← Chapters

ကောင်းကင်သံသရာကြယ်သင်္ချာ

Vol. 44 Ch. 605

ကောင်းကင်သံသရာကြယ်သင်္ချာ

Vol. 44 Ch. 605

ချင်မူ၊ ချီကျုံရီနှင့် ကျဲ့ဟွလီတို့ နတ်တောင်၏အရှေ့သို့ ရောက်လာကြသည်။ အထွတ်အမြတ်နတ်တောင်သည် ခံ့ညားထည်ဝါသော အရှိန်အဝါဖြင့် ခမ်းနားတင့်တယ်နေ၏။ ရွှေရောင်လွှမ်းသော နေရောင်ခြည်များသည် တောင်၏ပတ်ဝန်းကျင်တခွင် ဖြာကျလျက်ရှိရာ သူတို့မှာ တောင်ကို မော့ကြည့်ရင်း ရင်သပ်ရှုမောနေကြတော့သည်။

သုံးယောက်သား မဆင်မခြင် မပျံတက်ရဲကြသဖြင့် လမ်းလျှောက်တက်ရန်သာ ရွေးချယ်လိုက်ကြ၏။

တောင်လှေကားထစ်များက ရွှေရောင်အမိုး မိုးထားသော နန်းဆောင်ဆီသို့ ဦးတည်နေသည်။

သွေးစွန်းနေသော လှေကားထစ်များကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့လိမ့်မည်။

သွေးစွပ်ကြောင်းများအရ သွေးတို့သည် အပေါ်မှ စီးကျလာခဲ့ခြင်း ဖြစ်၏။

အများအားဖြင့် နတ်ဘုရားသွေးသည် ခမ်းခြောက်သွားလေ့ မရှိပေ။ နှစ်ပေါင်းတစ်သောင်း၊‌ နှစ်သောင်းကြာပြီးနောက်တွင်ပင် ကြောက်မက်ဖွယ် လှိုင်းဂယက်များကို ထုတ်လွှတ်နိုင်သေးသည်။ သို့ရာတွင် ဤနေရာတွင်မူ နတ်ဘုရားသွေးနှင့် မိစ္ဆာသွေးတို့မှာ အဆီအနှစ်များပင် မကျန်အောင် ခမ်းခြောက်သွားခဲ့ပြီး သွေးကွက်များသာ ကျန်ခဲ့၏။ ဤဖြစ်ရပ်မှာ အံ့အားသင့်ဖွယ်ကောင်းပေသည်။

ပို၍ပင် ထူးဆန်းသည်မှာ တိုက်ပွဲဖြစ်ပွားခဲ့သော ခြေရာလက်ရာများ မရှိခြင်းပင်။

ချင်မူက ရွှင်ပျော်ပျော်ဓားကို ထုတ်ကာ တောင်ဆီသို့ ခုတ်ချလိုက်သည်။ မီးပွားများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး တုန်ခါမှုကြောင့် သူ၏လက်နှစ်ဖက်လုံး ထုံကျင်သွား၏။ သို့တိုင်အောင် တောင်တွင် ‘အရာ’ တစ်ချက် မကျန်ခဲ့ပေ။

တောင်ထဲတွင် ဖော်ပြမတတ်သော စွမ်းအားတစ်ရပ် ကိန်းဝပ်နေပြီး အထွတ်အမြတ်နတ်တောင်ကို ကာကွယ်စောင့်ရှောက်ပေးနေသယောင် ထင်ရ၏။

“လော့ဖူကောင်းကင်ဘုံရဲ့ အရင်နတ်ဆိုးဘုရင်နဲ့ မိစ္ဆာနတ်ဘုရားတွေလည်း ဒီနေရာအထိ တက်လာခဲ့ပေမယ့် အမှတ်အသားတွေ၊ အရာတွေ မထားခဲ့နိုင်တာဖြစ်မယ်... ဒီတောင်ရဲ့ မူလအစက ဘာများပါလိမ့်” ချင်မူ ဇဝေ‌ဇဝါဖြစ်နေသည်။

ကျဲ့ဟွလီနှင့် ချီကျုံရီ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နှစ်ယောက်လုံး တစ်ယောက်အကြည့် တစ်ယောက်နားလည်သော်လည်း စကားတစ်ခွန်းမှ မပြောကြပေ။

ကျဲ့ဟွလီ၏အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး တစ်ယောက်တည်း တွေးနေ၏။ “အရင်နတ်ဆိုးဘုရင်တောင် ဒီတောင်ကို အရာထင်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ဒီတောင်က တကယ်ကြီး အစစ်လား.... အဲ့လိုလည်း ဟုတ်ပုံမရဘူး”

