အံ့ဖွယ်သစ်ရွက်နှင်းစက်
Vol. 66 Ch. 915
ဓားဂိုဏ်းကို တည်ထောင်ပြီးနောက် တပည့်သစ်စုဆောင်းခြင်းက စတင်လာတော့တယ်။
ဓားဂိုဏ်းလို့ခေါ်ပေမယ့် တပည့်တွေကို ဓားသမားတွေပဲဖြစ်ရမယ်လို့ မကန့်သတ်ထားပါဘူး။
ဓားသမားဖြစ်စေ၊ အခြားသိုင်းပညာရှင်ဖြစ်စေ ဓားဂိုဏ်းက လက်ခံပါလိမ့်မယ်။
ဒါပေမယ့် လိုအပ်ချက်ကတော့ ပါရမီနဲ့ထိုးထွင်သိမြင်မှုတွေအဆင့်တစ်ခုရှိဖို့တော့ လိုတယ်။ ဒါအတွက် လီဖူချန်းက ဓားမျှော်စင်နဲ့သိုင်းမျှော်စင်ကို တည်ဆောက်ခဲ့တယ်။ ဓားမျှော်စင်ဒါမှမဟုတ်သိုင်းမျှော်စင်ပထမအထပ်ကို ကျော်ဖြတ်နိုင်သူတွေက ဓားဂိုဏ်းရဲ့အပြင်တပည့်ဖြစ်လာလိမ့်မယ်။ ဒုတိယအထပ်ကို ကျော်ဖြတ်နိုင်သူတွေက အတွင်းပည့်ဖြစ်လာလိမ့်မယ်။
တစ်နှစ်ကြာပြီးနောက် ဓားဂိုဏ်းက တဖြည်းဖြည်းလမ်းကြောင်းမှန်လာတယ်။ အပြင်တပည့်၂၀၀၀၀၀နဲ့အတွင်းတပည့်၃၀၀၀၀ရှိတယ်။ တိုက်ရိုက်တပည့်တွေအတွက်ကတော့ သူတို့ကို တိုက်ရိုက်မစုဆောင်းပါဘူး၊ ဒါကြောင့် ဝူကျောနဲ့ဝူရှီတို့သာရှိတယ်။
အလုပ်သင်တပည့်တွေအတွက်ကတော့ အရေအတွက်က ၁မီလီယံကို ကျော်လွန်သွားပြီဖြစ်တယ်။ အနာဂတ်မှာ အလုပ်သင်တပည့်အနည်းငယ်ကသာ တရားဝင်တပည့်တွေဖြစ်လာလိမ့်မယ်။
ဂိုဏ်းက မှန်ကန်တဲ့လမ်းကြောင်းမှာရှိနေတာကို မြင်ပြီး လီဖူချန်းက နက်ပြာပလိန်းက ထွက်လာကာ အံ့ဖွယ်သစ်ရွက်မြို့ဆီ ခရီးနှင်လာခဲ့တယ်။
…
အံ့ဖွယ်သစ်ရွက်မြို့၊ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့အထူးခြားဆုံးစကြာဝဠာမြို့။
ဒီစကြာဝဠာမြို့ကို သစ်ရွက်တစ်ရွက်ပေါ်မှာ တည်ဆောက်ထားတယ်။
ဒီသစ်ရွက်က ကမ္ဘာ့သစ်ပင်ရဲ့သစ်ရွက်လို့ ဒဏ္ဍာရီက ဆိုကြတယ်။ ဒီသစ်ရွက်က နှစ်ပေါင်းမရေမတွက်နိုင်စွာ လွင့်မျောနေခဲ့ပြီး အံ့ဖွယ်သစ်ရွက်မြို့အရှင်က ၎င်းအပေါ်မှာ အံ့ဖွယ်သစ်ရွက်မြို့ကို တည်ဆောက်တဲ့အထိပေါ့လေ။
ပြန်ပြောင်းပြောရရင် ဒီကမ္ဘာ့သစ်ပင်ရဲ့သစ်ရွက် ကြောင့် ကောင်းကင်ဘုံအရှင်စစ်ပွဲကတစ်ခုက အမှန်တကယ်ဖြစ်ပွားခဲ့တယ်။ တည်နေရာအသာစီးရယူထားပြီးသူ့ရဲ့ကိုယ်ပိုင်ပြောင်မြောက်တဲ့ခွန်အားကြောင့်သာ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ရန်သူတွေကို ဖယ်ရှားနိုင်ခဲ့တယ်။
တည်နေရာရွှေ့ပြောင်းရေးကြယ်ပေါ်မှာ လီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့ကို မြင်တွေ့ခဲ့ရတယ်။
"စကြာဝဠာက ကြီးမားလွန်းပြီး ဆန်းကြယ်မှုမျိုးစုံက အမှန်တကယ်တည်ရှိနေတာပဲ" လီဖူချန်းက အံ့ဩမှင်တက်သွားရတယ်။
