အမှောင်သမန်းဝံပုလွေ
Vol. 66 Ch. 909
ဝံပုလွေအရှင်ဒရစ်က ဂလင်းမာမြို့ထဲရှိအသန်မာဆုံးသမန်းဝံပုလွေပါပဲ။ ဒါပေမယ့် တစ်ယောက်မှ သူ့ရဲ့ခွန်အားကို မခန့်မှန်းနိုင်ပါဘူး။
တကယ်တော့ အထွတ််ထိပ်သူတော်စင်အရှင်တွေကြားမှာ ခွန်အားခြားနားချက်တွေရှိတယ်။
ဝံပုလွေအရှင်က သမန်းဝံပုလွေလီဖူချန်းဆီ တိုးလာနေရင်း သူက ပြောလိုက်တယ်"တကယ်တော့ မင်းက မပြန်လာခဲ့သင့်ဘူး။ ဘာလို့လဲ"
သမန်းဝံပုလွေလီဖူချန်းက မပြန်လာရင် သူက မသေသေးဘူးဆိုတာကို ဝံပုလွေအရှင်ဒရစ်က မသိဘူး။ လက်စားချေဖို့အတွက်ကတော့ ဖြစ်နိုင်မယ်လို့ ဝံပုလွေအရှင်က မတွေးထားဘူး။
ပြန်ပြောရရင် ကွေ့လီက အလယ်ဆင့်သူတော်စင်အရှင်တစ်ယောက်ဖြစ်ပြီး ဒရစ်က အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ဖြစ်တယ်။ ဒရစ်က အထွတ်အထိပ်သူတော်စင်အရှင်တွေကြားမှာတောင် ပြောင်မြောက်တယ်။ ကွေ့လီကို နှစ်တစ်သိန်းအချိန်ပေးရင်တောင် လက်စားချေဖို့က ဖြစ်နိုင်လိမ့်မှာမဟုတ်ဘူး။
သမန်းဝံပုလွေလီဖူချန်းက မဖြေပါဘူး၊ သူက ပြန်မေးလိုက်တယ်"ငါ့ရဲ့သွေးမျိုးဆက်အလားအလာကြောင့် မင်းက ငါ့ကို သတ်ခဲ့တာလား"
ဝံပုလွေအရှင်က အံ့ကြိတ်လိုက်တယ်"အဲဒါက အဓိကအကြောင်းပြချက်တွေထဲကတစ်ခုပဲ။ အခြားအကြောင်းပြချက်ကတော့ ငါ မင်းကို မုန်းလို့ပဲ"
သူက ဖီးလီကို နှစ်နှစ်ကာကာချစ်မြတ်နိုးတယ်၊ ဒါပေမယ့် တစ်ချိန်က ဖီးလီက ကွေ့လီနဲ့ အချစ်စုံတွဲဖြစ်ခဲ့တယ်။ ဒရစ်က ဒါကို စဉ်းစားမိတိုင်း သူက သက်သောင့်သက်သာမရှိသလို ခံစားရတယ်။
ကွေ့လီကို သတ်မှ သူ့ရဲ့စိတ်က သက်သောင့်သက်သာရှိလာမှာကို သူ သိခဲ့တယ်။
"ငါ သိပြီ" သမန်းဝံပုလွေလီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
"မင်း သေတော့မယ်၊ မင်းမှာ နောက်ဆုံးစကားလေးများ ရှိမလား" ဝံပုလွေအရှင်က မေးလိုက်တယ်။
ဝံပုလွေအရှင်ရဲ့မျက်လုံးတွေထဲမှာ သမန်းဝံပုလွေလီဖူချန်းက လူသေတစ်ယောက်ပါပဲ။
သမန်းဝံပုလွေလီဖူချန်းက ကွေ့စဲနဲ့စိုလော့တို့ကို ချက်ချင်းသတ်ဖြတ်နိုင်တော့ရော ဘာဖြစ်လဲ။ သူတို့နှစ်ယောက်က ဘယ်အချိန်မဆိုဖယ်ရှားနိုင်တဲ့သူ့ရဲ့အစေခံတွေပါပဲ။
ကွေ့လီကို စမ်းသပ်ဖို့ ဒရစ်က စိုလော့နဲ့ကွေ့စဲတို့ကို ဒီမစ်ရှင်အနွက် စေလွှတ်လိုက်တာပါ။