သူတို့ ရှေ့ဆက်သွားသည့်အခါ နတ်ဘုရားအလောင်းတစ်လောင်းက ရှေ့တွင် ပေါ်လာသည်။ အလောင်း၏ ‌အသွေးအသားများမှာ ခမ်းခြောက်နေပြီး၊ အဝတ်အစားများလည်း ဆွေးမြည့်နေပြီဖြစ်သည်။ အလောင်းတွင် လည်ပင်းရိုး သုံးချောင်းရှိပြီး ဦးခေါင်းခွံသုံးခုက မတူညီသော အရပ်မျက်နှာသုံးခုဘက်သို့ မျက်နှာမူနေသည်။ လက်ခြောက်ဖက်လည်း ရှိပြီး လက်တစ်ဖက်စီက နတ်လက်နက်များ ကိုင်ထား၏။

ချင်မူ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။

“တိုက်ပွဲကျသွားတဲ့ နတ်ဘုရားတစ်ပါးပဲ”

ချင်မူ၏မျက်၀န်းများ လင်းလက်သွားပြီး နတ်ဘုရား၏ လက်တစ်ဖက်ရှိ လက်နက်ဆီသို့ လှမ်းဆွဲလိုက်သော်လည်း လက်နက်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် နတ်လက်နက်သည် တမုဟုတ်ချင်း အမှုန့်ကြေသွား၏။

ချင်မူမှာ မှင်သက်သွားသည်။ လက်နက်ကို ဆုပ်ကိုင်ထားသော အရိုးစုလည်း ပြိုကွဲလာပြီး မကြာခင် အရိုးစုတစ်ခုလုံး မှုန့်မှုန့်ညက်ညက် ကြေသွား၏။ ကျန်လက်နက်များလည်း အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၍ သူ ယူချင်လျှင်ပင် မယူနိုင်တော့ပေ။

ကျဲ့ဟွလီက လမ်းလျှောက်လာကာ ဇဝေဇဝါဖြင့် ပြောလိုက်နေသည်။ “ရန်သူက သူ့ကို အမှုန့်ခြေလိုက်တာများလား”

ချီကျုံရီက ခေါင်းယမ်းလိုက်ပြီး သူ့လက်ချောင်းထိပ်ကို လှီးကာ ကျောက်လှေကားထစ်အပေါ် ရွှေရောင်သွေးစက်တစ်စက် ချလိုက်သည်။ ကျောက်လှေကားထစ်များက သူ့သွေးထဲရှိ အဆီအနှစ်အားလုံး စုပ်ယူလိုက်သည့်အလား သွေးသည် လျင်မြန်စွာ ခြောက်ကပ်သွား၏။

ချီကျုံရီ၏အမူအရာ လေးနက်သွားသည်။ “ဒီတောင်က သူ့ရဲ့အဆီအနှစ်အားလုံး စုပ်ယူလိုက်တာပဲ... နတ်လက်နက်တွေထဲက အဆီအနှစ်တွေတောင်မှ မကျန်ခဲ့ဘူး”

ချင်မူက လေးနက်စွာ ဝင်ပြောလိုက်သည်။ “နောင်တော်ချီ၊ ငါတို့အားလုံး ဒီဆန်းကြယ်ကြယ်အပေါ် တစ်ပြိုင်တည်း ဆွဲငင်ခံလိုက်ရတာနော်... မင်း တစ်ခုခု သိထားရင် ငါတို့ကိုလည်း ပြောပြပါ... ဒါမှ ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်း ရှာတွေ့မှာပေါ့”

ချီကျုံရီ၏ လက်ချောင်းထိပ်ရှိ အကွဲကြောင်းက အလိုအလျောက် ပြန်ကျက်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ခေါင်းယမ်းလိုက်၏။ “ငါက အောက်ဘုံကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာပါ.... ဒီကမ္ဘာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သိမှာလဲ... နောင်တော်ချင်၊ မနောက်ပါနဲ့”

ချင်မူမှာ သူ၏လက်ချောင်းထိပ်ကို ကြည့်ကာ အံ့အားသင့်သွားသည်။ သူ့ဒဏ်ရာက အနာကျက်ဆေး မလိုဘဲ အလိုအလျောက် ကျက်သွားလေသည်။ ယင်းက သူ၏ကျင့်စဉ်ကြောင့်လော... ထူးဆန်းသော ခန္ဓာဖွဲ့စည်းပုံကြောင့်လော။

