နတ်ဆိုးသားရဲအမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်း
Vol. 66 Ch. 911
"ငါ နောက်ဆုံးတော့ သက်သာလာပြီ"
ကျောက်စိမ်းကြယ်တောင်ပေါ်မှာ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က မျက်လုံးကို ဖွင့်လိုက်တယ်။
အရင်းမြစ်ဒဏ်ရာတွေက သက်သာဖို့ အလွန်ခက်တယ်၊ ဒါ့အပြင် သူက အဆုံးစွန်းအဆင့်လက်နက်ဖြစ်တဲ့မီးနတ်ဘုရားပုဆိန်ကြောင့် ဒဏ်ရာရခဲ့တာ။ အဲဒါက အရင်းမြစ်ဒဏ်ရာကို သက်သာလာစေဖို့ ပိုတောင် ခက်ခဲသွားစေတယ်။
ကံကောင်းသွားတာကတော့ သူ အမြန်ပြန်ဆုတ်လာခဲ့လို့ပဲ၊ဒါကြောင့် သူ့ရဲ့အရင်းမြစ်ဒဏ်ရာ မပြင်းထန်လွန်းဘူး။ အဲဒါက သူ့ကို နှစ်အနည်းငယ်အတွင်း သက်သာလာစေခဲ့တယ်။
"ကောင်းကင်ဘုံမီးသူတော်စင်အရှင်၊ ငါ မင်းကို နောက်မှ လက်စားချေမယ်"
ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက စူးရှတဲ့အလင်းတွေ လက်သွားတယ်။ အရင်ကတော့ သူက နတ်ဆိုးသားရဲတွေနဲ့ ကောင်းကောင်းမွန်မွန်ညှိနှိုင်းဖို့ လိုလားတယ်။ ဒါပေမယ့် အခု သူ့အတွေးတွေက ပြောင်းသွားပြီ။ သူတို့က နတ်ဆိုးသားရဲတွေကို မသုတ်သင်ရင် နတ်ဆိုးသားရဲတွေကသာ လူသားတွေကို ပြန်ထိန်းချုပ်လိမ့်မယ်။ နတ်ဆိုးတွေက နောက်တစ်ကြိမ်ကျူးကျော်လာရင် လူသားတွေက ဆိုးဝါးတဲ့ကံကြမ္မာတစ်ခုကို ခံစားရလိမ့်မယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က သီးခြားကျင့်ကြံရာမှထွက်ကာ သူက ဆွေးနွေးပွဲတစ်ခုကို ချက်ချင်းဖိတ်ခေါ်လိုက်တယ်။
ဒါက လျှို့ဝှက်ဆွေးနွေးပွဲဖြစ်ပြီး ပါဝင်သူငါးယောက်သာရှိတယ်။ သူတို့က ကျောက်စိမ်းကြယ်သူတော်စင်အရှင်၊ နဂါးသွဲ့ပန်းသူတော်စင်အရှင်မ၊ သံတိမ်သူတော်စင်အရှင်၊ နက်ပြာဓားသူတော်စင်အရှင်နဲ့လီဖူချန်းတို့ပါပဲ။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က အခြားသူတော်စင်အရှင်တွေကို မယုံပါဘူး၊ သတင်းပေါက်ကြားသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်ပါပဲ။
ဆွေးနွေးပွဲမှာ နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ပြောလိုက်တယ်"သားရဲအာဏာရှင်နဲ့အထွတ်အထိပ်သားရဲအရှင်သခင်တွေအများကြီးရှိတယ်။ သူတို့အားလုံးက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ထာဝရကျွန်းပေါ်မှာ စုစည်းနေကြတယ်။ ငါ သိထားတာအရ ထာဝရကျွန်းမှာ သူတော်စင်အရှင်အဆင့်သတိပေးအစီအရင်တစ်ခုရှိတယ်။ ရှာဖွေတွေ့ရှိခြင်းအကွာအဝေးက မိုင်၁ဘီလီယံရှိပြီး ပိုတောင်ပိုနိုင်တယ်"
