လက်စားချေခြင်း
Vol. 66 Ch. 908
အဓိကပြဿနာကတော့ လီဖူချန်းက အဆုံးစွန်းအဆင့်လက်နက်ကို ပိုင်ဆိုင်ခြင်းပါပဲ။
အဆုံးစွန်းလက်နက်နဲ့ရင်ဆိုင်ရတဲ့အခါ ပြောင်းလဲခြင်းကိုးခုကျွန်းပိုင်ရှင်ကတောင် ဒဏ်ရာရသွားလိမ့်မယ်။
ဒါကြောင့် ရေရှည်တိုက်ပွဲတစ်ခုဆိုရင် သွေးဆာသူတော်စင်အရှင်နဲ့မိုးကြိုးတိုင်ယန်သူတော်စင်အရှင်တို့က သေချာပေါက်ရှုံးနိမ့်ရလိမ့်မယ်။
"မိုးကြိုးတိုင်ယန်သူတော်စင်အရှင်၊ မင်းမှာ အခြားသတ်ဖြတ်ကွက်တစ်ခုခုရှိလား" သွေးဆာသူတော်စင်အရှင်က မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ကို သတင်းပို့လိုက်တယ်။
သူတို့ရဲ့အဆင့်မှာ သူတို့က သေခြင်းနဲ့မရင်ဆိုင်ရရင် တစ်ယောက်မှ သူတို့ရဲ့နောက်ဆုံးဝှက်ဖဲကို သိလိမ့်မှာမဟုတ်ဘူး။
အမှောင်ကမ္ဘာလက်သည်းကို သွေးဆာသူတော်စင်အရှင်ရဲ့အသန်မာဆုံးတိုက်ကွက်လို့ မစဉ်းစားသေးပါဘူး။ သူက အမှောင်ကမ္ဘာကို အသုံးပြုပြီးနောက် အမှောင်ကမ္ဘာလက်သည်းကို ချက်ချင်းဖော်ထုတ်ခဲ့ရင် သူက လီဖူချန်းကို အပြင်းအထန်ဒဏ်ရာရစေနိုင်တယ်။
"ငါမှာ တားမြစ်တိုက်ကွက်တစ်ခုရှိသေးတယ်၊ ဒါပေမယ့် ငါက အဲဒါကို သုံးရင်တောင် သူ့ကို ဒဏ်ရာအပြင်းအထန်ရစေဖို့ ခက်ခဲတယ်" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်က အပြင်ပန်းအရ ကြမ်းတမ်းပုံပေါ်ပေမယ့် သူက ငတုံးတစ်ယောက်မဟုတ်ပါဘူး။
ဒါပေမယ့် ငတုံးတစ်ယောက်က ဒီလိုအားကောင်းတဲ့အဆင့်ထိ မကျင့်ကြံနိုင်လောက်ပါဘူး။
"ငါ နားလည်ပြီ" သွေးဆာသူတော်စင်အရှင်က လက်လျှော့လိုက်တော့တယ်။
နောက်ဆုံးတော့ သွေးဆာသူတော်စင်အရှင်နဲ့မိုးကြိုးတိုင်ယန်သူတော်စင်အရှင်တို့က နောက်ဆုတ်သွားတယ်။ သူတို့က လီဖူချန်းကို သူတို့ရဲ့အဆင့်တူအဖြစ် သတ်မှတ်ခဲ့ကြတယ်။ သူတို့လိုအဆင့်ရှိသူတွေကို သတ်ဖို့က မလွယ်လှပါဘူး။ လီဖူချန်းကို သတ်ဖြတ်ခြင်းအခွင့်အရေးတစ်ခုရရှိဖို့ သူတို့က သုံးယောက်မှငါးယောက်အထိ လိုအပ်တယ်။
"နောက်ဆုံးတော့ သူတို့ ထွက်သွားပြီပေါ့"
ထာဝရညရဲ့နယ်နိမိတ်ကို ရုတ်သိမ်းလိုက်ပြီး ညနတ်ဆိုးသူတော်စင်အရှင်နဲ့အခြားသူတွေက ထွက်လာတယ်။
"သွေးဆာသူတော်စင်အရှင်က ဒီလောက်အားကောင်းနေမယ်လို့ ငါ မထင်ထားဘူး။ သူ့ရဲ့အမှောင်ကမ္ဘာက အမှောင်သတ္တဝါတွေကို တကယ်ထုတ်လုပ်နိုင်တာပဲ" ညနတ်ဆိုးသူတော်စင်အရှင်က စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ သူ့ရဲ့ထာဝရညနယ်နိမိတ်က အရိပ်သတ္တဝါတွေကို ထုတ်လုပ်ဖို့ ဝေးကွာနေသေးတယ်။ ဒါက သူ သွေးဆာသူတော်စင်အရှင်ကို အနိုင်မယူနိုင်တဲ့အကြောင်းပြချက်လည်း ဖြစ်တယ်။
