← Chapters

ဓားဂိုဏ်း

Vol. 66 Ch. 914

ဓားဂိုဏ်း

Vol. 66 Ch. 914

အစီအရင်တည်ဆောက်ပြီးဆိုတော့ ဂိုဏ်းထောင်ဖို့အလှည့်ပေါ့။

"မြင့်တက်စမ်း"

သူတော်စင်ဝိညာဉ်တိုက်ကြီးမှာတည်ရှိတဲ့တောင်တန်းတစ်ခုအထဲမှာ လီဖူချန်းက သူ့လက်ကို မြှောက်လိုက်ရာ အံ့ဖွယ်‌တောင်တစ်ခုက မြေပြင်မှ ကြွတက်လာတယ်။

"သွား"

အံ့ဖွယ်တောင်ကို သယ်လျက် လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ပျံသန်းလာတယ်။

လမ်းတစ်လျှောက်မှာ လူများစွာက ဒီမြင်ကွင်းကို မြင်ပေမယ့် တစ်ယောက်မှ မနှောင့်ယှက်ရဲကြဘူး။

နက်ပြာပလိန်းမှာ လီဖူချန်းက ကောင်းကင်ပေါ်ရှိ‌နေတစ်စင်းမဟုတ်တော့ဘဲ ကောင်းကင်ကိုဖုံးအုပ်ထားတဲ့လက်ဝါးလည်း ဖြစ်တယ်။

လီဖူချန်းက ဆန္ဒရှိရင် ကျူးကလန်နဲ့အုတ်မြစ်ခိုင်မာတဲ့ဂိုဏ်းအနည်းငယ်လွဲပြီး ဘယ်ဂိုဏ်းကိုမဆို သူက ဖျက်ဆီးနိုင်တယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး၊ ပျံဝဲကျက်သရေတောင်တန်း။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ဒီတောင်တန်းက သာမန်အတိုင်းအတာသာရှိတဲ့တောင်တန်းတစ်ခု ဖြစ်တယ်။ အဲဒါက လုံလုံလောက်လောက်ကြီးမားကျယ်ဝန်းပေမယ့် အံ့ဖွယ်တောင်တွေအများကြီးမရှိပါဘူး။

အခြားဂိုဏ်းတွေပိုင်ဆိုင်တဲ့တောင်တန်းတွေကို ကျူးကျော်ဖို့ လီဖူချန်းက ဆန္ဒမရှိပါဘူး၊ ဒါကြောင့် သူက အံ့ဖွယ်တောင်တွေကို ကိုယ်တိုင် ရှာဖွေလာခဲ့တယ်။

"အံ့ဖွယ်တောင်၁၀၈‌တောင်စုဆောင်းပြီးပြီ။ မဟာစုစည်းခြင်းဆန်းကြယ်ရေ၊ ပေါင်းစည်းစမ်း......"

နေရာအမျိုးမျိုးမှအံ့ဖွယ်တောင်တွေမှာ မတူညီတဲ့ချီစက်ကွင်းတွေ ရှိတယ်။ ၎င်းတို့ကို အတင်းအကျပ်‌ပေါင်းစည်းလိုက်တဲ့အခါ သိုင်းပညာရှင်တွေက ကျင့်ကြံတဲ့အခါမှာ တည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ သာမန်အခြေအနေမှာ ရောနှောထားတဲ့ချီစက်ကွင်းတွေပေါင်းစည်းဖို့အတွက်အချိန်အကြာကြီးလိုအပ်တယ်။

ကံကောင်းတာကတော့ ချီစက်ကွင်းကို ပေါင်းစည်းရာမှာ အဆင့်မြင့်အစီအရင်တစ်ခုက ပိုကောင်းတဲ့သက်ရောက်မှုတွေရှိလာစေတာပဲ။ မဟာစုစည်းခြင်းဆန်းကြယ်ရေအစီအရင်က အဆင့်မြင့်သူတော်စင်အရှင်အဆင့်အစီအရင်တွေကြားမှာတောင် အဆင့်မြင့်မားတယ်။ လီဖူချန်းက အစီအရင်ကို လှည့်ပတ်လိုက်တဲ့အခါ အံ့ဖွယ်တောင်၁၀၈တောင်က ချိတ်ဆက်မှုအရိပ်အယောင်တစ်ခုစတင်ဖွံ့ဖြိုးလာတယ်။ မူလကရောနှောနေတဲ့ချီစက်ကွင်းတွေမှ တဖြည်းဖြည်းပေါင်းစည်းလာခဲ့တယ်။

