← Chapters

ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းနည်းလမ်း

Vol. 66 Ch. 910

ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းနည်းလမ်း

Vol. 66 Ch. 910

သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုကို တပ်ဆင်ခြင်းက တစ်ညနဲ့မပြီးပါဘူး။ လီဖူချန်းက အလျင်မလိုပါဘူး၊ ပင်လယ်လိပ်ခွံသူတော်စင်အရှင် အစီအရင်တပ်ဆင်နေတာကို ရံဖန်ရံခါလေ့လာစောင့်ကြည့်တာကလွဲပြီး သူက အချိန်အများစုကို သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို နားလည်ဖို့အတွက် အသုံးချနေတယ်။

ကျင့်ကြံခြင်းနည်းလမ်းက လူသားတွေအတွက် သိုင်းပညာတွေထက်တောင် အလွန်အမင်းအရေးကြီးတယ်။

သိုင်းပညာတွေ အဆုံးစွန်းအဆင့်ကို ရောက်ရှိတဲ့အခါ လူသားတွေက ကောင်းကင်ဘုံအရှင်တွေ ဖြစ်လာလိမ့်မယ်။

ဒါပေမယ့် ကျင့်ကြံခြင်းနည်းလမ်းက အဆုံးစွန်းအဆင့်ကို ရောက်ရှိတဲ့အခါ လူသားတွေက မသေမျိုးဖြစ်လာပြီး ကမ္ဘာနဲ့ညီမျှတဲ့သက်တမ်းကို ပိုင်ဆိုင်ရလိမ့်မယ်။

အဆုံးစွန်းအဆင့်သိုင်းပညာနဲ့အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းနှစ်မျိုးလုံးရှိတဲ့လူသားကောင်းကင်ဘုံအရှင်တစ်ယောက်က အလွန်အမင်းကြောက်စရာကောင်းလိမ့်မယ်။ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့ကန့်လန့်ဖြတ်မြစ်အုပ်ချုပ်သူက အဆုံးစွန်းအဆင့်သိုင်းပညာနဲ့အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းနှစ်မျိုးလုံးရှိတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ လီဖူချန်းက ယူဆထားတယ်။ ဒါပေမယ့် ကန့်လန့်ဖြတ်မြစ်အုပ်ချုပ်သူက လူသားတစ်ယောက်မဟုတ်ပါဘူး။

ဒါပေမယ့် မူလအဆုံးစွန်းဓားနည်းလမ်းကို အဆုံးစွန်းအဆင့်အထိ အဆင့်မြှင့်တင်ဖို့က လီဖူချန်းအတွက် အလွန်ဝေးကွာနေပါသေးတယ်။ လက်ရှိအချိန်မှာ သူက အဲဒါကို ပထမအဆင့်အထွတ်အထိပ်အခြေအနေကို တွန်းပို့ဖို့ စီစဉ်နေတယ်။

အချိန်က ဖြည်းဖြည်းချင်းကုန်ဆုံးလာတယ်။

"တတိယအဆင့်အထွတ်အထိပ်အခြေအနေမှာ မူလအဆုံးစွန်းဓားနည်းလမ်းက လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၂၁ခု ဖုံးလွှမ်းထားတယ်"

"ဒုတိယအဆင့်အထွတ်အထိပ်အခြေအနေမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၄၂ခု ဖုံးလွှမ်းထားတယ်"

"ပထမအဆင့်အထွတ်အထိပ်အခြေအနေက အနည်းဆုံးလူသားခန္ဓာကိုယ်ဆန်းကြယ်မှု၆၀ခု လိုအပ်လိမ့်မယ်။ လုံလုံလောက်လောက်မဖုံးလွှမ်းခြင်းက နားလည်မှုမလုံလောက်တာလို့ ဆိုလိုတယ်"

အချက်အလက်အရ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေဘယ်လောက်ပဲဖုံးလွှမ်းနေပါစေ လီဖူချန်းက ဂရုမစိုက်ရင် မူလအဆုံးစွန်ဓားနည်းလမ်းက ပထမအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်ရှိနေပါပြီ။