စီးဆင်းသံက ပြောလိုက်တယ်" မိုးကြိုးတိုင်ယန်သူတော်စင်အရှင်လည်း အံ့မခန်းပဲ။ သူ ခေါင်းသုံးလုံးလက်ခြောက်ဖက်ကို အသက်သွင်းလိုက်တာနဲ့ အကွက်တစ်ရာအတွင်း သူက ငါ့ကို သေစေတဲ့အထိ ထုရိုက်နိုင်လိမ့်မယ်"
စီးဆင်းသံက သတ္တုစိတ်ဝိညာဉ်မျိုးနွယ်ရဲ့သူတော်စင်အရှင်တစ်ယောက်ဖြစ်ပြီး အလွန်မာကျောတဲ့ခန္ဓာကိုယ်ရှိတယ်။ သူ့ထက် ဆယ်ဆဒါမှမဟုတ်အဆများစွာပိုသန်မာတဲ့သူတွေကသာ သူ့ကို သေတဲ့အထိကြိတ်ခြေနိုင်လိမ့်မယ်။ ဒါပေမယ့် မာကျောမှုက အကန့်အသတ်ရှိပြီး မိုးကြိုးတိုင်ယန်သူတော်စင်အရှင်ရဲ့တိုက်ခိုက်မှုက အကန့်အသတ်ကို သေချာပေါက် ဖြတ်ကျော်ခဲ့တယ်။
"သူတို့ကို ဓားသူတော်စင်ကို ခြိမ်းခြောက်နိုင်ခဲ့တာ ကံကောင်းသွားတယ်" ကူးလီရှာက စိတ်သက်သာရသွားတယ်။
အစောကတော့ သူမက သူမရဲ့လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခါနီးပဲ။ ဒါပေမယ့် သူမရဲ့လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုရင်တောင် သူမက မိုးကြိုးတိုင်ယန်သူတော်စင်အရှင်နဲ့သွေးဆာသူတော်စင်အရှင်တို့ကို အကွက်အနည်းငယ်သာ ယှဉ်ပြိုင်နိုင်လိမ့်မယ်။ ခြားနားချက်က လုံလုံလောက်လောက်သိသာတယ်။
"သူတို့က မကြောက်ခဲ့ဘူး၊ သူတို့က အချိန်မဖြုန်းချင်လို့ပဲ"
အရိုးသားဆုံးပြောရရင် သူတို့က ဆက်သွားရင် လီဖူချန်းက အနိုင်ရရင်တောင် စိတ်ပျက်စရာကောင်းတဲ့အောင်ပွဲတစ်ခု သေချာပေါက်ဖြစ်လိမ့်မယ်။
…
တစ်နှစ်တာအချိန်က ပြည့်ခါနီးပါပြီ၊ လူတိုင်းက ရှေးကျောက်တုံးမြို့မှ အပြေးအလွှားထွက်လာနေတယ်။
ရှေးကျောက်တုံးမြို့က လူတိုင်းကို အလိုအလျောက် မပို့ဆောင်ပါဘူး။ တစ်နှစ်အချိန်အကန့်အသတ်ပြည့်သွားတာနဲ့ ရှေးကျောက်တုံးမြို့က အာကာသ-အချိန်အနက်ပိုင်းထဲသို့ ဝင်ရောက်ဖုံးကွယ်နေလိမ့်မယ်။ ပြိီးရင်တော့ ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် ထွက်လာဖို့ခက်ခဲပါလိမ့်မယ်။
တစ်နှစ်အချိန်အကန့်အသတ်ပြည့်ဖို့ တစ်ပတ်ကျန်သေးတယ်၊ ညနတ်ဆိုးအဖွဲ့က အနောက်ဘက်မြို့ဂိတ်မှ ပျံသန်းထွက်လာတယ်။
…
အချိန်သဲမြို့၊ ညနတ်ဆိုးအရက်ဆိုင်။
( အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု:အရင်ကတော့ မူရင်းစာရေးဆရာက စားသောက်ဆိုင်အဖြစ် ဖော်ပြခဲ့တယ်၊ အခု အရက်ဆိုင်တစ်ဆိုင်ဖြစ်တယ်)
လူတိုင်းက အကျိုးအမြတ်တွေကို စတင်ရေတွက်ကြတယ်။