သူ့အမြင်မှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ကြီးမားတဲ့အစိမ်းရောင်သစ်ရွက်တစ်ရွက်က စကြာဝဠာထဲမှာ လွင့်မျောနေတယ်။ သစ်ရွက်အပေါ်မှာတော့ စကြာဝဠာမြို့တစ်မြို့ရှိတယ်။
"သစ်ရွက်က ဒီလောက်တောင်ကြီးတာပဲ၊ ကမ္ဘာ့သစ်ပင်က ပလိန်းတစ်ခုထက်တောင် ပိုကြီးနေမလားပဲ"
စိတ်တည်ငြိမ်မှုကို ပြန်ထိန်းချုပ်လျက် လီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့ဆီ ပျံသန်းသွားခဲ့တယ်။
…
အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးက အလွန်ခမ်းနားထည်ဝါတယ်။ ဂိတ်က ကြီးမားတဲ့ဓားပုံသဏ္ဍာန်တစ်ခုဖြစ်ပြီး ဓားတာအိုသူတော်စင်နှစ်ယောက်က စောင့်ကြပ်နေတယ်။
မကြာ်မီမှာပဲ နက်ပြာဓားသူတော်စင်အရှင်က ထွက်လာတယ်။
"ဓားသူတော်စင်အရှင်၊ ဒီလမ်းအတိုင်းကြွပါ" နက်ပြာဓားသူတော်စင်အရှင်က ပြုံးလိုက်တယ်။
လီဖူချန်းက လျှောက်လှမ်းလာကာ မေးလိုက်တယ်" ငါ အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးကို ဘယ်လိုချိတ်ဆက်ရမလဲ"
နက်ပြာပလိန်းရဲ့ဓားသမားအစည်းအရုံးဖြစ်စေ၊ အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးဖြစ်စေ၊ သူတို့ရဲ့သဘာဝက အတူတူပါပဲ။ ရာထူးအဆင့်ဆင့်ရှိပြီး လူတိုင်းက အတူတကွအလုပ်လုပ်ကြတယ်။
"အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးနဲ့ပူးပေါင်းဖို့ဆိုရင် အခြအနေသုံးရပ်ရှိတယ်။ ပထမကတော့ ဓားတာအိုသူတော်စင်တစ်ယောက်ဖြစ်ရမယ်။ ဒုတိယကတော့ ကျမ်းကျိန်ချက်တစ်ခုကို ပြုလုပ်ရမယ်။ တတိယကတော့ နှစ်တစ်သောင်းပြည့်တိုင်း အစည်းအရုံးမစ်ရှင်တစ်ခုကို ပြီးမြောက်ရမယ်"
ဓားသမားအစည်းအရုံးနဲ့ ပူးပေါင်းရတာ မခက်ခဲဘူးလို့ ဆိုနိုင်တယ်။ ဒါပေမယ့် အစည်းအရုံးနဲ့ချိတ်ဆက်ပြီးနောက် ကန့်သတ်မှုအချို့တော့ ရှိလာလိမ့်မယ်၊ သူတို့ရဲ့အသက်အန္တရာယ်ရှိရင်တောင် အစည်းအရုံးကို သစ္စာမဖောက်ဖို့၊ အစည်းအရုံးကို ဘယ်အချိန်မဆို ကူညီပေးဖို့၊ အစည်းအရုံးက စစ်ပွဲဖြစ်လာရင် ရန်သူတွေကို တိုက်ခိုက်ပေးဖို့.......။ အတိုချုပ်အားဖြင့် အခြေအနေတစ်ရပ်ရပ်ကို ချိုးဖောက်မိရင် ကျမ်းကျိန်ချက်ရဲ့တုံ့ပြန်မှုကို လက်ခံရရှိရုံသာမက အစည်းအရုံးမှ ထုတ်ပယ်ခံရလိမ့်မယ်။ ပြင်းထန်တဲ့ကိစ္စတွေကို အစည်းအရုံးက စစ်ဆေးခြင်းတွေ ပြုရပါလိမ့်မယ်။