မိုင်၁ဘီလီယံက ကြီးမားတဲ့အကွာအဝေးတစ်ခုပဲ။ တစ်ယောက်ယောက်က အလင်းမြန်နှုန်းနဲ့ သွားရင်တောင် ၁၅မိနစ်အချိန်ယူရလိမ့်မယ်။ အဲဒီလိုအချိန်တစ်ခုက သားရဲအာဏာရှင်တွေကို လွတ်မြောက်စေနိုင်တယ်။
သံတိမ်သူတော်စင်အရှင်က ပြောလိုက်တယ်"ငါ့မှာ ရှာဖွေတွေ့ရှိခြင်းကို ဖြတ်ထုတ်နိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုရှိတယ်။ ဒါပေမယ့် အဲဒါက သူတော်စင်အရှင်အဆင့်သတိပေးအစီအရင်ရဲ့ရှာဖွေတွေ့ရှိမှုကို ဖြတ်ထုတ်နိုင်လားကိုတော့ မသိဘူး"
ဒီအသုံးအဆောင်ပစ္စည်းကို မီးလျှံအဆီအနှစ်လှည်းဘီးနဲ့အတူ အန္တရာယ်ရှိတဲ့နေရာတစ်ခုမှာ တွေ့ရှိခဲ့ခြင်းဖြစ်တယ်။ ဒီအသုံးအဆောင်ပစ္စည်းနှစ်ခုကို အားကိုးပြီး သံတိမ်သူတော်စင်အရှင်က အပြင်ကိုစွန့်စားထွက်တဲ့အခါ အတော်လေးအကျိုးအမြတ်များတဲ့ဘဝတစ်ခု ရှိလာခဲ့တယ်။
ထိုစကားကို ကြားပြီး နက်ပြာဓားသူတော်စင်အရှင်က ပြောလိုက်တယ်"ငါတို့က ငါတို့ရဲ့မျှော်လင့်ချက်တွေကို အသုံးအဆောင်ပစ္စည်းပေါ်မှာပဲ မှီခိုလို့မရဘူး။ ဒီတစ်ကြိမ်မှာတော့ နတ်ဆိုးသားရဲတွေကို အမြစ်ပြတ်သုတ်သင်ဖို့လှုပ်ရှားမှုတစ်ခုကို လုပ်ချင်လုပ် ဒါမှမဟုတ် ဘာလှုပ်ရှားမှုတစ်ခုကိုမှ မပြုလုပ်ဘူးပေါ့"
နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ခေါင်းညိတ်ကာ လီဖူချန်းကို ကြည့်လိုက်တယ်"သတိပေးအစီအရင်က ပြဿနာတစ်ခုပဲ။သတိပေးအစီအရင်ကို ဝန်းရံဖို့ ငါတို့က အစီအရင်တစ်ခုကို လျှို့ဝှက်တည်ဆောက်ရမယ်။ ဓားသူတော်စင်အရှင်၊ မင်း အစီအရင်တာအိုသူတော်စင်အရှင်တစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့တယ်မလား"
လီဖူချန်းက ပြောလိုက်တယ်"တကယ်တော့ ဒုက္ခများစရာလိုပါဘူး။ သူတို့ရဲ့အာရုံကို ဆွဲဆောင်ဖို့ ငါတစ်ယောက်တည်း ထာဝရကျွန်းကို သွားမယ်။ မင်းတို့အားလုံးက သံတိမ်သူတော်စင်အရှင်ရဲ့အသုံးအဆောင်ပစ္စည်းကိုသုံးပြီး နောက်ကနေ လိုက်လာပေါ့"
"ဒါပေမယ့် ဒါက မင်းအတွက် အန္တရာယ်များလွန်းတယ်" သံတိမ်သူတော်စင်အရှင်က ပြောလိုက်တယ်။
"မစိုးရိမ်နဲ့။ ငါတစ်ယောက်တည်းသွားရဲမှတော့ ငါ့မှာ အနည်းဆုံး၉၀ရာခိုင်နှုန်းယုံကြည်ချက်ရှိတယ်"