ကျဲ့ဟွလီလည်း အံ့အားသင့်နေသည်။ ပန်းချီနတ်ဘုရားမြို့၏ အရှေ့တွင် တိုက်ခိုက်ခဲ့တုန်းက ချီကျုံရီ၏ ဒဏ်ရာများက အဆိုးဝါးဆုံး ဖြစ်ခဲ့သည်။ ချင်မူက သူ့ကို အပြင်းအထန် ရိုက်နှက်ခဲ့သည့်အပြင် ဓားဖြင့် ထိုးစိုက်ခဲ့ကာ သေလုမျောပါး ဖြစ်စေခဲ့၏။

သို့တိုင်အောင် ဤရက်ပိုင်းအတွင်း ချီကျုံရီက အကောင်းအတိုင်း ပြန်ဖြစ်သွားသလို၊ ကျင့်စဉ်စွမ်းအင် မလျော့နည်းသွားရုံသာမက ပို၍ပင် အားကောင်းလာခဲ့သေးသည်။

သုံးယောက်လုံး ရည်ရွယ်ချက်ကိုယ်စီဖြင့် ရှေ့ဆက်လျှောက်သွားကြသည်။ ကျောက်လှေကားထစ်များအထက်တွင် နတ်ဘုရားအလောင်း အရွယ်အစားမျိုးစုံ ရှိ၏။ တချို့က မိစ္ဆာနတ်ဘုရားများဖြစ်ပြီး တချို့က နတ်ဘုရားများဖြစ်သည်။

နတ်ဘုရားများတွင် ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက် ရှိကြပြီး အရိုးစုများကလည်း ဆင်တူသည့်အတွက် တစ်မျိုးနွယ်တည်းမှ ဖြစ်ကြလိမ့်မည်။

အလောင်းများ၏ အဆီအနှစ်၊ နတ်လက်နက်နှင့် မိစ္ဆာလက်နက်အားလုံး ဤနတ်တောင်၏ စုပ်ယူခြင်း ခံထားရသည်။ အစက်လေးတစ်စက်ပင် မကျန်ခဲ့၍ သူတို့ကို တစ်ချက်လေး သွားထိလိုက်လျှင် မှုန့်မှုန့်ညက်ညက် ကြေသွားတတ်သည်။

ကျဲ့ဟွလီက ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက်အလောင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်သွား၏။ သူက ချီကျုံရီဆီသို့ ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။ “ဒီအလောင်းတွေက ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားမျိုးနွယ်ကလား”

ချီကျုံရီ ခေါင်းယမ်းကာ ခပ်တိုးတိုး ပြန်ပြောလိုက်၏။ “ငါလည်း မသိဘူး.... ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်ဘုရားတွေတော့ ရှိပေမယ့် မျိုးနွယ်စုတစ်စုတော့ မဟုတ်ဘူး... ဒါ့အပြင် အတော်များများက ဒီမှာရှိနေတာ ဆိုတော့ ကောင်းကင်နတ်ဘုံက မဟုတ်လောက်ဘူးထင်တယ်... ဒီတောင်က..”

သူက ခေါင်းယမ်းလိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ တောင်ကမှ အစစ်ပါ.... ဒီတောင်က အတုဖြစ်သင့်ပေမယ့် ဘာလို့ ဒီလောက်ခိုင်ခံ့မာကြောနေတာပါလိမ့်”

သူ နားမလည်နိုင်ဖြစ်နေသည်။

ကျဲ့ဟွလီ၏အနောက်ရှိ မိစ္ဆာဓားမက မျက်လုံးဖွင့်ပြီး ဘေးဘီဝဲယာအား ကြည့်လေသည်။ မိစ္ဆာမျက်လုံးပင် မည်သည်ကိုမှ မမြင်ရပေ။

“ဒီနတ်တောင်က အစစ်လို့ မင်း ပြောချင်တာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ကျဲ့ဟွလီ စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

ချီကျုံရီ မော့ကြည့်လိုက်သည့်အခါ တောင်ထိပ်သို့ ရောက်တော့မည်ဖြစ်သော ချင်မူအား မြင်လိုက်ရသည်။ သူက အလျင်အမြန် ပြောလိုက်၏။ “ဒီတောင်က ထူးဆန်းတယ်... ငါတို့လည်း တက်ကြည့်ရအောင်... ရတနာတစ်ခုခု ရှိနေရင် သူ အရင်ဦးသွားလိမ့်မယ်”

