← Chapters

မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်

Vol. 66 Ch. 913

မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်

Vol. 66 Ch. 913

နတ်ဆိုးသားရဲတွေကို ရှင်းလင်းပြီဖြစ်တာကြောင့် နက်ပြာပလိန်းရဲ့အနေအထားက တည်ငြိမ်လာတယ်။

နောက်ရက်အနည်းငယ်မှာတော့ အထွတ်အထိပ်အဆင့်သူတော်စင်‌တွေနဲ့သူတော်စင်အရှင်တွေက နက်ပြာပလိန်းမှ စတင်ထွက်ခွာခဲ့တယ်။

အဆင့်ပိုမြင့်မားတဲ့ဓားသမားအစည်းအရုံးတစ်ခုရှိရာနတ်သစ်ရွက်မြို့ကို လာရောက်ဖို့ နက်ပြာဓားသူတော်စင်အရှင်က လီဖူချန်းကို ဖိတ်ခေါ်ခဲ့တယ်။

ဒါ‌ပေမယ့် လီဖူချန်းက ငြင်းပယ်ခဲ့တယ်။ သူက ကြယ်ပိုင်နက်အဆင့်ဓားသမားအစည်းအရုံးတစ်ခုကို သေချာပေါက် သွားရောက်မှာပါ၊ ဒါပေမယ့် အခုတော့ မဟုတ်သေးပါဘူး။

…

အချိန်တွေ ကုန်ဆုံးသွားတယ်၊ အခုဆိုရင် ငါးနှစ်ရှိပါပြီ။

သာမန်သိုင်းပညာရှင်တစ်ယောက်အတွက် ငါးနှစ်က အတော်လေးကြာရှည်တဲ့သက်တမ်းတစ်ခုပါပဲ၊ တကယ်တော့ သူတို့ရဲ့သက်တမ်းက ၁၀၀ဒါမှမဟုတ်၂၀၀သာရှိတာလေ။

သူတော်စင်တစ်ယောက်အတွက် ငါးနှစ်က တစ်မှေးအိပ်တာနဲ့အတူတူပါပဲ။

"ငါ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၇မှာရှိတယ်"

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအလျှံပယ်နဲ့အဆင့်မြင့်ကျင့်ကြံခြင်းအရင်းအမြစ်တွေနဲ့အတူ ပထမအဆင့်အထွတ်မူလအဆုံးစွန်းဓားနည်းလမ်းနဲ့အတူ ငါက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၇ကို ရောက်ရှိလာပြီ။

"ကျောက်ပုဆိန်သူတော်စင်အရှင်အဆိုအရ လူသားတွေက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၉ကိုရောက်ပြီးမှ အဆုံးစွန်းအဆင့်သိုင်းပညာတွေကို နားလည်ဖို့အရည်အသွေးပြည့်မှီတယ်။ အဲဒါမှန်သလားကို ငါ သိချင်တယ်"

လီဖူချန်းက ကျောက်ပုဆိန်သူတော်စင်အရှင်နဲ့ စကားစမြည်ပြောခဲ့တုန်းက သူက ဒါနဲ့ပတ်သက်ပြီး ကျောက်ပုဆိန်သူတော်စင်အရှင်မှ ကြားသိခဲ့ရတယ်။

ဒီကောလဟာလက ကျောက်ပုဆိန်သူတော်စင်အရှင်ဖတ်ခဲ့တဲ့ရှေးကျမ်းစာအုပ်မှ စတင်ခဲ့တယ်။

လူသားကောင်းကင်ဘုံအရှင်၉၈ယောက်နဲ့သူတို့အသီးသီးက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၉ကိုရောက်ရှိပြီးမှသာ ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာနိုင်တယ်လို့ ရှေးကျမ်းစာအုပ်က မှတ်တမ်းတင်ခဲ့တယ်။