ဒါပေမယ့် သူက အဲဒီလိုလုပ်ရင် မူလအဆုံးစွန်းဓားနည်းလမ်းက အဆုံးစွန်းအဆင့်ကို ရောက်ရှိဖို့အလွန်အမင်းခက်လိမ့်ခဲမယ်လို့ လီဖူချန်းက ခံစားချက်တစ်ခုရှိနေတယ်။

အဆောက်အအုံတစ်ခုကို မတည်ဆောက်ခင် ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ခြင်းက ခပ်မြင့်မြင့်တည်ဆောင်နိုင်မယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

"ငါ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၇၃ခုကို ရှာတွေ့ခဲ့ပြီးပြီ၊ ဒါပေမယ့် သူတို့အားလုံးကို မူလအဆုံးစွန်းဓားနည်းလမ်းရဲ့ဒသမအဆင့်ထဲကို မပေါင်းစပ်နိုင်ဘူး။ သူတို့ကို ဖိအားပေးပေါင်းစပ်ခြင်းက မူလအဆုံးစွန်းဓားနည်းလမ်းကိုသာ လမ်းလွဲသွားစေလိမ့်မယ်။ ငါ အသင့်တော်ဆုံးပေါင်းစပ်ခြင်းကို ရွေးချယ်ရမယ်"

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အခု ကိုးဆင့်သာ ရှိတယ်။ အဌမဆင့်က တတိယအဆင့်အထွတ်အထိပ်အခြေအနေနဲ့သက်ဆိုင်ပြီး နဝမအဆင့်က ဒုတိယအဆင့်အထွတ်အထိပ်အခြေအနေနဲ့ သက်ဆိုင်တယ်။ ဒသမအဆင့်ကပထမအဆင့်အထွတ်အထိပ်အခြေအနေနဲ့ သက်ဆိုင်ပါလိမ့်မယ်။

၅၈၊၅၉၊၆၀.....

လီဖူချန်းက လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေနဲ့ စတင်ချိတ်ဆက်ပြီး သူတို့ကို ဓားနည်းလမ်းထဲသို့ ပေါင်းစပ်ခဲ့တယ်။

၆၁၊၆၂ .......

လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေက ချိတ်ဆက်ခဲ့တာကြောင့် ဟင်းလင်းပြင်ထဲရှိ ကျယ်ပြန့်ပြီးအကန့်အသတ်မရှိတဲ့ဓားတာအိုအရင်းမြစ်ကို လီဖူချန်းက ရေးတေးတေးခံစားမိနေတယ်။

၆၆၊၆၇၊၆၈။

နောက်ဆုံးတော့ ချိတ်ဆက်ထားတဲ့လူသားခန္ဓာကိုယ်ဆန်းကြယ်မှုက ၆၈ကို ရောက်ရှိသွားတဲ့အခါ လီဖူချန်းရဲ့ဓားနည်းလမ်းက လှည့်ပတ်နေရာမှ ရပ်တန့်သွား‌တော့တယ်။

"ပြီးခါနီးပြီ"

လီဖူချန်းက အသက်ပြင်းပြင်းရှုကာ အကန့်အသတ်မဲ့ဓားစွမ်းအင်စီးကြောင်းတစ်ခုကို လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၆၈ခုထဲသို့ ထည့်သွင်းခဲ့တယ်။

တဖြည်းဖြည်းနဲ့ ဓားပုံကြမ်တစ်ခုကို ထုတ်လုပ်ခဲ့တယ်။

ဒီဓားပုံကြမ်းက နဝမအဆင့်ရဲ့ဓားပုံကြမ်းထက် အဆများစွာပိုရှုပ်ထွေးတယ်၊ အဆများစွာလည်း ပိုဆန်းကြယ်တယ်။ ရိုးရှင်းတဲ့အကြည့်တစ်ချက်က လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို နာကျင်သလို ခံစားစေပြီး မူးနောက်နောက်ဖြစ်သွားရလိမ့်မယ်။

မူလအဆုံးစွန်းဓားနည်းလမ်းရဲ့ဒသမအဆင့်ကို ပြီးမြောက်သွားပြီ"

