← Chapters

ထာဝရ နတ်ဆိုးခန္ဓာကိုယ်

Vol. 66 Ch. 912

ထာဝရ နတ်ဆိုးခန္ဓာကိုယ်

Vol. 66 Ch. 912

မျက်လုံးနဲ့မြင်ရတာကတော့ ‌ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်က ရှုံ့တွပြီးခြောက်သွေ့ညှိုးနွမ်းနေတာပါပဲ။

နဂါးသွဲ့ပန်းသူတော်စင်အရှင်မရဲ့လက်ထဲရှိပန်းပွင့်က သာမန်ဆန်ပေမယ့် တကယ်တော့ အသေင်္ချပန်းအမျိုးသမီးရဲ့စွမ်းအင်ပါဝင်တယ်။ အဲဒါက အသေင်္ချပန်းအမျိုးသမီးရဲ့အသန်မာဆုံးစွမ်းအင်ဖြစ်တဲ့ခြောက်သွေ့ညှိုးနွမ်းစွမ်းအားပါပဲ။ အဲဒါက လူသေတစ်‌ယောက်ကို ချက်ချင်း လှုပ်ရှားလာနိုင်စေသလို ကျန်းမာတဲ့လူတစ်ယောက်ကို ခြောက်သွေ့ညှိုးနွမ်းကာသေဆုံးစေနိုင်တယ်။

"အား....ထာဝရစွမ်းအား၊ အသက်သွင်းစမ်း....."

ကောင်းကင်လှည့်သားရဲအာဏာရှင်က ဟိန်းလိုက်တယ်၊ သူ့ခန္ဓာကိုယ်က ဆန်းကြယ်အားကောင်းတဲ့အသက်စွမ်းအားတစ်ခုပေါက်ကွဲထွက်လာပြီး အသေင်္ချပန်းအမျိုးသမီးရဲ့ခြောက်သွေ့ညှိုးနွမ်းစွမ်းအားနဲ့ ယှဉ်ပြိုင်လိုက်တယ်။

ခြောက်သွေ့ညှိုးနွမ်းစွမ်းအားက အရင်းမြစ်မှ မဟုတ်ဘူး၊ ဒါ့အပြင် နဂါးသွဲ့ပန်းသူတော်စင်အရှင်မရဲ့လက်ထဲရှိပန်းပွင့်မှာ ခြောက်သွေ့ညှိုးနွမ်းစွမ်းအားအရိပ်အယောင်သာ ပါဝင်တယ်။ အသက်တစ်ခါရှုချိန်ကြာပြီးနောက် ခြောက်သွေ့ညှိုးနွမ်းစွမ်းအားက‌ ပျောက်ကွယ်သွားပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်က ပုံမှန်အခြေအနေကို ပြန်ရောက်လာတယ်။

"ဟားဟား၊ အသေင်္ချပန်းအမျိုးသမီးက ဘာမှမဟုတ်ဘူး။ ထာဝရအရှင်ဘုရင်က အသန်မာဆုံးတည်ရှိမှုပဲ"

အတိတ်တုန်းက ကောင်းကင်လှည့်သားရဲအာဏာရှင်က နဂါးသွဲ့ပန်းသူတော်စင်အရှင်မရဲ့ပန်းပွင့်ကို စိုးရိမ်ခဲ့ရတယ်၊ အကြောင်းကတော့ ပန်းပွင့်ထဲမှာ အသေင်္ချပန်းအမျိုးသမီးရဲ့စွမ်းအင်ဘယ်လောက်ပါဝင်သလဲကို သူမသိလို့ပဲ။ အဲဒါမှာ စွမ်းအင်အများကြီးပါရှိရင် ထာဝရစွမ်းအားက ယှဉ်ပြိုင်နိုင်လိမ့်မှာမဟုတ်ဘူး။

အခုကြည့်ရသလောက် အဲဒါက အာရုံထားဖို့မလိုအပ်လှပါဘူး။

"သေစမ်း....."