"ဒါအမှားဖြစ်လောက်တယ်" လီဖူချန်းက ရယ်လိုက်တယ်။

ကောင်းကင်ဘုံအရှင်တစ်‌‌ယောက်ဖြစ်လာဖို့ ဘယ်လူသားကောင်းကင်ဘုံအရှင်က အနည်းဆုံးနှစ်တစ်သိန်းအသုံးမပြုခဲ့လို့လဲ။ တစ်စုံတစ်ယောက်က နှစ်တစ်သိန်းအတွင်း စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၉ကို မရောက်ရှိနိုင်ရင် ထိုလူရဲ့ပါရမီက လုံလုံလောက်လောက်မကောင်းဘူးလို့ ဆိုလိုတယ်။ ပါရမီမရှိတဲ့လူတစ်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒါက ရိုးရှင်းတဲ့ဝိရောဓိ(ဆန့်ကျင်ခြင်း)တစ်ခုပဲ။

သက်သေပြချင်တယ်ဆိုရင်တော့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၉ကို မရောက်ရှိခင် လီဖူချန်းက အဆုံးစွန်းအဆင့်ဓားပညာတစ်ခုကို နားလည်ထားရလိမ့်မယ်။

ဝီဝီ.......

ပြင်းထန်တဲ့အစီအရင်လှိုင်းတစ်ခုက အနီးနားမှ ရောက်ရှိလာတယ်။

"ပြီးခါနီးနေပြီလား" လီဖူချန်းက ပင်လယ်လိပ်ခွံသူတော်စင်အရှင်ရဲ့ဘေးမှာ ထွက်ပေါ်လာတယ်။

သူ့နဖူးပေါ်ရှိချွေးကို သုတ်ပြီးနောက် ပင်လယ်လိပ်ခွံသူတော်စင်အရှင်က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဓားသူတော်စင်အရှင်၊ ငါ မင်းမျှော်လင့်ချက်ကို မကျဆုံးစေဘူး။ နောက်သုံးရက်ကျရင် အစီအရင်က ပြီးပြည့်စုံလိမ့်မယ်"

အစီအရင်တည်ဆောက်ရတာ ဒီလောက်မြန်မယ်လို့ ပင်လယ်လိပ်ခွံသူတော်စင်အရှင်က မမျှော်လင့်ထားခဲ့ဘူး။ သူ့ရဲ့အစီအရင်တာအိုက သိသိသာသာတိုးတက်လာနေတယ်လို့ မရေမရာခံစားချက်တစ်ခု သူ့မှာရှိတယ်။ သူက ထူးကဲအဆင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုကို တည်ဆောက်နိုင်ဖို့ မဝေးတော့ပါဘူး။

နောက်သုံးရက်ကြာပြီးနောက် အစီအရင်တည်ဆောက်မှုက အောင်မြင်သွားတော့တယ်။ နောက်ထပ် ပင်လယ်လိပ်ခွံသူတော်စင်အရှင်က အထောက်အပံ့အစီအရင်နဲ့သတိပေးအစီအရင်အချို့ကို တည်ဆောက်ဖို့ ကူညီပေးခဲ့တယ်။ သူက စုစုပေါင်းအစီအရင်ခြောက်လွှာတပ်ဆင်ခဲ့တယ်။

"ဓားသူတော်စင်အရှင်၊ အစီအရင်ရဲ့ခုခံမှုကို စမ်းသပ်ကြည့်ပါ" ပင်လယ်လိပ်ခွံသူတော်စင်အရှင်က အကြံပြုလိုက်တယ်။

"ကောင်းပြီ"

လီဖူချန်းက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်ကို ဆွဲထုတ်ကာ အစီအရင်ကို ခုတ်ပိုင်းလိုက်တယ်။

ဗွမ်းဗွမ်း......