"ဓားသူတော်စင်အရှင်"

"ဓားသူတော်စင်အရှင်၊ ဒါက ဂိုဏ်းတည်နေရာလား။ ဒီလိုအံ့မခန်းအစီအရင်လှိုင်းတစ်ခု"

လီဖူချန်းက ဆင့်ခေါ်ပြီးနောက် သူတော်စင်များစွာက ပျံဝဲကျက်သရေတောင်တန်းကို ရောက်ရှိလာကြတယ်။

ဒီသူတော်စင်တွေက လီဖူချန်းနောက်လိုက်လာတာ အချိန်အတော်ကြာပါပြီ။ ဒါပေမယ့် မကြာခင်ကမှ လီဖူချန်းနောက်လိုက်လာတဲ့သူအချို့လည်း ရှိတယ်။

လီဖူချန်းက ပြောလိုက်တယ်"ရေတာအိုဥပဒေသကျွမ်းကျင်သူတွေက ပျံဝဲကျက်သရေတောင်တန်းထဲမှာ ရေကန်တွေ၊ မြစ်တွေကို ‌ဖောက်လုပ်ကြ။ ရေတံခွန်တွေ၊ ရှုခင်းအချို့ကိုလည်း ထည့်ဖို့မ‌မေ့နဲ့အုံး။  မြေတာအိုဥပဒေသနဲ့သတ္တုတာအိုဥပဒေသကျွမ်းကျင်သူတွေက ဂိုဏ်းအတွက် အဆောက်အဦးတွေတည်ဆောက်ဖို့ ကူညီပေးကြ။ သစ်သားတာအိုဥပဒေသကျွမ်းကျင်သူတွေကတော့ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲကြပါ"

လူတိုင်းက တစ်ခုခုမှာ အထူးကျွမ်းကျင်တယ်။ လီဖူချန်းက ဒါတွေအားလုံးကို လုပ်ဆောင်နိုင်ပေမယ့် သူတို့ကို ပြီးပြည့်စုံမှုရှိစေဖို့က သူ့အတွက် ခက်ခဲတယ်။

"မစိုးရိမ်ပါနဲ့၊ ဓားသူတော်စင်အရှင်၊ ငါတို့ကို ချန်ထားလိုက်ပါ"

လူတိုင်းက စိတ်လှုပ်ရှားနေကြပြီး စတင်ဖို့အသင့်ဖြစ်နေတယ်။

နောက်ထပ်လအနည်းငယ်ကြာပြီးနောက် ပျံဝဲကျက်‌သရေတောင်တန်းက အသွင်အပြင်လုံးဝခြားနားသွားတယ်။ အဲဒါက မှင်တက်ဖွယ်ကောင်းလောက်အောင်သဘာဝပသာဒဖြစ်ပြီးလှပတယ်။

အဝေးမှကြည့်ရင် ပျံဝဲကျက်သရေတောင်တန်းက အံ့ဖွယ်တောင်၁၀၈‌တောင်နဲ့သာမန်တောင်တွေနဲ့ပြည့်နေတယ်။ အဲဒါက ခံ့ညားထည်ဝါပြီး ထူးကဲမြင်ကွင်းတွေရှိတယ်။ အနီးကပ်ကြည့်ရင် မဖော်ပြနိုင်လောက်တဲ့အသေးစိတ်အံ့ဖွယ်အလှတွေကို ရှာတွေ့နိုင်တယ်။

တောင်ထိပ်တွေပေါ်မှာ အဆောက်အဦးတွေ စုပေါင်းတည်ရှိနေတယ်။အဆောက်အဦးတွေက အရောင်အသွေးမျိုးစုံရှိတယ်။ ရွှေရောင်၊ ငွေရောင်၊ အမည်းရောင်၊ အဖြူရောင်.......။ အချို့အဆောက်အဦးတွေက ကြီးမားပြီးခမ်းနားတယ်။

