်ရာမရဘူးလား" သွေးဆာသူတော်စင်အရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။

လက်သည်းတိုက်ကွက်က သူ့စွမ်းအင်ရဲ့ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကို အသုံးပြုခဲ့ပြီး လီဖူချန်းကို အသေးအမွှားမျှသာ ဒဏ်ရာရစေခဲ့တယ်။ ရလဒ်က သူ့ကို စွမ်းအားမဲ့သလို ခံစားရစေတယ်။

"မင်းတို့နှစ်ယောက်အတူတူတိုက်ရင်တောင် မင်းတို့တွေ ငါ့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး" လီဖူချန်းက တည်ငြိမ်တဲ့လေသံနဲ့ပြောလိုက်တယ်။

မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက တလက်လက်ဖြစ်သွားပေမယ့် သူက ပြန်မပြောခဲ့ပါဘူး။

အဆင့်၁တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်နဲ့အဆင့်၅ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကလွဲပြီး တစ်ယောက်မှ သွေးဆာသူတော်စင်အရှင်ရဲ့အမှောင်ကမ္ဘာလက်သည်းကိုတိုက်ရိုက်လက်မခံရဲတာကို မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က ရှင်းလင်းစွာ သိတယ်။

ဒါပေမယ့် လီဖူချန်းက ‌လက်သည်းတိုက်ကွက်ကို လက်ခံခဲ့ပြီး ဒဏ်ရာအသေးအမွှားသာ ရရှိခဲ့တယ်။

သံသယရှိစရာမလိုဘဲ လီဖူချန်းက ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်လို အားနည်းချက်ကင်းမဲ့တယ်။

ဒီလိုသူတော်စင်အရှင်နဲ့ရင်ဆိုင်ရတဲ့အခါ သူတို့က အကြွင်းမဲ့စွမ်းအားကို လိုအပ်တယ်၊ ဒါမှမဟုတ် သူတို့က လီဖူချန်းကို သေဆုံးတဲ့အထိ ဖြည်းဖြည်းချင်းကြိတ်ခြေဖို့ အချိန်အကြာကြီးအသုံးချဖို့ လိုအပ်တယ်။

ကံဆိုးတာက‌တော့ သူတို့နှစ်ယောက်က လီဖူချန်းကို သေဆုံးတဲ့အထိ ဖြည်းဖြည်းချင်းကြိတ်ခြေဖို့ မစွမ်းနိုင်ရုံသာမက သူတို့ကိုသာ လီဖူချန်းက အရင်ကြိတ်ခြေသတ်ဖြတ်သွားမှာပါ။ တကယ်တော့ လီဖူချန်းမှာ ဒီလိုကြမ်းတမ်းခိုင်မာတဲ့ခုခံမှုရှိသလို ကြောက်စရာကောင်းတဲ့အသက်စွမ်းအားလည်း ရှိတယ်။

All Chapters