သူတို့နှစ်ယောက် ကမန်းကတန်း လိုက်သွားကြသော်လည်း ကျောက်လှေကားထစ်များ၏ အဆုံးတွင် ရပ်နေသော ချင်မူ့ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်သား သူတို့ဘေးသို့ သွားလိုက်သည့်အချိန်တွင် ချင်မူ့အရှေ့၌ မတ်တပ်ရပ်နေသည့် မိစ္ဆာနတ်ဘုရားတစ်ပါးအား တွေ့လိုက်ရ၏။ မိစ္ဆာနတ်ဘုရား၏မျက်ခုံးမွှေးများက ရှည်လျားပြီး သူက အသွားသုံးခွ ဓားရှည်တစ်လက်အား ဆုပ်ကိုင်လျက် အချိန်မရွေး ခုတ်ချတော့မည့်အလား ထင်ရသည်။

ချီကျုံရီနှင့် ကျဲ့ဟွလီတို့ တောင့်တင်းသွားပြီး တစ်လက်မလေးပင် မလှုပ်ရဲတော့ပေ။

ချင်မူက ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ဤမိစ္ဆာနတ်ဘုရား၏ ဘေးသို့ သွားလိုက်သည်။ မျက်နှာ,နောက်တစ်ခု မြင်လိုက်ရ၏။ ဤမိစ္ဆာနတ်ဘုရားကို တစ်ပတ် ပတ်ကြည့်လိုက်သည့်အခါ ဤမိစ္ဆာနတ်ဘုရားတွင် အရှေ့၊ အနောက်၊ ဘယ်နှင့် ညာ၌ မျက်နှာလေးခု ရှိနေကြောင်း တွေ့လိုက်ရသည်။

သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နောင်တော်တို့၊ စိတ်ပူစရာမလိုပါဘူး... သူ သေသွားတာ ကြာပြီ... ငါ စောစောက ဒီကို တက်လာခဲ့တုန်းကလည်း သူ့ရဲ့ နောက်မျက်နှာကြီး ငါ့ကို စိုက်ကြည့်နေတာ မြင်လိုက်ရလို့ သူ့လက်ချက်နဲ့ သေရတော့မယ် ထင်ပြီး လိပ်ပြာလွင့်မတတ် ကြောက်သွားသေးတယ်”

ချီကျုံရီနှင့် ကျဲ့ဟွလီ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး သက်ပြင်းချလိုက်ကြသည်။ သူတို့တစ်ကိုယ်လုံး ချွေးများရွှဲနေချေသည်။

ကျဲ့ဟွလီက အလောင်းကို ပတ်ကြည့်ရင်း တအံ့တဩ ပြောလေသည်။ “မျက်နှာလေးဖက် မိစ္ဆာနတ်ဘုရားလား.... သူက နတ်ဆိုးဘုရင် ဖြစ်နေမလား... ဘာကြောင့် နန်းဆောင်ထဲ မဝင်ဘဲ ဒီမှာ ရပ်နေတာလဲ”

ချင်မူက အသေးစိတ်ကြည့်ကာ ပြော၏။ “မျက်နှာလေးဖက်.. ဖုရွေ့လော်ထက် တစ်ခုပိုတယ်.. မဟုတ်မှ ဖုရွေ့လော်နဲ့ ကျင့်စဉ်တူတာလား.. ဖုရွေ့လော်က သူ့အဆင့်အထိ မကျင့်ကြံရသေးတာများလား”

ချီကျုံရီလည်း ဤနတ်ဆိုးဘုရင်ကို လှည့်ပတ်၍ အသေးစိတ် ကြည့်နေသည်။ “မဟုတ်လောက်ဘူး... ဖုရွေ့လော်ရဲ့ နောက်စေ့မှာ နားရွက်တွေ ရှိတယ်.... သူ့မှာ လေးခုမြောက်မျက်နှာ မရှိဘူး... သူတို့က မျိုးနွယ်တူပေမယ့် ဇစ်မြစ်မတူတာ ဖြစ်မယ်... ဖုရွေ့လော်ရဲ့ ကျင့်စဉ်စွမ်းအင်က သူ့အောက် မနိမ့်ကျဘူး... ဒဏ်ရာက ဒီမှာပဲ”

သူက တစ်စုံတစ်ခုကို သတိထားမိလိုက်၍ မျက်နှာလေးဖက်နတ်ဆိုးဘုရင်၏ လည်ပင်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ ချင်မူ လှမ်းကြည့်လိုက်သည့်အခါ မျက်နှာလေးဖက်နတ်ဆိုးဘုရင်၏ လည်ပင်းအပေါ်တွင် မြင်ရန် ခဲယဉ်းသော ပါးလျလျ အနီရောင်အစင်းရာတစ်ခုကို မြင်တွေ့လိုက်ရ၏။