လီဖူချန်းက ကျယ်လောင်စွာအော်ရင်း ဓားချီတိုင်လုံးတစ်ခုက ကောင်းကင်ထဲသို့ ပေါက်ကွဲထွက်လာတယ်။

ဓားချီတိုင်လုံးက အလွန်အမင်းထက်ရှပြီး လေအလွှာ၊ မိုးကြိုးအလွှာတို့ကို ချက်ချင်းထိုးဖောက်သွားကာ အပူအလွှာကို ရောက်ရှိသွားခဲ့တယ်။

နောက်ဆုံးမှာတော့ အဲဒါက အပူအလွှာကိုတောင် ထိုးဖောက်ခဲ့ပြီး ကျယ်ပြောတဲ့ကြယ်ကောင်းကင်ကို ရောက်ရှိလာခဲ့တယ်။

တစ်ယောက်ယောက်က နက်ပြာပလိန်းအပြင်ဘက်မှ စောင့်ကြည့်နေရင် သူတို့က နက်ပြာပလိန်းမှ အလင်းတိုင်လုံးတစ်ခု ပေါက်ကွဲထွက်သွားတာကို မြင်နိုင်လိမ့်မယ်။ အဲဒါက စကြာဝဠာထဲထိတိုင် ထိုးဖောက်သွားပြီး မိုင်ဘီလီယံကျော်ရောက်ရှိပြီးနောက်မှသာ ပြန့်ကျဲသွားတော့တယ်။

"ငါ နောက်ဆုံးတော့ ဒသမအဆင့်ကို ရောက်ရှိသွားပြီ" လီဖူချန်းက ပြုံးလိုက်တယ်။

ဒီအချိန်မှာ သူက ကောင်းကင်နဲ့မြေကြီးဓားတာအိုဥပဒေသနဲ့ ပိုခိုင်မြဲတဲ့ချိတ်ဆက်မှုတစ်ခုကို ဖြစ်တည်စေခဲ့တယ်လို့ သူက ခံစားမိတယ်။ သူက ဓားတာအိုအရင်းမြစ်အရိပ်အယောင်တစ်ခုနဲ့တောင် ရေးတေးတေးချိတ်ဆက်နိုင်တယ်။

သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အဆုံးစွန်းအဆင့်ကို ရောက်ရှိသွားတာနဲ့ ဓားတာအိုအရင်းမြစ်နဲ့ အပြည့်အဝချိတ်ဆက်နိုင်လိမ့်မယ်လို့ သူက ခန့်မှန်းထားတယ်။ ပြီး‌ရင်တော့ သူက ရန်သူတွေနဲ့တိုက်ခိုက်တဲ့အခါ ဓားတာအိုအရင်းမြစ်က ရန်သူတွေက်ုတိုက်ခိုက်တာနဲ့ အတူတူဖြစ်ပေလိမ့်မယ်။

"ဂုဏ်ယူပါတယ် ဓားသူတော်စင်အရှင်" ပင်လယ်လိပ်ခွံသူတော်စင်အရှင်က လီဖူချန်းနဲ့အနီးကပ်ဆုံးဖြစ်ပြီး သူက အလွန်အမင်းထိတ်လန့်တုန်လှုပ်နေတယ်။

လီဖူချန်းက လုံလောက်စွာအားကောင်းနေပါပြီ။ အဆုံးစွန်းအဆင့်လက်နက်နဲ့ဆိုရင် သူက သူတော်စင်အရှင်တွေကြားမှာ ပြိုင်ဘက်ကင်းလုနီးပါးပါပဲ။

အခု ကျင့်ကြံခြင်းနည်းလမ်းချိုးဖြတ်မှုနဲ့အတူ လီဖူချန်းက တောက်ပအလင်းမျိုးစုံနတ်ဘုရားသူတော်စင်အရှင်နဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်။

"ဒါက သေးငယ်တဲ့ချိုးဖြတ်မှုတစ်ခုလေးပါပဲ။ အစီအရင်တပ်ဆင်တာကရော ဘယ်လိုလဲ" လီဖူချန်းက မေးလိုက်တယ်။