အရိုးသားဆုံးပြောရရင် နတ်ဆိုးသားရဲတွေ မလွတ်မြောက်ခဲ့ရင် သူတစ်ယောက်တည်းနဲ့ သားရဲအာဏာရှင်နဲ့သားရဲအရှင်သခင်အားလုံးကို ဖယ်ရှားနိုင်တယ်။ ကောင်းကင်လှည့်သားရဲအာဏာရှင်တစ်ကောင်ပဲ ရင်ဆိုင်ရတာ နည်းနည်းခက်လိမ့်မယ်။ တကယ်တော့ ကောင်းကင်လှည့်သားရဲအာဏာရှင်က ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သတ်ဖို့အလွန်ခက်တယ်။
"ဓားသူတော်စင်အရှင်၊ မင်း သေချာရဲ့လား"
လီဖူချန်းက အလွန်အားကောင်းတာကို ကျောက်စိမ်းကြယ်သူတော်စင်အရှင်က သိတယ်၊ ဒါပေမယ့် ထာဝရကျွန်းမှာ သားရဲအာဏာရှင်ဆယ်ကောင်ကျော်ရှိတယ်လေ။
လီဖူချန်းက ပြောလိုက်တယ်"ဒီရက်ပိုင်းအတွင်းမှာပဲ ငါ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းက ပထမအဆင့်အထွတ်အထိပ်အခြေအနေကို ချိုးဖြတ်နိုင်ခဲ့တယ်။ ပြဿနာမရှိဘူးဆိုတာ သေချာတယ်"
"ပထမအဆင့်အထွတ်အထိပ်အခြေအနေလား" လေးယောက်လုံး အံ့ဩတုန်လှုပ်သွားကြတယ်။
မချိုးဖြတ်ခင်ကတည်းက လီဖူချန်းမှာ အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ချိုးဖြတ်ပြီးနောက် သာမန်အထွတ်အထိပ်သူတော်စင်အရှင်တွေက အကွက်အနည်းငယ်နဲ့ လီဖူချန်းကို ရှုံးလောက်တယ်။
"ဒီလိုဆိုမှတော့ ငါတို့အားလုံး ဓားသူတော်စင်အရှင်ကို ဒုက္ခဖြစ်စေမိပြီ" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။
…
အဆုံးမဲ့သမုဒ္ဒရာပြင်အထက်.......
အလင်းစီးကြောင်းငါးခုက ရပ်သွားတယ်။
"ထာဝရကျွန်းကို ရောက်ဖို့ မိုင်၁.၅ဘီလီယံကျန်ရှိသေးတယ်" နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ဆိုတယ်။
"ငါ့ရဲ့သတင်းကို စောင့်နေပါ"
လီဖူချန်းက သူ့ရဲ့ညာဘက်လက်နဲ့ ဆွဲကာ ဟင်းလင်းပြင်မှာ ကြီးမားတဲ့အပေါက်တစ်ခုကို ဖွင့်လိုက်လေတော့တယ်။
ရွှမ်းရွှမ်း ......
လီဖူချန်းက ဟင်းလင်းပြင်ထဲ ဝင်ရောက်ခဲ့တယ်။
အရှေ့ရှိမိုင်တစ်ရာမီလီယံအနည်းငယ်မှာ ဟင်းလင်းပြင်က ပွင့်ဟသွားပြီး လီဖူချန်းက ထွက်လာတယ်။ သူက တစ်ချက်လေးတောင် မရပ်ခဲ့ပါဘူး၊ သူ့ရဲ့ညာဘက်လက်နဲ့ နောက်တစ်ကြိမ်ဆွဲလိုက်လေတယ်။
"တစ်ယောက်ယောက်ကျူးကျော်လာပြီ"
ထာဝရကျွန်းပေါ်မှာ နန်းတော်တွေရှိတယ်၊ လီဖူချန်း သတိပေးအစီအရင်ရဲ့အကွာအဝေးအတွင်းကို ဝင်ရောက်လာတဲ့အခါ သားရဲအာဏာရှင်တွေက ချက်ချင်း သတိပြုမိသွားကြတယ်။
ကောင်းကင်လှည့်သားရဲအာဏာရှင်က လက်ကို ဝှေ့ယမ်းလိုက်တယ်။ မမြင်နိုင်တဲ့အစီအရင်စွမ်းအားတစ်ခုက အလင်းမျက်နှာပြင်တစ်ခုကို ဖန်တီးလိုက်တယ်။ မျက်နှာပြင်ထဲမှာ နေရာလပ်ဇုန်ကိုဆုတ်ဖြဲနေတဲ့လီဖူချန်းရဲ့ပုံရိပ်ရှိတယ်။