ဓားက ရေကိုခုတ်ပိုင်းနေသလို ခံစားရတယ်။ အနက်ပိုင်းကို သွားလေ၊ ခုခံမှုက ပိုသန်မာလေဖြစ်တယ်။ နောက်ဆုံးတော့ ဓားချီက ၃၀ရာခိုင်နှုန်းသာ တိုးနိုင်ပြီး အားကို အချည်းနှီးဖြစ်စေခဲ့တယ်။

"ဒီလိုအားကောင်းတဲ့ခံစစ်။ အဆင့်မြင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုဆိုတာ အံ့ဩစရာမရှိဘူးပဲ" လီဖူချန်းက သဘောကျစွာ ခေါင်းညိတ်လိုက်တယ်။

"ဓားသူတော်စင်အရှင်၊ ဘာလို့ မင်းရဲ့အဆုံးစွန်းအဆင့်ဓားနဲ့မကြိုးစားတာလဲ" ပင်လယ်လိပ်ခွံသူတော်စင်အရှင်က မေးလိုက်တယ်။

"ကောင်းပြီလေ" လီဖူချန်းက ရယ်ကာ ကောင်းကင်ဆက်ဓားကို ထုတ်လိုက်တယ်။

"မူလဘူတဓား"

လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားတစ်သောင်းက ဓားတစ်လက်အဖြစ်ပေါင်းစည်းပြီး အစီအရင်ကို ထိုးဖောက်လိုက်တယ်။

၁၀ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်း။

…

ဓားပုံရိပ်က အဆုံးစွန်းအရှိန်နဲ့ ဝင်လာနေတယ်၊ အဲဒါက ပင်လယ်လိပ်ခွံသူတော်စင်အရှင်ရဲ့ဦးရေပြားကိုတောင် ထုံကျင်သွားစေတယ်။

နောက်ဆုံးတော့ ဓားပုံရိပ်က အနက်၈၅ရာခိုင်နှုန်းမှာ ရပ်ခဲ့တယ်။

"ဒီအစီအရင်ရဲ့နာမည်ကဘာလဲ" လီဖူချန်းက အလွန်ကျေးဇူးတင်သွားတယ်။

အဆင့်မြင့်သူတော်စင်အရှင်အဆင့်အစီအရင်တစ်ခုက သူ့ရဲ့စွမ်းအားအပြည့်ထိုးဖောက်မှုကို ခုခံနိုင်တာကို သူ သိထားပေမယ့် အဲဒါကို ကိုယ်တိုင်လက်တွေ့မြင်‌ပြီးနောက် သူက အလွန်အံ့အားသင့်နေသေးတယ်။

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က သတိပြန်ဝင်လာကာ ပြောလိုက်တယ်"ဒီအစီအရင်ကို မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်လို့ခေါ်တယ်။အဲဒါက ခုခံမှုကို အသားပေးပြီး တိုက်ခိုက်မှုလည်း ပြုလုပ်နိုင်တယ်။ အဲဒါက ရန်သူကို ရင်ဆိုင်ဖို့ မဟာစုစည်းခြင်းရေအံ့ဖွယ်မိုးကြိုးကို ထုတ်လုပ်နိုင်တယ်"

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အစီအရင်မှ မရေမတွက်နိုင်လောက်တဲ့မိုးကြိုးစက်လုံးတွေကို ထုတ်ပြခဲ့တယ်။

ဝုန်း ဝုန်း ဝုန်း.......

မိုးကြိုးစက်လုံးတွေက လေထဲမှာ ပေါက်ကွဲထွက်သွားပြီး မီးစွမ်းအားက အထွတ်အထိပ်အဆင့်သူတော်စင်တစ်‌ယောက်ရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုနဲ့ညီမျှတယ်။