အစည်းအရုံးကိုချိတ်ဆက်ခြင်းမှာလည်း အကျိုးကျေးဇူးတွေ အများကြီးရှိတယ်၊ သို့မဟုတ်ရင် ဓားတာအိုသူတော်စင်အများစုကို ပူးပေါင်းဖို့ ဆွဲဆောင်နိုင်လိမ့်မှာမဟုတ်ဘူး။
ဓားသမားအစည်းအရုံးက ဝင်လာတဲ့အခါ စောင့်ကြပ်နေတဲ့ဓားတာအိုသူတော်စင်နှစ်ယောက်က လူသားတွေမဟုတ်ဘူးဆိုတာကို လီဖူချန်းက သိလိုက်ရတယ်။
နက်ပြာပလိန်သူတော်စင်အရှင်က ရှင်းပြလိုက်တယ်" လူသားတွေပဲ သိုင်းပညာနဲ့ကျင့်ကြံခြင်းနည်းလမ်းတွေကို ကျင့်ကြံနိုင်တာမဟုတ်ဘူး။ သိုင်းပညာနဲ့ကျင့်ကြံခြင်းနည်းလမ်းတွေကိုကျင့်ကြံနိုင်တဲ့မျိုးနွယ်တွေအများကြီးရှိတယ်၊ ဒါပေမယ့် လူသားတွေကတော့ အကောင်းဆုံးပေါ့လေ"
ဓားသမားအစည်းအရုံးအတွင်းမှာ ကျမ်းကျိန်ချက်ကို လုပ်ဆောင်ပြီးနောက် လီဖူချန်းက အစည်းအရုံးရဲ့တရားဝင်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါပြီ။
ဓားသမားအစည်းအရုံးအထဲမှာ အဆင့်တွေ ခြားခြားထားတာတွေတော့ ရှိတယ်။ ခွန်အားနဲ့လုပ်ဆောင်မှုတွေအရ အဆင့်ခုနှစ်ဆင့်ရှိတယ်။ အဆင့်နိမ့်၊ အလယ်ဆင့်၊ အဆင့်မြင့်၊ အထွတ်အထိပ်အဆင့်၊ နံနံခင်းကြယ်အဆင့်၊ ဖြာထွက်လအဆင့်၊ ခမ်းနားနေအဆင့်။ အဆင့်တစ်ခုချင်းစီမှာ သုံးဆင့်ထပ်ခွဲထားပါသေးတယ်။
ယေဘုယျအားဖြင့် နံနက်ခင်းကြယ်အဆင့်အဖွဲ့ဝင်တွေက ဓားတာအိုသူတော်စင်အရှင်တွေဖြစ်ကြတယ်။ နက်ပြာဓားသူတော်စင်အရှင်က ပထမအဆင့်နံနက်ခင်းကြယ်အဆင့်ဓားသမားတစ်ယောက်ဖြစ်တယ်။
ဖြာထွက်လအဆင့်နဲ့ခမ်းနားနေအဆင့်တို့က ကောင်းကင်ဘုံအရှင်တွေနဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးမှာ လက်ရှိအချိန်မှာတော့ ခမ်းနားနေအဆင့်အဖွဲ့ဝင်တွေတစ်ယောက်မှမရှိပါဘူး။ အစည်းအရုံးခေါင်းဆောင်က တတိယအဆင့်ဖြာထွက်လအဆင့်ဓားသမားတစ်ယောက်သာဖြစ်တယ်။
ဒါပေမယ့် ခွန်အားတစ်ခုတည်းနဲ့မလုံလောက်ပါဘူး၊ လုပ်ဆောင်မှုတွေလည်း လိုအပ်တယ်။
လီဖူချန်းက လုပ်ဆောင်ချက်တစ်ခုမှ မထမ်းဆောင်ရသေးပါဘူး၊ ဒါကြောင့် သူက အဆင့်နိမ့်အဖွဲ့ဝင်တောင် မဖြစ်သေးပါဘူး၊ သူက အရန်အဖွဲ့ဝင်တစ်ယောက်သာဖြစ်တယ်။
အရန်အဖွဲ့ဝင်တစ်ယောက်က အဆင့်နိမ့်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့အတွက် အစည်းအရုံးမှတ်၁၀၀၀ကိုလိုအပ်တယ်။ အလယ်ဆင့်အဖွဲ့ဝင်တွေကတော့ အစည်းအရုံးအမှတ်၁၀၀၀၀လိုအပ်တယ်။ အဆင့်မြင့်အဖွဲ့ဝင်တွေက အစည်းအရုံးအမှတ်၁၀၀၀၀၀၊ အထွတ်အထိပ်အဆင့်အဖွဲ့ဝင်တွေက အစည်းအရုံးအမှတ်၁မီလီယံ၊ နံနက်ခင်းကြယ်အဆင့်အဖွဲ့ဝင်တွေက အစည်းအရုံးအမှတ်၁၀မီလီယံ၊ ဖြာထွက်လအဆင့်အဖွဲ့ဝင်တွေက အစည်းအရုံးမှတ်၁၀၀မီလီယံလိုအပ်တယ်။