လီဖူချန်းက ကောင်းကင်လှည့်သားရဲအာဏာရှင်အနောက်ကို ရောက်ရှိလာပြီး ခုတ်ပိုင်းချလိုက်တယ်။

သွေးတွေ စဉ်ထွက်သွားပြီး ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်က နှစ်ပိုင်းကွဲလုနီးပါးဖြစ်သွားရတယ်။ ကြောက်စရာကောင်းတဲ့ဓားချီက အရင်းမြစ်ထိတိုင် ထိုးဖောက်ခဲ့တယ်။

"တောက်"

ကောင်းကင်လှည့်သားရဲအာဏာရှင်က ကိုယ်တိုင် မရပ်တန့်နိုင်ပါဘူး။ သူက  ဓားချီကို ရပ်တန့်ဖို့ထာဝရစွမ်းအားကိုသာ လှည့်ပတ်နိုင်တယိ။

ထာဝရစွမ်းအားအပိုင်းတစ်ခုကို အသုံးပြုပြီးနောက် ဓားချီက နောက်ဆုံးတော့ ပျောက်ကွယ်သွား‌ခဲ့တယ်။

"မင်းတို့‌ကောင်တွေ ငါ့ကို ဖိအားပေးနေတာပဲ....။ထာဝရနတ်ဆိုးခန္ဓာကိုယ်......." နောက်သို့ပျံသန်းရင်း ‌ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး အနက်ရောင်အရိပ်တစ်ခု ချက်ချင်းဖြစ်လာတယ်။

လုံးဝမထင်ရှားမှုန်မှုန်ဝါးဝါးဖြစ်နေတာကြောင့် အနက်ရောင်အရိပ်ပေါ်ရှိအသေးစိတ်တွေကို မြင်တွေ့ဖို့က မဖြစ်နိုင်ပါဘူး၊ အဲဒါကို ကြည့်ရတာ ထာဝရစွမ်းအားရဲ့သရုပ်သကန်လိုပါပဲ။

ဒါပေမယ့် နှိုင်းယှဉ်ကြည့်ရင် ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့လက်ရှိချီတည်ရှိမှုက သိသိသာသာပိုသန်မာတယ်။ အဲဒါက အနည်းဆုံးဆယ်ဆပိုသန်မာလာတယ်။

"သူ့အလားအလာကို နှိုးဆွဖို့ သူက ထာဝရစွမ်းအားကို အသုံးပြုနေတာပဲ။ မဟုတ်ဘူး၊ သူက သူ့အလားအလာကို ဆွဲထုတ်နေတာပဲ" လီဖူချန်းရဲ့မျက်လုံးများက ပြူးကျယ်သွားတယ်။

တိုက်ပွဲက အဆုံးစွန်းစွမ်းအင်တွေအကြားတိုက်ပွဲတစ်ခုဖြစ်လာတယ်။

နဂါးသွဲ့ပန်းသူတော်စင်အရှင်မက အသေင်္ချပန်းအမျိုးသမီးရဲ့ခြောက်သွေ့ညှိုးနွမ်းစွမ်းအားကို ပိုင်ဆိုင်တယ်။

ကောင်းကင်လှည့်သားရဲအာဏာရှင်က ထာဝရအရှင်ဘုရင်ရဲ့ထာဝရစွမ်းအားကို ပိုင်ဆိုင်တယ်။

လီဖူချန်းရဲ့ကောင်းကင်ဆက်ဓားကလည်း အဆုံးစွန်းအဆင့်ကောင်းကင်ဆက်ဓားစွမ်းအားကို ပိုင်ဆိုင်တယ်။

ကျောက်စိမ်းကြယ်သူတော်စင်အရှင်အတွက်ကတော့ သူက အားအနည်းဆုံးပါပဲ။ ဒါပေမယ့် သူက စကြာဝဠာကို နှစ်ပေါင်းများစွာစွန့်စားသွားလာခဲ့တယ်၊ ဒီတော့ သူ့မှာ ပြောင်မြောက်တဲ့ကျွမ်းကျင်မှုအချို့ရှိတယ်။

…

ထာဝရကျွန်းအထက်မှာတော့ သံတိမ်သူတော်စင်အရှင်နဲ့နက်ပြာဓားသူတော်စင်အရှင်တို့က လွတ်မြောက်ဖို့ကြိုးစားနေတဲ့နတ်ဆိုးသားရဲတွေရှိမလားကို ရှာဖွေနေတယ်။

သူတို့နှစ်ယောက်က ခွန်အားအရပိုအားနည်းတယ်၊ ဒါကြောင့် သူတို့က ကောင်းကင်လှည့်သားရဲအာဏာရှင်ကို ဝိုင်းရံရင်တောင် ဘာအကူအညီတစ်ခုမှ ပေးနိုင်မှာမဟုတ်ပါဘူး။