"ဒါ ဓားသူတော်စင်အရှင်ပဲ......" ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့အမူအရာက ခက်ထန်သွားတယ်။
"သူ တစ်ယောက်တည်းပဲလား" အခြားသားရဲအာဏာရှင်တွေက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့နန်းတော်ထဲမှာ စုစည်းလာကြတယ်။
"သူ တစ်ယောက်တည်းပဲ ဖြစ်မယ်" ကောင်းကင်လှည့်သားရဲအာဏာရှင်က အစီအရင်ကို သုံးကာ ရှာဖွေခဲ့ပေမယ့် ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပါဘူး။
"သူတစ်ယောက်တည်းပဲဆိုရင် ငါတို့တွေ ပူးပေါင်းပြီး သူ့ကို သတ်ရမယ်"
သားရဲအာဏာရှင်တွေရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းအလင်းတွေ လက်သွားတယ်။
"ဟုတ်တယ်။ သူ့မှာ ဘာလှည့်ကွက်ပဲရှိရှိ ကိစ္စမရှိဘူး၊ ငါတို့ အတူတကွတိုက်ခိုက်သရွေ့ ငါတို့မရင်ဆိုင်နိုင်တာ ဘာမှမရှိဘူး" သားရဲအာဏာရှင်အများစုက သဘောတူကြတယ်။
"ဒါဆိုလဲ ငါတို့တွေ သူ့ကို သတ်ဖြတ်ကြတာပေါ့" အခြားသားရဲအာဏာရှင်တွေက မကြောက်တာကြောင့် ကောင်းကင်လှည့်သားရဲအာဏာရှင်လည်း ကြောက်ရွံ့မနေပါဘူး။
ဒါ့အပြင် သူက ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ သူ့ခန္ဓာကိုယ်အတွင်းရှိထာဝရစွမ်းအားက သူ့ကို အလွယ်တကူသတ်ဖြတ်နိုင်ဖို့ ခွင့်မပြုပါဘူး။
ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း ......
သားရဲအာဏာရှင်အားလုံးက နန်းတော်မှ ထွက်လာပြီး ထာဝရကျွန်းရဲ့အထက်ကောင်းကင်မှာ ရပ်နေကြတယ်။သူတို့က လီဖူချန်းကို တိတ်တဆိတ်စောင့်နေကြတယ်။
"အရမ်းကောင်းတယ်၊ သူတို့တစ်ယောက်မှ မထွက်သွားကြဘူးပဲ"
ဟင်းလင်းပြင်ဝင်ပေါက်ကို ဆုတ်ဖြဲပြီးနောက် လီဖူချန်းက ထာဝရကျွန်းရဲ့နယ်နိမိတ်ကို ရောက်ရှိလာတယ်။
"သတ်....."
ထာဝရကျွန်းက အရွယ်အစားအားဖြင့် မိုင်သိန်းအနည်းငယ်သာ ရှိတယ်။ အဲဒါက သားရဲအာဏာရှင်တွေရဲ့တိုက်ခိုက်ရေးအကွာအဝေးအတွင်းမှာ ရှိတယ်။ ကောင်းကင်လှည့်သားရဲအာဏာရှင်က တိုက်ခိုက်မှုကို ဦးဆောင်ခဲ့ပြီး ကျန်ရှိနေတဲ့သားရဲအာဏာရှင်တွေနဲ့အထွတ်အထိပ်သားရဲအရှင်သခင်တွေက သူတို့ရဲ့မွေးရာပါစွမ်းရည်ကို အသက်သွင်းလိုက်ကြတယ်။ သူတို့က လီဖူချန်းထံ တိုက်ခိုက်မှုတွေ ဖော်ထုတ်ခဲ့ကြတယ်။
"ပျက်ဆီးစမ်း"
ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓားကို ထုတ်ဖော်ကာ မရေမတွက်နိုင်တဲ့ဓားအမှတ်အသားတွေက ဟင်းလင်းပြင်မှာ စတင်ပျံ့နှံ့လာတယ်။
ဝုန်း ဒုန်း.......