နက်ပြာသူတော်စင်ပြောထားတာအရ အဆင့်တိုးဖို့အတွက်လိုအပ်တဲ့အစည်းအရုံးအမှတ်တွေက အရမ်းကြီးတော့မလိုပါဘူး။ အရေးကြီးဆုံးလိုအပ်ချက်က ခွန်အားလိုအပ်ချက်ပါပဲ။ ခွန်အားမရှိရင် အစည်းအရုံးအမှတ်၁၀၀မီလီယံရှိရင်တောင် အဆင့်တိုးဖို့မဖြစ်နိုင်ပါဘူး။
"ကြည့်ရတာ ငါက အစည်းအရုံးအမှတ်၁၀၀၀ရအောင် အရင်လုပ်ရမယ့်ပုံပဲ"
ဓားသမားအစည်းအရုံးရဲ့အရန်အဖွဲ့ဝင်တွေက အခွင့်အာဏာမရှိပါဘူး၊ အဖွဲ့ဝင်တစ်ယောက်လို့သာ သတ်မှတ်နိုင်တယ်။
နက်ပြာသူတော်စင်အရှင်က ပြောလိုက်တယ်"အံ့ဖွယ်သစ်ရွက်မြို့ထဲမှာ အရန်အဖွဲ့ဝင်တွေအတွက် အစည်းအရုံးအမှတ်ရဖို့အကောင်းဆုံးနည်းလမ်းက အံ့ဖွယ်သစ်ရွက်နှင်းစက်တွေကို ရိတ်သိမ်းဖို့ပဲ"
"အံ့ဖွယ်သစ်ရွက်နှင်းစက်က ဘာကြီးလဲ" လီဖူချန်းက မေးလိုက်တယ်။
နက်ပြာသူတော်စင်အရှင်က ပြုံးကာဖြေလိုက်တယ်"အံ့ဖွယ်သစ်ရွက်နှင်းစက်ကတော့ အံ့ဖွယ်သစ်ရွက်မြို့အောက်ရှိကမ္ဘာ့သစ်ပင်ရဲ့သစ်ရွက်မှထုတ်လုပ်ထားတဲ့နှင်းစက်ပဲ။ နှင်းစက်ကို စကြာဝဠာရဲ့အနှစ်သာရက သိပ်သည်းထားပြီး ကမ္ဘာ့သစ်ပင်စွမ်းအားအရိပ်အယောင်တစ်ခုနဲ့နှောနောနေတယ်။ အဲဒါက သူတော်စင်တစ်ယောက်ရဲ့ကျင့်ကြံခြင်းကို အကျိုးရှိစေတယ်။ တစ်ချိန်တည်းမှာပဲ အဲဒါက တန်ဖိုးရှိတဲ့ဆေးပင်တွေ၊ စိတ်ဝိညာဉ်သစ်ပင်တွေကို ပြုစုပျိုးထောင်ပေးနိုင်တယ်။ မင်းက အံ့ဖွယ်သစ်ရွက်နှင်းစက်တစ်ပုလင်းကို ရိတ်သိမ်းနိုင်ရင် မင်းက အစည်းအရုံးမှတ်၁၀၀နဲ့ လဲလှယ်နိုင်လိမ့်မယ်"
"အံ့ဖွယ်သစ်ရွက်မြို့အရှင်က အံ့ဖွယ်သစ်ရွက်နှင်းစက်ရိတ်သိမ်းတာကို ဘာလို့ လူတိုင်းကို ခွင့်ပြုရတာလဲ" လီဖူချန်းက အတော်လေးသိချင်နေတယ်။
ကမ္ဘာ့သစ်ရွက်ဖြစ်တဲ့အံ့ဖွယ်သစ်ရွက်က ကြီးမားတဲ့မျက်နှာပြင်ဧရိယာတစ်ခုရှိပြီး နှင်းစက်တန်ပေါင်းများစွာကို ထုတ်လုပ်နိုင်တယ်။ ဒါပေမယ့်လည်း အံ့ဖွယ်သစ်ရွက်မြို့မှာနေထိုင်တဲ့သူတွေ အများကြီးရှိတယ်။ လူတိုင်းက နေ့စဉ်ရိတ်သိမ်းနေရင် ရိတ်သိမ်းထားတဲ့အံ့ဖွယ်သစ်ရွက်နှင်းစက်ရဲ့ပမာဏက မှင်တက်ဖွယ်ကောင်းပေလိမ့်မယ်။
နက်ပြာဓားသူတော်စင်အရှင်က ရှင်းပြလိုက်တယ်" အံ့ဖွယ်သစ်ရွက်နှင်းစက်တွေက ပြန်ထွက်ပါ်လာလိမ့်မယ်။ ဘယ်လောက်ပဲရိတ်သိမ်းပါစေ၊ အချိန်တစ်ခုကြာပြီးနောက် အဲဒါတွေက ပြန်လည်သိပ်သည်းလာလိမ့်မယ်။ အဲဒါက သဘာဝထဲရှိသစ်ရွက်တွေလိုပါပဲ။ မနက်တိုင်းမှာ နှင်းစက်တွေက သိပ်သည်းလာလိမ့်မယ်။ ဒါ့အပြင် မင်းက သူတို့ကို မရိတ်သိမ်းရင်တောင် အချိန်တစ်ခုကြာပြီးနောက် သူတို့က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါက သေချာပေါက် ဖြုန်းတီးမှုတစ်ခုပါပဲ"