" တကယ်မယုံနိုင်စရာပဲ။ နတ်ဆိုးသားရဲတစ်ကောင်တောင် မလွတ်သွားဘူးပဲ" သံတိမ်သူတော်စင်အရှင်နဲ့နက်ပြာဓားသူတော်စင်အရှင်တို့က တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြတယ်။

သားရဲအာဏာရှင်ဒါဇင်ကျော်နဲ့အထွတ်အထိပ်သားရဲအရှင်သခင်များစွာကို လီဖူချန်းက တစ်ချက်တည်းသတ်ဖြတ်ခဲ့တယ်။ သူတို့က လီဖူချန်းရဲ့ခွန်အားအစစ်အမှန်ကို မတွေးဆနိုင်တော့ပါဘူး။

…

"ထာဝရနတ်ဘုရားလက်သီး....."

ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက် ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ကြောက်မက်ဖွယ်ရာအနက်ရောင်လက်သီးက ဟင်းလင်းပြင်ကိုတောင် ပျက်ဆီးယိုယွင်းစေနိုင်တယ်။

"ငါ့ကို အလွယ်တကူအနိုင်ယူနိုင်မယ်လို့ မင်း ထင်နေတာလား" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ဒေါသထွက်သွားတယ်။

ကောင်းကင်လှည့်သားရဲအာဏာရှင်က သူ့ကို အရင်ပစ်မှတ်ထားခဲ့တာလေ၊ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က အားအနည်းဆုံးဖြစ်ပြီး ကျောက်စိမ်းကြယ်သူတော်စင်အရှင်ကို အရင်ဖယ်ရှားဖို့ သူ တွေးထားမှန်းသိသာတယ်။

"ကျောက်စိမ်းကြယ်ကောင်းကင်ဘုံဒီပါငှက်......'

ကျောက်စိမ်းကြယ်သူတော်စင်အရှင်က အော်လိုက်တယ်၊ သူက ကျောက်စိမ်းကြယ်နည်းလမ်းကို အဆုံးစွန်းအထိ လည်ပတ်ခဲ့တယ်။ ဟင်းလင်းပြင်အနက်ပိုင်းထဲမှာ စကြာဝဠာရဲ့မဟာတာအိုစွမ်းအားက အထောက်အပံ့ပေးလာတယ်။ ပုံရိပ်ယောင်ကြယ်တစ်လုံးက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

ကြယ်က လည်နေပြီး မဖျက်ဆီးနိုင်တဲ့မဟာတာအိုအရှိန်အဝါကို ထုတ်လွှတ်နေတယ်။

ဝုန်း အုန်း.....

အနက်ရောင်လက်သီးက ပုံရိပ်ယောင်ကြယ်အပေါ် ကျဆင်းလာပြီး ပျက်ဆီးခြင်းဖြစ်ရပ်တစ်ခုက ချက်ချင်း ပေါက်ကွဲထွက်သွားတယ်။

"ဒီကျောက်စိမ်းကြယ်နည်းလမ်းက တကယ် ဆန်းကြယ်တယ်"

ကျောက်စိမ်းကြယ်နည်းလမ်းက သာမန်ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုမဟုတ်ဘူးဆိုတာကို လီဖူချန်းက မြင်နိုင်တယ်။ အဲဒါက စကြာဝဠာဥပဒေသနဲ့ အလွန်ခိုင်မြဲတဲ့ပေါင်းစည်းခြင်းတစ်ခုရှိတယ်။ အဲဒါက စကြာဝဠာရဲ့မဟာတာအိုစွမ်းအားကို ‌အတိုင်းအတာတစ်ခုအထိ ချေးငှားနိုင်တယ်။

အဲဒါက တစ်စုံတစ်ယောက်ရဲ့ချီစွမ်းအင်ကို ပိုသန်မာအောင်ပြုလုပ်တာနဲ့အတူတူပါပဲ၊ အဲဒါက သိုင်းပညာတွေကိုလည်း ပိုအားကောင်းအောင် အလိုအလျောက် ပြုလုပ်ပေးပါလိမ့်မယ်။

ကံမကောင်းတာကတော့ ထာဝရစစ်တပ်ရဲ့အနှိုင်းမဲ့ကျွမ်းကျင်မှုနှစ်ခုကိုဖော်ထုတ်ခဲ့တဲ့‌ကောင်းကင်လှည့်သားရဲအာဏာရှင်နဲ့ယှဥ်ပြိုင်ဖို့လုံလောက်ရုံမျှသာပါပဲ။

သွေးစီးကြောင်းတစ်ခုက ကျောက်စိမ်းကြယ်သူတော်စင်အရှင်ရဲ့ပါးစပ်ထောင့်မှ ထွက်ကျလာတယ်၊ သူက မိုင်ဒါဇင်အနည်းငယ်အထိ လွင့်ထွက်သွားတယ်။

"ခြောက်သွေ့ညှိုးနွမ်းညွှန်ချက်......"