သားရဲအာဏာရှင်တွေနဲ့သားရဲအရှင်သခင်တွေရဲ့တိုက်ခိုက်မှုအားလုံးက ပျောက်ကွယ်သွားတော့တယ်။ ထာဝရကျွန်းပေါ်ရှိအစီအရင်များစွာကတောင် ပျက်ဆီးသွားတယ်။
သတိပေးအစီအရင်က လွဲပြီး ထာဝရကျွန်းပေါ်ရှိကျန်ရှိနေတဲ့အစီအရင်တွေအားလုံးက သာမန်အထွတ်အထိပ်အစီအရင်တွေပါပဲ၊ ဒါကြောင့် သူတို့အနေနဲ့ လီဖူချန်းရဲ့ဓားကွက်ကို ခုခံဖို့က မဖြစ်နိုင်ဘူးလေ။
"ဘာလဲ......ဒီလောက်တောင် အားကောင်းတာလား"
သားရဲအာဏာရှင်တွေက ထိတ်လန့်သွားကြတယ်၊ တစ်ခုခုမှားနေတယ်လို့ ခံစားမိနေကြတယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း ....."
ဓားကွက်ကို ဖော်ထုတ်ပြီးနောက် လီဖူချန်းက ကောင်းကင်ကို ပြေးတက်ကာ နေရဲ့တည်နေရာမှာ ရပ်နေခဲ့တယ်။ ပြီးနောက် အဆုံးမဲ့ငွေရောင်ဓားပင်လယ်တစ်ခုက ရိုက်ခတ်လာပြီး ထာဝရကျွန်းတစ်ခုလုံးကို ဝါးမျိုသွားတော့တယ်။
"မဟုတ်ဘူး"
လီဖူချန်းက အားကောင်းလွန်းတယ်။ ဓားကွက်ကို ဖော်ထုတ်လိုက်တဲ့အခါ ကောင်းကင်လှည့်သားရဲအာဏာရှင်ကလွဲပြီး ကျန်ရှိနေတဲ့သားရဲအာဏာရှင်တွေနဲ့အထွတ်အထိပ်သားရဲအရှင်သခင်တွေက တိုက်ခိုက်မှုကို မရင်ဆိုင်နိုင်ခဲ့ဘူး။ သူတို့အားလုံးက သနားစရာကောင်းလှအောင် သေခြင်းတရားကို ခံစားခဲ့ကြရတယ်။
"ရပ်စမ်း"
ကောင်းကင်လှည့်သားရဲအာဏာရှင်က ဒေါသထွက်သွားတယ်။ ဧရာမဝံပုလွေပုံရိပ်တစ်ခုက မြေပြင်မှ မြင့်တက်လာပြီး ဓားပင်လယ်နဲ့ ရင်ဆိုင်လိုက်တယ်။
စိတ်မကောင်းစရာကတော့ လက်ရှိလီဖူချန်းက မဟာပျက်ဆီးခြင်းကမ္ဘာကလီဖူချန်းနဲ့ မတူတော့ပါဘူး။
ဧရာမဝံပုလွေပုံရိပ်က ပျောက်ကွယ်သွားပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်က မကျေမနပ်အော်လိုက်တယ်။
"တောက်.....ဘာလို့ သူ့ခွန်အားက ဒီလောက်မြန်မြန်တိုးလာရတာလဲ" ကောင်းကင်လှည့်သားရဲအာဏာရှင်က ရူးချင်လာတယ်။
သူလီဖူချန်းကိုတွေ့တဲ့ပထမအကြိမ်မှာ သူက လီဖူချန်းကို ဖိနှိပ်နိုင်တယ်။
ဒုတိယအကြိမ် မဟာပျက်ဆီးခြင်းကမ္ဘာမှာ သူ လီဖူချန်းကို တွေ့တော့ လီဖူချန်းက သူနဲ့တ်ပြေးညီဖြစ်နေပြီး အနည်းငယ်ပိုမြင့်လာတယ်။
တတိယအကြိမ် သူတို့တွေ့တဲ့အခါမှာတော့ သူက ဓားကွက်တစ်ခုကိုတောင် မခုခံနိုင်ဘူးဖြစ်နေတယ်။
"ထာဝရနတ်ဘုရားလက်သီး......."