ဤနတ်ဆိုးဘုရင်သည် ဤနေရာအထိ ရောက်လာခဲ့စဉ် အလစ်တိုက်ခိုက်ခံလိုက်ရသဖြင့် လည်ပင်းပြတ်သွားခြင်း ဖြစ်မည်။

ချင်မူက ပါးစပ်ဟ၍ လေတစ်လုပ်အား မျက်နှာလေးဖက်နတ်ဆိုးဘုရင်၏ ဦးခေါင်းဆီသို့ မှုတ်ထုတ်လိုက်သည်။ နတ်ဆိုးဘုရင်၏ ဦးခေါင်းမှာ လိမ့်ဆင့်သွားပြီး ကြွေပန်းအိုးကွဲသွားသကဲ့သို့ ကျောက်လှေကားထစ်များအပေါ် ကျကွဲသွား၏။

ထို့နောက်တွင် ဤနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှာလည်း ကြွေသားဖြင့် ဖွဲ့တည်နေသကဲ့သို့ လျင်မြန်စွာ ကြေမွလာသည်။ သူ၏ရုပ်ခန္ဓာမှာ အခေါင်း‌ပေါက်ကြီး ဖြစ်နေပြီး အသွေးအသားတို့ မတည်ရှိတော့ပေ။ အပေါ်ယံအရေခွံကြီးသာ ကျန်ခဲ့ခြင်းဖြစ်သည်။

အသွားသုံးဖက်ဓားရှည်လည်း အစိတ်စိတ်အမြွှာြမွှာ ကွဲကြေသွားသည်။

ချင်မူ တုန်လှုပ်သွားပြီး နန်းဆောင်ဆီသို့ လှည့်ကြည့်လိုက်မိ၏။

မျက်နှာလေးဖက်နတ်ဘုရားသည် ဤနန်းဆောင်ထဲသို့ ဝင်တော့မည့်အချိန် ခေါင်းဖြတ်ခံလိုက်ရ၍ မူလဝိညာဉ်ပါ သေဆုံးသွားခြင်း ဖြစ်ချေသည်။

နန်းဆောင်က သူတို့အရှေ့တည့်တည့်၌ တံခါးပွင့်လျက် ရှိနေသည်။ အတွင်းမှာ မှောင်မည်းနေသော်လည်း တစ်ချက်တစ်ချက် လင်းလာတတ်၏။

ချီကျုံရီ၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး သူက မေးလေသည်။ “နောင်တော်ချင်၊ ငါတို့ ဝင်မှာလား... အထဲမှာ အန္တရာယ်တွေ ရှိလောက်တယ်”

ချင်မူက အံတင်းတင်းကြိတ်၍ ရှေ့သို့လျှောက်သွားကာ အလေးအနက် ပြောလိုက်သည်။ “နောင်တော်တို့၊ ငါ အရင်ကင်းထောက်ကြည့်မယ်... အန္တရာယ်ရှိရင် နောင်တော်တို့ ချက်ချင်း ထွက်ပြေးနိုင်အောင် အကြောင်းကြားပေးပါ့မယ်”

ချီကျုံရီ အံ့အားသင့်သွားပြီး ကျဲ့ဟွလီဆီသို့ ကြည့်လိုက်သည်။ ကျဲ့ဟွလီကလည်း သူ့ကို တအံ့တဩ ပြန်ကြည့်သည်။ လူငယ်လေးနှစ်ယောက် ဇဝေဇဝါ ဖြစ်သွား၏။ ချင်မူက သူတို့ကို သေအတူရှင်မကွာ မိတ်ဆွေများအဖြစ် သဘောထား၍  သူ့ကိုယ်သူ အန္တရာယ်ထဲ အကျခံနေသည်လော။

ချင်မူနှင့် သိပ်ထိတွေ့မဆက်ဆံဖူးသော်လည်း ချင်မူက ထိုကဲ့သို့ လူစားမျိုးမဟုတ်ကြောင်း သူတို့သိသည်။

အရှေ့တွင် ချင်မူက နန်းဆောင်ထဲသို့ ဝင်သွားပြီး ပျောက်ကွယ်သွားသည်။ မှိန်ပျပျနန်းဆောင်ထဲမှ အလင်းရောင်က တစ်ချက်တစ်ချက် လင်းနေတတ်၏။ ချီကျုံရီနှင့် ကျဲ့ဟွလီမှာ နန်းဆောင်တံခါးဝဆီသို့ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြပြီး အတွင်းရှိ လှုပ်ရှားမှုများအား ဂရုတစိုက် နားထောင်နေကြသည်။

ရုတ်တရက် မချိတင်ကဲ အော်ဟစ်သံကြီး ထွက်လာ၍ သူတို့နှစ်ယောက်လုံး ကြက်သီးဖြန်းဖြန်း ထသွားကြ၏။

ချင်မူ၏ ကြောက်လန့်နေသော အသံကြီး ထွက်လာသည်။ “ဒီမှာ....”