အခြားတစ်ဖက်မှာ နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ပွင့်ချပ်နှစ်ခုကို ခူးဆွတ်ပြီး သူမရဲ့လက်ညှိုးထဲမှာ ခြောက်သွေ့ညှိုးနွမ်းစွမ်းအားကို နှစ်ကြိမ်တိုင်တိုင် စုစည်းလိုက်တယ်။ ပြီးနောက် သူမက ကောင်းကင်လှည့်သားရဲအာဏာရှင်ကို လက်ညိုးထိုးလိုက်တယ်။

"တားဆီးစမ်း....."

ကောင်းကင်လှည့်သားရဲအာဏာရှင်က လက်သီးတစ်ချက်ဖော်ထုတ်ပြီးကာစဖြစ်နေကာ သူက အချိန်မီတန်ပြန်မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ သူက ဒိုင်းတစ်ခုကို ထုတ်ပြီးတော့သာ ကာကွယ်နိုင်ခဲ့တယ်။

ဝုန်း......

ဒိုင်းက တုန်ခါလာပြီး စတင်ယိုယွင်းလာတယ်။ ကြီးမားတဲ့အပေါက်တစ်ခုက ဒိုင်းရဲ့အလယ်မှာ ပွင့်ထွက်နေတယ်။ ခြောက်သွေ့ညှိုးနွမ်းလက်ချောင်းအားက ကောင်းကင်လှည့်သားရဲအာဏာရှင်ကို ထိုးဖောက်ခဲ့တယ်။

အဆုံးစွန်းအဆင့်ခြောက်သွေ့ညှိုးနွမ်းစွမ်းအားနဲ့ရင်ဆိုင်ရတဲ့အခါ ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုက အသုံးမဝင်တော့ပါဘူး၊ ဒိုင်းက ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေမှာ မရှိရင်ပေါ့လေ။ စိတ်မကောင်းစရာတစ်ခုကတော့ ဒိုင်းက အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုသာ ဖြစ်နေတယ်။

သူ့ရဲ့ခုခံမှုက အားမနည်းဘူးလို့ ကောင်းကင်လှည့်သားရဲအာဏာရှင်က ယုံကြည်တယ်။ ထာဝရစွမ်းအားရဲ့ပေါင်းထည့်မှုနဲ့ဆိုရင် အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ခုခံမှုအသုံးအဆောင်ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသိန်းအနည်းငယ်ကို အကုန်အကျခံဖို့ မလိုပါဘူး။ သူက ဒီဒိုင်းကိုလည်း မဝယ်ခဲ့ပါဘူး၊ အဲဒါကို သူသတ်ခဲ့တဲ့သူတော်စင်အရှင်မှရရှိလာတာပါ။

ခြောက်သွေ့ညှိုးလက်ချောင်းအားက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတဲ့အခါ အဲဒါက ပိုပြီးမှိန်ဖျော့သွားတယ်။

"ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓား......"

လီဖူချန်းက ဓားကွက်ကို ဖော်ထုတ်လိုက်တယ်။ အဆုံးမဲ့ဓားဒဏ်ရာတွေက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြန့်ကျဲသွား‌တော့တယ်။

ဓားအလင်းစီးကြောင်းတွေက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာနေတယ်။ သူ့ရဲ့ခန္ဓာကိုယ်က အားနည်းတဲ့လက္ခဏာတွေ စတင်ပြသလာတယ်။

"ထာဝရနတ်ဘုရားလက်သီး၊ သေစမ်း......"

ကောင်းကင်လှည့်သားရဲအာဏာရှင်က လီဖူချန်းကို အမုန်းဆုံးပဲ။ သူသေရင်တောင် လီဖူချန်းကို အပါ‌ခေါ်သွားဖို့ သူက ဆုံးဖြတ်ထားတယ်။ သူက လှည့်ကာ လီဖူချန်းထံ လက်သီးတစ်ချက်ဖော်ထုတ်ခဲ့တယ်။

ဝုန်း......