ကြောက်စရာကောင်းတဲ့လက်သီးက ဓားပင်လယ်ကို ထိုးဖောက်သွားခဲ့ပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်က လွတ်မြောက်သွားခဲ့တယ်။
"သူက တကယ်ကို ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ" သူက ကောင်းကင်လှည့်သားရဲအာဏာရှင်ကို ဓားတစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်မယ်လို့ လီဖူချန်းက မတွေးထားခဲ့ပါဘူး။
ခွန်အားအရ ကောင်းကင်လှည့်သားရဲအာဏာရှင်က အထွတ်အထိပ်သူတော်စင်အရှင်တွေထက် အနည်းငယ်မြင့်တယ်၊ ဒါပေမယ့် အသက်ရှင်သန်နိုင်စွမ်းအရ ကောင်းကင်လှည့်သားရဲအာဏာရှင်က အလွန်မြင့်မားတဲ့အဆင့်မှာ ရှိနေတယ်။ ဒါက လီဖူချန်းက ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့အခြားသူတွေရဲ့ပူးပေါင်းမှုကို လိုအပ်တဲ့အကြောင်းရင်းလည်းဖြစ်တယ်။
"ပြေးတော့......"
ဓားပင်လယ်ကို ထိုးဖောက်ပြီးနောက် ကောင်းကင်လှည့်သားရဲအာဏာရှင်က သူ့ရဲ့ကြောက်ရွံ့မှုနဲ့ ဒေါသကို ဖိနှိပ်ပြီး လွတ်မြောက်ဖို့ အစွမ်းကုန်အားထုတ်ကြိုးစားနေတယ်။
"မင်းဘယ်လိုပြေးမလဲကြည့်ရတာပေါ့၊ မူလဘူတဓား"
ဟင်းလင်းပြင်ထဲမှာ ဓားပုံရိပ်တစ်သောင်းက တစ်ခုအဖြစ်ပေါင်းစည်းသွားပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့တယ်။
ကောင်းကင်လှည့်သားရဲအာဏာရှင်က တစ်ချက်နှေးကွေးသွားပြီး လီဖူချန်းက ချက်ချင်းအမှီလိုက်နိုင်ခဲ့တယ်။
"ဓားသူတော်စင်အရှင်၊ မင်း အတင့်မရဲနဲ့။ မင်း ငါ့ကို ဒီနေ့သတ်ရဲရင် ထာဝရစစ်တပ်က အနာဂတ်မှာ နက်ပြာပလိန်းကို သေချာပေါက် အမြစ်ပြတ်သုတ်သင်လိမ့်မယ်"
ကောင်းကင်လှည့်သားရဲအာဏာရှင်က ကြောက်လန့်နေတယ်။ သူက ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဆိုပေမယ့် သူက မသေနိုင်ဘူးလို့ မဆိုလိုပါဘူး၊ သူကို သတ်ဖို့အနည်းငယ်ခက်ခဲရုံမျှသာပါပဲ။
လီဖူချန်းမှာ အခြားအကူအညီတစ်ခုရှိရင် ကောင်းကင်လှည့်သားရဲအာဏာရှင်က ဒီနေ့ သေချာပေါက် သေသွားရလိမ့်မယ်။
"ထာဝရစစ်တပ်မှာ အဖွဲ့ဝင်တွေအများကြီးရှိတယ်။ အဖွဲ့ဝင်တိုင်းရဲ့သေခြင်းအတွက် ထာဝရစစ်တပ်က စစ်ပွဲဆင်နွှဲနေရင် ထာဝရစစ်တပ်မှာ အခြားကိစ္စတွေအတွက် အချိန်ရှိလိမ့်မှာမဟုတ်ဘူး" သာမန်အဖွဲ့ဝင်တစ်ယောက်အတွက်နဲ့ ထာဝရစစ်တပ်က ပလိန်းတစ်ခုကို သုတ်သင်ရှင်းလင်းမယ်လို့တော့ လီဖူချန်းက မထင်ပါဘူး။
ထာဝရစစ်တပ်က အဲဒီလိုမဆင်မခြင်လုပ်ဆောင်ရဲရင် သူတို့က အခြားပြောင်မြောက်တဲ့ဂိုဏ်းတွေရဲ့မကျေမနပ်ဖြစ်မှုကို ဆွဲဆောင်သွားပေလိမ့်မယ်။
ဒါပေမယ့် ဒါက ကောင်းကင်လှည့်သားရဲအာဏာရှင်ကို သာမန်အဖွဲ့ဝင်တစ်ယောက်လို့ယူဆထားလို့ပဲ။ ကောင်းကင်လှည့်သားရဲအာဏာရှင်က ထာဝရစစ်တပ်ရဲ့အရေးကြီးအဖွဲ့ဝင်တစ်ယောက်ဆိုရင် သူတို့က သူတော်စင်အရှင်တွေရဲ့ကြီးမားတဲ့အရေအတွက်ကို စေလွှတ်ကာ နက်ပြာပလိန်းကို ဖယ်ရှားပါလိမ့်မယ်။
"ရပ်တန့်စမ်း....."