" ဒါပေမယ့် အံ့ဖွယ်သစ်ရွက်မြို့အရှင်က ဘယ်သူမဆို ရိတ်သိမ်းဖို့အတွက် အံ့ဖွယ်သစ်ရွက်တစ်ခုလုံးကို မဖွင့်ပေးထားဘူး။ လက်ရှိမှာ ရိတ်သိမ်းနိုင်တဲ့ဧရိယာ၁၀၀သာရှိပြီး သူတို့အားလုံးက အံ့ဖွယ်သစ်ရွက်ရဲ့အစွန်အဖျားတွေမှာ ရှိတယ်။ အံ့ဖွယ်သစ်ရွက်ရဲ့ပင်မနဲ့ဒုတိယမြောက်ရွက်ကြော တွေရှိနှင်းစက်တွေက အစီအရင်နဲ့အတူ အံ့ဖွယ်သစ်ရွက်မြို့အရှင်ရဲ့အိမ်တော်ကို ဦးတည်နေတယ်"
"ပြီးတော့ သူတော်စင်တွေကသာ အံ့ဖွယ်သစ်ရွက်ပေါ်မှာ မတ်တပ်ရပ်နိုင်တယ်။ သူတော်စင်အောက်ဘယ်သူမဆို အံ့ဖွယ်သစ်ရွက်ရဲ့စွမ်းပကားကို မခခံနိုင်ဘူး၊ ချက်ချင်း ဖျက်ဆီးခံရလိမ့်မယ်"
"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
အံ့ဖွယ်သစ်ရွက်က ကြီးမားလွန်းပြီး အံ့ဖွယ်သစ်ရွက်မြို့အရှင်ကတောင် နှင်းစက်အားလုံးကို မရိတ်သိမ်းနိုင်ဘူး။ သူက အခြားသူတွေကို ဝေမျှပေးရလိမ့်မယ်၊ အဲဒါမှသာလျှင် အံ့ဖွယ်သစ်ရွက်မြို့ထဲမှာ နေထိုင်ဖို့ လူတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ရိတ်သိမ်းဧရိယာကို ရောက်ရှိဖို့အတွက် လူတိုင်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်တွေကို သုံးဖို့လိုအပ်တယ်။ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုစီက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀တုံးကျသင့်တယ်။
"ဓားသူတော်စင်အရှင်၊ ငါ မလိုက်တော့ဘူး" သူတို့က ရိတ်သိမ်းဧရိယာရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်နဲ့ နီးကပ်လာတဲ့အခါ နက်ပြာသူတော်စင်အရှင်က ပြောလိုက်တယ်။
"ကောင်းပြီလေ၊ ငါ တစ်ယောက်တည်းသွားတော့တယ်" လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀တုံးပေးချေပြီး တည်နေရာရွှေ့ပြောင်းရေးအစီအရင်အပေါ် ခြေချလိုက်တော့တယ်။
ဒီအချိန်မှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ်မှာ မျိုးနွယ်စုအမျိုးမျိုးရဲ့သူတော်စင်တွေ၉၈ယောက်ရောက်ရှိနေပါပြီ။ ၁၀၀ပြည့်မှသာ တည်နေရာရွှေ့ပြောင်းခြင်းက စတင်ပါလိမ့်မယ်။
မကြာမီမှာပဲ အခြားမျိုးနွယ်သူတော်စင်နှစ်ယောက်က ရောက်ရှိလာတယ်။
ဝီဝီ.....