လီဖူချန်းက သူ့ရဲ့ဓားကို အလျားလိုက်ထားကာ တားဆီးလိုက်တယ်၊ သူက အနက်ရောင်လက်သီးကြောင့် လွင့်ထွက်သွားရတယ်။

"မင်းရဲ့ခံစစ်က အလွန်ခိုင်မာတာကို ငါ သိတယ်၊ ဒါကြောင့် ငါ မင်းကို အခွင့်အရေးတစ်ခုမှမပေးဘူး"

ထာဝရနတ်ဆိုးခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက် ကောင်းကင်လှည့်သားရဲအာဏာရှင်က အရင်ကထက်ပိုမြန်လာတယ်။ သူက လီဖူချန်းကို အလွယ်တကူလိုက်မီသွားပြီး လက်သီးချက်တွေတစ်ချက်ပြီးတစ်ချက် ဖော်ထုတ်ခဲ့တယ်။

ထာဝရနတ်ဆိုးခန္ဓာကိုယ်က ထာဝရစစ်တပ်ရဲ့အနှိုင်းမဲ့ကျွမ်းကျင်မှုသုံးခုထဲကနောက်ဆုံးကျွမ်းကျင်မှုဖြစ်တယ်။ အဲဒါကို ဖော်ထုတ်ပြီးတာနဲ့ တစ်စုံတစ်ယောက်ရဲ့အလားအလာကို ကုန်ဆုံးစေပြီးပြန်မရရှိလာစေနိုင်တော့ပါဘူး။ ဒါကြောင့် သူက သေမင်းနှုတ်ခမ်းဝမှာမရှိရင် အဲဒါကို အသုံးမပြုဖို့ ကောင်းကင်လှည့်သားရဲအာဏာရှင်က တွေးထားခဲ့တယ်။

ဒါပေမယ့် သူ အဲဒါကို တစ်ကြိမ်အသက်သွင်းပြီးတာနဲ့ သူသေရင်သေဒါမှမဟုတ်သူ့ရန်သူသေခြင်းကို ဆိုလိုတယ်။

ဓားအလင်းက စက်လုံးတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး လီဖူချန်းက အရာအားလုံးကို ခုခံနေခဲ့တယ်။

ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ထာဝရနတ်ဘုရားလက်သီးနဲ့ရင်ဆိုင်ရတဲ့အခါ စက်လုံးသဏ္ဍာန်ဓားအလင်းက အလွယ်တကူချိုးဖြတ်ခံလိုက်ရပြီး အနက်ရောင်လက်သီးတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ်ကျရောက်လာတယ်။

ဒါပေမယ့် ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်လည်း ဓားဒဏ်ရာတွေနဲ့ ပေါက်ကွဲထွက်နေတယ်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ပြိုလဲမှာကို စောင့်နေကြတယ်။

ဒီအချိန်အတွင်း ကျောက်စိမ်းကြယ်သူတော်စင်အရှင်နဲ့နဂါးသွဲ့ပန်းသူတော်စင်အရှင်မတို့ကလည်း ကောင်းကင်လှည့်သားရဲအာဏာရှင်ကို အဆက်မပြတ်တိုက်ခိုက်နေတယ်။

"မသေမျိုးစွမ်းအားက ပြိုလဲတော့မယ်" လီဖူချန်းရဲ့ကြယ်မသေမျိုးခန္ဓာကိုယ်က ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်ထက် နိမ့်ကျတယ်။

"မူလအဆုံးစွန်းဓားခန္ဓာကိုယ်......."

ကျယ်လောင်စွာအော်ပြီးနောက် လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းကို အဆုံးစွန်းထိ လှည့်ပတ်လိုက်တယ်။ အလွန်ကြောက်စရာကောင်းတဲ့ဓားတာအိုစွမ်းအားတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နေတယ်။

ကျောက်စိမ်းကြယ်သူတော်စင်ရှင်ရဲ့ကျောက်စိမ်းကြယ်နည်းလမ်းက စကြာဝဠာရဲ့မဟာတာအိုစွမ်းအားမှအထောက်အပံ့ကို ယူနိုင်တယ်။ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက စကြာဝဠာရဲ့ဓားတာအိုစွမ်းအားမှအထောက်အပံ့ကို ယူနိုင်တယ်။ ပျမ်းမျှပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုက လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၆၄ခု ဖုံးလွှမ်းတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၆၈ခု ဖုံးလွှမ်းတယ်။