အသံက ရုတ်တရက် ပြတ်တောက်သွားသည်။

ချီကျုံရီနှင့် ကျဲ့ဟွလီတို့ တမုဟုတ်ချင်း တောင်အောက် ပြေးဆင်းသွားကြသည်။ နှစ်ယောက်လုံး အလွန်လျင်မြန်စွာ ရွေ့လျားနေသော အလင်းတန်းနှစ်တန်း ဖြစ်သွားကြ၏။

တောင်ပေါ်သို့ တက်ရန် တစ်နာရီ ကြာခဲ့သော်လည်း တောင်တစ်ဝက်ဆီသို့ ပြန်ဆင်းရန် အသက်တစ်ရှိုက်နှစ်ရှိုက်သာ ကြာလိုက်သည်။

ရုတ်တရက် ကျဲ့ဟွလီက ရပ်ကာ အလေးအနက် ပြောလိုက်သည်။ “နောင်တော်ချီ၊ ရပ်လိုက်.... တစ်ခုခု မူမမှန်ဘူး”

ချီကျုံရီ ခြေလှမ်းကို အလျင်အမြန် ရပ်၍ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် နောက်လှည့်ကြည့်လိုက်သည်။

ကျဲ့ဟွလီက သရော်တော်တော် ပြောလေသည်။ “သူ့အော်သံက အဲဒီလောက် ပြဲလန်နေတာ ဘယ်လိုလုပ် သေတော့မယ့်လူ ဖြစ်နိုင်မှာလဲ... ဒါ့အပြင် အရင်နတ်ဆိုးဘုရင်ကို သတ်နိုင်တဲ့လူက သူ့ကို အော်ချိန်ပေးမယ်ထင်လား”

ချီကျုံရီ မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်မိသည်။ “မင်းဆိုလိုတာက... တောင်ပေါ် မြန်မြန် တက်ကြစို့”

နှစ်ယောက်သား တောင်ပေါ် လျင်မြန်စွာ တက်လိုက်ကြပြီး နန်းဆောင်၏အရှေ့သို့‌ ရောက်သွားကြသည်။ ကျဲ့ဟွလီက အသက်ပြင်းပြင်းရှူ၍ မိစ္ဆာဓားမကို ဆုပ်ကိုင်လျက် နန်းဆောင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွား၏။

ချီကျုံရီကလည်း သူ့နောက်မှ လိုက်လာပြီး သူ့လည်ပင်းမှ ခေါင်းများထွက်လာသည်။ ခေါင်းများက ပတ်ဝန်းကျင်အား အထိတ်ထိတ်အလန့်လန့်ဖြင့် ကြည့်နေသည်။

နောက်ဆုံးတော့ သူတို့နှစ်ယောက် တံခါးဝသို့ ရောက်လာကြပြီး ချီကျုံရီ၏ ခေါင်းတစ်ခေါင်းက ဆန့်ထွက်သွားသည်။ ကျန်ခေါင်းများကတော့ ကျဲ့ဟွလီ၏အနောက်၌ ပုန်းနေကြ၏။

ခေါင်းက နန်းဆောင်ထဲသို့ သတိအနေအထားဖြင့် ကြည့်လိုက်သည့်အခါ မှင်သက်သွားတော့သည်။

နန်းဆောင်ထဲတွင် တွက်ချက်‌ရေးကိရိယာများ ထုတ်၍ ဆက်နေသော ချင်မူ့ကိုသာ မြင်ရလေသည်။ တွက်ချက်ရေးကိရိယာများက တွက်ချက်ရေးဝိညာဉ်လက်နက်တစ်ခုအဖြစ် ပေါင်းစည်းသွား၏။

ချီကျုံရီ အံတင်းတင်းကြိတ်၍ ခေါင်းကိုးခေါင်းကို ပြန်ပေါင်းလိုက်သည်။ သူက ကျဲ့ဟွလီအနောက်မှ ထွက်ကာ နန်းဆောင်ထဲ ဝင်လိုက်၏။ ကျဲ့ဟွလီလည်း သူ့နောက်မှ လိုက်ဝင်လာသည်။