အလင်းတစ်ခုလက်သွားပြီး အံ့ဖွယ်သစ်ရွက်မြို့အပြင်ကို ရောက်ရှိသွားတော့တယ်။
"ဒါ အံ့ဖွယ်သစ်ရွက်လား" အလင်းဆင်းသက်လာတဲ့အခါ လီဖူချန်းနဲ့အခြားသူတွေက ထွက်ပေါ်လာတယ်။
ဒီနေရာက လူလုပ်ရင်ပြင်တစ်ခုဖြစ်ပြီး သူတော်စင်အချို့က တင်ပျဉ်ခွေလျက်ကျင့်ကြံအားထုတ်နေကြတယ်။
ရင်ပြင်ရဲ့အပြင်ဘက်မှာတော့ အစိမ်းရောင်အကွက်တစ်ခုရှိတယ်။ မှိန်ဖျောဖျောအလင်းတစ်ခုကို ထုတ်လွှတ်နေတဲ့အတားအဆီးအလွှာတစ်ခုကို လီဖူချန်းက မြင်နိုင်တယ်။
ရင်ပြင်မှထွက်လာပြိးနောက် သူက အံ့ဖွယ်သစ်ရွက်ရဲ့မျက်နှာပြင်ကို ရောက်ရှိလာတယ်။
အစကတော့ အံ့ဖွယ်သစ်ရွက်ရဲ့မျက်နှာပြင်က အလွန်ကြမ်းတမ်းလောက်တယ်လို့ လီဖူချန်းက တွေးထင်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒါကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် အံ့ဖွယ်သစ်ရွက်ရဲ့မျက်နှာပြင်က နူးညံ့ပြီးချော်မွတ်နေတာကို သိလိုက်ရတယ်။
"ဒီလိုအားကောင်းတဲ့စွမ်းပကား"
လီဖူချန်းက အံ့ဖွယ်သစ်ရွက်ရဲ့မျက်နှာပြင်ပေါ််ကို ခြေချင်ချင်းချင်း သူ့ခန္ဓာကိုယ်က လေးလံလာသလို လီဖူချန်းက ခံစားရတယ်။ အဆုံးမဲ့ဖိအားတစ်ခုက အံ့ဖွယ်သစ်ရွက်မှထွက်ပေါ်လာတယ်။
နက်ပြာသူတော်စင်အရှင်ပြောခဲ့သလိုပါပဲ၊ သူတော်စင်အောက်တစ်ယောက်ယောက်က ဒီနေရာကို လာရဲရင် သူတို့က ချက်ချင်း ဖျက်ဆီးခံသွားရလိမ့်မယ်။
သူတို့က တောင်တစ်လုံးကို သယ်နေရသလို အနည်းငယ်ပိုအားနည်းတဲ့အခြားမျိုးနွယ်သူတော်စင်တွေရဲ့အမူအရာက အားသွန်ခွန်စိုက်ဖြစ်နေတာကို လီဖူချန်းက သတိပြုမိခဲ့တယ်။
ရိတ်သိမ်းရေးနေရာကို ရောက်ရှိပြီးနောက် လူတိုင်းက ခွဲထွက်ကာ အံ့ဖွယ်သစ်ရွက်နှင်းစက်ကို ရှာဖွေလိုက်ကြတော့တယ်။
မကြာမီမှာပဲ လီဖူချန်းက သူ့ရဲ့ပထမဆုံးအံ့ဖွယ်သစ်ရွက်နှင်းစက်တစ်စက်ကို ရိတ်သိမ်းခဲ့တယ်။
အံ့ဖွယ်သစ်ရွက်နှင်းစက်က အလင်းရောင်စုံဖြာထွက်နေတဲ့နှင်းစက်တစ်ခုနဲ့တူတယ်။ အဲဒါမှာ ထိတ်လန့်တုန်လှုပ်စရာအသက်စွမ်းအားပါဝင်ပြီး အလွန်အမင်းသန့်စင်တဲ့စွမ်းအင်လည်း ပါရှိတယ်။
"ဒီမှာနောက်တစ်ခု.....ဟိုမှာရော......."