ကွေ့လီက သူတို့နောက်ကို မလိုက်သွားရင်တော့ အဆင်ပြေပါတယ်၊ သူ လိုက်သွားရင်တော့ ဒရစ်က ဒီနေရာမှာပဲ ကိစ္စကို အဆုံးသတ်ပေးရလိမ့်မယ်။
"မင်းပဲ မင်းရဲ့နောက်ဆုံးစကားကို ချန်ထားရမယ့်ပုဂ္ဂိုလ်လို့ ငါ ထင်တယ်။ဖီးလီက မင်း ဒီနေရာမှာ ရှိတာကို မသိဘူးလေ"
"သေခါနီးနေတာတောင် မင်းက အကြောတင်းနေတုန်းပဲ"
ဝံပုလွေအရှင်ရဲ့မျက်လုံးတွေက လျှပ်တစ်ပြက်လက်သွားပြီး ဝံပုလွေအရှင်များစွာက နေရာတိုင်းမှာ ဖြစ်တည်လာတယ်။
"သေစမ်း" မရေမတွက်နိုင်တဲ့လက်သည်းပုံရိပ်တွေက သမန်းဝံပုလွေလီဖူချန်းဆီ ပြေးဝင်လာတယ်။
လက်သည်းပုံရိပ်တွေက မုန်တိုင်းတစ်ခုကို ဖြစ်စေခဲ့တယ်။
ဝုန်း ဒုန်း.....
ဟင်းလင်းပြင်က ဆုတ်ပြဲသွားတယ်။
သမန်းဝံပုလွေတွေရဲ့ဆုတ်ဖြဲခြင်းဥပဒေသက အရာအားလုံးကို ဆုတ်ဖြဲဖို့တည်ရှိနေတယ်။
ဝံပုလွေအရှင်ရဲ့ဆုတ်ဖြဲခြင်းဥပဒေသက ပိုတောင် ကြမ်းတမ်းတယ်။ သူ့ရဲ့လက်သည်းထိမှန်တဲ့ဘယ်သူမဆို အပိုင်းပိုင်းဆုတ်ဖြဲခံရပြီး ပြန်ကောင်းလာနိုင်လိမ့်မှာမဟုတ်ဘူး။
"အချိန်ကျပြီ" လက်သည်းပုံရိပ်တွေက သမန်းဝံပုလွေလီဖူချန်းမှ ပျံ့နှံ့လာပြီး ဝံပုလွေအရှင်ရဲ့လက်သည်းပုံရိပ်တွေနဲ့ ရင်ဆိုင်လိုက်တယ်။
အခုတဆိုရင် ဟင်းလင်းပြင်က မဖော်ပြနိုင်လောက်အောင်ဆိုးဆိုးဝါးဝါးဆုတ်ပြဲနေတယ်။
"သူက တကယ်ပဲ အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ရဲ့အဆင့်မှာ ရှိနေတာလား"
မတိုက်ခင်ကတော့ ဝံပုလွေအရှင်က အများကြီးမတွေးခဲ့ပါဘူး။ ဒါပေမယ့် တိုက်ကွက်တွေထိပ်တိုက်တွေ့ပြီးနောက် ဝံပုလွေအရှင်က ချက်ချင်း ထိတ်လန့်သွားတယ်။
သမန်းဝံပုလွေလီဖူချန်းက အထက်တန်းသူတော်စင်အရှင်တစ်ယောက်သာ ဖြစ်ရမယ်လို့ ဝံပုလွေအရှင်က ယူဆထားခဲ့တယ်။
သေမင်းလက်ထဲမှ လွတ်မြောက်လာပြီးနောက် သမန်းဝံပုလွေလီဖူချန်းက အဆင့်သုံးဆင့်ထိ ချိုးဖြတ်နိုင်မယ်လို့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။ အလယ်ဆင့်သူတော်စင်အရှင်တစ်ယောက်မှ အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်သို့ မြင့်တက်လာခြင်း။
"ဒီနေ့၊ မင်း သေရမယ်" ဝံပုလွေအရှင်က ဒေါသကြောင့် အော်လိုက်တယ်။