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ပြောလိုက်တယ်" အဲဒါက အလယ်ဆင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုပဲဆိုရင် ငါက ပြီးမြောက်ဖို့ တစ်နှစ်ပဲလိုတယ်။ ဒါပေမယ့် အဆင့်မြင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုကို ပြီးမြောက်ဖို့က အချိန်ရှစ်နှစ်ဒါမှမဟုတ်ဆယ်နှစ်မရှိဘဲ  မဖြစ်နိုင်ဘူး"

အစီအရင်တွေက အစီအရင်ချပ်ပြားတွေနဲ့ မတူပါဘူး။

အစီအရင်ချပ်ပြားတစ်ခုရဲ့ရည်ရွယ်ချက်က သယ်ဆောင်ရာမှာအဆင်ပြေစေဖို့အတွက်ပဲ။ အဲဒါက သန့်စင်ရတာ အလွန်ခက်ခဲတယ်၊ အစီအရင်တစ်ခုကို ဖန်တီးရတာထက် အဆများစွာပိုခက်ခဲပေမယ့် အကျိုးသက်ရောက်မှုက အားမကောင်းပါဘူး။

အစီအရင်တစ်ခုကတော့ ၎င်းရည်ရည်ရွယ်ချက်က သက်ရောက်မှုအတွက်ပါပဲ။

အဆင့်မြင့်သူတော်စင်အရှင်အဆင့်ချပ်ပြားတစ်ခုက အထက်တန်းသူတော်စင်အရှင်တစ်ယောက်ရဲ့မရေမတွက်နိုင်တဲ့တိုက်ခိုက်မှုတွေနဲ့အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုအချို့ကို တောင့်ခံနိုင်တယ်။ အဆင့်မြင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုက သေချာပေါက်ပိုသန်မာပြီး အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ရဲ့အကန့်အသတ်မဲ့တိုက်ခိုက်မှုတွေကို ခုခံနိုင်လိမ့်မယ်။

အစီအရင်အဆင့်တိုးလာတာနဲ့အမျှ အဲဒါက ကမ္ဘာတစ်ခုနဲ့ပိုတူလာတယ်။

ကမ္ဘာတစ်ခုကို ချိုးဖြတ်ဖို့က ဘယ်လိုလုပ်ပြီးလွယ်ကူနိုင်မှာလဲ။

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ထူးကဲအဆင့်သူတော်စင်အရှင်အဆင့်အစီအရင်တွေကို မဆင်နိုင်သေးပါဘူး။ တကယ်တော့ ထူးကဲအဆင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုအချို့ကို ခုခံနိုင်လိမ့်မယ်။ ကောင်းကင်ဘုံအရှင်အောက်တစ်ယောက်ကမှ အဲဒါကို မချိုးဖြတ်နိုင်ပါဘူး။

"သေချာတာပေါ့၊ အလျင်လိုစရာမလိုပါဘူး။ မင်း တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို အသိပေးပါ"

အစီအရင်တစ်ခုတပ်ဆင်ဖို့က အလွန်အမင်းရှုပ်ထွေးတာကို သူက သိတယ်။

…

ဂလင်းမာမြို့.......

ရောင်းချနိုင်တဲ့အရာအားလုံးကို ရောင်းပြီးနောက် သမန်းဝံပုလွေလီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂မီလီယံကျော်ရရှိခဲ့တယ်။ ရောင်းဖို့ထိုက်တန်တယ်လို့သူမထင်တဲ့ပစ္စည်းအချို့ရှိတယ်၊ ဒါကြောင့် အဲဒါတွေကို သူက အရင် သိမ်းထားရပါမယ်။

"ဒိတစ်ကြိမ်မှာ အနက်ရောင်အက္ခရာတွေ ဘယ်လောက်များများခွဲထုတ်နိုင်မလဲကို ငါ သိချင်တယ်"

အသက်ကို ရှုသွင်းပြီးနောက် သမန်းဝံပုလွေလီဖူချန်းက စွမ်းအင်ကို အနက်ရောင်အက္ခရာတွေထဲသို့ ထည့်သွင်းခဲ့တယ်။