"မဆိုးဘူး၊ မဆိုးဘူးပဲ" လီဖူချန်းက ပိုတောင်ကျေးဇူးတင်သွားတယ်။

မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်နဲ့ဆိုရင် အထွတ်အထိပ်အဆင့်သူတော်စင်တွေက ဘာမှမတတ်နိုင်ဘူးလို့ ဆိုလိုတယ်။ အံ့ဖွယ်မိုးကြိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါ သာမန်သူတော်စင်အရှင်တွေကတောင် ခက်ခဲတဲ့အချိန်တစ်ခုရှိလာလိမ့်မယ်။ အထွတ်အထိပ်သူတော်စင်အရှင်တွေကသာ အနာတရမရှိဘဲ နောက်ဆုတ်နိုင်လောက်တယ်။

"မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်မှာ အမြုတေနှစ်ခုရှိတယ်။ တစ်ခုက စွမ်းအင်ရေကန်ဖြစ်ပြီး အခြားတစ်ခုကတော့ မဟာစုစည်းခြင်းဆန်းကြယ်ရေတိုင်ဖြစ်တယ်။ ပုံမှန်အနေအထားမှာ စွမ်းအင်ရေကန်မှာ စွမ်းအင်တစ်ခုမှမရှိရင် အဲဒါက ကောင်းကင်နဲ့မြေကြီးစွမ်းအားကို ထုတ်ယူပြီးအစီအရင်ကို ထိန်းသိမ်းနိုင်တယ်။ ဒါပေမယ့် အားကောင်းတဲ့တိုက်ခိုက်မှုတစ်ခုကို လက်ခံရရင်တော့ အဲဒါက တစ်ရက်သာခံလိမ့်မယ်။ ဒါပေမယ့် စွမ်းအင်ရေကန်မှာ စွမ်းအင်တွေနဲ့ ပြည့်နေရင် အားကောင်းတဲ့တိုက်ခိုက်မှုတွေကို ခုခံရတဲ့အခါ တစ်နှစ်အထိထိန်းသိမ်းနိုင်တယ်"

"ဘာလို့ စွမ်းအင်ရေကန်တွေကို ပိုမထည့်တာလဲ" လီဖူချန်းက မေးလိုက်တယ်။

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ရှင်းပြလိုက်တယ်"စွမ်းအင်ရေကန်တစ်ခုက လုံလောက်ပါပြီ။ စွမ်းအင်ရေကန်နှစ်ခုကို တည်ဆောက်ရတာ အလွန်ဒုက္ခများပြီးအချိန်ပိုကုန်တယ်။ ငါလည်းပဲ စွမ်းအင်ရေကန်အများကြီးကို မထည့်သွင်းနိုင်ဘူး။ ဒါ့အပြင် မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်က ကောင်းကင်နဲ့မြေကြီးမှစွမ်းအင်ကို ထုတ်ယူနိုင်ရုံသာမက သိုင်းပညာရှင်တွေမှချီကိုလည်း ထုတ်ယူနိုင်တယ်။ ချီကို ထုတ်ယူဖို့ မဟာစုစည်းခြင်းဆန်းကြယ်ရေတိုင်ကို အသုံးပြုတယ်။ ဒါကြောင့် လုံလောက်တဲ့သူတော်စင်တွေနဲ့ဆိုရင် အစီအရင်က စွမ်းအင်ရေကန်ထက် အချိန်ပိုကြည်ရှည်စွာ ခုခံနိုင်လိမ့်မယ်"

"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

နောက်ပိုင်းတွင် ပင်လယ်လိပ်ခွံသူတော်စင်အရှင်က မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်နဲ့ပတ်သက်ပြီးအသေးစိတ်အားလုံးကို ရှင်းပြခဲ့တယ်။

"ဓားသူတော်စင်အရှင်၊ ဘာမှမရှိတော့ရင် ငါ အချိန်သဲမြို့ကို အရင်ပြန်သွားနှင့်မယ်"

အရာအားလုံးကို လက်လွှဲပြီးနောက် ပင်လယ်လိပ်ခွံသူတော်စင်အရှင်က ထွက်ခွာဖို့စီစဉ်လိုက်တယ်။