သွေးမျိုးဆက်အလားအလာက ပေါက်ကွဲပြီးသူ့ကိုကျော်ဖြတ်သွားမှာကို စိုးရိမ်တာကြောင့် ဝံပုလွေအရှင်က ကွေ့လီကို သတ်ဖို့ စီစဉ်ခဲ့တယ်။
သူ့ရဲ့အကြံအစည်ကြောင့် ကွေ့လီရဲ့သွေးမျိုးဆက်အလားအလာက တကယ်ပေါက်ကွဲထွက်လာမယ်လို့ ဝံပုလွေအရှင်က ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။
သေမင်းနှုတ်ခမ်းဝမှာ တစ်စုံတစ်ယောက်ရဲ့အလားအလာထွက်ပေါ်လာဖို့ အလွန်လွယ်ကူပါတယ်။
သမန်းဝံပုလွေလီဖူချန်းက သေမင်းနှုတ်ခမ်းဝမှာ အလားအလာပေါက်ကွဲထွက်လာမှန်း သေချာတယ်။
ဒါပေမယ့် ဒါကပဲ ကွေ့လီကိ သတ်ဖို့ ပိုကောင်းတဲ့အကြောင်းပြချက်တစ်ခုကို ဝံပုလွေအရှင်ကို ပေးခဲ့တယ်။ သူက ကွေ့လီကို အခုမသတ်ရင် သူက အနာဂတ်မှာ ငြိမ်းချမ်းတဲ့နေ့ရက်တွေ တစ်ခုမှရှိလာမှာမဟုတ်ဘူး။
လက်သည်းဒဏ်ရာတစ်ခုက သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး သွေးတွေ ပန်းထွက်သွားတယ်။
ဝံပုလွေအရှင်ဒရစ်က ကျော်ကြားလာတာ ကြာပါပြီ။ မြန်နှုန်းဖြစ်စေ၊ စွမ်းအားဖြစ်စေ သူက သမန်းဝံပုလွေလီဖူချန်းထက် သိသိသာသာပိုသန်မာတယ်။
"ကွေ့လီ၊ မင်းက အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ။ ငါ့မျက်လုံးထဲမှာ မင်းက ငတုံးတစ်ကောင်ပဲ။ ငါက မင်းရဲ့ဇနီးနဲ့ကလေးကို သတ်ဖို့လွှတ်ခဲ့တဲ့လူဆိုတာရော သိရဲ့လား။ မင်းရဲ့အကိုမာဂတ်ကိုလည်း ငါပဲ အမိန့်ပေးပြိးသတ်ခိုင်းခဲ့တယ်။ အစကတော့ ငါ သူ့ကို မသတ်ချင်ခဲ့ပါဘူး၊ ဒါပေမယ့် သူက ငါ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့တာလေ။ ဟားဟား၊ မင်း ထိတ်လန့်သွားလားဒါမှမဟုတ်အံ့ဩသွားလား။ မင်းမှာ အသိတရားအချို့ရှိရင် ငရဲကို သွားပြီး သူတို့နဲ့သွားနေလိုက်တော့" ဝံပုလွေအရှင်က အားပါးတရရယ်လိုက်လေတယ်။
ဝံပုလွေအရှင်၊ မင်းက ငရဲသွားရမယ့်လူပဲ"
သမန်းဝံပုလွေလီဖူချန်းလည်း ဝံပုလွေအရှင်အပေါ်မှာ လက်သည်းရာတစ်ခုကို ချန်ထားခဲ့တယ်။
ဒါပေမယ့် လက်သည်းရာက မနက်ပါဘူး၊ အရေပြားကို ယားယံစေရုံမျှသာပါပဲ။
"မင်းက အတော်လေး စိတ်ခိုင်မာတာပဲ" ဝံပုလွေအရှင်က အတော်လေးအံ့အားသင့်တယ်။ သူက ကွေ့လီကို ဒေါသထွက်စေချင်ခဲ့တယ်၊ သူ့ကို ဒေါသထွက်အောင်လုပ်ပြီး အားနည်းချက်တွေ ထွက်ပေါ်လာစေချင်ခဲ့တယ်။
"ဒါပေမယ့် အဲ့တော့ရော ဘာဖြစ်လဲ။ မင်း သေရတော့မယ်။ သွေးလလက်သည်း....."