တောင်အများစုမှာ ရေတံခွန်တစ်ခုရှိတယ်။ အချို့ရေတံခွန်တွေက သိမ်‌မွေ့ညင်သာတယ်၊ အချို့က ကြမ်းတမ်းတယ်၊ အချို့က အားကောင်းတဲ့အရှိန်အဝါကို ထုတ်လွှတ်နေတယ်၊ အခြေခံအားဖြင့်ဆိုရင် ပုံစံထပ်တူညီတဲ့ရေတံခွန်တွေ မရှိလှပါဘူး။

အနီးကပ်ကြည့်ရင် တောင်ပေါ်ရှိအဆောက်အဦးတွေက ကျောက်စိမ်းတွေခင်းကျင်းထားတဲ့လမ်းတွေ၊ ရင်ပြင်တွေနဲ့ ပြည့်စုံနေတယ်။ လမ်းတစ်ဖက်တစ်ချက်ရှိအကွာအဝေးတစ်ခုခြားတိုင်း ကျောက်တုံးမီးအိမ်နှစ်လုံးရှိတယ်။ ကျောက်တုံးမီးအိမ်တွေကြားမှာ စိတ်ဝိညာဉ်သစ်ပင်မျိုးစုံနဲ့ဆေးပင်တွေ စိုက်ပျိုးထားတယ်.......

အဆောက်အဦးတွေအများကြီးမရှိတဲ့တောင်အချို့ရှိတယ်။ အဆောက်အအုံအနည်းငယ်သာရှိပြီး တောင်ကို တိမ်တွေနဲ့ ဗဟိုပြုလည်ပတ်နေတာကြောင့် အပူအပင်မဲ့တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေတယ်။

"ပြုပြင်မှုက ပြီးပြည့်စုံလုနီးပါးဖြစ်နေပြီ။ ကျန်တာတွေကိုတော့ နောင်ကျမှပဲ တဖြည်းဖြည်းလုပ်သွားရလိမ့်မယ်"

"စွမ်းအင်၊ စုစည်းစမ်း....."

ဝဲပျံကျက်သရေတောင်တန်းအထက်ကောင်းကင်မှာ လီဖူချန်းက လက်ကို ဝှေ့ယမ်းလိုက်တယ်၊ မိုင်၁၀မီလီယံအတွင်းရှိအဆုံးမဲ့ကောင်းကင်နဲ့မြေကြီးစွမ်းအင်တွေက တောင်တန်းရှိရာသို့ စတင်တိုးဝင်စုရုံးလာကြတယ်။

ဆူနာမီရေလှိုင်းသံကို ကြားနေရသလို ပျံဝဲကျက်သရေတောင်တန်းက ပိုပိုသိပ်သည်းလာပြီးပိုအန္တရာယ်များလာတာကို မည်သူမဆို ထင်ထင်ရှားရှားမြင်နိုင်တယ်။ ရေတွေက ပိုကြည်လင်လာပြီး အပင်တွေက ပိုစိမ်းလန်းစိုပြေလာတယ်။

အစီအရင်ခြောက်လွှာအထဲမှာ တစ်ခုက အဆင့်နိမ့်သူတော်စင်အရှင်အဆင့်အစီအရင်ဖြစ်တဲ့မဟာစုစည်းခြင်းစွမ်းအင်စုဆောင်းရေးအစီအရင်ပဲဖြစ်တယ်။ အဲဒါက မိုင်၁၀မီလီယံအတွင်းရှိကောင်းကင်မြေကြီးစွမ်းအင်တွေကို စုဆောင်းနိုင်တယ်။ ဒါ့အပြင် ကောင်းကင်‌မြေကြီးစွမ်းအင်တွေက အပြင်ကမ္ဘာထက် ဆယ်ဆဒါမှမဟုတ်အဆများစွာ ပိုစုစည်းလာတယ်။

မဟာစုစည်းခြင်းစွမ်းအင်စုဆောင်းရေးအစီအရင်နဲ့ဆိုရင် ပျဲဝဲကျက်သရေတောင်တန်းအတွင်းရှိလူတွေရဲ့ကျင့်ကြံခြင်းမြန်နှုန်းကိုလည်း တိုးမြင့်စေတယ်၊ စွမ်းအင်ရေကန်ကိုလည်း လျင်မြန်စွာပြည့်လာစေတယ်။

ပေါက် ပေါက်.......