အနက်ရောင်အက္ခရာအချို့က စွမ်းအင်နဲ့ပြည့်နေပြီး အချို့က လုံးဝမပြည့်ပါဘူး။ ပထမအကြိမ်ခွဲထုတ်ပြီးနောက် အနက်ရောင်အက္ခရာ၁၀ဘီလီယံကို အနက်ရောင်အက္ခရာ၁၆ဘီလီယံသို့ ခွဲထုတ်ခဲ့တယ်။

ဒုတိယအကြိမ်ခွဲထုတ်မှုက ၂၅ဘီလီယံရောက်ရှိခဲ့တယ်၊ တတိယအကြိမ်ခွဲထုတ်မှုက ၃၅ဘီလီယံကို ရောက်ရှိခဲ့တယ်......

နောက်ထပ်နှစ်လကြာပြီးနောက်.......

"မဆိုးဘူးပဲ၊ အနက်ရောင်အက္ခရာတွေကို ၅၀၀ဘီလီယံအထိ ခွဲထုတ်နိုင်ခဲ့တယ်" သမန်းဝံပုလွေလီဖူချန်းရဲ့မျက်လုံးတွေက အနက်ရောင်အလင်းတစ်ခု ပြိုးပြိုးပြက်ပြက်လက်နေတယ်။

အရင်ကတော့ သမန်းဝံပုလွေလီဖူချန်းက အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ရဲ့အရိပ်အယောင်တစ်ခုကိုသာ အသက်သွင်သွင်းနိုင်ခဲ့တယ်၊ ဒါပေမယ့် အခု သူက အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ရဲ့အမျှင်အတန်းတစ်ခုကို အသက်သွင်းခဲ့တယ်။ တိုက်ပွဲထဲရှိအချိန်အကန့်အသတ်က အနည်းဆုံးအဆ၄၀ကြာရှည်လာတယ်။

"ကြည့်ရတာ သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခွန်အားက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ထက် အများကြီးပိုသန်မာပုံရတယ်" သူ့တိုက်ခိုက်ရေးခွန်အားက ပိုသန်မာလာတာကို သမန်းဝံပုလွေလီဖူချန်းက ခံစားမိတယ်။

ဒါပေမယ့် သူက ကောင်းကင်ဘုံအရှင်တွေနဲ့ မတိုက်ခိုက်ရသေးပါဘူး၊ ဒါကြောင့် သူ့ရဲ့လက်ရှိခွန်အားက ဘယ်အဆင့်မှာရှိသလဲကို သူ မသိပါဘူး။

"ငါ အပြင်ဘက်ကို စွန့်စားထွက်ရမယ်"

သူက ဂလင်းမာမြို့မှာ ဆက်နေရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ရရှိဖို့က ခက်ခဲလွန်းတယ်။ သူက အန္တရာယ်များတဲ့နေရာတွေ၊အပျက်အဆီးနယ်မြေတွေကို စွန့်စားထွက်ခြင်းဖြင့်သာ သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးကြီးမားတဲ့ပမာဏကို ရရှိနိုင်လိမ့်မယ်။

"ငါ ရှေးကျောက်တုံးကြယ်ပိုင်နက်ကို သွားရမယ်" နက်ပြာပလိန်းသို့သွားရာအာကာသ-အချိန်လမ်းကြောင်းကို ရှာဖွေပြီးနောက် သမန်းဝံပုလွေလီဖူချန်းက နက်ပြာပလိန်းကို ရောက်ရှိလာတယ်။

ရှေးကျောက်တုံးကြယ်ပိုင်နက်သို့ဦးတည်ရာအာကာသ-အချိန်လမ်းကြောင်းအရှေ့မှာ သမန်းဝံပုလွေလီဖူချန်းက အတွင်းသို့ဝင်ရောက်သွားခဲ့တယ်။

"ကောင်းကင်ဘုံအရှင်အဆင့်လူဝင်စားတစ်ယောက်ရှိတာက အတော်လေးကောင်းတဲ့အရာတစ်ခုပဲ"

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးအပေါ်မှာ လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးကို ကြည့်နေတယ်။

All Chapters