သွေးလတစ်ခုက ဝံပုလွေအရှင်ရဲ့အနောက်မှာ ထွက်ပေါ်လာတယ်။ ပြီးနောက် ချက်ချင်းပဲ သွေးလက်သည်းတစ်ခုက သမန်းဝံပုလွေလီဖူချန်းဆီ ပျံသန်းလာတယ်။
ဖြောက်......
လက်သည်းရာငါးချက်က သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ်မှာ ထွက်ပေါ်လာတယ်။ မာကျောကြမ်းတမ်းတဲ့ခန္ဓာကိုယ်မရှိရင် လက်သည်းတိုက်ကွက်က သမန်းဝံပုလွေလီဖူချန်းကို အပိုင်းပိုင်းဆုတ်ဖြဲသွားပါလိမ့်မယ်။
"မင်း ဘယ်လောက်ခံနိုင်ရည်ရှိသလဲကို ကြည့်ရတာပေါ့။ သွေးလလက်သည်းတရစပ်......"
ဝံပုလွေအရှင်က သမန်းဝံပုလွေလီဖူချန်းထံ သွေးလက်သည်းအကန့်အသတ်မရှိကို ထုတ်ဖော်ခဲ့တယ်။
ဝူး......
ကြောက်မက်ဖွယ်ရာအူသံတစ်ခုထွက်လာပြီး သမန်းဝံပုလွေလီဖူချန်းက ရွှေရောင်ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းသွားတယ်။ ကြောက်စရာကောင်းတဲ့ရွှေရောင်ချီလှိုင်းတွေက ပေါက်ကွဲထွက်လာနေတယ်။
"မင်းပဲ ပြောင်းနိုင်မယ်လို့ မင်း ထင်တာလား" ဝံပုလွေအရှင်လည်း ရွှေရောင်သမန်းဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းသွားတယ်၊ သူက သမန်းဝံပုလွေလီဖူချန်းထက် ပိုကောင်းတယ်။
ရွှေရောင်သမန်းဝံပုလွေတွေအဖြစ် ပြောင်းသွားပြီးနောက် သူတို့နှစ်ယောက်ရဲ့စွမ်းအားနဲ့မြန်နှုန်းက နောက်တစ်ဆင့်ကို ရောက်ရှိသွားခဲ့တယ်။ ဆုတ်ဖြဲခြင်းဥပဒေသတွေက ပိုစုစည်းလာပြီးပိုကြောက်စရာကောင်းလာတယ်။ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေက လုံလုံလောက်လောက်မာကျောမှုမရှိရင် သူတို့က တစ်ယောက်ကိုတစ်ယောက် အပိုင်းပိုင်းဆုတ်ဖြဲခဲ့ပြီးပါပြီ။
"ကွေ့လီ၊ မင်းမှာ အခွင့်အရေးတစ်ခုမှ မရှိတော့ဘူး" ဝံပုလွေအရှင်က သမန်းဝံပုလွေလီဖူချန်းကို လုံးဝဖိနှိပ်နေတယ်။
ရွှေရောင်သမန်းဝံပုလွေတွေမှာလည်း ခြားနားချက်တွေရှိတယ်။
လက်သည်းဒဏ်ရာတွေ ပိုထွက်ပေါ်လာပြီး သမန်းဝံပုလွေလီဖူချန်းရဲ့ကြီးမားတဲ့ခန္ဓာကိုယ်က ဝံပုလွေအရှင်ရဲ့ကန်ချက်ကြောင့် လွင့်ထွက်သွားတယ်။ သမန်းဝံပုလွေလီဖူချန်းက ဟင်းလင်းပြင်ထဲမှာ ခုနှစ်ပတ်ရှစ်ပတ်လောက်လူးလိမ့်ပြီးမှ ရပ်တန့်နိုင်ခဲ့တယ်။
"ဝံပုလွေအရှင်က တကယ်ပြောင်မြောက်တာပဲ" သမန်းဝံပုလွေလီဖူချန်းက တည်ငြိမ်တဲ့မျက်လုံးတွေနဲ့အတူ ထရပ်လိုက်တယ်။
"ကွေ့လီ၊ တည်ငြိမ်ဟန်ဆောင်နေတာတွေ ရပ်တော့။ ငါ မင်းကို အခွင့်အလမ်းတစ်ခုမှ ပေးမှာ မဟုတ်ဘူး" လီဖူချန်းရဲ့တည်ငြိမ်တဲ့မျက်လုံးတွေကို မြင်ပြီး ဘာလို့သူကမချင့်မရဲဖြစ်နေသလဲကို ဝံပုလွေအရှင်က မသိပါဘူး။
"ဝံပုလွေအရှင်၊ မင်းက ငါ့ရဲ့သွေးမျိုးဆက်အလားအလာကြောင့် ကြောက်ရွံ့နေတာလား။ ဒီနေ့ ငါ မင်းကို အစစ်အမှန်သမန်းဝံပုလွေသွေးမျိုးဆက်ကို မြင်တွေ့ခွင့်ပေးမယ်"
စွမ်းအင်ကို သွေးရဲ့အနက်ပိုင်းထဲသို့ ထည့်သွင်းပြီး နောက် သမန်းဝံပုလွေလီဖူချန်းက အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ကို စတင်အသက်သွင်းလိုက်တယ်။
ဝုန်း......