"စုစုပေါင်းတန်ဖိုးက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၂မီလီယံရှိတယ်။ ၁၂မီလီယံကို အရင်ခွဲဝေကြတာပေါ့။ အရာအားလုံးကို ရောင်းချပြီးတာနဲ့ ကျန်တာတွေကို နောက်မှ ထပ်ခွဲဝေကြတာပေါ့" ညနတ်ဆိုးသူတော်စင်အရှင်က အကြံပြုလိုက်တယ်။
"ဒါပေါ့၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၂မီလီယံကို အရင်ခွဲဝေကြတာပေါ့" လူတိုင်းက သဘောတူလိုက်တယ်။
"ဓားသူတော်စင်အရှင်၊ ငါတို့က အချိန်သဲမြို့မှာပဲ နေထိုင်တာကြောင့် အကျိုးအမြတ်တွေကို လက်ခံဖို့အလျင်မလိုဘူး။ မင်းက အချိန်သဲမြို့ကနေ ထွက်ခါမှာဆိုတော့ ဒါက မင်းရဲ့ဝေစုအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံပဲ" ညနတ်ဆိုးသူတော်စင်အရှင်က နေရာလပ်လက်စွပ်တစ်ကွင်းကို လီဖူချန်းထံ ကမ်းပေးလိုက်တယ်။
"ကောင်းပြီလေ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
အကျိုးအမြတ်ကို ခွဲဝေပြီးနောက် လူတိုင်းက စတင်သောက်ကြတော့တယ်။
ညနတ်ဆိုးအရက်ဆိုင်က ညနတ်ဆိုးအဖွဲ့ရဲ့အခြေစိုက်ရာပဲ။ အရက်ကောင်းတွေများစွာရှိတယ်၊ ဈေးအကြီးဆုံးအရက်က တစ်ပုလင်းကို အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀ကျသင့်တယ်။ ပုံမှန်အားဖြင့် လူတိုင်းက အဲဒါကို သောက်ဖို့ တွန့်ဆုတ်ကြတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်အကျိုးအမြတ်က ကြီးမားတာကြောင့် သူဆို့က ပုလင်းအနည်းငယ်ကို မဖွင့်ဘဲမနေနိုင်တော့ပါဘူး။
ညနတ်ဆိုးအရက်ဆိုင်ရဲ့ပြတင်းပေါက်အနားရှိထိုင်ခုံမှာ လီဖူချန်းက ပင်လယ်လိပ်ခွံသူတော်စင်အရှင်နဲ့ အတူတကွထိုင်နေတယ်။
"ပင်လယ်လိပ်ခွံသူတော်စင်အရှင်၊ သူတော်စင်အရှင်အဆင့်အစီအရင်အချို့ကို တပ်ဆင်ဖို့ ငါ မင်းကို ဖိတ်ခေါ်ချင်တယ်" လီဖူချန်းက တည့်တည့်ပဲပြောလိုက်တယ်။
ပင်လယ်လိပ်ခွံသူတော်စင်အရှင်က စဉ်းတောင်မစဉ်းပါဘူး၊ သူက သဘောတူလိုက်တယ်" ပင်လယ်လိပ်ခွံက ဓားသူတော်စင်အရှင်ရဲ့ဖိတ်ခေါ်မှုကို လက်ခံရတာ ဂုဏ်ယူပါတယ်"
အစီအရင်ကို တပ်ဆင်ဖို့ လီဖူချန်းရဲ့ဖိတ်ခေါ်မှုကို ရရှိတာ တကယ်ဂုဏ်ယူစရာပါပဲ။
ပင်လယ်လိပ်ခွံသူတော်စင်အရှင်ရဲ့အမြင်အရ လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ ကံကြမ္မာသတ်မှတ်ထားတယ်။လီဖူချန်းအတွက်အစီအရင်ကိုတပ်ဆင်ပေးခြင်းကတော့ အနာဂတ်ကောင်းကင်ဘုံအရှင်တစ်ယောက်က သူ့ကို အကြွေးတင်နေတယ်လို့ ဆိုလိုတယ်။
နောက်နေ့မှာတော့ လီဖူချန်းက နက်ပြာပလိန်းကို ပင်လယ်လိပ်ခွံသူတော်စင်အရှင်နဲ့အတူ ပြန်ရောက်လာခဲ့တယ်။
အရှေ့ယူနီကွန်တိုက်ကြီးအထက်ကောင်းကင်မှာ.....
ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ပြောလိုက်တယ်"ထင်ထားတဲ့အတိုင်းပဲ၊ အခြားပလိန်းကို ဝင်တဲ့အခါ ပလိန်းစွမ်းအားက ဖိနှိပ်လိမ့်မယ်"
"ဖိအားက ဘယ်လောက်တောင်များလဲ" လီဖူချန်းက သိချင်စိတ်ပြင်းပြနေတယ်။
အခြားပလိန်းတွေရဲ့ကောင်းကင်ဘုံအရှင်တွေဝင်ရောက်ခြင်းမှ တားဆီးခြင်းအပြင် ပလိန်းက အခြားပလိန်းတွေရဲ့သက်ရှိတွေကို ဖိနှိပ်ပါလိမ့်မယ်။
"မများပါဘူး။ အများ၁၀ရာခိုင်နှုန်းပဲ။ ဒါပေမယ့် ဒီ၁၀ရာခိုင်နှုန်းက ခွန်အားတင်မကဘူး၊ အတွေးဖြစ်စဉ်မြန်နှုန်း၊ သက်သာမှုမြန်နှုန်း၊ ထိုးထွင်သိမြင်မှုတွေလည်းပါတယ်။ အရာရာတိုင်းကို ၁၀ရာခိုင်နှုန်းဖိနှိပ်ခဲ့တယ်" ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ရယ်လိုက်တယ်။
"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
ခွန်အားဖိနှိပ်မှုက မများဘူးဆိုပေမယ့် ကြာရှည်ဆိုရင် အဲဒါက ကြီးမားတဲ့သက်ရောက်မှုတစ်ခုရှိလာပါလိမ့်မယ်။
အခြားပလိန်းက ဖိနှိပ်တာကို မခံချင်ဘူးဆိုရင်တော့ တစ်ခုတည်းသောနည်းလမ်းက အဲဒီပလိန်းကို သိမ်းပိုက်စိုက်မိုးပြီးပြန်ပြုပြင်ခြင်းပါပဲ။
နတ်ဆိုးမျိုးနွယ်က ဒီနေရာမှာ အတွေ့ကြုံအများဆုံးဖြစ်တယ်။ နတ်ဆိုးမျိုးနွယ်က စကြာဝဠာရှိအခြားပလိန်းအများစုကို သိမ်းပိုက်တဲ့မျိုးနွယ်ပဲလေ။
"ဓားသူတော်စင်အရှင်က ဒီတိုက်ကြီးထဲမှာ အစီအရင်တစ်ခုကို တပ်ဆင်မလို့လား" ဒီတိုက်ကြီးက အလွန်သေးငယ်ရင်တောင်မှ ကောင်းကင်နဲ့မြေကြီးစွမ်းအားအလွန်သိပ်သည်းတယ်လို့ ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ခံစားမိတယ်။
"လီဖူချန်းက ခေါင်းခါလိုက်တယ်"ဒီနေရာမဟုတ်ဘူး၊ ငါ့နောက်လိုက်ခဲ့"
အရှေ့ယူနီကွန်တိုက်ကြီးက အရာအားလုံးကြီးကျယ်ခမ်နားပေမယ့် သေးငယ်လွန်းပြီး ဂိုဏ်းတစ်ဂိုဏ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် မသင့်တော်ပါဘူး။
…
လီဖူချန်းနဲ့ပင်လယ်လိပ်ခွံသူတော်စင်အရှင်တို့ အစီအရင်ကို တပ်ဆင်နေတဲ့အချိန်မှာ......