လူငယ်လေးနှစ်ယောက် သရော်ပြုံးပြုံးလိုက်ကြ၏။ ချင်မူက ခေါင်းမော့၍ အံ့အားသင့်သွားဟန်ဖြင့် သူတို့ကို ပြုံးပြကာ ပြောလေသည်။ “နောင်တော်တို့နှစ်ယောက် ရောက်လာတာ အတော်ပဲ.... နန်းဆောင်ထဲမှာ သင်္ချာပုစ္ဆာတစ်ခု ရှိနေတဲ့အကြောင်း ပြောတော့မလို့ ပြင်နေတာ”

ချီကျုံရီက နှာခေါင်းရှုံ့၍ နန်းဆောင်အား အကဲခတ်သည်။ ဤနန်းဆောင်၏အလယ်တွင် ဓားများ၊ ဓားမများဖြင့် ဖွဲ့တည်ထားသော ဧရာမသံပလ္လင်ကြီးတစ်ဆူ ရှိကြောင်း မြင်လိုက်ရ၏။ ပလ္လင်ထက်၌ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားတစ်ပါး ထိုင်နေပြီး သူ၏လက်ငါးဖက်က သံပလ္လင်အား ဆုပ်ကိုင်ထားသည်။ ကျန်တစ်ဖက်က အရပ်မျက်နှာတစ်ခုဆီသို့ လက်ညှိုးထိုးနေ၏။

သူ၏ခေါင်းသုံးခေါင်းက မတူညီသော အရပ်မျက်နှာများသို့ မျက်နှာမူနေပြီး ပါးစပ်ကလည်း ပွင့်နေသည်။ မျက်လုံးများကလည်း ပြူးကျယ်ဝိုင်းစက်လျက် ရှိနေရာ အော်ဟစ်နေဟန်တူ၏။

သူ၏ခန္ဓာကိုယ်အသွေးအသားများမှာ ခမ်းခြောက်နေ၍ သူ၏အသွင်မှာ ပိန်ချုံး‌ခြောက်ကပ်နေသော အလောင်းသဖွယ် အရိုးပေါ် အရေတင် ဖြစ်နေချေသည်။ မျက်လုံးအိမ်များကလည်း ခြောက်ကပ်လျက် ရှိပြီး မျက်တွင်းထဲသို့ နစ်ဝင်နေသည်။ ရှုပ်ထွေးနေသော အနက်ရောင်မျက်ဆံများကိုသာ မြင်ရသည်။

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရား၏အရှေ့တွင် ဘူးအသေးလေးတစ်ဘူး လွင့်မျောနေသည်။ ၎င်းက ကျောက်စိမ်းဘူးတစ်ဘူး ဖြစ်ပြီး တိတ်ဆိတ်စွာ မျောလွင့်နေ၏။ အလင်းတန်းများက ဘူးလေးဆီမှ စိမ့်ထွက်နေပြီး ဘူးလေးအား ရစ်သိုင်းလှည့်ပတ်နေသည်။ အလင်းတန်းထဲ၌မူ ကြယ်သဏ္ဍာန်အစက်အပြောက် သဲမှုန်လေးများ ဖွဲ့တည်နေသည်။

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရား လက်ညှိုးထိုးနေသောဘက်သို့ ကြည့်လိုက်ရာတွင် အင်္ဂတေပန်းချီတစ်ခု ရေးဆွဲထားသော နံရံကို မြင်လိုက်ရသည်။ ပန်းချီက နံရံတစ်ခုလုံးအပြည့် နေရာယူထားပြီး ကြယ်အစုအဝေးတစ်စုအား ဖော်ပြထား၏။ ထိုကြယ်အစုအဝေး၏ အလယ်တွင် မြေပြင်တစ်ခုအား ပုံဖော်ထားပြီး မြေပြင်အပေါ်တွင် အလွှာအထပ်ထပ် ရှိနေသော ကောင်းကင်ဘုံများကို ရေးဆွဲထားသည်။

“ဘူးကို လည်နေတဲ့ ကြယ်တွေက သင်္ချာပုစ္ဆာ ဟုတ်နေတာပဲ”

ချီကျုံရီမှာ ဂရုတစိုက် ကြည့်ကာ တအံ့တဩ အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်သံသရာကြယ်သင်္ချာ... ကျဲ့ဟွလီ ဝိညာဉ်အစောင့်အဖွဲ့မှာတုန်းက ဒါကို သင်ခဲ့ရတယ်မလား”