အလွန်အမင်းစုစည်းနေတဲ့ကောင်းကင်မြေကြီးစွမ်းအင်ကြောင့် ပျံဝဲကျက်သရေတောင်တန်းအထဲမှာ စွမ်းအင်မိုးတစ်ခု ရွာချလာတယ်။

ထိပ်လန့်တုန်လှုပ်စရာစွမ်းအင်တွေက မိုးစက်တွေနဲ့အတူ မြေကြီးနဲ့တောင်တွေထဲသို့ စိမ့်ဝင်သွားတော့တယ်။

နောက်ထပ်တစ်ပတ်ကြာပြီးနောက်......

ပျံဝဲကျက်သရေတောင်တန်းက ရေကန်တွေ၊ မြစ်တွေ၊ စမ်းချောင်းတွေ၊ ရေတံခွန်တွေ ပိုများလာတယ်။

"ဒီနေရာက အနာဂတ်မှာ ဂိုဏ်းရဲ့ရတနာ‌တွေလျှို့ဝှက်ထားရာ ဖြစ်လိမ့်မယ်"

မတ်စောက်တဲ့အံ့ဖွယ်တောင်တစ်ခုအပေါ်မှာ လီဖူချန်းက သိုလှောင်လက်စွပ်တစ်ခုမှ အဖိုးတန်အရင်းအမြစ်များစွာကို ယူထုတ်လိုက်တယ်။ ပြီးနောက် အဲဒါတွေကို သူက ရတနာမျှော်စင်အချို့မှာ ထားလိုက်တယ်။ ရတနာမျှော်စင်အားလုံးမှာ အထပ်ကိုးထပ်ရှိတယ်။ အထပ်ပိုမြင့်လေ၊ တန်ဖိုးက ပိုမြင့်လေပဲ။ အရင်းမြစ်တွေကို အမျိုးအစားအလိုက် နေရာချထားပြီး လီဖူချန်းက ရတနာမျှော်စင်တွေကို လက်နက်မျှော်စင်၊ အသုံးအဆောင်ပစ္စည်းမျှော်စင်၊ အရင်းအမြစ်မျှော်စင်၊ သိုင်းပညာမျှော်စင်၊ ကျင့်ကြံခြင်းနည်းလမ်းမျှော်စင်.......လို့ အမည်ပေးခဲ့တယ်။

အရင်းအမြစ်တွေထားရှိပြီးနောက် လီဖူချန်းက ရတနာမျှော်စင်တစ်ခုစီပေါ်မှာ ဓားအင်းကွက်အတားအဆီးတွေကို ‌ထွင်းထုခဲ့တယ်။ ဓားအင်းကွက်အတားအဆီးတွေအသက်ဝင်လာတာနဲ့ သူတော်စင်တစ်ယောက်ကတောင် အသတ်ခံရလိမ့်မယ်။

"သူတို့တွေကို ခေါ်ဆောင်လာဖို့အချိန်ပဲ"

အရာအားလုံးအသင့်ဖြစ်ပြီးနောက် လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီ အပြေးအလွှားသွားလိုက်တော့တယ်။

"အခုကစပြီး ဒါက ငါတို့အိမ်လား"

ဝဲပျံကျက်သရေ‌တောင်တန်းထဲမှာ လီကလန်ရဲ့အဖွဲ့ဝင်တွေက ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်ကြတယ်။

အဆင့်မြင့်တိုက်ကြီးတစ်ခုကို ရောက်ရုံနဲ့တင် သူတို့က အံ့အားသင့်‌နေပြီ၊ ဒါပေမယ့် ဝဲပျံကျက်သရေ‌တောင်တန်းကိုရောက်ရှိပြီးနောက် သူတို့က ဆိုဖွယ်ရာမရှိတော့ပါဘူး။ သူတို့က အိမ်မက်ထဲမှာရောက်နေသလို ခံစားရတယ်။

"အကို၊ အဲ့တောင်က မိုက်တယ်။ ညီမတို့မိသားစု အဲ့တောင်ပေါ်မှာ နေသင့်တယ်" လီဖူချန်းရဲ့ညီမလေးလီဖူရှင်းက လှပတဲ့အံ့ဖွယ်တောင်တစ်ခုကို လက်ညှိုးထိုးကာ ပြောရွှင်စွာပြောလိုက်တော့တယ်။