အစွန်းအလင်းကြယ်ပိုင်နက်ရဲ့ဂလင်းမာမြို့ထဲမှာ သမန်းဝံပုလွေလီဖူချန်းက ကွေ့စဲနဲ့စိုလောတို့ မြို့ကထွက်မယ့်အချိန်ကို စောင့်ဆိုင်းနေတယ်။
သူတော်စင်အရှင်တွေက ရှည်လျားတဲ့သက်တမ်းရှိပြီး တစ်ခုခုသာ မဖြစ်ခဲ့ရင် သူတို့အနေနဲ့ နှစ်အနည်းငယ်အကြာသီးခြားကျင့်ကြံနေတာ ပုံမှန်ပါပဲ။
ဝံပုလွေအရှင်ဒရစ်က မစ်ရှင်အသစ်ကို မပေးခင်အထိ ကွေ့စဲနဲ့စိုလော့တို့က ပြန်ရောက်လာကတည်းက သီးခြားကျင့်ကြံနေခဲ့တယ်။
ဒီနှစ်တွေအတွင်း သူတို့နှစ်ယောက်က သမန်းဝံပုလွေလီဖူချန်းကို လစ်လျူရှုခဲ့တယ်။
သမန်းဝံပုလွေလီဖူချန်းက ဘာတစ်ခုမှမလုပ်ဆောင်ခဲ့ဘူးလေ၊ ဒါကြောင့် သမန်းဝံပုလွေလီဖူချန်းက လက်စားချေတာကို လက်လျှော့လိုက်ပြီလို့ သူတို့နှစ်ယောက်က ခံစားမိတယ်။ တကယ်တော့ ခွန်အားမရှိဘဲနဲ့ လက်စားချေဖို့ပြောတာက အဓိပ္ပါယ်မရှိဘူးလေ။
မြို့မှ ထွက်ပြီးနောက် သူတို့နှစ်ယောက်က တည်နေရာရွှေ့ပြောင်းရေးကြယ်တစ်လုံးဆီ ဦးတည်ခဲ့တယ်။
“
"ငါ မင်းကို ပြောခဲ့တာပဲ၊ သူ ငါတို့နောက်ကို မလိုက်လာရဲပါဘူး"
"ကြည့်ရတာ ငါ အတွေးများနေပုံပဲ" စိုလော့က ခေါင်းညိတ်လိုက်တယ်။
ဝီဝီ......
အလင်းတစ်ခုပေါက်ကွဲထွက်သွားပြီး သူတို့နှစ်ယောက်က ပျောက်ကွယ်သွားတော့တယ်။
နောက်ထပ်တည်နေရာရွှေ့ပြောင်းရေးကြယ်တစ်လုံးအပေါ်မှာ သူတို့နှစ်ယောက်က တည်နေရာရွှေ့ပြောင်းရေးရင်ပြင်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။
အခုကနေစပြီး နောက်ထပ်နောက်ထပ်တည်နေရာရွှေ့ပြောင်းရေးကြယ်မရှိတော့ဘူး၊ သူတို့နှစ်ယောက်က ကိုယ်ပိုင်သာ ခရီးသွားနိုင်တော့တယ်။
သူတို့စတင်ပျံသန်းပြီးမကြာမီမှာပဲ ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်ရဲ့အရှေ့မှာ ထွက်ပေါ်လာခဲ့တယ်။
"ကွေ့လီ....." ကွေ့စဲက အော်လိုက်တယ်။
သမန်းဝံပုလွေလီဖူချန်းက သူတို့နောက်ကို တကယ်လိုက်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
"ကွေ့လီ၊ မင်း ဘာလိုချင်တာခဲ" ဘာကြောင့်မှန်းမသိဘူး၊ စိုလော့ရဲ့နှလုံးသားထဲမှာ ဆိုးဝါးတာတစ်ခုခုဖြစ်မှာကို ကြိုတင်သိနေတယ်။
"ငါ ဘာလိုချင်တာလဲကို မင်းတို့ ငါ့ကို ပြောပါ" သမန်းဝံပုလွေလီဖူချန်းက တည်ငြိမ်တဲ့အမူအရာနဲ့ ပြောလိုက်တယ်။