ဓားတာအိုစွမ်းအားရဲ့အထောက်အပံ့နဲ့အတူ လီဖူချန်းဓားပညာရဲ့သတ်ဖြတ်နိုင်စွမ်းက အဆများစွာတိုးလာတယ်။ ကြီးမားတဲ့ဓားဒဏ်ရာမျိုးစုံက ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်မှာ ထွက်ပေါ်လာတယ်။

"မယုံနိုင်စရာပဲ" ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ထိတ်လန့်သွားတယ်။

ဒီမတိုင်ခင်က လီဖူချန်းရဲ့ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းက သူ့ရဲ့ပထမအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းနဲ့နှိုင်းယှဉ်ရင် အနည်းငယ်ပိုအားနည်းတယ်လို့ ကျောက်စိမ်းကြယ်သူတော်စင်အရှင်က ထင်ထားခဲ့တယ်။ အခုကြည့်ရသလောက် အဲဒါက ကျောက်စိမ်းကြယ်နည်းလမ်းထက် လုံးဝပိုသန်မာပြီး စကြာဝဠာရဲ့မဟာတာအိုနဲ့ပိုသဟဇာတဖြစ်တယ်။

သုံးယောက်ရဲ့ပေါင်းစပ်တိုက်ခိုက်မှုတွေကြောင့် ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ထာဝရနတ်ဆိုးခန္ဓာကိုယ်က နောက်ဆုံးမှာတော့ မခံနိုင်တော့ပါဘူး။

ဝုန်း......

ကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ခန္ဓာကိုယ်တစ်ဝက်က ပေါက်ကွဲထွက်သွားတယ်။ ပြီးနောက် ကျန်ရှိနေတဲ့ခန္ဓာကိုယ်ကလည်း ချက်ချင်းပေါက်ကွဲထွက်သွားတော့တယ်။

အဲဒါက သူတို့သုံးယောက်မှတိုက်ခိုက်မှုကြောင့် မဟုတ်ဘူး၊ အဲဒါက ထာဝရနတ်ဆိုးခန္ဓာကိုယ်ပြိုလဲပျက်စီးမှုကြောင့် ဖြစ်တယ်။

ဒါပေမယ့် အဲဒါက သူတို့သုံးယောက်ရဲ့တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။

တကယ်တော့ သူတို့သုံးယောက်က အရူးအမူးမတိုက်ခိုက်ခဲ့ရင် ထာဝရနတ်ဆိုးခန္ဓာကိုယ်က ဒီလောက်မြန်မြန်ပြိုလဲပျက်စီးသွားလိမ့်မှာမဟုတ်ဘူး။

"ဟားဟား၊ ငါ့ကို သတ်ဖို့မစဉ်းစားနဲ့"

ထာဝရနတ်ဆိုးခန္ဓာကိုယ်က အပြည့်အဝပေါက်ကွဲထွက်သွားပြီး သေးငယ်တဲ့အလင်းစက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာတယ်။

သေးငယ်တဲ့အလင်းစက်က တံဆိပ်တစ်ခုဖြစ်ပြီး ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုနဲ့ထွင်းထုထားတာကို လီဖူချန်းရဲ့ထက်ရှတဲ့မျက်လုံးတွေက ချက်ချင်းမြင်နိုင်တယ်။

ထာဝရတံဆိပ်........

တံဆိပ်က ထာဝရတံဆိပ်ကလွဲပြီးအခြားမဟုတ်ပါဘူး။

ထာဝရတံဆိပ်ကို ရရှိပြီး ထာဝရစွမ်းအားကိုအသက်သွင်းနိုင်တဲ့ဘယ်သူမဆို ထာဝရစစ်တပ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်လို့ ကောဟဟာလတွေက ပြောကြတယ်။

"ချိုးဖြတ်စမ်း......"