ကျဲ့ဟွလီက ခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာ လေးနက်သွားသည်။ “ကောင်းကင်သံသရာကြယ်သင်္ချာ ဟုတ်တယ်... ဒီကြယ်ပန်းချီက သင်္ချာပုစ္ဆာပဲ... ကြယ်အစုအဝေးနဲ့ ဆက်စပ်နေပြီး အသတ်ဖြတ်ဝင်္ကပါတစ်ခု ဖန်တီးထားတဲ့ ပုစ္ဆာမျိုး... ပုစ္ဆာကို ဖြေနိုင်ရင် သင်္ချာဝင်္ကပါထဲ ဝင်ပြီး ဒီဘူးကို ယူနိုင်မယ်”

နှစ်ယောက်သား တွက်ချက်ရေးကိရိယာမျိုးစုံ ထုတ်ကာ လျင်မြန်စွာ တွက်ချက်ကြတော့သည်။

ဤအခိုက်အတန့်တွင် ချင်မူက ထရပ်လိုက်ပြီး တွက်ချက်ရေးကိရိယာတို့အား ထောင်ကျယ်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

“နောင်တော်တို့ တွက်နေစရာမလိုတော့ဘူး... အဖြေက နှစ် ၃၃၀၀၀၀”

ချင်မူက ရှေ့သို့လျှောက်သွားပြီး ဘူးအသေးလေးအား လွှမ်းခြုံနေသော မဟာကောင်းကင်သံသရာကြယ်ဝင်္ကပါကို ကြည့်လိုက်သည်။ “ဒါက လွန်ခဲ့တဲ့ နှစ် ၃၃၀၀၀၀ က ကြယ်မြေပုံပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နက္ခတ်တာရာ သဘာဝနဲ့တော့ အနည်းငယ် ကွဲတယ်... ပြောရမှာတော့ ရှက်ပေမယ့် စောစောက ဒီပုစ္ဆာကို ဖြေရှင်းနိုင်လိုက်တုန်းက တာအိုဂိုဏ်းရဲ့ ဆယ့်လေးခန်းမြောက် တာအိုဓားအစစ်ကိုလည်း စဉ်းစားနိုင်ခဲ့တယ်”

သူက မျက်ခုံးများပင့်ကာ နံရံပေါ်ရှိ ပန်းချီဘက်သို့ လှည့်လိုက်သည်။ ထို့နောက် ပြုံးလျက် ပြောလေသည်။ “ဒါ့အပြင် အံ့ဩစရာအချက်တစ်ချက်ကိုတောင် တွေ့လိုက်ရသေးတယ်... ဒီနံရံပေါ်က ကြယ်အစုအဝေးက လွန်ခဲ့တဲ့ နှစ် ၃၃၀၀၀ ၀က မဟာမြို့ပျက်ရဲ့ တောင်ပိုင်းမှာ ရှိတဲ့ ကြယ်အစုအဝေးတဲ့လေ... ဒီကြယ်အစုအဝေးကို ကြည့်တဲ့ နေရာကတော့ တောင်ပင်လယ်နားမှာပဲ ... ထူးဆန်းတယ်ထင်လား... မထူးဆန်းဘူးထင်လား... ဒီခေါင်းသုံးလုံး လက်ခြောက်ဖက်နတ်ဘုရားက လွန်ခဲ့တဲ့ နှစ် ၃၃၀၀၀၀ တုန်းက မဟာမြို့ပျက်ရဲ့ တောင်ပင်လယ်ဆီက နတ်ဘုရားပဲ”

ချီကျုံရီနှင့် ကျဲ့ဟွလီက တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ မဟာကောင်းကင်သံသရာကြယ်ဝင်္ကပါထဲသို့ တမုဟုတ်ချင်း ဝင်၍ ဘူးအသေး‌လေးဆီသို့ လက်လှမ်းလိုက်ကြ၏။

“သေစမ်း မှားတွက်မိလိုက်ပြီ”

ကြယ်မြေပုံပန်းချီ၏ အရှေ့၌ ချင်မူက သူ့ခေါင်းသူ ရိုက်ကာ ခြေဆောင့်နင်းလိုက်သည်။ “ နှစ် ၃၅၀၀၀၀ ဖြစ်ရမှာဟ.... နောင်တော်တို့၊ မင်းတို့တွေ... ဟမ် အထဲတောင် ရောက်နေကြပြီလား... ဘယ်လိုလုပ်ရမလဲ”

၎

င

၎

၎

All Chapters