ဟင်းလင်းပြင်က ဒေါသထွက်နေတဲ့ပင်လယ်တစ်ခုအလား ဖြစ်နေတယ်။ ဝံပုလွေအရှင်ကတောင် မြဲမြံစွာ မရပ်နိုင်တော့ပါဘူး။
ဖြောက်.......
ဝံပုလွေအရှင်ရဲ့မျက်လုံးထဲမှာ သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်က သိသိသာသာပိုကြီးမားလာတယ်။ ရွှေရောင်ချီလှိုင်းတွေက ပင်လယ်တစ်ခုပမာ ကြီးမားလာတယ်၊ မဟုတ်ဘူး၊ အဲဒါက ကြီးမားကျယ်ပြန့်တဲ့ကြယ်ကောင်းကင်တွေနဲ့ တူတယ်။ ရွှေရောင်ချီလှိုင်းတွေထဲမှာ အနက်ရောင်အလင်းရှိတယ်။ အနက်ရောင်အလင်းက ဝံပုလွေအရှင်ကို အလွန်အမင်းကြောက်ရွံ့တဲ့ခံစားချက်တစ်ခု ပေးစွမ်းတယ်။ သူက အနက်ရောင်အလင်းကို ထိတွေ့မိရင် ပြာဖြစ်သွားလိမ့်မယ်လို့ သူက သဲသယရှိတယ်။
"အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်" သမန်းဝံပုလွေရဲ့နှုတ်ခမ်းတွေက သွေးတွေ စီးဆင်းနေတယ်၊ သူက သူ့ကိုယ်သူကိုက်လိုက်မိတယ်။
"မဖြစ်နိုင်ဘူး၊ ဒါက အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်သေချာပေါက်မဟုတ်ဘူး။ မင်းရဲ့သွေးမျိုးဆက်အလားအလာက ကြီးမားရင်တောင် မင်းအနေနဲ့ အချိန်တိုအတွင်းမှာ အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ကို အသက်သွင်းဖို့က မဖြစ်နိုင်ဘူး" ဝံပုလွေအရှင်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သွေးရူးသွေးတန်းအမူအရာဖြစ်နေတယ်။
အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်က သမန်းဝံပုလွေမျိုးနွယ်ရဲ့အဆုံးစွန်းသွေးမျိုးဆက်ဖြစ်တယ်။ အဲဒါကို အပြည့်အဝအသက်သွင်းပြီးတာနဲ့သမန်းဝံပုလွေက သမန်းဝံပုလွေကောင်းကင်ဘုံအရှင်ဖြစ်လာလိမ့်မယ်။ အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ရဲ့အရိပ်အယောင်တစ်ခုကို အသက်သွင်းရင်တောင် ခွန်အားအဆင့်က ထူးကဲတဲ့အဆင့်တစ်ခုအထိ တိုးလာလိမ့်မယ်။ အရိပ်အယောင်ကို အသက်သွင်းခြင်း၊ အပြည့်အဝအသက်သွင်းခြင်းတို့က တူညီတဲ့စွမ်းအားကို အခြေခံအားဖြင့် ထောက်ပံ့ပေးလိမ့်မယ်၊ ခြားနားချက်ကတော့ တိုက်ပွဲထဲရှိအချိန်အကန့်အသတ်ဖြစ်ပေတယ်။
ကွေ့လီရဲ့ဘိုးဘေးတွေမှာ သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တစ်ယောက်ရှိခဲ့တယ်၊ တစ်ယောက်ထက်တောင်ပိုချင်ပိုနိုင်တယ်။ အဲ့ဒါကြောင့် ကွေ့လီက အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ကို ပိုင်ဆိုင်တာကို ဝံပုလွေအရှင်က သိခဲ့တယ်။