"ကွေ့လီ၊ မင်းက အရူးတစ်ယောက်လို့ သရုပ်ဆောင်နေတာလားဒါမှမဟုတ်မင်းက တကယ်ပဲ အရူးတစ်ယောက်လားကိုတော့ ငါ မသိဘူး။ မင်းတစ်ယောက်တည်းနဲ့ ငါတို့ကို လက်စားချေနိုင်မယ်လို့ မင်းထင်နေတာလား" ကွေ့စဲရဲ့သတ်ဖြတ်ခြင်းဆန္ဒက ပေါက်ကွဲထွက်လာတယ်။ ဒီတစ်ကြိမ်မှာတော့ သူက ကွေ့လီကို သေချာပေါက်သတ်ဖြတ်ရမယ်၊ မဟုတ်ရင် သူ့အနားမှာ ခြိမ်းခြောက်မှုတစ်ခုရှိနေသလို သူက သက်သောင့်သက်သာမခံစားရပါဘူး။
"ငါ လက်စားချေနိုင်လား မချေနိုင်ဘူးလားကို မင်း မကြာခင်သိလာမှပါ" သမန်းဝံပုလွေလီဖူချန်းရဲ့အမူအရာက ပုံမှန်အတိုင်းပဲ တည်ငြိမ်နေတယ်။
ထိုတည်ငြိမ်မှုက ကွေ့စဲနဲ့စိုလော့တို့ကို အတော်လေးဖိအားဖြစ်စေတယ်။
အထူးသဖြင့် ကွေ့စဲပဲ။ လက်ရှိသမန်းဝံပုလွေလီဖူချန်းက နတ်ဆိုးတစ်ကောင်အလား သူက ခံစားချက်တစ်ခုရှိနေတယ်။
"သတ်......"
အရင်ဆုံးလှုပ်ရှားတဲ့သူက ကွေ့စဲမဟုတ်ဘဲ စိုလော့ပါပဲ။
စိုလော့က သူရဲဘောကြောင်တယ်၊ စိုးရိမ်ကြောက်ရွံ့တယ်ဆိုပေမယ့် သူ့မှာ အခြားရွေးချယ်စရာမရှိတော့တာနဲ့ သူက အခြားသူတွေထက် ပိုပြတ်သားတယ်။
စိုလော့က အလွန်မြန်ပြီး ချက်ချင်းပဲ အလင်းမြန်နှုန်းအဆဒါဇင်အနည်းငယ်ကို ရောက်ရှိလာတယ်။
ချက်ချင်းပေါက်ကွဲမြန်နှုန်းနဲ့အကွာအဝေးရှည်ခရီးသွားမြန်နှုန်းက ကွဲပြားတယ်။
အကွာအဝေးရှည်ခရီးအတွင်း မြန်နှုန်းက တဖြည်းဖြည်းတိုးလာတယ်။ တစ်ယောက်ယောက်မှာ လုံလောက်တဲ့စွမ်းအင်ရှိသရွေ့ မြန်နှုန်းက ခန္ဓာကိုယ်အကန့်အသတ်အထိ တိုးလာလိမ့်မယ်။
ချက်ချင်းပေါက်ကွဲမြန်နှုန်းက ပေါက်ကွဲခွန်အားအပေါ် မူတည်တယ်။
နှစ်ဖက်ကြားအကွာအဝေးက မဝေးပါဘူး။ အလင်းမြန်နှုန်းအဆဒါဇင်အနည်းငယ်နဲ့အတူ အကွာအဝေးကို အခြေခံအားဖြင့် လစ်လျူရှုနိုင်ခဲ့တယ်။
အလင်းတစ်ခုလက်သွားပြီး စိုလော့က သမန်းဝံပုလွေလီဖူချန်းရဲ့အနောက်ကို ရောက်ရှိလာတယ်။
မဖြစ်နိုင်ဘူး" စိုလော့က ဆိုတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရပါပြီ။
စိုလော့ကို အခြားမျိုးနွယ်က အပိုင်းပိုင်းဆုတ်ဖြဲတယ်ဆိုရင် သူက သေလိမ့်မှာမဟုတ်ဘူး။
ဒါပေမယ့် သမန်းဝံပုလွေတစ်ကောင်ရဲ့အပိုင်းပိုင်းဆုတ်ဖြဲခြင်းက လုံးဝခြားနားတယ်။ သမန်းဝံပုလွေတွေရဲ့တိုက်ခိုက်မှုမှာ ဆုတ်ဖြဲခြင်းဥပဒေသပါဝင်တယ်။ သူတို့ဆုတ်ဖြဲလိုက်တဲ့ဘယ်အရာမဆို ပြန်ကောင်းလာဖို့ ခက်ခဲတဲ့အချိန်တစ်ခုရှိတယ် ဒါမှအဟုတ် ပြန်ကောင်းလာဖို့ မဖြစ်နိုင်ဘူး။