အံ့ဖွယ်သစ်ရွက်ရဲ့ဖိအားက အလွန်သန်မာတယ်၊ သူတော်စင်တစ်ယောက်ရဲ့လိပ်ပြာအသိစိတ်အာရုံက ဒီနေရာမှာ အဝေးကို ချဲ့ထုတ်လို့မရပါဘူး။ အဝေးကို ချဲ့ထုတ်မိရင် အဲဒါက အစိတ်စိတ်အမွှာမွှာဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် အဲဒါတွေက လီဖူချန်းအတွက်တော့ မတူပါဘူး၊ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ကောင်းကင်ဘုံအရှင်အဆင့်မှာရှိတာကြောင့် သူက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို အဝေးကို ရောက်ရှိစေနိုင်တယ်။ ဒီလိုနဲ့ နေ့တစ်ဝက်အတွင်း လီဖူချန်းက အံ့ဖွယ်သစ်ရွက်နှင်းစက်ပုလင်းတစ်ရာကို ရိတ်သိမ်းနိုင်ခဲ့တယ်။
တစ်ယောက်ယောက်က ဒါကို သိရင် သူတို့က အလွန်အံ့ဩသွားရလိမ့်မယ်။
ပုံမှန်အနေအထားမှာ သူတော်စင်တစ်ယောက်က အံ့ဖွယ်သစ်ရွက်နှင်းစက်တစ်ပုလင်းကို ရိတ်သိမ်းနိုင်ဖို့အတွက် အလွန်အမင်းကံကောင်းဖို့လိုတယ်။ တကယ်တော့ သူတို့က အံ့ဖွယ်သစ်ရွက်အပေါ်မှာ ဖြည်းဖြည်းချင်းသာ ရွေ့လျားနိုင်ပြီး သူတို့ရဲ့လိပ်ပြာအသိစိတ်အာရုံကို အဝေးကြီးမချဲ့ထုတ်နိုင်ပါဘူး၊ သူတို့ရဲ့မျက်လုံးကိုသာ အားကိုးရပါလိမ့်မယ်။
နောက်ထပ်တစ်ရက်ကြာပြီးနောက် လီဖူချန်းက အံ့ဖွယ်သစ်ရွက်နှင်းစက်ပုလင်းတစ်ထောင်ကျော်ကို ရိတ်သိမ်းခဲ့တယ်။
နောက်တစ်ပတ်ကြာပြီးနောက် လီဖူချန်းက အံ့ဖွယ်သစ်ရွက်ပုလင်းတစ်သောင်းကို ရိတ်သိမ်းခဲ့တယ်။
အံ့ဖွယ်သစ်ရွက်နှင်းစက်ပုလင်းတစ်သောင်းကို အစည်းအရုံးအမှတ်တွေအဖြစ်သို့ ပြောင်းလဲလိုက်ရင် အစည်းအရုံးမှတ်၁မီလီယံကို ရရှိပါလိမ့်မယ်။ အဲဒါက လီဖူချန်းအနေနဲ့ အထွတ်အထိပ်အဆင့်အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ လုံလောက်တယ်။
စိတ်မကောင်းစရာကတော့ အံ့ဖွယ်သစ်ရွက်နှင်းစက်ကို သုံးပြီး အစည်းအရုံးမှတ်တစ်သောင်းကိုသာ ဖလှယ်နိုင်လိမ့်မယ်လို့ ဓားသမားအစည်းအရုံးက သတ်မှတ်ထားတယ်။ ကျန်တာတွေကို ဓားသမားအစည်းအရုံးကို ရောင်းချနိုင်ပြီး နောက်ထပ်အစည်းအရုံးအမှတ်တွေအတွက် မဖလှယ်နိုင်တော့ပါဘူး။
"အခုက ပြန်ပြီးအနားယူဖို့အချိန်ပဲ"
အံ့ဖွယ်သစ်ရွက်နှင်းစက်ရဲ့မျက်နှာပြင်ပေါ်မှာ တစိပတ်ကြာ နေထိုင်ပြီးနောက် အတော်လေးပင်ပန်းနွမ်းနွယ်နေသလို လီဖူချန်းက ခံစားရတယ်။