ထာဝရစစ်တပ်က သူ့အတွက် လက်စားချေပေးမှာမဟုတ်ဘူးဆိုတာကို ကောင်းကင်လှည့်သားရဲအာဏာရှင်က သိတယ်။ သူက လီဖူချန်းကို အာရုံပြောင်းဖို့အတွက်ပါပဲ၊ ပြီးရင်တော့ သူက ထာဝရချိတ်ပိတ်ကို သုံးပြီး လွတ်မြောက်နိုင်မယ်ပေါ့။
အဆင့်မြင့်တိုင်ယန်သားရဲကောင်းကင်လှည့်ဝံပုလွေတစ်ကောင်အနေနဲ့ ကောင်းကင်လှည့်သားရဲအာဏာရှင်က အလွန်အမင်းမြန်တယ်။ သူ့အရှေ့ရှိနေရာလပ်ဇုန်က ချက်ချင်း တွန့်လိမ်သွားတယ်။
"ထာဝရစစ်တပ်ရဲ့အနှိုင်းမဲ့ကျွမ်းကျင်မှုတွေက တကယ်မယုံနိုင်စရာပဲ"
လီဖူချန်းက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ထာဝရချိတ်ပိတ်ကို တားဆီးကာကွယ်ခဲ့ပေမယ့် ထာဝရချိတ်ပိတ်က ကြီးမားတဲ့အကွာအဝေးတစ်ခုရှိရုံတင်မကဘူး၊ အဲဒါက ဥပဒေသသက်ရောက်မှုတွေကို လစ်လျူရှုနိုင်တယ်။ အဲဒါက လီဖူချန်းကို တစ်ခဏချိတ်ပိတ်ခဲ့တယ်။
သူတော်စင်အရှင်တစ်ယောက်အနေနဲ့ တစ်စက္ကန့်က တိုတောင်းတယ်လို့ သတ်မှတ်လို့မရပါဘူး၊ အဲဒါက သူတော်စင်အရှင်တစ်ယောက်အတွက် ရှည်လျားတဲ့အကွာအဝေးတစ်ခုကို လွတ်မြောက်ဖို့လုံလောက်တယ်။
"ပြန်လာစမ်း"
ကောင်းကင်လှည့်သားရဲအာဏာရှင်က လွတ်မြောက်တော့မဲ့အခိုက် သူ့ရှေ့ရှိဟင်းလင်းပြင်က ရုတ်တရက် ပွင့်ထွက်သွားပြီး ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ထွက်ပေါ်လာတယ်။
ကျောက်စိမ်းကြယ်သူတော်စင်အရှင်က လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ကြယ်ကောင်းကင်နဲ့တူတဲ့ကြီးမားတဲ့ချီအားတစ်ခုက ကောင်းကင်လှည့်သားရဲအာဏာရှင်ကို ရပ်တန့်သွားစေတယ်။
"ပန်းပွင့်လန်းကာခြောက်သွေ့ညှိုးနွမ်းသွားခြင်း"
ပြီးနောက် အသေင်္ချပန်းအမျိုးသမီးလည်း ချက်ချင်းထွက်ပေါ်လာတယ်။ သူမက ပန်းတစ်ပွင့်ကို ဆုတ်ကိုင်ထားပြီး ပွင့်ချပ်တွေထဲကတစ်ခုက ကျဆင်းလာတယ်။ အဲဒါက ခြောက်သွေ့ညှိုးနွမ်းခြင်းစွမ်းအားသို့ ပြောင်းသွားပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်ကို တိုက်ခိုက်လာတယ်။