"ကောင်းပြီလေ၊ ငါ မင်းကို လိုက်ပို့ပေးမယ်" လီဖူချန်းက နားလည်တယ်။

မကြာမီမှာပဲ သူတို့နှစ်ယောက်က အရှေ့ယူနီကွန်တိုက်ကြီးဆီ ရောက်ရှိသွားတယ်။ အာကာသ-အချိန်လမ်းကြောင်းကို သုံးပြီးနောက် သူတို့နှစ်ယောက်က ရှေးကျောက်တုံးကြယ်ပိုင်နက်ကို ရောက်ရှိသွားတော့တယ်။

"ပင်လယ်လိပ်ခွံသူတော်စင်အရှင်၊ ကျေးဇူးပြုပြီး ဒီအာကာသ-အချိန်လမ်းကြောင်းရဲ့တည်နေရာကို မမျှဝေပါနဲ့" လီဖူချန်းက ရိုးသားစွာ ပြောလိုက်တယ်။

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က လေးနက်စွာခေါင်းညိတ်ခဲ့တယ်"မစိုးရိမ်ပါနဲ့၊ ဓားသူတော်စင်အရှင်။ ငါ သေရင်တောင် ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူး"

အခြားပလိန်းတွေဆီဦးတည်တဲ့အာကာသ-အချိန်လမ်းကြောင်းတစ်ခုရဲ့အရေးပါမှုကို သိတယ်။ တစ်‌ယောက်ယောက်က မကောင်းတဲ့ဆန္ဒတစ်ခုရှိရင် ကပ်ဆိုက်မှုတစ်ခုကို ဖြစ်စေဖို့လုံလောက်တယ်။

"ဒါဆို ကျေးဇူးအများကြီးတင်ပါတယ်"

ပင်လယ်လိပ်ခွံသူတော်စင်အရှင်က အာကာသ-အချိန်လမ်းကြောင်းကို ထုတ်ဖော်လိုက်မှာကို လီဖူချန်းက တကယ်တော့ မကြောက်ပါဘူး။

ပထမကတော့ အာကာသ-အချိန်လမ်းကြောင်းက ၎င်းရဲ့တည်နေရာကို ချက်ချင်းပြောင်းလိမ့်မယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ရင် ၎င်းရဲ့တည်နေရာကို အတိအကျရှာတွေ့ဖို့က ခက်ခဲတယ်။

ဒုတိယကတော့ အာကာသ-အချိန်လမ်းကြောင်းကို အသုံးမပြုခဲ့ရင် အဲဒါက အလွန်အမင်းသေးငယ်တယ်။ တစ်ယောက်ယောက်က ဂရုတစိုက်မရှာဖွေရင် ရှာတွေ့ဖို့က မဖြစ်နိုင်ပါဘူး။

ဒီနှစ်ချက်အရ ကောင်းကင်ဘုံအရှင်တွေကလွဲပြီး အ‌ခြေခံအားဖြင့် တစ်ယောက်မှ ရှာမတွေ့နိုင်ပါဘူး။

တကယ်လို့ တစ်ယောက်ယောက်က အာကာသ-အချိန်လမ်းကြောင်းကို ရှာတွေ့ပြီး သူတော်စင်အရှင်အဆင့်ကျွမ်းကျင်သူတွေရဲ့ကြီးမားတဲ့အရေအတွက်က နက်ပြာပလိန်းကို ကျူးကျော်လာရင်တောင် လီဖူချန်းက လုံးဝကြောက်ရွံ့မှာမဟုတ်ဘူး။ အများဆုံး သူက သမန်းဝံပုလွေလီဖူချန်းကို နက်ပြာပလိန်းမှာ နေစေရလိမ့်မယ်။ ပြီးရင်တော့ ဝင်ရောက်လာတဲ့သူတော်စင်အရှင်အရေအတွက်က သူတော်စင်အရှင်အလောင်းတွေရဲ့အရေအတွက်နဲ့ ညီမျှသွားပေလိမ့်မယ်။

All Chapters