ဒါက သူ ဘာကြောင့် ကွေ့လီကို သတ်ရခြင်းအကြောင်းပြချက်ဖြစ်တယ်။
"အရာအားလုံးက တကယ်မဟုတ်ဘူး၊ သေစမ်း....." ဝံပုလွေအရှင်က ရူးသွပ်စွာ အော်လိုက်တယ်၊ သူက သမန်းဝံပုလွေလီဖူချန်းထံ တစ်ဟုန်ထိုးပြေးဝင်လာတယ်။
"အဆုံးသတ်ဖို့အချိန်ကျပြီ" သမန်းဝံပုလွေလီဖူချန်းမှာ တည်ငြိမ်တဲ့မျက်လုံးတွေရှိပြီး သူက လက်တစ်ချောင်းနဲ့ ထိုးဖောက်လိုက်တယ်။
ဝံပုလွေအရှင်ရဲ့နဖူးက ချက်ချင်း ပေါက်သွားတယ်။ ပြီးနောက် ဒရစ်ရဲ့ခန္ဓာကိုယ်က ပြန့်ကျဲနေတဲ့အနက်ရောင်အရာဝတ္ထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့တယ်။
အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ရှိခြင်းမရှိခြင်းကြားမှာ ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတယ်။ အဲဒါကို အသက်မသွင်းခဲ့ရင် သမန်းဝံပုလွေလီဖူချန်းက ဝံပုလွေအရှင်ထက် သိသိသာသာနိမ့်ကျတယ်။ ဒါပေမယ့် အဲဒါကို အသက်သွင်းပြီးနောက် ဝံပုလွေအရှင်က လက်ချောင်းထိုးဖောက်မှုတစ်ခုကိုတောင် မခုခံနိုင်တော့ပါဘူး။
လက်ရှိသမန်းဝံပုလွေလီဖူချန်းရဲ့ခွန်အားက အနည်းဆုံးအဆတစ်ရာလောက် တိုးမြင့်လာတယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင်တောင် သူက အကွက်အနည်းငယ်ယှဥ်ပြိုင်ဖို့ ယုံကြည်ချက်ရှိတယ်။
ဒါပေမယ့် အဲဒါက အကွက်အနည်းငယ်ပါပဲ။
သူ့ရဲ့အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ထဲရှိအနက်ရောင်အက္ခရာတွေက ဆယ်ဘီလီယံကျော်ထိ ခွဲထုတ်ထားတယ်၊ အလုံးစုံသွေးမျိုးဆက်နဲ့နှိုင်းယှဉ်ရင် အဲဒါက အရိပ်အယောင်တစ်ခုမျှပါပဲ။ ဒီအမှောင်သမန်းဝံပုလွေသွေးမျိုးဆက်အရိပ်အယောင်က တိုက်ပွဲမှာ ကြာရှည်စွာ မတည်ရှိနိုင်ပါဘူး။ အမှောင်သမန်းဝံပုလွေစွမ်းအင်ကုန်ဆုံးသွားတာနဲ့ သူက သူ့ရဲ့မူလပုံစံကို ပြန်ရောက်သွားလိမ့်မယ်။
"သူတို့ရဲ့ကြွယ်ဝမှုကို အရင်ဆုံး စစ်ဆေးကြည့်တာပေါ့"
လူသားပုံစံပြန်ပြောင်းပြီးနောက် သမန်းဝံပုလွေလီဖူချန်းက နေရာလပ်လက်စွပ်သုံးခုကို ဆွဲယူလိုက်တယ်။
ပထမ သူက စိုလော့ရဲ့နေရာလပ်လက်စွပ်ကို ဖွင့်လိုက်တယ်။ စိုလော့က မချမ်းသာဘူး၊ သူ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀ခန့်သာ ရှိတယ်။
နောက်ကျတော့ ကွေ့စဲပါပဲ။ စိုလော့နဲ့နှိုင်းယှဉ်ရင် ကွေ့စဲက ပိုချမ်းသာပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀၀၀၀၀ရှိတယ်။ ပုံမှန်အဆင့်မြင့်သူတော်စင်အရှင်တွေလို ကြွယ်ဝချမ်းသာမှုရှိတယ်။