သူ့ရဲ့အသက်စွမ်းအားက အရူးအမူးထွက်သွားနေတာကို စိုလော့က ခံစားမိတယ်။
သူ့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်က လွတ်မြောက်ချင်ပေမယ့် သူ့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်လည်း ဆုတ်ဖြဲခံလိုက်ရတာကို သတိပြုမိတဲ့အခါ သူက စိတ်ပျက်သွားတော့တယ်။
အဆုံးမှာတော့ စိုလော့ရဲ့မျက်လုံးတွေက မှိတ်သွားတယ်။
“
"မင်း စိုလော့ကို သတ်လိုက်တာလား" ကွေ့စဲက သမန်းဝံပုလွေလီဖူချန်းကို လက်ညှိုးထိုးကာ မယုံကြည်နိုင်ဖြစ်နေတယ်။
ကွေ့စဲ၊ စိုလော့နဲ့ကွေ့လီတို့အားလုံးက အလယ်ဆင့်သူတော်စင်အရှင်တွေပါပဲ။ စိုလော့က အားအနည်းဆုံး၊ ကွေ့လီက အနည်းငယ်ပိုသန်မာပြီး ကွေ့စဲက အသန်မာဆုံးဖြစ်တယ်။
ဒါပေမယ့် သုံးယောက်လုံးက တူညီတဲ့ခွန်အားအဆင့်မှာ ရှိတယ်။
ကွေ့လီက စိုလော့ကို တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်မယ်လို့ ကွေ့စဲက မထင်ထားခဲ့ဘူး။
သူ့အမြင်အရ ကွေ့လီက အဆင့်မြင့်သူတော်စင်အရှင်တစ်ယောက်ဆိုရင်တောင် စိုလော့ကို တစ်ချက်တည်းသတ်ဖြတ်ဖို့က မဖြစ်နိုင်ပါဘူး။
"အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: သူတော်စင်အရှင်အဆင့်တွေကို အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်၊ အထက်တန်းနဲ့ အထွတ်အထိပ်လို့ ခွဲခြားထားတယ်)
"သူက အထက်တန်းသူတော်စင်အရှင်တစ်ယောက်များလား" ကွေ့စဲရဲ့နှလုံးသားမှာ ကြောက်လန့်မှုအရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
"ပြေးတော့" ကွေ့စဲက ပြန်လှည့်ကာ သူ့ဘဝတစ်လျှောက်အလျင်မြန်ဆုံးမြန်နှုန်းနဲ့ ပြေးခဲ့တယ်။
"မင်း လွတ်မြောက်မယ်လို့ ထင်နေတာလား"
ကွေ့စဲရဲ့အရှေ့မှာ သမန်းဝံပုလွေလီဖူချန်းက ချက်ချင်းထွက်ပေါ်လာတယ်။
"ကွေ့လီ၊ မင်းက စိုလော့ကို သတ်ခဲ့တယ်၊ ဒါက သေခြင်းအပြစ်ဒဏ်ပဲ။ ဝံပုလွေအရှင်က ဒါကို သိရင် သူက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး" ကွေ့စဲက ခြိမ်းခြောက်လိုက်တယ်။
"ငါ့ကို သတ်ဖို့စီစဉ်ခဲ့တဲ့သူတွေအားလုံး သေရမယ်။ ဝံပုလွေအရှင်ကို ငရဲမှာပဲ သွားပြောလိုက်" သမန်းဝံပုလွေလီဖူချန်းက ကွေ့စဲဆီ တစ်လှမ်းချင်းစိီ လျှောက်လာတယ်။