"ဖူရှင်း၊ ငါတို့လူအနည်းငယ်လောက်နဲ့ တောင်ပေါ်မှာနေတာ ဖြုန်းတီးလွန်းတယ်မဟုတ်လား" လီရှန်းဟန်နဲ့ရှန်းယုယန်တို့က အတူတကွရပ်နေတယ်၊ လီရှန်းဟန်ရဲ့အမူအရာက လေးနက်သွားတယ်။

လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်"အဖေ၊ ဝဲပျံကျက်သရေ‌တောင်တန်းမှာ ‌တောင်တွေအများကြီးရှိတယ်။ အံ့ဖွယ်တောင်တစ်ခုကို သိမ်းပိုက်တာ ဘာမှမဟုတ်ပါဘူး။ အဲတောင်မှာပဲ နေလိုက်ပါ။ ရှောင်တျယ်လည်းဒီနေရာမှာပဲနေရမယ်"  လီဖူချန်းရဲ့မိသားစုက လီရှောင်တျယ်ကို သူတို့ရဲ့မိသားစုဝင်တစ်ဦးအနေနဲ့ ဆက်ဆံခဲ့ပြီး လီဖူချန်းလည်း လီရှောင်တျယ်ကို ညီမလေးတစ်ယောက်အနေနဲ့ သတ်မှတ်ထားတယ်။

လီကလန်အပြင် အဇူရာရေကလန်နဲ့မျောလွင့်ကောင်းကင်တောင်တို့ကလည်း ဝဲပျံကျက်သရေ‌တောင်တန်းဆီ ရွှေ့ပြောင်းလာခဲ့တယ်။ ဧကရာဇ်ကောင်းကင်တိုက်ကြီးမှလီဖူချန်းနဲ့ချည်နှောင်မှုရှိတဲ့သူတွေအားလုံး ဒီနေရာကို ပြောင်းလာခဲ့ကြတယ်။ ဆူးပန်းဧကရီဆိုရင် သူမရဲ့ကိုယ်ပိုင်ဂိုဏ်းကို ခေါ်ဆောင်လာခဲ့တယ်။ သူတို့က ဆန္ဒရှိနေသရွေ့ ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးမှလူတွေကို ခေါ်ဆောင်လာတယ်။ သက်တံနီဂိုဏ်းနဲ့တောင်ဘက်တောအုပိသိုင်းတက္ကသိုလ်တို့လိုဂိုဏ်းတွေကလည်း ရွှေ့ပြောင်းလာခဲ့တယ်။

အတိုချုပ်အားဖြင့် သူ့ရဲ့ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်တဲ့အခါ သူနဲ့သိတဲ့သူဘယ်သူမဆို သူတို့က ဆန္ဒရှိရင် လီဖူချန်းက ခေါ်ဆောင်လာခဲ့တယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဝဲပျံကျက်သရေ‌တောင်တန်းက လူပေါင်းမီလီယံတစ်ရာအထိ ဆန့်တယ်လေ။ ဒီနေရာမှာနေထိုင်သူတွေရဲ့အရည်အချင်းနဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာမလိုပါဘူး။

…

ဒီလရဲ့ပထမနေ့မှာ ဓားဂိုဏ်းကို တည်ထောင်ခဲ့တယ်။ လီဖူချန်းက ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး သူ့အောက်မှာတော့ ဂိုဏ်းကာကွယ်သူတွေ၊ အတွင်းအကြီးအကဲတွေ၊ အပြင်အကြီးအကဲတွေ၊ အတွင်းဆရာ‌တွေ၊ အပြင်ဆရာတွေ၊ တိုက်ရိုက်တပည့်တွေ၊ အတွင်းတပည့်တွေ၊ အပြင်တပည့်တွေ၊ အလုပ်သင်တပည့်တွေရှိတယ်။

ဂိုဏ်းကာကွယ်သူတွေက သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိရမယ်၊ ဒါကြောင့် လောလောဆယ်တော့ တစ်ယောက်မှ မရှိသေးဘူးပေါ့။

အတွင်းအကြီးအကဲနဲ့အပြင်အကဲတွေက သူတော်စင်တွေဖြစ်ကြတယ်။ လက်ရှိမှာ အကြီးအကဲ၂၃ယောက်ရှိတယ်။