လီဖူချန်းက ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓားကို ဖော်ထုတ်ခဲ့ပြီး ထာဝရတံဆိပ်ကို ရိုက်ချလိုက်တယ်။

ဒါပေမယ့် ထာဝရတံဆိပ်က အလွန်ဉာဏ်များတယ်။ လီဖူချန်းရဲ့ဓားချီက မထိတွေ့နိုင်ခင် ၎င်းက အခြားတစ်ဘက်ကို ယိမ်းကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်တယ်။

မျက်စိတစ်မှိတ်အတွင်း ထာဝရတံဆိပ်က ပျောက်ကွယ်သွား‌ခဲ့တယ်။

နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ပွင့်ချပ်တွေတစ်ဝက်သာကျန်ရှိတော့တဲ့ပန်းပွင့်ကို ကိုင်လျက် ပြောလိုက်တယ်"ကိစ္စမရှိဘူး။ စိတ်ဝိညာဉ်သာ ကျန်ရှိတော့တာ၊ သူက နောက်ထပ်ဘာမှလုပ်နိုင်‌လိမ့်မှာမဟုတ်ဘူး"

သူ့ရဲ့စိတ်ဝိညာဉ်သာကျန်ရှိတဲ့ကောင်းကင်လှည့်သားရဲအာဏာရှင်အတွက် ဒီလုပ်ဆောင်မှုက ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ စဉ်းစားနိုင်တယ်။

ကောင်းကင်လှည့်သားရဲအာဏာရှင်က အခြားခန္ဓာကိုယ်ကို ပိုင်ဆိုင်ရင်တောင် သူ့ခွန်အားက အရင်ကလောက်ကြီးကျယ်ခမ်းနားမှာမဟုတ်တော့ဘူး။ အနည်းဆုံး သူ့ရဲ့အထွတ်အထိပ်ခွန်အားကို ပြန်ရောက်ရှိဖို့ အချိန်အကြာကြီးလိုအပ်လိမ့်မယ်။ ဒါမှအဟုတ် ဒီတစ်သက်မှာ ကောင်းကင်လှည့်သားရဲအာဏာရှင်က သူ့ခွန်အားအထွတ်အထိပ်ကို ဘယ်တော့မှမရောက်နိုင်တာလည်း ဖြစ်နိုင်တယ်။

အစစ်အမှန်စိတ်ဝိညာဉ်နဲ့၁၀၀ရာခိုင်နှုန်းလိုက်ဖက်တဲ့ခန္ဓာကိုယ်တစ်ခုကို ရှာတွေ့ဖို့က ထင်သလောက်မလွယ်ပါဘူး။

"‌ကောင်းကင်လှည့်သားရဲအာဏာရှင် ‌သေသွားပြီးလား"

သံတိမ်သူတော်စင်အရှင်နဲ့နက်ပြာသူတော်စင်အရှင်တို့က တစ်ဟုန်ထိုးပြေးလာတယ်။

"သူ့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်က လွတ်မြောက်သွားတယ်" လီဖူချန်းက ဖြေလိုက်တယ်။

"အစစ်အမှန်စိတ်ဝိညာဉ်တစ်ခုလေးပဲ၊ စကားထဲထည့်ပြောစရာမလိုတော့ဘူး။ နတ်ဆိုးသားရဲတွေနဲ့ပြဿနာကို ဖြေရှင်းပြီးပြီဆိုတော့ ရက်အနည်းငယ်ပြီးရင် ငါ နက်ပြာပလိန်းကနေ ထွက်သွားတော့မယ်" သံတိမ်သူတော်စင်အရှင်က ဆိုလိုက်တယ်။

နက်ပြာပလိန်းက သူ့အတွက်သေးလွန်းတယ်၊ သူတော်စင်အရှင်တစ်ယောက်ကမှ နက်ပြာပလိန်းမှာအချိန်အကြာကြီးနေထိုင်ဖို့ ဆန္ဒရှိလိမ့်မှာမဟုတ်ဘူး။

"ငါလည်း အသေင်္ချပန်းမြို့ကို သတင်းပို့ဖို့ ပြန်သွားတော့မယ်" နဂါးသွဲ့ပန်းသူတော်စင်အရှင်မက ခေါင်းညိတ်လိုက်တယ်။

လူတိုင်းအတွက် နတ်ဆိုးသားရဲတွေက အခြေခံအားဖြင့် အကြီးအကျယ်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဆိုနိုင်တယ်။ နှစ်မီလီယံချီတည်ရှိခဲ့တဲ့သားရဲအာဏာရှင်အများစုကို သတ်ဖြတ်ခဲ့ပြီးပြီ။ ပြန်မရောက်လာသေးတဲ့သားရဲအာဏာရှင်ဆယ်‌ကောင်အောက်သာ ကျန်ရှိတော့တယ်၊ သူတို့က စကြာဝဠာထဲမှာ သေဆုံးသွားတာလည်း ဖြစ်နိုင်တယ်။

***

All Chapters