ကွေ့စဲက နောက်ကို အဆက်မပြတ်ဆုတ်နေတယ်၊ သူ့နှလုံးသားထဲရှိကြောက်ရွံ့မှုကလည်း အရှိန်ပြင်းထန်လာတယ်။ သူက မသေချင်သေးပါဘူး၊ သူက ငယ်ရွယ်သေးတယ်၊ သူက ရှေ့ဆက်အသက်ရှင်ဖို့ ခရီးအရှည်ကြီးရှိသေးတယ်။ သူ့အသံက တုန်လှုပ်နေကာ သူက ပြောလိုက်တယ်" ကွေ့လီ၊ ငါ့ကို ခွင့်လွှတ်ပေးပါ။ အဲဒါ ငါမဟုတ်ဘူး၊ မင်းကို သတ်ဖို့က စိုလော့ရဲ့အကြံပဲ၊ အဲဒါက ဝံပုလွေအရှင်ရဲ့အကြံလည်း ဖြစ်တယ်။ သူက မင်းရဲ့သွေးမျိုးဆက်ကို စိုးရိမ်ကြောက်ရွံ့တယ်၊ မင်းက တစ်နေ့မှာ သူ့ကို ကျော်ဖြတ်သွားမှာကို စိုးရိမ်တယ်။ ဒါကြောင့် မင်းကို သတ်ဖို့ သူက ငါတို့ကို လာဘ်ထိုးခဲ့တာပဲ"
"ငါ သိတယ်" သမန်းဝံပုလွေလီဖူချန်းရဲ့မျက်လုံးတွေက အံ့အားသင့်ခြင်းမရှိပါဘူး။
စွက် .....
သမန်းဝံပုလွေလီဖူချန်းက ကွေ့စဲရဲ့အနောက်မှာ ထွက်ပေါ်လာတယ်။
ဝုန်း......
ကွေ့စဲအထက်ရှိစွမ်းအင်အကာအကွယ်တစ်ခုက ကျိုးပျက်သွားတယ်။
ဒါက အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး သူ့ကို ဝံပုလွေအရှင်ဒရစ်က ပေးခဲ့တာပါ။
အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်မြင့်သူတော်စင်အရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုတစ်ခုကိုသာ တားဆီးနိုင်တာကတော့ ကံမကောင်းတာပါပဲ။ အဲဒါက အဲထက်ပိုသန်မာတဲ့တိုက်ခိုက်မှုတွေကို မရင်ဆိုင်နိုင်ပါဘူး။
ဗွမ်း .......
သွေးတွေ မပေါက်ကွဲထွက်လာပါဘူး၊ ကွေ့စဲက စိုလော့လို အပိုင်းအစတွေအဖြစ် ချက်ချင်းဆုတ်ဖြဲခံလိုက်ရတယ်။
"ကွေ့လီ၊ မင်း မရှုမလှသေပါစေလို့ ငါ မင်းကို ကျိန်စာတိုက်တယ်။ ဝံပုလွေအရှင်က မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး။ မင်းက သန်မာရင်တောင် ဝံပုလွေအရှင်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး......" ကွေ့စဲက ရူးသွပ်စွာ အော်လိုက်တယ်၊ သယ့အသံက ရုတ်တရက် တိုးလျသွားတယ်။
"ဝံပုလွေအရှင်၊ မင်း အဆင်ပြေမယ်လို့ ငါ ထင်တယ်" သမန်းဝံပုလွေလီဖူချန်းက ကွေ့စဲကို ဂရုမစိုက်ပါဘူး၊ အဲ့အစား သူက အဝေးကို လှည့်ကြည့်လိုက်တယ်။
ဟင်းလင်းပြင်က ဆုတ်ပြဲသွားပြီး ဝံပုလွေအရှင်ဒရစ်က ထွက်လာတယ်။
"ကွေ့လီ၊ ငါ မင်းကို အထင်သေးခဲ့မိတာပဲ" ဝံပုလွေအရှင်ရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့ ပြည့်နှက်နေတယ်။