အတွင်းဆရာ၊ အပြင်ဆရာ၊ တိုက်ရိုက်တပည့်တွေက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေဖြစ်ကြတယ်။

အတွင်းတပည့်တွေက မူလပင်လယ်နယ်ပယ်ဘုရင်တွေနဲ့ သက်ဆိုင်တယ်။

အပြင်တပည့်တွေက တိုက်ခိုက်‌ရေးစိတ်ဝိညာဉ်နယ်ပယ်ဆရာသခင်တွေ ဖြစ်ရမယ်။

အလုပ်သင်တပည့်တွေက တိုက်ခိုက်‌ရေးစိတ်ဝိညာဉ်နယ်ပယ်အောက်သိုင်းပညာရှင်တွေဖြစ်ကြတယ်။

ဒါပေမယ့် တပည့်တွေမှာ အသက်အကန့်အသတ်တစ်ခုရှိတယ်။ အသက်ကြီးလွန်းသူတွေက ဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်လာလိမ့်မှာမဟုတ်ပါဘူး။

ဓားဂိုဏ်းကို တည်ထောင်တဲ့အချိန်မှာ နက်ပြာပလိန်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်။ ဂိုဏ်းအမျိုးမျိုးက သူတို့ရဲ့သူတော်စင်တွေကို စေလွှတ်ကာ ဂုဏ်ပြုခဲ့ကြတယ်။

ဓားဂိုဏ်းသို့ခရီးအတွင်း သူတော်စင်တွေက ရောက်တတ်ရာရာစကားပြောနေကြတယ်။

"အခုကစပြီး နက်ပြာပလိန်းရဲ့နံပါတ်၁ဂိုဏ်းက ဓားဂိုဏ်းပဲ"

"ဟုတ်တယ်။ ဓားသူတော်စင်အရှင်က အားကောင်းလွန်းတယ်။ ကောင်းကင်ဘုံအရှင်အောက်မှာ သူက ပြိုင်ဘက်ကင်းတယ်"

ဓားဂိုဏ်းကို မတည်ထောင်ခင် ဘယ်ဂိုဏ်းကမှ သူတို့ကိုယ်သူတို့ နက်ပြာပလိန်းရဲ့နံပါတ်၁ဂိုဏ်းလို့ မကျေညာရဲပါဘူး။ ကျူးကလန်လည်း အဲလိုမလုပ်နိုင်ပါဘူး။

နံပါတ်၁ဂိုဏ်းဖြစ်ဖို့ဆိုရင် ခွန်အားက ထိပ်ဆုံးမှာရှိရပါမယ်။

…

ကျူးကလန်က ကြီးမားတဲ့ဖိအားအောက်မှာ ကျရောက်နေတယ်။

"ဘိုးဘေး၊ ဓားဂိုဏ်းက အခုအားကောင်းလွန်းတယ်။ ငါတို့ကျူးကလန်က အခုစပြီး ခက်ခဲတဲ့အချိန်တွေရှိလာတော့မယ်"

ကျူးကလန်ရဲ့မဟာခန်းမမှာ ဘိုးဘေးတွေအားလုံး စုဝေးနေကြတယ်၊ နံပါတ်၁ဘိုးဘေးကောင်းကင်ဘုံမီးသူတော်စင်အရှင်ကျုးစန်းချိုးက ထိပ်ဆုံးထိုင်ခုံမှာ ထိုင်နေတယ်။

ကျူးစန်းချိုးရဲ့အမူအရာက မည်းမှောင်နေတယ်။ သူက ပြောလိုက်တယ်"ငါတို့ကျူးကလန်တည်ရှိလာတာ နှစ်မီလီယံချီပြီ။ ဒီအချိန်အတော်အတွင်း မရေမတွက်နိုင်လောက်တဲ့ဂိုဏ်းတွေ ပေါ်လာတာသလို ပျောက်ကွယ်သွားတာတွေလည်း ရှိတယ်။ ဓားဂိုဏ်းလည်း အနာဂတ်မှာ လုံးဝပျက်ဆီးရလိမ့်မယ်လို့ ငါယုံကြည်တယ်။ ပြီးတော့ မကြာခင် ငါ နက်ပြာပလိန်းကနေ ထွက်သွားတော့မယ်။ ကျူးကလန်ရဲ့ဘိုးဘေးကလန်ကို ရှာဖွေဖို့ ငါက ဝေးလံတဲ့ကြယ်ပိုင်နက်တစ်ခုကို ဦးတည်ရလိမ့်မယ်"