သာမန်သူတော်စင်တစ်ယောက်က အံ့ဖွယ်သစ်ရွက်ရဲ့မျက်နှာပြင်ပေါ်မှာ နှစ်နာရီခန့်သာ နေနိုင်တယ်။ နာရီအနည်းငယ်ကြာနေပြီးနောက် ပြောင်မြောက်တဲ့သူတော်စင်တွေက သက်သောင့်သက်သာမရှိသလိုခံစားရလိမ့်မယ်၊ ပြီးနောက် သူတို့က ကျင့်ကြံဖို့ လူလုပ်ရင်ပြင်ထံ ချက်ချင်း ပြန်သွားရလိမ့်မယ်။
တစ်ပတ်မှာ အံ့ဖွယ်သစ်ရွက်နှင်းစက်တစ်ပုလင်းကို ရိတ်သိမ်းနိုင်တာ အတော်လေးကံကောင်းတယ်လို့ သတ်မှတ်လို့ရတယ်။ ကံမကောင်းအားနည်းတဲ့သူတော်စင်အချို့ကတော့ တစ်လကြာတာတောင် အံ့ဖွယ်သစ်ရွက်နှင်းစက်တစ်ပုလင်းကို ရိတ်သိမ်းနိုင်လိမ့်မှာမဟုတ်ပါဘူး။
ဒါကြောင့် တည်နေရာရွှေ့ပြောင်းဖို့အတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁၀တုံးကျသင့်ငွေကို ပြန်ရှာဖို့ သူတော်စင်အချို့က နှစ်ချီတဲ့အထိ ဒီနေရာမှာ နေထိုင်ရလိမ့်မယ်။
အပြင်ကမ္ဘာမှာ အံ့ဖွယ်သစ်ရွက်နှင်းစက်ဆယ်ပုလင်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁တုံးနဲ့ညီမျှတယ်။
"ညီအကို၊ မင်း အံ့ဖွယ်သစ်ရွက်နှင်းစက်အချို့ကို ငါ့ကို ရောင်းချပေးနိုင်မလား" လီဖူချန်းက လူလုပ်ရင်ပြင်ကို ရောက်ရှိလာတာနဲ့အခါ ဓားတာအိုသူတော်စင်တစ်ယောက်က မေးမြန်းလာတယ်။
"မင်းက ဓားသမားအအစည်းအရုံးကလား" လီဖူချန်းက မေးလိုက်တယ်။
"ဟုတ်တယ်။ ငါလည်း အစည်းအရုံးအမှတ်အတွက် ဒီနေရာကို လာတာ။ ဒါပေမယ့် အံ့ဖွယ်သစ်ရွက်နှင်းစက်ကို ရိတ်သိမ်းရတာ ဒီလောက်ခက်ခဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ သုံးလကျော်ကြာတာတောင် ငါက ခုနှစ်ပုလင်းပဲ ရသေးတယ်။ မစ်ရှင်ပြီးမြောက်ဖို့ ငါက သုံးပုလင်းလိုသေးတယ်"
"ဒီသုံးပုလင်းကို လက်ဆောင်အနေနဲ့ ယူသွားလိုက်ပါ" လီဖူချန်းက အံ့ဖွယ်သစ်ရွက်နှင်းစက်သုံးပုလင်းကို ပစ်ပေးလိုက်တယ်။
အစည်းအရုံးအမှတ်ကို ရရှိဖို့အတွက် အဖွဲ့ဝင်တွေက အံ့ဖွယ်သစ်ရွက်နှင်းစက်ကို ကိုယ်တိုင်ရိတ်သိမ်းဖို့ မလိုပါဘူး၊ ဒါကြောင့် သူတို့က ဝယ်ယူနိုင်တယ်။ ဒီသုံးပုလင်းက လီဖူချန်းအတွက် မပြောပလောက်ပါဘူး၊ ဒီတော့ သူ့အနေနဲ့ တစ်ဖက်လူကို ပေးရတာ ကိစ္စမရှိပါဘူး။
"ကျေးဇူးအများကြီးတင်ပါတယ်" တစ်ဖက်လူက အလွန်ကျေးဇူးတင်သွားတယ်။