နောက်ဆုံးတော့ ဝံပုလွေအရှင်ဒရစ်ရဲ့နေရာလပ်လက်စွပ်ဖြစ်တယ်။
"မိုက်တယ်၊ ငါ အနက်ရောင်အက္ခရာတွေကို အနည်းဆုံး၁၀၀ဘီလီယံအထိ ခွဲထုတ်နိုင်လိမ့်မယ်"
ဝံပုလွေအရှင်ရဲ့ကြွယ်ဝမှုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂မီလီယံအထိ ရှိတယ်။
နေရာလပ်လက်စွပ်တွေကို သိမ်းပြီးနောက် သမန်းဝံပုလွေလီဖူချန်းက တည်နေရာရွှေ့ပြောင်းရေးကြယ်ဆီ ပျံသန်းသွားတော့တယ်။
…
နက်ပြာပလိန်း၊ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး။
လီဖူချန်းက ပြုံးလိုက်တယ်။
"ပြဿနာဖြရှင်းပြီးပြီလား။ မင်းက ငါ့ထက်အရင် ကောင်းကင်ဘုံအရှင်နယ်ပယ်ကို ထိတွေ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
လီဖူချန်းက သမန်းဝံပုလွေလီဖူချန်းရဲ့အတွေ့အကြုံအားလုံးကို လက်ခံရရှိထားတယ်။
တစ်ဖက်မှာတော့ လီဖူချန်းရဲ့အတွေ့အကြုံတွေကို သမန်းဝံပုလွေလီဖူချန်းက သိလိမ့်မှာမဟုတ်ပါဘူး၊ လီဖူချန်းက ရည်ရွယ်ချက်ရှိရှိမထုတ်လွှတ်ဘူးဆိုရင်ပေါ့။
"စိတ်ဝင်စားစရာပဲ"
လီဖူချန်းက ကံတရားရဲ့အံ့ဩဖွယ်ရာတွေကို ရေရွတ်မိလေတယ်။ သူက အမှောင်သမန်းဝံပုလွေမျိုးဆက်ကို အမှတ်မထင်တွေ့ရှိခဲ့တာပဲ။
ကွေ့လီရဲ့သွေးမျိုးဆက်ထဲရှိအမှောင်သမန်းဝံပုလွေသွေးမျိုးဆက်အရိပ်အယောင်ကြောင့်သာမဟုတ်ရင် သမန်းဝံပုလွေလီဖူချန်းက ဒီလောက်လျင်မြန်စွာ ခွန်အားတိုးတက်လိမ့်မှာမဟုတ်ဘူး။
"ဒါပေမယ့် သွေးမျိုးဆက်ကို အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်သို့ အပြည့်အဝကူးပြောင်းဖို့က အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀မီလီယံလိုလိမ့်မယ်၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်မီလီယံအနည်းငယ်ဖြစ်လောက်တယ်။
အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်က အဆုံးစွန်းသွေးမျိုးဆက်တစ်ခုပါပဲ။ အဆုံးစွန်းသွေးမျိုးဆက်တစ်ခုကို အပြည့်အဝအသက်သွင်းဖို့လိုအပ်တဲ့စွမ်းအင်က အတိုင်းမသိပါဘူး။
ဒါပေမယ့် အဲဒါက သေချာပေါက်ထိုက်တန်ပါတယ်။
သမန်းဝံပုလွေလီဖူချန်းက သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတာနဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်မီလီယံအနည်းငယ်က ဘာမှမပြောပလောက်ပါဘူး။