"ကျူးကလန်ရဲ့ဘိုးဘေးကလန်လား" အခြားဘိုးဘေးတွေက ထိတ်လန့်တုန်လှုပ်သွားကြတယ်။

ကျူးကလန်ထဲမှာ ဘိုးဘေးတွေကသာ နက်ပြာပလိန်းရဲ့ကျူးကလန်က ဘိုးဘေးကလန်တစ်ခုမဟုတ်ဘူး၊ ကလန်ခွဲတစ်ခုဆိုတာကို သိခဲ့ကြတယ်။ အကြိုနတ်ဘုရားရှိစဉ်အခါတုန်းကတော့ ကလန်ခွဲက ဘိုးဘေးကလန်နဲ့ ချိတ်ဆက်မှုရှိနေသေးတယ်။ ဒါပေမယ့် အကြိုနတ်ဘုရားပျောက်ဆုံးသွားပြီးနောက် ဘိုးဘေးကလန်နဲ့နက်ပြာပလိန်းရဲ့ကလန်ခွဲတို့က အဆက်အသွယ်မရှိတော့တာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင်ရှိပါပြီ။

အစစ်အမှန်ဘိုးဘေးကလန်မှာ သူတော်စင်တွေအဆုံးမဲ့၊ ကောင်းကင်ဘုံအရှင်တွေများစွာရှိတယ်။  ထိုနေရာက အကြိုနတ်ဘုရားဘိုးဘေးရဲ့ကြယ်ဝမှုအများစုကို စုဆောင်းထားတယ်။ ကျူးစန်းချိုးက ဘိုးဘေးကလန်ကို ရှာတွေ့နိုင်ရင် ဓားဂိုဏ်းက အသေးအဖွဲ့သာဖြစ်လာပေလိမ့်မယ်။

"ဘိုးဘေးကလန်က အခြားကြယ်ပိုင်နက်တွေမှာ ရှိတယ်လို့ ကျူးကလန်ရဲ့မှတ်တမ်းတွေက ဆိုထားတယ်။ ကြယ်ပိုင်နက်တစ်ခုလုံးကို ဖြတ်သန်းခရီးနှင်ဖို့က အန္တရာယ်များလွန်းတယ်" ဘိုးဘေးတစ်ယောက်က စိုးရိမ်သွားတယ်။

ကြယ်ပိုင်နက်တွေကြားမှာ အမှောင်အတိနေရာလပ်ဇုန်တွေရှိတယ်။ အလင်းလုံးဝမရှိသလို ထိုနေရာတွေမှာ ဘာအန္တရာယ်တွေရှိသလဲကို တစ်ယောက်မှ မသိကြဘူး။ တည်နေရာရွှေ့ပြောင်းအစီအရင်တွေရှိရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် တည်နေရာရွှေ့ပြောင်းအစီအရင်တွေကို အားကောင်းတဲ့ကောင်းကင်ဘုံအရှင်တွေကပဲ ထိန်းချုပ်ထားတာ။ ဒါကြောင့် သူတော်စင်တစ်ယောက်က ကြယ်ပိုင်နက်တစ်ခုကို ဖြတ်သန်းချင်တယ်ဆိုရင် သူတို့က အဆုံးမဲ့အမှောင်ထုကို ဖြတ်သန်းရလိမ့်မယ်။

ကျူးစန်းချိုးက ပြောလိုက်တယ်" ကြယ်ပိုင်နက်တွေကြားမှာ အန္တရာယ်တွေအများကြီးရှိတယ်။ ဒါပေမယ့် မီးနတ်ဘုရားပုဆိန်နဲ့မြောက်များစွာသောအသုံးအဆောင်ပစ္စည်းတွေနဲ့ဆိုရင် အန္တရာယ်တွေက ငါ့အတွက် ဒုက္ခမဖြစ်စေနိုင်ဘူးလို့ ငါ ယုံကြည်တယ်"

All Chapters